အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏ထိန်းချုပ်ခွင့်အတွက် တိုက်ခိုက်ခြင်း
Vol. 19 Ch. 276
“အဟွတ် ဟွတ်..”
အထွတ်အထိပ်အင်မော်တယ်ဘုရင်က ဒူးတစ်ဖက်ထောက်နေရပြီး သွေးအဆက်မပြတ်အန်နေရသည်။သူ့ဒဏ်ရာများက အတော်လေးပြင်းထန်နေပြီး တိုက်ခိုက်ဖို့အင်အားတောင် မကျန်တော့ချေ။
“ငါရှုံးသွားပြီ။”
သူ့မျက်လုံးများက မလိုလားမှုများပြည့်နှက်သွားသည်။
သူက ထိုကဲ့သို့ မရှုံးနိမ့်ချင်ပေ။
“သေလို့ရပြီ။သတ်ဖြတ်ခြင်းဓား”
ဓားအော်သံတစ်ချက် ထွက်လာ၏။
ဓားက လေထုကို ပိုင်းဖြတ်သွားသည်။
သတ်ဖြတ်ခြင်းဓားတွင် ဟော့ချန်ချင်း၏ကောင်းကင်နှင့်မြေကြီးဓားတာအိုစွမ်းအားများကို အကန့်အသတ်ထိသိပ်သည်းထားသည်။ထို့ကြောင့် လေဟာနယ်ကိုဖြတ်ပိုင်းသွားသည့် ဓားအလင်းတန်းတစ်ချက်သာ မြင်နိုင်သည်။သွေးများက တောင်ထွတ်ပေါ်တွင် ဖြာထွက်သွားသည်။အထွတ်အထိပ်အင်မော်တယ်ဘုရင်က ဟော့ချန်ချင်း၏လက်ထဲ၌ သေဆုံးသွားခဲ့သည်။ဟော့ချန်ချင်းက ကောင်းကင်နှင့်မြေကြီးဓားတာအိုကိုသုံးကာ ဓားပွင့်ချပ်လွှာတစ်ခုကို ထုတ်လိုက်သည်။ဓားချက်က ခေါင်းကိုထိမှန်သွားကာ ဝိညာဉ်ကို ရှင်းထုတ်လိုက်တော့သည်။
အထွတ်အထိပ်အင်မော်တယ်ဘုရင်၏စစ်မှန်ဝိညာဉ်က တခြားကမ္ဘာတစ်ခုတွင် အပ်နှင်းထားသည့်အတွက် သူက တခြားကမ္ဘာမှ ပြန်လည်ရှင်သန်လာနိုင်သေး၏။
မူလအစအင်မော်တယ်ဘုရင်သာ ချီမင်ထံ၌ ရှုံးသွားခဲ့ရင်တော့ သူ့အတွက် ပြန်လည်ရှင်သန်ဖို့ အခွင့်အရေးမရှိတော့ပေ။ထိုအရာက အထွတ်အထိပ်အင်မော်တယ်ဘုရင်အတွက်ပဲ မဟုတ်ပေ။အင်မော်တယ်ဘုရင်အားလုံး ပြန်လည်ရှင်သန်ရန်မဖြစ်နိုင်တော့ပေ။
မူလအစအင်မော်တယ်ဘုရင် နိုင်သွားခဲ့ရင်လည်း အင်မော်တယ်ဘုရင်များ ပြန်လည်ရှင်သန်ရန်မဖြစ်နိုင်တော့ပေ။
တကယ်တော့
မူလအစအင်မော်တယ်ဘုရင်သာ နိုင်သွားလျှင် လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံး ဖျက်ဆီးခံရမှာဖြစ်သည်။
နောက်ထပ် အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။
သေမင်းက လက်မြောက်ကာ ကိုးထပ်စေတီတစ်ခုနှင့်တူသည့် အဆောက်အဦးကြီးကို ဖျက်ဆီးလိုက်သည်။အစိတ်စိတ်အမွှာမွှာကွဲသွားတော့သည်။ ထိုအရာက ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာ့ဖန်တီးခြင်းအစီအရင်၏ ဒုတိယမြောက်အမြူတေဖြစ်သည်။
အရှေ့အစွန်ဖျားအစီအရင်အမြူတေလည်းဖြစ်သည်။
ယခုတော့ ဟော့ချန်ချင်းနှင့်သေမင်းလေးတို့ကြောင့် ပျက်စီးသွားပြီဖြစ်သည်။
အရှေ့အစွန်ဖျားတောင်ထွတ်ကို ဗဟိုပြုပြီး ထူးဆန်းသည့် တုန်ခါမှုတစ်ခု ပျံ့နှံ့လာသည်။အဆုံးမဲ့လျှို့ဝှက်ဆန်းကြယ်သည့် အစီအရင်ပုံစံတွေပေါ်လာပေမယ့် အလျင်အမြန်ပဲပျောက်ကွယ်သွားတော့သည်။
မျက်စိတစ်မှတ်အတွင်းမှာ ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာ့ဖန်တီးခြင်းအစီအရင်ကားချပ်က ပျောက်ကွယ်သွားပြန်သည်။အစီအရင်ပုံစံအများအပြားနှင့်အစီအရင်ကားချပ်မှာ ပျက်စီးသွားတော့သည်။
“အဲ့တာက ပြန်ပျောက်သွားပြီ။”
“ဒါ....”
“ဘာဖြစ်တာလဲ။”
“ဘာတွေဖြစ်နေတာလဲ။”
“တစ်ခုခုတော့ ဖြစ်သွားပြီ။ကိစ္စကြီးတစ်ခုခုတော့ ဖြစ်နေပြီ။”
အင်မော်တယ်များဘက်တွင်တော့
အင်မော်တယ်ဘုရင်များက ခေါင်းမော့ကာ ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာ့ဖန်တီးခြင်းအစီအရင်ကို စိုက်ကြည့်နေကြသည်။သူတို့၏အမူအရာများက လေးနက်နေပြီး စိုးရိမ်မှုများပြည့်နှက်နေသည်။
“မင်း ခံစားမိလား။အသက်ရှုကြပ်လောက်တဲ့ဖိအားက အများကြီးမသက်ရောက်တော့ဘူး။”
“ငါလည်း ခံစားမိတယ်။”
“ကြည့် ကောင်းကင်ပေါ်က အစီအရင်ထောင့်တစ်ထောင့်က ပျောက်ကွယ်သွားပြီ။”
“ဒါ....”
“တစ်နည်းပြောရရင် ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာ့ဖန်တီးခြင်းအစီအရင်ထောင့်တစ်ထောင့်က ဖျက်ဆီးခံလိုက်ရပြီ။စီနီယာချီမင် လုပ်တာပဲဖြစ်ရမယ်။”
“စီနီယာချီမင်ပဲ ဒီလိုမယုံနိုင်စရာကောင်းတဲ့ ကိစ္စကို လုပ်နိုင်မှာ။”
“စီနီယာ ချီမင် သက်တော်ရာကျော်ရှည်ပါစေ။စီနီယာ ချီမင် သက်တော်ရာကျော်ရှည်ပါစေ။စီနီယာ ချီမင် သက်တော်ရာကျော်ရှည်ပါစေ။”
မျိုးနွယ်ငါးခုမှ ကျင့်ကြံသူများမှာ ဝမ်းမြောက်သွားကြသည်။
သူတို့က အောင်နိုင်မည့်မျှော်လင့်ချက်ကို အမှန်တကယ်မြင်နိုင်ခဲ့ပြီဖြစ်သည်။
မြင်ကွင်းက ပြောင်းလဲသွားသည်။
ဗဟိုနတ်ဘုရားတောင်ထိပ်မှာတော့
လေဟာနယ်အလွှာထဲတွင်
“အော့”
မူလအစအင်မော်တယ်ဘုရင်က သွေးအန်လိုက်ရပြန်သည်။သူ့မျက်နှာက ပိုပြီးဖြူဖျော့လာသည်။သူက တန်ပြန်မှုကို နောက်တစ်ကြိမ် ခံစားလိုက်ရတာဖြစ်၏။”အရှေ့အစွန်ဖျားအမြူတေက ဖျက်ဆီးခံလိုက်ရပြန်ပြီ။”
“ချီမင်!!”
မူလအစအင်မော်တယ်ဘုရင်၏အကြည့်က အေးစက်သွားပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားသည်။သူက ချီမင်ကို အမှုန့်ကြိတ်ချင်နေသည့်အလားပင်။”ခွေးမသား။မင်းကများ..။မင်းအဆင့်နဲ့များ လုပ်ရဲတယ်။”
ချီမင်၏နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးတတ်သွားသည်။သူက တည်ငြိမ်စွာသာ ပြောလိုက်သည်။”အခု ကြည့်ရတာရှုံးမယ့်သူက မင်းထင်တယ်။”
တောင်အစွန်ဖျားတွင် ပေါက်ကွဲသံအကျယ်ကြီး ထွက်ပေါ်လာပြန်သည်။
ရေအောက်နန်းတော်တွင်
“လေဟာနယ်စစ်မှန်မီးတောက်”
အမှောင်မီးလျှံက ပါးစပ်ဖွင့်ပြီး နဂါးမီးတောက်ကို မှုတ်ထုတ်လိုက်သည်။ ပင်လယ်ရေများကပင် မသက်ရောက်သည့်အလွန်အမင်းသန့်စင်သည့်မီးတောက်များထွက်ပေါ်လာသည်။ထိုအရာက လေဟာနယ်မီးတောက်ဖြစ်သလို နေရာလွတ်မီးတောက်လည်းဖြစ်သည့်အတွက်ပင်။
မျက်စိတစ်မှိတ်အတွင်းမှာ ထာဝရငြိမ်သက်ခြင်းအင်မော်တယ်ဘုရင်ကို ဖုံးအုပ်သွားသည်။
ထာဝရငြိမ်သက်ခြင်းအင်မော်တယ်ဘုရင်က ကြမ်းကြုတ်သည့်ဟန်ဖြင့် စိတ်မချမ်းမြေ့ဖွယ်အော်လိုက်သည်။သူကထပ်ခါထပ်ခါအော်ဟစ်လိုက်ပြီး အမှောင်မီးလျှံဆီကို အင်အားကုန်သုံးကာ ပြေးသွားလိုက်သည်။အတူတူသေပစ်ချင်သည့်အတိုင်းပင်။
“သေလိုက်တော့!”
ကပ်ဘေးလေးက ဟိန်းဟောက်လိုက်သည်။သူမကလည်း စစ်မှန်ခန္ဓာကို ထုတ်ဖော်လိုက်သည်။ကပ်ဘေးချီများထွက်လာကာ ကြီးမားသည့်ကပ်ဘေးဘောလုံးကြီးဖွဲ့စည်း၍ ထာဝရငြိမ်သက်ခြင်းအင်မော်တယ်ဘုရင်ကို ဝင်စောင့်လိုက်တော့သည်။
မယုံနိုင်လောက်အောင် ကြီးမားသည့်ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။
ထာဝရငြိမ်သက်ခြင်းအင်မော်တယ်ဘုရင်က နောက်ဆုံးအနေဖြင့် အော်ဟစ်လိုက်သည်။သူ့တစ်ကိုယ်လုံးက ပြာကျသွားပြီး အလောင်းတောင်မကျန်ခဲ့တော့ပေ။
တိုက်ပွဲကြောင့်ပဲ အရှေ့အစွန်ဖျားပင်လယ်ရေမျက်နှာပြင်က အတော်လေးလျော့ကျသွားရသည်။
“မြန်မြန်ဖျက်ဆီးလိုက်တော့”အမှောင်မီးလျှံက အော်ပြောလိုက်သည်။”နားလည်ပြီ။”ကပ်ဘေးလေးက ပြန်ဖြေလိုက်ပြီး ကပ်ဘေးချီကိုထုတ်ကာ ရေအောက်နန်းတော်ကို ဖျက်ဆီးလိုက်တော့သည်။ပေါက်ကွဲသွားပြီး ရေအောက်နန်းတော်တစ်ခုလုံး ပျက်စီးသွားတော့သည်။
“ပြီးပြီ။”ကပ်ဘေးလေးက လူသားပုံစံပြန်ပြောင်းလိုက်သည်။ အပြုံးတစ်ခုက သူမ၏မျက်နှာလှလှလေးတွင် ဖြစ်ပေါ်လာသည်။
အမှောင်မီးလျှံကလည်း လူသားပုံစံပြန်ပြောင်းကာ ခေါင်းညိတ်လိုက်သည်။သူက သက်ပြင်းချလိုက်ပြီး ဗဟိုနတ်ဘုရားတောင်ဘက်ကို ကြည့်လိုက်သည်။”နောက်လုပ်ရမှာက သခင့်အပေါ်ပဲ မူတည်တော့တယ်။”
“ငါတို့ လုပ်နိုင်သမျှလုပ်ပြီးပြီ။”
“ဟီးဟီး”ကပ်ဘေးလေးက ပြုံးကာဆိုသည်။”စိတ်မပူစမ်းပါနဲ့။သခင့်ရဲ့အင်အားနဲ့ဆို ကျိန်းသေပေါက် မူလအစအင်မော်တယ်ဘုရင်ကို နိုင်မှာပါ။ငါ သေချာပေါက် သခင်နိုင်မယ်လို့ ယုံတယ်။”
“ဟုတ်ပါပြီ။”အမှောင်မီးလျှံက ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် ရောအောက်နန်းတော်ကို ဗဟိုပြုကာ ထူးဆန်းသည့် တုန်ခါမှုတစ်ခု ပျံ့နှံ့လာသည်။အစီအရင်ပုံစံက ပျောက်ကွယ်သွားပြီး ထောင့်တစ်ထောင့်က ပျောက်ကွယ်သွားပြန်သည်။
“ကြည့်ကြဟေ့။ပျောက်သွားပြန်ပြီ။အစီအရင်ဖွဲ့စည်းပုံက ထပ်ပျောက်သွားပြီ။”
“မဖြစ်နိုင်ဘူး။”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ဒါ အမှန်မဟုတ်ဘူး။”
“တစ်ခုခုတော့ဖြစ်သွားပြီ။”
အင်မော်တယ်မျိုးနွယ်၏အင်မော်တယ်ဘုရင်များ၊မြို့အရှင်များနှင့် အင်မော်တယ်မျိုးနွယ်ဝင်အားလုံးက ကြောက်လန့်သွားကြတော့သည်။စိတ်ပျက်အားငယ်မှုတို့က သူတို့၏မျက်နှာပေါ်တွင် ပေါ်လာကြသည်။
“ဟားဟားဟား..”
“ကောင်းတယ်။အရမ်းကောင်းတယ်။”
“ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာ့ဖန်တီးခြင်းအစီအရင်က ဖျက်ဆီးခံလိုက်ရပြီ။”
“ငါတို့နိုင်ပြီ။နိုင်ပြီကွ။”
“သတ်”
“အင်မော်တယ်တွေကို အနိုင်ယူကြ”
“တိုက်”
မဟာယနအဆင့်ကျွမ်းကျင်သူများက ထပ်ခါထပ်ခါအော်ဟစ်လိုက်ကြသည်။သူတို့၏တိုက်ခိုက်လိုစိတ်က မြင့်တက်လာသည်။
တစ်ချိန်တည်းမှာ
“အား!”
မူလအစအင်မော်တယ်ဘုရင်က သွေးထပ်အန်လိုက်ရပြီး သူ့အမူအရာကလည်း မည်းမှောင်သွားသည်။အစီအရင်အမြူတေသုံးခုက ဖျက်ဆီးခံလိုက်ရ၍ ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာ့ဖန်တီးခြင်းအစီအရင်က အလုပ်မလုပ်တော့ပေ။
ထိုသို့ဖြင့် မူလအစစွမ်းအင်ကြိုးမျှင်များက မူလအစအင်မော်တယ်ဘုရင်ထဲသို့ တိုးမဝင်လာတော့ပေ။
မူလအစအင်မော်တယ်ဘုရင်သည် အားသာချက်ကြီးတစ်ခု ဆုံးရှုံးသွားပြီဖြစ်၏။
မူလအစအင်မော်တယ်ဘုရင်က အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို လေးခုမြောက်အမြူတေအနေနဲ့ သုံးထားတာဖြစ်သည်။ချီမင်သာ ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာ့ဖန်တီးခြင်းအစီအရင်ကို အပြည့်အဝဖျက်ဆီးချင်ရင် သူကမူလအစအင်မော်တယ်ဘုရင်ကို အနိုင်ယူပြီး မူလအစအင်မော်တယ်ဘုရင်ထံမှ အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို လုယူရမှာဖြစ်၏။
ကောင်းကင်မှာတော့
ချီမင်က စစ်ဆေးကြည့်လိုက်သည်။
ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာ့ဖန်တီးခြင်းအစီအရင်ကားချပ်က အတော်လေးသေးသွားသည်။အစီအရင်ကားချပ်အမြူတေက အလယ်၌သာ ကျန်ခဲ့သည်။
အစီအရင်အမြူတေက ခရမ်းရွှေရောင်ဖြစ်သည်။အလင်းရောင် ထွက်ပေါ်နေပြီး နက်နဲမှုအမျိုးမျိုးလည်းဝန်းရံလျက်ရှိသည်။
မူလအစအင်မော်တယ်ဘုရင်က လက်မြှောက်လိုက်သည်။စွမ်းအင်အသစ်တစ်မျိုးထွက်လာသည်။ထိုစွမ်းအားက ကမ္ဘာမူလအစစွမ်းအားဖြစ်သည်။
သူက အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏ကမ္ဘာ့မူလအစစွမ်းအားကိုသုံးကာ ဒဏ်ရာများကိုသက်သာအောင်လုပ်နေခြင်းဖြစ်သည်။မျက်စိတစ်မှိတ်အတွင်းမှာ သူကပြန်သက်သာသွားသည်။
မူလအစအင်မော်တယ်ဘုရင်၏အကြည့်က အေးစက်နေပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။သူ့ကို သတ်ဖြတ်လိုစိတ်များဝန်းရံနေပြီး သူက ချီမင်၏အရိုးကိုအမှုန့်ကြိတ်ကာ ဝိညာဉ်ကို မီးရှို့ပြီး စစ်မှန်ဝိညာဉ် ဖျက်ဆီးပစ်ချင်နေသည်။”မင်းက အခု ငါ့ကိုကမ္ဘာ့မူလအစသုံးခိုင်းတဲ့အထိ ဖိအားပေးလိုက်ပြီပဲ။”
“ဟားဟား..”ချီမင်က ကျယ်လောင်စွာရယ်မောလိုက်သည်။ သူက စိတ်အခြေအနေကောင်းနေပေမယ့် အမူအရာကတော့ အေးစက်နေသည်။”မူလအစအင်မော်တယ်ဘုရင် မင်းမှာ ပြန်ကုသဖို့အခွင့်အရေးက တစ်ခုပဲရှိတယ်။”
“သွား!”ချီမင်က ဘယ်လက်ကိုယမ်းလိုက်တော့ အချိန်ကာလအနှစ်သာရ၏လျှို့ဝှက်ဆန်းကြယ်မှုများပါဝင်သည့် မီးခိုးရောင်အလင်းကြောင်းက အချိန်ကာလရတနာ:ကမ္ဘာ့တံခါးထဲသို့ တိုက်ရိုက်ပေါင်းစပ်သွားသည်။ချက်ချင်းပဲ အချိန်ကာလရတနာ:ကမ္ဘာ့တံခါးက ပြင်းထန်စွာတုန်ခါလာပြီး မူလအစအင်မော်တယ်ဘုရင်၏ထိန်းချုပ်မှုမှ လွတ်မြောက်သွားသည်။ရတနာက ကောင်းကင်ပေါ်တက်သွားပြီး လျှို့ဝှက်နက်နဲကမ္ဘာမှ ထွက်ခွာကာလေဟာနယ်စကြဝဠာပင်လယ်ထဲသို့ ဝင်ရောက်သွားသည်။
အချိန်ကာလရတနာ:ကမ္ဘာ့တံခါးက ပြင်းထန်စွာတောက်ပလာသည်။ကမ္ဘာ့စွမ်းအားက လိမ့်တက်လာပြီး အရပ်မျက်နှာအနှံ့ကို ပျံ့သွားကာ ကြောက်ဖို့ကောင်းသည့် လှုပ်ခါမှုတစ်ခုပျံ့သွားသည်။
“မင်း..မင်း”
မူလအစအင်မော်တယ်ဘုရင်က အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို ပြန်ထိန်းချုပ်ဖို့ လုပ်လိုက်ပေမယ့် ယာယီထိန်းချုပ်မှုလွတ်သွားတာကိုသာ တွေ့လိုက်ရ၏။သူက ရတနာကို အသုံးမပြုနိုင်တော့ပေ။
မူလအစအင်မော်တယ်ဘုရင်သာ အထွတ်အထိပ်အင်အားမျိုးရှိနေခဲ့ပါက ထိုသို့ဖြစ်လာမည်မဟုတ်ပေ။အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏အရင်းအမြစ်ဆယ်ရာခိုင်နှုန်းပေါင်းစည်းသွားရင်တောင် မူလအစအင်မော်တယ်ဘုရင်၏ထိန်းချုပ်မှုမှ လွတ်မည်မဟုတ်ပေ။
မူလအစအင်မော်တယ်ဘုရင်က လက်ရှိအကောင်းဆုံး အခြေအနေ၌ မရှိပေ။သူက လက်ရှိတွင် အလွန်အမင်းအားနည်းနေသည်။သူ့ကျင့်ကြံခြင်းအဆင့်က အဆင့်နိမ့်ကမ္ဘာ၏အထွတ်အထိပ်အဆင့် မဟာယနအဆင့်၌သာရှိသည်။
ချီမင်က အရင်းအမြစ်ဆယ်ရာခိုင်နှုန်းကို ထည့်သွင်းပြီး အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏ကိုယ်ထည်အစစ်ကို ထိန်းချုပ်လိုက်သည်။
အင်အားနှစ်ခုက ပေါင်းစပ်သွားသည်။
ချီမင်က အချိန်ကာလရတနာ:ကမ္ဘာ့တံခါးပိုင်ဆိုင်ခွင့်ကို မူလအစအင်မော်တယ်ဘုရင်နှင့်ယှဉ်ပြိုင်လိုက်သည်။သို့ပေမယ့် ချီမင်က ဆယ်ရာခိုင်နှုန်းသာရှိပြီး မူလအစအင်မော်တယ်ဘုရင် ကိုးဆယ်ရာခိုင်နှုန်းရှိသည်။
သူက ကျိန်းသေရှုံးနိမ့်မှာဖြစ်သည်။
ချီမင်၏ပန်းတိုင်အစစ်က အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို ရချင်၍မဟုတ်ပေ။သူက အချိန်ကာလရတနာ:ကမ္ဘာ့တံခါးသည် မူလအစအင်မော်တယ်ဘုရင်၏ထိန်းချုပ်မှုမှ ခဏတာလွတ်သွားဖို့သာဖြစ်သည်။
အခုတော့ ကြည့်ရသလောက် ချီမင်လုပ်နိုင်ခဲ့ပြီဖြစ်သည်။
“ခွေးမသား!” မူလအစအင်မော်တယ်ဘုရင်က ကျိန်ဆဲလိုက်ပြန်သည်။”မင်းက တကယ်ကြီး အချိန်ကာလရတနာ:ကမ္ဘာ့တံခါးထဲကို အရင်းအမြစ်ဆယ်ရာခိုင်နှုန်း ပြန်ထည့်လိုက်တာပဲ။”
“မင်းက ငါနဲ့အချိန်ကာလရတနာ:ကမ္ဘာ့တံခါးထိန်ချုပ်ခွင့်ကို ပြိုင်ချင်တာလား။”
“မင်း အရမ်းတုံးသွားပြီ။”
“အိပ်မက်သာမက်နေလိုက်”
“မင်းအောင်မြင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။”
“မဟုတ်ရပါဘူး။”
ချီမင်က ခေါင်းခါလိုက်သည်။”ငါက မင်းကိုသတ်ချင်ရုံလေးပါ။”
“သေလို့ရပြီ။”
ချီမင်၏မျက်လုံးက သတ်ဖြတ်လိုစိတ်များဖြင့် လင်းလက်လာသည်။သူက တိုက်ပွဲပုဆိန်ဖြင့် ခုတ်ပိုင်းချလိုက်သည်။ကြောက်ဖက်ဖွယ်ကောင်းသည့် ကောင်းကင်နှင့်မြေကြီးကိုပင် ဖြတ်ပိုင်းသွားနိုင်သည့် အလင်းတန်းက မူလအစအင်မော်တယ်ဘုရင်ထံသို့ ဦးတည်လာသည်။
“မင်း!”မူလအစအင်မော်တယ်ဘုရင်က ဒေါသတကြီးအော်ဟစ်လိုက်သည်။ မူလအစကြေးမုံက ကောင်းကင်ကို ခုန်တက်သွားပြီး မူလအစအလင်းတန်းတို့မှာ ထပ်မံလင်းလက်လာပြန်သည်။ထိုအလင်းတန်းက ချီမင်၏တိုက်ပွဲပုဆိန်ကို ပိတ်ဆို့ပေးလိုက်သည်။
ဘုန်း!ဘုန်း!ဘုန်း!
သန့်စင်ခြင်းသုံးပါးကိုယ်ပွားများက မူလအစအင်မော်တယ်ဘုရင်ကို မတူညီသည့် အရပ်သုံးမျက်နှာကနေ ဝိုင်းရံလိုက်သည်။