ဖန်ကူးစစ်မှန်ခန္ဓာ
Vol. 19 Ch. 277
တကယ်တော့ ယခုတွင် သိသာသွားခဲ့ပြီဖြစ်သည်။
ချီမင်၏ခန္ဓာကိုယ်ပေါ်တွင် ဖုံးအုပ်နေသည့်ကံကြွေးအရှိန်အဝါက အတော်လေးပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ချီမင်က ကောင်းကင်နှင့်မြေကြီးကမ္ဘာ့ဖန်တီးခြင်းအစီအရင်ကို ဖျက်ဆီးလိုက်သည့်အတွက် မူလအစအင်မော်တယ်ဘုရင်၏အစီအစဉ်ကို တားဆီးနိုင်ခဲ့သည်။သူက လျှို့ဝှက်နက်နဲကမ္ဘာကို ယာယီကာကွယ်ပေးနိုင်ခဲ့ပြီဖြစ်၏။
ချီမင်က လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်ကို ကံကြွေးတစ်ပိုင်း ပေးနိုင်ခဲ့ပြီဖြစ်သည်။ထို့ကြောင့်လည်း သူ့ကိုယ်ပေါ်က ကံကြွေးအရှိန်အဝါများစွာ ပျောက်ကွယ်သွားခြင်းဖြစ်၏။သို့ပေမယ့် အပြည့်အဝပျောက်ကွယ်သွားခြင်းမဟုတ်သေးပေ။
လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်ကြောင့်လည်းပါဝင်သည်။
လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်က ချီမင်၏ကျင့်ကြံခြင်းအဆင့်တိုးမြင့်လာရန် မျှော်လင့်ထား၍ဖြစ်သည်။ချီမင်က ပိုပြီးသန်မာလာလေ မူလအစအင်မော်တယ်ဘုရင်ကို အနိုင်ရရန်ပိုပြီးဖြစ်နိုင်ချေ များလာမှာဖြစ်သည်။
လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်က ချီမင်၏ကံကြွေးကို အကုန်လုံးလည်း လျှော်မပေးရဲချေ။သူက ချီမင်သာ အတိဒုက္ခကျော်လွှားပြီး မဟာယနအဆင့်သို့တက်လှမ်းသွားပါက လျှို့ဝှက်နက်နဲကမ္ဘာကိုဂရုမစိုက်တော့မည်ကို စိုးရိမ်ခြင်းဖြစ်သည်။
လေဟာနယ်ထဲမှ တိုက်ပွဲတွင်တော့ သန့်စင်ခြင်းသုံးပါးကိုယ်ပွားများက မူလအစအင်မော်တယ်ဘုရင်ကို ဝိုင်းရံထားကြ၏။သူတို့တိုက်ခိုက်သည့်အခါတိုင်း ကြီးမားသည့်ပေါက်ကွဲမှုကြီးဖြစ်ပေါ်လာပြီး ဖျက်ဆီးခြင်းစွမ်းအားက အနားမှနေရာလွတ်ကို အက်ကွဲသွားစေသည်။
ချီမင်သည် တိုက်ခိုက်ရန် အခွင့်ကောင်းကို ရှာဖွေနေလျက်ရှိသည်။
သူက ရန်သူကို တစ်ချက်တည်းဖြင့် အမြစ်ဖြတ်ချင်နေတာဖြစ်သည်။
အောင်မြင်ဖို့ကတော့ အလွန်တရာခက်ခဲပါ၏။
တိုက်ပွဲက ပိုပြီးပြင်းထန်လာသောကြောင့် လျှို့ဝှက်နက်နဲကမ္ဘာ၏ ကမ္ဘာ့အရံအတားက ဖျက်ဆီးခံရလုနီးပါးဖြစ်လာသည်။ကမ္ဘာ့အရံအတားသာ ပျက်စီးသွားပါက လေဟာနယ်စကြဝဠာပင်လယ်မှ လေဟာနယ်လေပြင်းတို့မှာ လျှို့ဝှက်နက်နဲကမ္ဘာထဲသို့ပြင်းထန်စွာဝင်ရောက်လာမှာဖြစ်သည်။
ထို့အချိန်ရောက်လျှင် လျှို့ဝှက်နက်နဲကမ္ဘာက ကပ်ဘေးဒုက္ခနှင့် ရင်ဆိုင်ရမှာဖြစ်သည်။
ရှေးဟောင်းခေတ်၏အဆုံးသတ်ကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
လျှို့ဝှက်နက်နဲကမ္ဘာ၏အရံအတားမှ အပေါက်ကို ပိတ်ဆို့သွားစေရန် အလို့ငှာ ကောင်းကင်အရှင်ယင်းက သူ့ခန္ဓာကိုယ်ကို သုံးကာ ပိတ်ခဲ့ရ၏။
“ချီမင်!”မူလအစအင်မော်တယ်ဘုရင်က ဒေါသတကြီးအော်ဟစ်လိုက်သည်။သန့်စင်ခြင်းသုံးပါးကိုယ်ပွားများနှင့် ဝိုင်းခံထားရသည့်အတွက် သူ့အမူအရာက ကြမ်းတမ်းနေသည်။သူက စွမ်းအားပြည့်လက်သီးချက်များကို တားဆီးနေရသည်။
အော့!!
မူလအစအင်မော်တယ်ဘုရင်က ပါးစပ်အပြည့်သွေးတစ်ပွက်အန်ထုတ်လိုက်ရပြီး ထိတ်လန့်စွာ အော်လိုက်ရသည်။
နောက်တစ်ခဏမှာ မူလအစအင်မော်တယ်ဘုရင်က အထွတ်အထိပ်သန့်စင်ဘက်မှ မူလအစကြေးမုံကိုထုချေလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသည့် အင်အားကပေါက်ကွဲထွက်လာပြီး ကြေးမုံက အက်ကွဲသွားကာ ပေါက်ကွဲထွက်သွားတော့သည်။
အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။
“အား!!!”
မူလအစအင်မော်တယ်ဘုရင်က ထပ်ခါတလဲအော်ဟစ်လိုက်ရသည်။သူက အင်အားကုန်သုံးကာ အသက်ကိုရင်းပြီး ပြင်ဆင်လိုက်သည်။သူက အနည်းငယ်လေးတောင် မတုံ့ဆိုင်းပေ။နောက်ဆုံးမှာတော့ သူက အထက်ကမ္ဘာမှ အင်မော်တယ်ဘုရင်တစ်ပါးဖြစ်သည်။ချီမင်ကို မူလအစအင်မော်တယ်ဘုရင်နှင့် နှိုင်းယှဉ်ပါက တိုက်ပွဲအတွေ့အကြုံ နည်းနေသေးသည်။
သူ့တိုက်ခိုက်မှုက အောင်မြင်သွားတော့ မူလအစအင်မော်တယ်ဘုရင်က ထွက်သွားလိုက်သည်။
“သူတကယ်ကြီး...”ချီမင်က အနည်းငယ်ထိတ်လန့်သွားသည်။
ရိုးရိုးသားသားပြောရရင် ချီမင်က သန့်စင်ခြင်းသုံးပါးကိုယ်ပွားကို သုံးကာ ရန်သူများစွာနှင့်တိုက်ခိုက်ဖူးသည်။ယခုက ပထမဆုံးအကြိမ် သန့်စင်ခြင်းသုံးပါးကိုယ်ပွားများသည် ရှုံးနိမ့်သွားခြင်းဖြစ်သည်။
အထွတ်အထိပ်သန့်စင်ကို အနိုင်ယူလိုက်တော့ တခြားကိုယ်ပွားနှစ်ယောက်ကိုပါ သက်ရောက်သွားသည်။
“မူလအစ စစ်မှန်ခန္ဓာ”
ထိုအချိန်တွင် မူလအစအင်မော်တယ်ဘုရင်သည် သူ၏အသန်မာဆုံးဝှက်ဖဲကို နောက်ဆုံးအနေဖြင့် သုံးလိုက်သည်။
သူက သိသိသာသာကို ကြက်ဥများကို တစ်ခြင်းထဲ၌ ထည့်မထားတတ်ပေ။ကမ္ဘာ့မူလစွမ်းအင်များက မူလအစအင်မော်တယ်ဘုရင်၏ခန္ဓာကိုယ်ထဲ၌ ရှိသေးသည်။ကံမကောင်းသည်က မူလအစအင်မော်တယ်ဘုရင်၏ခန္ဓာကိုယ်က ကမ္ဘာ့မူလအစကို များစွာသိမ်းဆည်းမထားနိုင်ပေ။
(ကြက်ဥများကို တစ်ခြင်းထဲ၌ ထည့်မထားဆိုတာက ကိစ္စတစ်ခုတည်းကို အစီစဉ်တစ်ခုပဲမရှိဘူးလို့ပြောတာပါ။ တစ်ခြင်းတည်းထည့်ရင် ကွဲရင်အကုန်ကွဲတယ်။ခွဲထည့်မှ အဆင်ပြေတယ်။တစ်မျိုးတည်းစီစဥ်တာထက် အရန်အစီစဥ်ရှိတာမျိုးကို idiom လိုသုံးထားတာပါ။)
မူလအစအင်မော်တယ်ဘုရင်အနေဖြင့် မူလအစစစ်မှန်ခန္ဓာကို ထုတ်သုံးဖို့တော့ ကမ္ဘာ့မူလအစကို လုံလုံလောက်လောက်သိမ်းထာနိုင်ခဲ့သည်။
ထိုအချိန်တွင် ကမ္ဘာ့မူလအစစွမ်းအင်က ထွက်ပေါ်လာပြီး မူလအစအင်မော်တယ်ဘုရင်၏တစ်ကိုယ်လုံးပေါ်သို့ ပျံ့နှံ့သွားတော့၏။ မူလအစကြေးမုံက ကောင်းကင်ပေါ်သို့ ခုန်တက်သွားပြီး သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။”မူလအစအင်မော်တယ်ဘုရင်က ဖုံးကွယ်ထားတာပဲ။”
ချီမင်၏အကြည့်က လေးနက်လာသည်။သူက အသက်ပြင်းပြင်းရှုကာ ဆိုလိုက်သည်။”ကံကောင်းလို့ ငါလည်းပြင်ဆင်ထားလို့။မဟုတ်ရင် မင်းကို ဖြေရှင်းနိုင်တော့မှာမဟုတ်ဘူး။”
သူက ဖိအားကို ခံစားလာရသည်။
သူက အချိန်ကာလရတနာ:ကမ္ဘာ့တံခါးထိန်းချုပ်နိုင်နေသေးတုန်းအတွင်းမှာ မူလအစအင်မော်တယ်ဘုရင်ကို ဖိနှိပ်ကာ လုံးဝအနိုင်ယူပစ်ရမည်ဖြစ်သည်။
မူလအစအင်မော်တယ်ဘုရင်က အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို ထိန်းချုပ်ခွင့်ပြန်ရသွားလျှင် ချီမင်က ကျိန်းသေပေါက် ရှုံးနိမ့်ပေလိမ့်မည်။
ထိုသို့သာ ဖြစ်လာလျှင် ချီမင်တွင် အရင်းအမြစ်စွမ်းအား ဆယ်ရာခိုင်နှုန်းမရှိတော့သည့်အတွက် အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏စွမ်းအားကို မခုခံနိုင်လောက်တော့ပေ။
“ဖန်ကူး စစ်မှန်ခန္ဓာ”ချီမင်က အော်လိုက်သည်။ နောက်ဆုံးတော့သူကလည်း သူ၏အသန်မာဆုံးဝှက်ဖဲ သူအချိန်ကြာမြင့်စွာဖုံးကွယ်ထားခဲ့သည့် အကွက်နှင့် အသန်မာဆုံးအံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ် ကို ထုတ်သုံးလိုက်တော့သည်။
ဖရိုဖရဲမဟာတာအိုကျမ်းမှ ဖမ်းဆုပ်ထားမိသည့် အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်ဖြစ်သည်။
ဖန်ကူးစစ်မှန်ခန္ဓာဟုခေါ်သည်။
ထိုတစ်ခဏတွင် ချီမင်က ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်လိုက်တော့ ကောင်းကင်နှင့်မြေကြီးမဟာတာအိုက ပဲ့တင်ထပ်လာသည်။ထိုပဲ့တင်ထပ်မှုက လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုထဲ၌သာ မဟုတ်တော့ပေ။ထိုအစား လျှို့ဝှက်နက်နဲကမ္ဘာအပြင်ဘက် လေဟာနယ်စကြဝဠာတစ်ခုလုံး ပဲ့တင်ထပ်လာသည်။
ကောင်းကင်နှင့်မြေကြီးမဟာတာအို ပဲ့တင်သံက ထွက်ပေါ်လာတော့၏။
ထိုအဆုံးမဲ့စွမ်းအားက ကောင်းကင်နှင့်မြေကြီးမဟာတာအိုက ထွက်ပေါ်လာခြင်းဖြစ်သည်။မဟာတာအို၏လျှို့ဝှက်ဆန်းကြယ်မှုများက ချီမင်၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။”ဒီလိုစွမ်းအား ဒီလိုခံစားချက်မျိုး”ချီမင်က ထိုခံစားချက်ထဲနစ်မြှုပ်သွားပြီး သူ့ဟာသူ ရုန်းမထွက်နိုင်တော့ပေ။သူက မဟာတာအို၏လျှို့ဝှက်ဆန်းကြယ်မှုထဲ နစ်ဝင်သွားသည်။”အရမ်း သန်မာတယ်။”
ထူးခြားဖြစ်စဉ်အမျိုးမျိုး ချီမင်ကိုဝန်းရံကာ ထွက်ပေါ်လာသည်။ထိုဖြစ်စဉ်များက ချီမင်ကျင့်ကြံခဲ့သည့် ကျင့်ကြံခြင်းနည်းလမ်း၊သိုင်းနည်းစနစ်နှင့်အံ့ဖွယ်စွမ်းအားတို့မှ လာခြင်းဖြစ်သည်။
နောက်တစ်ခဏမှာ ကောင်းကင်ဘုံကြယ်တာရာသုံးဆယ်ခြောက်ပညာရပ်က ပေါ်လာပြီး ချီမင်၏ခေါင်းထက်မှာ ကြယ်(၃၆)လုံးအဖြစ် ပြောင်းလဲသွားသည်။ ကြယ်ရောင်များမှာ အသက်ဝင်လာသည့်အတိုင်း မျက်စိကျိန်းဖွယ်တောက်ပလာသည်။
မဟာကပ်ဘေးဒုက္ခနည်းစနစ်ကလည်း ထူးခြားဖြစ်စဉ်အမျိုးမျိုးဖြစ် ပြောင်းလဲသွား၏။
သိပ်မကြာခင်မှာ အလင်းတန်းများအဖြစ်ပြောင်းကာ ချီမင်၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားတော့သည်။
ထိုအရာအားလုံးက ဖန်ကူးစစ်မှန်ခန္ဓာ၏ အစိတ်အပိုင်းဖြစ်သွားတော့သည်။
သန့်စင်ခြင်းသုံးပါးကိုယ်ပွားများတောင် ပေါင်းစပ်သွားရ၏။
“ဒါ...”
မူလအစအင်မော်တယ်ဘုရင်က ချီမင်ကိုယ်ပေါ်မှ အင်အားကို ခံစားမလိုက်သည်။သူက ကောင်းကင်တာအို လုပ်ပိုင်ခွင့်ရပြီးတာအိုကျင့်ကြံသူတစ်ဦးနှင့် ညီမျှသွားသည့်အတွက် အာရုံခံနိုင်သွားခြင်းဖြစ်သည်။
သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးများကို မရေမရာခံစားမိနေသည်။ဒီခံစားချက်က မှုန်ဝါးနေပြီး စစ်ဆေးကြည့်ဖို့တော့ မဖြစ်နိုင်ပေ။
မူလအစအင်မော်တယ်ဘုရင်က အထက်ကမ္ဘာမှ အင်မော်တယ်ဘုရင်တစ်ပါးဖြစ်သည်။အရမ်းအရမ်းကို မှုန်ဝါးနေပေမယ့် သူခံစားနိုင်သေးသည်။
“ကောင်းကင်...ကောင်းကင်နှင့်မြေကြီးမဟာတာအိုလား။”
မူလအစအင်မော်တယ်ဘုရင်၏မျက်လုံးက ပြူးကျယ်သွားလေသည်။သူ့တစ်ကိုယ်လုံးက လှုပ်ခါသွားပြီး ထိတ်လန့်တကြားဖြစ်သွားတော့သည်။”ဒီတာအိုစာလုံးတွေက ကောင်းကင်နှင့်မြေကြီးမဟာတာအိုရဲ့စွမ်းအားတွေလား။”
“မဟုတ်ဘူး။”
“မဖြစ်နိုင်ဘူး။”
“ချီမင်က သေချာပေါက် မဟာတာအိုကျင့်ကြံသူ မဟုတ်ဘူး။မဟုတ်ဘူး။ဒါအမှန်တရား မဟုတ်ဘူး။ချီမင်က ဘယ်လိုများမဟာတာအိုကို ကျင့်ကြံနိုင်မှာလဲ။သန့်စင်ခြင်းသုံးပါးတာအိုကျမ်းက မဟာတာအိုကျမ်းမဖြစ်နိုင်ဘူး။”
“ငါမယုံဘူး။ငါမယုံဘူး။”
မူလအစအင်မော်တယ်ဘုရင်က အမှန်တရားကိုသိသွားပြီး စိတ်ပိုင်းဆိုင်ရာပြိုလဲသွားတော့သည်။
သူသာ ချီမင်က မဟာတာအိုကျင့်ကြံသူမှန်းသိခဲ့ရင် မူလအစအင်မော်တယ်ဘုရင်သည် လုံးဝမဆန့်ကျင့်ရဲပေ။
အထက်ကမ္ဘာမှာတောင် မဟာတာအိုကျင့်ကြံသူများသည်အထွတ်အထိပ်တားမြစ်ဖြစ်တည်မှုများဖြစ်သည်။
အထက်ကမ္ဘာမှာ မဟာတာအိုကျင့်ကြံသူပေါ်လာတိုင်း လူတိုင်းကို ဖိနှိပ်နိုင်သည်။
အသံကျယ်ကြီးထွက်ပေါ်လာသည်။
မူလအစအင်မော်တယ်ဘုရင်သည် နောက်ဆုံးတော့ အပြည့်အဝပြောင်းလဲသွားတော့သည်။သူက ခမ်းနားသည့် ဘီလူးကြီးတစ်ကောင်အဖြစ်ပြောင်းသွားသည်။
မူလအစအင်မော်တယ်ဘုရင်က မူလအစကိုယ်ပွားအဖြစ်ပြောင်းလဲထားခြင်းဖြစ်သည်။သူ့အရပ်နှင့်အရွယ်အစားက တကယ့်ကို ပြိုင်ဘက်ကင်းပေသည်။သူက လျှို့ဝှက်နက်နဲကမ္ဘာကိုခြေချထားပြီး လေဟာနယ်အလွှာက ကမ္ဘာ့အရံအတားကို ကြည့်လိုက်၏။
သူက လက်မြှောက်လိုက်သည်။
ထိုအရာ ကောင်းကင်နှင့်မြေကြီးကိုပင် ထောက်ပံ့နိုင်သည်။
မယုံနိုင်လောက်အောင် ခမ်းနားကြီးကျယ်လှသည်။
အထွတ်အထိပ်စစ်မှန်ခန္ဓာက ပြိုင်ဘက်ကင်းပါ၏။
သူ့အနားက ဧရိယာကို မူလအစအင်မော်တယ်အလင်းတန်းဖြင့် ဖုံးအုပ်သွားတော့သည်။ခရမ်းစိမ်းရောင်အလင်းတို့မှ တောက်ပလာတော့သည်။”ဒါ...ဒါက”
“ဗဟိုဒေသ ဗဟိုဒေသပဲ။”
“အိုး ဘုရားရေ”
“အထွတ်အထိပ်ဘီလူးကြီးကဘယ်လိုပေါ်လာတာလဲ။အရမ်းကို ကြီးကျယ်လွန်းတယ်။သူ့ခြေထောက်တွေက ကောင်းကင်ကြနေတာပဲ။တိမ်တွေက သူ့ခါးနားတောင် မရောက်ဘူး။”
“ဟူး”
“ဘာကြီးလဲ။”
ထိုအချိန်တွင် အင်မော်တယ်များအပြင် မျိုးနွယ်ငါးခုမဟာမိတ်စစ်တပ်မှာ ထိုမြင်ကွင်းကြောင့်ထိတ်လန့်သွားတော့သည်။သူတို့၏မျက်လုံးများက ပြူးကျယ်သွားတော့သည်။
တစ်ချိန်တည်းမှာ လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးတွင် နောက်တစ်ကြိမ် ပွက်လောရိုက်လာသည်။
ဖရိုဖရဲမြူခိုးတို့်မှာ ဗဟိုဒေသတစ်ဝက်ကို ဖုံးအုပ်လာသည်။ဖရိုဖရဲအရောင်တို့က ခရမ်းစိမ်းရောင်များကို ဖိနှိပ်လိုက်သည်။
အဆုံးမဲ့ဖရိုဖရဲမြူခိုးထဲတွင် နောက်ထပ် လူ့ဘီလူးကြီးတစ်ကောင်ပေါ်လာသည်။
ဟုတ်ပေသည်။နောက်ထပ်တစ်ကောင်ပေါ်လာသည်။
အထွတ်အထိပ်ဧရာမစစ်မှန်ခန္ဓာက တစ်ကိုယ်လုံးကြေးနီရောင်ဖြစ်သည်။ထိုအရာက ဖန်ကူး၏စစ်မှန်ခန္ဓာဖြစ်သည်။
ဟုတ်ပေသည်။
ချီမင်၏ ဖန်ကူးစစ်မှန်ခန္ဓာက ဖရိုဖရဲမြူခိုးမှမွေးဖွားလာခြင်းဖြစ်သည်။သူက ဖရိုဖရဲကြာပန်းစိမ်းပေါ်တွင်ရပ်နေပြီး ဖရိုဖရဲဧရာမပုဆိန်ကြီးကို ကိုင်ဆွဲထားသည်။ကောင်းကင်မှတော့ ဖြစ်စဉ်ကြီးတစ်ခုပေါ်လာသည်။
ထိုထူးခြားဖြစ်စဉ်တွင် ဖရိုဖရဲထဲမှ ဖရိုဖရဲဥတစ်လုံးပေါက်လာသည်။ထိုဥကြီးက အက်ကွဲလာပြီး အလွန်အမင်းထိတ်လန့်စရာကောင်းသည်။
ပိုပြီးအရေးကြီးသည်က ချီမင်၏ဖန်ကူးစစ်မှန်ခန္ဓာက မူလအစအင်မော်တယ်ဘုရင်၏မူလအစစစ်မှန်ခန္ဓာကို ဖိနှိပ်နိုင်သည်။ဖရိုဖရဲမြူခိုးတို့ ပျံ့နှံ့ထွက်လာပြီး ခရမ်းစိမ်းရောင်အလင်းတို့ကို ဖိနှိပ်လိုက်သည်။
တစ်နည်းဆိုသော်
မူလအစအင်မော်တယ်ဘုရင်၏မူလအစ စစ်မှန်ခန္ဓာက ချီမင်၏ဖန်ကူးစစ်မှန်ခန္ဓာထက်နိမ့်လေသည်။
ချီမင်က ဖန်ကူးစစ်မှန်ခန္ဓာအခြေအနေကို ပြောရရင် အတော်လေး ခမ်းနားကြီးကျယ်သည်။သူက လျှို့ဝှက်နက်နဲကမ္ဘာ၏ကုန်းမြေပေါ်၌ရပ်နေပြီး မိုးကုပ်စက်ဝိုင်းက သူ့ခေါင်းပေါ်မှာဖြစ်သည်။
ထို့ကြောင့် ချီမင်၏စကားလုံးက လျှို့ဝှက်နက်နဲကမ္ဘာမှ လူတိုင်း၏နားတွင် ကြားနိုင်သည်။”ရုန်းကန်နေတာ ရပ်တော့”
ချီမင်ကအော်လိုက်သည်။”မင်းမှာ နိုင်ဖို့အခွင့်အရေးမရှိတော့ဘူး “
“စီနီယာချီမင်ပဲ။အဲ့တာ စီနီယာချီမင်ပဲ။”
“ဒါ..ဒါက...”
“ဒီဒုတိယမြောက်ပေါ်လာတဲ့ အထွတ်အထိပ်လူ့ဘီလူးကြီးက စီနီယာချီမင်ပဲ။”
“ဘုရားရေ”
“စီနီယာချီမင်က အရမ်းသန်မာတာပဲ။”
မျိုးနွယ်ငါးခုမှ ကျွမ်းကျင်သူများမှာ ထိတ်လန့်တကြားအော်လိုက်ရသည်။
မူလအစအင်မော်တယ်ဘုရင်က ကျယ်လောင်စွာပြောလိုက်သည်။”ငါမင်းကို မနိုင်ရင်တောင် မင်းငါ့ကိုသတ်လို့မရနိုင်ပါဘူး။ငါသေမှာမဟုတ်ဘူး။ပြီးတော့ ငါမရှုံးဘူးကွ။”