မင်း ... လက်ကိုသတိထား။
Vol. 34 Ch. 405
ကူချန်နင်ခမျာ မျက်နှာ အနည်းငယ် ပြောင်းသွားသည်။ စစ်ခုန်ဟူသည် လွန်ခဲ့သည့် နှစ်ပေါင်း (၃၀၀၀၀)က ထိပ်တန်းနတ်ဆိုး ဂိုဏ်းမှ ဆင်းသက်သူဖြစ်၏။
သူသည် ဖျက်ဆီးခြင်းမျိုးဆက်သွေးကို အမွေဆက်ခံပြီး ကောင်းကင်ဘုံ ဖျက်ဆီးခြင်း နည်းစနစ် လေ့ကျင့်ထားသည်။
လွန်ခဲ့သည့် ဆယ်နှစ်က နိုးထလာခဲ့သော ရှေးဟောင်းအကြွင်းအကျန်များထဲတွင် သူသည် ရက်စက်ကြမ်းကြုတ်လွန်းသော လူဖြစ်၏။
သူသည်သာ စစ်ခုန်နှင့် ရင်ဆိုင်လိုသော် ချိပ်ပိတ်ထားသော တံဆိပ်များကို ဦးစွာဖွင့်ရန် လိုချေပြီ။
လက်ရှိအချိန်၌ စစ်ခုန်သည် ဒေါသထွက်နေကာ သူ့ခန္ဓာကိုယ်တဝိုက်တွင် အနက်ရောင် မီးတောက်များ တဝဲလည်လည် ဖြစ်လာနေသည်။
သူ့ထံမှ ထွက်လာသော စွမ်းအားကြောင့် အနီးနားရှိ ထိုင်ခုံများ၊ ဝိုင်ခွက်များ၊ ပန်းကန်ပြား စသည်တို့ လောင်ကျွမ်းပြာကျကုန်၏။
“ စုရီ၊ ငါက မဟာရှတော်ဝင်မိသားစုက ရှကျင်းယွီပဲ မင်းမသေချင်ရင် အခုရပ်လိုက်တာ ပိုကောင်းမယ်။ ”
ဤမြို့သည် မဟာရှမင်းဆက်၏ မြို့တော်ဖြစ်ပြီး တော်ဝင်မိသားစုနယ်မြေအဖြစ် သတ်မှတ်နိုင်သည်။
ရှေးခေတ်ကစ၍ ယနေ့ခေတ်အထိ မည်သည့် ကျင့်ကြံသူမဆို တော်ဝင်မိသားစုကို မျက်နှာသာ ပေးရချေပြီ။
“ ရွှပ် ... ။ ”
သို့သော် စုရီသည် ထိုစကားကို ကြားသောအခါ မျက်ဝန်းများ မှေးစင်းလျက် ဓားအလင်းနှင့် ပြန်၍ပစ်ခတ်ပြီး တုန့်ပြန်လိုက်သည်။
“ ဟမ့် ... ။ ”
ရှကျင်းယွီကို ကာကွယ်ပေးနေသော အမျိုးသမီးခမျာ မျက်နှာပြောင်းသွားပြီးနောက် ဓားဖြင့် ချက်ချင်း ပိတ်ဆို့ပေးလိုက်ရသည်။
“ ကလန် ... ။ ”
တိုက်မိသော အသံများ ကျယ်လောင်စွာ ထွက်ပေါ်လာကာ ဝိညာဉ်ရေးဓားသည် အက်ကွဲ ကြောင်းများ ပေါ်လာခဲ့၏။
“ ဝှစ် ... ။ ”
“ ဘုန်း ... ။ ”
ရလာဒ်အနေဖြင့် သူမအပါအဝင် နောက်တွင်ရှိသော ရှကျင်းယွီသည်လည်း လွင့်စဉ်လျက် နံရံနှင့်ထိမှန်ကာ ကြမ်းပြင်ပေါ် ပြုတ်ကျကျသွားတော့သည်။
“ အဟွတ် ... အဟွတ် ... ။ ”
ရှကျင်းယွီသည် ကြယ်နှင့်လမြင်ပြီး မူဝေလျက် အမျိုးသမီးသည် သွေးချောင်းဆိုး နေတော့၏။
ကြယ်စုစည်းခြင်း အဆင့်မှ ထိပ်တန်း ငါးဦးအဆင့်ဝင်သော ဤအမျိုးသမီးသည် စုရီ၏ ဓားတစ်ချက်ကိုပင် မခံယူနိုင်ချေ။
တစ်ဖက်တွင် စုရီက အနည်းငယ် အံ့သြသွားသည်။ သူ့ဓားကို တစ်စုံတစ်ဦးသည် ပိတ်ဆို့နိုင်သည်မှာ ဒုတိယအကြိမ်ဖြစ်၏။ ကူချန်နင်သည် ပထမဖြစ်သည်။
“ သတ် ... ။ ”
ဤအခိုက်တွင် စစ်ခုန်က အနီရောင်ဝတ်ရုံများ လေထဲတဖျပ်ဖျပ်ဖျပ် ခတ်လျက် စုရီထံလက်သီးဖြင့် ထိုးချလာလေသည်။
လက်သီးချက်သည် ကြီးစိုးပြီး တာအိုကျက်သရေများပါရှိ၏။ လမ်းတလျှောက် အနက်ရောင် မီးလျှံများက လိုက်ပါလာသည်။
“ ကောင်းကင်ဘုံ ဖျက်ဆီးခြင်းလက်သီး။ ”
လက်သီးတွင် ပါရှိသော အနက်ရောင်မီးလျှံသည် ပြိုင်ဘက်၏ ခန္ဓာကိုယ် အတွင်း ကျူးကျော်ဝင်ရောက်ကာ အတွင်းအင်္ဂါ များကို လောင်ကျွမ်းစေ၏။
ဤလက်သီးစွမ်းအားသည် ကျန်းယွင်ထောင်ကဲ့သို့သော မျိုးဆက်ဟောင်း များနှင့် အခြားရှေးဟောင်း မျိုးနွယ်စုများကို ကျော်လွန်နိုင်သည်။
တာအိုမျိုးစေ့ကို ပိုင်ဆိုင်ထားသော စုရီအတွက်မူ သာမန်ပေပင်။ အထင်အမြင် သေးသည့် ခံစားချက်များဝင်ရောက်လာပြီး လက်ဖဝါးဖြင့် ညင်သာစွာ ဖမ်းဆုပ်လိုက်၏။
“ ဟမ့် ... ။ ”
“ ဖပ် ... ။ ”
စစ်ခုန်၏ လွှမ်းမိုးချုပ်ကိုင်မှုနှင့် ပြည့်နှက်နေသော အနက်ရောင်မီးလက်သီးမှာ ချက်ချင်း ပျက်ပြယ်သွား၏။
နောက်ဆက်တွဲ လှိုင်းများက ခန်းမကြီးအပေါ် ပြင်းထန်စွာ တုန်လှုပ်သွားစေ ခဲ့သည်။
“ ဝှစ် ... ။ ”
ဤအခိုက်တွင် ကူချန်နင်သည် လက်ကိုဝှေ့ယမ်းပြီး တိုက်ပွဲ၏ နောက်ဆက်တွဲ လှိုင်းများစွာကို ဖယ်ရှားလိုက်တော့၏။
ထို့နောက် ယွီရှစ်ချန်၏ နူးညံ့သော ခန္ဓာကိုယ်ကို အမှောင်စွမ်းအင်ဖြင့် လေထဲသို့ မတင်ကာ ရှောင်ရှားပေးခဲ့သည်။
အဆုံးတွင် အခန်းအတွင်း တောက်ပသော အလင်းများ ထွက်ပေါ်လာပြီး ထိုလှိုင်းများကို စုပ်ယူသွားချေပြီ။
တိမ်လွှာလေစီးကြောင်း နန်းတော်သည် ထင်ရှားသောဧည့်သည်များကို ဖျော်ဖြေပေးရန် တေးဆိုငှက်ကလေးများအတွက် လျှို့ဝှက် နေရာတစ်ခုဖြစ်သည်။
ထို့ကြောင့် ဤနန်းတော်ကိုကာကွယ်ရန် တားမြစ်ဖွဲ့စည်းမှုတစ်ခုဖြင့် ဖုံးအုပ်ထားသည်မှာ သဘာဝပေပင်။ မဟုတ်သော် ဤတိုက်ပွဲ လှိုင်းများကြောင့် အပျက်အစီးအဖြစ် ပြောင်းလဲသွားနိုင်၏။
“ ကောင်းတယ် ... ။ ”
ထိုမြင်ကွင်းကြောင့် စစ်ခုန်မျက်ဝန်းများ တောက်ပလာကာ ခန္ဓာကိုယ်အနှံ့ အနက်ရောင် မီးလျှံများ လောင်မြိုက်လာတော့၏။
သူ့ လှုပ်ရှားမှုတိုင်း ရင်သပ်ရှုမောဖွယ် တာအိုကျက်သရေများနှင့် ပြည့်နှက်လာသည်။ စုရီကမျက်ခုံးပင့်၏။
ဤလူသည် မရဏငရဲနန်းတော်၏ သန့်ရှင်းသော သားတော် နင်ဖုန်းထက်ပင် သန်မာနေချေပြီ။
အကယ်၍သာ မူလနန်းတော်အဆင့်သို့ မဝင်မီကဆိုသော် သူ့အတွက် ပြိုင်ဘက်ကောင်း ဖြစ်လာနိုင်ပေမည်။ ယခုမူ။
“ မင်းရဲ့ညာလက်ကို သတိထား။ ”
စုရီက လျစ်လျူရှုသောအသံဖြင့် လက်ချောင်းများကို ဓားတစ်လက်ကဲ့သို့ လေထဲ ခုတ်ပိုင်းချလိုက်သည်။
“ ဝှစ် ... ။ ”
ကောင်းကင်သက်တံတစ်စင်း ကျဆင်းလာသည့်အလား ဓားအလင်းတစ်လက် ပြေးထွက်သွားပြီး နတ်ဆိုးလက်သီးအပေါ် ဖြတ်တောက်လိုက်သည်။
ထိုမြင်ကွင်းကြောင့် စစ်ခုန်က သွေးမိစ္ဆာ လှံပုစိန်ကို ချက်ချင်းထုတ်ယူကာ ဓားအလင်းထံ ပယ်ဖျက်တော့သည်။
“ ကလန် ... ။ ”
သို့သော် နောက်ကျသွား၏။ ညာလက်ခမျာ လက်ကောက်ဝတ်နေရာမှ တိခနဲ ပြတ်ကျသွား တော့သည်။
ရှကျင်းယွီနှင့် ကာကွယ်သူ အမျိုးသမီးတို့သည် အံ့အားသင့်သွားကာ ဦးရေပြားများ ထုံကျဉ်လာ၏။
စစ်ခုန်မည်မျှ အစွမ်းထက်သည်ကို သူတို့ကောင်းကောင်း သိ၏။ ယနေ့ပါရမီရှင်များ မဆိုနှင့် ရှေးခေတ်ပါရမီရှင်၌ပင် ယှဉ်နိုင်သူ နည်းချေပြီ။ သူတို့ ကံကောင်းသွား၏။
စစ်ခုန်သည်လည်း နာကျင်မှုကြောင့် အံကြိတ်ထားကာ သူ့မျက်နှာတွင် နာကျင်မှုများ ပြည့်နှက်လာတော့သည်။
ထိုဓား၏အစွမ်းသည် သူ့ကို ထိတ်လန့်စေသည်။ ထက်မြက်ပြီး စိုးမိုးလွန်း၏။ ရုတ်တရက် သူ သတိဝင်လာချိန်၌ စုရီက ထပ်မံ လှုပ်ရှားလာပြန်သည်။
“ ဘယ်လက်ကို သတိထား။ ”
ဓားရောင်ခြည်သည် ပင်လယ်ပြင်ပေါ်တွင် တောက်ပနေသော လမင်းတစ်စင်းနှင့် တူသည်။ ဤတစ်ကြိမ်၌ မပေါ့ဆဝံ့တော့ဘဲ ကြေးနီရောင် မီးအိမ်တစ်လုံးကို ထုတ်ယူပြီး ကာကွယ် လိုက်တော့၏။
“ အသက်ဝင် ... ။ ”
မီးအိမ်အတွင်းမှ မှိန်ဖျော့ဖျော့ အလင်းလှိုင်းများ တဟုန်ထိုးထွက်ပေါ်လာကာ ဓားအလင်းကို ချေဖျက်တော့သည်။
ဤသည်မှာ စစ်မှန်သော ရှေးဟောင်း ရတနာတစ်ခုဖြစ်လေသည်။ ခံစစ်အလွှာပေါင်း (၆)လွှာပါရှိကာ ကြောက်မက်ဖွယ်ကောင်းသော လူသတ်ရောင်ဝါများ ရှိသည်။
မီးစာသည် မြွေပုံသဏ္ဍာန်တည်ရှိပြီး ဝိညာဉ်တာအို ကျွမ်းကျင်သူမှ ကြယ်မိစ္ဆာမြွေဖြူ ဝိညာဉ်ဖြင့် သန့်စင်ပေးထားသည်။
ထို့ကြောင့် ၎င်းမှ ထွက်ပေါ်လာသော အလင်းတန်းသည် ဝိညာဉ်ထင်ရှားခြင်းအဆင့် ခွန်အားကို တွန်းလှန်ချေဖျက်ရန် လုံလောက်သည်။
“ ခရစ် ... ။ ”
သူ့အတွက် အသက်ကယ် ဝှက်ဖဲတစ်ချပ်ပေပင်။ သို့သော် ထိုဝှက်ဖဲသည် သက်ပြင်းမချနိုင်ခင် အက်ကြောင်းများ ထင်လာတော့သည်။
“ ဟမ့် ... ။ ”
စုရီသည် သူ့မူလနန်းတော်ကို ဖွင့်လှစ်ပြီးဖြစ်ရာ ကောင်းကင်ဘုံ နတ်နန်းတော် ပုံရိပ်သည် မှုန်ဝါးဝါး ဖွဲ့တည်လျက် ချက်ချင်း ပျောက်ကွယ်သွားသည်။
တစ်ဆက်တည်းမှာပင် ဓားအလင်းသည် သွေးနီအကာအကွယ်အလွှာ (၆)ခုကို တို့ဟူး တစ်တုံးကဲ့သို့ ဖြတ်တောက်သွားချေပြီ။
လူအုပ်ကြီး၏ ထိတ်လန့်နေသော အကြည့်အောက်တွင် ပြတ်တောက်နေသော လက်တစ်ဖက်သည် နီမြန်းသည့်သွေးများဖြင့် လွင့်ပျံလာခဲ့သည်။
နောက်ဆက်တွဲအနေဖြင့် ခန္ဓာကိုယ်ယိမ်းယိုင်လျက် ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ နာကျင်မှုကြောင့် မျက်နှာ တစ်ပြင်လုံး ရှုံ့တွနေချေပြီ။
ဤသည်မှာ ရှေးခေတ် ပါရမီရှင်တစ်ပါးအတွက် အလွန်အရှက်ရဖွယ် ပေပင်။
ကူချန်နင်က မျက်လုံးများ ပြုးကျယ် လာသည်။ သူ့ခန္ဓာကိုယ်ထဲ ချိတ်ပိတ်ထားသော စွမ်းအားများ ထုတ်လွှတ်လိုက်သော် စစ်ခုန်ကို ယှဉ်နိုင်ပေမည်။ သို့သော် စုရီကဲ့သို့ ကြီးစိုးရန် အိမ်မက်ပင် မမက်ဖူးချေ။ ကြားကွာဟချက်မှာ အလွန်ကြီးများနေသည်။
ဤသည်မှာ တိုက်ပွဲတစ်ခု မဟုတ်ချေ။ တစ်ဖက်သတ် ဖျက်စီးနေသော ပြစ်ဒဏ်တစ်ခု ပေပင်။ အစမှအဆုံး တည်ငြိမ်လွန်းနေသော စုရီသည် ပို၍ မမြင်နိုင်ဖြစ်စေသည်။
“ ရွှီး ... ။ ”
ရုတ်တရက် စစ်ခုန်ခန္ဓာကိုယ်မှ အနက်ရောင်အလင်းများ လေထဲပျံတက်သွား သဖြင့် စုရီကပြုံးလိုက်သည်။
“ အကူအညီတောင်းမို့လား ... ဒီနေ့ ဘယ်သူပဲလာလာ မင်းအသက်ကို မကယ်နိုင် ပါဘူး။ ”
အနက်ရောင် လျှပ်စီးတစ်စကဲ့သို့ ပိန်လှီသောအဖိုးအိုတစ်ယောက် ခန်းမအတွင်း ရုတ်ချည်းပြေးဝင်လာသည်။
ထိုအဖိုးအိုကို မြင်ချိန်၌ ကူချန်နင်တစ်ယောက် အသက်ပြင်းပြင်းရှူ လိုက်မိသည်။
ဤသည်မှာ စစ်ခုန်ဟူသော နတ်ဆိုးကို ကာကွယ်သူများအနက်မှ တစ်ယောက်ဖြစ်သော ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူပေပင်။
စစ်ခုန်၏ နောက်လိုက်များမှာ သက်သာရာရကုန်၏။ ထိုအဖိုးအိုက လူတိုင်းကို လျစ်လျူရှုပြီး စစ်ခုန်ထံ လှည့်ကြည့်သည်။
ကြမ်းပြင်ပေါ်တွင် လက်နှစ်ဖက် တုံးတိတိဖြင့် ခွေးတစ်ကောင်လို လဲကျနေသော အသွင်ကြောင့် သတ်ဖြတ်ခြင်း ရည်ရွယ်ချက် ချက်ချင်း ပေါက်ကြားလာတော့သည်။
“ သခင်ငယ် ... ။ ”
***