မဟာယနအဆင့်သို့ တက်လှမ်းခြင်း
Vol. 19 Ch. 279
မူလအစအင်မော်တယ်ဘုရင်၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။ အရေးကြီးသည့်အခိုက်တွင် ဓမ္မစွမ်းအားများက သူ့အနားတွင် အလျင်အမြန်စုစည်းလာသည်။ပြီးတာနဲ့အလင်းဒိုင်းကာတစ်ခုအဖြစ်ပြောင်းသွားပြီး ရှေ့ကကာပေးလိုက်သည်။
သို့သော်လည်း ချီမင်၏ဖရိုဖရဲမဟာပုဆိန်အောက်တွင် အလင်းဒိုင်းကာက ပါးလွာသည့်စက္ကူစနှင့်တူ၏။တစ်ချက်ကလေးတောင် မခံနိုင်လိုက်ပေ။
အလွယ်တကူ ချေမွခံလိုက်ရ၏။
“မူလအစကြေးမုံ”
မူလအစအင်မော်တယ်ဘုရင်၏ကိုယ်ပိုင်ရတနာက သူ့ခန္ဓာကိုယ်ထဲကနေ ပျံထွက်လာသည်။ကြေးမုံ၏ကိုယ်ထည်က ကြီးမားလာပြီး ဒိုင်းတစ်ခုဖြစ်သွားကာ သူ့ကို ကာကွယ်ပေးလိုက်သည်။
ခရက်!
ချီမင်၏ဖရိုဖရဲမဟာပုဆိန်က မူလအစကြေးမုံကို ရိုက်ချလိုက်သည်။ချီမင်၏ဖရိုဖရဲကောင်းကင်ခွဲခြမ်းခြင်းကို မူလအစကြေးမုံကဲ့သို့ စစ်မှန်အင်မော်တယ်ပစ္စည်းအဆင့်တောင် မခံနိုင်ပေ။
မူလအစကြေးမုံတွင် အက်ရာတစ်ခုပေါ်လာပြီး ကြေးမုံအလင်းတန်းက မှေးမှိန်သွားတော့သည်။ချီမင်၏ ပုဆိန်က မူလအစကြေးမုံကို အက်ကွဲလုနီးနီးဖြစ်သွားစေသည်။
ထို့နောက် မူလအစကြေးမုံသည် လွင့်ထွက်သွားတော့ပြီးမူလအစအင်မော်တယ်ဘုရင်ကို မကာကွယ်ပေးနိုင်တော့ပေ။
မူလအစအင်မော်တယ်ဘုရင်သည် သနားစဖွယ်အော်ဟစ်လိုက်ရပြီး သွေးအန်သွားပြန်၏။မူလအစအင်မော်တယ်ဘုရင်၏ကိုယ်ပိုင်ရတနာမူလအစကြေးမုံက ပြင်းပြင်းထန်ထန်ပျက်စီးသွားသည့်အတွက် သူက တန်ပြန်မှုကို ခံစားလိုက်ရခြင်းဖြစ်သည်။
မူလအစအင်မော်တယ်ဘုရင်၏ဒဏ်ရာက ပို၍ပြင်းထန်သွားသည်။သူ့ခန္ဓာကိုယ်ကပြုတ်ကျတော့မည့်ဟန်ဖြင့် ယိမ်းယိုင်သွား၏။
ထိုအခိုက်တွင် ကောင်းကင်ပေါ်မှ အချိန်ကာလရတနာ:ကမ္ဘာ့တံခါးက ရုတ်တရက် တုန်ခါသွားသည်။ မယှဉ်သာလောက်သည့်ကြောက်မက်ဖွယ်ဖိအားတစ်ခု ထွက်ပေါ်လာ၏။ချီမင်၏မျက်လုံက ကျဉ်းမြောင်းသွားပြီး ထိတ်လန့်သွာတော့သည်။
သူက မော့ကြည့်လိုက်သည်။
အချိန်ကာလရတနာ:ကမ္ဘာ့တံခါးသည် အရင်းအမြစ်စွမ်းအားဆယ်ရာခိုင်နှုန်းဖြင့် ပေါင်းစပ်သွားတော့၏။ထိုနည်းလမ်းဖြင့် ပြီးပြည့်စုံသည့်အခြေအနေသို့ ပြန်ရောက်သွားတော့သည်။
“အာ သွားပြီ။”
ချီမင်နှင့်အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကြားမှ ဆက်သွယ်မှုက ပျောက်ကွယ်သွားသည်။ကိုယ်ထည်အစစ်က ကိုယ်ပွားကို စုပ်ယူသွားခဲ့ပြီဖြစ်သည်။
သူ့တွင် ထိန်းချုပ်မှုဆယ်ပုံတစ်ပုံသာရှိသည်။သူက အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏ပိုင်ဆိုင်ခွင့်ကို မူလအစအင်မော်တယ်ဘုရင်နှင့် မယှဉ်ပြိုင်နိုင်ပေ။
ထိုသို့ဖြင့် မူလအစအင်မော်တယ်ဘုရင်သည် အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကိုထိန်းချုပ်ပြီး ပြန်လည်သက်သာသွားပေလိမ့်မည်။
ထိုသို့သာဖြစ်လာပါက ချီမင်သည် အန္တာရာယ်ထဲသို့ ကျရောက်သွားပြီဖြစ်သည်။
“ဟားဟားဟား...”မူလအစအင်မော်တယ်ဘုရင်သည် ကျယ်လောင်စွာရယ်မောလိုက်သည်။သူက အလွန်အမင်းစိတ်လှုပ်ရှားသွားတော့သည်။သူက ဒဏ်ရာအပြင်းအထန်ရသွားပေမယ့် စိတ်လှုပ်ရှားပျော်ရွှင်နိုင်သေးသည်။
အချိန်ကာလရတနာ:ကမ္ဘာ့တံခါးက အလွန်အမင်းစွမ်းအားကြီးသည့် ကမ္ဘာ့စွမ်းအားကို ထုတ်လွှတ်လာသည်။
မူလအစအင်မော်တယ်ဘုရင်က ကျယ်လောင်စွာဆိုလိုက်သည်။”မင်းမှားသွားပြီ။ မင်းစီစဉ်ထားတာတွေလွဲသွားပြီ။မင်းက မဟာတာအိုကို ကျင့်ကြံတော့ရော ဘာဖြစ်လဲ။ဒီနေ့တော့ ငါ့လက်ထဲမှာသေရမှာပဲ။”
“ဟားဟားဟား”မူလအစအင်မော်တယ်ဘုရင်က ရူးသွပ်စွာရယ်မောလိုက်သည်။
တစ်နည်းနည်းဖြင့် မူလအစအင်မော်တယ်ဘုရင်သည် အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏အထွတ်အထိပ်စွမ်းအားကို အမှန်တကယ်ခံစားမိလိုက်သည်။သူက ကမ္ဘာ့တံခါး၏ထိန်းချုပ်မှုကို တဖြည်းဖြည်းပြန်ရလာနေသသည်။
“ငါက အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို နှစ်ပေါင်းများစွာ ထိန်းချုပ်လာခဲ့တာ။ကိုယ့်လက်ကိုယ့်ခြေလိုမျိုး သိနေပြီ။မင်းလိုလူမျိုးက ရတနာနဲ့ချိတ်ဆက်ပြီးလုယူနိုင်မယ်ထင်လား။”
မူလအစအင်မော်တယ်ဘုရင်သည် ကျယ်လောင်စွာ ဖြင့် လှောင်ပြောင်လိုက်တော့၏။”ချီမင်... ချီမင်ရယ်မင်းတွေးနေတာကို ငါမသိဘူးထင်နေလား။မင်းက အချိန်ကာလရတနာ:ကမ္ဘာ့တံခါးထဲကိုအရင်းအမြစ်ဆယ်ရာခိုင်နှုန်း ပေါင်းလိုက်တာက ကမ္ဘာ့တံခါးကိုလုဖို့မဟုတ်ဘဲ ငါ့ထိန်းချုပ်မှုရပ်အောင်လုပ်ဖို့ဆိုတာ ငါမသိဘဲနေမလား။”
“ငါ အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို မသုံးနိုင်တော့မှ မင်းကငါ့ကိုသတ်နိုင်မယ့်အခွင့်အရေးရမှာလေ။”
“သနားဖို့ကောင်တာက”
“မင်းမှာ အဲ့သလိုအခွင့်ရေးမျိုးမရှိတော့ဘူး။”
“ဟားဟားဟား....”
“အချိန်ကာလရတနာ:ကမ္ဘာ့တံခါးက ပြန်ကောင်းသွားပြီ။သူက ပြီးပြည့်စုံသွားပြီ။ငါလည်း ထိန်းချုပ်ခွင့်ရတော့မယ်။”
“မင်းတော့ သေပြီပဲ။”မူလအစအင်မော်တယ်ဘုရင်သည် ကျယ်လောင်စွာရယ်မောနေတော့သည်။သူက အနိုင်ရဖို့မျှော်လင့်ချက်ရှိသွားပြီဖြစ်သည်။
မူလအစအင်မော်တယ်ဘုရင်သည် ချီမင်တွေးထားသည်ထက် ပို၍ပင်ဉာဏ်များသည်။
ရုတ်တရက် သွေးများဖြာကျလာသည်။
နောက်တစ်ခဏမှာ မူလအစအင်မော်တယ်ဘုရင်ဘေးတွင် ပုံရိပ်တစ်ခုပေါ်လာသည်။ထိုသူက အထွတ်အထိပ်သန့်စင်ဖြစ်သည်။
မူလအစအင်မော်တယ်ဘုရင်က အထွတ်အထိပ်သန့်စင်ကို ဒဏ်ရာရာအောင်လုပ်ဖူးသည်။ချီမင်ကဓမ္မစွမ်းအားသုံးကာ ပြန်ခေါ်ထားခြင်းဖြစ်၏။
သန့်စင်ခြင်းသုံးပါးကိုယ်ပွားများက ရင်းမြစ်တစ်ခုတည်းမှ လာခြင်းဖြစ်သည်။
ချီမင်က အထွတ်အထိပ်သန့်စင်ကိုယ်ပွားကို အရိပ်ထဲတွင် ပုန်းခိုင်းထားပြီး ချောင်းမြောင်းတိုက်ခိုက်ဖို့အခွင့်အရေးရှာခိုင်းထားတာဖြစ်သည်။
အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကအပြည့်အဝ ပြန်ကောင်းသွားပြီဖြစ်သည်။မူလအစအင်မော်တယ်ဘုရင်ကလည်း ထိန်းချုပ်ခွင့် ပြန်ရတော့မှာဖြစ်သည်။လက်ရှိအချိန်က မူလအစအင်မော်တယ်ဘုရင်၏စိတ်အလှုပ်ရှားဆုံး သတိအလျော့နေဆုံးအချိန်ဖြစ်သည်။
အထွတ်အထိပ်သန့်စင်က တိုက်ခိုက်လိုက်သည်။
သူက အံ့ဖွယ်စွမ်းအားပုံရိပ်ယောင်ကိုသုံးပြီး မူလအစအင်မော်တယ်ဘုရင်နောက်တွင် ပုန်းနေတာဖြစ်သည်။သူက ဘယ်လိုအရှိန်အဝါမျိုးမှမထွက်ဘဲ ငြိမ်သက်နေသည့်အတွက် မူလအစအင်မော်တယ်ဘုရင်က အာရုံမခံနိုင်လိုက်ချေ။
ထို့နောက်မှာ အထွတ်အထိပ်သန့်စင်ကိုယ်ပွားက အင်အားကုန်စုစည်းနေလိုက်သည်။
ပိုပြီးအရေးကြီးသည်က သန့်စင်ခြင်းသုံးပါးကိုယ်ပွားများက ချီမင်နှင့်အင်အားချင်းတူသည့်အတွက် အထွတ်အထိပ်သန့်စင်ကိုယ်ပွားကလည်း ဖန်ကူးစစ်မှန်ခန္ဓာကို အရွယ်အစားချိန်ညှိခြင်းဖြင့် တွဲသုံးထားသည်။ဖန်ကူးစစ်မှန်ခန္ဓာက နှစ်မီတာမျှသာမြင့်သည်။ အထွတ်အထိပ်သန့်စင်ကိုယ်ပွားက ဖရိုဖရဲကြာပန်းစိမ်းပေါ်တွင်ရပ်နေပြီး ဖရိုဖရဲမဟာပုဆိန်ကို ကိုင်ဆွဲထားသည်။မူလအစအင်မော်တယ်ဘုရင်မတုန့်ပြန်နိုင်ခင်မှာဘဲ ပုဆိန်က ပိုင်းဖြတ်သွားသည်။
“မင်း...”
ထိုကဲ့သို့ မမျှော်လင့်ထားသော အခြေအနေမျိုးနှင့် ရင်ဆိုင်ရသောအခါ မူလအစအင်မော်တယ်ဘုရင်သည် အထွတ်အထိပ်သန့်စင်ကိုယ်ပွားက ဖရိုဖရဲမဟာပုဆိန်ဖြင့် ခေါင်း မဖြတ်နိုင်ခင် အချိန်မီ သူ့ခေါင်းကိုသာ လှည့်နိုင်လိုက်သည်။
သွေးများက လည်ပင်းမှ အနီရောင်ရေပန်းတစ်ခုသဖွယ်ပန်းထွက်လာသည်။ကြီးကျယ်ခမ်းနားလှပါသော မူလအစအင်မော်တယ်ဘုရင်၏ခေါင်းသည် ပြုတ်ထွက်သွားခဲ့ပြီဖြစ်သည်။
ရှင်းရှင်းလင်းလင်းကို မြင်လိုက်ကြရသည်။
မူလအစအင်မော်တယ်ဘုရင်၏မျက်လုံးက ပြူးကျယ်သွားသည်။သူ့မျက်လုံးတွေက ထိတ်လန့်မှုများအံ့ဩမှုများဖြင့် ပြည့်နှက်နေသည်။သူ့ခေါင်းကတော့ ပြတ်သွားပြီဖြစ်သည်။
ပျော်ရွှင်မှုမှ ဝမ်းနည်းမှုဘက်သို့ အလျင်အမြန်ကူးပြောင်းသွားရသည်။
ဖရိုဖရဲကောင်းကင်ဖြိုခွဲခြင်းက မူလအစအင်မော်တယ်ဘုရင်၏သက်စောင့်စွမ်းအင်နှင့်ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်သည်။သူ့သက်စောင့်စွမ်းအားက ပျောက်ကွယ်သွားပြီး ဝိညာဥ်ပျက်သုဉ်းကာ အနှစ်သာရဝိညာဥ်လည်း ပျက်စီးသွားတော့သည်။
သူ့အသိစိတ်တစ်ခုသာ ကျန်ခဲ့သည်။
အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကပြန်ကောင်းသွားပြီဖြစ်ပြီး မူလအစအင်မော်တယ်ဘုရင်လည်း ထိန်းချုပ်ခွင့် ပြန်ရတော့မှာဖြစ်သည်။
သူက ခြေလှမ်းတစ်လှမ်းသာ လိုတော့သည်။
ထိုအချိန်သာရောက်လာလျှင် မူလအစအင်မော်တယ်ဘုရင်သည် အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို ထိန်းချုပ်နိုင်သွားပြီး ကမ္ဘာ့မူလအစများကိုလည်း အဆုံးမရှိရသွားပေလိမ့်မည်။
အထက်ကမ္ဘာ၏အထွတ်အထိပ်ရတနာ၏ကာကွယ်မှုဖြင့်သာဆိုလျှင် သူ...
“မင်းမှာ အခွင့်အရေးမရှိတော့ပါဘူး။”
ချီမင်က အကုန်လုံးကို စီစဉ်ထားခဲ့တာဖြစ်သည်။အထွတ်အထိပ်သန့်စင်ကိုယ်ပွားက အရေးကြီးဆုံးအချိန်၌သာ စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အချိန်ကာလရတနာ:ကမ္ဘာ့တံခါးက ခဏလောက် ရပ်သွားသည်။ရတနာကလည်း သက်ရောက်သွားတာ သိသာသည်။ ကမ္ဘာ့စွမ်းအားက ဖြေးညှင်းစွာ ပြောင်းလဲလာသည်။
တစ်ချိန်တည်းမှာ လျှို့ဝှက်နက်နဲကမ္ဘာ့သိစိတ်ကလည်းပြန်ကောင်းလာပြီဖြစ်သည်။ မူလအစအင်မော်တယ်ဘုရင်ကခေါင်းပြတ်သွားသည့်အတွက် သူ့စွမ်းအားက ပျောက်ကွယ်လာနေသည်။မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်က ဖျက်ဆီးမခံရသေးပေမယ့် သူ့စွမ်းအားကတော့ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။
လျှို့ဝှက်နက်နဲကမ္ဘာ့သိစိတ်ကို ရစ်ပတ်ထားသည့် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းချိန်းကြိုးများက ပျောက်ကွယ်သွားသည်။လျှို့ဝှက်နက်နဲကမ္ဘာ့သိစိတ်သည် ထိုအခွင့်အရေးကိုယူကာ လွတ်မြောက်သွားသည်။
ကောင်းကင်နှင့်မြေကြီး၏ ကောင်းကင်တာအိုထွက်ပေါ်လာသည်။ချီမင့်ရှေ့တွင် မှုန်ဝါးဝါးပုံရိပ်တစ်ခု ပေါ်လာသည်။ထိုအရာက လျှို့ဝှက်နက်နဲကမ္ဘာ့သိစိတ်၏ပုံစံအစစ်ဖြစ်သည်။ချီမင်က ထိုပုံရိပ်ကို ကယ်တင်နိုင်ခဲ့ပြီဖြစ်သည်။
ချက်ချင်းပဲ ချီမင်၏ရှေ့က ပုံရိပ်က လျင်မြန်စွာပဲ ပျောက်ကွယ်သွားသည်။ မမြင်နိုင်သည့်အင်အားတစ်ခု ပျံ့နှံ့လာပြီး လျှို့ဝှက်နက်နဲကမ္ဘာထဲသို့ ပေါင်းစပ်သွားတော့သည်။
ကောင်းကင်တာအိုပြန်ရောက်လာပြီဖြစ်သည်။
ချက်ချင်းပဲ လျှို့ဝှက်နက်နဲကမ္ဘာ၌ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။
ဗဟိုဒေသတွင် မယှဉ်သာလောက်သည့် ပေါကြွယ်ဝသည့် ကောင်းကင်နှင့်မြေကြီးဝိညာဉ်ချီက အလျင်အမြန်ပဲ ဒေသလေးခုသို့ တိုးဝင်သွားတော့သည်။ ဗဟိုဒေသ၌သာ ကန့်သတ်မနေတော့ဘဲ လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးသို့ ဝင်ရောက်လာသည်။
“ဒါ...”
“ကောင်းကင်နှင့်မြေကြီးဝိညာဉ်ချီ အဲ့ဒါကောင်းကင်နှင့်မြေကြီးဝိညာဉ်ချီပဲ။”
“ဗဟိုဒေသက ဝိညာဉ်ချီတွေက ဒေသလေးခုကို လာနေတာပဲ။”
“ဒါ..ဒါ..”
“စီနီယာချီမင် အောင်မြင်သွားပြီ။”
“ဟားဟားဟား...”
မျိုးနွယ်ငါးခုမှ ကျင့်ကြံသူများမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
“မဟုတ်ဘူး။”
“မဖြစ်နိုင်ဘူး။”
“ငါ မယုံနိုင်ဘူး။”
“အင်မော်တယ်ဘိုးဘေး မရှုံးနိုင်ဘူး။ဘာဖြစ်သွားလို့လဲ။ဘာကြောင့်လဲ။”
အင်မော်တယ်များက စိတ်အားငယ်စွာအော်ဟစ်လိုက်ကြသည်။တစ်ချိန်တည်းမှာ ချီမင်က ကံတရားကို ခံစားမိလိုက်သည်။သူက လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်ကို ကယ်လိုက်တော့ ကံကြွေးက ကုန်ဆုံးသွားပြီဖြစ်သည်။ချီမင့်ပေါ်မှ ကံကြွေးက ပျောက်ကွယ်သွားတော့သည်။
လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်၏ကံကြွေးအပြင် ချီမင်တွင် တခြားသောကံကြွေးများလည်းရှိသေးပေမယ့် သူက ခုခံနိုင်သည်။
“ကံတရားအတိဒုက္ခ”
ချီမင်က တင်ပျဉ်ခွေချိတ်ထိုင်လိုက်သည်။သူက မတုန့်ဆိုင်းတော့ဘဲ ကံတရားအတိဒုက္ခကို ကျော်လွှားလိုက်သည်။ကျန်ရှိနေသေးသည့် ကံကြွေးက ပေါက်ကွဲထွက်လာသည်။
သူ့တစ်ကိုယ်လုံးက ပြင်းထန်စွာတုန်ခါပြီး မြင်ကွင်းအမျိုးမျိုးဖြစ်ပေါ်လာသည်။ကံကြွေးကထွက်ပေါ်လာပြီး ချီမင်၏တစ်ကိုယ်လုံးက ဖျက်ဆီးရန်ကြိုးစားတော့သည်။အတော်လေး စွမ်းအားကြီးပါ၏။
ချီမင်က လက်ရှိတွင် ဖန်ကူးစစ်မှန်ခန္ဓာ အခြေအနေ၌ ဖြစ်သည်။ကံကြွေးစွမ်းအားထွက်ပေါ်လာပေမယ့် သူ့ကိုအနည်းငယ်လေးတောင် မထိခိုက်ပေ။သူက ကံတရားအတိဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်သွားတော့သည်။
လေဟာနယ်စကြဝဠာပင်လယ်ထဲတွင် ချီမင်က ကောင်းကင်နှင့်မြေကြီးမဟာတာအိုနှင့် ပဲ့တင်ထပ်သွားပြန်သည်။ကောင်းကင်နှင့်မြေကြီးမဟာတာအိုစွမ်းအားက ချီမင်၏ကိုယ်ထဲသို့ တိုးဝင်သွားသည်။ထိုအရာက မဟာတာအို၏လက်ဆောင်ဖြစ်သည်။
တစ်ချိန်တည်းမှာ ချီမင်က အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကို အောင်မြင်စွာကျော်ဖြတ်သွားတော့သည်။သူက အတိဒုက္ခအားလုံးကို အောင်မြင်စွာကျော်ဖြတ်ပြီးကာ နောက်ဆုံးအဆင့်ထိသိပ်သည်းသွားတော့သည်။
အထဲကနေအပြင်ထိ ချီမင်သည် နားလည်မှုပြီးပြည့်စုံသွားသည်ကို ခံစားလိုက်ရပြီး တိုးတက်သွားတော့သည်။ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်လာသည်။”ဒါ...”
ချီမင်၏စိတ်က ပြင်းထန်စွာတုန်ခါသွားသည်။သူက တင်ပျဉ်ခွေချိတ်ထိုင်လိုက်ပြီး ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်လိုက်သည်။ဒန်တျန်းထဲတွင် ဖရိုဖရဲစစ်မှန်ခန္ဓာက ပြောင်းလဲသွားပြီး ပြီးပြည့်စုံသွားတော့သည်။သူ၏ကျင့်ကြံခြင်း အဆင့်က တိုးတက်သွားတော့သည်။
နောက်ဆုံးတော့ ချီမင်၏တစ်ကိုယ်လုံးက လှုပ်ခါသွားပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအို၏လက်ဆောင်ကို စုပ်ယူလိုက်သည်။သူ၏ပြောင်းလဲမှုက ပြီးမြောက်သွားပြီး မဟာယနအဆင့်သို့ တက်လှမ်းသွားတော့သည်။