← Chapters

ပြင်းထန်သည့်တိုက်ပွဲ

Vol. 19 Ch. 274

ပြင်းထန်သည့်တိုက်ပွဲ

Vol. 19 Ch. 274

ချီမင်က ပတ်လည်ကိုကြည့်ကာ အော်ဟစ်လိုက်သည်။”မင်းရဲ့ မူလအစကောင်းကင်ဂူကတော့ ဖျက်ဆီးခံလိုက်ရပြီ။မင်းရဲ့အင်အားက ဒီ‌လောက်ပဲလား။”

“ဒီလောက်ပဲဆိုရင် သေလိုက်တော့”

ချီမင်က နောက်တစ်ကြိမ်အော်ဟစ်လိုက်ပြီး ခုန်လိုက်သည်။သူက စစ်မှန်နဂါးတစ်‌ကောင်အလား ကောင်းကင်ပေါ်သို့ ခုန်တတ်သွားသည်။ဖရိုဖရဲတို့က ကောင်းကင်၌ ပေါ်လာသည်။သူက ဖရိုဖရဲတိုက်ပွဲပုဆိန်ကို လက်နှစ်ဖက်လုံးဖြင့်ကိုင်ကာ ခုတ်ချလိုက်သည်။

ခရက်!ခရက်!

အဆုံးမရှိများပြားသည့် ပုဆိန်အလင်းစူးစူးတို့မှာ ဖန်ကူးမှ ကောင်းကင်နှင့်မြေကြီးကို ခွဲခြမ်းလိုက်သည့်အလား ကောင်းကင်နှင့်မြေကြီးကို ဖြတ်ပိုင်းလိုက်သည်။ထိုအလင်းအောက်တွင် မူလအစကောင်းကင်းဂူကား ပြင်းထန်သည့်အင်အားကြောင့်ဖရဲသီးတစ်လုံးလိုနှစ်ခြမ်းကွဲသွားတော့သည်။”ချီမင်!”မူလအစအင်မော်တယ်ဘုရင်က ဒေါသတကြီးအော်ဟစ်လိုက်၏။သူက အလွန်အမင်းဒေါသထွက်သွားပြီး မျက်လုံးတို့မှာ မီးဟုန်းဟုန်းတောက်လာ၏။လောင်ကျွမ်းပြာချတော့မည်အလားထင်ရသည်။တွေးတောကြည့်မည်ဆို့ပါက အထက်ကမ္ဘာမှ မြင့်မြတ်သည့် အင်မော်တယ်ဘုရင်တစ်ပါးက ယခုအခြေအနေမျိုးထိဖြစ်သွားရသည်။သူက မဟာယနအဆင့်ပင်မရောက်သေးသော ပါးမွှားကျင့်ကြံသူတစ်ယောက်ကြောင့် ယခုအခြေအနေထိဖြစ်သွားရသည်။ဘယ်လိုလုပ် ဒေါသမထွက်ဘဲနေနိုင်မလဲ။

ဒါက အရှက်ခွဲလိုက်ခြင်းဖြစ်သည်။”မူလအစအတိဒုက္ခအလင်း” မူလအစအင်မော်တယ်ဘုရင်က အော်ဟစ်ပြီး မူလအစကြေးမုံကို လက်နှစ်ဖက်လုံးဖြင့် ကိုင်မြှောက်လိုက်သည်။များပြားသည့် ဓမ္မစွမ်းအားများတိုးဝင်သွားပြီး ကြေးမုံ၏စွမ်းအားကို အသက်သွင်းလိုက်သည်။ထို့နောက်မှာ သူက မဟာမူလအစနည်းစနစ်ကိုသုံးလိုက်တော့ မူလအစထူးခြားဖြစ်စဉ်အမျိုးမျိုးတို့ သူ့ဘေးတွင်ပေါ်လာသည်။အံ့ဖွယ်စွမ်းအားမျိုးစုံပေါင်းစပ်သွားတော့သည်။

ဖျက်ဆီးခြင်းမူလအစအတိဒုက္ခအလင်းအဖြစ် ပြောင်းလဲသွားသည်။

မူလအစကြေးမုံမှာ မြင့်တက်လာသည်။ချောမွေ့သည့်မှန်မျက်နှာပြင်မှ မျက်စိကျိန်းလောက်ဖွယ်အလင်းတိုင်ကြီးတစ်ခု ပစ်လွှတ်လိုက်သည်။ဖျက်ဆီးခြင်းစွမ်းအားပါဝင်နေသည့် ခရမ်းစိမ်းရောင်အလင်းတို့ ထွက်ပေါ်လာသည်။

ဘန်း!

မူလအစအတိဒုက္ခအလင်းတန်းနှင့်ဖရိုဖရဲတိုက်ပွဲပုဆိန်အလင်းတို့မှာ ထိတိုက်မိသွားသည်။စွမ်းအင်နှစ်ခု ပြေးစောက်မိပြီးမယုံနိုင်စရာကောင်းသည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။”ဖရိုဖရဲ မဟာတာအိုလက်သီး”

ဘုန်း!ဘုန်း!ဘုန်း!

သန့်စင်ခြင်းသုံးပါးကိုယ်ပွားများက ထိုအခွင့်အရေးကိုယူကာ ထပ်မံတိုက်ခိုက်လိုက်သည်။ ကောင်းကင်မှ ကြောက်မက်ဖွယ်ကောင်းသည့် ဖရိုဖရဲလက်သီးသည် မူလအစအင်မော်တယ်ဘုရင်ပေါ်သို့ ကျဆင်းလာကာ တိုက်ရိုက် တိုက်ခိုက်လိုက်တော့သည်။

“ကမ္ဘာ့တံခါး” မူလအစအင်မော်တယ်ဘုရင်က အော်ဟစ်လိုက်လေသည်။

မူလအစအင်‌မော်တယ်ဘုရင်နောက်မှာ လွင့်မျောနေသည့်အချိန်ကာလရတနာ:ကမ္ဘာ့တံခါးက လှုပ်ခါသွားပြီး နေရာမှပျောက်ကွယ်သွားသည်။ကမ္ဘာကြီး၏စွမ်းအားက ထွက်ပေါ်လာကာ သူ့ကို ကာကွယ်ပေးလိုက်တော့သည်။

သန့်စင်ခြင်းသုံးပါးကိုယ်ပွားများက ချီမင်နှင့်တူညီသည့် အင်အားကိုပိုင်ဆိုင်ထားသည်။ ဖရိုဖရဲမဟာတာအိုလက်သီးက ကြောက်မက်ဖွယ်ကောင်းသည့်အင်အားဖြင့် ပေါက်ကွဲထွက်သွားသည်။ ထိုအင်အားကြောင့် အချိန်ကာလရတနာ:ကမ္ဘာ့တံခါးမှာ ပြင်းထန်စွာတုန်ခါသွားတော့သည်။

မူလအစအင်မော်တယ်ဘုရင်က နာကျင်သွားသည့်အသံဖြင့် အော်ဟစ်လိုက်သည်။အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကြောင့် သူက ဖရိုဖရဲမဟာတာအိုလက်သီးကို ခုခံလိုက်နိုင်ပေမယ့် အပြည့်အဝမဟုတ်ပေ။

ကြောက်မက်ဖွယ်လက်သီးက အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို ထိုးဖောက်သွားကာ မူလအစအင်မော်တယ်ဘုရင်ကိုထိမှန်သွားကာ ပျံထွက်သွား စေတော့သည်။

“အား!!”

မူလအစအင်မော်တယ်ဘုရင်က မခုခံနိုင်တော့ဘဲ သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။

ထိုအချိန်၌ မူလအစကောင်းကင်ဂူကလည်း လုံးဝကို ပေါက်ကွဲသွားတော့သည်။‌ ကောင်းကင်ဂူက ဖိအားကိုမခံနိုင်တော့ဘဲ ပြိုကွဲသွားတော့သည်။ကောင်းကင်ဂူတစ်ခုလုံးသည် ပျက်စီးခြင်းကိန်းသို့ ဆိုက်ရောက်သွားသည်။

မျက်စိကျိန်းလောက်သည့် အလင်းတန်းများ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်တွင် ဖျက်ဆီးခြင်းလှိုင်းများဖြင့် ပြည့်နှက်သွားတော့သည်။

မူလအစအင်‌မော်တယ်ဘုရင်က ထပ်ခါတလဲ အော်ဟစ်လိုက်သည်။

ချီမင်၏ကိုယ်ပေါ်မှ အတော်လေးတောက်ပသည့်ရွှေရောင်အလင်းထွက်ပေါ်လာသည်။ သန့်စင်ရွှေခန္ဓာ၏စွမ်းအားက မူလအစကောင်းကင်ဂူ၏ ဖျက်ဆီးခြင်းစွမ်းအားကို ကာကွယ်ပေးလိုက်သည်။

အပြင်ကမ္ဘာတွင်....

ဗဟိုနတ်ဘုရားတောင်၏ထိပ်တွင် မူလအစကောင်းကင်ဂူ၏ပျက်ဆီးသွားသည့် အခြေအနေက အတော်လေးပြင်းထန်သည်။ပေါက်ကွဲမှု၏နောက်ဆက်တွဲလှိုင်းက ဗဟိုနတ်ဘုရားတောင်ကို ဗဟိုပြုကာ လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးကို ပျံ့နှံ့သွားတော့၏။

ထိုအရှိန်အဝါက နျူးကလီးယားတို့ ဟိုက်ဒြိုဂျင်ဗုံးတို့ပေါက်ကွဲခြင်းကပင် အဖေခေါ်ရမည်။ထိုအရာကို နည်းပညာမြင့်လက်နက်များ သက်သက်ဖြင့်ဖော်ပြလို့မရပေ။ လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးက လှုပ်ခါသွားပြီး မရေမတွက်နိုင်သည့် သက်ရှိများကို ဆွဲဆောင်လိုက်သည်။

ကောင်းကင်‌တံခါးလေးခု၏စစ်မြေပြင်ဘက်တွင်

“အဲ့ဒီနေရာက”

“ဗဟိုနတ်ဘုရားတောင်။ ဗဟိုနတ်ဘုရားတောင်ဘက်ကပဲ။

“အခုလေးတင် ပေါက်ကွဲသံကြီးထွက်လာတာမလား။”

“လန့်တောင်လန့်သွားတယ်။”

“အသံက အကျယ်ကြီးဟ”

“စီနီယာချီမင်က မူလအစအင်မော်တယ်ဘုရင်နဲ့တိုက်‌ခိုက်နေလို့ အဲ့ဒီလိုကြောက်ဖို့ကောင်းတဲ့ ပေါက်ကွဲမှုကြီး ထွက်လာတာနေမယ်။လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးတောင် လှုပ်ခါသွားတယ်။”

“တကယ် လန့်စရာကြီး”

အင်မော်တယ်ဘုရင်များ၊မျိုးနွယ်ခြောက်ခု၏အထွတ်အထိပ်ဖြစ်တည်မှုခြောက်ဦး၊မဟာယနအဆင့်ကျွမ်းကျင်သူများ၊အတိဒုက္ခကျော်လွှာခြင်းအဆင့်ကသူများနှင့်များစွာသော လျှို့ဝှက်နက်နဲကမ္ဘာ၏သက်ရှိများမှာ လှမ်းကြည့်နေကြပြီး ထိတ်လန့်တကြား သက်မချနေရ၏။

သူတို့က ပြူးနိုင်သမျှပြူးပြီး ကြည့်နေကြပေမယ့် နေရာက အလွန်ဝေးကွာသည့်အတွက် ဗဟိုနတ်ဘုရားတောင်၏ထိပ်တွင် ဖြစ်ပျပ်နေသည်များကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ချေ။သူတို့ခဗျာ ခန့်မှန်းရုံသာ တတ်နိုင်သည်။”တစ်ခုခုတော့ ဖြစ်သွားပြီ။”

မြောက်ဘက်အစွန်အဖျား ရေခဲမြစ်

ပထမအင်မော်တယ်ဘုရင်က ကြာပန်းနက်တို့နှင့် တိုက်ခိုက်နေသည်။နှစ်ဖက်က အကွက်ရာချီမျှ ဖလှယ်ခဲ့ပြီးပြီဖြစ်သည်။

ပထမအင်မော်တယ်ဘုရင်က အလွန်အမင်းစွမ်းအားကြီးပြီး ကောင်းကင်နှင့်မြေကြီးဥပဒေသကိုလည်း နားလည်ထားသည်။

ထို့ကြောင့် ကြာပန်းနက်တို့် ပူးပေါင်းတိုက်နေကြသည်‌တောင်ခံနိုင်နေခြင်းဖြစ်သည်။

“ကောင်းကင်ဂူပဲ။” ပထမအင်မော်တယ်ဘုရင်က ဗဟိုနတ်ဘုရားတောင်ကို ကြည့်လိုက်၏။ထိတ်လန့်သွားသည့်အမူအရာက သူ၏မျက်နှာပေါ်၌ ပေါ်လာတော့သည်။”ဒီလို ရုတ်ရုတ်သဲသဲမျိုးဖြစ်နေတာကကောင်းကင်ဂူ ပျက်စီးသွားတာပဲ။ အင်မော်တယ်ဘိုးဘေးက ချီမင်ကို ရင်ဆိုင်ပြီးပြီလား။”

ပထမအင်မော်တယ်ဘုရင်မှာ အသက်ပြင်းပြင်းရှုကာ သူ့စိတ်သူထိန်းလိုက်ရသည်။”အဆင်ပြေမှာပါ။အင်မော်တယ်ဘိုးဘေးက ပြိုင်ဘက်ကင်းပဲ။ ချီမင်က သူ့ကို နိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူး။”

“ငါ အရမ်းအတွေးလွန်နေပြီ။”

“ဟားဟားဟား...”လင်းနို့လေးက ကောင်းကင်ယံ၌ ကျယ်လောင်စွာရယ်မောလိုက်သည်။သူက ထိုက်ချီလင်းနို့ဘုရင် စစ်မှန်ခန္ဓာကို ထုတ်ဖော်လိုက်သည်။ ရှေးဟောင်းခေတ်မှ နိုးထလာသည့်ကြမ်းကြုတ်သားရဲတစ်ကောင်အလား ကောင်းကင်နှင့်မြေကြီးကိုပင် ဖုံးလွှမ်းသွားတော့သည်။ထိုက်ချီသတ်ဖြတ်ခြင်းဖွဲ့စည်းပုံက ကြောက်လန့်ဖွယ်ကောင်းသည့် သတ်ဖြတ်ခြင်းရည်ရွယ်ချက်များဖြင့် လည်ပတ်လာသည်။

“ပထမအင်မော်တယ်ဘုရင် မင်းတော့ရှုံးသွားပြီ။သခင်က ပြိုင်ဘက်ကင်းဖြစ်တည်မှုတစ်ခုပဲ။အင်မော်တယ်ဘိုးဘေးမကလို့ မူလအစအင်မော်တယ်ဘုရင်ဖြစ်ဖြစ် မင်းတို့အကုန်လုံးက သခင့်ရဲ့ပြိုင်ဘက်မဟုတ်ဘူး။”

“ဟုတ်တယ်။”ယင်လေး၏အသံကလည်း ချီမင့်အပေါ်ယုံကြည်မှုများ ပြည့်လျှံနေသည်။”သခင်သာ ကိုယ်တိုင်လှုပ်ရှားပြီဆိုရင် ရှင်တို့ အင်မော်တယ်မျိုးနွယ်တစ်ခုလုံး ကျိန်းသေပေါက်ရှုံးပြီ။ ရှင်တို့တွေက နောင်တရ ရမယ်မှန်းမသိဘဲ ဆက်ပြီးခေါင်းမာနေကြတုန်း။ရှင်တို့ကို မူလအစအင်မော်တယ်ဘုရင်က လှည့်စားထားမှန်း မသိသေးဘူးလား။”

“ပြောနေလို့လည်း အသုံးမဝင်ဘူး။”

ကြာပန်းနက်က ခပ်နိမ့်နိမ့်ပြောလိုက်သည်။”အစွမ်းကုန်သာ တိုက်ကြ။ပထမအင်မော်တယ်ဘုရင်နဲ့ မြောက်ဘက်ဆုံးအစီအရင်အမြူတေကိုသာ ဖျက်ဆီးကြ။ဒါဆို သခင့်ရဲ့ဝန်ကို ကူပေးရာရောက်တယ်။”

“ဟုတ်ပြီ။”ယင်လေးနှင့်လင်းနို့လေးတို့က လျင်မြန်စွာ ပြန်ဖြေလိုက်ကြသည်။

“မင်းတို့က ငါ့ကိုသတ်ချင်တာလား။” ပထမအင်မော်တယ်ဘုရင်က အော်ဟစ်လိုက်သည်။”ရယ်ဖို့ကောင်းတယ်။”

“တိုက်ကြ”

ဘုန်း!ဘုန်း!ဘုန်း!

တိုက်ပွဲက ဖြစ်ပွားလာပြန်သည်။

တခြားတစ်ဖက် တောင်ဘက်အစွန်ဖျားပင်လယ်နှင့် အရှေ့ဘက်အစွန်ဖျား ကုန်းပြင်မြင့်တို့၌လည်း

အထွတ်အထိပ်အင်မော်တယ်ဘုရင်နှင့် ထာဝရငြိမ်သက်ခြင်းအင်မော်တယ်ဘုရင်တို့ကလည်း မူလအစကောင်းကင်ဂူ၏ပေါက်ကွဲမှုကို အာရုံခံမိလိုက်၏။သူတို့လည်း ထိတ်လန့်ပြီး အနည်းငယ်စိုးရိမ်သွားကြသည်။”ဒါက...”

အထွတ်အထိပ်အင်မော်တယ်ဘုရင်က အသက်ပြင်းပြင်းရှုကာ ထိတ်လန့်သွားတော့၏။”ကောင်းကင်ဂူက ဖျက်ဆီးခံလိုက်ရပြီ။”

“တစ်ခုခုတော့ ဖြစ်နေပြီ။”

ထာဝရငြိမ်သက်ခြင်းအင်မော်တယ်ဘုရင်ကလည်း လေးနက်သွားသည်။

“တိုက်ခိုက်”

“မင်းတို့ အစွမ်းကုန်သုံးပြီး သူ့ကိုသတ်ကြ”

အမှောင်မီးလျှံ၊ဟော့ချန်ချင်းနှင့်ကျန်သူတို့မှာ အစွမ်းကုန်တိုက်ခိုက်လိုက်ကြသည်။သူတို့က ထိန်းထားမနေကြတော့ပေ။ သူတို့က အံ့ဖွယ်စွမ်းအားနှင့်သိုင်းနည်းစနစ်တို့ကိုသုံးကာ အထွတ်အထိပ်အင်မော်တယ်ဘုရင်နှင့် ထာဝရငြိမ်သက်ခြင်းအင်မော်တယ်ဘုရင်ကို ဖိနှိပ်လာကြသည်။

ဗဟိုနတ်ဘုရားတောင်၏ထိပ်တွင် မူလအစကောင်းကင်ဂူက ဖျက်ဆီးခံလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲသံကြီးထွက်ပေါ်လာသည်။ချီမင်ရော မူလအစအင်မော်တယ်ဘုရင်ရော ထိတော့ မထိခိုက်သွားပေ။

နှစ်ယောက်လုံးက အလင်းတန်းအဖြစ်ပြောင်းလဲကာ ပေါက်ကွဲမှုထဲကနေ ပြေးထွက်လာလိုက်သည်။

“တိုက်!” မူလအစအင်မော်တယ်ဘုရင်က အော်ဟစ်လိုက်သည်။သူက မူလအစကြေးမုံကို အကြိမ်ကြိမ်ပင့်လိုက်ကာ မူလအစအတိဒုက္ခအလင်းတန်းကို ထုတ်လွှတ်လိုက်သည်။ ‌ကောင်းကင်နှင့်မြေကြီးကိုပင် ဖုံးလွှမ်းထားသည့် မူလအစအတိဒုက္ခအလင်းတန်းမှာ စွမ်းအားပြည့် ထွက်ပေါ်လာသည်။

“လာပြီး တိုက်စမ်းပါ” ချီမင်သည် အနည်းငယ်မျှပင် ကြောက်ရွံ့မသွားသလို ရှောင်လည်းမရှောင်ချေ။သူက ဖရိုဖရဲတိုက်ပွဲပုဆိန်ကို သုံးကာ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။သန့်စင်ခြင်းသုံးပါးကိုယ်ပွားများကလည်း ဖရိုဖရဲမဟာတာအိုလက်သီးကို ပစ်သွင်းလိုက်သည်။

နှစ်ဖက်က ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။

ထိုအချိန်၌ မူလအစကောင်းကင်ဂူက ပျက်စီးသွားသည့်အတွက် တိုက်ပွဲမှာ ကောင်းကင်ဂူထဲပဲ ကန့်သတ်မထားတော့ပေ။ ထိုအစား ဗဟိုဒေသတစ်ခုလုံးက ချီမင်နှင့်မူလအစအင်မော်တယ်ဘုရင်၏ တိုက်ပွဲမြေပြင်ဖြစ်လာသည်။

မရေမတွက်နိုင်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

ခရက်!ခရက်!

နေရာလွတ်က ပြိုကွဲသွားသည်။မြေပြင်က အက်ကွဲလာပြီး တောင်နှင့်မြစ်တို့မှာ ပျက်စီးလာတော့သည်။

ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

ချီမင်နှင့်မူလအစအင်မော်တယ်ဘုရင်က နေရာရွှေ့ပြောင်းလိုက်ပြီး ဗဟိုနတ်ဘုရားတောင်မှ ထွက်လာကြသည်။သူတို့က တောင်ပိုင်းကောင်းကင်တံခါးထံသို့ ‌ရောက်လာကြသည်။အံ့ဖွယ်စွမ်းအားများက ထိပ်တိုက် ရင်ဆိုင်နေကြပြီး မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲမှုကြီးဖြစ်ပေါ်လာသည်။ ကောင်းကင်မှာ နေမင်းအသေးစားလေး မွေးဖွားလာသည့်အလား ခံစားလိုက်ရသည်။

“ရူးလောက်တယ်။”

“ကောင်းကင်ဘုံ။ အဲ့ဒါက စီနီယာချီမင်ရဲ့ အင်အားလား။”

“အရမ်း ကြောက်ဖို့ကောင်းတယ်။”

“တော်တော် သန်မာတာပဲ။”

“စီနီယာချီမင်သာမဟုတ်ဘူးဆိုရင် ငါတို့က မူလအစအင်မော်တယ်ဘုရင်ရဲ့ မျက်စိထဲမှာ အကောင်နည်းနည်းပိုကြီးတဲ့ ပုရွက်ဆိတ်တစ်‌ကောင်ထက် မပိုဘူး။ငါတို့ လုံးဝ ခုခံနိုင်မှာ မဟုတ်ဘူး။”

ယန်လီနှင့်ရှောင်ဖန်းက ထိတ်လန့်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။

နောက်တစ်ခဏမှာ ချီမင်နှင့် မူလအစအင်မော်တယ်ဘုရင်တို့က ပျောက်ကွယ်သွားပြန်သည်။သူတို့က တောင်ပိုင်းကောင်းကင်တံခါးကနေ မြောက်ပိုင်းကောင်းကင်တံခါးဘက်သို့ နေရာရွှေ့ပြောင်းသွားပြန်၏။သူတို့က အရှေ့ပိုင်းကောင်းကင်တံခါးမှ မြောက်ပိုင်းကောင်းကင်တံခါးဘက်သို့ ဆက်လက်ရွှေ့သွားသည်။

တကယ်တော့

သူတို့က ဗဟိုဒေသမှ တောင်ပိုင်းဒေသအထိ တိုက်ခိုက်လာသည်။ထို့နောက် မြောက်ပိုင်းဒေသ၊အနောက်ပိုင်းဒေသထိ ရောက်လာပြီး အရှေ့ပိုင်းဒေသ၌ ရပ်တန့်သွားကြသည်။

လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးက ချီမင်နှင့် မူလအစအင်မော်တယ်ဘုရင်တို့၏ တိုက်ပွဲမြေပြင်ဖြစ်လာသည်။

ကောင်းကင်ကိုးလွှာနှင့် ငရဲကိုးထပ်ထိတောင် ရောက်ရှိသွားသည်။

သူတို့က နေရာလွတ်ထဲတွင်လှုပ်ရှားကာ အဆက်မပြတ်တိုက်ခိုက်နေသည်။သူတို့နှစ်ယောက် ထိပ်တိုက်တွေ့တိုင်း ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲမှုကြီးဖြစ်ပေါ်လာသည်။တိုက်ပွဲ၏နောက်ဆက်တွဲက နေရာလွတ်ကို ပြိုကျလာ‌စေပြီး ကမ္ဘာကြီးကို ပျက်စီးသွားစေသည်။

အတော်လေး ပြင်းထန်နေသည်။

ကောင်းကင်ယံ၌

သူတို့က ဗဟိုနတ်ဘုရားတောင်၏ထိပ်သို့ ပြန်ရောက်လာသသည်။ထိုတောင်ထိပ်က လေဟာနယ်အလွှာကြား၌ တည်ရှိခြင်းဖြစ်‌သည်။ လေဟာနယ်အလွှာထဲ၌သာ တိုက်ပွဲ၏နောက်ဆက်တွဲက အနည်းဆုံးဖြစ်သည်။ဆိုလိုတာက ပတ်ဝန်းကျင်၌ သက်ရောက်မှု သိပ်မဖြစ်သွားပေ။

‌ချီမင်၏ဖရိုဖရဲတိုက်ပွဲပုဆိန်က မူလအစအင်မော်တယ်ဘုရင်ကို ထပ်မံတားဆီးလိုက်ပြန်သည်။

“အဟွတ် အဟွတ်...”

မူလအစအင်မော်တယ်ဘုရင်သည် သွေးတစ်ပွက်အန်ထုတ်လိုက်ရ၏။သူ၏မျက်နှာက ဖျော့တော့သွားပေမယ့် အလျင်အမြန်ပဲ ပြန်လည်သက်သာလာသည်။ လျှို့ဝှက်စွာဖြင့် မူလအစစွမ်းအင်ကြိုးမျှင်တို့မှာ သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီး ဒဏ်ရာများကို သက်သာအောင်လုပ်ပေးနေသည်။ထို့ကြောင့် မူလအစအင်မော်တယ်ဘုရင်၏အရှိန်အဝါက ပိုပြီးပင်သန်မာလာသည်။

“မင်းရဲ့အင်အားက ငါထင်ထားတာထက်တောင် များနေတာပဲ။”

မူလအစအင်မော်တယ်ဘုရင်သည် အသက်ပြင်းပြင်းရှုထုတ်လိုက်၏။”ငါရဲ့ ခွန်အားကုန်သုံးထား‌တာတောင် မင်းကိုမယှဉ်နိုင်တော့ဘူး။ ကောင်းကင်ကိုးလွှာနှင့်မြေကြီးဖန်တီးခြင်းအစီအရင်က ငါကို မူလအစစွမ်းအင်သာ တောက်လျှောက်ပို့မပေးနေရင် ငါလည်း မင်းကိုရှုံးနေလောက်ပြီ။”

“ဒါပေမယ့်...”မူလအစအင်မော်တယ်ဘုရင်က အော်လိုက်သည်။”အဆုံးမှာတော့ ငါကအရေးသာနေတုန်းပဲ။မင်းအတွက်တော့ ငါ့ကို သတ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။တိုက်ပွဲက အချိန်ပိုကြာလေ မင်းနိုင်ဖို့အခွင့်အရေးက နည်းလာလေပဲ။”

All Chapters