မဟာကပ်ဘေးဒုက္ခနည်းစနစ်နှင့် မဟာမူလအစနည်းစနစ်တို့၏အားပြိုင်မှု
Vol. 19 Ch. 272
အရှေ့အရပ်အစွန်ဖျားရှိကုန်းပြင်မြင့်ဘက်တွင်တော့
အရှေ့အစွန်အဖျားတွင် အင်မော်တယ်တောင်ထွတ်ဟုခေါ်သည့် တောင်ကြီးတစ်တောင်ရှိသည်။ဗဟိုနတ်ဘုရားတောင်ပြီးလျှင် ဗဟိုဒေသတွင် အမြင့်မားဆုံးတောင်ထွတ်ကြီးလည်းဖြစ်သည်။
ဗဟိုဒေသ၏ဒုတိယမြောက်တောင်ထွတ်လည်းဖြစ်သည်။
ထိုတောင်ထွတ်တွင်
အထွတ်အထိပ်အင်မော်တယ်ဘုရင်သည် လက်နောက်ပစ်လျက် တောင်စွန်း၌ရပ်နေသည်။သူသည် ကမ္ဘာတစ်ခုလုံးကို ငုံ့ကြည့်နေသည့်အလားပင်။သူ့မျက်လုံးက အနည်းငယ်ကျဉ်းမြောင်းသွားပြီး သက်ပြင်းချလိုက်သည်။”အင်မော်တယ်ကမ္ဘာ၊အင်မော်တယ်ကမ္ဘာ” အထွတ်အထိပ်အင်မော်တယ်ဘုရင်က တီးတိုးရေရွတ်လျက် သိလိုစိတ်ဖြစ်မိနေသည်။”ငါတို့တကယ် အောင်မြင်ပါ့မလား။”
အထွတ်အထိပ်အင်မော်တယ်ဘုရင်၏သိပ်မဝေးသည့်နားတွင် ကိုးလွှာမြင့်သည့်မျှော်စင်တစ်ခု ထွက်ပေါ်နေသည်။
မျှော်စင်တစ်ခုလုံးက ခရမ်းရွှေရောင်ဖြစ်သည်။
ထိုအရာက ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာ့ဖန်တီးခြင်းအစီအရင်၏ဒုတိယမြောက်အမြူတေလည်းဖြစ်သည်။
အရှေ့အစွန်ဖျားအစီအရင်အမြူတေဟုလည်းခေါ်သည်။
“အထွတ်အထိပ်အင်မော်တယ်ဘုရင်”ဟော့ချန်ချင်းနှင့်သေမင်းတို့ရောက်လာကြသည်။
“မင်းတို့အင်မော်တယ်မျိုးနွယ်က အောင်မြင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။”
ဟော့ချန်ချင်းက ပြောလာသည်။”မင်းတို့ရဲ့အင်မော်တယ်မျိုးနွယ်တစ်ခုလုံးက အစကတည်းက မူလအစအင်မော်တယ်ဘုရင်ဆီမှာ လှည့်စားခံနေရတာ။အင်မော်တယ်ကမ္ဘာကို ဖန်တီးမယ့်ဆိုတဲ့အစီအစဉ်ကလည်း အတုကြီး။”
“အဲ့ဒါကြောင့် အစကတည်းက ရှိကိုရှိမနေတဲ့အစီအစဉ်ကြီးက ဘယ်လိုလုပ်ပြီးအောင်မြင်နိုင်မှာတုန်း။”
“သူ့ကို ပြောနေလို့လည်း အသုံးမဝင်ဘူး။”
သေမင်းက အသံနိမ့်နိမ့်ဖြင့်ပြောလိုက်သည်။”ဒီအင်မော်တယ်ဘုရင်တွေက မူလအစအင်မော်တယ်ဘုရင်ရဲ့ သစ္စာခံတွေပဲ။မင်းက သူတို့ကို အမှန်ပြောနေရင်တောင် သူတို့က နောက်ပြန်ဆုတ်မှာ မဟုတ်ဘူး။”
“အထွတ်အထိပ် မီးဖို”
အထွတ်အထိပ်အင်မော်တယ်ဘုရင်ကပြန်မဖြေပေ။သို့ပေမယ့် သူက လုပ်ရပ်ဖြင့်သက်သေပြလိုက်သည်။ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ ကြေးနီရောင် ဒယ်စောက်တစ်ခုက သူ့လက်ဖဝါးထဲ၌ ပေါ်လာသည်။သူ့တစ်ကိုယ်လုံး၌ ကောင်းကင်နှင့်မြေကြီး၏ဥပဒေသအရှိန်အဝါများ ထွက်ပေါ်နေသည်။
“လာတော့”အထွတ်အထိပ်အင်မော်တယ်ဘုရင်၏အကြည့်က အေးစက်နေပြီး တိုက်ခိုက်လိုစိတ်ကလည်း မြင့်တက်နေသည်။
“မင်း သဘောအတိုင်းပေါ့”
ဟော့ချန်ချင်းက ဓားဆွဲထုတ်ပြီး ကောင်းကင်နှင့်မြေကြီးဓားတာအိုကို ထုတ်ဖော်လိုက်သည်။ ကောင်းကင်ပေါ်၌ဓားချီက ထွက်ပေါ်လာပြီး ကြည့်ရသည်မှာ ပြိုင်ဘက်ကင်းဓားအင်မော်တယ်တစ်ပါး ကမ္ဘာကြီးထံသို့ ဆင်းသက်လာသည့်အတိုင်းပင်။သူက အထွတ်အထိပ်အင်မော်တယ်ဘုရင်ကို ဦးစွာ တိုက်ခိုက်လိုက်တော့သည်။
“တိုက်”
သေမင်းကလည်း ဟိန်းဟောက်ပြီး လက်ထဲကသေမင်းတံစဉ်းဖြင့် တိုက်ခိုက်လိုက်သည်။
အထွတ်အထိပ်အင်မော်တယ်ဘုရင်သည် ကြောက်ရွံ့မသွားပေ။သူက နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေရပေမယ့် အရေးမနိမ့်နေပေ။သူကလည်း အံ့ဖွယ်စွမ်းအားနှင့်သိုင်းနည်းစနစ်တို့ကို တစ်မျိုးပြီးတစ်မျိုး ထုတ်သုံးလိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ နှစ်ဖက်မှတိုက်ပွဲကား ပို၍ပြင်းထန်လာ၏။
တစ်ချိန်တည်းမှာ တောင်ပိုင်းအစွန်ဖျား ပင်လယ်
အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့က ရောက်လာပြီး တောင်ပိုင်းအစွန်ဖျားပင်လယ်၏အနက်ရှိုင်းဆုံးအလွှာသို့ စိမ့်ဝင်သွားကြသည်။သူတို့က ယခုနေရာမျိုးတွင် ရေအောက်နန်းတော်တစ်ခုတည်ဆောက်ထားကြ၏။
ဒီရေအောက်နန်းတော်က ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာ့ဖန်တီးခြင်းအစီအရင်၏ တတိယမြောက်အမြူတေလည်းဖြစ်သည်။
တောင်ပိုင်းအစွန်ဖျားအစီအရင်အမြူတေဟု ခေါ်ကြသည်။
ထာဝရငြိမ်သက်ခြင်းအင်မော်တယ်ဘုရင်မှ ထိုရေအောက်နန်းတော်ကို စောင့်ကြပ်လျက်ရှိသည်။
“အင်မော်တယ်ဘိုးဘေး ဘိုးဘေးမှန်တယ်”ထာဝရငြိမ်သက်ခြင်းအင်မော်တယ်ဘုရင်ကား ချောမောသည့် လူငယ်လေးတစ်ဦးဖြစ်သည်။သူ ရေအောက်နန်းတော်၏ထိပ်၌ ရပ်နေကာ အမှောင်မီးလျှံနှင့်ကပ်ဘေးလေးတို့ကို ကြည့်လိုက်သည်။”သေချာပေါက်ကို ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာ့ဖန်တီးခြင်းအစီအရင်ကို ဖျက်ဆီးမယ့်သူတွေရှိတယ်။ကံမကောင်းတာက ငါရှိနေပြီဆိုတော့ မင်းတို့အောင်မြင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။”
“အပိုတွေပြောနေတာရပ်တော့”
ကပ်ဘေးလေးကအော်ဟစ်လိုက်သည်။”သေလိုက်တော့”
“ကပ်ဘေးဒုက္ခအငယ်စားနည်းစနစ်”
ကပ်ဘေးလေးက ပထမဦးဆုံး တိုက်ခိုက်လိုက်သည်။များစွာသော ကပ်ဘေးဒုက္ခတို့၏စွမ်းအားများ ထွက်ပေါ်လာသည်။
“လေဟာနယ်ကျမ်း”
အမှောင်မီးလျှံက ဟိန်းဟောက်လိုက်ပြီး လေဟာနယ်နဂါး၏စစ်မှန်ခန္ဓာအဖြစ်သို့ ပြောင်းလဲသွားသည်။သူ့တစ်ကိုယ်လုံးတွင် လေဟာနယ်စွမ်းအားများဖုံးအုပ်သွားပြီး စွမ်းအားကြီးသည့်ဟင်းလင်းပြင်ဥပဒေသတို့ကို ဆုပ်ကိုင်နိုင်သွားသည်။
“သက်ရှိအားလုံးအထက်၌ ငါသည်သာလျှင် ထာရဝမည်၏။”ထာဝရငြိမ်သက်ခြင်းအင်မော်တယ်ဘုရင်က အေးစက်စွာနှာမှုတ်လိုက်သည်။သူက ကျင့်ကြံခြင်းနည်စနစ်ကို လည်ပတ်လိုက်သောကြောင့် ဓမ္မစွမ်းအားများတိုးထွက်လာပြီး ကပ်ဘေးလေးနှင့်အမှောင်မီးလျှံတို့၏တိုက်ကွက်ကို တားဆီးလိုက်တော့သည်။နှစ်ဖက်ကြား၌ တိုက်ပွဲအကြီးအကျယ်ဖြစ်ပေါ်လာသည်။
တောင်ပိုင်းအစွန်ဖျားပင်လယ်၏ကောင်းကင်၌ အဆုံးမဲ့လှိုင်းများထွက်ပေါ်လာသည်။သမုဒ္ဒရာအောက်ခြေ၌ ငလျင်များဖြစ်ပေါ်လာပြီး ကမ္ဘာကြီးပျက်စီးတော့မည့်အလား ရေအောက်မီးတောင်များပေါက်ကွဲထွက်လာတော့သည်။
မူလအစကောင်းကင်ဂူတွင် ချီမင်နှင့်မူလအစအင်မော်တယ်ဘုရင်ကြားမှ တိုက်ပွဲသည် ပိုပိုပြီးပြင်းထန်လာနေ၏။သူ့ကို မူလအစအင်မော်တယ်ဘုရင်၏ကိုယ်ပွားက တားဆီးထားပြီး မူလအစအင်မော်တယ်ဘုရင်သည် သန့်စင်ခြင်းသုံးပါးကိုယ်ပွားများကိုတော့ ခေါင်းသုံးလုံးလက်ခြောက်ဖက်ဖြင့် ခုခံနေရသည်။
ထိုတစ်ခဏတွင် မူလအစအင်မော်တယ်ဘုရင်သည် အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏စွမ်းအားကိုသုံးကာ ချီမင်ကို ဖိနှိပ်လိုက်သည်။
ကမ္ဘာ့တံခါးက မူလအစအင်မော်တယ်ဘုရင်၏ထိန်းချုပ်မှုအောက်တွင် စွမ်းအားထုတ်လွှတ်လိုက်တော့သည်။အဆုံးမဲ့စွမ်းအားတို့ထွက်ပေါ်လာကာ ချီမင်ကို ဖိချလိုက်သည်။
ကံမကောင်းသည်က ချီမင်၏ဓမ္မစွမ်းအားကလည်း အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏ကိုယ်ပွားထဲသို့တိုးဝင်သွားကာ ကိုယ်ပွား၏စွမ်းအားကို လှုံ့ဆော်လိုက်သည်။
ချီမင်ကို ကမ္ဘာ့တံခါး၏အရှိန်အဝါခပ်ဖျော့ဖျော့က ဝန်းရံသွားသည်။ထိုအထဲတွင် ကမ္ဘာ့တံခါး၏စွမ်းအားများ ပါဝင်နေသည်။
ထိုသို့ဖြင့် သူက ကိုယ်ထည်အစစ်၏စွမ်းအားကို တားဆီးလိုက်နိုင်သည်။
ချီမင်ထံမှ ကိုယ်ပွားနှင့် မူလအစအင်မော်တယ်ဘုရင်၏ကိုယ်ထည်အစစ်တို့က အရင်းအမြစ်တစ်ခုတည်းမှ ဆင်းသက်လာခြင်းကြောင့်ဖြစ်သည်။
ထို့ကြောင့်လည်း ချီမင်သည် အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏စွမ်းအားကို အလွယ်တကူ ခုခံနိုင်ခြင်းဖြစ်၏။
သူသည် သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို ကျင့်ကြံထား၏။မူလကတည်းက သူက ကမ္ဘာ့တံခါး၏သခင်အစစ်ဖြစ်သည်။သို့ပေသော်လည်း မူလအစအင်မော်တယ်ဘုရင်သည် ကမ္ဘာ့တံခါးကို အတင်းအကြပ် သန့်စင်ထားခဲ့သည်။
ထိုသို့သောအခြေအနေများနှင့်ကြုံတွေ့ရသည့်အခါက မူလအစအင်မော်တယ်ဘုရင်သည် သက်ပြင်းချလိုက်ရပြီး သူ၏အမူအရာမှာလည်းအနည်းငယ်မည်းမှောင်သွားသည်။”ငါ အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို ရဖို့အခွင့်အရေးရှိခဲ့ပေမယ့် သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကိုတော့ တစ်ခါမှမကျင့်ကြံနိုင်ခဲ့ဘူး။ငါတစ်ခါမှ မတွေးခဲ့မိတာက အရင်းအမြစ်စွမ်းအင်ဆယ်ရာခိုင်နှုန်းက မသန့်စင်ရသေးဘဲကျန်နေသေးမယ်ဆိုတာပဲ။”
“မျှော်လင့်ထားသလိုပါပဲ။”မူလအစအင်မော်တယ်ဘုရင်က မနေနိုင်ဘဲ ထပ်မံသက်ပြင်းချလိုက်ရသည်။”ချီမင်က သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို ကျင့်ကြံထားတော့ အချိန်ကာလရတနာ:ကမ္ဘာ့တံခါးရဲ့ အခြေခံလိုအပ်ချက်ကို ပြည့်မီသွားတယ်။ချီမင့်ကို အခု အရင်းအမြစ်ဆယ်ရာခိုင်နှုန်းက ကာကွယ်ပေးထားလို့ ဒဏ်ရာမရနိုင်တော့ဘူး။”
“ရတနာက အသုံးမဝင်တော့ဘူး။ အတော်လေးကံခေသွားတာပဲ။”မူလအစအင်မော်တယ်ဘုရင်က အတော်လေးနောင်တရသွားသည်။
ချီမင်မှာသာ အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏အရင်းအမြစ်ဆယ်ရာခိုင်နှုန်းသာ မရှိခဲ့လျှင် မူလအစအင်မော်တယ်ဘုရင်က ချီမင်ကို ဖြေရှင်းနိုင်မည်ဖြစ်သည်။
အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏စွမ်းအားကြောင့် ချီမင်က ခုခံနိုင်သွားခြင်းဖြစ်သည်။ချီမင်သည် အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏စွမ်းအားကို ကိုယ်တိုင်ကြုံလိုက်ရသည်။သူအတော်လေး ထိတ်လန့်သွားသည်။ သူမှာသာ အရင်းအမြစ်ဆယ်ရာခိုင်နှုန်းသာမရှိခဲ့လျှင် ခုခံဖို့အတော်လေး ခက်ခဲသွားမည်ဖြစ်သည်။သူက မူလအစအင်မော်တယ်ဘုရင်ကို ရှုံးနိမ့်သွားဖို့ သေချာသလောက်ရှိသည်။”ကြည့်ရတာတော့ အချိန်ကာလရတနာ:ကမ္ဘာ့တံခါးက ငါ့အပေါ်အလုပ်မဖြစ်ဘူးပဲ။”
ချီမင်က အော်လိုက်သည်။”မင်းရဲ့ မဖြစ်စလောက်လှည့်ကွက်လေးတွေကို ရပ်လိုက်သင့်ပြီ။”
“ဟားဟားဟား..”
မူလအစအင်မော်တယ်ဘုရင်သည် ကျယ်လောင်စွာရယ်မောလိုက်သည်။လျှို့ဝှက်ဆန်းကြယ်သည့်လေဟာနယ်ထဲမှတစ်ဆင့် မူလအစစွမ်းအင်အမျှင်တို့မှာ သူ့ကိုယ်ထဲကို ပေါင်းစပ်နေသောကြောင့် အင်အားက တဖြည်းဖြည်းတိုးတက်လာနေသည်။
မူလအစအင်မော်တယ်ဘုရင်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။”မင်း ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာ့ဖန်တီးခြင်းအစီအရင်အသက်ဝင်နေတာကို အာရုံခံမိတယ်မလား။မူလအစစွမ်းအင်တွေကိုသာ စုပ်ယူနေသရွေ့ ငါ့ရဲ့အင်အားကလည်း ပုံမှန်တိုးတက်နေမှာ။”
“တိုက်ပွဲကပိုကြာလေ ငါ့ရဲ့အင်အားကပိုကောင်းလာလေပဲ။”
“ချီမင်”
“မင်း အရှုံးပေးလိုက်တော့”
“မင်းလုပ်နေတဲ့အရာအကုန်လုံးက စဉ့်နှီးတုံးပေါ်က ငါးတစ်ကောင်လိုပဲ။”
“မင်းက တာအိုကျင့်ကြံသူတစ်ယောက်ဆိုရင်တောင် မင်းရဲ့ကံကြမ္မာကို မပြောင်းလဲနိုင်တော့ဘူး။”
“ကံကြမ္မာလို့ပြောလိုက်တာလား။”
ချီမင်သည် အသက်ပြင်းပြင်းရှုလိုက်၏။မမြင်နိုင်သည့် ကပ်ဘေးချီတို့မှာ တိုးထွက်လာ၏။ကမ္ဘာ လောကကြီးမှာ ပျက်စီးသွားတော့မည့်ပမာ ကပ်ဘေးဒုက္ခမြင်ကွင်းအမျိုးမျိုးပေါ်ပေါက်လာတော့၏။
“ကံကြမ္မာဆိုတာ ဆန့်ကျင့်ဖို့ပဲလေ။”
“မဟာကပ်ဘေးဒုက္ခနည်းစနစ်”
ထိုအချိန်၌ ချီမင်ကဟိန်းဟောက်လိုက်သည်။မဟာအံဖွယ်စွမ်းအားအမျိုးမျိုးထွက်ပေါ်လာပြီး အဆုံးမဲ့ကပ်ဘေးဒုက္ခတို့အသွင်ပြောင်းလဲသွားတော့သည်။ ဖျက်ဆီးခြင်းစွမ်းအားပါဝင်သည့် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသည့် ကပ်ဘေးချီထွက်ပေါ်လာသည်။”ဒါက...”
မူလအစအင်မော်တယ်ဘုရင်၏မျက်လုံးများကျဉ်းမြောင်းသွားသည်။သူ့မျက်နှာတွင် ထိတ်လန့်သွားသည့်အမူအရာတစ်ခု ပေါ်လာသည်။”မဟာအံ့ဖွယ်စွမ်းအား။ ဒါက ပြီးပြည့်စုံခြင်းအဆင့်ထိကျင့်ကြံထားတဲ့ မဟာအံ့ဖွယ်စွမ်းအားပဲ။”
“မင်း...”မူလအစအင်မော်တယ်ဘုရင်သည် အင်မတန်ထိတ်လန့်သွား၏။”မင်း မဟာအံ့ဖွယ်စွမ်းအားကိုတောင် ဒီအဆင့်ထိတကယ်ကြီးကျင့်ကြံနိုင်ခဲ့တာပဲ။”
“မဟာမူလအစနည်းစနစ်”
မူလအစအင်မော်တယ်ဘုရင်က အော်ဟစ်လိုက်သည်။သူလည်း နောက်ပြန်မဆုတ်ဘဲ သူတတ်ထားသည့် အသန်မာဆုံးမဟာအံ့ဖွယ်စွမ်းအားကို သုံးလိုက်သည်။ထိုစွမ်းအားကို မဟာမူလအစနည်းစနစ်ဟုခေါ်သည်။
စကြဝဠာထဲမှ သက်ရှိများ၊ကောင်းကင်၊မြေကြီး၊ကမ္ဘာများထဲမှ အရာအားလုံးမှာ မူလအစရှိ၏။ထိုအရာမှာ ကောင်းကင်မှထွက်ပေါ်လာခြင်းဖြစ်ပြီး အဆုံးမဲ့မူလအစ ဖန်တီးခြင်းစွမ်းအားတို့မှာ သက်ရှိအားလုံးကို ဖိနှိပ်နိုင်သည်။
ထိုတစ်ခဏတွင် မူလအစအင်မော်တယ်ဘုရင်ပတ်လည်တွင် ဇစ်မြစ်အမျိုးမျိုး၏ဖြစ်စဉ်များပေါ်လာသည်။ထိုအရာက ကမ္ဘာကြီးကိုမွေးဖွားပေးခဲ့သည်။သက်ရှိများ၊အပင်များနှင့် လူသားတို့ကို မွေးဖွားပေးခဲ့သည်။ သက်ရှိအသစ်များနှင့် အမျိုးမျိုးသော ဇစ်မြစ်အမျိုးမျိုးတို့တွင် ကောင်းကင်နှင့်မြေကြီး၏ ကံကြမ္မာနှင့် နေနှင့်လတို့၏ ပြန်လည်မွေးဖွားခြင်းတို့ပါရှိသည်။
အလွန်အမင်းသန်မာသည်။
မူလအစအင်မော်တယ်ဘုရင်သည် ချီမင်ကို တည့်တည့်ကြည့်ကာ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။”မင်းလုပ်ပြနေတာတွေက ငါမျှော်လင့်ထားတာထက် ခဏခဏကျော်နေတာပဲ။”
“မင်းက အဆင့်နိမ့်ကမ္ဘာက လူဆိုပေမယ့် မဟာအံ့ဖွယ်စွမ်းအားကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံထားပြီးပြီပဲ။ဒီလိုပါရမီမျိုး အရည်အချင်းမျိုးက တကယ့်ကို မယုံနိုင်စရာကောင်းတယ်။”
“မင်းသာ အထက်ကမ္ဘာကို တက်လှမ်းနိုင်ရင် သေချာပေါက် နှစ်တစ်တစ်သောင်းအတွင်းမှာ အင်မော်တယ်ဘုရင်အဆင့်ကို ရောက်လိမ့်မယ်။အဲ့ထက်တောင် ပိုမြင့်နိုင်သေးတယ်။”
“ကံမကောင်းတာက မင်းမှာအဲ့လိုအခွင့်အရေးမျိုး မရှိတော့ဘူး။”
“ငါက မဟာမူလအစစွမ်းအင်ကို နက်နဲခြင်းအဆင့်ထိကျင့်ကြံပြီး မဟာအံ့ဖွယ်စွမ်းအား အဆောင်ကို သိပ်သည်းပြီးသွားပြီ။ မင်းသေချာပေါက် ရှုံးပြီ။”
“ဒါက မင်းရွေးချယ်မှုရဲ့ ရလဒ်ပဲ။”
မူလအစအင်မော်တယ်ဘုရင်၏အကြည့်က အေးစက်နေပြီး ယုံကြည်မှုများဖြင့်လည်း ပြည့်နေသည်။သူက ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ သူ့နောက်မှအဆုံးမဲ့မူလအစထူးခြားဖြစ်စဉ် အမျိုးမျိုးမှ မူလအလင်းတန်းမျှင်တစ်ကြိုး ထွက်ပေါ်လာသည်။ထိုအလင်းတန်းက ချီမင်ကို ပိုင်းဖြတ်လိုက်သည်။
“ကပ်ဘေးဒုက္ခအလင်း”ချီမင်က တည်ငြိမ်နေသည်။ထိတ်လန့်မှုလည်းမရှိသလို ကြောက်ရွံ့မှုလည်း မရှိပေ။ချီမင်ကလည်း ညာဘက်လက်ဖြင့်ညွှန်ပြလိုက်ပြီး သူ့နောက်မှာ ကပ်ဘေးဒုက္ခအမျိုးမျိုးဖြစ်ပေါ်လာသည်။ကမ္ဘာပျက်ကပ်ဘေးဒုက္ခ၊ မဟာနေမင်းမီးကပ်ဘေးဒုက္ခ၊ နေမင်းနက်လေကပ်ဘေးဒုက္ခ၊ မြေကြီးကပ်ဘေးဒုက္ခ၊ လူသားကပ်ဘေးဒုက္ခ၊ နတ်ဆိုးဘုရားကပ်ဘေးဒုက္ခ၊ သမာဓိကပ်ဘေးဒုက္ခ၊ သဘာဝကပ်ဘေးဒုက္ခ၊ ကမ္မကပ်ဘေးဒုက္ခ၊ ရည်ရွယ်ချက်ကပ်ဘေးဒုက္ခ၊ ဝိညာဉ်ကပ်ဘေးဒုက္ခနဲ့ ဆင်းရဲကပ်ဘေးဒုက္ခတို့ဖြစ်သည်။ကပ်ဘေးဒုက္ခတိုင်းက ကြောက်မက်ဖွယ်ကောင်းသည်။
ကပ်ဘေးဒုက္ခတိုင်းက အလွန်အမင်းစွမ်းအားကြီးမားသည်။
ပိုပြီးတော့ပင် လျှို့ဝှက်ဆန်းကြသည်။
ထိုကပ်ဘေးများတွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတို့၏ အထွတ်အထိပ်နက်နဲမှုများ ပါဝင်သည်။
ထိုအရာများမှာ ကပ်ဘေးအလင်းတန်းအဖြစ်ပြောင်းကာ လေထုကိုဖြတ်သွားသည်။
ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
မူလအစအလင်းတန်းနှင့်ကပ်ဘေးဒုက္ခအလင်းတန်းတို့က ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။မူလအစ ဖန်တီးခြင်းစွမ်းအင်နှင့် ကပ်ဘေးဒုက္ခဖျက်ဆီးခြင်းစွမ်းအားတို့မှာ ထိတိုက်မိကုန်သည်။ နှစ်ဖက်က တစ်ဖက်ကိုတစ်ဖက် ဆက်တိုက်ဆိုသလို ဖျက်ဆီးလာပြီး ကြောက်မက်ဖွယ်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ခရက်! ခရက်!
ပေါက်ကွဲသံများ ဆက်လက်ထွက်ပေါ်လာသည်။
နေရာလွတ်က ပြိုကွဲသွားပြီး မူလအစကောင်းကင်ဂူက ပြင်းထန်စွာတုန်ခါသွားသည်။
ကြောက်စရာကောင်းသည့် တိုက်ပွဲမျိုးဖြစ်ပေါ်လာသည်။