လူ့စွမ်းအားဟာ ကန့်သတ်ချက် ရှိတယ်။
Vol. 34 Ch. 408
တေးဆိုငှက်ကလေးများ မျှော်စင်အပြင် လမ်းမပေါ်တွင် အလင်းရောင်များ ထိန်လင်းပြီး လူအများစည်ကားနေသည်။
“ ဒီအမျိုးသမီးက တော်တော် ဉာဏ်ကောင်းတယ်။ ”
ထိခိုက်မှုမရှိဘဲ ဘေးကင်းနေသော ယွမ်ဟမ်ကိုကြည့်ကာ စုရီမှ ပြောလိုက်သည်။
“ သခင်ကို ထပ်ပြီး စိတ်ပူအောင်လုပ်မိပြီ။ ”
ယွမ်ဟမ် ရှက်သွားသည် ။
“ မင်းရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူကို ရင်ဆိုင်ဖို့ နည်းလမ်းမရှိတာ သဘာဝပါပဲ သွားရအောင် မိန်းကလေးပိုင်ကို ရှာရမယ်။ ”
များမကြာခင် လူအုပ်ကြီးအတွင်း ပျောက်ကွယ်သွားတော့သည်။ မဝေးလှသော လမ်းထောင့် တစ်နေရာတွင် စူးရှသော ကွဲအက်သံတစ်ခု ခပ်တိုးတိုး ထွက်ပေါ်လာသည်။
“ ခရစ် ... ။ ”
တာအိုဘုန်းကြီးတစ်ပါးသည် အသက်ပြင်းပြင်းရှူလျက် သူ့လက်ထဲရှိ ကွဲအက်နေသော လိပ်ခွံနက်ကို ငုံ့ကြည့်ကာ နှလုံးတုန်သွားသည်။
“ ဒီကောင်လေးက ဘယ်သူလဲ ... သူ့ကံကြမ္မာက ဘာလို့ တွက်ရခက်နေရတာလဲ ဒီလိုသာသိရင် ကောင်းကင်ဘုံ ဂျီသြမေတြီကို မသုံးပါဘူး ... အခုတော့ ငါ့ရတနာလေး ပျက်စီးသွားရပြီ။ ”
တာအိုဘုန်းကြီးက လက်သီးကို တင်းတင်းဆုပ်ကိုင်ကာ တေးဆိုငှက်ကလေး မျှော်စင်သို့ မော့ကြည့်ပြီး လျှောက်လှမ်း သွားတော့သည်။
“ အပြင်မှာ အရမ်းအေးတယ်။ ”
“ ထပ်လာပြန်ပြီလား ... ဒီမှာ ဘာမှအလကားမရဘူး တာအိုဘုန်းကြီး မြန်မြန်ထွက်သွားပါ။ ”
“ ဟမ့် ... တာအိုဘုန်းကြီးတွေကို မင်းတို့တွေငွေနဲ့မရောင်းတာ ငါသိပါတယ် ဒါပေမယ့် အဲဒီမိန်းကလေးက သူ့ကိုယ်သူ လှူဖွယ်အဖြစ် အလကားပေးအိပ်တာ ငါနဲ့ဘာဆိုင်လဲ။ ”
သို့သော် မကြာခင်မှာပင် အစောင့်များက တာအိုဘုန်းကြီးကို တံခါးအပြင်သို့ ဆွဲထုတ်ကာ အော်ဟစ်ကျိန်ဆဲနေတော့သည်။
ညသည် မှင်နှင့်တူ၏။ တိမ်မြူမျှော်စင် အပေါ်ဆုံးထပ်တွင် လက်နှစ်ဖက် နောက်ပို့ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားက ထိုညကို ငေးမောနေသည်။
ဤနေရာမှနေ၍ မြို့တော်၏ တောက်ပသောအလင်းများကို မြင်တွေ့နိုင် ပေမည်။ တစ်ဖက်တွင် အကြီးအကဲရွှေသည် သူ့ကို ဦးညွှတ်ကာ၊
“ သခင်၊ နဂါးစာငှက် ကျောက်စိမ်းဆွဲသီးကို ကိုင်ဆောင်လာတဲ့ မွေဖြူမလေးက သူ့သခင် အနားယူဖို့ နေရာတစ်ခုပဲ တောင်းပါတယ် ... ။ ”
-ဟု သတင်းပို့လာသည်။
“ ဒါသဘာဝပါပဲ မြို့တော်ကို ပထမဆုံးရောက်တဲ့ နေ့ဆိုတော့ သူတို့အတွက် နေရာထိုင်ခင်း တစ်ခုလိုတယ် ... ဘယ်အိမ်ကို စီစဉ်ပေးခဲ့လဲ။ ”
“ မိုးပြာစံအိမ်၊ မိုးပြာနဂါးခြံဝင်း ... ။ ”
“ မိုးပြာနဂါးခြံဝင်းလား ... ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ့မျက်လုံးများကို အနည်းငယ်စွေကြည့်ကာ၊
“ ခွေးအိုကြီး၊ မင်းငါ့စိတ်ကို စမ်းသပ်နေတာလား။ ”
-ဟု အော်ဟစ်လိုက်၏။
အကြီးအကဲရွှေက ခေါင်းအမြန်ငုံ့လိုက်ပြီး၊
“ မဝံ့ပါဘူး၊ နဂါးစာငှက် ကျောက်စိမ်းဆွဲသီးပိုင်ရှင်က မိုးပြာစံအိမ်မှာ နေဖူးတာကို သတိရသွားလို့ပါ။ ”
-ဟု ချက်ချင်း ဖြေရှင်းလိုက်သည်။
လူလတ်ပိုင်းအရွယ်က သူ့လက်ကို ဝှေ့ယမ်းပြီး ‘ဒီအကြောင်း ဆက်မပြောနဲ့တော့’ -ဟုဆိုလိုက်တော့၏။ အကြီးအကဲရွှေခမျာ အသံမထွက်ဝံ့ချေ။ တိတ်ဆိတ်သွား၏။
“ သခင် ... ။ ”
ထိုအချိန်တွင် ဝမ်လျူ ပြန်ရောက်လာသည်။
“ ပြောပါ ... ။ ”
ဝမ်လျူက တေးဆိုငှက်ကလေးများ မျှော်စင်ရှိ အဖြစ်အပျက်တိုင်းကို လူလတ်ပိုင်း အရွယ် အမျိုးသားထံ ပြန်ပြောပြလိုက်၏။
ရှကျင်းယွီလည်း ရှိနေကြောင်း သူ သိရှိသွားသောအခါ လူလတ်ပိုင်းအရွယ် အမျိုးသားက မျက်မှောင်ကြုတ်လျက်၊
“ သူက မင်းသားယောင်ရဲ့ အမွေဆက်ခံသူ မဟုတ်လား။ ”
-ဟု မေးမြန်းသည်။
ဝမ်လျူက ခေါင်းညိတ်ပြီး၊
“ ဟုတ်ပါတယ် သခင်။ ”
-ဟုပြန်ဖြေ၏။
လူလတ်ပိုင်းအရွယ် အမျိုးသားက အကြီးအကဲရွှေကို လှည့်ကြည့်လျက်၊
“ မင်းသားယောင်ရဲ့ စံအိမ်ကိုသွားပြီး ဒီလိုမျိုးတော်ဝင်မိသားစုအပေါ် အရှက်ရစေဖို့ ဘယ်တော့မှ မလုပ်ဖို့ ပြောလိုက်ပါ။ ”
-ဟု အမိန့်ပေးသည်။
“ ဟုတ်ကဲ့ ... ။ ”
အကြီးအကဲရွှေက အမိန့်ကိုယူ၍ ထွက်သွားလေသည်။ ထို့နောက် နတ်ဆိုးဟွာတူ နှင့် မိန်းကလေးလောတို့၏ ခြိမ်းခြောက်မှုတွင် စစ်ခုန်ကို ချက်ချင်း သတ်ဖြတ်ခဲ့ကြောင်း ဆက်၍ပြောပြလိုက်၏။
“ ရဲရင့်တဲ့ လှုပ်ရှားမှုပဲ။ ”
ထိုအကြောင်း ကြားသိရသောအခါ အမျိုးသားက မျက်လုံးများ တောက်ပလာပြီး မှတ်ချက်ပေးလေသည်။
“ ဒီညမှာ အဘိုးအိုဟွာတူကို သတ်ဖို့ ဝင်္ကပါဘာကို အသုံးပြုခဲ့ပါတယ် ကျေးဇူးပြုပြီး ငါ့ကို အပြစ်ပေးပါ သခင်။ ”
ဝမ်လျူက သူ့အပြစ်ကို တဆက်တည်း ဝန်ခံလိုက်သည်။
“ ဒါဟာ အသေးအဖွဲကိစ္စပဲ ဒီကောင်လေးအပေါ် မင်းဘယ်လိုမြင်လဲ ပြောပါဦး။ ”
လူလတ်ပိုင်းအရွယ် အမျိုးသား၏ မေးခွန်းကြောင့် ဝမ်လျူက အကူအညီမဲ့သော အရိပ်အယောင်ပြပြီး၊
“ ဒီအဖိုးကြီးအမြင်အရ ဒီကောင်လေးဟာ အရည်အချင်းကြောင့် မာနကြီးလွန်းပါတယ် တခြားသူတွေအပေါ် လေးစားမှု မရှိဘူး ...
... ဒီအဖိုးကြီးကိုတောင် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့တယ် သူ့ကိုကူညီရတာ နည်းနည်း မလိုအပ်ဘူးလို့ သံသယဖြစ်စေပါတယ် ... ။ ”
-ဟု မကျေမနပ် ပြောကြားလိုက်သည်။
“ ဟား ဟား ဟား ... ။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားသည် မနေနိုင်တော့ဘဲ ရယ်မောလိုက်၏။ မြို့တံခါး၌ မယဉ်ကျေးသော သဘောထားသည် သူ့ကို စိတ်ကသိကအောက်ဖြစ်စေသည်။
ယခု ဝမ်လျူသည်လည်း ထိုနည်းလည်းကောင်း ခံစားခဲ့သည်ကို သိရှိ ပြီးနောက် ကျေနပ်သွား၏။ ထိုအမူအရာကြောင့် သူ့သခင်အပေါ် ဝမ်လျူမှ မကျေနပ်လှ သော်လည်း စကားမဆိုဝံ့ချေ။
ခဏအကြာ စိတ်လွတ်လက်လွတ် ရယ်မောလျက် လူလတ်ပိုင်းအရွယ် အမျိုးသားမှ ‘မင်းကငါ့မိတ်ဆွေ မဟုတ်ဘူး’-ဟူသော စကားများကို ပြန်သတိရလာကာ၊
“ အမှန်ပဲ ... ဒီကလေးက တကယ် မာနကြီးတယ် စကားအသုံးအနှုန်း၊ အမူအကျင့် နဲ့ အသေးစိတ်ကို သူသတိထားတယ်။ ”
-ဟု မှတ်ချက်ပေးလိုက်တော့သည်။
“ မှန်ပါတယ် ... ဒီကောင်လေးက သူ့အရည်အချင်းကြောင့် မာနကြီးနိုင်ပေမယ့် ကြွားဝါတတ်တဲ့လူတော့ မဟုတ်ပါဘူး ငါမြင်ဖူးတဲ့ လူငယ်တွေထဲမှာ အထက်မြက်ဆုံးပါပဲ။ ”
“ အိုး ... ဆက်ပြောပါဦး။ ”
ဝမ်လျူ၏ စကားများကြောင့် လူလတ်ပိုင်း အရွယ် အမျိုးသားက စိတ်ဝင်တစား ဖြစ်လာ၏။ ဝမ်လျူမှ ခေါင်းညိတ်ပြီး၊
“ စစ်ခုန်က ရှေးခေတ်ပါရမီရှင်တွေကြား ထိပ်တန်းတစ်ဦးပါ ကြယ်စုစည်းခြင်းအဆင့်မှာ သူနဲ့ယှဉ်ပြိုင်နိုင်တာ လူအနည်းငယ်ပဲ ရှိတယ် ဒါပေမယ့် ဒီကောင်လေးရှေ့မှာ ယင်ကောင် တစ်ကောင်ထက် မပိုခဲ့ဘူး ...
... ပြီးတော့ ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူ လူနှစ်ဦး ခြိမ်းခြောက်မှုအောက်မှာ သတ်ဝံ့တယ်ဆိုတော့ ဒီကောင်လေးမှာ ဝှက်ဖဲတစ်ချပ်ရှိရမယ် ...
... အဲဒီအချိန်တုန်းက နတ်ဆိုးအိုကြီး ဟွာတူကိုသတ်ဖို့ ဝင်္ကပါစွမ်းအား အသုံးပြု ခဲ့တာကို လူတွေအားလုံး တုန်လှုပ်သွားပေမယ့် ဒီကောင်လေးက လုံးဝကို မအံ့သြဘူး ... ဒါကို သူမြင်နိုင်ပုံရတယ်။ ”
ထိုနေရာအရောက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားက မျက်လုံးများ မှေးစင်းလျက်၊
“ မမေ့နဲ့ ... မြို့တော်ကိုကြည့်ပြီး ဝင်္ကပါ အခြေအနေကို မြင်နိုင်တဲ့လူ သူတစ်ယောက်ပဲ ရှိသေးတယ် ... မဟုတ်ရင် သူ့ကိုတွေ့ဆုံဖို့ ဘာကြောင့် အစပြုခိုင်းရမှာလဲ။ ”
-ဟု ကျေနပ်စွာ ပြောကြားလိုက်သည်။
သို့သော် ဝမ်လျူက ခေါင်းခါပြပြီး၊
“ သခင်၊ ဒါတွေအားလုံး တကယ်ဆိုရင် ကောင်းပါတယ် သူက ငါ့တို့ရဲ့အကြံအစည်ကို မြင်ပြီး ... သူ့အကူအညီလိုရင် နတ်ဆိုးဟွာတူကို သတ်ရုံနဲ့ မလုံလောက်ဘူးလို့ ပြတ်ပြတ် သားသား ပြောခဲ့တယ်။ ”
-ဟု အဆုံးသတ်လိုက်၏။
ဆိုလိုသည်မှာ တစ်ဖက်လူသည် ကြီးစွာသော တောင်းဆိုချက်များ ပြုလုပ်ချင် နေပုံရသည်။ မျှော်လင့်ချက်ကြောင့် အလိမ်ခံရမည်ကို စိုးရိမ်၏။
လူလတ်ပိုင်းအရွယ် အမျိုးသားက မျက်ခုံးပင့်လိုက်သည်။ ဒေါသအစား ပျော်ရွှင်မှု အရိပ်အမြွက်များ ပြသလာခဲ့၏။
“ လူအိုကြီးကိုး ဒါဝမ်းသာစရာပါ၊ ဝင်္ကပါရဲ့ အားနည်းချက်ကို မြင်နိုင်ရုံတင်မကဘူး ပြုပြင်ဖို့ နည်းလမ်းပါ ... သူ့မှာရှိနေပြီလို့ ဆိုလိုတာပဲ။ ”
ဝမ်လျူတစ်ယောက် ခဏမျှ ထိတ်လန့်သွားပြီး ရုတ်တရက် သဘောပေါက် သွားကာ၊
“ သခင်၊ မင်းပြောတာ လုံးဝမှန်နိုင်တယ်။ ”
-ဟု ထောက်ခံလိုက်သည်။
သူတို့သည် တောင်းဆိုမှုတစ်ခုနှင့် သွားရောက်ခဲ့သည်ကို လူငယ်မှ သိသော်လည်း ငြင်းဆန်ခြင်းမရှိချေ။ ယင်းအစား သူ့တို့ကို မရိုးသားကြောင်း ဝေဖန်ခဲ့သည်။ ရိုးသားနေ သရွေ့ တစ်ဖက်မှ ကူညီလိမ့်မည်ဟု အဓိပ္ပါယ်ရ၏။
သည့်အပြင် ထိုသို့ပြောဝံ့သည့်အတွက် ဝင်္ကပါကို ပြုပြင်ရန် နည်းလမ်းရှိနေသည်မှာ သဘာဝပေပင်။
“ ဆေးအိုးကိုးပါး ဖိနှိမ်ခြင်းဝင်္ကပါက လွန်ခဲ့တဲ့နှစ်ပေါင်း(၃၀၀၀၀)က တတိယမြောက် အစွမ်းထက်ဆုံး အကာအကွယ်ပဲ။ ”
ဤအခိုက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် သက်ရှိသတ္တဝါ အပေါင်းတို့ကို ဦးညွှတ်စေလိုသော ရောင်ဝါမျိုး ထုတ်လွှတ်ကာ၊
“ ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို ပြုပြင်ဖို့အတွက် လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ဝင်္ကပါပညာရှင်တွေကို ပင့်ဖိတ်ခဲ့ဖူတယ် ...
... ဒါပေမယ့် ဘယ်သူမှ မပြုပြင်နိုင်ကြဘူး သူတို့ရဲ့အမြင်နဲ့ ဝင်္ကပါမှာ ဘာမှားမှန်းတောင် မသိကြဘူး။ ”
-ဟု ညည်းတွားလိုက်၏။
ထိုနောက် လူလတ်ပိုင်းအရွယ်အမျိုးသားက သူ့နှုတ်ခမ်းပေါ်တွင် လှောင်ပြောင်သရော်သည့် အရိပ်အမြွက်ပြသလာပြီး၊
“ ငါကိုယ်တိုင် လေ့လာပြီး အဖြေရှာဖို့ကလွဲလို့ ရွေးစရာလမ်း မရှိတော့ဘူး အဲဒါအတွက် နေ့ရောညပါ မြှုပ်နှံထားခဲ့တယ် ရွှေခေတ်ကို မရောက်ခင် ပြုပြင်ချင်တဲ့ ရည်ရွယ်ချက်နဲ့ မရေမတွက်နိုင်တဲ့ စာအုပ်တွေကို ဖတ်ခဲ့တယ် ...
... ဒါပေမယ့် လူသားတွေရဲ့ စွမ်းအားက အကန့်အသတ်ရှိတယ်ဆိုတာ အခုမှ ငါသဘော ပေါက်လာတယ် ... ငါ့ရဲ့အရည်အချင်းနဲ့ ဒါကို မပြင်နိုင်တော့ဘူး။ ”
နှစ်ထောင်ပေါင်းများစွာကြာအောင် နေ့ရောညပါ နစ်မြုပ်ပြီးနောက် စိတ်နှလုံးတွင် နတ်ဆိုးပင် ဖြစ်လာခဲ့သည်။
“ အခုတော့ တစ်စုံတစ်ယောက်က ဒီဝင်္ကပါရဲ့ လျှို့ဝှက်ချက်ကို တစ်ချက်ကြည့်ပြီး မြင်ရုံတင်မကဘူး အဲဒါကို ပြုပြင်နိုင်စွမ်းလည်း ရှိနေတယ် ဒါဆို ငါဘယ်လောက် ပျော်နေတယ် ဆိုတာ မင်းတွေးကြည့်သင့်တယ်။ ”
“ သခင်၊ ငါလည်း အရမ်းဝမ်းသာပါတယ် တစ်ဖက်လူက မင်းကိုမလိမ်ဘူးဆိုတာ ငါသိ ထင်မှာကို မကြောက်ဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် ဘယ်သူမှ ဒီဝင်္ကပါကို မပြုပြင်နိုင်တော့မှာ ကြောက်မိတယ်။ ”
“ ဟမ့် ... ဒီဝင်္ကပါကို ပြုပြင်နိုင်သရွေ့ ... ငါတတ်နိုင်တဲ့အရာတိုင်းကို ဒီကောင်လေး ကျေနပ်လောက်တဲ့အထိ ငါပေးနိုင်တယ်။ ”
ထိုစကားကြောင့် ဝမ်လျူမှ ထိတ်လန့်လာပြီး သတိပေးရန် ပြင်လိုက်သည်။
“ သခင်၊ ဒီကောင်လေးရဲ့ ဇစ်မြစ်ကို မသိသေးပါဘူး ငါတို့ဒီလိုမျိုး သူ့အပေါ်ရူးသွပ်စွာ ယုံကြည်လိုက်ရင် ... ။ ”
သို့သော် လူလတ်ပိုင်းအရွယ် အမျိုးသားက လက်ဝှေ့ယမ်းကာ၊
“ ထူးခြားတဲ့ ဘယ်သူမဆို လျှို့ဝှက်ချက်တစ်ခု ရှိနေတတ်တာ သဘာဝပါပဲ သူငါ့ကို ကူညီနိုင်သရွေ့ ဒါကို ငါဂရုမစိုက်ဘူး။ ”
-ဟု ပြတ်သားစွာ ပြောကြားလိုက်သည်။ ထို့နောက် တစ်စုံတစ်ရာကို သတိရလာပြီး၊
“ အဲဒီကောင်မလေးက နဂါးစာငှက် ကျောက်စိမ်းဆွဲသီးကို သူ့ဘဝလို့ မှတ်ယူတယ် ဒါဆိုဘာလို့ ဒီကောင်လေးကို ပေးခဲ့တာလဲ ဒါက ကောင်းတဲ့ နိမိတ်ပဲအဖြစ်သာ ယူဆရင် ... ။ ”
အဆုံးတွင် လူလတ်ပိုင်းအရွယ် အမျိုးသားမျက်နှာသည် ရှုပ်ထွေးသော အမူအရာများဖြင့်၊
“ ကံကြမ္မာက ... ဒီအတွက် တစ်ခုခုကို ကြိုတင်စီစဉ်ပေးထား ခဲ့ပုံရတယ်လို့ ... မင်း မထင်မိဘူးလား။ ”
-ဟု ရေရွတ်လိုက်၏။
ဝမ်လျူ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားကာ၊
“ ဒီလိုဆိုရင် တိုက်ဆိုင်မှုတစ်ခုကြောင့် မဟာရှမင်းဆက်အတွက် ငါတို့မိန်းကလေးက ကြီးကျယ်ခမ်းနားတဲ့ စွမ်းဆောင်မှုတစ်ခု ပြုလုပ်ပေးခဲ့တယ်လို့ သတ်မှတ်လို့ ရတယ်မဟုတ်လား။ ”
-ဟု မျှော်လင့်ချက်ကြီးစွာ ပြောကြားလိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးလိုက်သော်လည်း အနည်းငယ် မကျေမနပ် ဖြစ်နေဆဲ အသွင်ဖြင့်၊
“ မေ့လိုက်ပါ ... ငါ့ကို ဒေါသထွက်အောင်လုပ်တဲ့ အဲ့ဒီကောင်မလေး အကြောင်း မပြောပါရစေနဲ့ ... မနက်ဖြန် မိုးပြာခြံဝင်းကို သွားဖို့ စီစဉ်ထားပါ။ ”
“ နားလည်ပါပြီ။ ”
ဝမ်လျူက အမိန့်ကို လေးနက်စွာ လက်ခံသည်။ ထိုအချိန်တွင် အကြီးအကဲရွှေက မင်းသားယောင် စံအိမ်ထံမှ ပြန်ရောက်ခဲ့ချေပြီ။
***
Book- 34