ယင်ယန်ပြောင်းပြန်လှန်ခြင်း
Vol. 19 Ch. 273
ကပ်ဘေးဒုက္ခ၏ဖျက်ဆီးခြင်းစွမ်းအားနှင့် မူလအစ၏ဖန်တီးခြင်းစွမ်းအား က တစ်ခုကိုတစ်ခုဖျက်ဆီးနေသောကြောင့် မယုံနိုင်စရာကောင်းသည့် တိုက်ပွဲအရှိန်တစ်ခု ထွက်ပေါ်လာသည်။
ထိုအရာက မဟာအံ့ဖွယ်စွမ်းအားနှစ်မျိုး၏ထိပ်တိုက်ရင်ဆိုင်ကြသည့် တိုက်ပွဲဖြစ်သည်။
မဟာမူလအစနည်းစနစ်ဖြစ်စေ မဟာကပ်ဘေးဒုက္ခနည်းစနစ်ဖြစ်စေ နှစ်ခုလုံးက တိုက်ခိုက်ရေးအံ့ဖွယ်စွမ်းအားဖြစ်၍ တိုက်ပွဲကလည်း ပြင်းထန်သည်။
မူလအစကောင်းကင်ဂူသည် ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။
ထိုအချိန်တွင် ကပ်ဘေးဒုက္ခအလင်းတန်းက မှေးမှိန်လာသည်။ ချီမင်က ကပ်ဘေးဒုက္ခအလင်းတန်းမှာ မူလအစအလင်းတန်းထံမှ ဖိနှိပ်ခံနေရသည်ကို အာရုံခံမိလိုက်သည်။ချီမင်၏ကပ်ဘေးဒုက္ခအလင်းတန်းက အရေးနိမ့်လာသည်။
မဟာကပ်ဘေးဒုက္ခနည်းစနစ်က မဟာမူလအစနည်းစနစ်၏ ပြိုင်ဘက်မဟုတ်ပေ။
မဟာကပ်ဘေးဒုက္ခနည်းစနစ်က မဟာမူလအစနည်းစနစ်ထက် အဆင့်နိမ့်နေသောကြောင့်တော့ မဟုတ်ပေ။မဟာအံ့ဖွယ်စွမ်းအားနှစ်ခုလုံးက အဆင့်တစ်ခုတည်း၌သာရှိသည်။အင်အားကွာခြားချက်မရှိပေ။အဓိက အကြောင်းပြချက်က ချီမင်က ပြီးပြည့်စုံခြင်းအဆင့်ထိသာ ကျင့်ကြံထားရချိန်၌ မူလအစအင်မော်တယ်ဘုရင်သည်တော့ နက်နဲခြင်းအဆင့်ထိလေ့ကျင့်ပြီးပြီဖြစ်သည်။
ပြီးပြည့်စုံခြင်းအဆင့်သည်ကား နက်နဲခြင်းအဆင့်အောက် တစ်ဆင့်နိမ့်သည်။
ထိုကွာခြားချက်က ချီမင်၏ မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို အရေးနိမ့်သွားစေသည်။
မူလအစအင်မော်တယ်ဘုရင်မျက်နှာတွင် စိတ်လှုပ်ရှားသည့်အမူအရာတစ်မျိုးပေါ်လာပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။”မင်းရှုံးသွားပြီ။မင်းရဲ့မဟာကပ်ဘေးဒုက္ခနည်းစနစ်က ငါ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး။”
“မူလအစအင်မော်တယ်ဘုရင် မင်းအောင်ပွဲခံဖို့ စောလွန်းသေးတယ်။”
“ယင်ယန် ပြောင်းပြန်လှန်ခြင်း”
ချီမင်၏အကြည့်က တောက်ပသွားသည်။သူက ကောင်းကင်ဘုံကြယ်တာရာသုံးဆယ်ခြောက်ပညာရပ်ထဲမှ ယင်ယန်ပြောင်းပြန်လှန်ခြင်းဟု ခေါ်သည့် ဒုတိယတန်းစားအံ့ဖွယ်စွမ်းအားကို စုစည်းလိုက်ကာ အသုံးပြုလိုက်သည်။
လျှို့ဝှက်နက်နဲနည်းစနစ်ကို အသုံးပြုပြီးနောက်မှာ ကောင်းကင်နှင့်မြေကြီး၏ အစီအစဉ်ကသွေးဖယ်သွားခဲ့သည်။နေနှင့်လက လွဲမှားကာ အမှန်ကအမှားဖြစ်သွားပြီး အဖြူနှင့်အနက်က ရောနှောသွားခဲ့သည်။အံ့ဖွယ်အကျဉ်းထောင်ကောင်းကင်အတိဒုက္ခသဖွယ်မျိုးဖြစ်လာပြီး ထိုအရာမှာ သက်ရှိအားလုံး၏ပြန်လည်မွေးဖွားရာ လမ်းစဉ်လည်း ဖြစ်သည်။
တစ်နည်းဆိုရလျှင်
ယင်ယန်မဟာတာအိုကို တတ်ကျွမ်းခြင်းဖြစ်၏။
ယင်နှင့်ယန်၊အကြီးနှင့်အသေး၊အမြင့်နှင့်အနိမ့်၊သန်မာခြင်းနှင့်အားနည်းခြင်း၊အများနှင့်အနည်း
သက်ရှိအားလုံး ဖြစ်တည်မှုအားလုံး အရာအားလုံးကို ယင်နှင့်ယန်အဖြစ်ခွဲခြားထားသည်။
ချီမင်က ယင်နှင့်ယန်က်ို ပြောင်းပြန်လှန်လိုက်သည်။သူက ယင်ကို ယန်ပြောင်းလဲနိုင်သလို၊ကြီးတာကို သေးအောင်၊အနိမ့်ကို မြင့်အောင်နှင့် အားနည်တာကို သန်မာသွားအောင်လုပ်နိုင်သည်။
လက်ရှိအခြေအနေဖြင့်ဆို မူလအစအင်မော်တယ်ဘုရင်၏မဟာမူလအစနည်းစနစ်က နက်နဲခြင်းအဆင့်ထိကျင့်ကြံထားပြီး ပြီးပြည့်စုံခြင်းအဆင့်ထိသာ ကျင့်ကြံရသေးသောမဟာကပ်ဘေးဒုက္ခနည်းစနစ်ထက် သာသည်။
ချီမင်က လျှို့ဝှက်နက်နဲနည်းစနစ် ယင်ယန်ပြောင်းပြန်လှန်ခြင်းကိုသုံးကာ မဟာအံ့ဖွယ်စွမ်းအားတို့၏အားနည်းခြင်းနှင့်သန်မာခြင်းကို ပြောင်းပြန်လှန်လိုက်သည်။
ထိုသို့ဖြင့် မူလက အားနည်းနေသည့် မဟာကပ်ဘေးဒုက္ခနည်းစနစ်က သန်မာသွားပြီး တခြားတစ်ဖက် မူလက သန်မာနေခဲ့သည့် မဟာမူလအစနည်းစနစ်က အားနည်းသွားတော့သည်။”ဘာ..ဘာဖြစ်သွားတာလဲ။”
မူလအစအင်မော်တယ်ဘုရင်သည် ပြောင်းလဲမှုကို ချက်ချင်းရှာတွေ့သွားသည်။သူက အားနည်းသွားသည့် မဟာမူလအစနည်းစနစ်ကို အာရုံခံမိလိုက်သည်။ထိုအတူ ချီမင်၏မဟာကပ်ဘေးဒုက္ခနည်းစနစ်၏အခြေအနေကိုလည်း သိလိုက်ရသည်။”အိုး မဟုတ်ဘူး။”
ထိတ်လန့်သည့်အမူအရာတစ်ခုပေါ်လာသည်။သူတုန့်ပြန်တော့မည့်အချိန်တွင်တော့ နောက်ကျသွားခဲ့ပြီဖြစ်သည်။
အသံကျယ်ကြီးတစ်ခုထွက်ပေါ်လာကာ မူလအစအလင်းတန်းတစ်ခုထွက်ပေါ်လာသည်။
ချီမင်၏မဟာကပ်ဘေးဒုက္ခနည်းစနစ်က အသားစီးရသွားကာ မူလအစအလင်းရောင်ကို အနိုင်ရသွားတော့သည်။ကပ်ဘေးဒုက္ခ အလင်းတန်း၏နောက် ဆက်တွဲအရှိန်ကမူလအစအင်မော်တယ်ဘုရင်ကိုပါ တိုက်ခိုက်လာသည်။အချိန်နှင့်နေရာလွတ်၏စွမ်းအားက ပျံ့နှံ့လာပြီး နောက်ဆက်တွဲအရှိန်ကို တားဆီးကာ မူလအစအင်မော်တယ်ဘုရင်ကို ကာကွယ်ပေးလိုက်သည်။
လျှို့ဝှက်နက်နဲနည်းစနစ်ယင်ယန်ပြောင်းလဲခြင်းက လည်းအကန့်အသတ်ရှိသည်။
ထိုအကန့်အသတ်က ချီမင်၏ကျင့်ကြံခြင်းနှင့်ဆက်စပ်နေသည်။
ချီမင်၏ကျင့်ကြံခြင်းအဆင့်က မြင့်လေ အကန့်အသတ်ကလည်း မြင့်လေဖြစ်သည်။ချီမင်၏ကျင့်ကြံခြင်းအဆင့်ကနိမ့်နေလျှင်တော့ အကန့်အသတ်ကပါ လိုက်နိမ့်သွားသည်။
ယခုထိတော့ ယင်ယန်ပြောင်းပြန်လှန်ခြင်းက မူလအစအင်မော်တယ်ဘုရင်ကို သက်ရောက်နေသေးသည်။
သို့ပေမယ့် သက်ရောက်မှုက ကန့်သက်ချက်ရှိသည်။
ကြာချိန်က အတော်လေးတိုသည်။”မဟာကပ်ဘေးဒုက္ခနည်းစနစ်”
တစ်ချိန်တည်းမှာ ချီမင်၏သန့်စင်ခြင်းသုံးပါးကိုယ်ပွားများကလည်း မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို အသုံးပြုလိုက်သည်။ကပ်ဘေးဒုက္ခထူးခြားဖြစ်စဉ်အမျိုးမျိုးပေါ်လာပြီး မူလအစကောင်းကင်ဂူထဲတွင် ပျံ့နှံ့လာသည်။
ထိုတိုက်ပွဲမျိုးက အလွန်အမင်းကြောက်မက်ဖွယ်ကောင်း၍ ဖော်ပြရန်ပင်ခက်ခဲပါ၏။
“ခွေးမသား”မူလအစအင်မော်တယ်ဘုရင်သည် ဒေါသတကြီးအော်ဟစ်လာသည်။သူက ဒေါသအပြည့်ဖြင့် ကောင်းကင်သို့ ပျံတက်သွားသည်။ကောင်းကင်မှာ ခေါင်းသုံးလုံးလက်ခြောက်ဖက်စွမ်းအား ထွက်ပေါ်လာသည်။
မူလအစကြေးမုံကိုယ်ပွားကလည်း ခေါင်းသုံးလုံးလက်ခြောက်ဖက်စွမ်းအားကို အသုံးပြုလိုက်သည်။
“မဟာမူလအစနည်းစနစ်” မူလအစအင်မော််တယ်ဘုရင်သည် မဟာမူလနည်းစနစ်ကို ထပ်သုံးလိုက်ပြန်သည်။ထို့အပြင် သူ၏ကိုယ်ပွားကပါ သုံးလာသည်။ကမ္ဘာကြီးကိုပင် ပြိုကွဲသွားစေမည့် မူလအစအလင်းတန်းတို့မှာ အရပ်မျက်နှာ အနှံ့ကိုပျံ့နှံ့သွားတော့သည်။ ပေါက်ကွဲသံအမျိုးမျိုးထွက်ပေါ်လာသည်။
မူလအစကောင်းကင်ဂူတစ်ခုလုံးကို ကြည့်လိုက်လျှင် ပေါက်ကွဲမှုအလင်းတန်းများပြည့်နှက်နေသည်။”ယင်ယန်ပြောင်းပြန်လှန်ခြင်း” ချီမင်ကကျယ်လောင်စွာအော်ဟစ်လိုက်ပြီး လျှို့ဝှက်နက်နဲနည်းစနစ်ကို ထပ်သုံးလိုက်သည်။ထိုနည်းစနစ်က မူလအစအင်မော်တယ်ဘုရင်၏ မဟာမူလအစနည်းစနစ်၏စွမ်းအားကို ဖိနှိပ်လိုက်သည်။”တိုက်” မူလအစအင်မော်တယ်ဘုရင်ကလည်း အားနှင့်မာန်နှင့် ပြန်ပြောလိုက်သည်။သူ၏ကိုယ်ပွားနှင့်ပေါင်းကာ တိုက်ခိုက်တော့သည်။
မဟာမူလအစနည်းစနစ်က အနည်းငယ်ဖိနှိပ်ခံလိုက်ရပြီး မူလအစအင်မော်တယ်ဘုရင်ကိုတော့ များစွာ မသက်ရောက်သွားပေ။သူက ကပ်ဘေးဒုက္ခအလင်းတန်းဖြင့်ဖွဲ့စည်းထားသည့် နယ်ပယ်မှ ခုန်ထွက်လိုက်တော့သည်။သူအရှိန်က နေရာရွှေ့ပြောင်းလိုက်သည့်အတိုင်း အလွန်တရာမြန်ဆန်လှသည်။
သူတို့က ချီမင်ကို ဝိုင်းလိုက်ကြသည်။
သန့်စင်ခြင်းသုံးပါးကိုယ်ပွားများကရောက်ချလာပြီး မူလအစအင်မော်တယ်ဘုရင်နှင့်သူ့ကိုယ်ပွားကို တားဆီးလိုက်ကြသည်။ တိုက်ပွဲအတွဲလိုက်ဖြစ်ပေါ်လာသည်။”တိုက်” ချီမင်ကဒေါသတကြီးအော်ဟစ်ပြီး တုန့်ဆိုင်းမနေတော့ပေ။ သန့်စင်ခြင်းသုံးပါးကိုယ်ပွားများက မူလအစအင်မော်တယ်ဘုရင်နှင့်သူ့ကိုယ်ပွားကိုတားဆီးထားသည့်အချိန်အတွင်း ချီမင်က လုံလောက်သည်အထိစွမ်းအင် စုဆောင်းနိုင်လိုက်သည်။
“သေလိုက်တော့”
ချီမင်က တိုက်ခိုက်လိုက်သည်။သူ ဖရိုဖရဲမဟာတိုက်ပွဲပုဆိန်ကို လက်နှစ်ဖက်လုံးဖြင့် ကိုင်လိုက်ပြီး မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို အထဲသို့ ပေါင်းထည့်လိုက်သည်။တိုက်ပွဲပုဆိန်၏ကိုယ်ထည်တွင် ဖရိုဖရဲမြူခိုများ ပြည့်လွှမ်းလာပြီး ကပ်ဘေးဒုက္ခအရှိန်အဝါများ ဖုံးအုပ်သွားတော့သည်။ကောင်းကင်နှင့်မြေကြီးမဟာတာအိုက လည်ပတ်လာသည်။
တိုက်ပွဲပုဆိန်၏စွမ်းအားက အကန့်အသတ်သို့ရောက်ရှိသွားတော့သည်။”!!!” မူလအစအင်မော်တယ်ဘုရင်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ထိုခဏတွင် သူက အန္တာရာယ်ကို ခံစားလိုက်ရသည်။
“လှံရှည်ပုဆိန် လာစမ်း” မူလအစအင်မော်တယ်ဘုရင်က အော်ဟစ်လိုက်သည်။
သူက ညာဘက်လက်ကိုမြှောက်လိုက်တော့ ခရမ်းစိမ်းရောင်အလင်းတန်းတစ်ခု လေထုထဲမှ ထွက်ပေါ်လာသည်။ ထိုရှေးခေတ်လှံရှည်ပုဆိန်မှာ ရေနဂါးတစ်ကောင်အလား မူလအစအင်မော်တယ်ဘုရင်၏လက်ထဲသို့ ဝင်ရောက်လာသည်။
ချက်ချင်းဆိုသလိုပင် ခရမ်းစိမ်းရောင်လှံရှည်ပုဆိန်က လှံရှည်ပုဆိန်ဆယ့်နှစ်လက်အဖြစ် ကွဲထွက်သွားသည်။
ခေါင်းသုံးလုံးလက်ခြောက်ဖက်ဖြစ်နေသည့် မူလအစအင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်အစစ်က ရှေးခေတ်လှံရှည်တစ်လက်စီကို ကိုင်ထားသည်။ကိုယ်ပွားကလည်း ခေါင်းသုံးလုံးလက်ခြောက်ဖက်အသွင်သို့ပြောင်းလဲထားသည်။ လက်မောင်းတစ်ဖက်စီက ရှေးခေတ်လှံရှည်ပုဆိန်တစ်လက်စီ ကိုင်ထားကြ၏။
ထိုရှေးခေတ်လှံရှည်ပုဆိန်ကို မူလအစလှံရှည်ပုဆိန်ဟု ခေါ်သည်။
ထိုအရာက မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်က အသက်ဝင်လာပြီးနောက်မှာ အင်မော်တယ်ဘိုးဘေး၏အသိစိတ်ကိုဖျက်ဆီးကာ ခန္ဓာကိုယ်ကို သိမ်းပိုက်ခဲ့သည်မှရသောအရာဖြစ်သည်။ထို့နောက် အင်မော်တယ်ဘိုးဘေး၏ကိုယ်ပိုင်ရတနာကို မူလအစလှံရှည်ပုဆိန် အဖြစ် သန့်စင်ပြီး ကောင်းကင်နှင့်မြေကြီး၏ဥပဒေသကို ပေါင်းစပ်ထားခဲ့သည်။အဆင့်အရဆိုလျှင် အဆင့်နိမ့်ကမ္ဘာ၏ထိပ်ဆုံးအဆင့် မဟာယနထိပ်ဆုံးအဆင့်လက်နက်ဖြစ်သည်။
“တိုက်”
မူလအစအင်မော်တယ်ဘုရင်နှင့်သူ၏ကိုယ်ပွားက အော်ဟစ်လိုက်သည့်အသံများသည် ကောင်းကင်နှင့်မြေကြီးကိုပင် လှုပ်ခါသွားစေသည်။ ကြုံးဝါးသံများကြောင့် နေရာလွတ်ပင် ပြိုကွဲသွားသည့်အလားခံစားလိုက်ရသည်။လက်တစ်ဖက်စီ၌ ကိုင်ထားသည့် လှံရှည်ပုဆိန်ဆယ့်နှစ်လက်က မူလအစအင်မော်တယ်ဘုရင်၏မဟာမူလအစနည်းစနစ်၊ ကောင်းကင်နှင့်မြေကြီး၏ဥပဒေသနှင့် လျှို့ဝှက်နက်နဲကမ္ဘာ၏ ကောင်းကင်တာအိုစွမ်းအားတို့နှင့်ပေါင်းစပ်သွားသည်။မူလအစအင်မော်တယ်ဘုရင်ကလည်း အားကုန်ရိုက်ချလိုက်သည်။
ချီမင်နှင့်မူလအစအင်မော်တယ်ဘုရင်က ထိပ်တိုက်ရင်ဆိုင်လိုက်ကြပြန်သည်။ ဖရိုဖရဲမဟာတာအိုတိုက်ပွဲပုဆိန်က ခုတ်ပိုင်းချလိုက်သည်။ပုဆိန်အလင်းတန်းက မျက်စိကျိန်းလောက်ဖွယ်တောက်ပလာပြီး ရှေးခေတ်လှံရှည်ပုဆိန်ကြီးနှင့်တည့်တည့်တိုက်မိသွားပြီး အသံကျယ်ကြီးထွက်လာတော့သည်။
ခရက်!ခရက်!
နောက်ဆုံးမှာ မူလအစကောင်းကင်ဂူ၏နေရာလွတ်က စတင်ပြိုကျလာပြီး ပြုပြင်၍မရတော့ပေ။ချီမင်နှင့် မူလအစအင်မော်တယ်ဘုရင်ကို ဗဟိုပြုပြီး ဟင်းလင်းပြင်အက်ကြောင်းက ပင့်ကူအိမ်တစ်ခုသဖွယ်ပျံ့နှံ့လာသည်။
“အခုပဲ” ချီမင်က အော်လိုက်သည်။
“ဖရိုဖရဲမဟာတာအိုခန္ဓာ”
“ယင်ယန်ပြောင်းပြန်လှန်ခြင်း”
“တိုက်”
သန့်စင်ခြင်းသုံးပါးကိုယ်ပွားတို့မှာ ချီမင်၏အမိန့်ကို ကြားပြီး မတုန့်ဆိုင်းတော့ချေ။ဖရိုဖရဲမြင့်မြတ်ခန္ဓာ၏ စွမ်းအားကပေါက်ကွဲထွက်လာပြီး ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကို ထုတ်သုံးလိုက်သည်။
သန့်စင်ခြင်းသုံးပါးကိုယ်ပွားများမှာ ကိုယ်ပိုင်ရတနာမရှိသည်ဖြစ်၍ ဖရိုဖရဲမဟာတိုက်ပွဲပုဆိန်ကို မဖွဲ့တည်နိုင်ပေ။
ဖရိုဖရဲမဟာတိုက်ပွဲပုဆိန်မရှိသည့်အတွက် သူတို့က အင်အားများကို လက်သီးထဲ၌သာ ပေါင်းစပ်နိုင်သည်။
“ဖရိုဖရဲမဟာတာအိုလက်သီး”
သန့်စင်ခြင်းသုံးပါးကိုယ်ပွားများက တစ်ပြိုင်တည်းလက်သီးထိုးချလိုက်သည်။ထိုအင်အားက ချီမင်၏ဖရိုဖရဲမဟာတိုက်ပွဲပုဆိန်ကိုအသုံးပြုခြင်းလောက် မပြင်းထန်သော်ငြား ထိတ်လန့်စရာကောင်းသည့်အဆင့်သို့ ရောက်သေးသည်။ခြေတစ်လှမ်းမျှသာ ခြားနားသည်။အံ့ဖွယ်စွမ်းအားအမျိုးမျိုးဖြင့် ပေါင်းစပ်ထားသည့်လက်သီးရာက မူလအစအင်မော်တယ်ဘုရင်ကို တိုက်ခိုက်လိုက်တော့သည်။
မူလအစအင်မော်တယ်ဘုရင်၏အကြည့်က ပြူးကျယ်သွားသည်။သူက အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏စွမ်းအားကို လျင်မြန်စွာဖြင့် စုစည်းလိုက်သည်။
အချိန်ကာလရတနာ:ကမ္ဘာ့တံခါးသည် ချီမင်ကို မထိခိုက်နိုင်သော်ငြား သူ့ကို ခုခံရေးရတနာအဖြစ် သုံးလို့ရသေးသည်။
ဘုန်း!ဘုန်း!ဘုန်း
သန့်စင်ခြင်းသုံးပါးကိုယ်ပွား၏ ဖရိုဖရဲမဟာတာအိုလက်သီးက အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို ရိုက်ချလိုက်သည်။အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသည့်အင်အားတစ်ခုထွက်ပေါ်လာပြီး ကမ္ဘာကြီးကိုပင် ပြင်းထန်စွာလှုပ်ခါသွားစေသည်။
သို့ပေမယ့် အချိန်ကာလရတနာ:ကမ္ဘာ့တံခါးက သန့်စင်ခြင်းသုံးပါးကိုယ်ပွားများ၏ဖရိုဖရဲမဟာတာအိုလက်သီးကို တားဆီးနိုင်သေးလေသည်။
ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာ၏။
ခရက်!ခရက်!
မူလအစအင်မော်တယ်ဘုရင်၏မူလအစလှံရှည်ပုဆိန်မှာကား ကျိုးသွားတော့သည်။ ချီမင်၏ဖရိုဖရဲမဟာတိုက်ပွဲပုဆိန်က မူလအစလှံရှည်ပုဆိန်ကို အတင်းအကြပ်ဖျက်စီးလိုက်သည်။ ထို့အပြင် မူလအစကြေးမုံကိုယ်ပွားကလည်း မခုံခံနိုင်တော့ပေ။
ကိုယ်ပွားကပျောက်ကွယ်သွားကာ မူလအစကြေးမုံပြန်ဖြစ်သွားတော့သည်။
မူလအစအင်မော်တယ်ဘုရင်က ကြာကြာတောင့်မခံနိုင်တော့ပေ။သူ့နှုတ်ခမ်းထောင့်ကနေ သွေးများစီးကျလာပြီး ကိုယ်လုံးကလည်း လွင့်ထွက်သွားတော့သည်။
အချိန်ကာလရတနာ:ကမ္ဘာ့တံခါးက ဖရိုဖရဲမဟာတာအိုလက်သီးကို တားဆီးလိုက်ပေမယ့် ကြောက်မက်ဖွယ်စွမ်းအားက မူလအစအင်မော်တယ်ဘုရင်ကို ထိခိုက်သွားသေးသည်။
ချီမင်ခုတ်ချလိုက်သည့် ဖရိုဖရဲမဟာတိုက်ပွဲပုဆိန်က အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသည်။
ထိုသို့ဖြင့် တိုက်ပွဲတွင် မူလအစအင်မော်တယ်ဘုရင်သည် အရေးနိမ့်လာတော့သည်။
မူလအစအင်မော်တယ်ဘုရင်က ချီမင်ကြောင့် ဒဏ်ရာရသွားတော့သည်။
ခရက်!ခရက်!
ထိုအချိန်၌ မူလအစကောင်းကင်ဂူလည်း ထိန်းမထားနိုင်တော့ပေ။ မူလအစကောင်းကင်ဂူဆိုသည်က မူလအစအင်မော်တယ်ဘုရင်ဖန်တီးထားသည့် ကောင်းကင်ဂူကမ္ဘာတစ်ခုဖြစ်သည်။ထိုအရာက ချီမင်နှင့်မူလအစအင်မော်တယ်ဘုရင်၏အင်အားအပြည့်တိုက်ခိုက်မှုကို မခုခံနိုင်တော့ပေ။
မူလအစကောင်းကင်ဂူပတ်လည်တွင် အက်ရာများပေါ်လာသည်။ကြွေထည်တစ်ခုအလား ပျက်စီးသွားတော့သည်။
ကောင်းကင်ဂူကား ဖျက်ဆီးခံလိုက်ရတော့၏။