ခေါင်းသုံးလုံးလက်ခြောက်ဖက်
Vol. 19 Ch. 271
မူလအစကြေးမုံ၏ရိုက်ချက်က အလွန်အမင်းစွမ်းအားကြီးသည်။ထို့အပြင် အလွန်အမင်းမြန်ဆန်စွာဖြင့် လည်ပတ်နေသေးသည်။ထိုအင်အားက ချီမင်၏လက်ထဲမှ တိုက်ပွဲပုဆိန်ကို လွတ်ထွက်သွားစေသည်။
“နဂါးနဲ့ကျားဖိနှိပ်ခြင်း”
ချီမင်က ဟိန်းဟောက်လိုက်ပြီး အံ့ဖွယ်စွမ်းအားများကိုအသုံးပြုကာ သူ၏အင်အားကို တိုးမြှင့်လိုက်သည်။”တောင်တွေကိုသယ် ပင်လယ်ဖြတ်ကျော်ခြင်း”
ချီမင်အသုံးပြုလိုက်သည့် အံ့ဖွယ်စွမ်းအားနှစ်ခုက သူ့ကိုအထွတ်အထိပ်အင်အားမျိုးပေးစွမ်းနိုင်သည်။ထိုအရာက ကောင်းကင်ကိုထောက်ခံ၊မြေကြီးကိုလှုပ်ခါ၊တောင်များကိုပြိုကျစေပြီး ကမ္ဘာကြီးကိုဖျက်ဆီးပစ်နိုင်သည်။
“ချိုးဖြတ်”
ချီမင်က ထပ်မံဟိန်းဟောက်လိုက်ပြီး စွမ်းအားကို တိုးမြှင့်လိုက်သည်။စွမ်အားကြီးအရှိန်အဝါတစ်ခုက မူလအစကြေးမုံကို လွင့်ထွက်သွားအောင် တွန်းထုတ်ပစ်လိုက်သည်။အလျင်အမြန်လည်ပတ်နေသည့် မူလအစကြေးမုံမှာ လွင့်ထွက်သွားတော့သည်။
ခရက်!ခရက်!
မူလအစကောင်းကင်ဂူ၏နေရာလွတ်က ပြိုကွဲလာသည်။ချီမင်နှင့်မူလအစအင်မော်တယ်ဘုရင်တို့၏တိုက်ပွဲဒဏ်ကို မခုံခံနိုင်တော့ပေ။အက်ရာများ ပျံ့နှံ့လာသည်။
အက်ကွဲရာများမှာ ကောင်းကင်၌ ပြန်လည်ပြုပြင်ဖို့ခဲယှဉ်းသည့် အနာရွတ်တစ်ခုဖြစ်ပေါ်လာသည့်အလားပင်။
မူလအစအင်မော်တယ်ဘုရင်မှာ ညာဘက်လက်ကိုယမ်းကာ လွင့်ထွက်သွားသည့်မူလအစကြေးမုံကို သူ့လက်ထဲသို့ ပြန်ဆွဲယူလိုက်သည်။သူက ကြေးမုံကို ကိုင်လိုက်ပြီး ထိုင်နေရာမှထလာလိုက်သည်။မူလအစအင်မော်တယ်ဘုရင်မတ်တပ်ရပ်လာလိုက်တာနှင့် ချီမင်သည် ကြောက်မက်ဖွယ်ကောင်းသည့်ဖိအားတစ်ခုပျံ့နှံ့လာသည်ကို ခံစားလိုက်ရသည်။
ထိုအရှိန်အဝါ ထိုဖိအား ထို့သို့သောစွမ်းအားမျိုးက အလွန်အမင်းသန်မာပေသည်။ သူခုခံဖို့ရာမစွမ်းသာသည့် ကပ်ဘေးဒုက္ခတစ်ခု ကျရောက်လာတော့မည်ဟု ခံစားလိုက်ရသည်။ အလွန်အမင်းကို ကြောက်မက်ဖွယ်ကောင်းသည်။သာမန်စွမ်းအားမျိုးမဟုတ်ပေ။
မူလအစအင်မော်တယ်ဘုရင်သည် အထက်ကမ္ဘာ၏အင်မော်တယ်ဘုရင်တစ်ပါးဖြစ်သည်။
“ဖရိုဖရဲမဟာတာအိုခန္ဓာ”
ချီမင်သည် အသက်ပြင်းပြင်းရှုလိုက်ကာ ဖရိုဖရဲမြင့်မြတ်ခန္ဓာ၏အသန်မာဆုံးအံ့ဖွယ်စွမ်းအားကို ထုတ်ပြလိုက်သည်။ မဟာတာအို၏စွမ်းအားပါဝင်နေသည့် ဖရိုဖရဲမြူခိုးတို့မှာ သူ့တစ်ကိုယ်လုံးမှပျံ့နှံ့လာသည်။
ဤအချိန်လေးအတွင်းမှာ ချီမင်သည် ဖရိုဖရဲထဲမှထွက်လာသည့် ကောင်းကင်မိစ္ဆာတစ်ပါးအသွင်ပြောင်းသွားသည့်အလားပင်။
အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသည်။
“အဆင့်နိမ့်ကမ္ဘာရဲ့ အသန်မာဆုံးရုပ်ခန္ဓာဆိုတဲ့အတိုင်းပဲ။”
မူလအစအင်မော်တယ်ဘုရင်သည် သက်ပြင်းချလိုက်၏။”ဖရိုဖရဲမြင့်မြတ်ခန္ဓာ မင်းကမဟာယနအဆင့်ကို မတတ်ဘဲနဲ့တောင် ပြီးပြည့်စုံခြင်းအဆင့်ထိ တိုးတက်ပြီးသွားပြီ။”
“ဒါကိုတော့ မမျှေယ်လင့်ထားဘူး။”
“ယုံချင်စရာကို မရှိဘူး။”
ချီမင်၏အကြည့်က တည်ငြိမ်နေသည်။သူက မူလအစအင်မော်တယ်ဘုရင်၏ဖိအားကို ခုခံထားသည်။အမှန်တကယ်တော့ ထိုဖိအားက အံ့ဖွယ်စွမ်းအားနည်းစနစ်တစ်မျိုးဖြစ်သည်။
မူလအစအင်မော်တယ်ဘုရင်လောက ဟုခေါ်သည်။
ထိုနည်းစနစ်သည် အထက်ကမ္ဘာ၏အင်မော်တယ်ဘုရင်အဆင့်များသာ ထုတ်သုံးနိုင်သည်။အင်မော်တယ်ဘုရင်လောကထဲတွင် အင်မော်တယ်ဘုရင်အဆင့်အောက်က သူများကို ဖိနှိပ်နိုင်သည်။မူလအစအင်မော်တယ်ဘုရင်သည်တော့ သူ၏ကျင့်ကြံခြင်းအဆင့်ကို အကုန်ပြန်မရသေးပေ။သူက အဆင့်နိမ့်ကမ္ဘာ၏အထွတ်အထိပ်အဆင့်:မဟာယနအဆင့်ကိုသာ ရောက်ရှိသေးသည်။မူလအစအင်မော်တယ်ဘုရင်ထုတ်လွှတ်လိုက်သည့် အင်မော်တယ်ဘုရင်လောကသည် အတုအယောင်အဆင့်သာဖြစ်သည်။ချီမင်က ဖရိဖရဲမြင့်မြတ်ခန္ဓာ၏စွမ်းအားဖြင့်ခုံခံနိုင်သေးသည်။
“မင်းရဲ့အချိန်ကို ဖြုန်းနေစရာလိုပါဘူး။”
ချီမင်က ခပ်အေးအေးပြောသည်။”ငါ့ကို အားကုန်တိုက်စမ်းပါ။မင်းက အထက်ကမ္ဘာရဲ့အင်မော်တယ်ဘုရင်အဆင့်မလား။မင်းရဲ့နည်းစနစ်တွေကို ပြစမ်းပါ။ငါ့ကို စိတ်မပျက်စေနဲ့။”
“ဟားဟားဟား...”
မူလအစအင်မော်တယ်ဘုရင်သည် ကျယ်လောင်စွာရယ်မောလိုက်တော့သည်။”ချီမင် မင်းကတော်တော် ယုံကြည်မှုရှိနေတာပဲ။မင်းက ငါ့ကိုနိုင်မယ်လို့တထစ်ချတွက်ထားတာပဲ။ငါကတော့ မင်းငါ့ကိုနိုင်မယ်လို့ မထင်ဘူး။”
“မင်းရဲ့ကျင့်ကြံခြင်းအဆင့်က ငါ့ထက်နိမ့်တယ်။မင်းပိုင်တဲ့ဓမ္မရတနာကလည်း ငါ့လက်နက်ထက် နိမ့်တယ်။ ငါတို့နှစ်ယောက်လုံးက မဟာအံ့ဖွယ်စွမ်းအားကို နားလည်ထားတယ်။မင်းက တာအိုကျင့်ကြံသူတစ်ယောက်ဆိုပေမယ့် ငါကလည်း ကောင်းကင်တာအိုရဲ့လုပ်ပိုင်ခွင့်ကိုရထားတယ်။ငါ့ကို တာအိုကျင့်ကြံသူတစ်ယောက်နဲ့ယှဉ်လို့ရတယ်။
“မင်းငါ့ကို ဘယ်လိုမျိုးအနိုင်ယူမှာတုန်း”
“ဘယ်လို”
ချီမင်က ခပ်ထေ့ထေ့ပြုံးကာ သူ၏တိုက်ခိုက်လိုစိတ်ကလည်းမြင့်တက်လျက်ရှိသည်။သူ၏အကြည့်ကအေးစက်ကာ အမူအရာမှာကား တင်းမာလျက်ရှိပြီး လေးနက်စွာပြောသည်။”သေချာတာပေါ့ ငါ့ရဲ့အင်အားနဲ့ပေါ့။”
“လာပြီးတိုက်စမ်းပါ”
ချီမင်က ကမ္ဘာကြီးကိုပင်ပြိုကွဲသွားစေနိုင်စွမ်းရှိသည့် သမာဓိမီးလျှံကို ပတ်ဝန်းကျင်အပြည့်ထွေးထုတ်လိုက်သည်။အဆုံးအစမဲ့မီးပင်လယ်တစ်စင်း ဖြစ်ပေါ်လာပြီး မူလအစအင်မော်တယ်ဘုရင်ကို ဖုံးအုပ်သွားတော့သည်။
“ကောင်းကင်ကိုးလွှာ လျှို့ဝှက်နက်နဲရေ”
မူလအစအင်မော်တယ်ဘုရင်သည်လည်း အံ့ဖွယ်စွမ်းအားနည်းစနစ်ကို အသုံးပြုကာ တန်ပြန်တိုက်ခိုက်လိုက်သည်။ လက်တစ်ချက်အဝေ့မှာ မူလအစကြေးမုံက ပျံဝဲလာသည်။ကြေးမုံထဲတွင် ကြီးမားသည့် အဆုံးမဲ့အနက်ရောင်မြစ်တစ်စင်းပေါ်ပေါက်လာသည်။
ဘုန်း!
ထို့နောက် မူလအစကြေးမုံထဲမှ ကောင်းကင်ကိုးလွှာ လျှို့ဝှက်နက်နဲရေက မြစ်တစ်စင်းအဖြစ်ဖွဲ့စည်းလာပြီး ချီမင်ထံသို့ လိမ့်တက်လာသည်။
မူလအစကောင်းကင်ဂူထဲတွင် မီးနှင့်ရေတို့ တိုက်ခိုက်နေသည့် မြင်ကွင်းပေါ်လာသည်။
စစ်မှန်သမာဓိမီးလျှံပင်လယ်နှင့် ကောင်းကင်ကိုးလွှာ လျှို့ဝှက်နက်နဲရေပင်လယ်တို့က အဆက်မပြတ်တိုက်ခိုက်နေသည်။ နှစ်ဖက်က တစ်ဖက်ကိုတစ်ဖက်ဖျက်ဆီးလျက်ရှိသည်။မီးနှင့်ရေတို့ထိတိုက်မိသွားကြပြီး ဝရုန်းသုန်းကားဖြစ်နေသည်။
စစ်မှန်သမာဓိမီးလျှံနှင့် ကောင်းကင်ကိုးလွှာ လျှို့ဝှက်နက်နဲရေတို့ ပျောက်ကွယ်သွားတော့၏။
“ဆက်လာဦးမယ်”
ချီမင်က ဟိန်းဟောက်လိုက်သည်။သူ့ခေါင်းအထက်တွင် ဓမ္မစွမ်းအားများမှာ မြင့်တက်လာလျက် သိပ်သသည်းသွားသည်။
“သန့်စင်ခြင်းသုံးပါးကိုယ်ပွားများ”
ချီမင်ထံမှ သိပ်သည်းသန့်စင်သည့်ချီစွမ်းအင်မှာ လေထုထဲသို့ သုံးပိုင်းကွဲလျက်ထွက်ပေါ်လာသည်။ထို့နောက် ကျောက်စိမ်းသန့်စင်၊အထွတ်အထိပ်သန့်စင်နှင့် မဟာသန့်စင်တို့အဖြစ် ပြောင်းလဲသွား၏။
ကိုယ်ပွားတစ်ယောက်စီတိုင်းက ချီမင်၏အင်အားမျိုး ပိုင်ဆိုင်ထားသည်။”တိုက်”
“သမာဓိမီးလျှံ”
“အရွယ်အစားချိန်ညှိခြင်း”
“လျှပ်စီးငါးဖြာထိန်းချုပ်ခြင်း”
သန်စင်ခြင်းသုံးပါးကိုယ်ပွားသုံးယောက်က မူလအစအင်မော်တယ်ဘုရင်ကို သုံးနေရာကနေ အံ့ဖွယ်စွမ်းအားတစ်ခုပြီးတစ်ခုသုံးကာတိုက်ခိုက်လိုက်သည်။သုံးဖက်လုံး၏အင်အားက အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသည်။
“ခေါင်းသုံးလုံး လက်ခြောက်ဖက်”
မူလအစအင်မော်တယ်ဘုရင်က သူနားလည်းထားသည့် အံ့ဖွယ်စွမ်းအားတို့ကို သုံးလိုက်သည်။ဓမ္မစွမ်းအားနှင့်အံ့ဖွယ်စွမ်းအားတို့မှ ခေါင်းသုံးလုံးနှင့်လက်ခြောက်ဖက်အဖြစ်ပြောင်းလဲသွားတော့သည်။
ထိုအရာက အင်မတန်စွမ်းအားကြီးသည့် အသေးစားအံ့ဖွယ်စွမ်းအားတစ်ခုဖြစ်သည်။
ဘန်း!ဘန်း!ဘန်း!
မူလအစအင်မော်တယ်ဘုရင်သည် ခေါင်းသုံးလုံးလက်ခြောက်ဖက်သုံးကာ ချီမင်၏သန့်စင်ခြင်းသုံးပါးကိုယ်ပွားကို သုံးလိုက်သည်။သူက အံ့ဖွယ်စွမ်းအားနှင့်သိုင်းနည်းစနစ်များကို တစ်ခုပြီးတစ်ခုသုံးလျက် အဘက်ဘက်မှတိုက်ခိုက်မှုကို တားဆီးလိုက်သည်။
“ငါ့ကို မေ့မထားနဲ့လေ။”
ချီမင်၏အဓိကခန္ဓာကိုယ်က ကြုံးဝါးလိုက်သည်။သူက ဖရိုဖရဲတိုက်ပွဲပုဆိန်ကို မြှောက်ကာ တိုက်ခိုက်လိုက်သည်။သို့ပေမယ့် မူလအစကြေးမုံက ကောင်းကင်ပေါ်သို့ခုန်တက်သွားပြီး ကောင်းကင်မှလှုပ်ခါမှုတစ်ခုပျံ့နှံ့လာသည်။
“အပြင်ပိုင်းကိုယ်ပွား”
ချက်ချင်းဆိုသလိုပင် မူလအစကြေးမုံက လူသားတစ်ယောက်ဖြစ်လာပြီး မူလအစအင်မော်တယ်ဘုရင်၏ကိုယ်ပွားဖြစ်သွားသည်။
အပြင်ပိုင်းကိုယ်ပွားကလည်း အသေးစားအံ့ဖွယ်စွမ်းအားဖြစ်သည်။မူရင်းအသိစိတ်တစ်စိတ်တစ်ပိုင်းက ဓမ္မရတနာသို့်မဟုတ် အထူးပစ္စည်းတစ်ခုထဲသို့ ထည့်သွင်းပြီး အပြင်ပိုင်းကိုယ်ပွားအဖြစ်ပြောင်းလဲသွားနိုင်သည်။
ကိုယ်ပွား၏အင်အားက ထည်သွင်းလိုက်သည့် ဓမ္မရတနာသို့မဟုတ် အထူးပစ္စည်းတစ်ခုခုနှင့်သက်ဆိုင်သည်။
ဓမ္မရတနာ သို့်မဟုတ် အထူးပစ္စည်းက ပိုပြီးတန်ဖိုးရှိလေ အဆင့်ကလည်း ပိုမြင့်လေသည်။အဆင့်ပိုမြင့်လေ ကိုယ်ပွားကလည်း ပိုသန်မာလေဖြစ်သည်။အသန်မာဆုံးက ခန္ဓာကိုယ်အစစ်၏ (၉၉)%အထိ ရောက်ရှိနိုင်သည်။
ဥပမာအနေဖြင့်ဆိုရလျှင်
မူလအစအင်မော်တယ်ဘုရင်က အင်မော်တယ်မျိုးနွယ်ဘိုးဘေး၏ရုပ်တုကို ကိုယ်ပွားအဖြစ်သုံးဖူးသည်။သူ၏အင်အားက မူလကိုယ်၏(၆၀)%ခန့်ရှ်ိသည်။ယခု မူလအစအင်မော်တယ်ဘုရင်သုံးထားသည့် မူလအစကြေးမုံကိုယ်ပွားက ခန္ဓာကိုယ်အစစ်၏ အင်အား(၉၉)%အထိရှိသည်။
“တိုက်”
ချီမင်က သူ၏တိုက်ပွဲပုဆိန်ဖြင့် ခုတ်ချလိုက်သည်။တိုက်ပွဲပုဆိန်အလင်းတန်းများမှာ မျက်စိကျိန်းလောက်အောင် တောက်ပလာသည်။ဖျက်ဆီးခြင်းစွမ်းအားများပါဝင်သည့် ထိုတိုက်ချက်အောက်မှာ နေရာလွတ်ကပင် ပြိုလဲသွားသည်။
ဘုန်း!
မူလအစအင်မော်တယ်ဘုရင်၏အပြင်ပိုင်းကိုယ်ပွားက ချီမင်၏တိုက်ကွက်ကိုတားဆီးကာ အံ့ဖွယ်စွမ်းအားဖြင့်ပြန်တိုက်လိုက်သည်။”ဒါက ကိုယ်ပွားတစ်ယောက်ပဲ။”ချီမင်၏အကြည့်က အေးခဲသွားသည်။”ဖရိုဖရဲမဟာတာအိုလက်သီး”
ချီမင်က လက်သီးတစ်ချက်ပစ်လွှတ်လိုက်ပြီး တိုက်လိုက်ပြန်သည်။ဖရိုဖရဲမြူခိုးတို့မှာ ပထမချိတ်စည်းအပေါ်ဖုံးအုပ်သွားတော့သည်။
မူလအစအင်မော်တယ်ဘုရင်၏ကိုယ်ပွားကလည်း ထိုးချလိုက်သည်။
ဘုန်း
နှစ်ဖက်က တိုက်ခိုက်လိုက်ကြသည်။
အချိန်တိုလေးအတွင်းမှာ အနိုင်ရသူကို ဆုံးဖြတ်ရန်ခက်ခဲလာသည်။
ထို့အပြင် တိုက်ပွဲကပိုပိုပြီး အရှိန်ပြင်းလာသည်။
သန့်စင်ခြင်းသုံးပါးကိုယ်ပွားမှထွက်လာသည့်အင်အားကလည်း ထိတ်လန်စရာကောင်းသည်။
“ဒါ....”
မူလအစအင်မော်တယ်ဘုရင်သည် ထိတ်လန့်တကြားမေးလိုက်၏။”ဒါက အပြင်ပိုင်းကိုယ်ပွားထက်ပိုပြီးစွမ်းအားကြီးတဲ့အံ့ဖွယ်စွမ်းအားနည်းစနစ်ပဲ။ကိုယ်ပွားသုံးယောက်လုံးက ချီမင်နဲ့ တူညီလုနီးပါးအင်အားမျိုးရှိ နေတာလား။”
“အရမ်းလန့်ဖို့ကောင်းသွားပြီ။”
“ဒါက မဟာအံဖွယ်စွမ်းအားများလား”
တခြားတစ်ဖက် ကောင်းကင်တံခါးလေးခု၏စစ်မြေပြင်ဘက်တွင်
မျိုးနွယ်ငါးခုမဟာမိတ်စစ်တပ်နှင့် အင်မော်တယ်စစ်တပ်တို့ကြားမှ တိုက်ပွဲမှာပြင်းထန်နေသည်။အချိန်ကုန်လာသည်နှင့်အမျှ သက်ရှ်ိများလည်း ပိုသေလာသည်။စစ်မြေပြင်တစ်ခုလုံးတွင် အလောင်းများဖုံးလွှမ်းလျက်ရှိသည်။
ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာ့ဖန်တီးခြင်းအစီအရင်လည်ပတ်လာပြီး အလောင်းများကို မူလအစစွမ်းအင်အဖြစ်သန့်စင်လျက် မူလအစအင်မော်တယ်ဘုရင်သည် စုပ်ယူနေသည်။
မူလအစအင်မော်တယ်ဘုရင်၏အင်အားက တဖြည်းဖြည်းပိုသန်မာလာသည်။
ထိုသို့ဖြင့် ချီမင်နှင့်မူလအစအင်မော်တယ်ဘုရင်ကြားတိုက်ပွဲက ဆက်လက်ဖြစ်ပေါ်နေသည်။မူလအစအင်မော်တယ်ဘုရင်က အရေးသာလာလေ ချီမင်ကအရေးနိမ့်လာလေဖြစ်သည်။မူလအစအင်မော်တယ်ဘုရင်က မူလအစစွမ်းအင်ကို အဆက်မပြတ် စုပ်ယူနေသောကြောင့် တိုးတက်လာရဖြင်းဖြစ်သည်။
တခြားတစ်ဖက်စစ်မြေပြင်ပေါ်တွင်
မြောက်အရပ်အစွန်အဖျား ရေခဲမြစ်
အရိုးထဲထိစိမ့်ဝင်အေးစက်လျက်ရှိပြီး ထိုအအေးဓာတ်က အနှစ်သာရဝိညာဉ်နှင့်ဝိညာဉ်ကိုပါ အေးခဲပစ်နိုင်သည်။
လက်ရှိနေရာတွင် ပထမအင်မော်တယ်ဘုရင်က ရေခဲမြစ်၏ထိပ်တွင် တင်ပျဉ်ခွေချိတ်ထိုင်နေသည်။သူက ပိရမစ်ပုံစံအဆောက်အဦးတစ်ခု၏ရှေ့တွင်ရပ်နေသည်။ထိုအရာက ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာ့ဖန်တီးခြင်းအစီအရင်၏အဓိကအမြူတေလေးခုထဲမှ တစ်ခုဖြစ်သည်။
မြောက်ဘက်ဆုံးအမြူတေဟုလည်းခေါ်ကြသည်။
ပြင်းထန်ယင်ဘုရင်မ ယင်လေး၊ထိုက်ချီလင်းနို့ဘုရင် လင်းနို့လေးနှင့်အလောင်းရုပ်သေးကြာပန်းနက်တို့က မြောက်အရပ်အစွန်ဖျားရှိ ရေခဲမြစ်သို့ရောက်လာကြသည်။သူတို့က ပထမအင်မော်တယ်ဘုရင်ကို ပူးပေါင်းတိုက်ခိုက်ရန်ပြင်လိုက်ကြသည်။
“ နောက်ဆုံးတော့ သူတို့ဒီကို ရောက်လာပြီ။”
ပထမအင်မော်တယ်ဘုရင်က မျက်လုံးပွင့်လာသည်။သူ့အမူအရာက ဘယ်လှုပ်ခတ်မှုမျိုးမရှိဘဲ တည်ငြိမ်လျက်ရှိသည်။သူ့ကိုယ်ပေါ်တွင် ဥပဒေသအရှိန်အဝါအမျှင်တန်းက ထွက်ပေါ်နေသည်။
“တိုက်”ယင်လေးကအော်ဟစ်ကာ ပထမဆုံး ပြင်းထန်ယင်လောကကို ဖွင့်လိုက်သည်။သူမ၏အကြည့်ကအေးစက်နေပြီး မြောက်ဘက်ဆုံးရေခဲမြစ်ကို၏အပူချိန်ကိုပါ ပိုပြီးအေးစက်သွားစေသည်။
“ထိုက်ချီသတ်ဖြတ်ခြင်းဖွဲ့စည်းပုံ”လင်းနို့လေးက အော်ဟစ်ပြီး ကြောက်မက်ဖွယ်ကောင်းသည့်အစီအရင်ကို အသက်သွင်းလိုက်သည်။
“ကြာပန်းနက်အထွတ်အထိပ်နည်းစနစ်”ကြာပန်းနက်ကလည်း ပထမအင်မော်တယ်ဘုရင်ကို တိုက်ခိုက်လိုက်သည်။
“ငါ မင်းတို့ကို စောင့်နေတာ ကြာပြီ။”
ပထမအင်မော်တယ်ဘုရင်သည် ထိပ်တိုက်ရင်ဆိုင်ရတာတောင် အနည်းကျဉ်းလေးမျှပင် ကြောက်ရွံ့မသွားပေ။သူ့နောက်မှာ ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ခြောက်သွယ်၏ထူးခြားဖြစ်စဉ်များပေါ်လာသည်။ပထမအင်မော်တယ်ဘုရင်ဆိုသည့်အတိုင်း အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလှသည်။
နှစ်ဖက်ကြားမှတိုက်ပွဲကို ဆုံးဖြတ်ရန်ခက်ခဲသည်။
ပထမအင်မော်တယ်ဘုရင်သည် သုံးယောက်တစ်ယောက်တိုက်ခိုက်နေသော်လည်း အရေးနိမ့်မသွားပေ။
ထိုအင်အားများက တကယ်ကြောက်ဖို့ကောင်းသည်။ချီမင်၏ဝိညာဉ်သားရဲခြောက်ကောင်လုံးက သာမန်ဝိညာဉ်သားရဲများမဟုတ်ကြပေ။အချိန်ကြာကြာကြီးထွားပြီးသည့်နောက်မှာ သူတို့က ကိုယ်ပိုင်စွမ်းအင်နှင့်အံ့ဖွယ်စွမ်းအားများကို အကန့်အသတ်ထိကျင့်ကြံပြီးသွားပြီဖြစ်သည်။