← Chapters

အစီအရင်အမြူတေသုံးခုကို ဖျက်ဆီးခြင်း

Vol. 19 Ch. 275

အစီအရင်အမြူတေသုံးခုကို ဖျက်ဆီးခြင်း

Vol. 19 Ch. 275

=

ချီမင်က ဒီတိုက်ပွဲကသူအတွက် အကျိုးမရှိတာကို သဘာဝအတိုင်းသိ‌ထားသည်။သို့ပေသော်လည်း ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာ့ဖန်တီးခြင်းအစီအရင်က မဖျက်ဆီးရသေးသည့်အခြေအနေတွင် မူလအစအင်မော်တယ်ဘုရင်သည် မူလအစစွမ်းအင်၏အကူအညီကို တောက်လျှောက်ရနေကာ သူ၏ဒဏ်ရာများကိုကုသနိုင်ပြီး အင်အားကလည်း တိုးတက်နေ၏။

ထို့ကြောင့် မူလအစအင်မော်တယ်ဘုရင်သည်အရေးသာနေသည်။

နှစ်ပေါင်းများစွာ ကပ်ဘေးဒုက္ခပေါင်းများစွာ ကျော်လွှားသွားခဲ့ပြီးဖြစ်၏။နောက်ဆုံးမှာ အင်မော်တယ်ဘုရင်ပေါင်းတစ်ရာကျော်က အချိန်ကာလရတနာ:ကမ္ဘာ့တံခါးမှတစ်ဆင့် တခြားသောကမ္ဘာများထံသွားကာ သူတို့၏စစ်မှန်ဝိညာဉ်ကို အပ်နှင်းခြင်းဖြင့် အင်မော်တယ်စွမ်းရည်ကို ရရှိနိုင်ခဲ့ကြသည်။

သို့သော်လည်း ပြန်ပေးဆပ်ရမှာလည်း ရှိသေးသည်။

သူတို့၏စစ်မှန်ဝိညာဉ်ကို တခြားသောကမ္ဘာထံအပ်နှင်းပြီးနောက် သူတို့က တက်လှမ်းခြင်းမလုပ်နိုင်တော့သလို လွတ်လပ်မှုလည်း မရနိုင်တော့ပေ။

အချိန်များကုန်ဆုံးလာသည်နှင့်အမျှ

တစ်နေ့မှာ စစ်မှန်ဝိညာဉ်က ကမ္ဘာကြီးနှင့် တစ်သားတည်းဖြစ်သွားပေလိမ့်မည်။ထို့ရက်သာ ရောက်ရှိလာပါက စစ်မှန်ဝိညာဉ်က ပျော်ကျသွားလိမ့်မည်။ အင်မော်တယ်ဘုရင်များကလည်း ထိုကမ္ဘာ၏တစ်စိတ်တစ်ပိုင်း ဖြစ်လာပေလိမ့်မည်။ သူတို့က အချိန်ကာလရတနာ:ကမ္ဘာ့တံခါးထံမှ စုပ်ယူခြင်းတောင် ခံရနိုင်သည်။

မူလအစအင်မော်တယ်ဘုရင်က အချိန်ကာလရတနာ:ကမ္ဘာ့တံခါးမှတစ်ဆင့် အင်မော်တယ်ဘုရင်များကိုသုံးကာ တခြားကမ္ဘာ့မူလအစကို ခိုးယူနိုင်သည်။

ကပ်ဘေးဒုက္ခအချိန်ကာလများစွာ ကုန်ဆုံးခဲ့ရသည့်နှင့်ထိုက်တန်သည်။

မူလအစအင်မော်တယ်ဘုရင်က ကမ္ဘာ့အရင်းအမြစ်များစွာကို ခိုးယူခဲ့ပြီးပြီဖြစ်သည်။ထိုကမ္ဘာအရင်းအမြစ်များစွာကို စုစည်းပြီးပြီဖြစ်သည်။ သူက လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးကို ဝါးမြိုပြီးမှတော့ အသုံးပြုနိုင်မည်ဖြစ်သည်။ကမ္ဘာ့အရင်းအမြစ်များကို အသုံးပြုမှသာ အထွတ်အထိပ်အ‌င်အားကို ပြန်ရမှာဖြစ်သည်။ပိုမြင့်မားသည့်အဆင့်သို့ တက်လှမ်းရန်အခွင့်အရေး ရမှာဖြစ်ပြီး နောက်ထပ်တစ်ဆင့်သို့ ခြေချနိုင်မှာဖြစ်၏။

ချီမင်က ကောင်းစွာသိထားသည်။

အစကတည်းက သူက ကမ္ဘာမူလအစ၏အကာအကွယ်နှင့် ကောင်းကင်ကိုးလွှာနှင့်မြေကြီးကိုးထပ်အစီအရင်၏အကူအညီကြောင့် မသတ်နိုင်သေးခြင်းဖြစ်သည်။

မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်က မသေနိုင်ပေ။သူ၏မသေနိုင်သည့်သဘာဝကြောင့်ပဲ မူလအစအင်မော်တယ်ဘုရင်မှာ အသိစိတ်ကို မပျောက်မပျက်ထိန်းသိမ်းထားနိုင်ပြီး အသက်ရှင်နေရသေးခြင်းဖြစ်သည်။

ချီမင်က ထိုအခြေအနေများအရ မူလအစအင်မော်တယ်ဘုရင်ကိုဖြေရှင်းမည့်အစီအစဉ်ကို ဆွဲထားသည်။

ပထမခြေလှမ်းက

မျိုးနွယ်ငါးခု၏မဟာမိတ်စစ်တပ်ကို အင်မော်တယ်စစ်တပ်နှင့်တိုက်ခိုက်ခြင်းဖြစ်သည်။ထို့ကြောင့်တိုက်ပွဲက ကျိန်းသေ‌ဖြစ်လာခြင်းဖြစ်သည်။ အင်မော်တယ်မျိုးနွယ်က ကပ်ဘေးဒုက္ခအချိန်ပေါင်းများစွာ အတွင်း တိုးတက်လာခဲ့သည်။ထိုတိုးတက်မှုက လျှို့ဝှက်နက်နဲကမ္ဘာ၏အကန့်အသတ်ကို ကျော်လွန်သွားခဲ့သည်။

မူလအစအင်မော်တယ်ဘုရင်မပါဘဲနှင့်တောင် လျှို့ဝှက်နက်နဲကမ္ဘာက မကြုံးဖူးသေးသည့်ကပ်ဘေးဒုက္ခမျိုးကို ရင်ဆိုင်ရမှာဖြစ်သည်။သို့မှသာ မူလအစအင်မော်တယ်ဘုရင်နှင့် ပေါင်းစပ်နိုင်မှာဖြစ်သည်။

ဒုတိယအဆင့်က

ချီမင်က ကြာပန်းနက်နှင့်ဝိညာဉ်သားရဲခြောက်ကောင်ကို လွှတ်လိုက်ခြင်းဖြစ်သည်။ သူတို့၏အင်အားဖြင့်ဆိုလျှင် ပထမအင်မော်တယ်ဘုရင်၊အထွတ်အထိပ်အင်မော်တယ်ဘုရင်နှင့် ထာဝရငြိမ်သက်ခြင်းအင်မော်တယ်ဘုရင်တို့ကို ဖြေရှင်းနိုင်သည်။

သူတို့သာ ကောင်းကင်ကိုးလွှာနှင့်မြေကြီးကိုးထပ်အစီအရင်ကို ဖျက်ဆီးနိုင်သမျှ သူကလည်း မူလအစအင်မော်တယ်ဘုရင်၏အကူအညီကို ပထုတ်နိုင်မှာဖြစ်ပြီး ချီမင်အ‌နေဖြင့်အနိုင်ရနိုင်သည့်အခွင့်အရေးက ပိုကြီးမားသွားလိမ့်မည်။

တတိယအဆင့်က

ချီမင်က မူလအစအင်မော်တယ်ဘုရင်ကို အင်အားသုံးကာ အပြည့်အဝဖိနှိပ်ရန်ဖြစ်သည်။သူကလည်း မူလအစအင်မော်တယ်ဘုရင်က အချိန်ကာလရတနာ:ကမ္ဘာ့တံခါး စွမ်းအားကိုသာအသုံးပြုလာပါက ချီမင်ကလည်း အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏ကိုယ်ပွားကို သုံးကာ ခုခံနိုင်သည်။

“ဟူး..”

ချီမင်က သက်ပြင်းချလိုက်မိသည်။ထိုပြင်းထန်သည့်တိုက်ပွဲတွင် သူက ဓမ္မစွမ်းအားများကို များစွာသုံးစွဲထားမိသည်။သူက လျှို့ဝှက်နက်နဲနည်းစနစ်များကို လည်ပတ်လိုက်သည်။သူက ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ထဲမှကိုးချက် ချီ အသက်ရှုခြင်းကို အသုံးပြုလိုက်သည်။

ထိုအရာက ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ထဲမှ လျှို့ဝှက်နက်နဲနည်းစနစ်ဖြစ်သည်။

ထိုအံ့ဖွယ်စွမ်းအားကို အသုံးပြုသည့်အခါ သူက တစ်ခါတည်းနှင့် ကိုးကြိမ်အသက်ရှုနိုင်သည်။သူက ကောင်းကင်နှင့်မြေကြီူမူလအစချီကို စုပ်ယူနိုင်ပြီး ကိုယ်ပိုင်ဓမ္မစွမ်းအားအဖြစ် ပြောင်းလဲနိုင်သည်။သူက သူ့ကိုယ်ပိုင်ဓမ္မစွမ်းအားကိုလည်း ကောင်းကင်နှင့်မြေကြီးချီအဖြစ် ပြန်ဖြိုခွဲနိုင်သည်။

တစ်နည်းဆိုသော်

ချီမင်က သူ၏ဓမ္မစွမ်းအားနှင့် ဒီကမ္ဘာကြီးမှစွမ်းအင်အားလုံးနှင့်ပေါင်းစပ်နိုင်သည်။ထို့သို့ဖြင့် သူ၏ဓမ္မစွမ်းအားက အဆုံးမရှိဖြစ်သွားသည်။

ထိုအခြေအနေတွင် ချီမင်၏ဓမ္မစွမ်းအားက ကမ္ဘာကြီးထဲမှ စွမ်းအင်အားလုံးကိုသုံးစွဲနိုင်သည်။

အဆုံးမရှိတော့သည့်အတိုင်းပေ။

ချီမင်၏ခန္ဓာကိုယ်တွင် ဓမ္မစွမ်းအားများ ပျံ့နှံ့လာသည်။ကောင်းကင်နှင့်မြေကြီးဝိညာဉ်ချီက သူ့ကိုဝန်းရံသွားသည်။ ချက်ချင်းပဲ ဘာအတားအဆီးမှမရှိဘဲ ဓမ္မစွမ်းအားအဖြစ်ပြောင်းလဲသွားသည်။မူလအစအင်မော်တယ်ဘုရင်ပင် ကောင်းကင်တာအိုလုပ်ပိုင်ခွင့်ကို လိုအပ်သေးသည်။ချီမင်က လျှို့ဝှက်နက်နဲကမ္ဘာ၏ ကောင်းကင်နှင့်မြေကြီးစွမ်းအင်ကို သူ့ကိုယ်ပိုင်အဖြစ် ဝါးမြိုသုံးစွဲနိုင်သည်။အလွန်အမင်း လွှမ်းမိုးနိုင်စွမ်းပြင်းသည်ဟု ပြောနိုင်သည်။

ချီမင်၏မျက်နှာကလည်း အနည်းငယ်ဖျော့တော့နေသည်။သိသာနေတာက သူသည်လည်း မူလအစအင်မော်််တယ်ဘုရင်နှင့်တိုက်ပွဲများတွင် ဒဏ်ရာများရခဲ့ခြင်းဖြစ်သည်။သို့ပေမယ့် လျှို့ဝှက်တံခါးခြောက်ခုနှင့်သေခြင်းမှရှင်သန်ထမြောက်ခြင်းကဲ့သို့သော လျှို့ဝှက်နက်နဲနည်းစနစ်များဖြင့် ဒဏ်ရာများကို အလွယ်တကူ ကုသနိုင်သည်။

“တိုက်ပွဲက မပြီးသေးဘူး။”

ချီမင်က ခပ်အုပ်အုပ်ပြောဆိုသည်။”အဲ့ဒါကြောင့် မဖြစ်နိုင်ဘူးဆိုတာမရှိဘူး။”

ရုတ်တရက် မူလအစအင်မော်််တယ်ဘုရင်၏တစ်ကိုယ်လုံးက လှုပ်ခါသွားသည်။သူက ပါးစပ်အပြည့်သွေးတစ်ပွက်အန်ထုတ်ရပြန်သည်။ သူ့မျက်နှာကလည်း ဖျော့တော့သွားပြီး ထိတ်လန်သည့်အမူအရာ ပေါ်လာတော့သည်။”အိုး မဟုတ်‌ဘူး။”

မူလအစအင်မော်််တယ်ဘုရင်က အလင်းစီးကြောင်းအဖြစ်ပြောင်းလဲကာ နေရာမှပျောက်ကွယ်သွားသည်။ သူက မြောက်ပိုင်းအစွန်ဖျားရေခဲမြစ်ဘက်သို့ လျင်မြန်စွာ ပြေးထွက်သွားသည်။သန့်စင်ခြင်းသုံးပါးကိုယ်ပွားများကလည်း မူလအစအင်မော်််တယ်ဘုရင် ကို အလျင်အမြန်တားဆီးလိုက်ရ၏။

ချီမင်က အော်ဟစ်လိုက်သည်။”မင်းဘယ်မှမသွားရဘူး။”

မူလအစအင်မော်််တယ်ဘုရင်၏အမူအရာက ပြောင်းလဲသွားရတော့၏။သူက လက်ချောင်းများဖြင့် တွက်ချက်လိုက်သည်။”မင်း စီစဉ်ထားတာ ကြာနေပြီပဲ။”

“သေချာတာပေါ့”ချီမင်က ပွင့်ပွင့်လင်းလင်းပြောလိုက်၏။

“ဒါပေမယ့်”မူလအစအင်မော်််တယ်ဘုရင်က မယုံနိုင်သလို ခံစားလိုက်ရ၏။”ပထမအင်မော်တယ်ဘုရင်၊အထွတ်အထိပ်အင်မော်တယ်ဘုရင်နဲ့ထာဝရငြိမ်သက်ခြင်းအင်မော်တယ်ဘုရင်တွေက ငါလမ်းညွှန်ပေးထားလို့ ဥပဒေသကျင့်ကြံခြင်းအဆင့်ကို ရောက်နေကြပြီ။သူတို့တွေက အောက်ကမ္ဘာမှာဆို ပြိုင်ဘက်ကင်းပဲ။”

“မျိုးနွယ်ခြောက်ခုရဲ့အထွတ်အထိပ်ဖြစ်တည်မှုခြောက်ဦးတောင် ပထမအင်မော်တယ်ဘုရင်တို့ကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

“မင်းမှာ ဘယ်လိုလုပ် စွမ်းအားကြီးတဲ့ နောက်လိုက်တွေရှိနေရတာလဲ။”

“ဟီးဟီး”

ချီမင်က ပြုံးကာဆိုသည်။”သူတို့က ငါ့ရဲ့ဝိညာဉ်သားရဲ တွေပါပဲ။”

“ဝိညာဉ်... ဝိညာဉ်သားရဲ...”

မူလအစအင်မော်််တယ်ဘုရင်က ပိုပြီးတောင် တုန်လှုပ်သွားရတော့သည်။”မင်း..မင်း အဲ့ဒီလိုစွမ်းအားရှိတဲ့ ဝိညာဉ်သားရဲကို ဘယ်လိုမွေးထားတာလဲ။ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

မြောက်ပိုင်းအစွန်ဖျား ရေခဲမြစ်

ယင်လေး၊လင်နို့လေးနှင့်ကြာပန်းနက်တို့က ပူးပေါင်းကာ ပထမအင်မော်တယ်ဘုရင်ကို အစွမ်းကုန် တိုက်ခိုက်နေသည်။ ပထမအင်မော်တယ်ဘုရင်က အကောင်းဆုံးလုပ်ဆောင်နေပေမယ့် ‌နောက်ဆုံးမှာ မခံနိုင်တော့ပေ။သူက တဖြည်းဖြည်းရှုံးလာနေသည်။

“အဟွတ်ဟွတ်...”ပထမအင်မော်တယ်ဘုရင်က သွေးအန်လိုက်ရသည်။သူက ဒူးတစ်ဖက်ထောက်ကျသွားပြီး သူ့တစ်ကိုယ်လုံးကလည်း သွေးများဖြင့် ဖုံးလွှမ်းနေသည်။အနားက မြောက်ပိုင်းအစွန်ဖျားရေခဲမြစ်က ဖျက်ဆီးခံထားရပြီး အခြေ‌အနေက ကြောက်မက်ဖွယ်ကောင်းနေသည်။

ပထမအင်မော်တယ်ဘုရင်၏ကိုယ်ပိုင်ရတနာ ပြန်လည်ဝင်စားခြင်းလမ်းစဉ်ခြောက်သွယ်စေတီကလည်း ကြာပန်းနက်တို့အုပ်စုကြောင့် ပျက်စီးသွားပြီး အနားတွင်အပိုင်းအစများအဖြစ် ပြန့်ကျဲနေသည်။

“နင် ရှုံးပြီ။”ကြာပန်းနက်က ဆိုသည်။

“မင်းရှုံးသွားပြီ”လင်းနို့လေးက ပြောလိုက်သည်။

“ရှင် ရှုံးသွားပြီ။”ယင်လေးသည်လည်း ပြောလိုက်ပါ၏။

“အင်မော်တယ်တွေ အဓွန့်ရှည်တည်တံ့‌ပါစေ။”ပထမအင်မော်တယ်ဘုရင်က ခေါင်းမော့ပြီး သူ၏အကြည့်က ခိုင်မာလျက်ရှိသည်။သူက ဒေါသတကြီးအော်ဟစ်ပြီး သူ့အသက်ကို စွန့်စားကာ ကြာပန်းနက်တို့ဆီကို ပြေးဝင်လာသည်။

“သေလိုက်တော့!ကမ္ဘာဖျက်ဆီးခြင်း ကြာပန်းနက်”

“ထိုက်ချီသတ်ဖြတ်ခြင်း အစီအရင်”

“ပြင်းထန်ယင်အတိဒုက္ခလျှပ်စီး”

“ဘုန်း!ဘုန်း!ဘုန်း!

ကြာပန်းနက်၊လင်းနို့လေးနှင့်ယင်လေးတို့က ပူးပေါင်းကာ အသန်မာဆုံးအံ့ဖွယ်စွမ်းအားကို ထုတ်သုံးကာ ပထမအင်မော်တယ်ဘုရင်ကို သတ်ဖြတ်လိုက်ကြတော့သည်။

“ဟူး...”

ကြာပန်းနက်တို့က သက်ပြင်းချလိုက်ပြီး သူတို့စိတ်ထဲတွင် သက်သာရာ ရသွားကြသည်။သူတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဆိုလိုက်သည်။”မြန်မြန်..မြောက်ဘက်ဆုံးအစီအရင်အမြူတေကို ဖျက်ဆီးလိုက်တော့။”ယင်လေးနှင့်ကျန်သူများက လက်ဝါးရိုက်ချလိုက်သည်။ အဆုံးမဲ့ဓမ္မစွမ်းအားများက ကြီးမားသည့်လက်ဝါးရာအဖြစ် ပြောင်းသွားတော့သည်။ထိုအရာက ပိရမစ်ပုံစံအစီအရင်အမြူတေကို ဖျက်ဆီးကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေတော့သည်။

မြေပြင်ပေါ်တွင်

ကြီးမားသည့်အစီအရင်က ခပ်ဝါးဝါးပေါ်လာသည်။အစီအရင်က အတော်လေးကြီးမားသည်။ထိုအရာက လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးကို ဖုံးအုပ်နေသည်။

ကြာပန်းနက်တို့က ခေါင်းမော့လိုက်ပေမယ့် သူတို့က အစီအရင်ကားချပ်၏ ထိပ်ကိုသာ မြင်နိုင်သည်။

မြောက်ပိုင်းအစီအရင်အမြူတေကို ကြာပန်းနက်တို့ ဖျက်ဆီးပြီးသွားတော့ ကောင်းကင်နှင့်မြေကြီးကမ္ဘာဖန်တီးခြင်းအစီအရင်က ချက်ချင်းပဲပြောင်းလဲသွားသည်။ဖုံးကွယ်ခံထားရသည့် အစီအရင်ကြီးကို လူတိုင်းက မြင်နိုင်သွားတော့သည်။

ကောင်းကင်နှင့်မြေကြီးကမ္ဘာဖန်တီးခြင်းအစီအရင်၏ထောင့်တစ်ဖက်က ပျောက်ကွယ်သွားတော့၏။

ထိုအရာက မြောက်ပိုင်းအစွန်ဖျားအစီအရင်အမြူတေ ပျက်စီးသွားခြင်းကြောင့်ဖြစ်သည်။ကောင်းကင်နှင့်မြေကြီးကမ္ဘာဖန်တီးခြင်းအစီအရင်ကို ကြီးကြီးမားမား သက်ရောက်သွားစေသည်။

မူလအစအင်မော်််တယ်ဘုရင်သည် အမှန်တကယ်တွက်ချက်မှု လွဲသွားခဲ့သည်။

အစကနေအဆုံးထိ မူလအစအင်မော်််တယ်ဘုရင်က ချီမင်သည် သူ့ကို ခြိမ်းခြောက်နိုင်သည်ဟု မထင်ထားခဲ့ပေ။သူ့အမြင်တွင် လျှို့ဝှက်နက်နဲကမ္ဘာမှ သက်ရှိတိုင်းက သူ့ကို မထိခိုက်နိုင်ပေ။

သို့ပေမယ့် လုံခြုံရေးကိုဦးစားပေသည့်အနေဖြင့် မူလအစအင်မော်််တယ်ဘုရင်က ပထမအင်မော်တယ်ဘုရင်၊အထွတ်အထိပ်အင်မော်တယ်ဘုရင်နှင့် ထာဝရငြိမ်သက်ခြင်းအင်မော်တယ်ဘုရင်တို့ကို အစီအရင်အမြူတေအား စောင့်ကြပ်ရန် ပြင်ထားခဲ့သည်။

ထို့အပြင် လေးခုမြောက်အစီအရင်အမြူတေက အချိန်ကာလရတနာ:ကမ္ဘာ့တံခါးဖြစ်သည်။ထို့ကြောင့် မူလအစအင်မော်််တယ်ဘုရင်ကိုယ်တိုင် စောင့်ကြပ်နေသည်။

မူလအစအင်မော်််တယ်ဘုရင်၏အထင်က လွဲသွားခဲ့သည်။

ချီမင်၏အင်အားက သူ၏မျှော်လင့်ချက်ကို ကျော်သွားခဲ့သည်။လျှို့ဝှက်နက်နဲကမ္ဘာ့သိစိတ်၏အကူအညီဖြင့် သူက ကောင်းကင်နှင့်မြေကြီးကမ္ဘာဖန်တီးခြင်းအစီအရင်၏အမြူတေတည်နေရာကို တွက်ချက်နိုင်ခဲ့သည်။ထို့ကြောင့်လည်း ဝိညာဉ်သားရဲများကို ဖျက်ဆီးရန်စေလွှတ်ခဲ့ခြင်းဖြစ်သည်။”အဟွတ်..ဟွတ်..”

မူလအစအင်မော်််တယ်ဘုရင်က သွေးအန်လိုက်ရသည်။သူက တန်ပြန်မှုကို ခံစားလိုက်ရတာဖြစ်၏။မြောက်ပိုင်းအစီအရင်က ကြာပန်းနက်တို့ထံမှ ဖျက်ဆီးခံလိုက်ရ၍ ကောင်းကင်နှင့်မြေကြီးကမ္ဘာဖန်တီးခြင်းအစီအရင်ကို ကြီးမားစွာ သက်ရောက်သွားခဲ့သည်။သူ၏လုပ်ဆောင်မှုက ရပ်တန့်သွားသည်။

ကောင်းကင်တံခါးလေးခု၏ စစ်မြေပြင်တွင်

“ဒါ..”

ယန်လီ၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။ သူကထိတ်လန့်ကြောက်ရွံ့သွားရတော့၏။”ဒါက ကောင်းကင်နှင့်မြေကြီးကမ္ဘာဖန်တီးခြင်းအစီအရင်ပဲ။ ဘယ်လို့လုပ် ဖြစ်နိုင်မှာလဲ။ ဘာလို့အသက်ဝင်နေတာလဲ။”

“ဒါ..ဒါ”

“ဒါက ယန်လီနဲ့တခြားသူတွေပြောတဲ့ ကောင်းကင်နှင့်မြေကြီးကမ္ဘာဖန်တီးခြင်းအစီအရင်လား။”

“အရမ်း ကြောက်ဖို့ကောင်းတယ်။”

“ငါဒီလိုအစီအရင်မျိုး တစ်ခါမှမမြင်ဖူးဘူး။”

“ဒီလို အဆုံးမဲ့ခမ်းနားတဲ့အစီအရင်ကပဲ ကောင်းကင်နဲ့မြေပြင်တစ်ခုလုံးကိုပြည့်နေပြီး လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းနိုင်တာ။အရမ်းကြောက်ဖို့ကောင်းသွားပြီ။”

“ငါတို့ ဒီလိုအစီအရင်ကို ဘယ်လိုဖျက်‌ဆီးရမှာလဲ။”

“အိုး နတ်ဘုရားမရယ်” မျိုးနွယ်ငါးခုမဟာမိတ်စစ်တပ်တွင် အထွတ်အထိပ်ဖြစ်တည်မှု ခြောက်ဦး၏အကြည့်က ကြောင်နေလျက် ထိတ်လန့်သွားရတော့၏။မျိုးနွယ်ငါးခု၏ သက်ရှိများက အလွန်အမင်းအံ့ဩသွားလျက် ထိုရုတ်တရက်အပြောင်းအလဲက သူတို့စိတ်ကို အားပျက်သွားစေသည်။

တစ်ချိန်တည်းမှာ ‌အရှေ့ဘက်အစွန်ဖျားကုန်းပြင်မြင့်

“သေ”သေမင်းလေးနှင့်ဟော့ချန်ချင်းက ပူးပေါင်းကာ တိုက်ခိုက်လိုက်သည်။သူတို့က အစွမ်းကုန်တိုက်ခိုက်နေသည်။သေခြင်းဥပဒေသပါဝင်သည့် သေမင်းတံစဉ်းနှင့်ကောင်းကင်နှင့်မြေကြီးဓားတာအိုက တစ်ချိန်တည်းမှာ ခုတ်ပိုင်းလိုက်သည်။

ခရက်!ခရက်!

အထွတ်အထိပ်အင်မော်တယ်ဘုရင်က သနားစဖွယ်အော်ဟစ်လိုက်ပြီး သွေးအန်ထုတ်လိုက်ရသည်။အထွတ်အထိပ်‌ဒယ်စောက်က ပြိုကွဲသွား‌တော့သည်။ နောက်ဆက်တွဲ တိုက်ခိုက်မှုများကို အထွတ်အထိပ်အင်မော်တယ်ဘုရင်က ဆက်မခုခံနိုင်တော့ပေ။

သူက အပြင်းအထန်ဒဏ်ရာ ရသွားပြီဖြစ်သည်။

All Chapters