နှစ်တစ်ထောင်ကြာပြီးနောက် သန့်စင်မှု အောင်မြင်ခြင်း
Vol. 19 Ch. 284
ချီမင်သည် ဗဟိုနတ်ဘုရားတောင်ထိပ် လေဟာနယ်အလွှာထဲတွင် တင်ပျဉ်ခွေချိတ်ထိုင်ကာ ကောင်းကင်အရှင်ယင်းတို့ တက်လှမ်းခြင်းကို အစမှအဆုံးကြည့်နေခဲ့သည်။
“ဒါက တက်လှမ်းခြင်းဆိုတာလား။ငါပထမဆုံးအကြိမ်မြင်ဖူးတာဆိုပေမယ့် အရမ်းဆူဆူညံညံဖြစ်မသွားဘူးဘဲ။ထူးခြားဖြစ်စဉ်ကလည်း အရမ်းသာမန်ဆန်တယ်။”
ချီမင်က ဆိုလိုက်သည်။”အကြားအမြင်အာရုံအံ့ဖွယ်စွမ်းအားက အရမ်းစွမ်းအားကြီးပြီး ထူးခြားပေမယ့် တက်လှမ်းခြင်းတံခါးကို ဖြတ်မမြင်နိုင်ဘူး။သူ့နောက်က ကမ္ဘာကို မြင်ဖို့ဆိုပိုဆိုးတယ်။”
“တကယ်လို့ ငါသာသိချင်တယ်ဆိုရင် ကိုယ်တိုင်တက်လှမ်းဖို့လိုလောက်တယ်။”
ထိုအချိန်တွင် ရှောင်ဖန်းက သူ့အရှိန်အဝါကို ဖိနှိပ်မထားတော့ပေ။သူ့အရှိန်အဝါက အပြည့်အဝထွက်ပေါ်လာသည်။ခရမ်းရွှေရောင်ဆယ့်နှစ်လွှာကြာပန်းပွင့်လန်းလာပြီး မျက်စိကျိန်းလောက်ဖွယ် တောက်ပလာခဲ့သည်။
ခမ်းနားသည့်ထူးခြားဖြစ်စဉ်များ ပေါ်ပေါက်လာသည်။
ကောင်းကင်ရွှေကြာပန်းများပွင့်လန်းလာပြီး မြေပြင်ပေါ်တွင် နေရာယူလာကြသည်။ကောင်းကင်နှင့်မြေကြီးတာအိုသံစဉ်များနှင့်အင်မော်တယ်တေးသံတို့ ထွက်ပေါ်လာသည်။
ကောင်းကင်မှာ တက်လှမ်းခြင်းတံခါးထပ်ပေါ်လာသည်။
မရေမတွက်နိုင်သော သက်ရှိတို့၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
“ငါက လျှို့ဝှက်နက်နဲကမ္ဘာရဲ့ လူသားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုပဲ။”
ရှောင်ဖန်းကလက်နောက်ပစ်ကာ သူ့အကြည့်များက တည်ငြိမ်နေပြီး အမူအရာက သာမန်အတိုင်းလေးဖြစ်နေသည်။သူက တက်လှမ်းခြင်းတံခါးထံသို့ တစ်လှမ်းခြင်း လျှောက်သွားလိုက်သည်။”ရှေးဟောင်းခေတ်မှာ နတ်ဘုရားတောင်ထောက်တိုင်လေးခုက ပြိုကျသွားခဲ့တယ်။ငါနဲ့တခြားအထွတ်အထိပ်ဖြစ်တည်မှုလေးဦးက ထောက်တိုင်အဖြစ်ပြောင်းလဲပြီး ကောင်းကင်နဲ့မြေကြီးကို ပြုပြင်ပေးခဲ့တယ်။ငါတို့က သေဆုံးပြီးတာအိုကပျောက်ကွယ်သွားခဲ့ပေမယ့် လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်က ကောင်းချီးပေးခဲ့တယ်။ငါတို့ရဲ့ စစ်မှန်ဝိညာဉ်က ပြန်ရှင်သန်လာခဲ့တယ်။”
“နှစ်တစ်ထောင် ကြာသွားခဲ့ပြီ။”
“ငါ့ရဲ့စစ်မှန်ဝိညာဉ်က လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်ကြောင့် ရှင်သန်လာခဲ့တယ်။ကောင်းကင်နဲ့မြေကြီးမဟာကပ်ဘေးဒုက္ခက ထပ်ဖြစ်လာပြီး ငါက ကပ်ဘေးဒုက္ခနဲ့နောက်တစ်ကြိမ်ရင်ဆိုင်ခဲ့ရတယ်။မူလအစအင်မော်တယ်ဘုရင်က ပြန်လည်ရှင်သန်ပြီး လျှို့ဝှက်နက်နဲကမ္ဘာကို ဝါးမြိုဖို့ကြိုးစားလာတယ်။”
“ငါက လျှို့ဝှက်နက်နဲကမ္ဘာရဲ့လူသားမျိုးနွယ်ကို ဦးဆောင်ပြီး စီနီယာချီမင်ရဲ့နောက်ကို လိုက်ခဲ့တယ်။ငါတို့က မူလအစအင်မော်တယ်ဘုရင်ကို အနိုင်ယူပြီး တားဆီးနိုင်ခဲ့တယ်။ဒီနေ့တော့ သက်ရှိအားလုံးက ငါ့ကို အာရုံစိုက်နေကြပြီ။ငါ တက်လှမ်းတော့မှာကို ကမ္ဘာကြီးက ဂုဏ်ပြုရတော့မယ်။”
ရှောင်ဖန်း၏အရှိန်အဝါက အထွတ်အထိပ်သို့ရောက်သွား၏။
“ကျွန်တော်တို့က လူသားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုကို လေးစားစွာနှုတ်ဆက်လိုက်ပါတယ်။”
ပတ်ဝန်းကျင်မှာ သက်ရှိအားလုံးက ညီညာသွာဖြင့် ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။
ရှောင်ဖန်းက ကျယ်လောင်စွာရယ်မောလိုက်ပြီး တက်လှမ်းခြင်းတံခါးထဲသို့ ဝင်သွားတော့သည်။သူ့ပုံရိပ်ကပျောက်ကွယ်သွားခဲ့၏။ကံမကောင်းသည်က တံခါးထဲမှ ဘာအသံမှ ထွက်မလာပေ။
တက်လှမ်းခြင်းတံခါးက ပိတ်သွားသည်။
ထိုသို့ဖြင့် အထွတ်အထိပ်ဖြစ်တည်မှုခြောက်ဦးက တက်လှမ်းသွားကြပြီး တက်လှမ်းခြင်းအခမ်းအနားက တရားဝင်ပြီးဆုံးသွားခဲ့သည်။
“ဟူး...”
ချီမင်က သက်ပြင်းချကာ အံ့ဖွယ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်သည်။သူက အာရုံမထားတော့ပေ။သူက အချိန်ကာလရတနာ:ကမ္ဘာ့တံခါးသန့်စင်ခြင်းကိုသာ အာရုံစိုက်ထားလိုက်တော့သည်။
“ချီမင်!ချီမင်”
မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်က အားနည်းလာသည်။”အထွတ်အထိပ်ဖြစ်တည်မှုခြောက်ဦးလုံးတက်လှမ်းသွားပြီ။မင်းလည်း တက်လှမ်းရတော့မှာ။ငါက အထက်ကမ္ဘာရဲ့အင်မော်တယ်ဘုရင်တစ်ပါးမလို့ လျှို့ဝှက်ချက်တွေအများကြီးသိထားတယ်။အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို ထပ်ပြီးမသန့်စင်ပါနဲ့တော့။”
“မင်းမအောင်မြင်နိုင်ဘူးလေ။”
ချီမင်က ဘာမှမကြားသလိုသာပြုမူနေ၏။
မူလအစအင်မော်တယ်ဘုရင်က ထပ်ခါတလဲ အော်ဟစ်နေတော့သည်။
သူက အရှုံးပေးရန် ဆန္ဒမရှိသေးပေ။
နောက်ဆုံးအကြိမ်ရုန်းကန်မှုကို ပြုလုပ်နေ၏။
အချိန်ကုန်ဆုံးသွားပါ၏။
မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်နှစ်တစ်ရာ ကုန်သွား၏။
ချီမင်၏ဆရာ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်လည်း အထက်ကမ္ဘာသို့ တက်လှမ်းသွားခဲ့သည်။ မျိုးနွယ်ငါးခုမှ မဟာယနအဆင့်ကျင့်ကြံသူများကလည်း ဆက်တိုက်ဆိုသလို တစ်ယောက်ပြီးတစ်ယောက် အထက်ကမ္ဘာသို့ တက်လှမ်းသွားကြသည်။
မသိလိုက်စွာဖြင့် နှစ်တစ်ရာကုန်သွားပြန်သည်။
ယနေ့နေလည်ခင်းမှာတော့
တင်း!
“ဂုဏ်ပြုပါတယ်လက်ခံသူ။ အဆသန်းတစ်သိန်းမြှင့်တင်မှုအောက်တွင် အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို နှစ်တစ်ရာကြာ သန့်စင်ခဲ့ပါတယ်။သင် အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီး အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏ပိုင်ရှင်အစစ်ဖြစ်သွားပါပြီ။”
အသိပေးချက်တစ်ခုပေါ်လာသည်။
အချိန်ကာလရတနာ:ကမ္ဘာ့တံခါးက လှုပ်ခါသွားသည်။ကမ္ဘာစွမ်းအားက မြင့်တက်လာကာ မီးခိုးရောင်မြူခိုးအဖြစ်ပြောင်းလဲသွားပြီး ချီမင်၏တစ်ကိုယ်လုံးပေါ်သို့ ဖုံးအုပ်သွားတော့သည်။
မူလအစအင်မော်တယ်ဘုရင်က ထိတ်လန့်တကြား အော်လိုက်ရသည်။
“ဒါက...”
ချီမင်က မျက်လုံးမှိတ်ကာ အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏စွမ်းအားကို ခံစားလိုက်သည်။စွမ်းအားမျိုးစုံထွက်ပေါ်လာသည်။ချီမင်သည် အချိန်နှင့်နေရာလွတ်၏လျှို့ဝှက်ဆန်းကြယ်မှုများကို နားလည်ရန် အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို အခြေခံအဖြစ် သုံးလိုက်ပါ၏။
ချီမင်က အချိန်ကာလရတနာ:ကမ္ဘာ့တံခါးထဲတွင်ပါဝင်သည့် အဆုံးမဲ့ကမ္ဘာ့မူလအစများကို ရှင်းလင်းစွာ အာရုံခံမိလိုက်သည်။ထိုအရာများက မူလအစအင်မော်တယ်ဘုရင်စုဆောင်းထားသည့် ကမ္ဘာ့မူလအစများ ဖြစ်သည်။
အတော်လေးများသည်။
ဖော်ပြရန်ပင် ခက်ခဲပါ၏။
ချီမင်က အချိန်ကာလရတနာ:ကမ္ဘာ့တံခါးထဲမှ အင်မော်တယ်ဘုရင်(၁၆၆)ပါး၏အသိစိတ်အမှတ်အသားကိုလည်း တွေ့သွားသည်။
အင်မော်တယ်မျိုးနွယ်က အတိတ်၌ဖြစ်သွားခဲ့ပေပြီ။ယခု စိတ်ဝိညာဉ်မျိုးနွယ်ဟုသာ ခေါ်ကြတော့သည်။ ယခင်အင်မော်တယ်ဘုရင်များသည်လည်း စိတ်ဝိညာဉ်ဘုရင်များ ဖြစ်သွားကြတော့၏။
ထိုသို့ဖြင့် ချီမင်သည် အချိန်ကာလရတနာ:ကမ္ဘာ့တံခါးမှတစ်ဆင့် စိတ်ဝိညာဉ်ဘုရင်များကို ထိန်းချုပ်နိုင်သွားသည်။
သိပ်မကြာလိုက်ရဘဲ ချီမင်က အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို နားလည်သွားသည်။သူက ကမ္ဘာပေါင်းများစွာ၏အရှိန်အဝါကို အာရုံခံမိသွားပြီး အထက်ကမ္ဘာ၏တည်ရှ်ိမှုကိုတောင် ခံစားလိုက်ရသည်။
အထက်ကမ္ဘာရတနာဆိုသည့်အတိုင်းပင်။
ချီမင်၏ကျင့်ကြံခြင်းအဆင့်သာ လုံလောက်သရွေ့ သူက ကမ္ဘာ့တံခါးကိုသုံးကာ ဘယ်ကမ္ဘာမဆို သွားနိုင်သွားသည်။
တကယ်တော့
သူက ကမ္ဘာများ၏အချိန်ကာလကိုတောင် ပြောင်းလဲနိုင်သွားပေသည်။
အချိန်ကာလကို ပြောင်းလဲရန်အတွက်တော့ ကျင့်ကြံခြင်းအဆင့်အတော်လေးမြင့်မားရန် လိုအပ်ပါ၏။
အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏စွမ်းအားက အတော်လေး ပြင်းထန်သည်။ကမ္ဘာကူးပြောင်းသည့် ကိရိယာ သာသာမဟုတ်ပေ။ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအားကိုလည်း ပိုင်ဆိုင်ထား၏။
မူလအစအင်မော်တယ်ဘုရင်သာ ကမ္ဘာ့တံခါးကိုနားလည်သဘောပေါက်ခဲ့ပါက ချီမင်က သူ့ကို အနိုင်မယူနိုင်ပေ။သူ့ဘက်ကတောင် ပြန်သေသွားနိုင်သည်။
အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏စွမ်းအားက ပြောင်းလဲသွား၏။အချိန်ကာလမြူခိုးတို့မှာ ပျောက်ကွယ်သွားပြီး ကမ္ဘာ့စွမ်းအားကလည်း ပုန်းကွယ်သွားသည်။သို့ပေသော်လည်း ချီမင်၏မျက်ခုံးအလယ်တွင် အချိန်ကာလအမှတ်အသားကို တံဆိပ်ခတ်နှိပ်သွားသည်။
အော်ရိုဘိုရော့စ်ကွင်းနှင့်တောင်တူသည်။
(အော်ရိုဘိုရော့စ်ဆိုတာ မြွေက ကိုယ့်အမြီးကိုပြန်မြိုနေတဲ့ပုံစံကိုပြောတာပါ)
အချိန်ကာလအမှတ်အသားကလည်း တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
အပြုံးတစ်ခုက ချီမင်၏မျက်နှာပေါ်တွင် ဖြစ်တည်လာ၏။သူက စိတ်အခြေအနေကောင်းနေသည်။”ငါ နှစ်တစ်ထောင်ကို အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို သန့်စင်ဖို့ သုံးလိုက်ရတယ်။အခု ငါ ဒီရတနာကို သန့်စင်တာ ပြီးမြောက်သွားပြီ။မင်းထက်ပြီးပုန်းစရာနေရာမရှိတော့ဘူး။မင်းရဲ့အသိစိတ်က ဖော်ထုတ်ခံလိုက်ရပြီ။”
“ချီမင်”
မူလအစအင်မော်တယ်ဘုရင်သည် မျှော်လင့်ချက်ပျက်သုဉ်းသွားတော့သည်။သူက ရလဒ်ကို ကြိုပြီးခန့်မှန်းထားခဲ့ပေမယ့် နောက်ဆုံးအခိုက်တွင် ထိတ်လန့်တကြား အော်လိုက်ရသည်။”အားး!”
မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်က စွမ်းအားကိုစုစည်းလိုက်သည်။သူက တကယ်တော့ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲချင်နေတာဖြစ်သည်။သူသာ အောင်မြင်သွားရင် ချီမင်ကို မထိခိုက်နိုင်ပေမယ့် ကမ္ဘာ့တံခါးကတော့ ပြင်းပြင်းထန်ထန်ပျက်စီးသွားနိုင်ပြီး အဆင့်ကျသွားနိုင်သည်။ထိုရလဒ်မျိုးကို ချီမင်လည်း မမြင်ချင်ပေ။
“ကိုယ်ကိုယ်ကိုယ်ဖောက်ခွဲဖို့လား”
ချီမင်က ပြုံးကာဆို၏။”မူလအစအင်မော်တယ်ဘုရင်ရေ အခုမှတော့ ကိုယ်ကိုယ်ကိုယ်ဖောက်ခွဲဖို့က အရမ်းနောက်ကျသွားပြီ။ငါ အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို မသန့်စင်နိုင် မထိန်းချုပ်နိုင်သေးခင်တုန်းကသာ လုပ်မယ်ဆိုရင် အခွင့်အရေးရှိဦးမယ်။အခုတော့ မဖြစ်နိုင်တော့ဘူး။”
“ဖိနှိပ်!”
အတွေးတစ်ချက်ဖြင့် ချီမင်က ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်လိုက်သည်။ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားက ရတနာထဲသို့ တိုးဝင်သွားပြီး ကမ္ဘာ့တံခါး၏စွမ်းအားကို လှုံဆော်ကာ မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်ကို ဖိနှိပ်လိုက်သည်။
“မင်း....မင်း...”
မူလအစအင်မော်တယ်ဘုရင်က ထိတ်လန့်သွားသည်။”ဘယ်လိုဖြစ်နိုင်မှာလဲ။အချိန်ကာလရတနာ:ကမ္ဘာ့တံခါးမှာ အဲ့လိုစွမ်းရည်မျိုးရှိလို့လား။ငါအရင်က ဘာလို့မသိခဲ့ရတာလဲ။”
“ဘာလိုလဲဆိုတော့ မင်းက အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို ဘယ်တုန်းကမှ နားမလည်ခဲ့ဘူးလေ။”
ချီမင်က မူလအစအင်မော်တယ်ဘုရင်၏မေးခွန်းကို ဖြေပေးလိုက်သည်။”မင်းက အချိန်ကာလရတနာ:ကမ္ဘာ့တံခါးရဲ့တကယ်စွမ်းအားကို မသုံးနိုင်ဘူး။ တကယ့်ပိုင်ရှင်မှမဟုတ်တာ။”
“ငါ...ငါ...”
မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်က မိန်းမောသွားတော့သည်။
“အဆုံးသတ်ဖို့ အချိန်ကျပြီ။”
ချီမင်၏အကြည့်က မထူးမခြားနားဖြစ်နေသည်။အတွေးတစ်ချက်ဖြင့် သူ၏မဟာယနဓမ္မစွမ်းအားတို့ ထွက်ပေါ်လာသည်။သူက ကမ္ဘာ့တံခါး၏စွမ်းအားကို စုစည်းလိုက်ကာ အထဲက ကမ္ဘာ့မူလအစများကို စတင်စုပ်ယူသန့်စင်တော့သည်။
အဆုံးမရှိများပြားလှသော ကမ္ဘာ့မူလအစတို့မှာ ကမ္ဘာ့တံခါးနှင့် ပေါင်းစပ်ပြီး စုပ်ယူခံလိုက်ရသည်။
“စိတ်ဝိညာဉ်ဘုရင်(၁၆၆)ပါး”
ချီမင်က ညာဘက်လက်ကို ထုတ်လိုက်ကာ ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်လိုက်သည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားက ရတနာထဲသို့ ပေါင်းစပ်သွားတော့သည်။မသိလိုက်စွာဖြင့် ရတနာ၏စွမ်းအား ထွက်ပေါ်လာ၏။
ချက်ချင်းပဲ ချီမင်က စုစုပေါင်းစစ်မှန်ဝိညာဉ်အသိစိတ်(၁၆၆)ခုကို သူတို့ခန္ဓာကိုယ်ထဲမှ အတင်းအကြပ်ထုတ်ပြီးဆင့်ခေါ်လိုက်သည်။
တစ်ချိန်တည်းမှာ စိတ်ဝိညာဉ်မျိုးနွယ်ထဲမှ လွန်ခဲ့သည့်နှစ်တစ်ထောင်ကတိုက်ပွဲ၌ မသေသွားခဲ့သည့် စိတ်ဝိညာဉ်ဘုရင်(၃၆)ပါးက မျက်လုံးပြူးသွားသည်။သူတို့က မြေပြင်ပေါ်သို့ လဲကျသွားပြီး အမူအရာကတောင့်တင်းသွားသည်။
အကုန်လုံးက သေဆုံးသွားတော့သည်။
ထိုကိစ္စက ပျံ့နှံ့သွားတော့သည်။
စိတ်ဝိညာဉ်မျိုးနွယ်တစ်ခုလုံး ထိတ်လန့်သွားတော့သည်။
လျှိုဝှက်နက်နဲကမ္ဘာတစ်ခုလုံးကလည်း သတိထားမိသွားကြသည်။မျိုးနွယ်ခြောက်ခုလည်း ထိတ်လန့်သွားရ၏။
ထို့အပြင် တိုက်ပွဲထဲ၌ သေသွားသည့် စိတ်ဝိညာဉ်ဘုရင်(၁၃၀)လည်း ကျန်သေးသည်။ဥပမာအနေဖြင့် ပထမအင်မော်တယ်ဘုရင်၊အထွတ်အထိပ်အင်မော်တယ်ဘုရင်၊ထာဝရငြိမ်သက်ခြင်းအင်မော်တယ်ဘုရင်၊အင်မော်တယ်ဘုရင်လင်းလုံ စသူတို့ ဖြစ်သည်။
သူတို့ကသေသွားပေမယ့် စစ်မှန်ဝိညာဉ်က အဖျက်ဆီးမခံရသေးပေ။နှစ်တစ်ထောင်ကြာပြီးနောက်မှာ သူတို့က တခြားကမ္ဘာမှာ ပြန်ရှင်သန်လာပြီး ယခင်ကျင့်ကြံခြင်းအဆင့်မျိုး ပြန်ရသွားကြသည်။
သူတို့က အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို မဆက်သွယ်နိုင်ပေ။ထို့ကြောင့်လည်း လျှို့ဝှက်နက်နဲကမ္ဘာကို ပြန်မလာနိုင်သေးဘဲ သူတို့ပြန်ရှင်လာသည့် ကမ္ဘာ၌သာ နေနေရသည်။
ယနေ့မှာတော့ ချီမင်က နေရာကာလကို ဖြတ်ကျော်လျက် ကမ္ဘာ့တံခါး၏အကူအညီဖြင့် စိတ်ဝိညာဉ်ဘုရင်(၁၃၀)၏စစ်မှန်ဝိညာဉ်အသိစိတ်ကို သူ့ရှေ့မှောက် အတင်းအကြပ်ဆင့်ခေါ်လိုက်သည်။
စိတ်ဝိညာဉ်ဘုရင်(၁၆၆)ပါးလုံး မခုခံနိုင်ပေ။
အချိန်ကာလရတနာ:ကမ္ဘာ့တံခါးအနားတွင် ပုံရိပ်(၁၆၆)ခု ပေါ်လာသည်။သူတို့က လွင့်မြောနေကြပြီး ချီမင်ကို သတိထားမိသွားကြသည်။
“မင်းက ချီမင်ပဲ”
“မင်း မသေသေးဘူးပဲ။”
“အင်မော်တယ်မျိုးနွယ်က ဘယ်မှာလဲ။”
“အယုတ်တမာကောင်”
“ဘာလို့ ဒီလိုဖြစ်နေတာလဲ။”
“ဘာတွေဖြစ်ကုန်တာလဲ။”
“…”
ပထမအင်မော်တယ်ဘုရင်တို့က ချီမင်ကို သတိထားမိလိုက်ကြသည်။ဒေါသတရားက သူတို့မျက်နှာပေါ်မှာ နေရာယူလာပြီး ချီမင်ကို ကျိန်ဆဲလာကြသည်။တခြားသော စိတ်ဝိညာဉ်ဘုရင်(၃၆)ပါးကတော့ အမူအရာညိုးနွမ်းနေကြသည်။