← Chapters

ပစ္စည်းစိတ်ဝိညာဉ်အဖြစ်သန့်စင်ခြင်း

Vol. 19 Ch. 285

ပစ္စည်းစိတ်ဝိညာဉ်အဖြစ်သန့်စင်ခြင်း

Vol. 19 Ch. 285

ချီမင်က ပထမအင်မော်တယ်ဘုရင်တို့ကို မသိချင်ယောင်ဆောင်လိုက်သည်။ချီမင်၏အမြင်တွင်တော့ စိတ်ဝိညာဉ်မျိုးနွယ်၏စစ်မှန်ဝိညာဉ်(၁၆၆)ခုလုံးက ပစ္စည်းစိတ်ဝိညာဉ်သန့်စင်ဖို့ ပါဝင်ပစ္စည်းများသာ ဖြစ်သည်။

‌စကားထဲထည့်ပြောရန်ပင် မထိုက်တန်ပေ။

“ချမ်းသာပေးပါ။စီနီယာ ချီမင် ချမ်းသာပေးပါ။”

“ကျွန်တော်တို့ မှားသွားပါတယ်။”

“ကျွန်တော်တို့ကို ချမ်းသာပေးပါ။”

“…”

ဘုန်း!ဘုန်း!

စိတ်ဝိညာဉ်ဘုရင်(၃၆)ပါး၏စစ်မှန်ဝိညာဉ်များက မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည်။သူတို့က ချီမင်ကို သနားညှာတာပေးရန်‌ တောင်းပန်နေကြသည်။နှစ်ပေါင်းများစွာကြာပြီးနောက်မှာ စိတ်ဝိညာဉ်ဘုရင်များက ကိစ္စများ၏အမှန်တရားကို နားလည်သွားကြပြီး သူတို့မှားသွားသည်ကို သိသွားခဲ့ရသည်။

“မင်း....မင်းတို့...”

“ခွေးမသားတွေ”

“သစ္စာဖောက်တွေ!”

“မင်းတို့ အင်မော်တယ်ဘိုးဘေးကို သစ္စာဖောက်နေကြတာပဲ။”

“ခွင့်လွှတ်ပေးလို့မရဘူး။”

“…”

ပထမအင်မော်တယ်ဘုရင်တို့က ဒေါသထွက်သွားကြသည်။

“စောက်ပေါက် ပိတ်ထားကြ”

“ဘာကို အင်မော်တယ်ဘိုးဘေးလဲ။အင်မော်တယ်ဘိုးဘေးက သေသွားတာကြာပြီ။မင်းတို့အကုန် လှည့်စားခံနေရတာ။”

“ဟားဟားဟား...”

“ငါတို့အားလုံး လေးစားလှပါချည်ရဲ့ ယုံကြည်လှပါချည်ရဲ့ဆိုတဲ့ အင်မော်တယ်ဘိုးဘေးဆိုတာ အတုကြီး။သူက သေသွားတာကြာပြီ။ငါတို့က မူလအစအင်မော်တယ်ဘုရင်ကို ယုံကြည်နေခဲ့ကြတာ။သူက တကယ်တော့ မူလအစအင်မော်တယ်ဘုရင်ပဲ။”

“အစကတည်းက မူလအစအင်မော်တယ်ဘုရင်က ငါတို့ကို လိမ်နေခဲ့တာ။အင်မော်တယ်ကမ္ဘာကိုဖန်တီးမယ်ဆိုတဲ့အစီအစဉ်ကလည်း အတုကြီး။သူက လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးကို ဝါးမြိုချင်နေတာ။သူက သူ့ကိုသစ္စာရှိတဲ့ ငါတို့အင်မော်တယ်ဘုရင်တွေကိုတောင် လွှတ်ပေးတာမဟုတ်ဘူး။ငါတို့က သူတို့ရဲ့စတေးခံတွေပဲ။”

“အရမ်းသနားဖို့ကောင်းတယ်။”

“ဟားဟားဟား”

စိတ်ဝိညာဉ်ဘုရင်(၃၆)ပါးက ဝမ်းနည်‌ဖွယ်အသံဖြင့် ကျယ်လောင်စွာရယ်မောလိုက်သည်။

“မဟုတ်ဘူး။”

“မဖြစ်နိုင်ဘူး။”

“အမှန်မဟုတ်ဘူး။ဒါ အမှန်မဟုတ်ဘူး။”

“မင်းလိမ်နေတာ။မင်းတို့တွေ လိမ်နေတာ။”

“…”

ပထမအင်မော်တယ်ဘုရင်တို့က မျက်လုံးပြူးသွားကြပြီး ထပ်ခါတလဲ ငြင်းဆန်လိုက်ကြသည်။

“ဆူလွန်းတယ်။”

ချီမင်၏အကြည့်က အေးစက်သွားပါ၏။ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ ကမ္ဘာ့တံခါး၏စွမ်းအားကထွက်ပေါ်လာပြီး စိတ်ဝိညာဉ်ဘုရင်(၁၆၆)ပါးကို ဖိနှိပ်လိုက်သည်။

“သန့်စင်ခြင်း”

ချီမင်က အသက်ပြင်းပြင်းရှုကာ ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်လိုက်သည်။ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားက ထွက်ပေါ်လာသည်။ အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏စွမ်းအားကမြင့်တက်လာပြီး ပထမအင်မော်တယ်ဘုရင်ကို ဖုံးအုပ်သွားသည်။

ပထမအင်မော်တယ်ဘုရင်က အသည်းခိုက်အောင်နာကျင်နေသည့်ဟန်ဖြင့် အော်ဟစ်လိုက်သည်။

ချီမင်က ပထမအင်မော်တယ်ဘုရင်၏စစ်မှန်ဝိညာဉ်အသိစိတ်ကို အချိန်ကာလရတနာ:ကမ္ဘာ့တံခါးနှင့် ပေါင်းစပ်လိုက်သည်။ ကမ္ဘာ့မူလအစနှင့် သူက ပစ္စည်းစိတ်ဝိညာဉ်လိုချင်တာဖြစ်သည်။

စိတ်ဝိညာဉ်ဘုရင်(၁၆၆)ပါးက အချိုပွဲများသာဖြစ်သည်။အဓိကဟင်းလျာက မူလအစအင်မော်တယ်ဘုရင်ဖြစ်သည်။စိတ်ဝိညာဉ်ဘုရင်(၁၆၆)ပါး၏စစ်မှန်ဝိညာဉ်အသိစိတ်ကို သန့်စင်ခြင်းက ပစ္စည်းစိတ်ဝိညာဉ်သန့်စင်ရာတွင် ခိုင်မာသည့် အခြေခံကို တည်ဆောက်ပေးနိုင်သည်။

“ငါ ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးသန်းနှစ်ထောင်ထည့်မယ်။”

ချီမင်က လေသံခပ်နိမ့်နိမ့်ပြောသည်။”စိတ်ဝိညာဉ်ဘုရင်စစ်မှန်ဝိညာဥ်အသိစိတ်တွေနဲ့ ကမ္ဘာ့မူလအစကို ပေါင်းစပ်ပြီး သန့်စင်လိုက်တော့။”

တင်း!

“ပထမအင်မော်တယ်ဘုရင်၏စစ်မှန်ဝိညာဉ်အသိစိတ်ကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် သန့်စင်နေပါတယ်။”

…

တင်း!

“ကမ္ဘာ့မူလအစကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် ပေါင်းစပ်သန့်စင်နေပါတယ်။”

…

အသိပေးချက်နှစ်ခုပေါ်လာ၏။

ချီမင်သန့်စင်နေသည့်အရှိန်က အတော်လေးမြန်၏။မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်က အပြောင်းအလဲကို အာရုံခံလိုက်နိုင်သည်။သူက အတွင်းမှာ ပိုပိုပြီး ထိတ်လန့်ကြောက်ရွံ့လာတော့၏။

ပတ်ဝန်းကျင်မှာ ကျန်နေသေးသည့်စိတ်ဝိညာဉ်ဘုရင်(၁၆၅)ပါးကလည်း အလွန်အမင်းကြောက်လန့်နေကြသည်။သူတို့က ထွက်ပြေးလို့လည်းမရပေ။

သူတို့က လက်စားချေရန်လည်း စွမ်းအားမရှိပေ။သူတို့က ကမ္ဘာ့တံခါးတိုးတက်လာဖို့ နာနာခံခံနှင့် ပါဝင်ပစ္စည်းဖြစ်လာရန်သာရှိတော့သည်။

ချီမင်က ကမ္ဘာတံခါးကို နှစ်တစ်ထောင်ကြာ သန့်စင်ခဲ့သည်။လျှို့ဝှက်နက်နဲကမ္ဘာတွင်တော့ နှစ်တစ်ထောင်အတွင်း ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။

ပထမဆုံး နတ်ဘုရား၊သရဲ၊လူသား၊မိစ္ဆာ၊နတ်ဆိုးမျိုးနွယ်တို့မှ မဟာယနအဆင့်ကျင်ကြံသူများမှာ အထက်ကမ္ဘာသို့ တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းသွားခဲ့သည်။

စိတ်ဝိညာဉ်မျိုးနွယ်က ယခင်အင်မော်တယ်ဘုရင်ဓမ္မနည်းစနစ်ကို စွန့်ပစ်ခဲ့ပြီး နည်းလမ်းမှန်ကို ကျင့်ကြံခဲ့ကြသည်။ လက်ရှိအတိဒုက္ခကျော်လွှားခြင်းအဆင့်မြို့အရှင်အနည်းငယ်ကလည်း မဟာယနအဆင့်သို့ တက်လှမ်းသွားခဲ့ကြသည်။

မျိုးနွယ်ငါးခုထဲမှ အတိဒုက္ခကျော်လွှားခြင်းအဆင့်ကျင့်ကြံသူများကလည်း အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကို ကျော်လွှားပြီး မဟာယနအဆင့်သို့ရောက်လာကြသည်။

နှစ်တစ်ထောင်အတွင်းမှာ ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။

လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးကို ကြည့်လိုက်လျှင်

မဟာယနအဆင့်များ အနည်းငယ်သာရှိတော့သည်။သူတို့ထဲက အများစုက အထက်ကမ္ဘာသို့တက်လှမ်းသွားပြီဖြစ်သည်။အနည်းငယ်သာ မဟာယနအဆင့်သို့တက်ပြီး လျှို့ဝှက်နက်နဲကမ္ဘာတွင် ကျန်ရှိနေခဲ့ကြဆဲဖြစ်သည်။

တစ်နှစ်ကြာပြီးနောက်...

တင်း!

“ပထမအင်‌မော်တယ်တယ်ဘုရင်၏စစ်မှန်ဝိညာဉ်အသိစိတ်ကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် တစ်နှစ်ကြာသန့်စင်ခဲ့ပါတယ်။သင် ပထမအင်မော်တယ်ဘုရင်၏စစ်မှန်ဝိညာဉ်အသိစိတ်ကို အောင်မြင်စွာသန့်စင်နိုင်ခဲ့ပါပြီ။”

…

တင်း!

“ဂုဏ်ပြုပါတယ် လက်ခံသူ။သင် ကမ္ဘာ့မူလအစကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် သန့်စင်ခဲ့ပါတယ်။သင် ကမ္ဘာ့မူလအစတစ်ထောင်ကို စုပ်ယူနိုင်ခဲ့ပါပြီ။”

အသိပေးချက်တစ်ခု ပေါ်လာသည်။

…

ချီမင်၏နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးတက်သွားသည်။သူက စိတ်အခြေအနေကောင်းနေသည်။အတွေးတစ်ချက်ဖြင့် ညာဘက်လက်ကိုဝေ့ယမ်းကာ ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်လိုက်သည်။သူ၏ဓမ္မစွမ်းအားက ကောင်း‌ကင်ပေါ်တက်သွားပြီး အထွတ်အထိပ်အင်မော်တယ်ဘုရင်ကိုသယ်ကာ ကမ္ဘာ့တံခါးထဲသို့ ပစ်ထည့်လိုက်သည်။

သူက နောက်တစ်ကြိမ်သန့်စင်လိုက်သည်။

“ငါ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးသန်းနှစ်ထောင်ထည့်မယ်။”

ချီမင်က ဆို၏။”ဆက်ပြီး သန့်စင်မယ်။”

တင်း!

“အထွတ်အထိပ်အင်မော်တယ်ဘုရင်၏စစ်မှန်ဝိညာဉ်အသိစိတ်ကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် သန့်စင်နေပါတယ်”

…

တင်း!

“ကမ္ဘာမူလအစကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် သန့်စင်ပေါင်းစပ်နေပါတယ်..”

…

အသိပေးချက်အနည်းငယ် ပေါ်လာသည်။

“မဆိုးဘူး။”

ချီမင် ခေါင်းအသာညိတ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ နောက်တစ်နှစ်ကြာသွားသည်။

ချီမင်သည် အလိုအလျောက်ကျင့်ကြံခြင်းစနစ်မှ အသိပေးချက်ကို လက်ခံရလိုက်ပြန်သည်။သူက တစ်နှစ်အတွင်း အထွတ်အထိပ်အင်မော်တယ်ဘုရင်၏စစ်မှန်ဝိညာဉ်အသိစိတ်ကို အောင်မြင်စွာ ပေါင်းစပ်ပြီး သန့်စင်နိုင်သွားသည်။သူက ကမ္ဘာ့မူလအစထောင်ချီကို ထပ်မံစုပ်ယူကာ သန့်စင်လိုက်ပြန်သည်။

ထိုသို့ဖြင့် ချီမင်သည် စိတ်ဝိညာဉ်ဘုရင်များ၏စစ်မှန်ဝိညာဉ်အသိစိတ်များကို နှစ်တိုင်း သန့်စင်ပြီး ကမ္ဘာ့မူလအစများကိုလည်း သန့်စင်လေသည်။

အချိန်ကုန်ဆုံးသွားသည်။

နွေဦးကုန်ဆုံးကာ ဆောင်းဦးသို့ ရောက်ရှိလာခဲ့သည်။

ကျင့်ကြံလျက်သာ အချိန်ကုန်ဆုံးသွားခဲ့သည်။

နှစ်ပေါင်း(၁၆၄)နှစ် ကြာသွားခဲ့သည်။

ဘုန်း!ဘုန်း!

ချီမင်ကတော့ များစွာမပြောင်းလဲပေ။သို့ပေမယ့် အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကတော့ များစွာပြောင်းလဲသွားရသည်။

ပတ်ဝန်းကျင်မှာ စိတ်ဝိညာဉ်ဘုရင်(၁၆၆)ပါး၏စစ်မှန်ဝိညာဉ်အသိစိတ်များ ပျောက်ကွယ်သွားခဲ့သည်။သူတို့အကုန်လုံးကို အချိန်ကာလရတနာ:ကမ္ဘာ့တံခါးထဲသို့ သန့်စင်ပြီးသွားပြီး ပစ္စည်းစိတ်ဝိညာဉ်သန့်စင်ဖို့အတွက် အရင်းအမြစ်များဖြစ်သွားကြသည်။

တစ်ချိန်တည်းမှာ အချိန်ကာလရတနာ:ကမ္ဘာ့တံခါးသည် ကမ္ဘာ့မူလအစများ၏စုစုပေါင်း(၁၆.၆)%ကိုစုပ်ယူနိုင်လိုက်သည်။ဆယ်ရာခိုင်နှုန်းထက်ကျော်ပေမယ့် ငါးဆယ်ရာခိုင်နှုန်းထိတော့ မရောက်ပေ။

ချီမင်က ကမ္ဘာ့တံခါးပြောင်းလဲသွားသည်ကို ခံစားလိုက်ရ၏။ပိုပြီးသန်မာလာသလို နက်နဲလာသည်။ကောင်းကင်တာအိုနှင့် စွန်းထင်းသွားသည့်အတွက်ပင်။

ချီမင် လုပ်သမျှက မှန်နေသည်။

“ကောင်းတယ်။”

ချီမင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်တည်လာ၏။သူက အရမ်းကျေနပ်နေသည်။”ငါလိုချင်တဲ့ အတိုင်းပဲ။ငါသာ မူလအစအင်မော်တယ်ဘုရင်ရဲ့အသိစိတ်နဲ့ ကမ္ဘာ့မူလအစအကုန်လုံးကို သန့်စင်လိုက်ရင် အချိန်ကာလရတနာ:ကမ္ဘာ့တံခါးက ကောင်းကင်တာအိုရတနာအဆင့်ကို တက်ဖို့ အခွင့်အရေးများသွားလိမ့်မယ်။”

ချီမင်က အသက်ပြင်းပြင်းရှုပြီး မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်အပေါ် အာရုံစိုက်ထားလိုက်သည်။”မင်းရဲ့ နောက်လိုက်တွေတော့ သွားပြီ။အခု မင်းအလှည့်ပဲ။”

“ချီမင်!!!!”

နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာ မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်က အမြဲတမ်းကြောက်ရွံ့နေခဲ့ရသည်။သူက ချီမင်ကို ပြင်းထန်စွာလည်း မုန်းတီးနေခဲ့သည်။နှစ်တစ်ထောင်အတွင်း သူက ချီမင်ကို အချိန်တိုင်း ကျိန်ဆဲနေခဲ့သည်။

“ငါမင်းကို ကျိန်စာတိုက်တယ်။မင်းမအောင်မြင်ပါစေနဲ့။မင်းကျရှုံးပါစေ။မင်းအသေဆိုးနဲ့သေပါစေ။မင်းဘယ်တော့မှ ပြန်လည်‌မမွေးဖွားနိုင်ပါနဲ့။”

“ရယ်ဖို့ကောင်းတယ်။”

ချီမင်ကခေါင်းခါလိုက်၏။”မင်းကျိန်ဆဲနေလည်း အပိုပဲ။ စိတ်တော့မကောင်းပေမယ့် အသုံးမဝင်ဘူး။”

“ဖရိုဖရဲမဟာတာအိုကျမ်း”

အတွေးတစ်ချက်ဖြင့် ချီမင်က ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်လိုက်သည်။ လွန်ခဲ့တဲ့နှစ်တစ်ထောင်အတွင်း သူကထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးများထည့်ပြီး ဖရိုဖရဲကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် ဆင်ခြင်နေခဲ့သည်။

ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို နက်ရှိုင်းစွာနားလည်ဖို့က မလွယ်ကူပေ။

ထို့ကြောင့်လည်း ချီမင်က ဖရိုဖရဲမဟာတာအိုကျမ်းကို ထပ်ပြီးနားမလည်သေးပေ။

ထို့အပြင် မဟာကပ်ဘေးဒုက္ခနည်းစနစ်နှင့် ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကလည်း အနည်းငယ်သာ တိုးတက်လာသည်။နက်နဲခြင်းအဆင့်သို့ ရောက်ရန်လိုသေးသည်။

“သန့်စင်”

ချီမင်က ကောင်းကင်နှင့်မြေကြီးမဟာတာအိုရည်ရွယ်ချက်ပါဝင်သည့် ဓမ္မစွမ်းအားကိုလည်ပတ်လိုက်သည်။စွမ်းအားက ကမ္ဘာ့တံခါးထဲသို့ တိုးဝင်သွားပြီး မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်ကို ဖုံးအုပ်သွားသည်။

မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်မှ နားမခံသာလောက်သည့် သနားစဖွယ်အော်သံထွက်လာသည်။

အတော်လေး နာကျင်နေဟန်ရသည်။

“ငါ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးသန်းတစ်ထောင်ထည့်မယ်”

ချီမင်က ‌ဆိုသည်။”မူလအစအင်မော်တယ်ဘုရင်ရဲ့အသိစိတ်ကို သန့်စင်မယ်။”

တင်း!

“ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။”

“သင် အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်ကို ကျင့်ကြံနေပါတယ်။”

အသိပေးချက်တစ်ခု ပေါ်လာသည်။

ချီမင်သည် မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်ကိုသန့်စင်နှုန်းက အတော်လေးတိုးသွားသည်ကို သိလိုက်ရ၏။အမြန်နှုန်းက ခိုးတင်လိုက်သည့်အလား အဆပေါင်းများစွာတိုးသွားခြင်းဖြစ်သည်။

“အားး!!”

မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်က ကြောက်ရွံ့စွာအော်ဟစ်နေသည်။

အတော်လေးမြန်လှသည်။

ဒီကိစ္စက သန့်စင်ခြင်းပဲမဟုတ်ပေ။သန့်စင်ခြင်းနှင့် ပေါင်းစပ်ခြင်းတို့ကို ရောထားတာဖြစ်သည်။စိတ်ဝိညာဉ်ဘုရင်(၁၆၆)ပါး၏ သန့်စင်ထားသည့်ဝိညာဉ်နှင့် မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်ကို ပေါင်းစပ်ကာ ဝိညာဉ်တစ်ခုကို ပြုလုပ်နေခြင်းဖြစ်သည်။

လက်ရှိအခြေအနေအရ ချီမင်၏အကြံအစည်က အောင်မြင်သွားနိုင်ပါသည်။ချီမင်က မူလအစအင်မော်တယ်ဘုရင်ကို ကမ္ဘာ့တံခါး၏စိတ်ဝိညာဉ်အဖြစ်သန့်စင်နိုင်သွားပေမည်။

ထိုသို့သာ အောင်မြင်သွားပါက

ချီမင်က ကောင်းကင်တာအိုအဆင့်ရတနာအပြင် အထက်ကမ္ဘာမှ အင်မော်တယ်ဘုရင်တစ်ပါး၏ မှတ်ဉာဏ်နှင့်အသိပညာကို ပိုင်ဆိုင်ထားသည့် ပစ္စည်းစိတ်ဝိညာဉ်ကိုပါ ရနိုင်ပေသည်။

ခဲတစ်လုံးနှင့်ငှက်နှစ်ကောင်ပစ်လိုက်သည်ဟု ဆိုရမည်။

All Chapters