← Chapters

ရေတွင်းထဲကဖားသူငယ်က ပင်လယ်ကြီးဘယ်လောက်ကျယ်လဲ မသိနိုင်ဘူး

Vol. 018 Ch. 1763

ရေတွင်းထဲကဖားသူငယ်က ပင်လယ်ကြီးဘယ်လောက်ကျယ်လဲ မသိနိုင်ဘူး

Vol. 018 Ch. 1763

ထိုက်ချူတော်ဝင်မြေမှလူများ ထွက်သွားသော်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်မှကျင့်ကြံသူများက စိတ်ပူပန်နေပုံပေါ်သည်။

ကောင်းကင်ဒေသမှ ထိုဒဏ္ဍာရီလာအင်အားစုက အလွန်မောက်မာလှသည်။ သူတို့က သူတို့၏နေရာတွင် အစားထိုးချင်နေလေသည်။

ထို့အပြင် သူတို့၏အစီအစဥ်က ထိုနေရာ၌သာ ရပ်မနေပေ။ သူတို့က ရီဖူရှင်းတွေ့ကြုံခဲ့ဖူးသော ပြင်ပဘုံရှိအင်အားစုများထဲ၌ အကြမ်းတမ်းဆုံးအင်အားစုဖြစ်သည်။

“ပြန်သွားကြရအောင်” အရှင်ထိုက်ရွှမ်၏အမူအရာက အနည်းငယ်အေးစက်နေသည်။ သူကလှုပ်ရှားလိုက်ပြီး သူ၏အုပ်စုက ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ပြန်လှည့်လိုက်ကြသည်။

“နတ်တစ္ဆေအဖွဲ့က လျှို့ဝှက်နယ်မြေဘုံမှ စစ်တပ်ကို ဒီနေရာကိုတိုက်ခိုက်ဖို့ ဦးဆောင်လာခဲ့တယ်။ ငါတို့က သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်နေရတာ။ ထိုက်ချူတော်ဝင်မြေရဲ့ ယုံကြည်မှုက ဘယ်ကလာတာလဲ။ သူတို့က တော်တော်မောက်မာတာပဲ” ကျင့်ကြံသူတစ်ဦးက မကျေမနပ်ပြောလိုက်သည်။

ထိုက်ချူတော်ဝင်မြေက ဤနေရာသို့လာရောက်သည်ဖြစ်ရာ သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်၏အခြေအနေအား သေချာပေါက်ကြားသိပြီးဖြစ်ပေမည်။

“မင်းဘယ်လိုထင်လဲ ဖူရှင်း” အရှင်ထိုက်ရွှမ်က ပြောလိုက်သည်။

“သူတို့ဒီလိုလုပ်ရဲတဲ့အကြောင်းရင်းက သူတို့က ကောင်းကင်ဒေသက ထိပ်သီးအင်အားစုထဲက တစ်ခုဖြစ်နေလို့ပဲ။ သူတို့ရဲ့အင်အားက ပြောစရာမလိုဘူး။ နောက်တစ်ချက်က သူတို့ကမောက်မာတဲ့ပုံပြုမူနေကြပေမယ့် သူတို့က အရမ်းထက်မြက်ကြတယ်။ သူတို့က အောက်ဘုံမှာသင်ကြားရင်းနဲ့ သူတို့ရဲ့အင်အားကိုတည်ဆောက်ချင်ကြတာ...ပြီးတော့ အဲ့ဒီလို သူတို့ဘာသာတဆင့်ခြင်းလုပ်နေရတာက ခက်ခဲလိမ့်မယ်။ သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်ကို တိုက်ရိုက်လာခဲ့မယ်ဆိုရင် သူတို့က လောကအနှံ့ကိုပိုပြီးလျင်မြန်စွာ ပြန့်နှံ့ကြီးထွားနိုင်လိမ့်မယ်...” ရီဖူရှင်းက ပြောလိုက်သည်။ “ပြီးတော့ သူတို့က ကျွန်တော်တို့ကိုတိုက်ခိုက်ချင်တာမဟုတ်ဘူး။ သူတို့က ကျွန်တော်တို့နေရာကို အစားထိုးချင်တာ။ အဲ့ဒီနှစ်ခုက တော်တော်ခြားနားတယ်။ ကျောင်းတော်က လုံးဝရှုံးနိမ့်သွားပြီးတော့ သူတို့က ဒီမှာ ပညာရပ်တွေသင်ကြားပေးဖို့ရောက်လာတယ်ဆိုရင် ဘာမှမှားမှာမဟုတ်ဘူး။ ကျွန်တော်တို့က သဘောမတူဘူးဆိုရင်တောင် သူတို့က ထိုက်ချူတော်ဝင်မြေမှာ သင်ကြားပေးဖို့ ကိုယ်ပိုင်နေရာတစ်ခုရှာနိုင်မှာပဲ...”

“အမှန်ပဲ” အရှင်ထိုက်ရွှမ်က ခေါင်းညိမ့်ကာ ပြောသည်။ “သူတို့က ငါတို့နေရာမှာပဲအစားထိုးချင်တာ။ သူတို့က အဲ့လိုအစားမထိုးနိုင်ရင်တောင် ငါတို့ရဲ့နာမည်ကိုအသုံးချပြီး တခြားနေရာတစ်ခုမှာ နေရာယူနိုင်သေးတယ်”

ထိုက်ချူတော်ဝင်မြေမှ အသုံးပြုနေသော နည်းလမ်းများမှာ တေးသံသာနန်းမြို့တော်နှင့် အလွန်ကွာခြားလှသည်။ သို့သော် ထိုနည်းလမ်းနှစ်ခုလုံးက အကျိုးသက်ရောက်မှုတူညီသည်။တေးသံသာနန်းမြို့တော်က သင်ကြားပို့်ချပေးသည့်နေရာမဟုတ်သောကြောင့် သူတို့က ထိုကဲ့သို့သော နည်းလမ်းဖြင့်မလုပ်ကိုင်နိုင်သော်လည်း ထိုက်ချူတော်ဝင်မြေကမူ ထိုသို့လုပ်နိုင်လေသည်။

ထိုသည်က အောက်ဘုံအနေဖြင့် ဤကိစ္စအား ကောင်းကင်ဒေသနှင့် လေဟာနယ်ဘုံမှ ကျင့်ကြံရေးသင်ကြားရာနယ်မြေနှစ်ခုကြားမှ တိုက်ပွဲအဖြစ် သတ်မှတ်ကြသည်။ သူတို့ ရှုံးနိမ့်သွားခဲ့လျှင်ထိုက်ချူတော်ဝင်မြေက လေဟာနယ်ဘုံ၌ စတင်၍ ပညာဖြန့်ဝေပေးပေလိမ့်မည်။

အမှန်အတိုင်းပြောရလျှင် ကောင်းကင်ဒေသမှလူအများစုက လေဟာနယ်ဘုံ၌ သူတို့၏အင်အားကိုတည်ဆောက်လိုကြပြီး လေဟာနယ်ဘုံ၌ ကတ်များကိုပြန်လှန်ကုလားဖန်ထိုးကာ ယခင်ကအခြေအနေများအတိုင်း ပြန်ဖြစ်စေလိုကြသည်။

မည်သို့ပင်ဖြစ်စေ ထိုသည်မှနေ၍ ကောင်းကင်ဒေသမှ အင်အားစုများက လေဟာနယ်ဘုံ၌ အလွန်အရေးပါသောနေရာမှပါဝင်နေကြောင်း သိနိုင်ပေသည်။ ထိုသည်မှာ လေဟာနယ်ဘုံက မူလရင်းမြစ်ဘုံဖြစ်ပြီး မဟာလမ်းစဥ်နှင့် မဟာကောင်းကင်လမ်းစဥ်တို့၏ ရင်းမြစ်ဖြစ်နေသောကြောင့် ဖြစ်နိုင်ပေသည်။ ပြိုကွဲပျက်စီးသွားပြီးနောက် ကမ္ဘာသစ်တစ်ခု ဖွဲ့စည်းနိုင်ခဲ့သည်။

ယခင်ကနှင့်မတူညီစွာ တေးသံသာနန်းမြို့တော်က တိတ်ဆိတ်စွာရောက်ရှိလာချိန်တွင် ထိုက်ချူတော်ဝင်မြေက ကောင်းကင်အာဏာစက်မြို့သို့ရောက်ရှိလာချိန်၌ ပွက်လောရိုက်သွားစေခဲ့သည်။ ထိုသည်က ရီဖူရှင်းမျှော်မှန်းထားသကဲ့သို့ပင်ဖြစ်သည်။ လူများက ဤတိုက်ပွဲအား လေဟာနယ်ဘုံနှင့် ကောင်းကင်ဒေသတို့မှ ကျင့်ကြံရေးသင်ကြားရာနယ်မြေနှစ်ခုကြားမှ တိုက်ပွဲအဖြစ် သတ်မှတ်ကြသည်။

ကောင်းကင်အာဏာစက်မြို့သည်သာမဟုတ်ပေ။ သတင်းက ကောင်းကင်အာဏာစက်ဘုံအပါအဝင် ဘုံကိုးခုလုံးအား လျင်မြန်စွာ ပြန့်နှံ့သွားခဲ့သည်။ လျှို့ဝှက်နယ်မြေဘုံမှစစ်တပ်များကြောင့်ဖြစ်ပွားခဲ့သော ဂယက်ရိုက်မှုများကိုပင် မဖြေရှင်းရသေးပေ။ ယခုကိစ္စက ပြသနာအသစ်များအား သယ်ဆောင်လာပြန်သည်။ ကိစ္စများက ယခုမူ အမှန်တကယ်ပင် ဖြေရှင်း၍မလွယ်ကူတော့ပေ။

လူများက သက်ပြင်းချမိကြသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်က အမှန်တကယ်ပင် ဘုံကိုးခု၏ ပင်မဗဟိုဖြစ်လာလေသည်။ ထိုနေရာ၌ အလွန်ပင်ရှုပ်ထွေးနေလေသည်။

ထိုအခိုက်တွင် တေးသံသာနန်းမြို့တော်တည်းခိုနေသော တည်းခိုဆောင်တွင် ရီဖူရှင်းအား ဖိတ်ခေါ်ခဲ့သော လူအိုကြီးရှိနေလေသည်။ သူနှင့် အခြားလူများက ထိုကိစ္စများအား ဆွေးနွေးနေကြသည်။

“ထိုက်ချူတော်ဝင်မြေက တည့်တိုးဆန်တယ်။ သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်နဲ့တခါမှအဆက်အဆံမရှိခဲ့ဖူးဘဲနဲ့ ကျောင်းတော်ရဲ့နေရာမှာ သူတို့က အရိုးရှင်းဆုံးတိုက်ရိုက်နည်းလမ်းနဲ့ အစားထိုးဝင်ချင်နေတာ” သက်လက်ပိုင်းလူကြီးက ပြောလိုက်သည်။

လူအိုကြီးက ပြုံး၍ပြောလိုက်သည်။ “ထိုက်ချူတော်ဝင်မြေက တော်တော်ဉာဏ်ကောင်းတာပဲ။ သူတို့က ဆွေးနွေးညှိနှိုင်းနေလို့ အသုံးမဝင်ဘူးဆိုတာသိတယ်။ သူတို့က ငါတို့နဲ့ရီဖူရှင်းကြားကပြောစကားတွေရော၊ ရီဖူရှင်းနဲ့ အခြားအင်အားစုတွေကြားက ဆွေးနွေးမှုရလဒ်တွေကိုရော ကြားထားပြီးဖြစ်မှာသေချာတယ်”

“ဒါဆို ထိုက်ချူတော်ဝင်မြေက အောင်မြင်နိုင်လောက်လား” အမျိုးသမီးတစ်ဦးက လူအိုကြီးအား ကြည့်၍ပြောလိုက်သည်။

“သူတို့ရဲ့အင်အားက မင်းတို့အားလုံးသိထားသလိုပဲ ပြောစရာတောင်မလိုဘူး။ ကောင်းကင်ဒေသမှာ သူတို့ရဲ့အင်အားက တော်တော်ကျယ်ပြန့်ပြီး လွှမ်းမိုးနိုင်စွမ်းက တကယ်ကြောက်ဖို့ကောင်းတယ်။ ထိပ်သီးပုဂ္ဂိုလ်အများကြီးက အဲ့ဒီအင်အားစုကလာတာပဲ။ သူတို့ထဲက တော်တော်များများလည်း ဒီကိုလာနေပြီလို့ကြားတယ်။ ကြည့်ရတာ မူလဘုံမှာ သူတို့ရဲ့လမ်းစဥ်ကိုသင်ကြားပေးဖို့က သူတို့အတွက်တော်တော်အရေးကြီးတဲ့ပုံပဲ”

လူအိုကြီးက ပြောလိုက်သည်။ “ကောင်းကင်အာဏာစက်ကျောင်းတော်က မဟာမိတ်တွေအများကြီးဖွဲ့ထားနိုင်တော့ ထိုက်ချူတော်ဝင်မြေက သူတို့နဲ့စစ်ဖြစ်ဖို့လုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့အခြေအနေအရကြည့်မယ်ဆိုရင် ကျောင်းတော်နဲ့သူ့ရဲ့မဟာမိတ်တွေအားလုံးပေါင်းရင်တောင် ထိုက်ချူတော်ဝင်မြေရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး”

“အဲ့အချိန်ရောက်ရင် ငါတို့က စိတ်လှုပ်ရှားစရာပွဲကြည့်ရမှာပေါ့။ ငါတို့ အဲ့ဒီကနေ တခုခုရလာနိုင်တယ်” လူအိုကြီးက အပြုံးဖြင့်ပြောလိုက်သည်။

“ကျွန်မ လမ်းလျှောက်ထွက်လိုက်ဦးမယ်” အမျိုးသမီးကပြောလိုက်ပြီး လေထဲသို့တက်ကာ ထွက်ခွာသွားသည်။ လူများစွာက သူမနောက်မှလိုက်ပါသွားကြသည်။ သိသာစွာပင် ထိုအမျိုးသမီးက အလွန်အရေးပါသူဖြစ်ပေမည်။

ယခု ကောင်းကင်အာဏာစက်မြို့မှကျင့်ကြံသူများအားလုံးက ထိုအကြောင်းများအား ပြောနေကြသည်။

အမျိုးသမီးက စားသောက်ဆိုင်တစ်ခုသို့ရောက်သွားချိန်တွင် ထိုဆိုင်ထဲမှလူအားလုံးကလည်း ထိုအကြောင်းအား ပြောနေကြလေသည်။

အမျိုးသမီးနှင့် သူမ၏နောက်လိုက်များက ထိုင်လိုက်ကြသည်။ တခြားလူတစ်စုကလည်း စားသောက်ဆိုင်၏တစ်ဖက်ခြမ်းတွင် ထိုင်နေလေသည်။ သူတို့ထဲမှ တစ်ယောက်က အမျိုးသမီးအားကြည့်လိုက်သည်။ ထိုလူများက အလွန်ငယ်ရွယ်ပုံပေါ်သော်လည်း သူတို့၏အရှိန်အဝါများမှာ အလွန်အားကောင်းလှသည်။

သူတို့က ထိုက်ချူတော်ဝင်မြေမှဖြစ်သည်။ ကြည့်ရသည်မှာ ထိုအမျိုးသမီးက ဤနေရာသို့ တမင်ရည်ရွယ်၍ရောက်လာဟန်ပေါ်သည်။

သို့သော် အခြားလူများကမူ ဤသည်အားသတိမထားမိကြပေ။ စားသောက်ဆိုင်တွင်းမှလူများအားလုံးက သူတို့၏ကိုယ်စီဆွေးနွေးပွဲတွင်သာ နစ်မြောနေကြသည်။

“အဲ့ဒီ ထိုက်ချူတော်ဝင်မြေက ဘယ်ကလာတာလဲ။ သူတို့က တော်တော်လွန်လွန်းတယ်။ သူတို့က တကယ်ပဲ အထက်ဘုံက ထိပ်သီး သင်ကြားပို့ချပေးတဲ့နယ်မြေတစ်ခုလား”

“သူတို့က ဒီလိုလုပ်ရဲမှတော့ သူတို့က အလွန်ထူးခြားလို့ပဲဖြစ်ရမယ်” တစ်​ယောက်ကပြောလိုက်သည်။ “ဒါပေမဲ့ သူတို့က ကောင်းကင်ဒေသက ထိပ်သီးအင်အားစုဖြစ်နေပြီး ငါ့မှာသာအရည်အချင်းရှိလို့ ရွေးချယ်ခွင့်ရလာမယ်ဆိုရင် ငါကတော့ ကောင်းကင်အာဏာစက်ကျောင်းတော်ကိုပဲ ရွေးချယ်မှာပဲ။ ကျောင်းတော်က ကိစ္စတွေကိုဖြေရှင်းတဲ့ ပုံစံကို ငါတကယ်သဘောကျတယ်။ သူတို့က မှန်မှန်ကန်ကန်ပဲပြုမူတာ။ ပြီးတော့ အဲ့ဒီမိန်းကလေး ချူယုကလည်း ငါတို့ရဲ့ချူမိသားစုကပဲလေ။ သူမက အဲ့ဒီမှာ အများကြီး သင်ယူနိုင်ခဲ့ပြီးတော့ အက်ကြောင်းမဲ့နတ်ဝင်ရိုးကိုဖွဲ့စည်းနိုင်ခဲ့တယ်။ သူမရဲ့အနာဂတ်က အကန့်အသတ်မဲ့ပဲ...။ သူတို့က အဲ့ဒီမှာ ဘယ်သူ့ကိုမှနှိမ့်ချဆက်ဆံတာ မရှိဘူး။ ထိုက်ချူတော်ဝင်မြေကကျတော့ သူတို့ဘယ်လောက်အားကောင်းတယ်ဆိုတာ ဘယ်သူသိလို့လဲ။ ပြီးတော့ သူတို့က ကောင်းကင်ဒေသက အင်အားစုလေ။ သူတို့ရဲ့သင်ကြားပို့ချမှုက ဘယ်လောက်ပဲအံ့သြဖို့ကောင်းပါစေ ကောင်းကင်အာဏာစက်ကျောင်းတော်မှာ ရီဖူရှင်းရှိတယ်။ သူက အားကောင်းတဲ့ပါရမီရှင်တွေကို လမ်းညွှန်သင်ကြားပေးဖို့ ပိုပြီးသင့်တော်တယ်”

ထိုအချိန်တွင် ကျောင်းတော်တွင်းမှ ရီဖူရှင်း၏အဆင့်အတန်းက အလွန်မြင့်မားလေသည်။ လူငယ်များစွာက သူ့အား ယုံကြည်အားကိုးကြသည်။

“မင်းပြောတာမှန်တယ်။ အထူးသဖြင့် ငါတို့မှာသောမျိုးနွယ်စုက သောကျောက်နဲ့ ရှောင်ကလန်က နတ်မိမယ်တို့လို ပါရမီရှင်တွေလည်းရှိနေတာပဲ။ သူတို့က ကောင်းကင်ဒေသကလူတွေထက် နိမ့်ကျလို့လား။ သူတို့က ရီဖူရှင်းနောက်ကလိုက်ပြီး ကျင့်ကြံဖို့ဆန္ဒရှိကြတယ်။ ငါကြားတာတော့ နန်လော့ရှန်းတောင်မှ ကျောင်းတော်မှာကျင့်ကြံနေတာတဲ့။ သူမက နန်ထျန်းနတ်ပြည်ထောင်ကအင်ပါယာနန်ရဲ့ အဖိုးတန်ပုလဲလုံးလေး၊ အလင်းရောင်လေးလေ”

အင်ပါယာနန်သည် ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်သည်။

ထိုအခိုက်တွင် သရော်သံတစ်ခုကထွက်ပေါ်လာပြီး တိတ်ဆိတ်နေသော စားသောက်ဆိုင်အတွင်း၌ လူတိုင်း၏နားတွင်းသို့ ဝင်ရောက်သွားသည်။

လူများက သရော်သံထွက်ပေါ်လာသောနေရာသို့ လှည့်ကြည့်လိုက်ကြသည်။ ထိုသူသည် ထိုက်ချူတော်ဝင်မြေမှ ထိပ်သီးပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း တွေ့လိုက်ကြရသည်။ သူနှင့် သူ၏လူများက မည်မျှအားကောင်းကြောင်းမြင်လိုက်ရသောအခါ စားသောက်ဆိုင်အတွင်းမှလူများက တိတ်ဆိတ်သွားကြသည်။ စောစောကစကားများကိုပြောလိုက်သူက မေးလိုက်သည်။” ကျုပ်ပြောတာတွေက မှားနေတယ်လို့ ထင်လို့လား”

ထိုက်ချူတော်ဝင်မြေမှလူများက ပြန်မဖြေပေ။ တေးသံသာနန်းမြို့တော်မှအမျိုးသမီးက သူတို့အား စောင့်ကြည့်နေလေသည်။

ထိုက်ချူတော်ဝင်မြေမှကျင့်ကြံသူများက အလွန်မောက်မာလှသောကြောင့် ဤနေရာ၌ အရေးတယူလုပ်၍ တိုက်ခိုက်မည်မဟုတ်ပေ။ ထို့အပြင် ဤနေရာသို့လာရောက်ကြသူများအားလုံးမှာရန်ဟောင်များဖြစ်ကြသည်။

“အကိုချန်းကီက ဓားပညာမှာအဆင့်ဘယ်လောက်ရောက်သွားပြီလဲ” တစ်ယောက်က မေးလိုက်သည်။

“အဆင့်ခုနှစ်” တစ်ယောက်ကပြန်ဖြေလိုက်သည်။

“အံ့သြစရာပဲ...။ကျုပ်က ဒီလေဟာနယ်ဘုံကိုရောက်တုန်းမှာ သူ့ရဲ့ဓားပညာကိုစမ်းကြည့်ဖို့ အခွင့်အရေးရရင်ကောင်းမယ်”

“ငါကြားတာတော့ ကောင်းကင်အာဏာစက်ကျောင်းတော်က အက်ကြောင်းမဲ့နတ်ဝင်ရိုးပိုင်ဆိုင်ထားတဲ့ လူများစွာကို လေ့ကျင့်သင်ကြားပေးနေတယ်တဲ့။ သူတို့က တော်တော်အရည်အချင်းရှိမှာပဲ။ ဓားချင်းဖလှယ်ဖို့ အချိန်ရလာမယ်ထင်တယ်” တစ်ယောက်ကပြောလိုက်သည်။ ရုတ်တရက်ပင် စားသောက်ဆိုင်က တည်ငြိမ်သွားသည်။ကြည့်ရသည်မှာ သူတို့က ထိုသူများက မည်သူဖြစ်သည်ကို သိသွားကြဟန်ပေါ်သည်။

ထိုလူများက သူတို့ခုနက ဆွေးနွေးနေကြသော ထိုက်ချူတော်ဝင်မြေမှလူများပင်ဖြစ်လေသည်။

သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်တွင် ပေါ်လာသည့်အချိန်ကလိုပင်၊ သူတို့ပြောခဲ့သည့် သူတို့ မကျော်ဖြတ်နိုင်သည့်အရာဟူသည်မှာ မရှိသကဲ့သို့ပင် သူတို့၏စကားများကအလွန်မောက်မာလှသည်။

ထိုစကားများက နားပင်မခံသာပေ။ သူတို့အားကျောပေးထားသော ရန်ဟောင်တစ်ယောက်က ပြောလိုက်သည်။ “သူတို့က ကောင်းကင်ဒေသကလာပေမယ့် သူတို့ရဲ့ခွန်အားအစစ်အမှန်ကို မမြင်နိုင်ဘူးပဲ။ ကောင်းကင်အာဏာစက်ကျောင်းတော်ကလူတွေက ဘုံသုံးထောင်မှာ ထိပ်ဆုံးကရပ်တည်နေတာ”

ထိုက်ချူတော်ဝင်မြေမှလူက ပြုံးရုံသာပြုံးလိုက်သည်။ သို့သော် ထိုခဏတွင် အသက်ရှူကြပ်လောက်သည့် ဓားအသိက စားသောက်ဆိုင်တစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။ လူတိုင်းက ထိုဓားအသိသည် သူတို့ထံသို့ဦးတည်၍လာသကဲ့သို့ ခံစားလိုက်ကြရသည်။ ကြည့်ရသည်မှာ နေရာတစ်ခုလုံးသည် ဓားအသိဖြင့်ပိတ်လှောင်ခြင်းခံလိုက်ရဟန်ပေါ်သည်။

ထိုစကားအားပြောခဲ့သည်ရန်ဟောင်သည် ထိုဓားအသိ၏ဖိနှိပ်မှုကို အဆိုးရွားဆုံးခံစားရသူဖြစ်သည်။ ဓားကနေရာတိုင်းတွင်ရှိနေပြီး ထိုဓားသွားများက အလွန်ထက်ရှနေသလိုပင်။

မကြာခင်တွင် ထိုရန်ဟောင်၏မျက်နှာမှ ချွေးများစတင်၍ ကျဆင်းလာသည်။ သူက အလွန်ကြီးမားသောဖိအားကို ခံစားနေရသည်။

သို့သော် ထိုခဏ၌ ဓားအသိကပျောက်ကွယ်သွားသည်။ ထိုက်ချူတော်ဝင်မြေမှလူတစ်ယောက်က ပြောလိုက်သည်။ “ရေတွင်းထဲကဖားသူငယ်က ပင်လယ်ကြီးဘယ်လောက်ကျယ်လဲဆိုတာ မသိနိုင်ဘူးပဲ။ မင်းက ဒီနေရာကနေဘယ်မှမသွားဖူးတော့ မင်းရဲ့အမြင်တွေက ဒီလောက်နဲ့ပဲကန့်သတ်ခံထားရတာ။ မင်းအမြင်က အဲ့လောက်ပဲရှိမှတော့ မင်းဆီက ထင်မြင်ချက်ကိုကြားဖို့လိုသေးလို့လား။ သွားကြမယ်”

ထိုသို့ပြော၍ သူတို့က လေထဲသို့တက်ကာ ထွက်သွားရန်ပြင်လိုက်သည်။ သို့သော် အမျိုးသမီးတစ်ဦးက စကားပြောလိုက်လေသည်။ “ထိုက်ချူလေ့ကျင့်ရေးကွင်းက မု​ချန်းကီ ဒီမှာရှိသလား”

ထိုက်ချူတော်ဝင်မြေမှလူများက ထိုအမျိုးသမီးအားလှည့်ကြည့်လိုက်ကြပြီး အံအားသင့်ဟန်ပေါ်လာသည်။

သူတို့ထဲမှတစ်ယောက်က သူမ၏အဆင့်အတန်းအား လျင်မြန်စွာခန့်မှန်းမိလိုက်သည်။ သူကပြုံး၍ပြောလိုက်သည်။ “တေးသံသာနန်းမြို့တော်က မင်းသမီးကိုယ်တိုင် အောက်ဘုံကိုရောက်လာမယ်လို့ ထင်မထားမိဘူး။ တွေ့ရတာ ဝမ်းသာပါတယ် “

အမျိုးသမီးက ထူးမခြားနားစွာပင် နေရာတွင်ထိုင်နေလျက် ဆက်ပြောလိုက်သည်။ “ထိုက်ချူလေ့ကျင့်ရေးကွင်းရဲ့ထိုက်အဲ့ဓားက လူတွေပြောသလိုပဲ အဲ့လောက်တောင်မြန်လားဆိုတာ ကျွန်မသိချင်မိတယ်”

ထိုသို့ပြော၍ သူမကထလိုက်ပြီး ထွက်ခွာသွားသည်။

ထိုက်ချူတော်ဝင်မြေသည် ကောင်းကင်ဒေသ၌ ဒဏ္ဍာရီတစ်ခုဖြစ်သည်။ သူတို့တွင် မရေမတွက်နိုင်သော တပည့်များစွာရှိပြီး သူတို့က ပညာရပ်အမျိုးမျိုးအား ကျင့်ကြံကြသည်။ ဓားပညာသည် ထိုပညာရပ်များထဲမှ တစ်ခု​ဖြစ်သည်။ ထိုက်ချူလေ့ကျင့်ရေးကွင်းသည် အလွန်ပင် ဂုဏ်သတင်းကြီးမားလှပေသည်။

မူချင်းကီသည် ထိုနေရာမှ သူ၏မျိုးဆက်တွင် အထူးချွန်ဆုံး ဓားသမားဟုဆိုကြသည်။

ထိုက်ချူတော်ဝင်မြေမှလူများက သူမထွက်ခွာသွားသည်ကို အပြုံးဖြင့်ကြည့်နေကြသည်။ တေးသံသာနန်းမြို့တော်မှမင်းသမီးက ဤနေရာသို့ ကိုယ်တိုင်လာရောက်ခဲ့လေသည်။ ကြည့်ရသည်မှာ သူမက သူတို့ကဲ့သို့ပင် မူရင်းဘုံ၌ ​ခြေကုပ်ရယူလိုဟန်ပေါ်သည်။

ယခု အရာအားလုံးက ရှင်းလင်းသွားလေသည်။

သူတို့သည်လည်း နောက်လှည့်ကာ ထွက်ခွာသွားကြသည်။ သူတို့ထွက်ခွာသွားပြီးနောက် စားသောက်ဆိုင်က ပြန်၍အသက်ဝင်လာခဲ့သည်။ သို့သော် ခုနက ပစ်မှတ်ထားခံခဲ့ရသော ရန်ဟောင်၏မျက်နှာကမူ တင်းမာနေလေသည်။

ရေတွင်းထဲကဖားသူငယ်က ပင်လယ်ကြီးဘယ်လောက်ကျယ်လဲဆိုတာ မသိနိုင်ဘူးဟုတ်လား...။

ထိုက်ချူတော်ဝင်မြေက အမှန်တကယ်ပင် ထိုမျှသန်မာသည်လော။

***

All Chapters