← Chapters

သိုင်းဘုရားကျောင်း....

Vol. 24 Ch. 364

သိုင်းဘုရားကျောင်း....

Vol. 24 Ch. 364

" စိတ်ဝိညာဉ်ကမ္ဘာမှာ ငါ့ရဲ့ နေထိုင်ချိန်က နှစ်ကိုးရာလောက်ကြာလိမ့်မယ်။ အချိန်ကွာခြားမှုအရဆို မူလကမ္ဘာမှည တစ်နှစ်၊ နှစ်နှစ်လောက်တော့ ကြာလိမ့်မယ်။ " လင်းယွမ်က တွက်ချက်လိုက်သည်။

" စတာပေါ့။ " လင်းယွမ်က တုံ့ဆိုင်းခြင်းမရှဘဲ အနန္တကမ္ဘာများ၏ ဂိတ်တံခါးနှင့် ဆက်သွယ်၍ စိတ်ဝိညာဉ်ကမ္ဘာ၏ ဆုံမှတ်များကို အသက်သွင်းလိုက်ပြီး သူ၏ စိတ်အသိက ဂိတ်တံခါးအတွင်းသို့ ဝင်ရောက်သွားသည်။

လင်းယွမ်က မူးဝေနေပြီး သတိပြန်လည်လာသောအချိန်တွင် ကုတင်တစ်ခုပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။

" လူတစ်ယောက်ပဲ။ " လင်းယွမ်က စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။

ယခင်ဆင်းသက်မှုအတွေ့အကြုံများအရ သူဆင်းသက်သည့် လက်ခံကောင်က လူသားတစ်ယောက်ဖြစ်ရန်မလိုအပ်ဘဲ အခြားမျိုးနွယ်များလည်း ဖြစ်နိုင်လေသည်။

အခြားသက်ရှိပုံစံများက မည်သည့်ပြဿနာမှ မရှိသော်လည်း လူသားခန္ဓာကိုယ်က လင်းယွမ်အား အကန့်အသတ်မဲ့ ဖြစ်နိုင်ချေများကို ပေးစွမ်းနိုင်လေသည်။ အကယ်၍ သူက အခြားမျိုးနွယ်များထဲသို့ ဝင်ရောက်သွားလျှင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုပင် ကျင့်ကြံနိုင်မည်မဟုတ်ပေ။

" ငါ့ရဲ့ လက်ရှိအခြေအနေက... " လင်းယွမ်က မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်များကို စစ်ဆေးကြည့်လိုက်သည်။

သူက စိတ်ဝိညာဉ်ကမ္ဘာသို့ အောင်မြင်စွာ ရောက်ရှိခဲ့ပြီး လက်ရှိ တုန်ယွင်ပြည်နယ် ရွှမ်ဝမ်နယ်မြေ ရှန်ယောင်မြို့တွင် ရှိနေသည်။

" တုန်ယွင်ပြည်နယ်၊ ရွှမ်ဝမ်နယ်မြေ။ " စိတ်ဝိညာဉ်ကမ္ဘာ၏ အခြေခံအချက်အလက်များက လင်းယွမ်၏ စိတ်ထဲတွင် ပေါ်လာသည်။

တာအိုအင်မော်တယ်ဂိုဏ်းမှ အချက်အလက်များအရ စိတ်ဝိညာဉ်ကမ္ဘာက ကျယ်ပြောလှပြီး တာအိုပြည်နယ်သုံးထောင်ရှိလေသည်။

တုန်ယွင်တာအိုပြည်နယ်က ထိုသုံးထောင်ထဲမှ တစ်ခုဖြစ်သည်။ တုန်ယွင်တာအိုပြည်နယ်က နယ်မြေနှစ်သောင်းကျော်ကို လွှမ်းမိုးထားပြီး ရွှမ်ဝမ်နယ်မြေက ၎င်းတို့အနက် တစ်ခုဖြစ်သည်။

" ရွှမ်ဝမ်နယ်မြေ " လင်းယွမ်က စဉ်းစားနေသည်။

သူမှတ်မိသလောက်ဆို တာအိုအင်မော်တယ်ဂိုဏ်းက ရွှမ်ဝမ်နယ်မြေတွင် တည်ရှိပြီး ထိုနယ်မြေရှိ အင်အားစုကြီးသုံးခုထဲမှ တစ်ခုဖြစ်သည်။

" ဒီလိုမျိုးစတင်ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ " လင်းယွမ်က တွေးလိုက်သည်။

ဤနေရာရှိ တာအိုအင်မော်တယ်ဂိုဏ်းက အင်မော်တယ်တာအိုကမ္ဘာမှ အစစ်အမှန်အင်မော်တယ်တစ်ယောက် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

" ရှန်ယောင်မြို့..." လင်းယွမ်၏ အမူအရာက ထူးဆန်းလာသည်။ မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်များအရ ရှန်ယောင်မြို့က အခြားနာမည်တစ်ခုလည်း ရှိနေသည်။

သိုင်းဘိုးဘေးမြို့။ သိုင်းဘိုးဘေးမြို့မှ ကျင့်ကြံသူအများစုက အင်မော်တယ်ကျင့်ကြံခြင်းစနစ်ကို မကျင့်ကြံကြဘဲ သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကိုသာ ကျင့်ကြံကြသည်။

" သိုင်းတာအိုလား။ " လင်းယွမ်က ထိုသိုင်းတာအိုမှာ သူ အင်မော်တယ်အိုကမ္ဘာတွင် ဖြန့်ကျက်ခဲ့သော သိုင်းတာအိုဖြစ်သည်မှာ သေချာသလောက်ပင် ဖြစ်သည်။

ယခင် ကန်ချင်းအင်မော်တယ်နှင့် ဆွေးနွေးမှုတွင် လင်းယွမ်က အင်မော်တယ်တာအိုကမ္ဘာမှ သိုင်းတာအိုကျင့်ကြံသူများ ဆဋ္ဌမအလွှာသို့ ရောက်ခဲ့လျှင် တက်လှမ်းခြင်းစင်မြင့်ကို အသုံးပြု၍ စိတ်ဝိညာဉ်ကမ္ဘာသို့ တက်လှမ်းနိုင်ကြောင်း သဘောတူခဲ့ကြသည်။ ယခု ကန်ချင်းအင်မော်တယ်က သူ၏ ကတိကို တည်ပုံရလေသည်။

"အနည်းဆုံး နှစ်ပေါင်းတစ်သိန်း နှစ်သိန်းတော့ ကြာသွားလောက်ပြီ။ " လင်းယွမ်က တွေးလိုက်၏။

သူက ခြောက်ကြိမ်မြောက် ဆင်းသက်ပြီးနောက် ခုနှစ်ကြိမ်မြောက်ကို ဆင်းသက်ခဲ့ပြီး မူလကမ္ဘာတွင်လည်း အချိန်အတော်ကြာ ကျင့်ကြံခဲ့သည်။ နှစ်သုံးဆယ်ထက် မကျော်ခဲ့သော်လည်း ကမ္ဘာနှစ်ခုကြား အချိန်စီးဆင်းမှု ကြီးမားစွာ ကွာခြားသောကြောင့် အင်မော်တယ်တာအိုကမ္ဘာတွင် နှစ်ပေါင်းသိန်းချီကုန်လွန်ခဲ့မည်မှာ အမှန်ပင်ဖြစ်သည်။

မဟုတ်လျှင် သိုင်တာအို၏ ဆဋ္ဌမအလွှာလည်း ထွက်ပေါ်လာမည်မဟုတ်သလို စိတ်ဝိညာဉ်ကမ္ဘာတွင် ရှန်ယောင်မြို့ကိုလည်း တည်ထောင်နိုင်မည်မဟုတ်ပေ။

" ရှန်ယောင်မြို့... သိုင်းဘိုးဘေးမြို့..." လင်းယွမ်၏ အမူအရာက ထူးဆန်းလာသည်။

သူ၏ ခြောက်ကြိမ်မြောက် ဆင်းသက်မှုတွင် သိုင်းတာအိုကို ဖြန့်ကျက်ခဲ့ပြီး သိုင်းတာအို၏ ဘိုးဘေးက ကျွင်းဝူကျိပင် ဖြစ်၏။ သူ၏ ခန့်မှန်းချက်အရ ရှန်ယောင်မြို့ကို ထိုအချိန်က သူသင်ကြားပေးခဲ့သော တပည့်အချို့က တည်ထောင်ထားခြင်း ဖြစ်နိုင်လေသည်။

" အဲ့ဒီမိတ်ဆွေဟောင်းတွေကို ပြန်တွေ့နိုင်ဦးမလားမသိဘူး။ " လင်းယွမ်၏ အတွေးများက ပျံ့လွင့်သွားသည်။ သူပြန်မလာမီ ပြုလုပ်ခဲ့သော အစီအစဉ်များအရ သူ၏ မိဘများနှင့် အကို၊ အမတို့က ဆဋ္ဌမအလွှာသို့ ရောက်ရန် မခက်ခဲပေ။ သူတို့လည်း စိတ်ဝိညာဉ်ကမ္ဘာသို့ တက်လှမ်းခဲ့ကြပေလိမ့်မည်။

သို့သော် ယခုအချိန်တွင် သူတို့အသက်ရှင်နေသေးလား မသိနိုင်ပေ။ ဆဋ္ဌမအလွှာနှင့် နှစ်ပေါင်းသိန်းချီ အသက်ရှင်နိုင်မည်မဟုတ်ပေ။

" ငါ့ရဲ့ လက်ရှိအဆင့်အတန်းက လင်းမိသားစုရဲ့ အကြီးဆုံး သခင်လေးပဲ။ လင်းမိသားစုက ရှန်ယောင်မြို့မှာ ကျော်ကြားတဲ့ မိသားစုတစ်ခုပဲ။ " လင်းယွမ်က ကုတင်ပေါ်မှ ထထိုင်ပြီး အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။

" ဒီလောက်များတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ..." လင်းယွမ်က အံ့ဩသွား၏။

ရှန်ယောင်မြို့အနီးတွင် စိတ်ဝိညာဉ်သွေးကြောမရှိပေ။ အကြောင်းမှာ မြို့အတွင်း သိုင်းတာအိုကျင့်ကြံသူများက အများစုကို လွှမ်းမိုးထားသောကြောင့် ဖြစ်သည်။ စိတ်ဝိညာဉ်သွေးကြောက အင်မော်တယ်ကျင့်ကြံခြင်းစနစ်ကို ကျင့်ကြံသူများအတွက်သာ မရှိမဖြစ် လိုအပ်လေသည်။

သို့တိုင်အောင် လင်းယွမ် ခံစားမိသော စိတ်ဝိညာဉ်စွမ်းအားက အင်မော်တယ်တာအိုကမ္ဘာမှ အကြီးဆုံး စိတ်ဝိညာဉ်သွေးကြောကို သိမ်းပိုက်ထားသည့် တာအိုအင်မော်တယ်ဂိုဏ်းအောက် နိမ့်ကျခြင်းမရှိပေ။

" ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ရှေးဟောင်းသူတော်စင်တွေအားလုံးက စိတ်ဝိညာဉ်ကမ္ဘာကို တက်လှမ်းချင်ကြတာ အံ့ဩစရာမရှိဘူး။ ကျင့်ကြံဖို့အတွက် ဒီလိုမျိုး ပတ်ဝန်းကျင် ရှိနေတယ်။ " လင်းယွမ်က ခေါင်းခါလိုက်၏။

၎င်းက ရှန်ယောင်မြို့လေးပင် ရှိသေးသည်။ ကျင့်ကြံခြင်း တော်ဝင်နယ်မြေများတွင် စိတ်ဝိညာဉ်စွမ်းအား ကြွယ်ဝမှုက ယခုနေရာထက် ပိုများဦးမည်ဖြစ်သည်။

၎င်းက အင်မော်တယ်တာအိုကမ္ဘာ၏ ဒဏ္ဍာရီများတွင်သာ တည်ရှိခဲ့သော အင်မော်တယ်ချီဟု ခေါ်သည့် ပိုမိုမြင့်မားသော စွမ်းအားအဖြစ် ပြောင်းလဲစပြုနေပေလိမ့်မည်။

" ဒီခန္ဓာကိုယ်ပိုင်ရှင်ကလည်း သိုင်းတာအိုကို ကျင့်ကြံနေတာလား။ " လင်းယွမ်က သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။

အင်မော်တယ်ကျင့်ကြံခြင်းစနစ်ကို ကျင့်ကြံရန် စိတ်ဝိညာဉ်အမြစ်ရှိရမည်ဖြစ်ပြီး ၎င်းက မပြောင်းလဲသော စည်းမျဉ်းဖြစ်သည်။ သို့သော် စိတ်ဝိညာဉ်ကမ္ဘာတွင်ပင် အများစုက စိတ်ဝိညာဉ်အမြစ်မရှိကြဘဲ ရှိသူများကလည်း အများစုက အရည်အသွေးနိမ့်ကြလေသည်။ သူတို့က ကျင့်ကြံနိုင်လျှင်တောင် အများဆုံး အခြေတည်အဆင့်တွင် ရပ်တန့်သွားကြပေလိမ့်မည်။

သိုင်းတာအိုက စိတ်ဝိညာဉ်အမြစ်နှင့် ပက်သက်၍ မည်သည့်လိုအပ်ချက်မှ မရှိပေ။ သွေးနှင့်ချီ ပြည့်ဝနေသရွေ့ ကျင့်ကြံနိုင်လေသည်။ ထိုအရာက စိတ်ဝိညာဉ်အမြစ်မရှိသော သာမန်လူများအတွက် မျှော်လင့်ချက်များ ရှိစေလေသည်။

အရည်အသွေးနိမ့်သော စိတ်ဝိညာဉ်အမြစ်ရှိသူများပင် သိုင်းတာအို၏ တိုးတက်မှုကို သိရသောအခါ သူတို့က သိုင်းတာအိုကို ပြောင်းလဲခဲ့ကြသည်။

သို့သော် ယနေ့ခေတ်အထိ သိုင်းတာအိုကျင့်ကြံခြင်းစနစ်က ရွှမ်ဝမ်နယ်မြေတွင်သာ ပျံ့နှံ့နေပြီး ပြင်ပတွင် သိရှိကြခြင်းမရှိသေးပေ။

၎င်းက ပုံမှန်သာ ဖြစ်၏။ သိုင်းတာအိုကျင့်ကြံခြင်းစနစ်က စိတ်ဝိညာဉ်အမြစ် မလိုအပ်သော်လည်း အမြင့်ဆုံး ကန့်သတ်ချက်က အင်မော်တယ်လမ်းစဉ်ထက် များစွာနိမ့်ကျလေသည်။

သဘာဝအားဖြင့် အလားအလာရှိသူများက အင်မော်တယ်လမ်းစဉ်ကို ဦးစွာ ရွေးချယ်ကြမည်ဖြစ်ပြီး အင်မော်တယ်လမ်းစဉ်တွင် မျှော်လင့်ချက်မရှိသူများသာ သိုင်းတာအိုလမ်းစဉ်ကို စဉ်းစားကြမည်ဖြစ်သည်။

" ငါ ပြန်မလာခင် သတ္တမအလွှာက်ု ချိုးဖျက်ဖို့ နည်းလမ်းဆယ့်နှစ်မျိုး ချန်ထားခဲ့တယ်။ အဲ့ဒီနည်းလမ်းတွေက မပြည်စုံသေးဘဲ အင်မော်တယ်လမ်းစဉ်ရဲ့ တာအိုပေါင်းစည်းခြင်းအဆင့်နဲ့ မယှဉ်နိုင်သေးဘူး။ " လင်းယွမ်က တွေးလိုက်သည်။

လက်ရှိ သူကျင့်ကြံထားသော သတ္တမအလွှာက မူလကမ္ဘာတွင် ဖန်တီးခဲ့ခြင်းဖြစ်ပြီး ပြည့်စုံသော သတ္တမအလွှာ ဖြစ်၏။ အင်မော်တယ်တာအိုကမ္ဘာတွင် ချန်ခဲ့သော နည်းလမ်းဆယ့်နှစ်မျိုးထက် များစွာ အစွမ်းထက်လေသည်။

ထိုသို့ဆိုလျှင်တောင် သတ္တမအလွှာက သိုင်းတာအိုလမ်းစဉ်၏ အမြင့်ဆုံးအဆင့်ဖြစ်ပြီး အကန့်အသတ်မရှိ အလားအလာရှိသော အင်မော်တယ်ကျင့်ကြံခြင်းစနစ်နှင့်ယှဉ်လျှင် နိမ့်ကျနေဆဲ ဖြစ်သည်။

" ရှန်ယောင်မြို့က တာအိုအင်မော်တယ်ဂိုဏ်းရဲ့ ကာကွယ်မှုအောက်မှာ ရှိတယ်။ မြို့ထဲမှာ အင်အားစုတွေ အများကြီးရှိပေမယ့် အင်အားအကြီးဆုံးက သိုင်းဘုရားကျောင်းပဲ။ " လင်းယွမ်က မျက်လုံးများ မှေးကျဉ်းသွားသည်။

သိုင်းဘုရားကျောင်က ရှန်ယောင်မြို့၏ မြင့်မြတ်သော နေရာတစ်ခုဖြစ်ပြီး သိုင်းဘိုးဘေးနှင့် သက်ဆိုင်သည်ဟု ဆိုကြသည်။ ရှန်ယောင်မြို့ကို တည်ထောင်ချိန်တွင် သိုင်းတာအို၏ သတ္တမအလွှာ ကျင့်ကြံသူများက သိုင်းဘုရားကျောင်းကို ပူးပေါင်းတည်ထောင်ပြီး သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ဖြန့်ကျက်ခဲ့ကြသည်။

သိုင်းဘုရားကျောင်းမှ သိုင်းတာအိုကျင့်ကြံသူများကို စဉ်ဆက်မပြတ် မွေးထုတ်ပေးခဲ့ခြင်းမရှိလျှင် သိုင်းတာအိုကျင့်ကြံခြင်းစနစ်က ယနေ့အထိ ဆက်လက်တည်ရှိနေမည်မဟုတ်ပေ။

" အခု ငါ ပထမဆုံးလုပ်ရမှာက ငါ့ရဲ့ ခွန်အားကို မြှင့်တင်ဖို့ပဲ။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းလိုက်သည်။

ယခုခန္ဓာကိုယ်က သိုင်းတာအိုကို ကျင့်ကြံထားသော်လည်း ဒုတိယအလွှာကို ရောက်ရန်မပြောနှင့် ပထမအလွှာကိုပင် ပြီးဆုံးခြင်းမရှိသေးပေ။

လင်းယွမ်က ခနကျင့်ကြံပြီး မူလခန္ဓာကိုယ်၏ ကျင့်ကြံမှုမှ အမှားအယွင်းများကို ပြင်ဆင်ပြီးနောက် အခန်းထဲမှ ထွက်လာသည်။

သိုင်းတာအိုက အင်မော်တယ်လမ်းစဉ်ကဲ့သို့ စိတ်ဝိညာဉ်စွမ်းအားကို မရှိမဖြစ် မလိုအပ်သော်လည်း သိုင်းတာအိုကိုကျင့်ကြံရန်အတွက် အရင်းအမြစ်များ မလိုအပ်သည်တော့မဟုတ်ပေ။

အမှန်တွင် သိုင်းတာအိုကို ကျင့်ကြံခြင်းက အရင်းအမြစ်များစွာ လိုအပ်လေသည်။ အထူးသဖြင့် ဆဋ္ဌမအလွှာ အထွတ်အထိပ်တွင် အတွင်းကမ္ဘာကို ဖွင့်လှစ်ရန် တောင်လိုပုံသော အရင်းအမြစ်များကို လိုအပ်လေသည်။

All Chapters