အခန်း ၂၅-၂၆
Vol. 1 Ch. 25-26
အခန်း ၂၅
【သင်သည် ယဲ့ယန် မှ ပူလင်ဖေးနှင့် ထိမ်းမြားခြင်းကို ဖျက်သိမ်းရန် အတင်းအကျပ် ပြောဆိုမှုကို လက်မခံနိုင်ခဲ့ပါ။】
【ဒါကြောင့် သင်က ပူလင်ဖေး ကို အပြင်မှာ ရှာဖွေရန် လျို့ဝှက်ကောင်းကင်ဘုံတောင်ကြား ကနေ ထွက်ခွာဖို့ အဆိုပြုခဲ့ပါတယ်။】
လုံးဝထပ်စဥ်းစားခြင်းမ ရှိဘဲ ယဲ့ယန် က သင့်တောင်းဆိုမှုကို ငြင်းဆိုခဲ့ပါတယ်။】
【သင်က လျို့ဝှက်ကောင်းကင်ဘုံတောင်ကြား မှာ တစ်သက်လုံး ချည်နှောင်ခံရမယ်ဆိုရင် အခုချက်ချင်း သေရတာ ပိုကောင်းမယ်လို့ ပြောခဲ့ပါတယ်။】
【ဒီကိစ္စနဲ့ပတ်သက်ပြီး ယဲ့ယန် က သင့်ကို ငြင်းခုံလို့ မရခဲ့ပါဘူး။】
【သူက သင် နှစ်ဆယ်အတွင်း ရွှေအူတိုင်အဆင့် သို့ တိုးတက်နိုင်ရင် သင့်ကို ထွက်ခွာခွင့်ပြုမယ်လို့ သဘောတူခဲ့ပါတယ်။】
【ဘာပဲဖြစ်ဖြစ် ကျင့်ကြံခြင်းအဆင့် ဒီလောက်နိမ့်နေရင် ပူလင်ဖေး ကို တွေ့ရင်တောင် ဘာအကျိုးရှိမှာလဲ။】
【သင်က ဒါက မှန်တယ်လို့ ထင်ခဲ့ပါတယ်။】
【ဒါကြောင့် သင်က လျို့ဝှက်ကောင်းကင်ဘုံတောင်ကြား မှာ ကြိုးစားပမ်းစား ကျင့်ကြံခဲ့ပါတယ်။】
【အသက် ၂၉ နှစ်မှာ သင်သည် အခြေခံအဆင့်(အခြေတည်အဆင့်) နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။】
【နှစ်ဆယ်နှစ် သဘောတူညီချက်ရဲ့ တစ်ဝက် ကျန်ရှိနေသေးတယ်။ သင်က ရွှေအူတိုင်အဆင့်သို့ အချိန်မတိုင်မီ တိုးတက်နိုင်မယ်လို့ ခိုင်မာစွာ ယုံကြည်ခဲ့ပါတယ်။】
【အဲဒီအခါမှာ သင်က ပူလင်ဖေးကို ရှာဖွေဖို့ တရားဝင် သွားနိုင်မှာပါ။】
【ဒါပေမယ့် ဘဝက ဘယ်တော့မှ ချောမွေ့တာမျိုး မဟုတ်ပါဘူး။】
【အသက် ၃၂ နှစ်မှာ သင်သည် အခြေခံအဆင့်ရဲ့ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပါတယ်။】
【အဲဒီနှစ်မှာပဲ။】
【ယဲ့ယန် က အနောက်ဘက်တောင်က သင် တိတ်ဆိတ်စွာ နေထိုင်တဲ့နေရာကို ရောက်လာပြီး သင့်ကို ထွက်လာဖို့ ပြောခဲ့ပါတယ်။】
【ပြီးတော့ သူက ပူလင်ဖေး က တသောင်းနတ်ဆိုးတော နားမှာ ရှိနိုင်တယ်လို့ သင့်ကို အသိပေးခဲ့ပါတယ်။】
【ဒီအချက်အလက်ကို ရတာနဲ့ သင် ချက်ချင်း လျို့ဝှက်ကောင်းကင်ဘုံတောင်ကြား ကနေ ထွက်ခွာခဲ့ပါတယ်။】
【ရက်ပေါင်းများစွာကြာပြီးနောက်။】
【သင်သည် တသောင်းနတ်ဆိုးတော နားကို ရောက်ရှိလာပြီး ပူလင်ဖေး ကို စတင် ရှာဖွေခဲ့ပါတယ်။】
【ဒါပေမယ့် အကြာကြီး ရှာဖွေပြီးနောက် သင် ဘာအသုံးဝင်တဲ့ အချက်အလက်မှ မရရှိခဲ့ပါဘူး။】
【သင် တစ်ခုခု မှားနေတယ်လို့ စတင် ခံစားရတယ်။】
【ယဲ့ယန် က သင့်ကို လှည့်စားခဲ့တယ်လို့တောင် သင် သံသယဝင်လာတယ်။】
【ဒါပေမယ့် သင် ဘယ်တော့မှ သင့်အဖေကို လူလိမ်လို့ မထင်ထားခဲ့ပါဘူး။】
【နောက်နေ့မှာ သင်က တခြားကျင့်ကြံသူတွေဆီက လျို့ဝှက်ကောင်းကင်ဘုံတောင်ကြား ဟာ ဖျက်ဆီးခံလိုက်ရပြီလို့ မမျှော်လင့်ဘဲ ကြားလိုက်ရတယ်။】
【သင် သင့်နားတွေကို မယုံနိုင်ခဲ့ဘူး။】
【သင်က အဲဒီကျင့်ကြံသူဆီ အပြေးသွားပြီး ဘာတွေဖြစ်ပျက်ခဲ့တာလဲလို့ အတိအကျ မေးခဲ့တယ်။】
【နောက်ပိုင်းမှာ သင် ကြားသိရတာက လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က နဂါးအလင်းဂိုဏ်း ရဲ့ အကြီးအကဲတစ်ဦးဟာ နက်နဲတဲ့ ဆေးဝါးတစ်မျိုးကို ဂိုဏ်းကို ပြန်သယ်ဆောင်လာစဉ်ဆန်းကျယ် နက်နဲတဲ့ လူတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။】
【အနှစ်သုံးဆယ်ကြာပြီးနောက် နဂါးအလင်းဂိုဏ်း က တရားခံဟာ လျို့ဝှက်ကောင်းကင်ဘုံတောင်ကြား ရဲ့ အကြီးအကဲ ယဲ့ယန် ဖြစ်ကြောင်း ခြေရာခံမိခဲ့တယ်။】
【ဒါကြောင့် သူတို့က ချက်ချင်း ကျင့်ကြံသူအဖွဲ့ကြီးတစ်ဖွဲ့ကို လျို့ဝှက်ကောင်းကင်ဘုံတောင်ကြား ကို ခေါ်လာပြီး ယဲ့ယန် ကို အဲဒီဆေးဝါးကို ပေးဖို့ တောင်းဆိုခဲ့တယ်။】
【လျို့ဝှက်ကောင်းကင်ဘုံတောင်ကြား အပြင်ဘက်မှာ ယဲ့ယန်က ဆေးဝါးကို အနက်ရောင်ဈေးကွက်မှာ ဝိညာဉ်ကျောက် နှစ်ထောင်နဲ့ ရောင်းပြီး အများစုကို သုံးစွဲခဲ့တယ်လို့ ပြောခဲ့တယ်။】
【အခုမှ သူ့ရဲ့ ကြီးလေးတဲ့ အမှားကို နားလည်ပြီး သူက ဂိုဏ်းကို ဆွဲချချင်စိတ် မရှိခဲ့ဘူး။】
【သေဆုံးခြင်းသာ ဒါကို ဖြေရှင်းနိုင်တယ်။】
【ယဲ့ယန် ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုက နဂါးအလင်းဂိုဏ်း ရဲ့ ဒေါသကို မငြိမ်သက်စေခဲ့ပါဘူး။ သူတို့က ယဲ့ယန် ဟာ တရားခံအစစ်မဟုတ်ပဲ အပြစ်ပုံချခြင်းခံရသူ လို့တောင် သံသယရှိခဲ့ပါတယ်။】
【ဒါကြောင့် ဒေါသအလျှောက် သူတို့က လျို့ဝှက်ကောင်းကင်ဘုံတောင်ကြား မှာရှိတဲ့ လူတိုင်းကို သတ်ဖြတ်ခဲ့တယ်။】
【အဲဒီနေ့ကစပြီး လျို့ဝှက်ကောင်းကင်ဘုံတောင်ကြား ဟာ ပျောက်ကွယ်သွားခဲ့တယ်။】
【ဒီသတင်းကိုကြားပြီးနောက် သင်က ဒေါသနဲ့ ပြည့်လျှံပြီး ချက်ချင်း မေ့လဲသွားခဲ့တယ်။】
ယဲ့ယွီ တစ်ခုခုကို ပြန်သတိရမိတယ်။
အနှစ်သုံးဆယ်အကြာက။
သူ အသက် ၂ နှစ်ပဲ ရှိသေးတုန်း ယဲ့ယန် က ဒဏ်ရာတွေနဲ့ လျို့ဝှက်ကောင်းကင်ဘုံတောင်ကြား ကို ပြန်ရောက်လာပြီး ကောင်းကင်ကာကွယ်ဆေးပြား တစ်လုံး ယူလာခဲ့တယ်။
ဟုတ်တယ်၊ နဂါးအလင်းဂိုဏ်း ကနေ ခိုးယူခဲ့တဲ့ နက်နဲတဲ့ ဆေးဝါးက သံသယမရှိဘဲ အဲဒီ ကောင်းကင်ကာကွယ်ဆေးပြား ပဲ။
ပြီးတော့ ယဲ့ယန် က သူ လျို့ဝှက်ကောင်းကင်ဘုံတောင်ကြား ကနေ ထွက်ခွာဖို့ ခွင့်ပြုခဲ့တဲ့ ရက်အနည်းငယ်အကြာမှာ ဒါက နဂါးအလင်းဂိုဏ်း ရဲ့ လှုပ်ရှားမှုတွေကို သူ သိထားလို့ ဖြစ်ရမယ်။
ဒါကြောင့် သူက သူ့ကို အလျင်အမြန် ခေါ်ထုတ်သွားခဲ့တာ။
အဲဒီအချိန်တုန်းက ယဲ့ယန် က သူ့အစားကာကွယ်ရင်း သေဖို့ စိတ်ကူးရှိနေပြီဆိုတာ သိလိုက်ရတယ်။
ယဲ့ယွီ နည်းနည်း ရင်ဘတ်တခုလုံးတောင်ကွဲသွားသလို ခံစားလိုက်ရတယ်။
【နှစ်ရက်အကြာတွင် သင်သည် ဖြည်းဖြည်းချင်း နိုးထလာသည်။】
【ယဲ့ယန် ၏ မိတ်ဆွေဖြစ်ကြောင်း ပြောဆိုသူ ကျင့်ကြံသူတစ်ဦးသည် သင့်ကို ရှာတွေ့ပြီး မှတ်ဉာဏ်ကျောက်တုံးတစ်ခုကို သင့်ထံ ပစ်ချကာ နောက်သို့လှည့်မကြည့်ဘဲ ထွက်ခွာသွားသည်။】
【သင်သည် မှတ်ဉာဏ်ကျောက်တုံးထဲသို့ ဝိညာဉ်စွမ်းအင်ကို ထည့်သွင်းလိုက်သောအခါ ယဲ့ယန် ၏ ပုံရိပ်သည် ဖြည်းဖြည်းချင်း ပေါ်လာသည်။】
【၎င်းသည် ယဲ့ယန်က သင့်အတွက် ချန်ထားခဲ့သော မက်ဆေ့ချ်တစ်ခုဖြစ်သည်။】
【သူသည် သင့်၌ နတ်ဘုံယန်ကာယ ပိုင်ဆိုင်ထားခြင်းနှင့် ပတ်သက်၍ အရာအားလုံးကို ထုတ်ဖော်ခဲ့သည်။】
【ထို့အပြင် ဤကာယသည် ကောင်းကင်သုခဂိုဏ်း ကဲ့သို့သော နှစ်ကိုယ်တူကျင့်ကြံဂိုဏ်းများ၏ တပည့်များက အလိုရှိခံရနိုင်ခြေ အများဆုံးဖြစ်ကြောင်း သင့်အား ပြောပြခဲ့သည်။】
【နောက်ဆုံးတွင် နှစ်အနည်းငယ်အတွင်း သူတို့သည် သင့်ကို အဆီကိုစားအသားကိုမျိူ သင့်ခန္ဓာကိုယ်ကို အဝဆက်ဆံကာ ထိပ်တန်းကျင့်ကြံသူများစွာကိုပျိုးထောင် ရရှိလိမ့်မည်။】
【ယဲ့ယန် သည် ဤသည်မှာ သင့်အနာဂတ်လမ်းစဉ် မဖြစ်သင့်ဟု ယုံကြည်ခဲ့သည်။】
【မူလက ပူလင်ဖေး နှင့် သင့်လက်ထပ်ခြင်းကို စီစဉ်ခဲ့ခြင်းမှာ သူမသည် သင့်အား ကာကွယ်နိုင်ရန်အတွက်ဖြစ်သည်။ သို့သော် ထိုမိန်းကလေး၏ ပါရမီသည် ခဏတာသာ ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပါ။】
【ထို့ကြောင့် ယဲ့ယန် သည် သင့်အား ပူလင်ဖေး နှင့် လက်ထပ်ရန် အကြံမပြုခဲ့ပါ။ သို့သော် သင်သည် အတင်းအကျပ်ဆိုပါက သူသည် သင့်အား မတားဆီးနိုင်တော့ပါ။】
【နောက်ဆုံးတွင် ယဲ့ယန် သည် သင့်အား လက်စားမချေရန် ဆက်လက်အကြံပေးခဲ့သည်။ နဂါးအလင်းဂိုဏ်း သည် အစွမ်းထက်ပြီး ၎င်းတို့ကို ယှဉ်ပြိုင်နိုင်သူ အနည်းငယ်သာ ရှိသည်။】
【သင်၏ဘဝကို ကောင်းမွန်စွာ နေထိုင်ပါ။】
【ပုန်းအောင်းရန် နေရာငယ်လေးတစ်ခု ရှာဖွေခြင်းက အကောင်းဆုံးဖြစ်သည်။ ကောင်းကင်ကာကွယ်ဆေးပြား နှင့်အတူ ပေါင်းစည်းခြင်းအဆင့် အောက်ရှိ ကျင့်ကြံသူများသည် သင့်ကာယ၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပါ။】
【မှတ်ဉာဏ်ကျောက်တုံးကို ကြည့်ပြီးနောက် သင်သည် ခါးသီးစွာ ငိုကြွေးပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။】
【ရက်အနည်းငယ်အကြာတွင် သင်သည် လျို့ဝှက်ကောင်းကင်ဘုံတောင်ကြား သို့ ထပ်မံပြန်သွားသည်။】
【သို့သော် ၎င်းသည် အပျက်အစီးများသာ ကျန်ရှိတော့ပြီး ဘာမှမရှိတော့ကြောင်း တွေ့ရှိရသည်။】
【သင်သည် ထိုအပျက်အစီးများထဲတွင် ငါးရက်လုံးလုံး ထိုင်နေခဲ့သည်။】
【မမျှော်လင့်ဘဲ သင်သည် ရွှေအူတိုင်အဆင့်သို့ ကံကောင်းစွာဖြင့် တိုးတက်လာခဲ့သည်။】
【နောက်ပိုင်းတွင် သင်သည် ကောင်းကင်သုခဂိုဏ်း သို့ ရောက်လာခဲ့သည်။】
【သင်သည် သင်၏ နတ်ဘုံယန်ကာယ အကြောင်းကို ဂိုဏ်းတပည့်များအား တည်ငြိမ်စွာ ပြောပြပြီး ကောင်းကင်သုခဂိုဏ်း ဂိုဏ်းချုပ်နှင့် တွေ့ဆုံခွင့် တောင်းဆိုခဲ့သည်။】
【အမျိုးသမီးတပည့်အများအပြားသည် သင့်အား အကြာကြီး စစ်ဆေးခဲ့ကြသော်လည်း မည်သည့်အရိပ်အယောင်မျှ မတွေ့ရှိခဲ့ကြပါ။ သို့သော်လည်း သူတို့သည် ပြန်လည်အစီရင်ခံရန် တစ်ဦးဦးကို စေလွှတ်ခဲ့သည်။】
【အဘယ်ကြောင့်ဆိုသော် နတ်ဘုံယန်ကာယသည် ကောင်းကင်သုခဂိုဏ်းမှ အမြင့်ဆုံးသော ကာယအဖြစ် သတ်မှတ်ခံရသောကြောင့် ဖြစ်သည်။】
【ပြီးတော့ ရွှေအူအဆင့် နတ်ဘုံယန်ကာယဟာ ပိုလို့တောင် ရှားပါးပါတယ်။】
【ဒီလို ကာယမျိုးနဲ့ဆိုရင် မွေးဖွားကတည်းက ပစ်မှတ်ထားခံရလိမ့်မယ်။ အခြေခံအဆင့်ကို ရောက်အောင် အသက်ရှင်နိုင်သူ နည်းပါးတယ်။】
【ရွှေအူအဆင့် နတ်ဘုံယန်ကာယလား။ သူတို့ တစ်ခါမှ မကြားဖူးဘူး။】
【မကြာခင်မှာ ကောင်းကင်သုခဂိုဏ်း ဂိုဏ်းချုပ် လန်ရှန်လန် က သင့်ကို ကိုယ်တိုင် လက်ခံတွေ့ဆုံခဲ့တယ်။】
【သူမသည် အလွန် ဆွဲဆောင်မှုရှိသော အမျိုးသမီးငယ်တစ်ဦးဖြစ်သည်။ သူမ၏ လှုပ်ရှားမှုတိုင်းသည် အမျိုးသားများအပေါ် ကြီးမားသော ဆွဲဆောင်မှုကို သယ်ဆောင်လာသည်။သူမ၏ ဖွင့်ထွားလွန်းသော ရင်သားများကို မပေါ်တပေါ်ဝတ်ထားသော အနီရောင်ဇာဝတ်ရုံက သင့်ကို နမ်းရှိုက်ရန် ဖိတ်ခေါ်နေသည်။ အထူးသဖြင့် သူမသုံးသော မွှေးရနံနှင့် အိစက်ဖြူဝင်းသော အသားရေသည် သင်၏ ခန္ဓာတကိုယ်နေရာကိုအထူးမာကျောနေစေသည်။】
【သင်သည် သူမ၏ ဆွဲဆောင်မှုများဖြင့် ထိန်းချုပ်မခံရစေရန် သင့်စိတ်ကို တည်ငြိမ်စေဖို့ သင့်ခွန်အားအားလုံးကို အသုံးပြုခဲ့ရသည်။】
【သင့်ကို မြင်သည်နှင့် လန်ရှန်လန်သည် တော်တော် စိတ်လှုပ်ရှားသွားသည်။】
【ပေါင်းစည်းခြင်းအဆင့် အစောပိုင်းတွင် ရှိနေသည့် သူမသည် သင့်ကို ဒဏ္ဍာရီလာ နတ်ဘုံယန်ကာယ အဖြစ် ချက်ချင်း သိခဲ့သည်။】
【သင်သည် မှော်လက်နက်တစ်ခုကို ထုတ်ယူပြီး သင့် ရွှေအူ ရှိရာနေရာတွင် ထားခဲ့သည်။】
【သင့်အား သူမ၏ ကျင့်ကြံမှုတွင် ကူညီမည်ဆိုပါက သူမသည် သင့်အား လက်စားချေရန် ကူညီရမည်ဟု လန်ရှန်လန် အား သင်ပြောခဲ့သည်။ မဟုတ်ပါက သင်သည် သူမရှေ့တွင် ကိုယ့်ကိုယ်ကို သတ်သေမည်။】
【လန်ရှန်လန် သည် အချိန်အကြာကြီး တွန့်ဆုတ်နေခဲ့သည်။】
【သူမသည် သင့်နောက်ခံကို မေးမြန်းခဲ့သည်။】
【သင်သည် လျို့ဝှက်ကောင်းကင်တောင်ကြား မှဖြစ်ပြီး ယဲ့ယန် သည် သင့်ဖခင်ဖြစ်ကြောင်း ကြားသိရသောအခါ သူမသည် အရာအားလုံးကို ချက်ချင်း နားလည်ခဲ့သည်။】
【သို့သော် လန်ရှန်လန် သည် သင့်တောင်းဆိုမှုကို ချက်ချင်း သဘောမတူခဲ့ပါ။ ယင်းအစား သူမသည် သင့်အား ကောင်းကင်သုခဂိုဏ်း တွင် ဦးစွာနေထိုင်ရန် တောင်းဆိုခဲ့သည်။】
【သူမသည် အချိန်အနည်းငယ် စဉ်းစားရန် လိုအပ်သည်၊ အဘယ်ကြောင့်ဆိုသော် နဂါးအလင်းဂိုဏ်း သည် အားမနည်းပါ။ ကောင်းကင်သုခဂိုဏ်း သည် ၎င်းတို့ကို ဖျက်ဆီးလိုလျှင်တောင် သိသိသာသာ အထိခိုက်အကျဆုံးများမည်။】
【သင်သည် လန်ရှန်လန် သည် အချိန်ဆွဲသည့် နည်းလမ်းသုံးနေခြင်း ဖြစ်နိုင်ကြောင်း သင့်စိတ်ထဲတွင် သိခဲ့သည်။ ထို့ကြောင့် သင်သည် တစုံတခုကိုဆုံး ဖြတ် ခဲ့သည်။】
【လတ်ဆတ်သော သွေးများသည် ခန်းမတစ်ခုလုံးသို့ ပန်းထွက်သွားသည်။】
【ဓားဖြင့် တစ်လက်မမျှသာ ထပ်တိုးလိုက်ပါက သင့်အတွက် အဆုံးသတ်ဖြစ်မည်- မည်သည့်နတ်ဆိုးမှ သင့်အား ကယ်တင်နိုင်မည် မဟုတ်တော့ပါ။】
【လန်ရှန်လန် အား သင်သည် စဉ်းစားရန် အချိန်သိပ်မရှိတော့ကြောင်း ပြောခဲ့သည်။】
【သူမ သဘောတူပါက သင် ပူးပေါင်းဆောင်ရွက်မည်။ မဟုတ်ပါက သင် ကိုယ့်ကိုယ်ကို သတ်သေမည်။】
【လန်ရှန်လန်သည် သင့်၏ ခိုင်မာသော သဘောထားကြောင့် ရှင်းရှင်းလင်းလင်း မှင်တက်သွားခဲ့သည်။】
【ထို့ကြောင့် သူမသည် ချက်ချင်း သဘောတူခဲ့သည်။】
【သင်သည် သူမနှင့် ပူးပေါင်းဆောင်ရွက်သရွေ့ သူမ ကပ်ကျော်အဆင့် သို့ ရောက်ရှိသည်နှင့် နဂါးအလင်းဂိုဏ်း ကို သဘာဝအတိုင်း ချေမှုန်းရန် ကူညီပေးမည်။】
*****
အခန်း ၂၆
【ထိုညတွင် သင်သည် အခန်းထဲတွင် တစ်ယောက်တည်း စောင့်ဆိုင်းနေခဲ့သည်။】
【**ကောင်းကင်သုခဂိုဏ်း** ၏ ဂိုဏ်းချုပ်မ လန်ရှန်လန် သည် အလွန်လှပသည်။】
【သို့သော် သင်သည် အနည်းငယ်မျှ ပျော်ရွှင်မှု မခံစားရပါ။ ဒီအချိန်မှာ သင့်စိတ်ထဲမှာ လက်စားချေဖို့သာ ရှိသည်။】
【မကြာမီ အခန်းတံခါး ပွင့်သွားသည်။】
【သို့သော် ဝင်လာသူမှာ လန်ရှန်လန် မဟုတ်ပါ။ ယင်းအစား မျက်နှာဖုံးစွပ်ထားသော ထူးဆန်းသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။】
【သူမ၏ ကိုယ်ခန္ဓာအချိုးစားပုံစံသည် လန်ရှန်လန် ထက်ပင် ပိုမိုလှပသည်။】
ယဲ့ယွီ ဒီမြင်ကွင်းကို တွေ့လိုက်ရတော့ သူ့မျက်နှာပေါ်မှာ ရှုပ်ထွေးတဲ့ အမူအရာ ပေါ်လာတယ်။
ဒါ ဘာကို ဆိုလိုတာလဲ။
လန်ရှန်လန် က ကျင့်ကြံသူကျင့်ဝတ်ကို မလိုက်နာဘူးလား။ အများနဲ့ တစ်ယောက် ဖြစ်ဖို့ ပြင်ဆင်နေတာလား။ သရီးစွမ်းခံရတော့မှာလား?
အဲဒါတော့ မဖြစ်ဘူး။ ဘယ်လိုပဲ ခံနိုင်ရည်ရှိတဲ့သူ ဖြစ်ပါစေ၊ အဲဒါကို မခံနိုင်ဘူး။ပုံမှန်ဆက်ဆံတာဆိုရင်နှစ်ယောက်သုံးယောက်လောက်ကတော့ သူ့လက်ထဲ ဆွေမျိုးမေ့သွားတဲ့အထိ ပြုစုပေးနိုင်ပေမဲ့ ဒါက နှစ်ကိုယ်တူကျင့်ကြံတာလေ။ သူ့ရဲ့ စိတ်ဝိဉာဉ်ချီတွေ ခြောက်ကပ်တဲ့အထိ စုပ်ယူခံရမှာ။
---
【သင်သည် သတိထားစွာ ထရပ်ပြီး လန်ရှန်လန် ဘယ်မှာလဲဟု မေးလိုက်သည်။】
【မျက်နှာဖုံးစွပ်အမျိုးသမီးက လန်ရှန်လန် သေဆုံးသွားပြီဖြစ်ကြောင်း၊ သူမ သတ်လိုက်ကြောင်း ပြောပြခဲ့သည်။】
【သူမသည် **ကောင်းကင်သုခဂိုဏ်း** ၏ ဂိုဏ်းချုပ်မ အသစ်ဖြစ်လာပြီး လန်ရှန်လန် နှင့် သင့်သဘောတူညီမှုကို ဆက်ခံခဲ့သည်။】
【သူမသည် **ကပ်ကျော်အဆင့်(ဘေးဒုက္ခကျော်ဖြတ်ခြင်းအဆင့်)** ကျင့်ကြံသူ ဖြစ်လာသည်နှင့် **နဂါးအလင်းဂိုဏ်း** ကို ကိုယ်တိုင် ချေမှုန်းမည်။】
【သူမသည် တာအိုကို တိုင်တည်၍ ကျိန်ဆိုမည်။】
【ပြီးတော့ အရေးကြီးဆုံးကတော့ သူမသည် အပျိုစင်ဖြစ်နေဆဲဖြစ်ပြီး မည်သူနှင့်မျှ နှစ်ကိုယ်တူကျင့်ကြံမှု မပြုလုပ်ဖူးသေးပါ။】
【တာအိုသည် လမ်းပေါင်းသုံးထောင်ကို လွှမ်းခြုံထားသည်၊ကျင့်ကြ့သူတိုင်း တစ်ခုကို ရွေးချယ်ပြီး လိုက်နာရမည်။ တာအိုကို တိုင်တည်၍ ကျိန်ဆိုခြင်းသည် ကျင့်ကြံသူတစ်ဦးအတွက် အရေးကြီးဆုံး ကတိကဝတ်ဖြစ်သည်။ ၎င်းကို မလိုက်နာပါက နတ်ဆိုးနှလုံးသွေးမိစ္ဆာ အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။】
【လန်ရှန်လန် သည် ထိုသို့သောစကားမျိုးကို ဘယ်သောအခါမျှ ပြောဝံ့ခဲ့ခြင်း မရှိပါ။】
【သင်သည် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။】
【ဟုတ်ပါတယ်၊ မည်သူနှင့်မျှ နှစ်ထပ်ကျင့်ကြံမှု မပြုလုပ်ဖူးသေးခြင်းသည်လည်း များစွာ ဆွဲဆောင်မှုရှိသည်။】
အပျိုအစစ်လေးဆိုတာနဲ့ ယဲ့ယွီသည် နဂိုက ယုန်သူငယ်လေးလို ကြောက်နေရာက စားတော့ဝါးတော့မည့် ကျားပြုံးပြုံးနေတော့သည်။
【ဒါကြောင့် သင်သည် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။】
ယဲ့ယွီ အပြုံးလေးတစ်ခု ပြလိုက်တယ်။
---
မမျှော်လင့်ဘဲ ဒီလို အပျိုစင်နတ်သမီးတစ်ပါးကို ရရှိမှုမျိုးတောင် ရှိနိုင်သေးတယ်။ လုံးဝ မဆိုးဘူး။
ဒါပေမယ့် သူ့ရှေ့က အမျိုးသမီးက အမြဲတမ်း မျက်နှာဖုံးစွပ်ထားတာကြောင့် သူ့မျက်နှာကို မမြင်နိုင်ဘူး။
ဒါက တော်တော် စိတ်ပျက်စရာပဲ။
သူမ တကယ် ဘယ်လို ပုံပန်းသဏ္ဍာန်လဲဆိုတာကို သူ တကယ် မြင်ချင်ခဲ့တာ။
ဒါပေမဲ့ ကိုယ်လုံးကိုယ်ထည်ကတော့ မိုက်လွန်းတယ်။ သေးကျင်တဲ့ ခါးလေးအောက်က စွင့်ကားလွန်းတဲ့ တင်ပါးတွေကိုသူ့မျက်လုံးက မလွှဲနိုင်ဘဲ ဖြစ်နေရသည်။
---
【ထို့နောက် သင့်ရှေ့တွင် ဤအမျိုးသမီးသည် တာအိုကို တိုင်တည်၍ ကျိန်ဆိုခဲ့သည်။】
【ကျိန်ဆိုစဉ် သူမ၏ အမည်ကို သင် ကြားလိုက်ရသည်- ယွမ်ဝူစိ 】
【ကျိန်ဆိုမှု ပြီးဆုံးသောအခါ သူမ၏ ဦးခေါင်းအပေါ်မှ အပြာရောင် အလင်းချည်မျှင်တစ်ခု ပျံထွက်လာပြီး တစ်ပတ်လည်ကာ ကောင်းကင်သို့ ပျံတက်သွားသည်။】
【၎င်းသည် ကျိန်ဆိုမှု ပြီးစီးကြောင်း၏ အမှတ်အသားဖြစ်သည်။】
【သင်သည် သင်၏ သတိထားမှုအချို့ကို လျှော့ချလိုက်သည်။】
【မည်သို့ပင် ကြည့်စေ၊ ယွမ်ဝူစိ သည် လန်ရှန်လန် ထက် အများကြီး ပိုမိုယုံကြည်စိတ်ချရပုံရသည်။】
【သို့သော် ယွမ်ဝူစိ ၏ စစ်မှန်သော မျက်နှာကို မြင်ခွင့်ပြုရန် သင် အဆိုပြုသောအခါ ငြင်းဆန်ခံရသည်။】
【ယွမ်ဝူစိက သူတို့နှစ်ဦးကြားတွင် ကိုယ်စီအကျိုးအတွက် ရောင်းဝယ်ဖောက်ကားမှု တစ်ခုသာ ဖြစ်သည်၊ သူမ၏ မျက်နှာကို မြင်ရခြင်းသည် မည်သည့်အတွက်မှ အကျိုးမရှိ ဟု သင့်ကို ပြောခဲ့သည်။】
【သင်သည် ဤပြောဆိုချက်ကို သဘောတူခဲ့သည်။】
【ထို့နောက် သင်သည် သူမ မျက်နှာဖုံးစွပ်သည်ဖြစ်စေ မစွပ်သည်ဖြစ်စေ ဆက်လက် မတောင်းဆိုတော့ပါ။】
【ထိုညတွင် သင်တို့ နှစ်ဦးသား စာလုံးရေးခြင်းကို အတူတကွ လေ့လာခဲ့ကြသည်။】
ယဲ့ယွီသည် အခွင့်ရေးရသည်နှင့် သူ့ရှေ့မှ နတ်သမီးလေးကို ကုတင်ပေါ်သို့ ပွေ့တင်ကာ သူမ၏ ဝတ်ရုံများကို လျင်မြန်စွာ ချွတ်နေရင်း ချစ်တင်းနှောရန် ကြိုးပမ်းတော့သည်။ သူ၏ လက်အစုံသည် ယွမ်ဝူစိ၏ တောင့်တင်းလှပသော ခန္ဓာကိုယ်ပေါ်တွင် ဆုပ်ကိုင်ပွတ်သပ်နေခဲ့ပြီးနောက် နှစ်ကိုယ်တူကျင့်ကြံမှုကို စတင်ခဲ့သည်။ အချိန်များစွာ ကြာပြီးနောက် ယွမ်ဝူစိ၏ လှပသော ကိုယ်လေးမှာ ကျားရဲကြီး တစ်ကောင်၏ စားသုံးမှုအောက်တွင် ကော့ပျံကာ နေသည်။ ယွမ်ဝူစိက သူ့ထံမှ ယန်စိတ်ဝိဉာဉ်ချီ ကို စုပ်ယူနေသကဲ့သို့ သူကလဲ အပျိုစင်လေးကို ညလုံးပေါက် သုံးဆောင်နေခဲ့သည်။ ယွမ်ဝူစိ၏ ညဉ်းတွားသံများမှာ သာယာလွန်းကာ ယဲ့ယွီကို ပိုမိုကြမ်းတမ်းစွာ ဆက်ဆံနေစေခဲ့သည်။
---------------
【အသက် ၅၀ တွင် သင်သည် **ဝိညာဉ်အစအဆင့်** အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး **နတ်ပြောင်းအဆင့်** မှ တစ်လှမ်းသာ လိုတော့သည်။】
【နှစ်ပေါင်းများစွာ နှစ်ကိုယ်တူကျင့်ကြံမှုသည် သင့်အား များစွာ အကျိုးပြုခဲ့သည်။】
【ယွမ်ဝူစိ သည် သင့်အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး သင့်အား အလွန်အမင်း ထိခိုက်စေမည့် နည်းပညာများကို မရွေးချယ်ခဲ့ပါ။ ယင်းအစား သင်တို့နှစ်ဦးလုံးကို အကျိုးပြုမည့် နည်းပညာများကို ရွေးချယ်ခဲ့သည်။】
【ဤအကျိုးသက်ရောက်မှုများသည် ပထမအမျိုးအစားထက် မမြန်သော်လည်း ယွမ်ဝူစိ က ဂရုမစိုက်ခဲ့ပါ။】
【နှစ်ပေါင်းများစွာ အဖော်ပြုလာခဲ့ရာ သင်သည် ယွမ်ဝူစိ အပေါ် မတူညီသော စိတ်ခံစားမှုမျိုး ဖြစ်ပေါ်လာခဲ့သည်။】
【သင်ပင်လျှင် နောင်တွင် **နဂါးအလင်းဂိုဏ်း** ကို ရှင်းပစ်ပြီးနောက် ယွမ်ဝူစိ နှင့်အတူ နေထိုင်ခြင်းသည်လည်း ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်လိမ့်မည်ဟု ခံစားခဲ့ရသည်။】
【အသက် ၁၁၀ တွင် သင်သည် **နတ်ပြောင်းအဆင့်**(နတ်ခန္ဓာကိုယ်) အလယ်အဆင့်သို့ ကြာမြင့်စွာကတည်းက ရောက်ရှိနေပြီဖြစ်သည်။】
【ပြီးတော့ ယွမ်ဝူစိ သည် တိတ်ဆိတ်စွာ ကျင့်ကြံပြီးနောက် **ကပ်ကျော်အဆင့်** ကို တရားဝင် ရည်မှန်းစတင်ခဲ့သည်။】
---
【သင်တို့ နှစ်ဦးစလုံး အစကတည်းက သဘောတူထားတဲ့ အရာတွေဟာ နောက်ဆုံးမှာ အလင်းရောင်ကို မြင်နေရပြီဆိုတာ သင် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေတယ်။】
【နောင်မှာ **နဂါးအလင်းဂိုဏ်း** ကို ချေမှုန်းမယ့် မြင်ကွင်းကိုတောင် သင် စိတ်ကူးယဉ်နေမိတယ်။】
【ရက်အနည်းငယ်အကြာတွင်။】
【ယွမ်ဝူစိ က သူ့ရဲ့ တိတ်ဆိတ်စွာ ကျင့်ကြံမှု မပြီးသေးပေမယ့် သင့်ဆီကို မက်ဆေ့ချ်တစ်ခု ရောက်လာတယ်။】
【**နဂါးအလင်းဂိုဏ်း** က ချေမှုန်းခံရပြီ၊ လုပ်ဆောင်သူက သင့်ရဲ့ အရင် စေ့စပ်ဖူးတဲ့ ပူလင်ဖေး ဖြစ်တယ်။】
【ဒီသတင်းကို ကြားတော့ သင် မယုံနိုင်လောက်အောင် ထူးဆန်းသလို ခံစားရတယ်။】
【ဘာလို့ သူမဖြစ်ရတာလဲ။】
【သူမ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။】
【ဒီနှစ်တွေအတွင်း ကျင့်ကြံခြင်းလောကမှာ သူမအကြောင်း ဘာသတင်းမှ မရှိဘူး။】
【ပူလင်ဖေး သေတာ ကြာပြီလို့တောင် သင် သံသယရှိခဲ့တယ်။】
【ဒါပေမယ့် သူမက တကယ်တမ်း သင့်အတွက် လက်စားချေပေးလိမ့်မယ်လို့ သင် တစ်ခါမှ မမျှော်လင့်ခဲ့ဘူး။】
【ဒါက သင့်စိတ်ထဲမှာ ကလေးဘဝ အမှတ်တရတွေကို တစ်ဖန် ပြန်လည်ယူဆောင်လာခဲ့တယ်။】
【အကြာကြီး စဉ်းစားပြီးနောက် သင်က အပြင်ထွက်ပြီး ပူလင်ဖေး ကို ရှာဖို့ ဆုံးဖြတ်လိုက်တယ်။】
【သူမကို ကိုယ်တိုင် ကျေးဇူးတင်ဖို့သာမက ငယ်ဘဝက စေ့စပ်ထားတာကိုလည်း ဖြည့်ဆည်းပေးဖို့ပဲ။】
【သင်က **ကောင်းကင်သုခဂိုဏ်း** တပည့်တွေကို အပြင်ထွက်ပြီး ပစ္စည်းအချို့ ဝယ်ဖို့ လိုတယ်လို့ လိမ်ညာခဲ့တယ်။】
【**ကောင်းကင်သုခဂိုဏ်း** တပည့်တွေက ဘာမှ မသင်္ကာမဖြစ်ခဲ့ဘူး။ သင်က ဒီမှာ ဆယ်စုနှစ်ပေါင်းများစွာ နေခဲ့တာပဲ။ ထွက်သွားချင်ရင် ကြာပြီ ထွက်သွားမှာပေါ့။ အခုမှ ဘယ်လိုလုပ် စောင့်နေနိုင်မှာလဲ။】
【ဒါပေမယ့် သူတို့ ဘယ်တော့မှ စိတ်ကူးမယဉ်နိုင်ခဲ့ဘူး…】
【အခုချိန်မှာ သင်က တကယ် ထွက်သွားဖို့ ရည်ရွယ်ထားတာကို။】
【ခြောက်လအကြာတွင်။】
【သင်က ကျင့်ကြံခြင်းလောကမှာ ပူလင်ဖေးအကြောင်း သတင်းအချက်အလက်တွေကို မမောမပန်း ရှာဖွေခဲ့ပေမယ့် အချည်းနှီးပဲ။】
【သူမက ခေတ္တခဏ ပေါ်လာသူတစ်ယောက်လိုပဲ။ **နဂါးအလင်းဂိုဏ်း** ကို ချေမှုန်းပြီးနောက် သူမက ထပ်ပြီး ပျောက်ကွယ်သွားသလိုပဲ။】
【လွန်ခဲ့တဲ့ နှစ်တွေတုန်းကလိုပဲ။】
【ဒါက သင့်ကို အလွန် စိတ်ပျက်အားငယ်စေခဲ့တယ်။ လင်းထိန်နေတဲ့ လရောင်ကို ကြည့်ရင်း သင့်မျက်လုံးတွေက ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေတယ်။】
---
【အခုတော့ သင့်ရဲ့ ကြီးမားတဲ့ လက်စားချေမှု ပြီးမြောက်သွားပြီ၊ ဒါပေမယ့် ပူလင်ဖေး ကို ရှာမတွေ့တော့ဘူး၊ ဒီကနေ ဘယ်ကို သွားရမလဲ။】
【မကြာခင်မှာ သင်က နားမလည်နိုင်တဲ့ ဖိအားတစ်ခုကို ခံစားရတယ်။】
【ယွမ်ဝူစိ က သင့်ဘေးမှာ ပေါ်လာတယ်။】
【အခုဆိုရင် သူမက **ကပ်ကျော်အဆင့်** ကို အောင်မြင်စွာ ဝင်ရောက်သွားပြီ။ သူမက နတ်သမီးတစ်ပါးလိုပဲ။】
【ယွမ်ဝူစိ က ဘာလို့ နှုတ်မဆက်ဘဲ ထွက်သွားတာလဲလို့ အေးစက်စွာ မေးလိုက်တယ်။】
【သင်က ပူလင်ဖေး အကြောင်း ရှင်းပြပြီး သူ့ကို ကိုယ်တိုင် ကျေးဇူးတင်ချင်တယ်လို့ ပြောခဲ့တယ်။】
【ယွမ်ဝူစိ က တိတ်ဆိတ်နေပြီး သင့်ကို အကြာကြီး ငြိမ်သက်စွာ စိုက်ကြည့်နေတယ်။】
【ပြီးတော့ သူမက ပူလင်ဖေး ကို ရှာဖွေတာက လွန်ခဲ့တဲ့ နှစ်တွေက စေ့စပ်ထားတာကို ဖြည့်ဆည်းဖို့လားလို့ စတင်မေးမြန်းခဲ့တယ်။】
【သင်က ယွမ်ဝူစိ ကို မလိမ်ချင်တာကြောင့် ခေါင်းညိတ်လိုက်တယ်။】
【ဒီအဖြေကို ကြားတာနဲ့ ယွမ်ဝူစိ က ကြယ်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ကောင်းကင်ကို အရှိန်အဟုန်နဲ့ ပျံတက်သွားတယ်။】
【အချိန်အနည်းငယ် ကြာပြီးနောက် သူ့အသံက အပေါ်ကနေ ထွက်လာတယ်။】
【သဘောတူညီချက် ပြီးဆုံးသွားပြီ၊ အခုကစပြီး ငါတို့ သူစိမ်းတွေပဲ။】
【နှုတ်ဆက်စကားလို အသံထွက်နေတဲ့ ဒီစကားတွေကို ကြားတော့ သင်က နည်းနည်း ဝမ်းနည်းသွားတယ်။】
---
ယဲ့ယွီ ခေါင်းကို အနည်းငယ် ခါလိုက်တယ်။
မိန်းမတွေက အမြဲတမ်း တစ်ခုပြောပြီး တစ်ခုဆိုလိုတာပဲ။(အပြောတခြားစိတ်ကတခြား)
ယွမ်ဝူစိ က တိုက်ရိုက် ထွက်သွားခဲ့ရင်တော့ ပုံမှန်ပါပဲ။
ဒါပေမယ့် အဲဒီစကားတွေကို ချန်ထားခဲ့တာက...
ယွမ်ဝူစိမှာ စိတ်ခံစားမှုအချို့ ရှိနေရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေတယ်။
မဟုတ်ရင် ဘာလို့ ဒီလို ပြန်လာပြီး အနှောင့်အယှက်ပေးမှာလဲ။
ဒါပေမယ့် သူတကယ် မကျေနပ်တာလေး တစ်ခုတော့ ရှိတယ်...
နှစ်ပေါင်းများစွာ နှစ်ထပ်ကျင့်ကြံခဲ့တာတောင် သူ ယွမ်ဝူစိ ရဲ့ တကယ့်မျက်နှာကို မမြင်ဖူးခဲ့ဘူး။
အဲဒါက အစိတ်ပျက်စရာ အကောင်းဆုံးအပိုင်းပဲ။
---
【အသက် ၁၃၀ တွင် ယွမ်ဝူစိ ၏ အကူအညီမရှိတော့သောကြောင့် သင့်ကျင့်ကြံမှု တိုးတက်မှု နှေးကွေးသွားသည်။】
【အခုချိန်ထိ သင်သည် **နတ်ပြောင်းအဆင့်** နောက်ဆုံးအဆင့်သို့ မကျော်ဖြတ်နိုင်သေးပါ။】
【သို့သော် သင် ဝမ်းမနည်းခဲ့ပါ၊ ဘာကြောင့်လဲဆိုတော့ ဒီနှစ်မှာ သင် နောက်ဆုံးတော့ ပူလင်ဖေး ကို တွေ့ခဲ့လို့ပဲ။】
【ကလေးဘဝကတည်းက စေ့စပ်ထားတဲ့ အမျိုးသမီး။】
【ပြန်လည်တွေ့ဆုံတဲ့အခါ သူမက အရင်ကလိုပဲ လှပပြီး ဆွဲဆောင်မှုရှိနေတာကို သင် တွေ့လိုက်ရတယ်။】
【ပြန်ဆုံပြီးနောက် သင်တို့နှစ်ဦး ချက်ချင်း ဖက်လိုက်ကြတယ်။】
【ပူလင်ဖေး က သင့်ကို ပြောခဲ့တယ်၊ အဲဒီတုန်းက သင်က မှာ အော်ဟစ်ပြီး အရာအားလုံးကို စွန့်လွှတ်ပြီး သူမကို လွတ်လွတ်လပ်လပ် နေထိုင်ဖို့ ခေါ်သွားမယ်လို့ ပြောခဲ့တုန်းက သူမက ဒီဘဝမှာ သင်မှလွဲ၍ တခြားဘယ်သူနဲ့မှ မလက်ထပ်ဘူးလို့ ဆုံးဖြတ်ခဲ့ပြီးသား။】