← Chapters

အနိုင်ရရန် ကြိုးစားခြင်း

Vol. 018 Ch. 1766

အနိုင်ရရန် ကြိုးစားခြင်း

Vol. 018 Ch. 1766

အရှင်ထိုက်ရွှမ်သည် သူ၏ပြိုင်ဘက်ကိုစူးစိုက်ကြည့်နေသည်။ယ‌နေ့ ပဋိပက္ခကိုရှောင်လွှဲနိုင်ရန်မှာ ဖြစ်နိုင်ဟန်မတူပေ။

ကောင်းကင်အာဏာစက်မြို့တော်အပြင် ဘုံကိုးခုလုံးက ဤအခြေအနေအား အနီးကပ်စောင့်ကြည့်နေကြသည်။ထိုက်ချူတော်ဝင်မြေသည် တိုက်ခိုက်ခြင်းကို ရွေးချယ်လိုလျှင် ကောင်းကင်အာဏာစက်ကျောင်းတော်သည် နောက်ဆုတ်နိုင်မည်မဟုတ်ပေ။

အရှင်ထိုက်ရွှမ်သည် သူ့အနီးတွင်ရပ်နေသည့် ရီဖူရှင်းအား လှည့်၍ကြည့်လိုက်သည်။

ရီဖူရှင်းက ဆုံးဖြတ်ချက်ကို ချရမည်ဖြစ်သည်။

ရီဖူရှင်းနှင့် ကောင်းကင်အာဏာစက်ကော့တေး၏တပည့်များသည် ကောင်းကင်အာဏာစက်ကျောင်းတော်၏အနာဂတ်ကို ကိုယ်စားပြုကြသည်။ သူတို့သည် ကျောင်းတော်၏အုတ်မြစ်ဖြစ်ကြသည်။

ကောင်းကင်အာဏာစက်ကော့တေး၏တပည့်များအားလုံးသည် အက်ကြောင်းမဲ့နတ်ဝင်ရိုးအားဖန်တီးနိုင်ခဲ့ကြသည်။ သူတို့သည် ထိုက်ချူတော်ဝင်မြေကိုဆန့်ကျင်တိုက်ခိုက်နိုင်မည့် အခွင့်အရေးရှိသည့် ကောင်းကင်အာဏာစက်ကျောင်းတော်ရှိ တစ်ခုတည်းသော ကျင့်ကြံသူအုပ်စုဖြစ်သည်။

ထိုက်ချူတော်ဝင်မြေမှ စိန်ခေါ်သူများနှင့် ရင်ဆိုင်တိုက်ခိုက်ရန် အောက်ဘုံရှိ ဂျူနီယာကျင့်ကြံသူများကိုစေလွှတ်မည်ဆိုလျှင် ကောင်းကင်အာဏာစက်ကျောင်းတော်သည် မုချရှုံးမည်ဖြစ်သည်။

ရီဖူရှင်းသည် အချိန်အတော်ကြာ တိတ်ဆိတ်စွာရပ်နေခဲ့သည်။ ထိုအချိန်တွင် သူသည် ဘေးပတ်ဝန်းကျင်အားတစ်ချက်ကြည့်လိုက်ပြီး လူအားလုံးသည် သူ၏တုံ့ပြန်မှုအားစောင့်ဆိုင်းနေသည်ကို နားလည်လိုက်သည်။ ကျင့်ကြံသူတော်တော်များများက ကြိုးစားကြည့်ရန် စိတ်အားထက်သန်နေကြသည်။သောကျောက်သည် ဆုံးဖြတ်ပြီးသည့်မျက်နှာထားဖြင့် ခုံအစွန်းမှထလိုက်သည်။

သူသည် သူမရောက်မှီပင် ရှေ့သို့ ပို့ဆောင်ပေးဖို့တောင်းဆိုပြီးဖြစ်သည်။

ထို့နောက် ရီဖူရှင်းက သူ့အားခေါင်းငြိမ့်ပြလိုက်သည်။ သောကျောက်သည် ပြိုင်ပွဲကွင်းပြင်သို့တက်ရန် မစောင့်နိုင်တော့ပေ။

“ကျွန်တော် သွားမယ်”

ထိုအခိုက်တွင် အခြားတစ်ယောက်က စကားပြောလိုက်သည်။ထိုသူမှာ ရှောင်မင်ဖြစ်လေသည်။ ရှောင်မင်က သူ၏လမ်းစဉ်အား အခြားသူများထက် နောက်ကျပြီးမှသက်သေပြနိုင်ခဲ့ပြီး ထိုအချိန်မှစ၍ သူသည် တကယ့်တိုက်ပွဲများတိုက်ခိုက်ခဲ့ရခြင်းမရှိပေ။ အက်ကြောင်းမဲ့နတ်ဝင်ရိုးသည်သူ၏စွမ်းရည်အားမည်မျှ တိုးတက်စေသည်ကို သိရှိရန် ဤသည်မှာ သူ့အတွက်အခွင့်အလမ်းကောင်းဖြစ်သည်။

ရီဖူရှင်းသည် ကျန်လူများအားကြည့်လိုက်ပြီး “ရှောင်မင် သွားပါစေ” ဟုပြောလိုက်သည်။

“ကောင်းပြီ” ရှောင်မင်သည် ခေါင်းငြိမ့်လိုက်ပြီးနောက် ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွားသည်။ သူသည် သူ၏လမ်းစဉ်ကို သက်သေပြပြီးနောက် ဂုဏ်သိက္ခာရှိသည့် ခံယူချက်နှင့်လွှမ်းမိုးနိုင်စွမ်းရှိသည့် မိစ္ဆာအင်ပါယာတပါးဖြစ်လာခဲ့သည်။

သောကျောက်သည် အနည်းငယ်စိတ်ခုသွားခဲ့သည်။ သူသည် ရီဖူရှင်းအား အံ့အားသင့်သောအကြည့်ဖြင့်ကြည့်လိုက်သည်။

“စိတ်ရှည်ရှည်ထားစမ်းပါ”ရီဖူရှင်းကပြောလိုက်သည်။ ရှောင်မင်သည် သောကျောက်ထက် နောက်ကျပြီးမှ သူ၏လမ်းစဉ်ကိုသက်သေပြနိုင်ခဲ့ပြီး သောကျောက်လောက် အားမကောင်းပေ။ သူတို့သည် အက်ကြောင်းမဲ့နတ်ဝင်ရိုးများအားဖန်တီးနိုင်ခဲ့ကြသော်လည်း ၎င်းတို့ကြားတွင် ကွာဟချက်ရှိနေဆဲပင်ဖြစ်သည်။ရှောင်မင်က နတ်ဆင်များ၏ဆက်ခံသူဖြစ်ပြီး သောကျောက်သည်သောမျိုးနွယ်တွင် အရည်အချင်းအရှိဆုံး ကျင့်ကြံသူဖြစ်သည်။

အတိတ်က ယူချင်းနှင့် သောကျောက်တို့ တိုက်ပွဲတွင် သောကျောက်မည်မျှ အင်အားကြီးသည်ကို ပြသခဲ့ပြီးဖြစ်သည်။

ရီဖူရှင်းသည် အဖွင့်တိုက်ပွဲအတွက် သူ့ကို ဒေါသနှင့် ခွန်အားဖြစ်ပေါ်လာစေရန် ရှောင်မင်အား ရွေးချယ်ခဲ့သည်။ ဤသည်မှာ ရှောင်မင်သည် သူ၏လမ်းစဉ်အားဖြစ်လာစေပြီးနောက်သူ၏ပထမဆုံးတိုက်ပွဲဖြစ်လာလိမ့်မည်။ ထိုသို့သောဖိအားများသည် သူ၏ငုပ်လျှိုးနေသော အလားအလာများကိုထွက်လာစေရန် ကူညီပေးနိုင်သည်။ သူရှုံးနိမ့်သွားခဲ့လျှင်တောင်မှ ဤတိုက်ပွဲသည် သူ၏တိုက်ပွဲဝင်စိတ်ဓာတ်ကို လှုံ့ဆော်ပေးနိုင်သည်။ထို့အပြင် ရီဖူရှင်းသည် ‌ထိုက်ချူတော်ဝင်မြေမှ ကျင့်ကြံသူများ၏ စွမ်းရည်ကို တစေ့တစောင်းကြည့်ရှူနိုင်သည့် အခွင့်အရေးရနိုင်မည်ဖြစ်သည်။

အမှန်တိုင်းဝန်ခံရမည်ဆိုလျှင် ရီဖူရှင်းသည် ဤတိုက်ပွဲအား သိပ်ပြီး မျှော်လင့်မထားပေ။ ရှောင်မင်သည် ထိုက်ချူတော်ဝင်‌မြေမှ ကျင့်ကြံသူများကို ရှုံးနိုင်ခြေများကြောင်း သူသိသည်။

ဘန်းး

ဆင်ကြီး၏ကျယ်‌လောင်သောဟိန်းသံသည် မဟာလမ်းစဉ်ကိုဖြတ်၍ ပဲ့တင်ထပ်သွားသည်။ ရှောင်မင်သည် အဝေးတွင်ရပ်နေသည့် ထိုက်ချုတော်ဝင်မြေမှ ကျင့်ကြံသူများအားစူးရဲစွာကြည့်ပြီးရှေ့သို့လမ်းလျှောက်သွားသည်။

ရှောင်မင်သည် နတ်ရွှေရောင်အလင်းတန်းထဲတွင် နစ်ဝင်နေသည်။မဟာလမ်းစဉ်၏အက်ကြောင်းမဲ့နတ်ဝင်ရိုးက သူ၏ခန္ဓာကိုယ်ထဲတွင်ပေါက်ကွဲပြီး တောက်ပသောအလင်းတန်းများထွက်ပေါ်လာသည်။ ဧရာမနတ်ဆင်ကြီး၏အရိပ်အား ဝိုးတဝါးမြင်နိုင်လေသည်။

ထိုက်ချူတော်ဝင်မြေမှ ဝတ်စုံဖြူနှင့်အဘိုးအိုသည်လှည့်၍သူ၏နောက်တွင်ရပ်နေသည့် လူများအားကြည့်လိုက်သည်။သူ၏မျက်လုံးများက ရှေ့သို့ထွက်လာသည့်ကျင့်ကြံသူတစ်ဦးအား စိုက်ကြည့်နေသည်။

ထိုသူသည် ငယ်ရွယ်သည့်ပုံပေါ်ပြီး ရှောင်မင်နှင့် တူညီသည့် ကျင့်ကြံဆင့်တွင်ရှိသည်။ ထိုက်ချူတော်ဝင်မြေသည် ကောင်းကင်ဒေသတစ်ခုလုံးတွင် ပညာသင်ကြားပေးရာ၌ အကောင်းဆုံးနေရာဟုဆို​ကြသည်။ ရှန်ကလန်နှင့်မတူသည်မှာ သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ပြိုင်ဘက်များထက် ကျင့်ကြံဆင့် သိသိသာသာပိုမြင့်သည့် ကျင့်ကြံသူများအား ပြိုင်ပွဲကွင်းပြင်သို့ စေလွှတ်၍မရပေ။

သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို သာလွန်ချင်သည်ဆိုလျှင် သို့မဟုတ် အားလုံးအတူတကွ အစားထိုးမည်ဆိုလျှင် သူတို့သည် ဤတိုက်ပွဲတွင် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများကိုလွှမ်းမိုးနိုင်သည့် အောင်နိုင်မှုမျိုးရရှိရမည်ဖြစ်သည်။

ထိုသည်မှသာလျှင် ထိုက်ချူတော်ဝင်‌မြေအတွက် အဆင်ပြေစေပြီး အနာဂတ်တွင် အလှည့်အပြောင်းများစွာမဖြစ်စေဘဲ လေဟာနယ်ဘုံတွင် သူတို့ခြေကုပ်ရယူနိုင်ရန် အကူအညီ‌ပေးနိုင်မည်ဖြစ်သည်။

ထို့ကြောင့် သူတို့သည် ပထမတိုက်ပွဲအတွက် အလွန်အစွမ်းထက်ပြီး ပမာဏအချင်းရှိသောကျင့်ကြံသူတစ်ဦးကိုစေလွှတ်ခဲ့သည်။သူသည် ထိုက်ချူတော်ဝင်မြေမှ ထိုက်ချူလေ့ကျင့်ရေးကွင်း၏ အတော်ဆုံးများထဲမှ တစ်ယောက်ဖြစ်သည်။

ကောင်းကင်ဒေသရှိ ရန်ဟောင်ပြိုင်ပွဲကွင်းပြင်မှ လူအများစုသည် အက်ကြောင်းမဲ့နတ်ဝင်ရိုးအား မဖန်တီးနိုင်သော်လည်း ရှည်လျားသည့်သမိုင်းကြောင်းနှင့် ကြွယ်ဝသည့်အမွေအနှစ်များရှိသည့် အင်အားစုများမှ ပါရမီရှင်ကျင့်ကြံသူအချို့သည် သူတို့၏လမ်းစဉ်များကို သက်သေပြနိုင်ချိန်တွင် အက်ကြောင်းမဲ့နတ်ဝင်ရိုးအား ဖန်တီးနိုင်မည့် အခွင့်အရေးတချို့ရှိနေပေသေးသည်။

အကြောင်းပြချက်မှာ ရိုးရှင်းလှသည်။ကောင်းကင်ဒေသတွင် ကျယ်ပြောလှသောနယ်မြေနှင့် များပြားလှသည့်လူဦးရေရှိသည်။ အင်အားစုတစ်စုစီမှ ရွေးချယ်ထားသည့် ကျင့်ကြံသူများသည်ထူးခြားသောစွမ်းရည်များပိုင်ဆိုင်ထားသည်မှာ သေချာသည်။ထို့အပြင် ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများသည် လေဟာနယ်ဘုံရှိ ထိပ်သီးအင်အားစုများထက် ပိုမိုသာလွန်ကောင်းမွန်သော ကျင့်ကြံရေးအရင်းအမြစ်များရှိပေသည်။

ထို့ကြောင့် မျိုးဆက်တစ်စုစီတိုင်းတွင် အက်ကြောင်းမဲ့နတ်ဝင်ရိုးအားပိုင်ဆိုင်သည့်ရန်ဟောင်များ အများအပြားရှိခဲ့ကြသည်။

အက်ကြောင်းမဲ့နတ်ဝင်ရိုးအားထိန်းသိမ်းပြီး အဆင့်မြင့်ရန်ဟောင်အဆင့်များသို့ တက်လှမ်းရန်မှာ ကောင်းကင်ဒေသ၌ပင် ခက်ခဲနေဆဲဖြစ်သည်။ ထိုကဲ့သို့သော အောင်မြင်မှုရရှိခဲ့သည့်ကျင့်ကြံသူများသည် အမှန်တကယ်ပင် ထင်ရှားကျော်ကြားသည့် ပါရမီရှင်များပင်ဖြစ်သည်။

ထိုက်ချူတော်ဝင်မြေမှ ဓားသမားက ရှေ့သို့ထွက်လာသည်။ သူ၏လက်ထဲတွင် ဓားတစ်ချောင်းအား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။ သူရပ်နေစဉ် မဟာလမ်းစဉ်၏ ကြောက်မက်ဖွယ်ရာမုန်တိုင်းသည် သူ၏ခန္ဓာကိုယ်တဝိုက်တွင် လွှမ်းခြုံထွက်ပေါ်လာသည်။ မုန်တိုင်းသည် ကောင်းကင်ပြင်တခုလုံးအားလွှမ်းခြုံသွားပြီး နတ်ဆင်၏ပုံရိပ်အား ဝါးမြိုလိုက်သည်။

သူ၏ခန္ဓာကိုယ်သည် ပို၍ပို၍မှုန်ဝါးလာသည်။သူ၏အရိပ်များသည် နေရာတိုင်းတွင် ထွက်ပေါ်နေသကဲ့သို့ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားသည်။

ဘန်းး

ရှောင်မင်သည် လေထဲတွင် ခြေထောက်ဆောင့်လိုက်သည်။သူ၏ခန္ဓာကိုယ်ရှိ နတ်ဝင်ရိုးသည် တိုးထွက်လာပြီး သူ၏နောက်ကောင်းကင်ယံ၌ နတ်ဆင်၏ရွှေရောင်ရုပ်တုသည် မားမားမတ်မတ်ဖြစ်ပေါ်လာသည်။ ကြီးမားသည့်ဆင်ကြီးသည်ခြေထောက်ကိုမြှောက်လိုက်ပြီး ကောင်းကင်တစ်ခုလုံးကို နင်းခြေပစ်လိုက်သည်။ နတ်ဆင်သည် ကောင်းကင်ကိုနင်းခြေနေပြီး ကြီးမားသည့်နတ်ဆင်ကြီး၏အင်အားနှင့်တွဲဖက်၍ ရှောင်မင်၏ နတ်ဝင်ရိုးက ကောင်းကင်ကိုပြိုကျလုနီးပါးဖြစ်စေခဲ့သည်။

ဓားချီမုန်တိုင်းက နေရာအနှံ့သို့ရောက်နိုင်သကဲ့သို့ သူတို့၏ပတ်ဝန်းကျင်၌ ရူးသွပ်စွာတိုက်ခတ်လာသည်။

ဘန်း...

ထိုအခိုက် ထိုက်ချူတော်ဝင်မြေမှ ရန်ဟောင်အဆင့် ဓားသမား၏အရိပ်သည် အရပ်မျက်နှာများစွာတွင် တပြိုင်နက် ထွက်ပေါ်လာသည်။ဓားအသိနှင့်လေတို့က အတူအကွ ရောနှောသွားပြီးပြည့်စုံသည့်အရာတစ်ခုကဲ့သို့ လွတ်လပ်စွာပေါင်းစည်းသွားသည်။

အလင်းတန်းများကား တောက်ပစွာထွန်းလင်းနေကြသည်။ ရှောင်မင်သည် သူဖိနှိပ်ထားသည့် အာကာသ,မဟာလမ်းစဉ်သည် အပိုင်းပိုင်းပြတ်တောက်သွားသည်ဟုခံစားလိုက်ရပြီး သူ့ပြိုင်ဘက်၏ တည်နေရာကိုပင် ရှာမတွေ့တော့ပေ။

ရီဖူရှင်းသည် ပြိင်ပွဲကိုကြည့်နေပြီး ရှောင်မင် ရှုံးနိမ့်တော့မည်ဟုတွေးမိလိုက်သည်။ ထိုက်ချူတော်ဝင်မြေသည် ရှောင်မင်အား ပြန်လည်တိုက်ခိုက်ရန် ထိုရန်ဟောင်ကို အထူးရွေးချယ်လိုက်ပုံရသည်။

ရီဖူရှင်း၏မျက်လုံးများတွင် ရက်စက်သည့်အကြည့်ကပေါ်လာသည်။ တိုက်ပွဲတွင် ဖြစ်ပျက်ခဲ့သမျှအားလုံးကို သူ၏ခေါင်းထဲတွင် ရေးထွင်းမှတ်သားထားသည်။သူသည် ဓားတိုက်ခိုက်မှုကအမှန်တကယ်ဖြစ်သည်ကို ရှင်းရှင်းလင်းလင်းမြင်ခဲ့ရသည်။ဓားသမားက လေနှင့်ပေါင်းစည်းသွားသကဲ့သို့ သူ၏လှုပ်ရှားမှုများမှာ အလွန်လျင်မြန်လေသည်။

သူသည် စက္ကန့်ပိုင်းအတွင်း မရေမတွက်နိုင်သည့် တိုက်ခိုက်မှုများကို ထုတ်လွှတ်နိုင်သည်။

ထို့အပြင် တိုက်ခိုက်မှုတိုင်းသည် လေဟာနယ်ကို ဖြတ်ပြီး မဟာလမ်းစဉ်နှင့် ရှောင်မင်၏ဆက်သွယ်မှုကို ဖြတ်တောက်ပစ်နိုင်သည်အထိပြင်းထန်သည်။ရှောင်မင်နှင့် မဟာလမ်းစဉ်၏ချိတ်ဆက်မှုက ဓားအသိကြောင့် လုံးဝဖြတ်တောက်ခံခဲ့ရသည်။

ရီဖူရှင်းသည် ထိုကဲ့သို့သော နည်းလမ်းကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ဓားသမားသည် ရှောင်မင်အား မဟာလမ်းစဉ်နှင့် ခွဲထုတ်ရန် သူ၏အမြန်နှုန်းကို အသုံးပြုခဲ့သည်ပြီး သူ့အားနေရာအနှံ့မှပိတ်ဆို့ဝန်းရံထားသည်။

ဘန်းးး

ကြောက်မက်ဖွယ်ကောင်းသည့် ဓားချီမုန်တိုင်းသည် ရှောင်မင်၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ပေါက်ကွဲသွားပြီး သူ့အားလွှမ်းခြုံသွားသည်။

ထိုက်ချူတော်ဝင်မြေမှ ရန်ဟောင်ကျင့်ကြံသူသည် မုန်တိုင်းကြားမှ ထွက်ပေါ်လာသည်။ သူသည် သူ့၏လက်ကိုလိမ်လိုက်ပီး မုန်တိုင်း၏လေလှိုင်းတိုင်းကို ဓားသွားအဖြစ်ပြောင်းလဲလိုက်သည်။

မရေတွက်နိုင်သည့် ဓားချက်များသည် ရှောင်မင်အား တဟုန်ထိုးတိုက်ခိုက်လိုက်ပြီး ဓားများ၏ အဆုံးမဲ့မုန်တိုင်းကြားတွင် နစ်မြုပ်သွားစေသည်။

ရှောင်မင်သည် ဒေါသတကြီးအော်ဟစ်လိုက်သည်။နတ်ဆင်၏ကြီးမားသည်အရိပ်ကြီးက ကောင်းကင်၌ ခြေဆောင့်လိုက်ပြီး မုန်တိုင်းဆီမှ လွတ်မြောက်ရန် ကြိုးစားနေသည်။သန်းပေါင်းများစွာသော ဓားများသည် နတ်ဆင်၏ကြီးမားသောခန္ဓာကိုယ်ပေါ်တွင် ထိုးဖောက်ဝင်ရောက်ခဲ့ပြီး မရေမတွက်နိုင်သည့် အမှတ်အသားများ ကျန်ရစ်ခဲ့သည်။

ရှောင်မင်၏ အက်ကြောင်းမဲ့နတ်ဝင်ရိုးသည် သူ့အား အသိအမှတ်ပြုလောက်သည့် ခုခံနိုင်စွမ်းကိုပေးသည်။ သို့သော် သူ၏ပြိုင်ဘက်တွင်လည်း အက်ကြောင်းမဲ့ နတ်ဝင်ရိုးရှိနေချိန်တွင် ထိုနတ်ဝင်ရိုးက သူ့အား အသာစီးရရန် မကူညီနိုင်ပေ။

ထို့ကြောင့် ဓားများက နတ်ဆင်အရိပ်ပေါ်တွင် ခြစ်ရာများကျန်ခဲ့စေသည်။

ဓားတစ်‌ချက်စီတိုင်းက အမှတ်အသားတစ်ခုစီကျန်ရစ်စေခဲ့သည်။ ထိုဓားချက်ခြစ်ရာများက လုံလောက်စွာကျယ်ပြန့်လာသည့်အခါ နတ်ဆင်ပေါ်တွင် အက်ကြောင်းများစတင်မြင်လာရသည်။

ရှောင်မင်သည် ရှည်လျားကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူသည်   နတ်ဆင် လေဟာနယ်ခွင်းလက်သီးအား သုံးပြီး သူ့ပတ်ဝန်းကျင်မှ လေဟာနယ်ကို တစ်ချက်တည်းဖြင့် ဖျက်စီးပစ်လိုက်သည်။ ကြီးမားလှသောနတ်ဆင်ကြီးသည်  မုန်တိုင်းဆီသို့ တရှိန်ထိုးဝင်လာသည်။ ကောင်းကင်အာဏာစက်မြို့ရှိလူတိုင်းသည် မော့ကြည့်လိုက်ကြပြီး ကြောက်မက်ဖွယ်မုန်တိုင်းထဲတွင် ပိတ်မိနေပြီး ရုန်းကန်နေသော နတ်ဆင်ကိုတွေ့လိုက်ရသည်။

မည်းမှောင်နေသည့်တိမ်နံရံသည် ကောင်းကင်ကိုလုံးဝဝါးမျိုသွားသည်။

ထိုခဏတွင် ကောင်းကင်၌ လူတစ်ယောက်ထွက်ပေါ်လာသည်။ထိုသူမှာ ‌ထိုက်ချူတော်ဝင်မြေမှ ဓားသမားဖြစ်လေသည်။

သူသည် တိုက်ခိုက်ရန် ဓားနတ်ဝင်ရိုးအား ထုတ်ဖော်လိုက်သည်။ သန်းပေါင်းများစွာသော ဓားများက သူ၏ခန္ဓာကိုယ်အနီးတွင် ဝန်းရံနေပြီး အောက်ဖက်သို့ လျင်မြန်စွာလှည့်ပတ်ကာ  သေစေနိုင်သော နတ်ဓားမုန်တိုင်းဖြစ်ပေါ်လာသည်။

“ကြောက်စရာကောင်းလိုက်တာ” လူများက ကြောက်စိတ်ဖြင့်တုန်လှုပ်သွားကြသည်။ ရုတ်တရတ် ဓားသမားသည် ပျောက်ကွယ်သွားသည်။ ကောင်းကင်အာဏာစက်မြို့တော်မှ လူအုပ်ကြီးသည် နတ်ဓားမုန်တိုင်းက ချက်ချင်းပင် နတ်ဆင်ပေါ်သို့ရွေ့သွားသည်ကို မြင်လိုက်ကြရသည်။

နတ်ဓားမုန်တိုင်းစွမ်အားမှာ ဖော်ပြရန်ပင် မဖြစ်နိုင်အောင် အားကောင်းလှသည်။

ဓားတစ်သန်း၏အင်အားသည် နတ်ဓားမုန်တိုင်း၏အစွန်းတစ်နေရာတွင် စုစည်းသွားသည်။ဤသည်မှာ အဆုံးစွန်သော တိုက်ခိုက်မှုပင်ဖြစ်ပေသည်။

ထို့နောက် နတ်ဆင်ပေါ်မှ အက်ကြောင်းများသည် ပင့်အူအိမ်ကဲ့သို့ ပျံ့နှံ့လာသည်။

ဆင်တစ်ကောင်၏ ကျယ်လောင်ပီသသော ဟိန်းသံဖြင့် ရှောင်မင်သည် သူ၏ မူလပုံစံသို့ပြောင်းလဲသွားသည်။ ရွှေရောင်နတ်ဆင်သည် နတ်ဝင်ရိုးနှင့်ပေါင်းပြီး နတ်ဓားမုန်တိုင်းအား ဖျက်ဆီးလိုက်သည်။

ပြင်းထန်သောမုန်တိုင်းသည် လေဟာပြင်ကိုဖြတ်တောက်လိုက်ပြီး နတ်ဆင်သည် ကောင်းကင်မှ ပြုတ်ကျသွားသည်။ ကောင်းကင်အာဏာစက်မြို့တော်မှ ကြည့်ရှူသူအားလုံးသည် နတ်ဆင်ပြုတ်ကျရာလမ်းမှ အမြန်ရှောင်လိုက်ကြရသည်။

နတ်ဆင်သည် ကျယ်လောင်စွာရိုက်မိသံနှင့်အတူ မြေပြင်ပေါ်သို့ ကျလာခဲ့သည်။

သွေးများဖြင့် ဖုံးလွှမ်းနေသည့်နတ်ဆင်သည် ပြင်းထန်သည့် ဒဏ်ရာများကို ခံစားနေရဟန်ပေါ်သည်။

ထိုခဏတွင် ထိုက်ချူတော်ဝင်မြေမှ ရန်ဟောင်သည် ကောင်းကင်တွင် ရပ်တန့်နေဆဲဖြစ်သည်။ ဓားသွားကဲ့သို့ ချွန်ထက်သောလေလှိုင်းများက သူ့အားဝန်းရံထားသည်။သူသည် လေထဲတွင် ပျံဝဲနေပြီး ကောင်းကင်အာဏာစက်မြို့တော်မှ လူများအားကြည့်ကာပြောလိုက်သည်။ “ကောင်းကင်အာဏာစက်ကျောင်းတော်က အက်ကြောင်းမဲ့နတ်ဝင်ရိုးကို ဖန်တီးနိုင်ခဲ့တဲ့ ကျင့်ကြံသူတွေမှာတောင် သူတို့ရဲ့တိုက်ခိုက်မှုစွမ်းရည်က အပြောင်းအလဲနည်းပြီး စွမ်းရည်က အကန့်အသတ်ရှိနေတာ။ ဒီလိုသင်ကြားပေးမှုမျိုးက လူတွေကို နောက်ပြန်ဆွဲနေပြီး သူတို့ရဲ့စွမ်းရည်နဲ့အချိန်ကိုဖြုန်းတီးပစ်ဖို့ ချည်နှောင်ထားသလိုပဲ...”

ကောင်းကင်အာဏာစက်ကျောင်းတော်ရှိလူများက မည်သို့တုန့်ပြန်ရမည်ကိုမသိပေ။ နတ်ဆင်အသွင်ဖြင့် ရှောင်မင်သည် သူ၏ခေါင်းကိုမော့လိုက်ပြီး မတ်တပ်ရပ်၍ ကောင်းကင်သို့ပြန်သွားရန်အစွမ်းကုန်ကြိုးစားနေသည်။ သူသည် စိတ်ထိခိုက်နေပြီး ရှုံးနိမ့်ခြင်းအတွက် သူ့ကိုယ်သူပင် လက်မခံနိုင်ပေ။

“ပြန်လာခဲ့” ရီဖူရှင်းသည် သူ့အားပြောလိုက်သည်။ ထိုက်ချူတော်ဝင်မြေမှ ဓားသမားပြောသည်မှာ မှန်ကန်သည်။နှစ်ဖက်စလုံးသည် တူညီသည့်အဆင့်တွင်ရှိမနေပေ။ ဓားသမားသည် သာလွန်ကောင်းမွန်သည့်နည်းလမ်းကိုအသုံးပြုကာ ရှောင်မင်ကို လုံးဝအနိုင်ယူခဲ့သည်။ရှောင်မင်သည် အစကတည်းက အားသာခြင်းမရှိခဲ့ပေ။

ထို့အပြင် ဓားသမား၏တိုက်ခိုက်မှုသည် အလွန်ပင်အစွမ်းထက်ပြီး အပြင်းထန်ဆုံးသောကာကွယ်မှုကိုပင် ချိုးဖောက်နိုင်ကာ နောက်ဆုံးတွင် ရှောင်မင်အား ဒဏ်ရာရစေခဲ့သည်။

ရီဖူရှင်းသည် ရှောင်မင်နှင့် ထိုက်ချူတော်ဝင်မြေမှ ဓားသမားကြားတွင် သိသာသည့်ကွာဟချက်ရှိသည်ကို ဝန်ခံရပေမည်။ တိုက်ပွဲဆက်လက်တိုက်ခိုက်နေမည်ဆိုလျှင် ရှောင်မင်သည်ဒဏ်ရာများ ပိုမိုရရှိနိုင်သည်။

ရှောင်မင်သည် ‌ရီဖူရှင်း၏စကားကိုကြားသောအခါ သူသည် နောက်ပြန်ဆုတ်ရန်အဆင်သင့်မဖြစ်သေးသော်လည်း သူသည် ညွှန်ကြားချက်ကို လိုက်နာဆဲဖြစ်သည်။ ကောင်းကင်အာဏာစက်မြို့တော်မှ လူအားလုံးသည် တိတ်ဆိတ်စွာသက်ပြင်းချလိုက်ကြသည်။

အက်ကြောင်းမဲ့နတ်ဝင်ရိုးအားပိုင်ဆိုင်သည့်ကျင့်ကြံသူပင်လျှင် ထိုက်ချူတော်ဝင်မြေမှ စိန်ခေါ်သူကို အနိုင်မတိုက်နိုင်ပေ။

ဤအရာများပြီးသည့်နောက်တွင် ထိုက်ချူတော်ဝင်မြေသည် ကောင်းကင်အာဏာစက်ကျောင်းတော်ကိုလွှမ်းမိုးသွားမည့်ပုံပေါ်နေသည်။

***

All Chapters