အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို သန့်စင်ခြင်း အင်မော်တယ်နယ်ပယ် ဂိမ်းမြေအောက်စခန်းအသစ်ကို အသက်သွင်းခြင်း
Vol. 19 Ch. 281
ချီမင်က ဘာလုပ်ရမယ်ဆိုတာ တွေးထားပါ၏။သူက မူလအစအင်မော်တယ်ဘုရင်၏အစီအစဥ်များနှင့်စွမ်းရည်အမျိုးမျိုးကို ဖြေရှင်းရန် လိုအပ်သည်တန်ပြန်ဆောင်ရွက်ချက်များနှင့်နည်းလမ်းများကို ပြုလုပ်ထားသည်။
အစကတည်းက ချီမင်သည် မူလအစအင်မော်တယ်ဘုရင်ကို သတ်ဖြတ်ရန်မစီစဉ်ထားပေ။ထို့အပြင် သူ့လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် သူက မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်ကို အပြီးတိုင်မဖျက်ဆီးနိုင်သေးပေ။
ချီမင်က မူလတည်းက မူလအစအင်မော်တယ်ဘုရင်၏အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို သန့်စင်ပစ်ပြီး လုယူရန်စီစဉ်ထား၏။ကမ္ဘာ့တံခါးကိုသာ ကျွမ်းကျင်သွားရင် မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်ကို အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏စိတ်ဝိညာဉ်အဖြစ် သန့်စင်နိုင်မှာဖြစ်သည်။
ပိုပြီးအရေးကြီးသည်မှာ
အချိန်ကာလရတနာ:ကမ္ဘာ့တံခါးတွင် ဘက်စုံသုံးအရင်းအမြစ်ဖြစ်သည့် ကမ္ဘာ့မူလအစများစွာ ပါရှိသည်။
မူလအစအင်မော်တယ်ဘုရင်က ကမ္ဘာ့မူလအစများစွာကို စုဆောင်းထားရခြင်းမှာ သူက ထိုအရာများကိုသုံးပြီး ကျင့်ကြံခြင်းအဆင့်ပြန်တိုးတက်လာစေရန်ဖြစ်သည်။
ကမ္ဘာ့မူလအစက ဘက်စုံသုံးအရင်းအမြစ်တစ်ခုဖြစ်ပေမယ့် နောက်တစ်ဆင့်ကိုတော့ တိုက်ရိုက်မတက်စေပေ။မူလအစအင်မော်တယ်ဘုရင်သည် ကမ္ဘာ့မူလအစများကိုသူ၏မူလကျင့်ကြံခြင်းအဆင့် အထက်ကမ္ဘာ၏အင်မော်တယ်ဘုရင်အဖြစ်တိုးတက်ရန်အသုံးပြုနိုင်ပါသည်။
သူက ကျင့်ကြံခြင်းပြန်ကောင်းလာစေရန်ဖြစ်ပြီး အဆင့်တက်ရန်မဟုတ်ပေ။
ထိုအရာက မတူညီသည့်သဘောတရားနှစ်ခုဖြစ်ပါသည်။
ထို့အပြင် ကမ္ဘာ့မူလအစများက အဆင့်နိမ့်ကမ္ဘာ၏ကမ္ဘာ့မူလအစများသာဖြစ်သည်။ထိုအရာများက အများဆုံး ကောင်းကင်တာအိုအဆင့်သာဖြစ်သည်။ချီမင်က မဟာတာအိုကိုကျင့်ကြံပြီး မဟာတာအိုအဆင့်ဖြစ်သည်။သူက ကောင်းကင်တာအိုအဆင့်ကို ဖိနှိပ်နိုင်သည်။
အချိန်ကာလရတနာ:ကမ္ဘာ့တံခါးတွင် ကမ္ဘာ့မူလအစပါဝင်ပေမယ့် ချီမင်အတွက်များစွာ အကျိုးမရှိပေ။သူက စုပ်ယူပစ်ရင်တောင် ကောင်းကင်နှင့်မြေကြီး၏မဟာတာအိုကိုပိုပြီး နားလည်မသွားနိုင်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကတော့ ကမ္ဘာ့မူလအစ အားလုံးကိုစုပ်ယူနိုင်သည်။သူသာ မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်ကို အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏စိတ်ဝိညာဉ်အဖြစ်သန့်စင်နိုင်ပါက ရတနာက တိုးတက်ရန်အခွင့်အရေးရှိလာပေမည်။
ထိုအချိန်ကျရင် အထက်ကမ္ဘာမှရတနာတစ်ခုပဲမဟုတ်တော့ဘဲ ကောင်းကင်တာအိုရတနာဖြစ်လာပေလိမ့်မည်။
မူလကတည်းက
မူလအစအင်မော်တယ်ဘုရင်သည်လည်း လျှို့ဝှက်နက်နဲကမ္ဘာ၏အသိစိတ်ကို အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏စိတ်ဝိညာဉ်အဖြစ် သန့်စင်ချင်တာဖြစ်သည်။လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်နှင့်မူလအစအင်မော်တယ်ဘုရင်သည် ရင်းမြစ်တစ်ခုတည်းမှလာခြင်းဖြစ်သည်။
“ဖရိုဖရဲမဟာတာအိုကျမ်း”
ချီမင်သည် တင်ပျဉ်ခွေချိတ်ထိုင်လိုက်သည်။သူက အချိန်ကာလရတနာ:ကမ္ဘာ့တံခါးရှေ့တွင် ထိုင်နေသည်။ကျင့်ကြံခြင်းနည်းစနစ်ကိုလည်ပတ်လိုက်ပြီး ဖရိုဖရဲအရောင်ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးကို ဆင်ခြင်နေလိုက်တော့သည်။သူ၏မဟာယနဓမ္မစွမ်းအင်များက အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို ဖုံးအုပ်သွားတော့သည်။
“မင်း....မင်း”မူလအစအင်မော်တယ်ဘုရင်သည် ချက်ချင်းထိတ်လန့်သွားတော့သည်။”မင်းဘာလုပ်ချင်နေတာလဲ။မဖြစ်နိုင်ဘူး။ကမ္ဘာ့တံခါးကိုသန့်စင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။မင်းအောင်မြင်ဖို့လုံးဝမဖြစ်နိုင်ဘူး။”
“ငါက အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို ဖမ်းဆုပ်ထားမိပြီးသားလေ။”
ချီမင်သည် မူလအစအင်မော်တယ်ဘုရင်၏အသံလွှင့်စကားပြောလာတာကို ဝါးတားတားကြားလိုက်ရ၏။
“မင်းက အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို ဖမ်းဆုပ်ထားတယ်တဲ့လား။”
ချီမင်ကပြုံးလိုက်သည်။”မင်းကိုယ်မင်း လိမ်မနေပါနဲ့။မင်းက တကယ်မသန့်စင်နိုင်သေးပါဘူး။မင်းက ပိုင်ရှင်အစစ်မဟုတ်သေးဘူး။”
“မင်းက ရတနာထဲက နေရာလွတ်ကိုတောင် မသိထားဘူးလေ။”
“မဟုတ်ဘူး”မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်က အော်လိုက်သည်။
ချီမင်က အထဲမှာနစ်မြှုပ်သွားပြီး ကျင့်ကြံခြင်းနည်းစနစ်ကိုသာ လည်ပတ်နေလိုက်သည်။သူက သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို ကျင့်ကြံထားပြီး ဖရိုဖရဲကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးကို နားလည်ထားသည်။ထို့ကြောင့်လည်း အချိန်ကာလရတနာ:ကမ္ဘာ့တံခါးက သူကိုအလ်ိုအလျောက် သခင်အနေနဲ့ အသိအမှတ်ပြုလာတာဖြစ်သည်။
ယခုထိ မူလအစအင်မော်တယ်ဘုရင်သည် အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို ထိန်းချုပ်ထားခဲ့တာဖြစ်သည်။ချီမင်က ရတနာကိုသန့်စင်ဖို့လိုအပ်ပြီး ပိုင်ဆိုင်ခွင့်အတွက် တိုက်ခိုက်လိုက်သည်။
သူက ရတနာအပေါ်မှ မူလအစအင်မော်တယ်ဘုရင်၏ထိန်းချုပ်မှုကို ဖြည်းဖြည်းချင်းဖယ်ရှားရန်လိုအပ်သည်။သူက ယခင်ပိုင်ရှင်၏အသိစိတ်အမှတ်အသားကို ဖြည်းဖြည်းချင်းဖယ်ရှားနေလိုက်သည်။
အချိန်တော့လိုအပ်သည်။
အလွန်အမင်းနှေးကွေးစွာသာ ဖြစ်နေသည်။
“သန့်စင်နှုန်းက အရမ်းနှေးတယ်။”
ချီမင်က မျက်မှောင်ကြုံ့လိုက်သည်။”မူလအစအင်မော်တယ်ဘုရင်ရဲ့အသိစိတ်က အထက်ကမ္ဘာရဲ့အင်မော်တယ်ဘုရင်အဆင့်ပဲ။အချိန်ကာလရတနာ:ကမ္ဘာ့တံခါးပေါ်က သူ့ရဲ့အသိစိတ်အမှတ်အသားကိုဖယ်ပစ်ဖို့ကမလွယ်ဘူး။ရတနာပေါ်က သူ့ရဲ့ထိန်းချုပ်မှုကို ဖယ်ဖို့က လက်ရှိအခြေအနေရဆို အရမ်းကြာလိမ့်မယ်။”
“ငါနောက်ထပ်နည်းလမ်းတစ်ခုရှာရမယ်။”
တင်း!
“လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က မဟာယနအဆင့်သို့တိုးတက်သွားပါပြီ။အလိုအလျောက်ကျင့်ကြံခြင်းစနစ်ရဲ့အမြင့်ဆုံးမြှင့်တင်မှုက သန်းတစ်သောင်းမှ သန်းတစ်သိန်းသို့မြှင့်တက်သွားပါပြီ။”
…
တင်း!
“လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က မဟာယနအဆင့်သို့တိုးတက်သွားပါပြီ။အလိုအလျောက်ကျင့်ကြံခြင်းစနစ်အတွက် ဝိညာဉ်ကျောက်တုံးသုံးစွဲမှုက ဆယ်ဆတိုးသွားပါပြီ။နှစ်ဆမြှင့်တင်မှုတိုင်းအတွက် အဆင့်မြင့်ဝိညာဉ်ကျောက်တုံးဆယ်တုံးလိုအပ်ပါတယ်။”
…
တင်း!
“လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က မဟာယနအဆင့်သို့တိုးတက်သွားသည်ကို စစ်ဆေးမိပါတယ်။အဆင့်နိမ့်ကမ္ဘာရဲ့အထွတ်အထိပ်အဆင့်သို့ရောက်ရှိသွားပါပြီ။လက်ခံသူရဲ့ အထက်ကမ္ဘာသို့တက်လှမ်းမည့်အခြေခံခိုင်မာစေရန်အလို့ငှာ သင်သည် အလယ်အလတ်အဆင့်အင်မော်တယ်သလင်းကျောက်သန်းတစ်ထောင်ဖြည့်သွင်းကာ အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်ကိုဖွင့်နိုင်ပါပြီ။သင်အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကိုရှင်းလင်းတိုင်း ဆုလာဘ်များစွာရရှိပါလိမ့်မည်။”
…
ထိုတစ်ခဏတွင် ချီမင်အသိပေးချက်များကို လက်ခံရရှိလိုက်သည်။
ချီမင်၏ကျင့်ကြံခြင်းအဆင့်က တိုးတက်သွားသည့်အတွက် အလိုအလျောက်ကျင့်ကြံခြင်းစနစ်က ပြောင်းလဲသွားသည်။ထို့အပြင် ဂိမ်းမြေအောက်စခန်းအသစ်ကိုလည်း အသက်သွင်းလိုက်နိုင်သည်။
“အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်”
ချီမင်သည် ခဏလောက်စဉ်းစားလိုက်သည်။”နောက်ထပ်မတူညီတဲ့ဂိမ်းမြေအောက်စခန်းတစ်ခုလား။အရင်တစ်ကြိမ်တုန်းကပွင့်တဲ့ အကြီးစားဂိမ်းမြေအောက်စခန်းက တစ်ခါသုံးပဲ။ငါလည်းရှင်းပြီးရော ရွှေအမြူတေဆေးလုံးကိုးလုံးရပြီးအဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကို ခဏလေးနဲ့ကျော်ဖြတ်နိုင်သွားရော။ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က အချိန်တိုအတွင်း တိုးသွားရတယ်။”
“ဒီဂိမ်းမြေအောက်စခန်းအသစ်ကရော ဘာများပါလိမ့်။”
“ငါ ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးသန်းတစ်ထောင်ထည့်မယ်။”
ချီမင်က ဆိုသည်။”ဖရိုဖရဲအရောင်ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးကို နားလည်ဆင်ခြင်မယ်။”
တင်း!
“ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။”
“ဖရိုဖရဲအရောင်ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် ဆင်ခြင်နေပါတယ်။”
အသိပေးချက်တစ်ခု ပေါ်လာ၏။
“ဆက်လုပ်မယ်။”
ချီမင်ကဆို၏။”ငါ ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး သန်းနှစ်ထောင်ထည့်ပြီး မဟာကပ်ဘေးဒုက္ခကျမ်းနဲ့ ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကို ကျင့်ကြံမယ်။”
တင်း!
“မဟာကပ်ဘေးဒုက္ခကျမ်းကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။”
…
တင်း!
“ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။”
…
အသိပေးချက်နှစ်ခု ပေါ်လာသည်။
ချီမင်သည် လက်ရှိတွင် မဟာအံ့ဖွယ်စွမ်းအားနှစ်ခုကို ဖမ်းဆုပ်ထားမိသည်။မဟာကပ်ဘေးဒုက္ခနည်းစနစ်နှင့်ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်နှစ်ခုလုံးက ပြီးပြည့်စုံခြင်းအဆင့်တွင် ဖြစ်သည်။
သူသာ နောက်တစ်ဆင့်ကို လှမ်းနိုင်ပါက နက်နဲခြင်းအဆင့်သို့ ရောက်နိုင်တော့မည်ဖြစ်သည်။
ထိုအချိန်ကျရင် သူက မဟာအံ့ဖွယ်စွမ်းအားအဆောင်နှစ်ခုကို သိပ်သည်းနိုင်ပေလိမ့်မည်။သူထုတ်သုံးသည့်အခါတွင် စွမ်းအားက ပိုပြီးပြင်းထန်လာပြီး မဟာအံ့ဖွယ်စွမ်းအားနှစ်ခုကိုလည်း လုံးဝကျွမ်းကျင်သွားပေလိမ့်မည်။
“ငါ အလယ်အလတ်အဆင့်အင်မော်တယ်သလင်းကျောက် သန်းတစ်ထောင်ထည့်မယ်”ချီမင်က ပြောသည်။”အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်ကို အသက်သွင်းမယ်။”
တင်း!
“ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်”
“အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်ကို အောင်မြင်စွာအသက်သွင်းနိုင်ခဲ့ပါပြီ။”
“သင် မဟာယနအင်မော်တယ်အဆင့် ဂိမ်းမြေအောက်စခန်း:ကောင်းကင်အင်မော်တယ်စစ်မှန်ဂိုဏ်းသို့ ဝင်နိုင်ပါပြီ။”
အသိပေးချက်တစ်ခုပေါ်လာသည်။
“ဒါက...”
အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်နှင့်ပတ်သက်သည့်အချက်အလက်များက ချီမင်၏စိတ်ထဲတွင်ပေါ်လာတော့သည်။သူက နောက်ကွယ်မှအဓိပ္ပာယ်ကို နားလည်သွားသည်။
“ငါသိပြီ။ အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်ဆိုတာ ဂိမ်းမြေအောက်စခန်းထဲက အားအနည်းဆုံးရန်သူကတောင် မဟာယနအဆင့်ကိုဖိနှိပ်နိုင်တယ်။သူတို့ဆီက ကျလာတဲ့ရတနာတွေပစ္စည်းတွေကလည်း မဟာယနအဆင့်ထက် ကျော်တယ်။”
ဂိမ်းမြင်ကွင်း ပေါ်လာသည်။
ချီမင်က မြင်လိုက်ရသည်။ဂိမ်းမြင်ကွင်းထဲတွင်ချီမင်ပြောင်းလဲထားသည့်ဂိမ်းဇာတ်ကောင်က အင်မော်တယ်မဟုတ်သလို လမ်းမှန်ဂိုဏ်းကသူလည်းမဟုတ်တော့ပေ။သူက အင်မော်တယ်နယ်ပယ်က နတ်ဆိုးတစ်ကောင် ဖြစ်သွားတော့သည်။
အထက်ကမ္ဘာအတွက်ဆိုရင် ကောင်းကင်အင်မော်တယ်စစ်မှန်ဂိုဏ်းက စွမ်းအားကြီးဂိုဏ်းတစ်ခုမဟုတ်ပေ။သူ့ကို သာမန်ဂိုဏ်းတစ်ခုဟုသာ ယူဆနိုင်သည်။ကောင်းကင်အင်မော်တယ်စစ်မှန်ဂိုဏ်းက အထက်ကမ္ဘာကတော့မဟုတ်ပေ။သူက အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကဖြစ်သည်။
ယခုတွင် ကောင်းကင်အင်မော်တယ်စစ်မှန်ဂိုဏ်း၏ဂိုဏ်းချုပ်ငယ်လေးက ချီမင်ပြောင်းလဲထားသည့်အင်မော်တယ်နယ်ပယ်နတ်ဆိုး၏ကိုယ်ပိုင်တပည့်ကို သတ်ဖြတ်ခဲ့သည်။သူက ချီမင့်ကိုစော်ကားမိထားပြီး သူ့တွင် ချီမင်လိုချင်သည့်ရတနာလည်းရှိနေသည့်အတွက် ချီမင်က ကောင်းကင်အင်မော်တယ်စစ်မှန်ဂိုဏ်းကို တိုက်ခိုက်ခဲ့သည်။ချီမင်က ထိုအခွင့်အရေးကိုယူပြီး အင်မော်တယ်နယ်ပယ်နတ်ဆိုး၏စွမ်းအားဖြင့် ဂိုဏ်းကို တိုက်ခိုက်လိုက်သည်။
အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းက ဖြစ်ပေါ်လာသည်။
“ဟူး....”
ချီမင်က အသက်ပြင်းပြင်းရှုပြီး ဂိမ်းမြင်ကွင်းက တိုက်ပွဲကို ကြည့်လိုက်သည်။သူ့မျက်နှာပေါ်တွင် အံ့ဩသွားသည့်ဟန်ပေါ်လာသည်။”ဒါက မဟာယနအဆင့်ကိုကျော်လွန်တဲ့အင်အားလား။ကြည့်ရတာ အရမ်းမသန်မာသလိုပဲ။”
မဟာယနအင်မော်တယ်အဆင့်ဂိမ်းမြေအောက်စခန်းအသစ်:ကောင်းကင်အင်မော်တယ်စစ်မှန်ဂိုဏ်းမှတစ်ဆင့် ချီမင်သည် အထက်ကမ္ဘာ၏အဆင့်ခွဲခြားမှုကို အကြမ်းဖျဉ်းနားလည်သွားသည်။သူက အင်မော်တယ်အဆင့်နှင့် ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်ကို သိထားသည်။
အင်မော်တယ်များသည် ယေဘုယျအားဖြင့် အဆင့်နိမ့်ကမ္ဘာ၏မဟာယနအဆင့်မှ အထက်ကမ္ဘာသို့တက်လှမ်းလာခြင်းဖြစ်ပြီးအထက်ကမ္ဘာ၏နှစ်ခြင်းကိုရရှိကာ အသွင်ပြောင်းသွားခြင်းဖြစ်သည်။
ပြီးပြည့်စုံခြင်းအင်မော်တယ်များက သဘာဝအတိုင်း အင်မော်တယ်အဆင့်ကို ဖိနှိပ်နိုင်ပြီး ထပ်မံတိုးတက်နိုင်သည်။
အင်မော်တယ်များနှင့် ပြီးပြည့်စုံခြင်းအင်မော်တယ်များက အင်မော်တယ်နယ်ပယ်အမျိုးအစားတစ်ခုတည်းမှဖြစ်သည်။
အတွေးတစ်ချက်ဖြင့် ချီမင်သည် ဂိမ်းမျက်နှာပြင်ကို ပိတ်လိုက်သည်။
“ငါ ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးသန်းတစ်ထောင်ထည့်မယ်။”
ချီမင်က ဆိုသည်။”အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို သန့်စင်မယ်။”
တင်း!
“ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။”
“အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် သန့်စင်နေပါတယ်။”
အသိပေးချက်တစ်ခု တက်လာသည်။
သိသာလှပါ၏။
ချီမင်က ပြောင်းလဲမှုကို ချက်ချင်းခံစားလိုက်ရသည်။အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို သန့်စင်နေသည့်အရှိန်က တစ်ခဏအတွင်း အဆပေါင်းများစွာ တိုးသွားသည်။
“ဘာ...ဘာဖြစ်သွားတာလဲ။ဘာတွေဖြစ်ကုန်တာလဲ။”
“မဟုတ်ဘူး။မဖြစ်ရဘူး။”
မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်က ချက်ချင်းတုန့်ပြန်လာသည်။သူက ချီမင်၏အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို သန့်စင်နှုန်းကအဆပေါင်းများစွာ တိုးတက်သွားမည်ဟု မထင်ထားခဲ့ပေ။
မူလအစအင်မော်တယ်ဘုရင်သည် အမှန်တကယ်ထိတ်လန့်သွားရသည်။
ထိုအခိုက် မူလအစအင်မော်တယ်ဘုရင်သည် အကြောက်တရားကို ခံစားလိုက်မိသည်။
အချိန်ကာလရတနာ:ကမ္ဘာ့တံခါးက သူ့အခြေခံအုတ်မြစ်ဖြစ်သည်။သူသာဆုံးရှုံးသွားပါက သူ့အသိစိတ်ကလည်း ပုန်းရမည့်နေရာပျောက်သွားပြီး အခြေအနေကို ပြောင်းပြန်လှန်ဖို့အခွင့်အရေးလည်း ဆုံးရှုံးသွားပေမည်။
သို့သော်လည်း
သူက ချီမင်၏သန့်စင်နှုန်းကအဆပေါင်းများစွာ ရုတ်တရက်တိုးလာရသည့် အကြောင်းအရင်းကို နားမလည်နိုင်ခဲ့ပေ။မဟာတာအိုကျင့်ကြံခြင်း၏ ကြောက်မက်ဖွယ်စွမ်းရည်မျိုးများလား။