နှစ်တစ်ရာကြာပြီးနောက် တက်လှမ်းခြင်း
Vol. 19 Ch. 283
ယနေ့ နေ့လည်ခင်းမှာတော့
ကောင်းကင်အရှင်ယင်း၊ရှောင်ဖန်း၊ယန်လီ၊လင်းချင်းယောင်၊ရှဲ့လင်နှင့်ဝေ့ဝူရှန်း အထွတ်အထိပ်ဖြစ်တည်မှုခြောက်ဦး ဆုံစည်းနေကြသည်။
သူတို့က တစ်ယောက်ကိုတစ်ယောက် ရှုပ်ထွေးသည့်အမူအရာများဖြင့် ကြည့်နေကြသည်။အထက်ကမ္ဘာကိုတက်လှမ်းရန် စိတ်လှုပ်ရှားမှုနှင့်မျှော်လင့်ချက်ကလည်း ရှိနေသည်။သူတို့က မတည်ငြိမ်နိုင်ကြပေ။
သူတို့က မူလတည်းက လျှို့ဝှက်နက်နဲကမ္ဘာကို ပြီးပြည့်စုံစေရန်စတေးခဲ့ကြလို့ သေသွားပြီဖြစ်ပေမယ့် လျှို့ဝှက်နက်နဲကမ္ဘာ၏လက်ဆောင်ကို ရခဲ့ပါသည်။လျှို့ဝှက်နက်နဲကမ္ဘာ့သိစိတ်၏အကူအညီဖြင့် သူတို့၏စစ်မှန်ဝိညာဉ်က ပြန်ရှင်သန်လာခဲ့၏။
ယခု သူတို့က ကံကြမ္မာကောင်းချီးကို ရပြီး အထက်ကမ္ဘာသို့ တက်လှမ်းတော့မည်ဖြစ်သည်။
သူတို့ စိတ်လှုပ်ရှား မပျော်ရွှင်ဘဲ ဘယ်နေမလဲ။
ဗဟိုဒေသနတ်ဘုရားတောင်....
ရှောင်ဖန်းနှင့်တခြားသူများ ရောက်လာကြသည်။သူတို့က အထက်ကမ္ဘာသို့မတက်လှမ်းခင် ချီမင်ကို တွေ့သွားချင်ကြသည်။သို့ပေမယ့် သူတို့ရောက်မသွားခင်မှာပဲ ဟော့ချန်ချင်းတို့က တားဆီးလိုက်ကြပါသည်။
“ရပ်”
ဟော့ချန်ချင်းက ဓားကိုသူ့လက်မောင်းထဲ၌ ညှပ်ထားသည်။သူက ရှောင်ဖန်နှင့်တခြားသူများကို သာမန်မျှ ကြည့်လိုက်သည်။သူ့လေသံက တည်ငြိမ်နေ၏။”ဒါက လျှို့ဝှက်နက်နဲကမ္ဘာရဲ့တားမြစ်နယ်မြေပဲ။ဖြတ်သန့်ခွင့်မရှိဘူး။”
အလင်းတန်းများစွာ ပျံသန်းလာသည်။
ချီမင်၏ဝိညာဉ်သားရဲခြောက်ကောင်နှင့်ကြာပန်းနက်ပါ ရှိနေကြသည်။သူတို့အရှိန်အဝါက အလွန်အမင်းသန်မာပါ၏။ကောင်းကင်အရှင်ယင်းတို့က ဖိအားအကြီးစားတစ်ခုကို ခံစားလိုက်ရပြီး သူတို့ကို လေးစားစွာဖြင့် ကြည့်နေလိုက်ကြသည်။
“ငါ စီနီယာချီမင်မွေးထာတဲ့ဝိညာဉ်သားရဲတွေကို စွမ်းအားကြီးမယ်လို့တွေးထားပေမယ့် ငါတို့က သူတို့ရဲ့ပြိုင်ဘက်တောင် ဟုတ်မနေမှာ ကြောက်ရတယ်။”
“သူတို့ အရှိန်အဝါက အတော်လေးသန်မာတယ်။ငါ သူတို့ရဲ့ပြိုင်ဘက်မဟုတ်ဘူး။”
“ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်လဲ။”
“…”
ကောင်းကင်အရှင်ယင်းတို့က အတော်လေး လေးစားမိသွားကြ၏။
“အရိုအသေပြုပါတယ်။စီနီယာဝိညာဉ်သားရဲတို့။”
ကောင်းကင်အရှင်ယင်းနှင့်ကျန်သူများမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နှိမ့်ချစွာပြောလိုက်သည်။ရှောင်ဖန်းက ရှေ့တစ်လှမ်းတိုးကာ ဆို၏။”ကျွန်တော်တို့ စီနီယာချီမင်ကို တွေ့ချင်လို့ပါ။”
“ကျွန်တော်တို့မှာ အချိန်အများကြီးမကျန်တော့ပါဘူး။ အထက်ကမ္ဘာရဲ့ဆင့်ဆိုမှုက တဖြည်းဖြည်းအားကောင်းလာနေပြီ။ကျွန်တော်တို့ လျှို့ဝှက်နက်နဲကမ္ဘာမှာ သိပ်ကြာကြာနေလို့မရတော့ဘူး။အဲ့ဒါကြောင့် မတက်လှမ်းရသေးခင်မှာ စီနီယာချီမင်နဲ့တွေ့ပြီး နှုတ်ဆက်သွားချင်လို့ပါ။”
“ငါကတော့ မလိုဘူးထင်တယ်။”အမှောင်မီးလျှံက လေသံနိမ့်နိမ့်ဖြင့်ဆိုသည်။”သခင်က ကျင့်ကြံနေတုန်း မင်းတို့နဲ့တွေ့ဖို့ စိတ်ဝင်စားမှာမဟုတ်ဘူး။”
“ဟုတ်တယ်။”ကပ်ဘေးလေးက ခေါင်းညိတ်လိုက်သည်။
“မင်းတို့ပြန်ပြီးတော့ တက်လှမ်းဖို့အတွက်ပြင်ဆင်နေသင့်ပြီ။”
ဟော့ချန်ချင်းက သတိပေးလိုက်သည်။”မင်းတို့ အထက်ကမ္ဘာရောက်သွားရင် အဆင့်နိမ့်ကမ္ဘာကလို စွမ်းအားအကြီးဆုံး မဟုတ်တော့ဘူး။မင်းတို့က သာမည အင်မော်တယ်လေးတွေပဲဖြစ်လာလိမ့်မယ်။”
“ဒါ..”
“ကျွန်တော်တို့...”
ရှောင်ဖန်းနှင့်တခြားသူများက အတော်လေးနောင်တရသွားပါ၏။
ဗဟိုနတ်ဘုရားတောင်ထိပ်တွင် ချီမင်တင်ပျဉ်ခွေ ချိတ်ထိုင်နေသည်။အချိန်ကာလရတနာ:ကမ္ဘာ့တံခါးက သူ့ရှေ့တွင် လွင့်မြောနေသည်။နှစ်တစ်ရာကြာပြီးနောက်မှာ သူက မူလအစစွမ်းအားသုံးပုံတစ်ပုံကို သန့်စင်ပြီးပြီဖြစ်သည်။
“မဟုတ်ဘူး။”မူလအစအင်မော််ဘုရင်၏အသိစိတ်က ဒေါသတကြီးအော်ဟစ်လိုက်ပြီး နေ့ရက်တိုင်းတွင် ညဉ်းတွားနေရပါသည်။
ကံမကောင်းစွာဖြင့် ညည်းတွားလည်းအသုံးမဝင်တော့ပေ။
“ရှောင်ဖန်းနဲ့ တခြားသူတွေက အထက်ကမ္ဘာကို တက်လှမ်းတော့မှာပဲ။”
ချီမင်သည် တောင်ခြေမှအခြေအနေကို သတိပြုမိလိုက်သည်။သူက ရှောင်ဖန်းတို့ကို လှမ်းကြည့်လိုက်သည်။”နှစ်တစ်ရာ ကြာသွားခဲ့ပြီ။လျှို့ဝှက်နက်နဲကမ္ဘာတောင် ကြီးကြီးမားမားပြောင်းလဲသွားခဲ့ပြီ။”
“မင်းတို့အကုန်လုံး ပြန်လို့ရပြီ။”
ထိုအချိန်တွင် ချီမင်သည် ရှောင်ဖန်းတို့ကို အသံလွှင့်ကာ ပြောလိုက်သည်။
“ဒါဆိုရင်တော့..”
“စီနီယာချီမင်ပဲ။”
“ဒါ...”
ကောင်းကင်အရှင်ယင်းနှင့်ကျန်သူများက အံ့ဩဝမ်းသာသွားရသည်။သူတို့က ဗဟိုနတ်ဘုရားတောင်ထိပ်ကို ကြည့်ကာ ချီမင်ကို လေးနက်စွာ ဦးညွှတ်လိုက်ကြသည်။
“ဟုတ်ကဲ့ပါ။”
“ဟုတ်!”
“ဟုတ်!”
“…”
ကောင်းကင်အရှင်ယင်းနှင့်တခြားသူများက ပြန်ဖြေလိုက်ကြသည်။
သူတို့က ထွက်သွားလိုက်ကြသည်။
“နှစ်တစ်ရာ...”
ချီမင်ခဏလောက်စဉ်းစားမိသွားသည်။”ငါ အချိန်ကာလရတနာကမ္ဘာ့တံခါးကို သုံးပုံတစ်ပုံပဲသန့်စင်ရသေးတယ်။ဒါပေမယ့် နောက်ရောက်လာရင် သန့်စင်ဖို့က ပိုပြီးခက်လာလေဖြစ်နေတယ်။”
“ပြီးတော့လည်း”ချီမင်က ဆက်၍”ငါ အချိန်ကာလရတနာကမ္ဘာ့တံခါးထဲက နတ်ဘုရားတောင်ငါးခုရဲ့အရင်းအမြစ်ကို ရှာမတွေ့တော့ဘူး။ လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်က လွတ်မြောက်သွားတော့ သူက မူလအစအင်မော်တယ်ဘုရင်ဆီကနေ နတ်ဘုရားတောင်အရင်းအမြစ်တွေကို ပြန်ယူသွားတာထင်တယ်။”
“အဲ့ဒါကြောင့်လည်း လျှို့ဝှက်နက်နဲကမ္ဘာရဲ့အသိစိတ်က ပြန်လည်မွေးဖွားလာတာဖြစ်မယ်။”
“တကယ်တော့ ငါအချိန်ကာလရတနာကမ္ဘာ့တံခါးထဲကနေ ကမ္ဘာ့မူလအစတွေအများကြီးကိုလည်း တွေ့ထားတယ်။”
မျက်စိတစ်မှိတ်အတွင်းမှာ တစ်လကြာသွားပါ၏။
ယနေ့မှာတော မျိုးနွယ်ခြောက်ခု၏ တက်လှမ်းခြင်းအခမ်းအနားကို ကျင်းပခဲ့လေသည်။
ချီမင်က ကိုယ်တိုင်ပါဝင်ဆင်နွှဲခြင်းမရှိပေ။သူသည်လေဟာနယ်အလွှာထဲမှာပဲ နေလျက် အံ့ဖွယ်စွမ်းအားအကြားအမြင်အာရုံကို သုံးထား၏။သူ့အကြည့်က ကမ္ဘာတစ်ခုလုံးကို ဖြတ်သန်းကာ တက်လှမ်းခြင်းအခမ်းအနားအပေါ်သို့ ကျရောက်နေခဲ့သည်။
အထွတ်အထိပ်ဖြစ်တည်မှုခြောက်ဦးက စုဝေးနေကြသည်။
ယခုတစ်ကြိမ် မျိုးနွယ်ခြောက်ခု တက်လှမ်းခြင်းအခမ်းအနားသည် တစ်လပြည့်ပြည့်ကြာခဲ့ပါသည်။
အခမ်းအနားအဆုံးသတ်မှာတော့ အထွတ်အထိပ်ဖြစ်တည်မှုခြောက်ဦးသည် တစ်ချိန်တည်းတွင် ပေါ်လာကြသည်။
“ငါက ရှေးခေတ်နတ်ဆိုးဧကရာဇ်ပဲ။”
ကောင်းကင်အရှင်းက အထက်ကမ္ဘာသို့ပထမဆုံးတက်လှမ်းရန် ပြင်ဆင်လိုက်သည်။သူက နဂါးဟိန်းသံကြီးဖြင့် ကောင်းကင်ကို ဟိန်းဟောက်လိုက်သည်။ရွှေရောင်အလင်းကတောက်ပလာခဲ့ပြီး နဂါးပုံစံရွှေရောင်အလင်းသည် ကောင်းကင်၌ မြင့်တက်လာပါတော့၏။
မျက်စိတစ်မှိတ်အတွင်းမှာ ကောင်းကင်အရှင်ယင်းသည် ခြေသည်းသုံးခုရွှေနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
စစ်မှန်နဂါး!
ကောင်းကင်အရှင်ယင်းတစ်ကောင်သာ အဆင့်နိမ်ကမ္ဘာ၏တစ်ကောင်တည်းသော စစ်မှန်နဂါးဖြစ်ပါသည်။
“ရှေးဟောင်းခေတ်ကပ်ဘေးဒုက္ခအတွင်းမှာ ကောင်းကင်နဲ့မြေကြီးက ဘေးဖြစ်ခဲ့ရတယ်။ငါက ယင်းလုံခန္ဓာကိုသုံးပြီး ကောင်းကင်ကို ဖြည့်စွက်ပေးပြီး ကပ်ဘေးကို ခုခံပေးခဲ့တယ်။ကပ်ဘေးဒုက္ခပြီးတဲ့နောက်မှာ ငါ့ရဲ့စစ်မှန်ဝိညာဉ်ကမသေဘဲ ပြန်လည်မွေးဖွားလာခဲ့တယ်။”
ကောင်းကင်အရှင်ယင်းသည် ကောင်းကင်၌ ကြေညာနေသည်။နဂါးဟိန်းသံသည် ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါသွားစေ၏။စွမ်းအားကြီးအရှိန်အဝါက ထွက်ပေါ်လာပြီး မရေမတွက်နိုင်သောသက်ရှိများ၏အာရုံကို ဆွဲဆောင်လိုက်ကာ သူတို့ကို မော့ကြည့်လာမိစေသည်။
“ကောင်းကင်နဲ့မြေကြီးကပ်ဘေးဒုက္ခက ပြန်လည်စတင်လာပြီး လျှို့ဝှက်နက်နဲကမ္ဘာကို ဝါးမြိုလာပြန်တယ်။နတ်ဆိုးမျိုးနွယ်ရဲ့ အထွတ်အထိပ်ဖြစ်တည်မှုတစ်ဦးအနေနဲ့ ငါက လျှို့ဝှက်နက်နဲကမ္ဘာရဲ့နတ်ဆိုးတွေကို ဦးဆောင်ရင်း စီနီယာချီမင်ရဲ့နောက်ကိုလိုက်ကာ အင်မော်တယ်တွေကို တိုက်ပြီး သက်ရှိပေါင်းများစွာကို ကယ်တင်ခဲ့တယ်။”
“အခု ကပ်ဘေးဒုက္ခကပြီးသွားခဲ့ပြီ။ငါတို့က တိုက်ပွဲကိုနိုင်ပြီး လျှို့ဝှက်နက်နဲကမ္ဘာကလည်း ပြန်လည်မွေးဖွားလာခဲ့ပြီ။”
“ငါသည် ကောင်းကင်အရှင်ယင်းမည်၏။”
“ယနေ့ လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်နှင့် လူပေါင်းများစွာ၏သက်သေအောက်တွင် ငါသည် အထက်ကမ္ဘာသို့ တက်လှမ်းပါတော့၏။”
“ကမ္ဘာကြီးက ဤအခမ်းအနားအတွက် ဂုဏ်ပြုကြလော့။”
ကောင်းကင်နှင့်မြေကြီးက ပဲ့တင်ထပ်သွားပြီး လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်က ပေါ်လာသည်။ထူးခြားဖြစ်စဉ်အမျိုးမျိုးဖြစ်ပေါ်လာပြီး အင်မော်တယ်တေးသံများ ထွက်ပေါ်လာသည်။ရွှေကြာပန်းတို့ပွင့်လန်းလာခဲ့သည်။
ကောင်းကင်မှာ ဝဲဂယက်ကြီးတစ်ခုပေါ်လာ၏။ထိုဝဲဂယက်က ရှေးခေတ်ခရမ်းရွှေရောင်ဖြစ်ပြီး အလွန်အမင်းခမ်းနားမြင့်မြတ်ပေ၏။ဝဲဂယက်မှသည် တံခါးတစ်ချပ်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
တက်လှမ်းခြင်းတံခါးဟု ခေါ်သည်။
ထိုတံခါးတွင် အမည်နာမများစွာရှိပါ၏။
အထက်ကမ္ဘာတံခါး၊အင်မော်တယ်ကမ္ဘာတံခါး၊သက်ရှည်တံခါး၊အထွတ်အထိပ် နဂါးဂိတ်....
ထိုတံခါးကို ဖြတ်ကျော်နိုင်သရွေ့ အဆင့်နိမ့်ကမ္ဘာကို ကျော်လွှားပြီး အထက်ကမ္ဘာသို့တက်လှမ်းကာ အင်မော်တယ်တစ်ပါးဖြစ်လာပေလိမ့်မည်။တက်လှမ်းသူကလည်း သက်ရှည်ထာဝရမှုကို ရရှိနိုင်ပေ၏။
“တက်လှမ်းခြင်းတံခါး”
“ပေါ်လာပြီ။”
“နှစ်ပေါင်း(၁၀၀,၀၀၀)ကြာသွားခဲ့ပြီ။နှစ်(၁၀၀,၀၀၀)ကြာပြီးတဲ့နောက်မှာ ငါ တက်လှမ်းခြင်းတံခါးကို ပြန်မြင်နိုင်ခဲ့ပြီ။
“တက်လှမ်းခြင်း အဲ့ဒါက တက်လှမ်းခြင်းပဲ။”
“…”
မျိုးနွယ်ခြောက်ခု၏ တက်လှမ်းခြင်းအခမ်းအနားအတွင်းမှာ မျိုးနွယ်ငါးခုမှ မဟာယနအဆင့်ကျင့်ကြံသူများလည်း ရှိနေကြသည်။သူတို့လည်း တက်လှမ်းတော့မည်ဆိုပေမယ့် အထွတ်အထိပ်ဖြစ်တည်မှုခြောက်ဦးက သူတို့ကို ရှေ့တစ်လှမ်းမှဦးဆောင်နေသည်။
“ဟားဟားဟား...”
ကောင်းကင်အရှင်ယင်းက ကျယ်လောင်စွာရယ်မောလိုက်သည်။သူက စိတ်လှုပ်ရှားပြီးရင်းစိတ်လှုပ်ရှားလာသည်။လျှို့ဝှက်နက်နဲကမ္ဘာမှလူတိုင်း၏အကြည့်အောက်တွင် သူ့ရယ်သံက ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားပြီး ရှိရှိသမျှသက်ရှိအားလုံး၏နားအတွင်းသို့ ဝင်ရောက်လာသည်။
ကောင်းကင်အရှင်ယင်းက နဂါးပုံစံရွှေရောင်အလင်းပုံစံ ပြောင်းလဲသွားပြီး တက်လှမ်းခြင်းတံခါးထံသို့ ပျံတက်သွားသည်။
“နှုတ်ဆက်ပါတယ်။နတ်ဆိုးမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှု”
သက်ရှိအားလုံးက သံပြိုင်နှုတ်ဆက်လိုက်ကြသည်။
တက်လှမ်းခြင်းတံခါးသည် ပိတ်သွားခဲ့ပြန်သည်။
လျှို့ဝှက်နက်နဲကမ္ဘာ၏သက်ရှိများက တက်လှမ်းခြင်းတံခါး၏အနောက်ကို မမြင်နိုင်ပေ။သူတို့က တက်လှမ်းခြင်းတံခါးနောက်က အထွတ်အထိပ်ကမ္ဘာတည်ရှိသည်ဆိုတာသာ ဝေဝါးဝါးအာရုံခံနိုင်၏။မသိမှုများဖြင့် ပြည့်နှက်နေသည်။
“ငါ့အလှည့် ရောက်လာပြီ။”
လင်းချင်းယောင်က ခေါင်းမော့လိုက်၏။ငရဲကိုးထပ်ချီသည် ထွက်ပေါ်လာသည်။အလွန်အမင်းထိတ်လန့်အေးစက်ဖွယ် ယင်ချီတို့ထွက်ပေါ်လာပါ၏။သူသည် ကောင်းကင်ပေါ်သို့ ခုန်တက်သွားတာနှင့် အရှိန်အဝါက အလျင်အမြန်ထွက်ပေါ်လာတော့၏။
ထို့နောက် ကောင်းကင်နှင့်မြေကြီးထူးခြားဖြစ်စဉ်ပေါ်ပေါက်လာသောပြီး ကောင်းကင်နှင့်မြေကြီးကိုဖိနှိပ်နေသည့်ငရဲကမ္ဘာကိုပြသလာ၏။
တက်လှမ်းခြင်းတံခါးပေါ်လာပြန်၏။
“ငါလည်း သွားပြီ။”
လင်းချင်းယောင်က တက်လှမ်းခြင်းတံခါးထံသို့ ပျံသွားလိုက်သည်။သူ့ပုံရိပ်က ပျောက်ကွယ်သွား၏။တံခါးက ထပ်မံ ပိတ်သွားပြီး လျင်မြန်စွာဖြင့် ပျောက်ကွယ်သွားသည်။
“နှုတ်ဆက်ပါတယ်။သရဲမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှု”
သက်ရှိအားလုံက ဦးညွှတ်အရိုအသေပြုလိုက်ကြပြန်၏။
ရှဲ့လင်က အော်ဟစ်လိုက်ပြီး နတ်ဘုရားအလင်းတို့ ထွန်းတောက်လာတော့၏။ကောင်းကင်ကိုးထပ်နတ်ဘုရားပြည်ထောင်၏ထူးခြားဖြစ်စဉ်က ပေါ်လာပြီး ကမ္ဘာကြီးထဲတွင် ပြည့်နှက်သွားပါ၏။ကောင်းကင်အရှိန်အဝါက ကျယ်ပြန့်လာပြီး လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်က ဆင်းသက်လာပြန်သည်။
ချက်ချင်းပဲ တက်လှမ်းခြင်းတံခါးပေါ်လာပြန်၏။
သူမ၏အကြည့်က တည်ငြိမ်နေပေမယ့် စိတ်အနက်ပိုင်းထဲတွင်တော့ အလွန်အမင်းစိတ်လှုပ်ရှားမှုများ ပေါ်လာပါသေးသည်။ကောင်းကင်နှင့်မြေကြီးထူးခြားဖြစ်စဉ်အောက်တွင် နတ်ဘုရားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုရှဲ့လင်က တက်လှမ်းခြင်းတံခါးထံသို့ ပျံသန်းသွားခဲ့ပါ၏။
ရှဲ့လင်က အထွတ်အထိပ်ဖြစ်တည်မှုခြောက်ဦးထဲမှ တစ်ဦးတည်သော အမျိုးသမီးဖြစ်သည်။
“နှုတ်ဆက်ပါတယ်။နတ်ဘုရားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှု”
သက်ရှိများစွာက ညီညွှတ်စွာဖြင့်ဂုဏ်ပြုလိုက်ကြသည်။
“ဟားဟားဟား..”ဝေ့ဝူရှန်က ထပ်ခါထပ်ခါရယ်မောလိုက်သည်။မိစ္ဆာချီသည် ကောင်းကင်တခွင် မြင့်တက်လာပြီး မိစ္ဆာလမ်းကြောင်း ပေါ်ပေါက်လာ၏။ကောင်းကင်နတ်ဆိုးမိစ္ဆာများသည် ကခုန်နေပြီး နတ်ဆိုးအရိပ်အလွှာပေါင်းများစွာ ပေါ်လာတော့သည်။ပန်းပေါင်းများစွာ ပွင့်လန်းလာပြီး ကြာပန်းနက်တို့မှာ မြေပြင်ပေါ်မှ တိုးထွက်လာသည်။
တက်လှမ်းခြင်းတံခါးပေါ်လာတော့သည်။
“ငါ သွားပြီ။”
ဝေ့ဝူရှန်းသည် တက်လှမ်းခြင်းတံခါးထံသို့ ပျံသန်းသွားပါတော့သည်။သူ့ပုံရိပ်က တံခါးထဲတွင် ပျောက်ကွယ်သွားသည်။ထူးခြဖြစ်စဉ်များ ပျောက်ကွယ်သွားပြီး ကမ္ဘာကြီးလည်း ပြန်လည်ငြိမ်သက်သွားသည်။
“နှုတ်ဆက်ပါတယ်။မိစ္ဆာမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှု”
သက်ရှိများက ညီညွှတ်စွာဖြင့် အရိုအသေပြု ဦးညွှတ်နှုတ်ဆက်လိုက်ကြ၏။
“ငါ့ အလှည့်ပဲ။”
ယန်လီက အသက်ပြင်းပြင်းရှုလိုက်၏။ သူကရှောင်ဖန်းကို စောင်းငဲ့ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ယန်လီက အကြည့်ပြန်ခွာသွားပြီး ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်လိုက်၏။
သိပ်မကြာခင်မှာ ဓမ္မစွမ်းအားများ ထွက်ပေါ်လာပြီး ယန်လီ၏အလွန်အမင်းစွမ်းအားကြီးသည့် ဓားရည်ရွယ်ချက်မှာ လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးကို ပိုင်းဖြတ်တော့မည်အလားထင်ရသည်။ထိုအရာက ဓားတာအိုသာမဟုတ်တော့ဘဲ ဓားတာအိုဥပဒေသများ ပါဝင်နေသည်။
ထိုအခိုက်တွင် လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးမှ ဓားတစ်သောင်းမှာ သံပြိုင် မြည်တမ်းလာပြီး ထွက်ပေါ်လာသည့် အထွတ်အထိပ်ဓားတာအိုကို လေးစားစွာ ဦးညွှတ်ဂါဝရပြုတော့သည်။
တက်လှမ်းခြင်းတံခါးပေါ်လာပြန်သည်။
ယန်လီက ဓားအလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး တက်လှမ်းခြင်းတံခါးထဲသို့ ဝင်သွားတော့သည်။
“အား!”
ထိုအချိန်တွင် တက်လှမ်းခြင်းတံခါးမှ အသံတစ်ချက် ထွက်ပေါ်လာသည်။
“ဒီလို ဓားပါရမီမျိုးက စိတ်ဝင်စားဖို့ကောင်းတယ်။မင်းမှာ ကောင်းကင်ဓားဂိုဏ်းကို ဝင်ဖို့အခွင့်အရေးရှိတယ်။”ထိုအသံက ဆိုလာသည်။
တက်လှမ်းခြင်းတံခါးပိတ်သွားကာ ပျောက်ကွယ်သွားတော့ပြန်သည်။
“အခုလေးတင်...”
“တက်လှမ်းခြင်းတံခါးကနေ အသံထွက်လာတာလား။”
“ဟုတ်တယ်။ငါတို့လည်း နားနဲ့ဆက်ဆက် ကြားလိုက်ရတယ်။”
“ကောင်းကင်ဓားဂိုဏ်းကို ဝင်နိုင်သွားတာလား။ကောင်းကင်ဓားဂိုဏ်းဆိုတာဘာလဲ။ အထက်ကမ္ဘာက ဂိုဏ်းတစ်ခုများလား။”
“ဒါ...ဒါက..”
လူတိုင်း ထိတ်လန့်သွားတော့သည်။
“နှုတ်ဆက်ပါတယ်။စိတ်ဝိညာဉ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှု”
သူတို့က သတိပြန်ဝင်လာကြတော့သည်။
လူတိုင်းက ဦးညွှတ်လိုက်ကြသည်။
“အခု ငါပဲကျန်တော့တယ်။”
ရှောင်ဖန်းက ထရပ်လိုက်သည်။
ရှောင်ဖန်းအနားမှာ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်၊ဘိုးဘေးဝါနက်ရောင်၊ဘိုးဘေးကောင်းကင်ကိုးထပ်နှင့် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏မဟာအကြီးအကဲများရှိနေကြသည်။သူတို့က ရှောင်ဖန်းကို အရိုအသေပြုနေကြသည်။
“ဂုဏ်ပြုပါတယ် ဂိုဏ်းချုပ်။ ဂိုဏ်းချုပ်က အင်မော်တယ်တာအိုကို ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ လွတ်လပ်မှုကိုရရှိသွားပြီး ကမ္ဘာကြီးထဲမှာ အနှောင်အဖွဲ့ကင်းသွားခဲ့ပါပြီ။ အသက်ရှည်ခြင်းက လက်တစ်ကမ်းမှာပါပဲ။”
သူတို့က ဦးညွှတ်ကာ ဂုဏ်ပြုလိုက်ကြသည်။
“အသက်ရှည်ခြင်းက လက်တစ်ကမ်းမှာပါပဲ။”ရှောင်ဖန်းက ခေါင်းခါပြီးကျယ်လောင်စွာ ရယ်မောလိုက်သည်။”ငါ့အမြင်မှာတော့ အထက်ကမ္ဘာကိုတက်လှမ်းတာက နောက်ထပ်စတင်မှုတစ်ခုပဲ။ထာဝရက ရကောင်းရနိုင်ပေမယ့် အနှောင်အဖွဲ့ကင်းဖို့ကတော့ ဝေးပါသေးတယ်။”