ရှုံးနိမ့်ခြင်း
Vol. 19 Ch. 278
ချီမင်နှင့် မူလအစအင်မော်တယ်ဘုရင်ကြားမှ တိုက်ပွဲသည် အဆုံးသတ်သို့ရောက်ရှိလာခဲ့ပါသည်။နှစ်ဖက်စလုံးမှ သူတို့၏အသန်မာဆုံးဝှက်ဖဲကို အသုံးပြုလာခဲ့သည်။
ချီမင်၏ဖန်ကူးစစ်မှန်ခန္ဓာနှင့် မူလအစအင်မော်တယ်ဘုရင်၏ မူလအစ စစ်မှန်ခန္ဓာတို့က တရားဝင်တိုက်ခိုက်ရန်ဆိုင်းပြင်းတော့၏။
နှစ်ဖက်စလုံးက မတိုက်ခိုက်ရသေးပေမယ့် အရှိန်အဝါများကပင် ကြောက်မက်ဖွယ်ကောင်းသည့် တုန်ခါမှုကိုဖြစ်လာစေသည်။နေရာလွတ်က ပြင်းထန်စွာတုန်ခါသွားတော့၏။ လျှို့ဝှက်နက်နဲကမ္ဘာ၏မြေပြင်သည် အဆင့်ဆယ့်နှစ်မြေငလျင်လှုပ်သွားသည့်အတိုင်းပင်။
“ဖရိုဖရဲကောင်းကင်ခွဲခြမ်းခြင်း”ချီမင်က ကျယ်လောင်စွာ ဆိုလိုက်သည်။သူ့အကြည့်က အေးစက်နေသည်။ ဖရိုဖရဲမြူခိုးများက သူတစ်ကိုယ်လုံးကနေ ပျံ့နှံ့လာပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားများ ပြည့်နှက်သွားသည်။
သူက ဖရိုဖရဲပုဆိန်ကို ကိုင်ထားပြီး ထိုဖရိုဖရဲထဲတွင်ကောင်းကင်နှင့်မြေကြီးမဟာတာအို ပါဝင်လျက်ရှိသည်။
ဖန်ကူးက ကောင်းကင်ကို ခွဲခြမ်းပြီးဖရိုဖရဲမဟာတာအိုကောင်းကင်မိစ္ဆာများကိုသတ်ဖြတ်ကာ အာဒိကပ္ပကမ္ဘာကြီးကို ဖန်တီးခဲ့သည်။ထိုအရာများကို လျှို့ဝှက်နက်နဲကမ္ဘာသည် ယှဥ်နိုင်ရုံမျှသာရှိသည်။
အာဒိကပ္ပကမ္ဘာကြီးသည် အထက်ကမ္ဘာများနှင့်ယှဉ်နိုင်ပြီး ပိုပြီးတော့တောင် ကောင်းမွန်နေနိုင်သေးသည်။လျှို့ဝှက်နက်နဲကမ္ဘာမှလူတိုင်း၏အကြည့်အောက်တွင် ချီမင်က ပုဆိန်ကိုကိုင်ကာ အားကုန်ခုတ်ချလိုက်တော့သည်။အပိုလှုပ်ရှားမှုမျိုးမရှိသလို ဘယ်အလှပြကွက်မျိုးမှလည်း မရှိပေ။
စွမ်းအားပြည့်ရိုက်ချလိုက်သည်။
ချီမင်က အင်အားကုန်စုစည်းကာ ဖန်ကူးကောင်းကင်ခွဲခြမ်းခြင်းရိုက်ချက်ထဲသို့ ဓမ္မစွမ်းအားအကုန်လုံးကို ပေါင်းထည့်လိုက်သည်။ထွက်ပေါ်လာသည့်စွမ်းအားက စကားလုံးများဖြင့်ပင် ဖော်ပြလို့မရနိုင်တော့ပေ။
နားလည်နိုင်ပေမယ့် ရှင်းပြလို့တော့မရချေ။
ချီမင်၏ပုဆိန်က ကျရောက်လာသည့်အခိုက် လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံး လှုပ်ခါသွားရတော့သည်။ကမ္ဘာတစ်ခုလုံးက ဤကြောက်မက်ဖွယ်ကောင်းသည့် အထွတ်အထိပ်စွမ်းအားကို မခုခံနိုင်တော့ပေ။
အလွန်အမင်းစွမ်းအားကြီးပါ၏။
ဤကမ္ဘာကြီးထဲတွင် မျက်စိကျိန်းလောက်သည့် ပုဆိန်အလင်းတန်းသာ ကျန်ခဲ့သည်။ကောင်းကင်နှင့်မြေကြီးကို ပိုင်းဖြတ်သွားပြီး အဆုံးမဲ့တောက်ပလာသည်။ထိုခုတ်ချက်က ကမ္ဘာကြီးကို နှစ်ခြမ်းခွဲပစ်လုနီးပါးပင်။
“ဒါ...ဒါက”
“ဒါက စီနီယာချီမင်ရဲ့တကယ့်အင်အားလား။”
“ဟူး”
“ဘုရားရေ”
“တော်တော် လန့်သွားတယ်။”
“ဒီလို စွမ်းအားပြည့်ရိုက်ချက်က တော်တော်လေး ခမ်းနားတာပဲ။ကမ္ဘာတစ်ခုလုံးကတောင် မခုခံနိုင်ဘူး။ကြည့်ရတာ နှစ်ခြမ်းကွဲထွက်တော့မယ်အတိုင်းပဲ။”
လျှို့ဝှက်နက်နဲကမ္ဘာ၏လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားကြရသည်။
အင်မော်တယ်များ၏မျက်လုံးက ပြူးကျယ်သွားတော့သည်။
ဒီလိုစွမ်းအားအရှိန်အဝါဖိအားမျိုးက သူတို့၏နားလည်စွမ်းနိုင်ထက် ကျော်သွားခဲ့ပြီဖြစ်သည်။
“ချီမင်!”မူလအစအင်မော်တယ်ဘုရင်က ဒေါသတကြီးအော်လိုက်သည်။သူက ကြောက်ဖို့ကောင်းသည့်အန္တာရာယ်ကို ခံစားမိလိုက်ပြီး ချီမင်၏အင်အားကို အမှန်တကယ် ကြုံတွေ့လိုက်ရသည်။သူ့ခဗျာ အစွမ်းကုန်တိုက်ခိုက်ရုံသာတတ်နိုင်တော့သည်။
“အား!”မူလအစအင်မော်တယ်ဘုရင်က ကောင်းကင်ပေါ်တွင် အော်ဟစ်လိုက်သည်။မူလအစ စစ်မှန်ခန္ဓာက ချီမင်၏ဖန်ကူးစစ်မှန်ခန္ဓာအောက် များစွာအားနည်းဟန်မရပေ။သူက အင်အားကုန် အံ့ဖွယ်စွမ်းအားအကုန် သုံးကာတိုက်ခိုက်လိုက်သည်။
မျက်စိကျိန်လောက်သည့် မူလအစအအလင်းတို့မှာပေါင်းစပ်သွားပြီး မယုံနိုင်လောက်အောင်ကြီးမားသည် လမင်းဆန္ဒာအဖြစ် ပြောင်းလဲသွားတော့သည်။သို့ပေသော်လည်း ကမ္ဘာကြီးကို ထွန်လင်းနေသည့် ကြေးမုံတစ်ချပ်နှင့်အလားသဏ္ဍာန်တူသည်။
“တားဆီး”မူလအစအင်မော်တယ်ဘုရင်က အော်ဟစ်လိုက်သည်။
မူလအစအလင်းတန်းတို့မှ ပေါင်းစပ်ဖြစ်ပေါ်လာသည့် လပြည့်ဝန်းကြီးက ကြေးမုံတစ်ချပ်နှင့်ပိုတူကာ ကောင်းကင်ပေါ်သို့ တက်သွားပြီး မူလအစအင်မော်တယ်ဘုရင်၏စွမ်းအင်အားလုံးတို့ကို သယ်ဆောင်ထား၏။
သူက ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ဘုန်း!
ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။
လျှို့ဝှက်နက်နဲကမ္ဘာမှလူတိုင်း၏အကြည့်များအောက်တွင် ဖရိုဖရဲ ကောင်းကင်ခွဲခြမ်းခြင်းပုဆိန်က မူလအစလပြည့်ဝန်းကြီးနှင့်ထိတိုက်မိသွားတော့သည်။
ချက်ချင်းပဲ အဖြူရောင်အလင်းတို့ ပွင့်လန်းလာပြီး ပေါက်ကွဲမှုအမျိုးမျိုး ဖြစ်ပေါ်လာသည်။
ပတ်ဝန်းကျင်မှာ နေရာလွတ်က ဆက်တိုက်အက်ကွဲသွားတော့ သည်။
ခရက်!ခရက်!
လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးက အက်ကွဲပျက်စီးလာနေသည်။ကမ္ဘာပျက်မြင်ကွင်းမျိုးဖြစ်ပေါ်လာသည်။မီးတောင်များပေါက်ကွဲကာ ဆူနာမီမုန်တိုင်းများဖြစ်ခြင်း၊တောင်များပြိုကျခြင်းနှင့် ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်လာရသည်။
တကယ်တော့ တိုက်ပွဲနှင့်အရမ်းနီးကပ်နေသည့် သက်ရှိများသည် နောက်ဆက်တွဲဒဏ်ကို မခံနိုင်တော့ချေ။အသားစများအဖြစ်ကြေမွသွားပြီး သွေးများမှာကောင်းကင်ယံ၌ ပြည့်နှက်သွားခဲ့သည်။
အလွန်အမင်းရှုပ်ထွေးပွေလီလျက်ရှိသည်။
“ဘယ်သူနိုင်မှာလဲ။”
“ငါလဲမသိဘူး။”
“စီနီယာချီမင်ပဲ ကျိန်းသေနိုင်မှာပေါ့။”
“စီနီယာချီမင်ပဲ ကျိန်းသေနိုင်မှာ။”
မျိုးနွယ်ငါးခုမှ မဟာယနအဆင့်ကျွမ်းကျင်သူများနှင့် အထွတ်အထိပ်ဖြစ်တည်မှုခြောက်ဦးက ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။
“အင်မော်တယ်ဘိုးဘေးပဲ ကျိန်းသေနိုင်မှာ။”
“ငါတို့အင်မော်တယ်တွေ ရှုံးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။”
“အင်မော်တယ်တွေက ထာဝရတည်ရှိရမယ်။”
တစ်ချိန်တည်းမှာ အင်မော်တယ်ဘုရင်များမှာ အော်ဟစ်လိုက်ကြသည်။”မူလအစအင်မော်တယ်ဘုရင်”
ချီမင်က ဖရိုဖရဲမဟာပုဆိန်ကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ထားသည်။သူက ဖန်ကူးစစ်မှန်ခန္ဓာကိုယ်ဖြင့် မူလအစကြေးမုံလပြည့်ဝန်းကြီးကို အင်အားကုန်ရိုက်ချလိုက်သည်။သူက ဒေါသတကြီးအော်ဟစ်ကာ အစွမ်းကုန်တိုက်ခိုက်နေလေသည်။သူ၏ဓမ္မစွမ်းအားက မြင့်တက်လာပြီး ပုဆိန်အလင်းက ပိုပြီးတောင် တောက်ပလာ၏။”သေလိုက်တော့။”
“အိပ်မက်သာမက်နေလိုက်။”
မူလအစအင်မော်တယ်ဘုရင်သည် လျှို့ဝှက်နက်နဲကမ္ဘာ၏ ကောင်းကင်ပေါ်မှ အော်ဟစ်လိုက်သည်။သူကလည်း အင်အားကုန်ထုတ်သုံးထားသည်။များပြားသည့်ဓမ္မစွမ်းအားတို့မှ သူ့တစ်ကိုယ်လုံးထဲသို့ တိုးဝင်လာသည်။မူလအစအလင်းတို့မှာ တောက်ပလာသည်။
ခရက်!ခရက်!
အဆုံးမှာချီမင်၏ဖန်ကူးစစ်မှန်ခန္ဓာက ပိုပြီးသန်မာ၏။ဖရိဖရဲကောင်းကင်ခွဲခြမ်းခြင်းစွမ်းအားက မူလအစအင်မော်တယ်ဘုရင်၏စွမ်းအားပြည့်ရိုက်ချက်နဲ့ညီမျှ၏။
မူလအစအင်မော်တယ်ဘုရင်က အရေးနိမ့်နေသည်။သိပ်မကြာခင်မှာပဲ အက်ရာများမှာ မူလအစလပြည့်ဝန်းမှတစ်ဆင့် သူတစ်ကိုယ်လုံးကို တဖြည်းဖြည်းပျံ့နှံ့လာသည်။”မဟုတ်ဘူး။”
မူလအစအင်မော်တယ်ဘုရင်၏ခန္ဓာကိုယ်က လှုပ်ခါသွားပြီး မျက်လုံးများက ပြူးကျယ်သွားသည်။ သူ့အမူအရာက ထိတ်လန့်သွားတော့သည်။”မဖြစ်နိုင်ဘူး။မဖြစ်နိုင်ဘူး။”
“ငါမရှုံးနိုင်ဘူး။ငါမရှုံးနိုင်ဘူး။”
ကံမကောင်းသည်က အသုံးမဝင်တော့ပေ။
ဖရိုဖရဲကောင်းကင်ခွဲခြမ်းစွမ်းအားက မူလအစကြေးမုံကို ရှုံးနိမ့်သွားစေသည်။ပုဆိန်ရိုက်ချက်စွမ်းအားက မူလအစအင်မော်တယ်ဘုရင်ကို ရိုက်ခတ်သွားခဲ့သည်။
ပထမဆုံး မူလအစအင်မော်တယ်ဘုရင်၏ခုခံရေးအလွှာက တိုက်ရိုက်ကျိုးပြတ်သွားသည်။ကောင်းကင်အပြည့်မူလအစအလင်းတန်းသည်ပျောက်ကွယ်သွားပြီး မူလအစ စစ်မှန်ခန္ဓာက ပေါ်ပေါက်လာသည်။အလွန်အမင်းစွမ်းအားကြီးသည့် ပုဆိန်အလင်းက မူလအစ စစ်စမှန်ခန္ဓာကို ပိုင်းဖြတ်သွားတော့သည်။
ဝေါ့!
မူလအစ စစ်မှန်ခန္ဓာ၏ရင်ဘက်တွင် အပေါက်ကြီးတစ်ခုပေါ်လာသည်။
မူလအစအင်မော်တယ်ဘုရင်သည် ထိန်းမထားနိုင်တော့ဘဲ သနားစဖွယ်ညည်းညူလိုက်ရတော့သည်။
နောက်ထပ်အသံကျယ်ကြီးထွက်ပေါ်လာပြီး မူလအစစစ်မှန်ခန္ဓာတစ်ခုလုံးလည်း ကျိုးပျက်သွားတော့ကာ မခုခံနိုင်တော့ချေ။ပေါက်ကွဲမှုများထွက်ပေါ်လာပြီး ကောင်းကင်အပြည့် ကြယ်များသည် ဖုံးလွှမ်းသွားခဲ့သည်။
အလင်းထဲမှာ မူလအစအင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်အစစ်က ပေါ်ပေါက်လာသည်။
“အဟွတ်ဟွတ်...”မူလအစအင်မော်တယ်ဘုရင်က သွေးအန်လိုက်ရသည်။သူ့ဒဏ်ရာများသည် အတော်လေးပြင်းထန်သည်။ရင်ဘတ်တွင် အရိုးများပင်မြင်နေရသည့်ဒဏ်ရာနက်ကြီးတစ်ခုရှိသည်။အတော်လေး ထိတ်လန့်ဖွယ်ကောင်းပါ၏။
“စီနီယာချီမင် နိုင်တယ်။စီနီယာချီမင်က မူလအစအင်မော်တယ်ဘုရင်ရဲ့စစ်မှန်ခန္ဓာကို နိုင်သွားပြီ။”
“ဟားဟားဟား...”
“ကောင်းတယ်။အရမ်းကောင်းတယ်ဟေ့။”
“ငါတို့ နိုင်ဖို့အခွင့်အရေးရှိတယ်ဟေ့။”
“စီနီယာချီမင်က ပြိုင်ဘက်ကင်းပဲ။”
မျိုးနွယ်ငါးခုမှ မဟာယနအဆင့်ကျွမ်းကျင်သူများက စိတ်လှုပ်တရှား ဂုဏ်ပြုလိုက်ကြသည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ။”
“အမှန်မဟုတ်ဘူး။ဒါအမှန်တရားမဟုတ်ဘူး။”
“အင်မော်တယ်ဘိုးဘေး ရှုံးဖို့ဆိုတာမဖြစ်နိုင်ဘူး။မဖြစ်နိုင်ဘူးလေ။”
“ငါတို့ အင်မော်တယ်မျိုးနွယ် ရှုံးသွားတာလား။”
“မဟုတ်ဘူး!!!”
“ငါလက်မခံနိုင်ဘူး။”
“ငါတို့အင်မော်တယ်တွေ အချိန်အကြာကြီး ပြင်ဆင်လာခဲ့ရတာ။အင်မော်တယ်ကမ္ဘာကို ဖန်တီးဖို့ ကပ်ဘေးဒုက္ခများစွာ အချိန်ယူခဲ့ရတယ်။ဘယ်လိုကျရှုံးနိုင်မှာလဲ။မဖြစ်နိုင်ဘူ။”
“အား!!!”
အင်မော်တယ်ဘုရင်များက အော်ဟစ်နေကြပြီး အမှန်တရားကို လက်ခံရန်ခက်ခဲနေကြသည်။
“ရယ်ဖို့ကောင်းတယ်။”
ယန်လီက သက်ပြင်းချလိုက်သည်။သူ့အကြည့်ကအေးစက်နေပြီး အော်လိုက်တော့သည်။”ခေါင်းမမာနဲ့တော့။မင်းတို့ရှေ့ကသူက အင်မော်တယ်ဘိုးဘေးမဟုတ်ဘူး။သူက မူလအစအင်မော်တယ်ဘုရင်ပဲ။လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးရဲ့ ရန်သူပဲ။”
“ဟုတ်တယ်။”
“အင်မော်တယ်ကမ္ဘာကို ဖန်တီးမယ်ဆိုတဲ့ အစီအစဉ်ကလည်း အတုကြီးပဲ။”
“မင်းတို့အားလုံး လှည့်စားခံနေရတာ။”
“အညံ့ခံလိုက်တော့။”
“မင်းတို့သာ အညံ့ခံရင် အသက်ရှင်နိုင်ဖို့ အခွင့်အရေးရှိတယ်။မဟုတ်ရင်တော့ သေရမှာပဲ။”
ကောင်းကင်အရှင်ယင်းနှင့်ကျန်သူများက ကြေညာမောင်းခတ်လိုက်ကြသည်။
“အညံ့ခံရမယ်။”
“အိပ်မက် မက်နေလိုက်။”
“အင်မော်တယ်ဘိုးဘေးက ဒီအခြေအနေကို ကျိန်းသေပေါက် ဖြေရှင်းနိုင်တယ်။”
“ငါတို့အင်မော်တယ်တွေက ဘယ်တော့မှအရှုံးမပေးဘူး။”
“တိုက်”
များစွာသောအင်မော်တယ်ဘုရင်များက အော်ဟစ်လိုက်ကြသည်။သူတို့စိတ်ဓာတ်များက ခိုင်မာတည်ကြည်လျက် အလွယ်တကူ မပြောင်းလဲနိုင်ပေ။မူလအစအင်မော်တယ်ဘုရင်အပေါ် သစ္စာရှိမှုက အစစ်မှန်ဆုံးဖြစ်နေတာလည်းဖြစ်နိုင်လေသည်။သူ့ကို သစ္စာဖောက်ဖို့ မဖြစ်နိုင်ပေ။
သူတို့က ယန်လီနှင့်တခြားသူများ မူလအစအင်မော်တယ်ဘုရင်၏အမှန်တရားကို ဖော်ထုတ်ပြောကြားလျှင်ပင် မူလအစအင်မော်တယ်ဘုရင်ကို ယုံကြည်နေဆဲဖြစ်ပြီး အင်မော်တယ်ဘုရင်များက နောက်ပြန်ဆုတ်မည်မဟုတ်ပေ။သူတို့ကအသက်ရင်းရရင်တောင် တန်ပြန်တိုက်ခိုက်မှာဖြစ်၏။
“ဒါဆိုလည်း သတ်”
“တိုက်ခိုက်ကြ။”
“သတ်!”
မျိုးနွယ်ငါးခုမှ မဟာယနအဆင့်ကျွမ်းကျင်သူများက လည်း နားလည်ထားသည်။သူတို့က လေကုန်ခံပြီးမပြောတော့ချေ။သိုင်းနည်းစနစ်များ အံ့ဖွယ်စွမ်းအားများသုံးလာခဲ့သည်။တိုက်ပွဲက ဖြစ်ပွားလာပြန်သည်။
ထိုအချိန် ကောင်းကင်မှာတော့
ခရက်!ခရက်!
လေဟာနယ်အလွှာတွင်
လျှို့ဝှက်နက်နဲကမ္ဘာ၏ကမ္ဘာ့အရံအတားတွင် အက်ကွဲရာများပေါ်လာသည်။ ချီမင်နှင့်မူလအစအင်မော်တယ်ဘုရင်၏ကြားမှ တိုက်ပွဲက အလွန်တရာကြောက်မက်ဖွယ်ကောင်းသည့်အတွက်ဖြစ်သည်။ထိုအရာက အဆင့်နိမ့်ကမ္ဘာ၏ကန့်သတ်ချက်ကို ကျော်သွားခဲ့သောကြောင့် လျှို့ဝှက်နက်နဲကမ္ဘာက မခုခံနိုင်တော့ပေ။
ကမ္ဘာ့အရံအတားတွင် အက်ကြောင်းများ အပေါက်များပေါ်လာသည်။ချက်ချင်းပဲ မမြင်နိုင်သည့်သဏ္ဍာန်မဲ့လေပြင်းများ အက်ကွဲရာထဲမှ ဝင်လာသည်။ထိုလေပြင်းဖြတ်သန်းလာသည့်နေရာတိုင်းက ကျိုးပျက် ပျက်စီးကုန်တော့သည်။
ကောင်းကင်နှင့်မြေကြီးဝိညာဉ်ချီဖြစ်စေ ရုပ်ဝတ္ထုအရာများဖြစ်စေ လေဟာနယ်လေပြင်းအောက်တွင်ယိုယွင်းပြိုကွဲကုန်ရပြီး မရှိမှုအဖြစ်ပြောင်းလဲသွား တော့သည်။
“အရွယ်အစားချိန်ညှိခြင်း”
ချီမင်က ဖန်ကူးစစ်မှန်ခန္ဓာကို မရုတ်သိမ်းပေ။သူက အရွယ်အစားချိန်ညှိခြင်းအံ့ဖွယ်စွမ်းအားသာ သုံးလိုက်သည်။ပြိုင်ဘက်ကင်း ဖန်ကူးစစ်မှန်ခန္ဓာက မျက်စိတစ်မှိတ်အတွင်းမှာ ကျုံ့ဝင်သွားသည်။
စက္ကန့်ဝက်လေးအတွင်း ဖန်ကူးစစ်မှန်ခန္ဓာက နှစ်မီတာရှည်သည့် စွမ်းအားကြီး ကြေးနီရောင်လူသားအဖြစ်ပြောင်းလဲသွားသည်။ဖရိုဖရဲမြူခိုးတို့မှာ ပျံ့လွင့်လာပြီး သူက ဖရိုဖရဲမဟာပုဆိန်ကို ကိုင်ဆွဲထား၏။
ချီမင်က ဖရိုဖရဲကြာပန်းစိမ်းပေါ်တွင်ရပ်နေပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးတို့မှာ သူ့ကို ဝန်းရံနေသည်။”ချီမင်”
မူလအစအင်မော်တယ်ဘုရင်က ခေါင်းမော့လိုက်သည်။သူ့ဒဏ်ရာက ပြင်းထန်ပြီး ပေါ့ပေါ့လေးလေးမဟုတ်ပေ။ဖရိုဖရဲကောင်းကင်ခွဲခြမ်းခြင်းစွမ်းအားက သူ့ဒဏ်ရာများတွင် ရစ်တွယ်နေပြီး ပြန်လည်ကုသရန်ခက်ခဲနေ၏။
မူလအစစွမ်းအင်နှင့်ကမ္ဘာ့မူလအစမရှိဘဲနှင့်တော့ မူလအစအင်မော်တယ်ဘုရင်၏ဒဏ်ရာများက ပြန်လည်သက်သာရန်ခဲယဉ်းပါ၏။
“မင်းက မဟာတာအိုကို ကျင့်ကြံတာလား။” မူလအစအင်မော်တယ်ဘုရင်က လေးနက်စွာမေးလိုက်၏။
“အဲ့တော့ ဘာဖြစ်လဲ။မဟုတ်ဘူးဆိုရင်ရောဘာဖြစ်လဲ”ချီမင်၏အကြည့်က ငြိမ်သက်လျက် အမူအရာက အေးစက်နေသည်။”မင်းက ရှုံးသွားပြီ။အမှန်တရားကို လက်ခံတော့။လျှို့ဝှက်နက်နဲကမ္ဘာမှာ မင်းရဲ့အစီအစဉ်က လုံးဝကိုကျရှုံးသွားခဲ့ပြီ။”
“ဟုတ်တယ်။”
“မင်းလုပ်ရပ်ရဲ့ အကျိုးဆက်အတွက် ပြင်ဆင်ထားတော့။”
ချီမင်က မူလအစအင်မော်တယ်ဘုရင်၏ခေါင်းကို ဖြတ်တောက်လိုက်သည်။