အရိုးများပြာများဖြစ်သွားခြင်း
Vol. 19 Ch. 280
ပစ္စည်းစိတ်ဝိညာဉ်
ချီမင်က အဆင့်တက်ခြင်း၏ခံစားချက်နှင့်ဖြစ်စဉ်ကို ရှင်းပြရန်ခဲယဉ်းသည်ကို ရှာတွေ့သွားပါ၏။ထိုခံစားချက်ထိုတိုးတက်မှုမျိုးကို နားလည်နိုင်ပေမယ့် ရှင်းတော့မပြတတ်ချေ။
အဆင့်တတ်ခြင်းက အဆင့်ချိုးဖြတ်ခြင်းဖြစ်ပါ၏။
တစ်စုံတစ်ယောက်မှ ဖော်ပြရမည်ဆိုပါက ချီမင်သည် သူအဆင့်တက်ပြီးနောက် သူ့တစ်ကိုယ်လုံး ခန္ဓာကိုယ်အင်အားမှဓမ္မစွမ်းအား၊ကိုယ်ထည်မှဝိညာဉ်၊စိတ်မှစစ်မှန်ဝိညာဉ်တို့အထိ မမျှော်လင့်ထားသည့် ပြောင်းလဲမှုမျိုးဖြစ်သွားသည်ဟု ခံစားလိုက်ရ၏။
မဟာယနအဆင့်သို့ တက်လှမ်းပြီးနောက် ချီမင်သည် အထက်ကမ္ဘာကို ဝေဝေဝါးဝါးခံစားသိမြင်နိုင်ပြီး အားနည်းသည့် ဆင်ခေါ်မှုတစ်ခုကိုလည်း ခံစားလိုက်ရသည်။
ချီမင်သည် အဆင့်တက်ပြီး အသွင်ပြောင်းလဲခြင်းပြီးပြည့်စုံသွားသည်မှာ မကြာသေးပေ။ထိုခံစားချက်က အတော်လေးအားနည်းပါ၏။ချီမင်သည် အဆင့်နိမ့်ကမ္ဘာတွင် နေသည်မှာ ကြာသွားပါက ဆင့်ခေါ်နေသည့်ခံစားချက်က ပြင်းထန်လာလိမ့်မည်။
ထိုသို့သာဖြစ်လာလျှင် အထက်ကမ္ဘာ၏ဆင့်ခေါ်နေသည်ကိုတားဆီးရန်က ဓမ္မစွမ်းအားများစွာ စိတ်စွမ်းအင်များစွာ သုံးစွဲရန်လိုပါသည်။ချီမင်အနေဖြင့် အောက်ကမ္ဘာတွင်နေရန် ခက်ခဲသွားပါလိမ့်မည်။သူက အထက်ကမ္ဘာကို တက်လှမ်းရန်လိုပြီး အဆင့်နိမ့်ကမ္ဘာမှ ထွက်ရန်လိုလာလိမ့်မည်။
မဟာယနအဆင့်သို့ရောက်ပြီးနောက် အထက်ကမ္ဘာသိုမတက်လှမ်းဘဲ အောက်ကမ္ဘာတွင်နေနိုင်သည်။သို့သော်လည်း မဟာယနအဆင့်တွင် သက်တမ်းကန့်သတ်ချက်က အနှစ်(၁၀၀,၀၀၀)ဖြစ်၏။
မဟာယိုယွင်းကမ္ဘာကဲ့သို့ ပြီးပြည့်စုံသည့်အဆင့်နိမ့်ကမ္ဘာတွင်တောင် မဟာယနအဆင့်များသည် နှစ်တစ်သန်းသာ အများဆုံးရှင်သန်နိုင်၏။အဆုံးမှာ သက်တမ်းကုန်ဆုံးပြီး သေဆုံးရသည်။
ထို့ကြောင့်
ထာဝရရှင်သန်ချင်ပါက အထက်ကမ္ဘာကို တက်လှမ်းရန်လိုသည်။မဟာယနအဆင့်သာ အထက်ကမ္ဘာသို့တက်လှမ်းပြီးသွားပါက သူက အထက်ကမ္ဘာ၏နှစ်ခြင်းကိုရရှိပြီး အင်မော်တယ်ဖြစ်ရန် နောက်ထပ်ပြောင်းလဲမှုမျိုးလက်ခံရ၏။သို့မှသာ ထာဝရရှင်သန်နိုင်မည်ဖြစ်သည်။
ချီမင်၏ဓမ္မစွမ်းအားနှင့်အံ့ဖွယ်စွမ်းအားများသည် ပြောင်းလဲမှုပြီးမြောက်သွားပါတော့သည်။သူ့ကျင့်ကြံခြင်းအဆင့်က မဟာယနအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။
ထိုတိုးတက်မှုက တစ်မိနစ်သာ ကြာပေမယ့် အတော်လေးချောမွေ့ပြီး ဘာမတော်တဆမှ မဖြစ်လိုက်ပေ။
နောက်ဆုံးမှာတော့ အချိန်ခဏလေးအတွင်မှာ အဆင့်တက်သွားခဲ့သည်။
ချီမင်က မျက်လုံးဖွင့်လိုက်သည်။ကျင့်ကြံခြင်းအဆင့်တက်သွားတော့ သူ့အင်အားက သဘာဝအတိုင်း ကြီးမားစွာ ခုန်တက်သွားသည်။ အတိဒုက္ခကျော်လွှားခြင်းအဆင့်၏အကန့်အသတ်တုန်းကသူနှင့် နှိုင်းယှဉ်ပါက သူကပိုပြီးသန်မာလာသည်။အဆင့်များစွာ ခြားနားသွားပြီဖြစ်သည်။
ရုတ်တရက် မူလအစအင်မော်တယ်ဘုရင်၏ခေါင်းမဲ့အလောင်းသည် လေထဲမှာ လွင့်မြောလာသည်။မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်က မသေနိုင်သည့် သဘာဝရှိသည်။ထို့ကြောင့် ချီမင်ထံမှ ခေါင်းဖြတ်ခံရတာတောင် မသေသွားပေ။
ထိုအခိုက်တွင် မူလအစအင်မော်တယ်ဘုရင်သည် အသိစိတ်ကိုသုံးကာ အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏စွမ်းအားကိုစုစည်းလိုက်သည်။မသိလိုက်စွာဖြင့် ကမ္ဘာ့တံခါးထဲမှ ကမ္ဘာ့မူလအစတို့မှာ မူလအစအင်မော်တယ်ဘုရင်ဆီသို့ တိုးဝင်လာကြသည်။
မူလအစအင်မော်တယ်ဘုရင်သည် ကမ္ဘာ့မူလအစစွမ်းအားကိုမှီပြီး သူ့ဝိညာဉ်နှင့်အနှစ်သာရဝိညာဉ်ကို ပြန်ရှင်အောင်လုပ်နေသည်မှာ သိသာလှသည်။သူက ပြန်ရှင်သန်ရန် အစွမ်းကုန်ကြိုးစားနေသည်။
သူက ပြန်ရှင်သန်ရန် ကြိုးစားနေပါ၏။
“မင်းမှာ အခွင့်အရေးမရှိတော့ပါဘူး။”
ချီမင်က ပျံသန်းလာသည်။သူ့ညာဘက်လက်ကို ဖိချလိုက်တော့ အထွတ်အထိပ်ဓမ္မစွမ်းအားတို့ ထွက်ပေါ်လာသည်။အံ့ဖွယ်စွမ်းအားမျိုးစုံထွက်ပေါ်လာသောကြောင့် ဖန်ကူးလက်ဖဝါးအဖြစ်ပြောင်းလဲသွားပြီး အချိန်ကာလရတနာ:ကမ္ဘာ့တံခါး ကို ရိုက်ချလိုက်သည်။
ဘုန်း!!!!
အသံကျယ်ကြီးထွက်ပေါ်လာသည်။
ချီမင်၏ရိုက်ချက်သည် အလွန်အမင်းကြောက်မက်ဖွယ်ကောင်း၏။အဆင့်နိမ့်ကမ္ဘာ၏အကန့်အသတ်ကိုကျော်သွားပြီး မယုံနိုင်စရာကောင်းသည့်အဆင့်သို့ ရောက်နေပြီဖြစ်သည်။လက်ဖဝါးက အချိန်ကာလရတနာ:ကမ္ဘာ့တံခါးအပေါ်သို့ ကျဆင်းသွားတော့ ပြင်းထန်စွာ တုန်ခါသွားတော့သည်။
ပိုပြီးအရေးကြီးသည်က
ချီမင်၏လက်ဖဝါးက မူလအစအင်မော်တယ်ဘုရင်နှင့်အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကြားမှ ဆက်သွယ်မှုကို ချိုးဖြတ်လိုက်သည်။မူလအစအင်မော်တယ်ဘုရင်ထံသို့ တိုးဝင်နေသည့်ကမ္ဘာ့မူလအစတို့မှာ အချိန်ကာလရတနာ:ကမ္ဘာ့တံခါးထဲသို့ ပြန်ဝင်သွားတော့သည်။
“မဟုတ်ဘူး!!!။”
ချီမင်က မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်သည် မလိုလားစွားဖြင့် အော်ဟစ်လိုက်သည် ဝိုးတဝါးကြားလိုက်ရ၏။
“သေလိုက်တော့”ချီမင်က ကောင်းကင်ပေါ်သို့ ထပ်မံခုန်တက်သွားလိုက်ပြီး မူလအစအင်မော်တယ်ဘုရင်၏အလောင်းရှေ့တွင် ရပ်လိုက်သည်။သူက လက်မြှောက်ကာ နောက်တစ်ကြိမ် ရိုက်ချလိုက်သည်။
ဘုန်း!!!
ပေါက်ကွဲသံတစ်ချက် ထွက်လာသည်။
မူလအစအင်မော်တယ်ဘုရင်၏ခေါင်းပြတ်အလောင်းရော ခေါင်းရောပါ ချီမင်၏လက်ဖဝါးကြောင့် ပျက်စီးသွားပြီး ပြာဖြစ်သွားကာ ကောင်းကင်တွင် ပြည့်နှက်သွားတော့သည်။လေတစ်ချက်အဝေ့မှာ ထိုပြာများမှာ ကမ္ဘာကြီးထဲသို့ ပျံ့ကြဲသွားပါတော့သည်။
သူသည် မူလအစအင်မော်တယ်ဘုရင်၏အလောင်းက ပြာဖြစ်သွားသည်ကို သိသိသာသာ အာရုံခံလိုက်မိသည်။အလောင်းတောင် မကျန်ခဲ့တော့ပေ။သူ့ဝိညာဉ်နှင့်အနှစ်သာရဝိညာဉ်က ဖျက်ဆီးခံလိုက်ရပေမယ့် အသိစိတ်ကတော့ ကျန်နေသေးသည်။
မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်က အချိန်ကာလရတနာ:ကမ္ဘာ့တံခါးထဲသို့ ဝင်သွားလိုက်သည်။
တိတ်ဆိတ်သွားသည်။
မူလအစအင်မော်တယ်ဘုရင်၏အသိိစိတ်သည် ပုန်းလိုက်ခြင်းဖြစ်သည်။
“မပျက်စီးနိုင်တဲ့ အသိစိတ်”
ချီမင်သည် ခဏမျှစဉ်းစားလိုက်ပြီး ခေါင်းမော့ကာ အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို ကြည့်လိုက်သည်။သူ့နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးတက်သွားပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။”ဟီးဟီး ပစ္စည်းကောင်းလေးပဲ။”
ခရက်!ခရက်!
လျှို့ဝှက်နက်နဲကမ္ဘာ၏အသိစိတ်က လွတ်လပ်သွားပြီဖြစ်သည်။မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်က မဖျက်ဆီးခံရပေမယ့် သူကတကယ်တော့ သေသွားခဲ့ပြီဖြစ်သည်။သူ့အလောင်းတောင် ချီမင်ကြောင့် ပြာကျသွားခဲ့ပြီဖြစ်သည်။
ထိုသို့ဖြင့် မူလအစအင်မော်တယ်ဘုရင်၏အံ့ဖွယ်စွမ်းအားနှင့်သိုင်းနည်းစနစ်များက အကျိုးမသက်ရောက်တော့ပေ။
ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာ့ဖန်တီးခြင်းအစီအရင်၏ နောက်ဆုံးအမြူတေသည် အက်ကွဲသွားပြီဖြစ်၏။အစီအရင်ပုံစံကပျောက်ကွယ်သွားပြီး ကြယ်ရောင်များအဖြစ်ပြောင်းလဲကာ ကောင်းကင်၌ ပျောက်ကွယ်သွားခဲ့သည်။
အချိန်တိုလေးအတွင်းမှာ အစီအရင်အမြူတေက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ပေါက်ကွဲမှုအလင်းများက ကောင်းကင်တောင် ပြည့်သွားသည်။
“ပျောက်သွားပြီ။ လုံးဝပျောက်သွားပြီ။”
“ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာ့ဖန်တီးခြင်းအစီအရင်ကားချပ်က ပျောက်ကွယ်သွားပြီ။”
“စီနီယာချီမင်နိုင် သွားပြီ။စီနီယာချီမင် နိုင်သွားတာ။”
“ဟားဟားဟား...”
“ငါခံစားမိပြီ။ ငါအထက်ကမ္ဘာကို ခံစားမိပြီ။ဒါ...ဒါက”
“ငါလည်း ခံစားမိပြီ။”
“ချိတ်စည်းက ပျောက်ကွယ်သွားပြီ။”
“အထက်ကမ္ဘာ ငါအထက်ကမ္ဘာရဲ့တည်ရှိမှုကို အာရုံခံလိုက်နိုင်ပြီ။”
“…..”
ထိုအချိန်တွင် ကောင်းကင်တံခါးလေးခုစစ်မြေပြင်တွင်
မျိုးနွယ်ငါးခုမှကျင့်ကြံသူများက အစီအရင်အမြူတေပျောက်ကွယ်သွားသည်ကို ရှင်းလင်းစွာမြင်လိုက်ရသည်။ဖိအားသည် ပျောက်ကွယ်သွားသောကြောင့် သူတို့က အလွန်အမင်းစိတ်လှုပ်ရှားသွားကြသည်။
ထို့အပြင် မူလအစအင်မော်တယ်ဘုရင်၏သေဆုံးမှု၊ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာ့ဖန်တီးခြင်းအစီအရင်၏ပျက်စီးသွားမှုနှင့် လျှို့ဝှက်နက်နဲကမ္ဘာ၏အသိစိတ်က လွတ်မြောက်သွားမှုတို့ကြောင့်....
သူတို့သည် အထက်ကမ္ဘာ၏တည်ရှိမှုကို နောက်တစ်ကြိမ်အာရုံခံနိုင်လိုက်သည်။
အထက်ကမ္ဘာ၏ဆင့်ခေါ်မှုက သူတို့ကို ပြောမပြတတ်အောင် စိတ်လှုပ်ရှားသွားစေသည်။သူတို့သာ ချက်ချင်းတက်လှမ်းချင်ပါက အထက်ကမ္ဘာသို့ရောက်သွားပေလိမ့်မည်။
သူတို့က မလုပ်သေးပေမယ့် လုပ်နိုင်တော့မည်ဖြစ်သည်။တိုက်ပွဲက အဆုံးမသတ်သေးပေ။လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးတွင် အဆုံးမဲ့သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သည်။
ထိုအခြေအနေအောက်တွင် မျိုးနွယ်ငါးခုမှ မဟာယနအဆင့်ကျင့်ကြံသူများမှာ အထက်ကမ္ဘာသို့ မတက်လှမ်းနိုင်သေးပေ။သူတို့သာ တက်လှမ်းလိုက်ပါက ကောင်းကင်နှင့်မြေကြီး၏တန်ခိုးအရှိန်အဝါနှင့်သတ်ဖြတ်လိုစိတ်က ဝန်းရံလာမှာဖြစ်သည်။
တကယ်တော့ ချက်ကျကျပြောမည်ဆိုပါက မဟာယနအဆင့်ကျင့်ကြံသူများက အတိဒုက္ခများစွာကို ကျော်ဖြတ်ပြီး ကံကြွေးများကို ဖြေရှင်းပြီးပြီဖြစ်သည်။သူတို့က အဆင့်နိမ့်ကမ္ဘာ၏ အထွတ်အထိပ်အဆင့်ဖြစ်သည်။ သူတို့အပေါ် ကောင်းကင်နှင့်မြေကြီး၏သတ်ဖြတ်လိုစိတ်သက်ရောက်လာပါလည်း ကိစ္စကြီးမဟုတ်ပေ။အတင်းအကြပ်တက်လှမ်းနိုင်သေးသည်။
ပိုပြီးအရေးကြီးသည်က အင်မော်တယ်ဘုရင်များဖြစ်ပါ၏။
မျိုးနွယ်ငါးခုမှ မဟာယနအဆင့်ကျင့်ကြံသူများတက်လှမ်းမည်ကို သူတို့က စောင့်ကြည့်နေကြမည်မဟုတ်ပေ။မျိုးနွယ်ငါးခုမှ မဟာယနအဆင့်ကျင့်ကြံသူများသာ တက်လှမ်းပါက အင်မော်တယ်ဘုရင်များက ကျိန်းသေပေါက် တားဆီးရန် တိုက်ခိုက်ပေလိမ့်မည်။
သူတို့သာ အထက်ကမ္ဘာကိုတက်လှမ်းချင်ပါက စစ်ပွဲကို အနိုင်ရရန်လိုအပ်သည်။
လေဟာနယ်အလွှာထဲတွင်
အချိန်ကာလရတနာ:ကမ္ဘာ့တံခါးသည် အလင်းတစ်ခုထုတ်လွှတ်လိုက်သည်။ကမ္ဘာ့စွမ်းအားထွက်ပေါ်လာပါ၏။မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်က လွတ်မြောက်ချင်နေသည်။
“အကျဉ်းချ!”
ချီမင်က ညာလက်ကိုဝေ့ယမ်းလိုက်တော့ မဟာယနဓမ္မစွမ်းအားများထွက်ပေါ်လာသောကြောင့် မမြင်နိုင်သည့်အားတစ်ခုဖြစ်သွားကာ အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို အတင်းအကြပ်တားဆီးလိုက်သည်။
သူက လက်နောက်ပစ်လျက် သုံးမီတာမြင့်သည့်အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို ကြည့်လိုက်သည်။ရှေးကျပြီးရိုးစင်းပေမယ့် ကြီးမားသည့်အရှိန်အဝါက ထွက်ပေါ်နေသည်။
“မင်းမလွတ်နိုင်ပါဘူး။”ချီမင်က ခပ်နိမ့်နိမ့်ပြောသည်။
မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်က အချိန်ကာလရတနာ:ကမ္ဘာ့တံခါးထဲမှ အသံလွှင့်ကာ ပြောလိုက်သည်။”ငါက အထက်ကမ္ဘာရဲ့အင်မော်တယ်ဘုရင်တစ်ပါးပဲ။မသေနိုင်တဲ့သဘာဝရှိတယ်။မင်းရဲ့အင်အားနဲ့ဆို ငါ့အသိစိတ်ကို မဖျက်ဆီးနိုင်သေးဘူး။”
“မင်းငါ့ကို မသတ်နိုင်ပါဘူး။”
“ဟီးဟီး”ချီမင်က ခပ်ဟဟရယ်ကာ မူလအစအင်မော်တယ်ဘုရင်၏စကားကို အာရုံမစိုက်ပေ။”မူလအစအင်မော်တယ်ဘုရင် မင်းရဲ့အသိစိတ်က အချိန်ကာလရတနာ:ကမ္ဘာ့တံခါးထဲမှာ နေလာတာကြာပြီ။သူ့ရဲ့အရှိန်အဝါတွေက မင်းမှာစွန်းထင်းနေပြီ။”
“မင်းကိုယ်မင်းမသိသေးမှာပဲ ငါကြောက်တာ”
“မင်းကတကယ်တော့ အချိန်ကာလရတနာ:ကမ္ဘာ့တံခါးရဲ့စိတ်ဝိညာဉ်အဖြစ် ပြောင်းလဲနေပြီ။မင်းက အခုထိ ကမ္ဘာ့တံခါးကိုမှီပြီး အသက်ရှင်လာရတာ။အတူတူပဲ သူကလည်း မင်းနဲ့ တဖြည်းဖြည်းပေါင်းစပ်နေပြီ။”
“မင်းက အချိန်ကာလရတနာ:ကမ္ဘာ့တံခါးရဲ့ပိုင်ရှင်လုံးဝမဟုတ်ဘူး။မင်းက အချိန်ကာလရတနာ:ကမ္ဘာ့တံခါးရဲ့စွမ်းအားကိုးဆယ်ရာခိုင်နှုန်းကို အတင်းအကြပ်သန့်စင်ထားတာ”
“မဖြစ်နိုင်ဘူး။”မူလအစအင်မော်တယ်ဘုရင်၏လေသံက ကြောက်လန့်မှုများဖြင့်ပြည့်နှက်သွားသည်။သူက ချီမင်၏စကားကြောင့်သတိထားမိသွားပြီ ထိတ်လန့်သွားသည်။အရေးကြီးတာက သူပြောင်းလဲနေတာကို တကယ်ရှာတွေ့သွားသည်။
ရှင်းလင်းစွာဖြင့် ချီမင်မှန်နေခဲ့သည်။
မူလအစအင်မော်တယ်ဘုရင်သည် အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏အကူအညီကြောင့် အသက်ရှင်လာပေမယ့် သူကလည်း တန်ဖိုးပြန်ပေးထားခဲ့ရသည်။သူ့အသိစိတ်က တဖြည်းဖြည်းပေါင်းစပ်နေခဲ့သည်။
မူလအစအင်မော်တယ်ဘုရင်၏အစီစဉ်သာ အောင်မြင်သွားပါက သူက လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးကိုဝါးမြိုပြီး ကမ္ဘာ့အရင်းအမြစ်ကို စုပ်ယူနိုင်ပေမည်။ထိုသို့သာဆိုလျှင် သူ၏ကျင့်ကြံမှုက ပြန်ရသွားပြီး နောက်ထပ်တိုးတက်လာပေလိမ့်မည်။
သူ့အသိစိတ်က ပြန်ကောင်းလာလိမ့်မည်ဖြစ်သည်။
အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကလည်း မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်နှင့် ပေါင်းစပ်လာမည်မဟုတ်ပေ။
ကံမကောင်းသည်က မူလအစအင်မော်တယ်ဘုရင်သည် ရှုံးနိမ့်သွားခဲ့သည်။
သူက လုံးဝကို ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။
မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်က အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏စုပ်ယူခြင်းကိုခံနေရသည်။အချိန်ကြာလာသည်နှင့်အမျှ တစ်နေ့နေ့တွင် မူလအစအင်မော်တယ်ဘုရင်သည် မူလအစအင်မော်တယ်ဘုရင်အနေဖြင့်ရှိနေမည်မဟုတ်တော့ပါ။သူက အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏စိတ်ဝိညာဉ်ဖြစ်လာပေလိမ့်မည်။
ထို့အပြင် ချီမင်ကလည်းသိထားသည်။သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုပါက သူက မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်ကို မဖျက်ဆီးနိုင်သေးပေ။သို့ပေသော်လည်း ချီမင်က သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို အောင်မြင်စွာကျင့်ကြံနိုင်ထားပြီး ဖရိုဖရဲအရောင်ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးကိုလည်း နားလည်ထားသည်။သူက အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို သန့်စင်နိုင်ပါ၏။
ထိုသို့သာဖြစ်သွားလျှင် ချီမင်သည် မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်ကို အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏စိတ်ဝိညာဉ်အဖြစ် တောင် သန့်စင်နိုင်သွားမည်ဖြစ်သည်။သူက မရေမတွက်နိုင်သည့် ကမ္ဘာ့အရင်းအမြစ်များကိုလည်း စုပ်ယူနိုင်သွားပေလိမ့်မည်။