← Chapters

ကောင်းကင်ကို ပြုပြင်ခြင်း၊အစေခံတစ်ယောက်ရရှိသွားခြင်း

Vol. 19 Ch. 282

ကောင်းကင်ကို ပြုပြင်ခြင်း၊အစေခံတစ်ယောက်ရရှိသွားခြင်း

Vol. 19 Ch. 282

အချိန်က လျင်မြန်စွာကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ‌နောက်တစ်ရက်ရောက်လာသည်။

တစ်ရက်အတွင်းမှာ ချီမင်သည် အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် သန့်စင်ခြင်းမှ အကျိုးရလဒ်များစွာ ရလိုက်ပါ၏။သူက အချိန်ကာလရတနာ:ကမ္ဘာ့တံခါးနှင့်သင့်တော်သည့်ဆက်သွယ်မှုကို တည်ဆောက်နိုင်ခဲ့သည်။

ချီမင်၏မျက်နှာပေါ်တွင် အပြုံးအကြီးကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

တစ်ခြားတစ်ဖက် အချိန်ကာလရတနာ:ကမ္ဘာ့တံခါးထဲတွင် မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်ကလည်း သူ့ထိန်းချုပ်မှု ဆုံးရှုံးလာတာကို ခံစားမိလိုက်သည်။

သေးငယ်သည့်အပြောင်းအလဲဖြစ်ပေမယ့် မူလအစအင်မော်တယ်ဘုရင်ကို နာကျင်သွားစေသည်။ဒီတစ်ကြိမ်တော့ သူ့သေဆုံးချိန် တကယ်ကြီး ရောက်လာပြီဟု ခံစားလိုက်ရသည်။

သူ့အသိစိတ်အနက်ရှိုင်းဆုံးထဲတွင်တော့ သူက မထိန်းနိုင်လောက်အောင် ကြောက်ရွံ့နေခဲ့ပါ၏။

မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်က ချီမင်၏သန့်စင်ခြင်းကို တားဆီးရန်အကောင်းဆုံးကြိုးစားနေပေမယ့်လည်း အရာမထင်ပေ။

အရာရာတိုင်းက ပုံသေဖြစ်သွားခဲ့ပေပြီ။မူလအစအင်မော်တယ်ဘုရင်သည် ဘယ်အရာကိုမှ မပြောင်းလဲနိုင်တော့ချေ။

သိပ်မကြာခင်မှာပဲ ညနေရောက်လာခဲ့သည်။

ချီမင်က အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်:ကောင်းကင်အင်မော်တယ်စစ်မှန်ဂိုဏ်းကို ရှင်းလင်းပြီးကြောင်း အသိပေးချက်မရသေးပေ။သူက အတော်လေးအံ့အားသင့်သွားပြီး ဂိမ်းမျက်နှာပြင်ကို အလျင်အမြန် ဖွင့်ကြည့်လိုက်မိသည်။

ဂိမ်းမြေအောက်စခန်းတွင် အင်မော်တယ်နယ်ပယ်နတ်ဆိုးက ကောင်းကင်အင်မော်တယ်စစ်မှန်ဂိုဏ်းကို တိုက်ခိုက်နေသည်။သို့ပေသော်လည်း သူ့ကို ဂိုဏ်းကလည်း ဝိုင်းကာတိုက်နေသည်။တိုက်ပွဲအဆက်လိုက် ဖြစ်ပေါ်နေသည်။

“သူတို့ တိုက်ခိုက်‌နေသေးတာပဲ။”ချီမင်က အနည်းငယ်အံ့အားသင့်စွာဖြင့် ပြောလိုက်၏။

သူက မူလတုန်းက တစ်ရက်လောက်နဲ့ဂိမ်းမြေအောက်စခန်းအသစ်:ကောင်းကင်အင်မော်တယ်စစ်မှန်ဂိုဏ်းကို ‌ရှင်းပြီးမည်ဟု ထင်ခဲ့တာဖြစ်သည်။အခုထိမပြီးသေးဘဲနေမည်ဟု မထင်ထားခဲ့ချေ။

အတိတ်မှာတုန်းက ဂိမ်းမြေအောက်စခန်းတစ်ခုကိုရှင်းဖို့ တစ်ရက်သာလိုသည်။လုံးဝကို ပုံသေဖြစ်ခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ ကောင်းကင်အင်မော်တယ်စစ်မှန်ဂိုဏ်းကို တစ်ရက်နဲ့ ရှင်းလို့မရခဲ့ပေ။

တစ်နည်းပြောရရင်

အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းက ယခင်ဂိမ်းမြေအောက်စခန်းများကဲ့သို့ မဟုတ်ပေ။သူတစ်ကြိမ်ရှင်းလင်းတိုင်း အချိန်က ပိုကြာလာမည်ဖြစ်သည်။

ချီမင်၏အပေါ်မှ ကမ္ဘာ့အရံအတား၏အပေါက်ကို ပြုပြင်ရန်ခက်ခဲသည်။ ချီမင်နှင့်မူလအစအင်မော်တယ်ဘုရင်၏တိုက်ပွဲကြောင့်ကောင်းကင်ယံ၌ အပေါက်များစွာ ဖြစ်ပေါ်လာသည်။အဆုံးမဲ့လေဟာနယ်လေပြင်းတို့မှာ လျှို့ဝှက်နက်နဲကမ္ဘာထဲသို့ တိုးဝင်လာတော့သည်။

ကမ္ဘာ့အရံအတားမှအပေါက်က တဖြည်းဖြည်း ကျယ်လာနေသည်။

သူသာ ကောင်း‌ကင်ပေါ်မှအပေါက် ကို မပြင်လိုက်ပါက လေဟာနယ်လေပြင်းများမှာ လျှို့ဝှက်နက်နဲကမ္ဘာထဲသို့ ပို၍ဝင်လာပေလိမ့်မည်။ထိုသို့သာဖြစ်လာပါက လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးက နောက်တစ်ကြိမ်ပျက်စီးခြင်းကိန်းဆိုက်လာပေလိမ့်မည်။

“ကောင်းကင်ကို ပြုပြင်ပြီး နေပူဆာခံခြင်း”

ချီမင်က ခေါင်းမော့ကာ လက်ဝေ့ယမ်းလိုက်သည်။သူက ပစ္စည်းစာရင်းကိုဖွင့်ကာ ပစ္စည်းအတော်များများကို ထုတ်ယူလိုက်သည်။သူက လျှို့ဝှက်နက်နဲနည်းစနစ်ကို လည်ပတ်လိုက်ပြီး ကောင်းကင်ကိုဖာထေးရန်အတွက် တန်ဖိုးကြီးပစ္စည်းများကို သန့်စင်လိုက်တော့သည်။

ကောင်းကင်ကို ပြုပြင်ပြီး နေပူဆာခံခြင်းက ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်၏ လျှို့ဝှက်နက်နဲနည်းစနစ်ဖြစ်သည်။

လျှို့ဝှက်နက်နဲနည်းစနစ်ကိုသုံးလိုက်ပါက သူကကောင်းကင်ကိုတောင် ဖာထေးနိုင်ပြီး နေလုံးထဲတွင် ရေချိုးနိုင်သည်။သူက ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို နားလည်သဘောပေါက်ထားသည်။ အံ့ဖွယ်စွမ်းအား၏နက်နဲမှုအမျိုးမျိုးက ဖော်ပြရန်ပင် ခဲယဉ်းပါ၏။

သိပ်မကြာခင်မှာပဲ ချီမင်က တန်ဖိုးကြီးပစ္စည်းများကို သန့်စင်နိုင်လိုက်ပြီး ကိုးရောင်ခြယ်အရည်တစ်မျိုးအဖြစ် ပြောင်းလဲလိုက်သည်။ထို့နောက် သူ့လက်ဖဝါးထဲ၍ ကိုယ်ထည်တစ်ခုအဖြစ် ပုံဖော်လိုက်သည်။

“သွား”

ချီမင်က ညာဘက်လက်ကို ဝေ့ယမ်းလိုက်သည်။

ကိုးရောင်ခြယ်အရည်က ကောင်းကင်ပေါ်သို့ လျင်မြန်စွာ ပျံတက်သွားသည်။မျက်စိတစ်မှိတ်အတွင်းမှာ ကောင်းကင်အပေါက်ကို ဖုံးလွှမ်းသွားသည်။ ကိုးရောင်ခြယ်အရည်က အစိုင်အခဲအဖြစ် လျင်မြန်စွာ စုဖွဲ့သွားသည်။

“ပေါင်းစပ်”

အတွေးတစ်ချက်ဖြင့် ချီမင်၏ဓမ္မစွမ်းအားများကထွက်ပေါ်လာပြီး ထိုအထဲသို့ ပေါင်းစပ်လိုက်သည်။ကိုးရောင်ခြယ်အရည်က အစိုင်ခဲဖြစ်သွားသောကြောင့် ကောင်းကင်အပေါက်ကို ပိတ်ဆို့ပေးသွားသည်။

နောက်ဆုံးမှာတော့ ချီမင်က ကောင်းကင်ကိုဖာထေးရန် နာရီဝက်တောင်မသုံးလိုက်ရပေ။သူက ဂိမ်းမြေအောက်စခန်းထဲမှရသည့် ငါးရောင်ခြယ်ကျောက်တုံး၊ကောင်းကင်နှင့်မြေကြီးကျောက်တုံးနှင့် ဆန်းကြယ်ကိုးပါးရေစင်တို့ကိုသုံးကာ ပြုပြင်လိုက်သည်။

ချီမင်က လွယ်ကူစွာဖြင့် ပြုပြင်လိုက်သည်။

ရှေးဟောင်းခေတ်အဆုံးသတ်ကို ပြန်တွေးကြည့်မည်ဆိုပါက ကောင်းကင်ကို‌ဖာထေးရန် ကောင်းကင်အရှင်ယင်းက သူ့အသက်ကို သုံးခဲ့ရသည်။ထိုသို့ကြည့်လျှင် ကောင်းကင်အရှင်ယင်းနှင့် ချီမင်ကြားမှ အင်အားကွာခြားမှုကြီးမားပုံကို တွေ့နိုင်ပါ၏။

နှိုင်းယှဉ်လို့မရပေ။

“ပြီးပြီ။”

ချီမင်သည် အကြိမ်အနည်းငယ်စစ်ဆေးလိုက်ပြီး အမှားမရှိကြောင်းအတည်ပြုလိုက်သည်။သူက စိတ်ကျေနပ်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။”ကောင်းကင်ကိုဖာထေးရတာ အတော်လွယ်သားပဲ။ဘာပဲဖြစ်ဖြစ် အဆင့်နိမ့်ကမ္ဘာပဲလေ။”

တစ်ခြားဖက်တွင် လျှို့ဝှက်နက်နဲကမ္ဘာမှသက်ရှိများမှာ ကောင်းကင်ပေါ်မှအပေါက်ကြီး၏ပြောင်းလဲမှုကိုတွေ့လိုက်ရသည်။သူတို့က အက်ကွဲရာကြီးမှ ဖာထားသည့်အရာကြီးကိုတွေ့လိုက်ရပြီး လေဟာနယ်လေပြင်းများလည်း ဆက်ဝင်မလာတော့ပေ။သူတို့က ချက်ချင်းကို စိတ်လှုပ်ရှား ပျော်ရွှင်သွားတော့သည်။

“ကောင်းတယ်။”ကောင်းကင်အရှင်ယင်းက ပျော်ရွှင်သွား၏။”စီနီယာချီမင် လုပ်တာပဲဖြစ်ရမယ်။ကောင်းကင်အပေါက်က ပြင်ပြီးသွားပြီ။ ငါက ငါ့ခန္ဓာကိုယ်သုံးပြီးထပ်ပြင်ရတော့မယ်ထင်လို့ လန့်သွားသေးတယ်။”

“စီနီယာချီမင်က ကောင်းကင်ကို ဖာပြီးသွားပြီ။”

“ကောင်းတယ်”

“ဒီလိုဆို ငါတို့ စိုးရိမ်နေစရာမလိုတော့ဘူး။”

“တိုက်”

“စီနီယာချီမင်က ငါတို့အတွက် မူလအစအင်မော်တယ်ဘုရင်ကို ကိုင်တွယ်ပြီးသွားပြီ။ငါတို့က အင်မော်တယ်တွေကို ရှုံးလို့မရဘူး။ရှုံးသွားရင် အသုံးမဝင်ဖြစ်သွားလိမ့်မယ်။”

“အစွမ်းကုန်တိုက်ခိုက်ကြ”

“သတ်”

မျိုးနွယ်ငါးခုမှကျင့်ကြံသူများက အော်ဟစ်လိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်ကိုးရက်ကုန်သွားသည်။

တင်း!

“ဂုဏ်ပြုပါတယ် လက်ခံသူ။သင် ဂိမ်းမြေအောက်စခန်းအသစ်:ကောင်းကင်အင်မော်တယ်စစ်မှန်ဂိုဏ်းတွင် ဆယ်ရက်ကြာ အလိုအလျောက်ကျင့်ကြံခဲ့ပါတယ်။သင်ဂိမ်းမြေအောက်စခန်းကို တစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။သင် ကောင်းကင်အင်မော်တယ်စစ်မှန်ဂိုဏ်း၏ဂိုဏ်းချုပ်နောက်လိုက်၊အလယ်အလတ်အဆင့်အင်မော်တယ်သလင်းကျောက် သန်းတစ်သိန်းရရှိခဲ့ပါတယ်။”

အသိပေးချက်တစ်ခု ပေါ်လာသည်။

“အောင်သွားပြီပဲ။”

ချီမင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။”ဆယ်ရက်တောင် ကုန်သွားတာပဲ။ရှင်းလင်းတဲ့အချိန်က ဆယ်ဆကြာသွားတယ်။”

ပစ္စည်း:ကောင်းကင်အင်မော်တယ်စစ်မှန်ဂိုဏ်း၏ဂိုဏ်းချုပ်‌နောက်လိုက်

ဖော်ပြချက်:အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်း:ကောင်းကင်အင်မော်တယ်စစ်မှန်ဂိုဏ်း၏အစေပါးတစ်ဦးဖြစ်သည်။ပြီးပြည့်စုံခြင်း‌အင်မော်တယ်နှောင်းပိုင်းအဆင့်တွင်ဖြစ်သည်။ယခင်ပိုင်ရှင်က ကောင်းကင်အင်မော်တယ်စစ်မှန်ဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သည်။လက်ခံသူ၏လက်ရှိအခြေအနေများကြောင့် ဆင့်ခေါ်၍တော့မရသေးပေ။

အသိပေးချက်တစ်ခုပေါ်လာပါ၏။

“အစေခံ..”ချီမင် ခဏလောက်စဉ်းစားလိုက်သည်။”ဝိညာဉ်သားရဲမဟုတ်ဘူးလား။ကြည့်ရတာ အလိုအလျောက်ကျင့်ကြံခြင်းစနစ်မှာ လုပ်ဆောင်ချက်အသစ်ပါလာတယ်ထင်တယ်။ဒါပေမယ့် အထက်ကမ္ဘာကို တက်ပြီးမှသိရမယ်ထင်တယ်။”

“အလျင်လိုဖို့တော့ မလိုပါဘူးလေ။”

ချီမင်သည် အတွေးနက်သွားတော့သည်။”အခု အရေးကြီးတာက အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို သန့်စင်ဖို့နဲ့ မူလအစအင်မော်တယ်ဘုရင်ရဲ့အသိစိတ်ကို ပစ္စည်းစိတ်ဝိညာဉ်အဖြစ်သန့်စင်ဖို့ပဲ။”

အချိန်ကုန်ဆုံးသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်လဝက်ကုန်သွားသည်။

ဗဟိုဒေသနတ်ဘုရားတောင်

တောင်ခြေတွင် ကြာပန်းနက်၊ဟော့ချန်ချင်း၊အမှောင်မီးလျှံ၊ယင်လေး၊ကပ်ဘေးလေး၊လင်းနို့လေးနှင့်သေမင်းတို့ ရောက်လာကြသည်။

“သခင်က အခုတောင်ထိပ်မှာ။”

ကပ်ဘေးလေးက ခေါင်းမော့ပြီး ဗဟိုနတ်ဘုရားတောင်ထိပ်ကို ကြည့်လိုက်သည်။သူမက ချီမင်၏အရှိန်အဝါကို အာရုံခံနိုင်သည်။

“ဟုတ်တယ်”အမှောင်မီးလျှံက ခေါင်းညိတ်ကာဆို၏။”သခင်က အရမ်းအရေးကြီးတာလုပ်နေတာဖြစ်လိမ့်မယ်။သွားမနှောင့်ယှက်နဲ့။ပတ်ဝန်းကျင်ကိုကာကွယ်ထား။ဘယ်သူမှ ကပ်မလာစေနဲ့။”

“သေချာတာပေါ့။”ဟော့ချန်ချင်းသည် ခေါင်းညိတ်ပါ၏။

“ငါတို့ ဒီနေရာမှာပဲစောင့်နေကြမယ်။”ယင်လေးနှင့်တခြားသူများက ပြောလိုက်သည်။

တစ်ခြားတစ်ဖက် ကောင်းကင်တံခါးလေးခု၏စစ်မြေပြင်တွင်

မျိုးနွယ်ခြောက်ခုသည် မျိုးနွယ်ငါးခုမဟာမိတ်စစ်တပ်ကို ဦးဆောင်လျက် အင်မော်တယ်ဘုရင်များဦးဆောင်သော အင်မော်တယ်စစ်တပ်နှင့် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြသည်။သူတို့က စစ်ပွဲကို ရပ်တန့်မည့်ဟန်မပြသေးချေ။

စစ်ပွဲသည် အစပိုင်းတွင် ပြင်းထန်သောတိုက်ပွဲများဖြင့် စတင်ခဲ့ပြီး အရှိန်အဟုန်အမြင့်ဆုံးအချိန်ကို ကျော်လွန်ပြီးနောက်တွင်မူ နောက်ဆုံး၌ နှစ်ရှည်လများတိုက်ခိုက်ရသည့် စစ်ပွဲရှည်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။စစ်ပွဲသည် ဆယ်နှစ်တိတိ ကြာမြင့်ခဲ့သည်! စုစုပေါင်း ဆယ်နှစ်တိုင်တိုင်ကြာခဲ့ရသည်။

ဒီဆယ်နှစ်အတွင်းမှာ အင်မော်တယ်ဘုရင်များက အခွင့်အရေးယူလျက် အသင်္ချေအင်မော်တယ်တောင်တန်းနှင့် ဗဟိုနတ်ဘုရား‌တောင်သို့ ဆုတ်ခွာသွားကြသည်။သူတို့က မူလအစအင်မော်တယ်ဘုရင်နှင့်ဆက်သွယ်ချင်နေတာဖြစ်သည်။သို့ပေမယ့် တုန့်ပြန်မှုပြန်မရပေ။

ဗဟိုနတ်ဘုရားတောင်သို့ ဆုတ်ခွာသွားသည့်အင်မော်တယ်ဘုရင်များမှာလည်း စုံစမ်းခဲ့ကြသည်။သူတို့က အင်မော်တယ်ဘိုးဘေးရှုံးသွားသည်ကို မယုံနိုင်ကြ‌ပေ။သေသွားတယ်ဆိုဝေးသေး။

ဟော့ချန်ချင်းနှင့်ကြာပန်းနက်တို့ကဗဟိုနတ်ဘုရားတောင်ခြေပတ်လည်ကို စောင့်ရှောက်နေကြသည်။ဘယ်သက်ရှိမှ အကပ်မခံချေ။ဗဟိုနတ်ဘုရားတောင်သို့ ဝင်ရောက်လာသည့် အင်မော်တယ်ဘုရင်များမှာ အမှောင်မီးလျှံတို့ထံမှ ချက်ချင်းအသတ်ခံလိုက်ရသည်။

ဆယ်နှစ်ကြာပြီးသည်အထိ ချီမင်ကပေါ်မလာသေးပေ။ကောင်းကင်အရှင်ယင်းနှင့်ကျန်သူများကချီမင်နှင့် ဆက်သွယ်ချင်ကြပေမယ့် အခွင့်အရေးမရသေးပေ။သူတို့က ဟော့ချန်ချင်းတို့ထံမှ ချီမင်တောင်ထိပ်တွင် တံခါးပိတ်ကျင့်ကြံနေသည်ဟုသာ သိထားကြသည်။သူတို့ အနည်းငယ်သက်ပြင်းချမိသွားကြ၏။

ပိုပြီးတိတိကျကျဆိုရလျှင် မကြုံစဖူးထူးခြားသည့် တိုက်ပွဲဖြစ်ခဲ့သည်။

အင်မော်တယ်များက လုံးဝရှုံးနိမ့်သွားခဲ့သည်။

အင်မော်တယ်ဘုရင်(၁၀၀)ကျော်တွင် (၃၈)‌‌‌ယောက်သာ ကျန်ခဲ့သည်။ကျန်သည့်အင်မော်တယ်ဘုရင်များမှာ တိုက်ပွဲတွင်သေဆုံးသွားခဲ့သည်။

မျိုးနွယ်ငါးခုမှ မဟာယနကျင့်ကြံသူ(၃၃)ယောက် ကျဆုံးခဲ့သည်။အတိဒုက္ခကျော်လွှားခြင်းအဆင့်၊တာအိုပေါင်းစည်းခြင်းအဆင့်၊ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်က လူများစွာ ကျဆုံးခဲ့ကြသည်။

တိုက်ပွဲပြီး‌သည့်နောက်မှာ ကြမ်းတမ်သည့်ဖယ်ထုတ်မှုအပြီးတွင် စာရင်းဇယားအရ အင်မော်တယ်မျိုးနွယ်ပေါင်းသန်း(၆၀၀)သေဆုံးခဲ့သည်။သရဲမျိုးနွယ်သန်း(၁၁၀)ခန့်၊နတ်ဘုရားမျိုးနွယ်သန်း(၁၀၀)ခန့်၊မိစ္ဆာမျိုးနွယ်သန်း(၁၀၀)ခန့်၊လူသားမျိုးနွယ်သန်း(၉၀)ခန့်နှင့် နတ်ဆိုးမျိုးနွယ်သန်း(၁၀၀)ခန့် ကျဆုံးခဲ့ရသည်။

လျှို့ဝှက်နက်နဲကမ္ဘာ၏မျိုးနွယ်ခြောက်ခုမှာ ထိုတိုက်ပွဲအတွင်း၌ ပြင်းထန်စွာ‌ပျက်စီးခဲ့ရသည်။

စုစုပေါင်း ကျင့်ကြံသူပေါင်းသန်း(၁၂၀၀)ကျဆုံးခဲ့သည်။

အတော်လေးကြောက်မက်ဖွယ်ကောင်းသည့် အရေအတွက်ဖြစ်သည်။

အင်‌မော်တယ်ဘုရင်များအပါအဝင်မဟာယနအဆင့်(၁၅၀)ကျဆုံးခဲ့သည်။လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးက ထိုတိုက်ပွဲကြောင့် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်သွားသည်။

တိုက်ပွဲပြီးဆုံးပြီးနောက်မှာ ကောင်းကင်နှင့်မြေကြီးကပ်ဘေးဒုက္ခ ပြီး‌ဆုံးသွားခဲ့သည်။လျှို့ဝှက်နက်နဲကမ္ဘာ၏သိပ်သည်းသည့် ကောင်းကင်နှင့်‌မြေကြီးသတ်ဖြတ်လိုစိတ်တို့မှာ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး တည်ငြိမ်သွားခဲ့သည်။

ငြိမ်းချမ်းမှုက ပြန်ရောက်လာခဲ့သည်။

များစွာသောကျင့်ကြံသူများ၏သေဆုံးမှုနှင့်အတူ လျှို့ဝှက်နက်နဲကမ္ဘာသည် အသက်ဝင်လာခဲ့သည်။အပေါ်ယံတွင် လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးက အပေါက်များဖြင့်ပြည့်နှက်နေပေမယ့် တကယ်တော့ အသက်စွမ်းအင်အသစ်များဖြင့် တောက်ပနေခြင်းဖြစ်ပါ၏။

အသစ်သစ်တို့ စတင်လာခဲ့သည်။

တိုက်ပွဲပြီးတော့ လျှို့ဝှက်နက်နဲကမ္ဘာ၏မျိုးနွယ်ခြောက်ခုက ကျင့်ကြံခြင်းဥပဒေများကို ပြန်လည်ချမှတ်ခဲ့သည်။အထွတ်အထိပ်ဖြစ်တည်မှုခြောက်ဦးပူးပေါင်းကာ မူဝါဒကို ရေးဆွဲခဲ့သည်။ထို့နောက် အားလုံးသော မဟာယနအဆင့်ကျင့်ကြံသူများ၏သဘောတူညီမှုနှင့်အတူ ကျင့်ကြံခြင်းဥပဒေသစ်များကို ကျင့်သုံးခဲ့ကြပါ၏။

ယန်လီက အင်မော်တယ်မျိုးနွယ်ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး စိတ်ဝိညာဉ်မျိုးနွယ်ဟု နာမည်ပြောင်းလိုက်သည်။သူတို့ကိုယ်သူတို့ အင်မော်တယ်မျိုးနွယ်ဟု မခေါ်ဝေါ်တော့ဘဲ စိတ်ဝိညာဉ်မျိုးနွယ်ဟုသာ ခေါ်တော့သည်။သူတို့ကို ထိုသို့ ခေါ်ရန် အရည်အချင်းမပြည့်မှီသေးပေ။

မျက်စိတစ်မှိတ်အတွင်းမှာ နှစ်တစ်ရာ ကြာသွားခဲ့ပါ၏။

လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးက ငြိမ်းချမ်းသွားသည်။ကပ်ဘေးဒုက္ခများဖြစ်ပြီး နှစ်တစ်ရာကြာသွားပြီးနောက်မှာ လျှို့ဝှက်နက်နဲကမ္ဘာက သက်ရှိအသစ်များဖြင့် ဝဖြိုးလာပြီး ပါရမီရှင်များတစ်ယောက်ပြီးတစ်ယောက် ပေါ်ထွန်းလာခဲ့သည်။

ထို့အပြင် ရှောင်ဖန်း၏ဦးဆောင်မှုအောက်တွင် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက နှစ်တစ်ရာအတွင်း လူသားမျိုးနွယ်၏နံပါတ်တစ်ဂိုဏ်းဖြစ်လာခဲ့သည်။ဒီနှစ်တွင်တော့ အထွတ်အထိပ်ဖြစ်တည်မှုခြောက်ဦးသည် လျှို့ဝှက်နက်နဲကမ္ဘာတွင် နေလို့မရတော့ဟု ခံစားမိလာရသည်။သူတို့အတွက် အထက်ကမ္ဘာသို့တက်လှမ်းရန် အချိန်ကျလို့လာခဲ့ပါ၏။

All Chapters