အခန်း ၂၃-၂၄
Vol. 1 Ch. 23-24
အခန်း ၂၃
နောက်ဆုံးတော့ ကုန်ရှုးကျဲဟာ သူ့ရဲ့ ပင်ပန်းစွာ ရှာဖွေထားတဲ့ထိုက်သင့်တဲ့ အခကြေးငွေကို ရရှိခဲ့ပါတယ် -
ဘယ်သူကပေးလိုက်တာလဲဆိုတော့
ဝိညာဉ်ကျောက်ငါးခု၊ အားလုံးကို ယဲ့ယွီက ပေးခဲ့တာပါ။
ကုန်ရှုးကျဲ ဝိညာဉ်ကျောက်အပြည့်အဝရတာကို တော်တော် အံ့ဩသွားတယ်။
ဒါပေမယ့် အံသြလို့ ပြီးတော့ သူက သူ့ဘဝမှာ အမြန်ဆုံး အရှိန်နဲ့ ဝူကျီထိပ် ကနေ ထွက်သွားခဲ့တယ်။
မထွက်ခွာမီ သူက “ညီငယ်၊ မင်းက လူကောင်းတစ်ယောက်ပဲ။ နောင်မှာလည်း ဆက်ပြီးငါတို့ ပူးပေါင်းပီးလုပ်ငန်းတွေလုပ်ဖို့ဆကိသွယ် နိုင်တယ်” လို့ အော်ဟစ်ဖို့တော့ မမေ့ခဲ့ဘူး။
ဒါကိုကြားတော့ ရှဲမူလင် ရဲ့ လှပတဲ့မျက်နှာလေး ရေခဲလို အေးစက်သွားတယ်။
သူက လူကောင်းတစ်ယောက်တဲ့ - ဒါဆို ငါက မဟုတ်ဘူးလို့ ဆိုလိုတာလား။
သူမက ကုန်ရှုးကျဲ ကို လိုက်ဖို့ ပြင်နေတုန်း ယဲ့ယွီက သူမကို တားလိုက်တယ်။
ရှဲမူလင် က အသံပြင်းပြင်းနဲ့ ပြောတယ်၊ “ညီငယ်၊ မင်း နားမလည်ဘူး။ ဝိညာဉ်ကျောက်တွေက ကျင့်ကြံသူတွေအတွက် အရမ်းအရေးကြီးတယ်။ ဘာလို့ နှစ်ခုဆို လုံလောက်တာကို ဒီလောက် အများကြီး ပေးလိုက်ရတာလဲ။”
ယဲ့ယွီက တစ်နေ့လုံး ဖြစ်ပျက်ခဲ့တာအားလုံးကို ပြန်ပြောပြပြီး သိုလှောင်လက်စွပ်တစ်ခုကို ရှဲမူလင် ကို ပေးလိုက်တယ်။
“အစ်မကြီး၊ အထဲမှာ ဝိညာဉ်ကျောက် နှစ်ရာ ရှိတယ်။ ကျွန်တော့်ဆီက လက်ဆောင်လို့ သဘောထားလိုက်ပါ။ ဆက်ပြီး စိတ်မဆိုးတော့နဲ့နော်။”
တစ်နေ့လုံး စိတ်လှုပ်ရှားဖွယ်ရာလောင်းကစား တိုက်ပွဲတွေကြောင့် ဟောင်လွမ်က သူ့ငွေအိတ် လျှံကျတဲ့အထိ အနိုင်ရခဲ့တာကြောင့် သူမက ယဲ့ယွီကို ရက်ရောစွာ ဆုချဖို့ ဝန်မလေးခဲ့ဘူး။
ဝိညာဉ်ကျောက်တွေကို သိမ်းဆည်းဖို့ အသုံးပြုတဲ့ သိုလှောင်လက်စွပ်တွေချည်းပဲ ဆယ်ခု ရှိတယ်။ဒါတင်မကဘူး တကယ်ကတော့ ယဲ့ယွီက ဝိညာဉ်ကျောက်တွေအကြောင်း လုံးဝ စိတ်ပူစရာ မလိုပါဘူး။ဘာလို့ဆို
တော့ သူက အောင်မြင်ဖို့ တကယ် ကျင့်ကြံဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ဘူး။
ရီစရာပဲ။
အိပ်မက်နယ်မြေစနစ် ရှိနေသရွေ့ ဆယ်နှစ်၊ နှစ်ဆယ် ကြိုးစားအားထုတ်ကျင့် ကြံ တာက အိပ်မက်နယ်မြေဆီက တစ်ညတာ ဆုလာဘ်လောက်တောင် တိုးတက်မှု မရနိုင်ဘူး။
ဒီလိုအခြေအနေမျိုးမှာ ယဲ့ယွီက ဘယ်လိုလုပ် သာမန် ကျင့်ကြံခြင်းလမ်းစဉ်ကို လိုက်နာနိုင်မှာလဲ။
ဒါကြောင့် ဝိညာဉ်ကျောက်တွေက သူ့မျက်လုံးထဲမှာ သိပ်အရေးမကြီးဘူး။
ဒါပေမယ့် ရှဲမူလင် အတွက်တော့ ၎င်းတို့ဟာ ကျင့်ကြံခြင်းအတွက် အရေးကြီးတဲ့ရတနာတွေပါ။ ဝိညာဉ်ကျောက်တွေ အလုံအလောက် ရှိတာက အောင်မြင်မှုကို အများကြီး အရှိန်မြှင့်ပေးနိုင်တယ်။
ဘာပဲဖြစ်ဖြစ် ဝိညာဉ်ကျောက် နှစ်ရာဆိုတာ ကြီးမားတဲ့ ပမာဏပဲ။
ပြီးတော့ သူက သူမကို အဲဒီအတိုင်း ပေးလိုက်တယ်။
ရှဲမူလင် စိတ်လှုပ်ရှားသွားတယ်။
သူမက မငြင်းတော့ဘဲ ယဲ့ယွီကို အသစ်ဆောက်ထားတဲ့ ဝါးတဲဆီ ခေါ်သွားပြီး ဒါက သူ့ရဲ့ နောင်နေထိုင်ရာဖြစ်လိမ့်မယ်လို့ ပြောခဲ့တယ်။
ယဲ့ယွီက ဝါးတဲရဲ့ ရှေးဟောင်းပုံစံကို အရမ်းကြိုက်တယ်။
ဒါပေမယ့် သူ တွေးမိတယ်…
ဘေးက ဝါးတဲက ဘယ်သူ့ရဲ့လဲ။ ဘာလို့ ဒီလောက် နီးကပ်နေတာလဲ။ တစ်ခုနဲ့တစ်ခု ကပ်နေသလောက်ပဲ။
ဒီမေးခွန်းနဲ့ ရင်ဆိုင်ရတော့ ရှဲမူလင်က တိုးတိုးလေး ပြောတယ်၊ “ဘေးက ဝါးတဲက အမရဲ့တဲပါ။ နောင်မှာ ကျင့်ကြံခြင်းအကြောင်း ဘာမေးခွန်းပဲ ရှိရှိ မမဆီ လာမေးလို့ ရတယ်။”
“မတွန့်ဆုတ်ပါနဲ့အားမနာနဲ့။”
ဒါပြောပြီးနောက် ရှဲမူလင် က လှည့်ပြီး သူ့ဝါးတဲထဲ ဝင်သွားတယ်။
ယဲ့ယွီ ရင်ထဲမှာ နည်းနည်း ထူးဆန်းသလို ခံစားရတယ်။ ဒီဝူကျီထိပ် က ဒီလောက်ကြီးတာ၊ တကယ် ဒီလောက် နီးနီးကပ်ကပ် နေဖို့ လိုအပ်လား။
ယဲ့ယွီက ဝါးတဲထဲကို ဖြည်းဖြည်းချင်း ဝင်သွားတယ်။
သူက ဒီက ပတ်ဝန်းကျင်က အစ်မကြီးရဲ့ ဝါးတဲထဲက ပတ်ဝန်းကျင်နဲ့ အတူတူပဲဆိုတာကို တွေ့လိုက်ရတယ်။ ရှိသင့်တာ အားလုံး ရှိနေတယ်။
ဟင်း။
ဘာလို့ ဒီမှာ ပြတင်းပေါက်တစ်ချပ် ရှိနေတာလဲ။
ဖွင့်ကြည့်ရတာပေါ့။
ယဲ့ယွီ အံ့ဩသွားတယ်။ ပြတင်းပေါက်က ရှဲမူလင်ရဲ့ ဝါးတဲထဲကို တိုက်ရိုက် ပွင့်နေတာ။(မမရဲ့အကြံကြီးတယ်)
သူက ရှင်းရှင်းလင်းလင်းတောင် မြင်ရတယ်- ရှဲမူလင် က ခြေချိတ်ထိုင်နေပြီး မျက်လုံးမှိတ်ပြီး တိတ်ဆိတ်စွာ အနားယူနေတယ်။
ဒါ ဘယ်လို စီစဉ်ထားတာလဲ။
ယဲ့ယွီ လန့်သွားတယ်။
သူက စိတ်ပူပန်စွာ မေးလိုက်တယ်၊ “အစ်မကြီး၊ ဒီမှာ ဘာဖြစ်နေတာလဲ။ ကျွန်တော့်အခန်းရဲ့ ပြတင်းပေါက်က မမအခန်းထဲကို ဘာလို့ တိုက်ရိုက် ပွင့်နေတာလဲ။”
ရှဲမူလင် က သူ့မျက်လုံးတွေကို မဖွင့်ဘူး။
သူမက တည်ငြိမ်စွာ ပြန်ဖြေတယ်၊ “ဒါက ဒီတဲတွေကို ဆောက်တဲ့ တပည့်တွေ လုပ်မိတဲ့ အမှား ဖြစ်လိမ့်မယ်။ စိတ်မပူပါနဲ့။ ဒီလိုဆို ပြတင်းပေါက်ကနေ စကားပြောဖို့ မမတို့အတွက် အဆင်ပြေတယ်။ပိုတောင်ကောင်းသေးတယ်မဟုတ်ဘူးလားမောင်လေးရဲ့။”
ယဲ့ယွီရဲ့ မျက်နှာလေး အနည်းငယ် တွန့်သွားတယ်။
ဒီ “ပြတင်းပေါက်ကနေ စကားပြောတာ” ဆိုတာက အခြေခံအားဖြင့် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်ရတာကို ဆိုလိုတယ်။ ငါ မင်းရဲ့ လှုပ်ရှားမှုတိုင်းကို မြင်နိုင်တယ်၊ မင်းလည်း ငါ့ရဲ့ လှုပ်ရှားမှုတိုင်းကို မြင်နိုင်တယ်။ သီးသန့်တည်ရှိမှုက ဘယ်မှာလဲ။ပရိုင်ဗေဆီလိုတယ်လေကွယ်။
ယဲ့ယွီ ခဏတာ စကားမပြောနိုင် ဖြစ်သွားတယ်။
သူက ပြတင်းပေါက်ကို ချက်ချင်း ပိတ်ပြီး တိုးတိုးလေး ပြောတယ်၊ “အစ်မကြီး၊ အဲလို လုပ်ဖို့ မလိုပါဘူး။ နောက်ကျနေပြီ၊ ညချမ်းသာယာပါစေ။”
ဒီလုပ်ရပ်ကြောင့် ရှဲမူလင် မျက်မှောင်ကြုတ်သွားတယ်။
သူမက မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တယ်။
ဘာလို့ ပြတင်းပေါက်ကို ပိတ်လိုက်တာလဲ။
သို့သော်လည်းမောင်လေးရဲ့ ကိုယ်ကနေလာတဲ့ အနံ့က အရင်ကလိုပဲ သာယာနေတုန်းပဲ။
ရှဲမူလင် ရဲ့ ပုံမှန်အားဖြင့် အေးစက်နေတဲ့ မျက်နှာပေါ်မှာ စွဲမက်ဖွယ်ရာ အမူအရာတစ်ခု ပေါ်လာတယ်။
မဟုတ်ဘူး၊ သူ့ကို ပြတင်းပေါက် ပြန်ဖွင့်ခိုင်းဖို့ နည်းလမ်းရှာရမယ်။
တစ်ဖက်မှာတော့ ယဲ့ယွီက သူ့အခန်းထဲမှာ ထိုင်နေပြီး ပြတင်းပေါက်ကို ထူးဆန်းစွာ ကြည့်နေတယ်။
ဒါက ဆောက်လုပ်ရေးခန်းမရဲ့ အမှား တကယ်လား။
သူ အဲဒီ အကြောင်းပြချက် ပေါ့ပေါ့ပါးပါးကို မယုံဘူး။
ဒါပေမယ့် အမှားမဟုတ်ဘူးဆိုရင် အစ်မကြီးက ဒါကို ဘာကို ဆိုလိုတာလဲ။
မဟုတ်ဘူး၊ သူမ ဘာကိုဆိုလိုပါစေ၊ ဒီပြတင်းပေါက်ကို ငါ ပိတ်ရမယ်။ မဟုတ်ရင် ညဘက် အိပ်ရတာ စိတ်မသက်မသာ ဖြစ်လိမ့်မယ်။
ယဲ့ယွီ အကြာကြီး တွေးနေရင်း ရုတ်တရက် သူ့ဘေးက ဗီရိုကို သတိထားမိလိုက်တယ်။
ဒါကြောင့် သူက ဗီရိုကို ရွှေ့လိုက်တော့ ပြတင်းပေါက်ကို လုံးဝ ပိတ်မိသွားတယ်။
ဟင်း။
အခုမှ ပိုကောင်းလာပြီ။
ယဲ့ယွီ လက်ခုပ်တီးလိုက်တယ်။
ပြီးတော့ သူ အိပ်ရာဝင်ပြီး အိပ်မက်စနစ်ကို စတင်လိုက်တယ်။
ဒါပေမယ့် နှစ်မိနစ်အကြာမှာ ယဲ့ယွီ စိတ်မသာမယာနဲ့ မျက်လုံးဖွင့်လိုက်တယ်။
ဟယ်။
သုံးနှစ်တောင် မပြည့်သေးတဲ့ နောက်ထပ်ဘဝတစ်ခု။
ဒီလောက် ရွံစရာကောင်းတာ။
အဆင့်သတ်မှတ်ချက်က နည်းလွန်းလို့ ဘာဆုလာဘ်မှတောင် မရဘူး။
မနေ့က နှစ်ခုပေါင်းရင် သုံးကြိမ်ဆက်တိုက် ရှုံးတာနဲ့ တူနေတယ်။
အိပ်မက်ထဲက အတုအယောင်ဘဝ လမ်းကြောင်းက တခါတလေ မချောမွေ့ဘူးပဲ။
နောက်တစ်ကြိမ် အတုအယောင်ဘဝက အောင်မြင်ပါစေလို့ မျှော်လင့်ပါတယ်။
ယဲ့ယွီ လက်နှစ်ဖက်ကို ပူးပြီး တိတ်တိတ်ဆိတ်ဆိတ် ဆုတောင်းပြီး တစ်နေ့တာရဲ့ နောက်ဆုံး အိပ်မက်အတုအယောင်ကို စတင်လိုက်တယ်။
နောက်တစ်စက္ကန့်မှာ သူ့စိတ်ထဲမှာ မြူခိုးတွေ ရုတ်တရက် ပေါ်လာတယ်။ခနကြာ
ပြီးနောက် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတယ်။
【အိပ်မက်တိုင်းက မင်းအတွက် ဘဝအသစ်တစ်ခုပဲ။】
【မြေပုံနှင့် ဇာတ်ကောင်များ တင်နေသည်။】
【ရွေးချယ်မှု ပြီးစီးပြီ။】
【လက်ရှိ အိပ်မက်ပါရမီ- နတ်ဘုံယန်ကာယ (ယန်ဓာတ်ကြီးစိုးသောခန္ဓာကိုယ်ကိုဆိုလိုပါသည်။) (ခရမ်းရောင်)】
【နတ်ဘုံယန်ကာယ၊ ပြိုင်ဘက်ကင်း မီးဖိုတစ်ခု၏ ပုံပန်းသဏ္ဍာန်။ လူပေါင်းများစွာ အိပ်မက်မက်သော ကာယ။】
【သို့သော်လည်း ကြိုတင်လိုအပ်ချက်မှာ သင်သည် စိတ်ကျေနပ်ဖွယ်ရာ တာအိုအဖော်ကို ရှာဖွေရမည်။】
【မဟုတ်ပါက 150*150 စက်လုံးပုံ အဖော်နှင့်အတူ သင့်အနာဂတ်သည် ခြွင်းချက်မရှိ ကြီးမားသော အိပ်မက်ဆိုးတစ်ခု ဖြစ်လိမ့်မည်။】
【သို့သော် အန္တရာယ်နှင့် အခွင့်အလမ်းများ အတူယှဉ်တွဲ တည်ရှိသည်။ ကံကောင်းပါစေ။】
ယဲ့ယွီ မျက်လုံးတွေ ပြူးကျယ်သွားတယ်။
ဒါ ဘာကို ဆိုလိုတာလဲ။
သူက ယန်ကြွယ်ဝ မီးဖိုပါလာတဲ့ခန္ဓာပိုင်ရှင် ဖြစ်သွားပြီလား။( ဆရာဟိန်းထက်ရေးတဲ့ Apotheosis ထဲက mc ရဲ့ခန္ဓာကိုယ်မျိုးလို့ထင်တာပဲရှင့်)
တခြားသူတွေက ရတနာသိုက်အဖြစ် မြင်တဲ့ အရာလား။
ဒီလို ကိုယ်ခန္ဓာမျိုးက ကျင့်ကြံသူပေါင်းများစွာကို ရူးသွပ်စေနိုင်တယ်။
ဒါပေမယ့် စနစ်က ပြောတာကတော့ အတော်လေး မှန်ကန်တယ်။တာအိုအဖော်ကို ရှာဖွေတာက အရေးကြီးတယ်။
မှန်မှန်ကန်ကန် ရွေးချယ်ရင် ချမ်းသာကြွယ်ဝမှုတွေ ရရှိလိမ့်မယ်။
မှားယွင်းစွာ ရွေးချယ်မိရင်တော့ ငရဲဘဝကို ရောက်ရှိနိုင်တယ်။
တကယ်ပဲ အဆုံးသတ်ပြီး ပြန်စတာက ပိုကောင်းလိမ့်မယ်။
【အသက် 0 နှစ်၊ သင်သည် လျို့ဝှက်ကောင်းကင်ဘုံတောင်ကြား ဟုခေါ်သော ဂိုဏ်းတစ်ခုတွင် မွေးဖွားခဲ့သည်။】
【၎င်းသည် ဒုတိယတန်းစား ဂိုဏ်းတစ်ခုသာဖြစ်သော်လည်း အတွင်းသဟဇာတမှုမှာ ကောင်းမွန်ပြီး အတွင်းပိုင်းပဋိပက္ခများ နည်းပါးသည်။】
【သင့်ဖခင်သည် လျို့ဝှက်ကောင်းကင်ဘုံတောင်ကြား၏ အကြီးအကဲတစ်ဦးဖြစ်ပြီး ယဲ့ယန် (Ye Yan) ဟုခေါ်သည်။ သူသည် အစောပိုင်း ဝိညာဉ်အစအဆင့် ကျင့်ကြံသူဖြစ်သည်။】
【သင့်မွေးဖွားချိန်တွင် သူသည် သင့်ခန္ဓာကိုယ်၏ ကွဲပြားမှုကို သတိထားမိခဲ့သည်။】
【နောက်နေ့တွင် သူသည် ဂိုဏ်းမှ ထွက်ခွာသွားသည်။】
【အသက် ၂ နှစ်၊ သင်သည် တဖြည်းဖြည်း ကြီးပြင်းလာပြီး ယဲ့ယန့်သည် နောက်ဆုံးတွင် ဂိုဏ်းသို့ ပြန်ရောက်လာသည်။】
【သူသည် သင့်အား ကောင်းကင်ကာကွယ်ဆေးပြား တစ်လုံး တိုက်ကျွေးခဲ့သည်။ ဤဆေးပြားသည် သင့်မွေးရာပါ မီးဖိုကိုယ်ခန္ဓာကို ဖုံးကွယ်ထားနိုင်သည်။】
【ပြင်ပတွင် သင်သည် သာမန်လူတစ်ဦးနှင့် မခြားနားပါ။】
【သူတို့သည် ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ မဟုတ်ပါက သင့်ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက်ချက်များကို အခြားသူများ မမြင်နိုင်ပါ။】
【အသက် ၃ နှစ်၊ ယဲ့ယန်သည် သင့်အား လျို့ဝှက်ကောင်းကင်ဘုံတောင်ကြား တွင်သာ နေထိုင်ကာ အနာဂတ်တွင် ကြိုးစားပမ်းစား ကျင့်ကြံရမည်ဟု ပြောကြားခဲ့သည်။】
【သင့်တွင် လုံလောက်သော ခွန်အားရှိသည်အထိ လုံးဝ ထွက်ခွာ၍မရပါ။】
*****
အခန်း ၂၄
ယဲ့ယွီ ဒီမြင်ကွင်းကို တွေ့လိုက်ရတော့ သက်ပြင်းချမိတယ်။
ကျေးဇူးတင်လိုက်တာ၊ တကယ်ကို ကျေးဇူးတင်လိုက်တာ။
ဒီ ယဲ့ယန် က သဘောထားကြီးတဲ့သူပဲ။
သူ့အတွက် ဆေးပြားကို ကြိုတင်ပြင်ဆင်ပေးရုံသာမက အပြင်မထွက်အောင်လည်း တားဆီးပေးခဲ့တယ်။
ဒါက သူ့ဘဝအစပိုင်းမှာတင် အရင်အိပ်မက်တွေထက် ကောင်းမွန်နေပြီ။
နောင်မှာ သူ့မှာ လုံလောက်တဲ့ ခွန်အားရှိလာတဲ့အခါ 150x150 အလုံးပုံ တာအိုအဖော်နဲ့ ကြုံတွေ့ရမှာကို စိုးရိမ်နေစရာ မလိုတော့ဘူး။
ဘာပဲဖြစ်ဖြစ် ယဲ့ယွီ က ဘောလုံးစီးရတဲ့ နာကျင်မှုကို တကယ်ပဲ မခံစားချင်ဘူး။ အဲဒါက တကယ်ကို အိပ်မက်ဆိုးတစ်ခု ဖြစ်လိမ့်မယ်။(ဘောလုံးပုံ မိတ်ဖက်နှင့် ဆက်ဆံရခြင်းဘေးမှကင်းဝေးသွားလေပြီ)
သို့သော်လည်း ယဲ့လျန်ယန် ပဲဖြစ်ဖြစ်၊ ယဲ့ယန် ပဲဖြစ်ဖြစ်၊ သူတို့နှစ်ယောက်လုံးက တော်တော်လေး ကောင်းမွန်တဲ့သူတွေပါ။ သူတို့ကို အိပ်မက်ကမ္ဘာမှာတွေ့ရတာ ကံကောင်းခြင်းလို့ သတ်မှတ်နိုင်တယ်။
【အသက် ၉ နှစ်တွင် သင်သည် ချီသန့်စင်အဆင့် သို့ တရားဝင် ဝင်ရောက်ခဲ့သည်။】
【ရွယ်တူချင်းများနှင့် နှိုင်းယှဉ်ပါက ဤအမြန်နှုန်းသည် သင့်ကို ထူးချွန်သောပါရမီရှင်ဟုသတ်မှတ်၍ရ စေပါသည်။】
【သင်သည် ယဲ့ယန် ကို မျှော်လင့်တကြီး ကြည့်ပြီး သူ့ဆီက အသိအမှတ်ပြုမှုတစ်ခုခုကို မျှော်လင့်ခဲ့သည်။】
【သို့သော် ယင်းအစား ယဲ့ယန် ၏ မျက်နှာပေါ်တွင် ပြင်းထန်သော အမူအရာကို တွေ့လိုက်ရသည်။】
【ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာ သင် နားမလည်နိုင်ခဲ့ပါ။】
【အသက် ၁၂ နှစ်တွင် သင်သည် ချီသန့်စင်အဆင့် အလယ်အဆင့်သို့ တိုးတက်ခဲ့သည်။】
【ဤအမြန်နှုန်းရှိသော်လည်း ယဲ့ယန် သည် ကျေနပ်မှုမရှိဘဲ သင့်အား ဆက်လက်ကြိုးစားရန်နှင့် ပေါ့ဆမှုမရှိရန် မကြာခဏ ဆူပူခဲ့သည်။】
【သင်သည် အလွန်ဝမ်းနည်းခဲ့ရသည်။】
【ရှင်းရှင်းလင်းလင်းပင် သင်သည် အစွမ်းကုန် ကြိုးစားပြီးသားဖြစ်ပြီး တကယ်တမ်း ပေါ့ဆမှုမရှိခဲ့ပါ။ ဘာကြောင့် အားပေးစကားတစ်ခွန်းမှ မရရှိတာလဲ။】
【ထိုနှစ်၏ နောက်ပိုင်းကာလတွင် ယဲ့ယန် သည် သင့်အတွက် ထိမ်းမြားခြင်းတစ်ခု စီစဉ်ပေးခဲ့သည်။】
【အခြားတစ်ဖက်မှ သူသည် အစွမ်းထက်သော ကျင့်ကြံခြင်းမိသားစုမှဖြစ်ပြီး ၎င်းတို့၏ ဘိုးဘွားတစ်ဦးသည် အတိတ်က ကပ်ကျော်အဆင့်(ဘေးဒုက္ခကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်) သို့တောင် ရောက်ရှိခဲ့ဖူးသည်။】
【၎င်းသည် ဂုဏ်ယူဖွယ် နောက်ခံတစ်ခုဟု မှတ်ယူနိုင်ပါသည်။】
【ထိမ်းမြားထားသူမှာ မိသားစုခေါင်းဆောင်၏ သမီးဖြစ်ပြီး ပူလင်ဖေးဟု အမည်ရသည်။】
【အသက် ၁၃ နှစ်တွင် သင်သည် ပူလင်ဖေး ကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ပြီး သူမ၏ ရင်သပ်ရှုမောဖွယ် ပုံပန်းသဏ္ဍာန်ကြောင့် တုန်လှုပ်ခဲ့ရသည်။】
သူမသည်ငယ်ရွယ်သောအသက်ရွယ်နှင့်မလိုက်အောင်ညှို့ငင်နိူင်သောမျက်လုံးများရှိပြီး သေးကျင်သောခါးနှင့် အရွယ်ထက်များစွာ စွင့်ကားနေသော တင်ပါးများကို ပိုင်ဆိုင်သည်။စားနေကျ ကြောင်ဖားကြီး ယဲ့ယွီမှာ သူမကို အိပ်ခန်းထဲ တခါတည်း ဆွဲသွင်းသွားချင်စိတ်ကို အတော်ထိန်းနေရသည်။
【သူမ ငယ်ရွယ်သေးသော်လည်း ဆန့်ကျင်ဘက်အမျိုးသားများကို လာရောက်စားသုံးရန် ထူးခြားသော ဆွဲဆောင်မှုတစ်ခုကို ထုတ်ဖော်နေပြီဖြစ်သည်။】
【ထို့အပြင် သင်သည် သူမ၌ ပါရမီရှင်တစ်ဦး၏ မူလပုံစံကို တွေ့ရှိခဲ့သည်။】
【ထိုနှစ်တွင် သင်သည် ချီသန့်စင်အဆင့် အလယ်အဆင့်တွင် ရှိနေစဉ် သူမသည် အခြေတည်အဆင့် အလယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။】
【တစ်ဆင့်လုံး ကွာခြားသည်။】
【ဒါက သင့်ကို နည်းနည်း တိတ်ဆိတ်စေခဲ့တယ်။】
【သို့သော် ပူလင်ဖေး သည် အဆင့်ကွာခြားမှုနှင့် ပတ်သက်၍ ဘာမှ အများကြီး မပြောခဲ့ပါ။ သူမသည် ခပ်ပေါ့ပေါ့ ပြုံးပြီး သင့်ကို ခေါင်းညိတ်ပြရုံသာ ရှိသည်။】
【သင်၏ စိတ်ခံစားချက် ချက်ချင်း အများကြီး ကောင်းလာခဲ့သည်။】
【ယောက်ျားလေး၏ စိတ်သည် အမြဲတမ်း ပြောင်းလဲလွယ်သည်။】
【ခဏတာ တွေ့ဆုံခြင်းမျှသာ ဖြစ်သော်လည်း ပူလင်ဖေး သည် သင့်အား နက်နဲသော အထင်အမြင်ကောင်း ကို ချန်ထားခဲ့သည်။】
【ပြီးတော့ သင်သည် သူမသည် သင့်အနာဂတ် ဒါအိုအဖော် ဖြစ်လိမ့်မည်ဟုလည်း ဆုံးဖြတ်ခဲ့သည်။】
【သူမမှလွဲ၍ တခြားသူ မဟုတ်!】
【အသက် ၁၇ နှစ်တွင် သင်သည် နောက်ဆုံးတွင် အခြေခံအဆင့် သို့ ဝင်ရောက်ခဲ့သည်။】
【ပြီးတော့ ဒီနှစ်တွေအတွင်း သင်သည် ပူလင်ဖေး ကို ထပ်မံ မတွေ့ခဲ့ရပါ။】
【သို့သော် သင်သည် သတင်းအချက်အလက်အချို့ကို သတိမပြုမိဘဲ စုဆောင်းခဲ့သည်။】
【တစ်ချိန်က ပါရမီရှင် ဒါအိုအဖော်ဟု သင်မှတ်ယူခဲ့သော အမျိုးသမီးသည် မကြာသေးမီက ကောင်းမွန်စွာ မရှိခဲ့ပါ။】
【အကြောင်းရင်းမှာ ပူလင်ဖေး သည် ဒီနှစ်တွေအတွင်း ကျင့်ကြံမှုမှာ တိုးတက်မှု မရှိခဲ့သောကြောင့်ဖြစ်သည်။】
【သူမသည် ကြီးမားသော အတားအဆီးတစ်ခုတွင် ပိတ်မိနေသလို ဖြစ်နေသည်။】
【သူမ၏ ကျင့်ကြံမှု နောက်ပြန်ဆုတ်သွားသည်ဟုတောင် သံသယရှိသည်။】
【ပူမိသားစုသည် သူမကို စစ်ဆေးရန် ကျွမ်းကျင်သူ အများအပြားကို ရှာဖွေခဲ့သော်လည်း မည်သည့်အကြောင်းရင်းမျှ မတွေ့ရှိခဲ့ကြပါ။】
ယဲ့ယွီမျက်လုံးများ ထူးဆန်းလာပြီး သူ့ပါးစပ်ထောင့်များ မသိစိတ်က မြှင့်တက်သွားသည်။
ခဏလေး။
ဒီဇာတ်လမ်းပုံစံက ဘာလို့ ရုတ်တရက် ရင်းနှီးနေသလို ခံစားရတာလဲ။ (BTTH များလား)
ဒါပေမယ့် ပြင်းထန်မှုနည်းနည်း လျော့နေသလိုပဲ။
ဒါဟာ တိုက်ဆိုင်မှုသက်သက်လား။
【အသက် ၁၈ နှစ်တွင် သင်သည် အလွန်မပျော်မရွှင်ဖြစ်နေ ခဲ့သည်။】
【သင်တို့ လက်ထပ်ပြီး ဒါအိုအဖော်များ ဖြစ်သင့်သည့်အချိန်ဖြစ်သော်လည်း ယဲ့ယန် သည် ပူမိသားစုကို မဆက်သွယ်သေးပါ။】
【အကြောင်းမှာ ပူလင်ဖေး သည် တကယ်တမ်း အခြေခံအဆင့် အစောပိုင်းသို့ ကျဆင်းသွားသောကြောင့်ဖြစ်သည်။】
【ဤဆန်းကြယ်သော ဖြစ်ရပ်ကြောင့် လူတိုင်း အံ့ဩမှင်တက်သွားခဲ့သည်။】
【ဒါပေမယ့် စိတ်ထဲမှာတော့ သူတို့အားလုံး နားလည်ခဲ့ကြတယ်။】
【ပူမိသားစုရဲ့ ပါရမီရှင်ကောင်မလေးဟာ မသန်မစွမ်းဖြစ်သွားတာ ဖြစ်နိုင်တယ်။】
【သင်က ယဲ့ယန် ကို တွေ့ပြီး ပူလင်ဖေး ရဲ့ အဆင့်ကျဆင်းသွားရင်တောင် သူမကို သင့်ရဲ့ ဒါအိုအဖော်အဖြစ် ဆက်လက်ရွေးချယ်ချင်တယ်လို့ ပြောခဲ့တယ်။】
【ဒီအတွက် ယဲ့ယန်က သင့်စကားကို လျစ်လျူရှုခဲ့တယ်။】
【ဒါက သင့်ကို အရမ်း ဒေါသထွက်စေခဲ့တယ်။】
【နောက်ဆုံးမှာ သင်က ယဲ့ယန် ကို နေ့ရောညပါ လိုက်လံနှောင့်ယှက်ပြီး ပူလင်ဖေး နဲ့ သင့်ရဲ့ လက်ထပ်ခြင်းကို သူ သဘောတူဖို့ အတင်းအကျပ် တောင်းဆိုခဲ့တယ်။】
【ယဲ့ယန် က သင့်ရဲ့ဆုံးဖြတ်ချက် ခိုင်မာမှုကို မခံနိုင်တော့ဘူး။】
【သူက သင့်ကိုဂိုဏ်း အနောက်ဘက်ကတောင်တွေမှာ နှစ်လကြာ ပိတ်လှောင်ထားခဲ့တယ်။】
【ပြီးတော့ ပူလင်ဖေး ကို သူ အရင်က ရွေးချယ်ခဲ့တဲ့ အကြောင်းရင်းက သူမရဲ့ ကျင့်ကြံခြင်းပါရမီကြောင့်ဖြစ်ကြောင်း သင့်ကို တည့်တည့်ပြောခဲ့တယ်။ ဒါပေမယ့် အခုတော့ သူမက အသုံးမဝင်သလောက်ဖြစ်ပြီး သင့်အနာဂတ် လုံခြုံရေးကို အာမမခံနိုင်ဘူး။】
【သင် မှင်တက်သွားခဲ့တယ်။】
【သင်က ရူးသွပ်စွာ အော်ဟစ်ခဲ့တယ်၊ ယောက်ျားကြီးတစ်ယောက်က ဘယ်လိုလုပ် အမျိုးသမီးတစ်ဦးကို သူ့ကို ကာကွယ်ခိုင်းနိုင်မှာလဲ။】
【ယဲ့ယန် က ဒီကိစ္စကို မရှင်းပြခဲ့ဘူး။】
【အစား သူက လှည့်ပြီး ထွက်သွားခဲ့တယ်။】
【အသက် ၁၉ နှစ်တွင် ပူမိသားစုသည် နတ်ဆိုးဂိုဏ်းမှ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးကို ရန်စခဲ့သည်။】
【တစ်လခွဲအတွင်း ပူမိသားစုတစ်ခုလုံး လုံးဝ ဖျက်ဆီးခံလိုက်ရသည်။】
【မျိုးနွယ်စုဝင် ထောင်ပေါင်းများစွာထဲက ပူလင်ဖေး တစ်ယောက်တည်းသာ အသက်ရှင်ခဲ့သည်။】
【သူမက လျို့ဝှက်ကောင်းကင်ဘုံတောင်ကြား သို့ မူးမေ့လဲလျက် ရောက်ရှိလာပြီး ဒီနေရာမှာ ပုန်းအောင်းပြီး ကျင့်ကြံဖို့ ကြိုးစားခဲ့တယ်။】
【တစ်နေ့ကျရင် လက်စားချေဖို့ မျှော်လင့်ရင်း။】
【ယဲ့ယန် က ပူလင်ဖေး ကို လျို့ဝှက်ကောင်းကင်ဘုံတောင်ကြား မှာ နေထိုင်ခွင့်ပြုတယ်လို့ ပြောခဲ့တယ်၊ ဒါပေမယ့် သူတို့ရဲ့ ငယ်ဘဝက စေ့စပ်ထားတာကတော့ ပျက်ပြယ်သွားပြီ၊ သူတို့ လက်ထပ်ခြင်းကို ဖျက်သိမ်းရမယ်။】
ရင်သပ်ရှုမောဖွယ် ပူလင်ဖေး ကို ကြည့်ရင်း သူမရဲ့ မျက်နှာက ဖြူဖျော့နေတာကိုမြင်ရတော့အလွန်စိတ်မကောင်းဖြစ်နေပေမဲ့
ယဲ့ယွီ ဒေါသမထွက်ဘဲ ပြန်ပြုံးလိုက်တယ်။
ရုတ်တရက် သူ ပေါင်ကို ရိုက်လိုက်တယ်။
မှန်တယ်။
အဲဒီ ဇာတ်လမ်းပုံစံ၊ ဘာမှ မမှားဘူး။
အဆင့်အတားအဆီး၊ မိသားစုဖျက်ဆီးခံရခြင်း၊ စေ့စပ်ခြင်း ဖျက်သိမ်းခံရခြင်း။
အလွန်အကျွံ ဇာတ်လမ်းဆန်တဲ့ အချက်သုံးခုလုံး တစ်စုတည်း။
အခုကစပြီး မိုးထိအောင် မြင့်တက်မသွားရအောင် အကြောင်းပြချက် ရှိသေးလား။
ပူလင်ဖေးက အခုပဲ "မြစ်အရှေ့ဘက် အနှစ်သုံးဆယ်၊ မြစ်အနောက်ဘက် အနှစ်သုံးဆယ်၊ အားနည်းတဲ့ မိန်းကလေးကို အထင်မသေးပါနဲ့" လို့ အော်ဟစ်ရင်တောင် ယဲ့ယွီ ဘာမှ ထူးဆန်းတယ်လို့ ခံစားရမှာ မဟုတ်ဘူး။
သူမက ဇာတ်ဆောင်ရဲ့ မူပိုင်ခွင့်ကို သူ့လက်ထဲမှာ ခိုင်မာစွာ ကိုင်ထားပြီ။
သူမ ဘာမပြောနိုင်၊ ဘာမလုပ်နိုင်မှာလဲ။
အခုချိန်မှာ ယဲ့ယွီ ရဲ့ စိတ်ထဲမှာ အတွေးတစ်ခုတည်းပဲ ရှိတယ်-
ဒီမိန်းမကိုရဖို့ဆိုရင်ခြေသလုံးပဲဖက်ထားရဖက်ထားရ သူမခန္ဓာကိုယ် ကို ခိုင်မာစွာ ဖမ်းဆုပ်ထားဖို့။
【ပူလင်ဖေး ကို ပြောသော ယဲ့ယန် ၏ စကားကို ကြားသောအခါ။】
【နံရံနောက်ကွယ်မှ ပုန်းအောင်းနေသော သင်သည် မခံနိုင်တော့ပါ။】
【သင်သည် အပြေးအလွှားသွား၍ ပူလင်ဖေး၏စွဲမက်ဖွယ်လှပသောကိုယ်လေး ကို ပွေ့ဖက်ပြီး ဤထိမ်းမြားခြင်းကို မဖျက်သိမ်းဟု ကြေညာခဲ့သည်။】
【အနာဂတ်တွင် ဘာဖြစ်လာမည်ဖြစ်စေ။ သင်သည် ပူလင်ဖေး သည် သင့်အနာဂတ် ဒါအိုအဖော်ဖြစ်ကြောင်း ဆုံးဖြတ်ထားသည်။】
【အရာအားလုံးကို စွန့်လွှတ်ပြီး လျို့ဝှက်ကောင်းကင်ဘုံတောင်ကြား မှ ပူလင်ဖေး နှင့်အတူ ထွက်ခွာကာ အစကနေ ပြန်စဖို့တောင် ဆန္ဒရှိသည်။】
【ဤ ရဲရင့်ပြတ်သားလွန်းလှသော ကြေညာချက်ကြောင့် မူလက မှိုင်းမှိုင်းမှောင်မှောင်နှင့် အသက်မဲ့နေသော ပူလင်ဖေး ၏ မျက်လုံးများတွင် ထူးခြားသော စိတ်ခံစားချက် အရိပ်အယောင်တစ်ခု ပေါ်လာသည်။】
【ဤမျှ ခိုင်မာသော ရပ်တည်ချက်ဖြင့်ခိုင်မာလှသောသင့်ကို ယဲ့ယန်ကမယုံနိုင်စွာကြည့်ပြီး အံ့သြနေ ခဲ့သည်။】
【နောက်ဆုံးတွင် သင်သည် ပူလင်ဖေး နှင့်အတူ ပျော်ရွှင်စွာ နေထိုင်ရလိမ့်မည်။】
【သို့သော် သင်သည် အရေးကြီးဆုံးအရာကို လျစ်လျူရှုခဲ့သည်။】
【သင်သည် ယဲ့ယန် ၏ စွမ်းအားကို မယှဉ်နိုင်ခြင်းပင်။】
【ယဲ့ယန် သည် သူ့လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်ရုံမျှဖြင့်။】
【ချက်ချင်းပင် တပည့်နှစ်ဦး အပြေးအလွှားရောက်လာပြီး သင့်ကို သတိလစ်သွားစေခဲ့သည်။】
【သင် နိုးထလာသောအခါ ညရောက်နေပြီဖြစ်သည်။】
【ယဲ့ယန် က လက်ထပ်ခြင်းကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ ပူလင်ဖေး သည် အလွန်မာနကြီးသဖြင့် လျို့ဝှက်ကောင်းကင်ဘုံတောင်ကြား မှ ထွက်ခွာသွားပြီဖြစ်ကြောင်း သင့်အား ပြောပြခဲ့သည်။】
【သူမ၏ ခြေရာခံမရတော့ပါ။】
【သူမသည် သင့်ဘဝတွင် လမ်းသွားလမ်းလာတစ်ဦးသာ ဖြစ်သည်။ သူမကို ပိုမိုစောစော မေ့ပစ်လိုက်တာ ပိုကောင်းသည်။】
ယဲ့ယွီ အေးခဲစွာ ရပ်နေမိတယ်။
သူ့စိတ်ထဲက ယဲ့ယန် ရဲ့ ခပ်ချောချော အိုမင်းနေတဲ့ မျက်နှာကို ကြည့်ရင်း သူ လက်သီးဆုပ်မိတယ်။
ဟယ်၊ မင်း တကယ်ကိုလူဆိုး သူပုန် ပဲ။
မင်းက သူပုန်ဖခင်ပဲ။
မင်း ငါ့ရဲ့ ကြွယ်ဝချမ်းသာမယ့် အခွင့်အရေးတွေကို ဖျက်ဆီးလိုက်ပြီ။
အာ!!!
ဒါ အရမ်းများလွန်းတယ်။
ထမိန်နားခိုစားဖို့ ကြံစည်နေသော ကျွန်မတို့ MC လေး အသားတုန်တဲ့အထိ စိတ်တွေ တိုနေရပါပြီ။