← Chapters

နေထိုင်ချိန် နှစ်ပေါင်း ၉၂၀....

Vol. 24 Ch. 365

နေထိုင်ချိန် နှစ်ပေါင်း ၉၂၀....

Vol. 24 Ch. 365

ဆဋ္ဌမအလွှာ အထွတ်အထိပ်တွင် အတွင်းကမ္ဘာကို ဖွင့်လှစ်ပြီး ပြီးပြည့်စုံသော လမ်းကြောင်းတစ်ခုကို ဖန်တီးခဲ့သောကြောင့် စိတ်ဝိညာဉ်ကမ္ဘာတွင် ရှိနေသော သိုင်းတာအိုကျင့်ကြံခြင်းစနစ်က သတ္တမအလွှာတွင် ရပ်တန့်ခဲ့ရသည်။ လင်းယွမ်၏ ပံ့ပိုးမှုများမရှိဘဲ ဆက်လက်ရပ်တည်နိုင်ခြင်းကပင် ကံကောင်းနေပြီဖြစ်သည်။

လင်းယွမ်က အခန်းထဲမှ ထွက်လာသည်နှင့် မိန်းကလေးတစ်ယောက်က လျင်မြန်စွာ ရောက်လာသည်။

" သခင်လေး နိုးလာပြီလား။ " ထိုမိန်းကလေးက အခြေတည်အဆင့် ခွန်အားရှိပြီး လင်းမိသားစုက ငယ်စဉ်ကတည်းက လေ့ကျင့်ပေးထားခြင်းဖြစ်သည်။

ရှန်ယောင်မြို့တွင် အမြစ်တွယ်နေသော လင်းမိသားစုကဲ့သို့ မိသားစုများပင် အင်မော်တယ်ကျင့်ကြံခြင်းစနစ်ကို ပို၍ နှစ်သက်ကြလေသည်။

မကြာခင် လင်းယွမ်၏ မိဘများ ရောက်လာသည်။

" ချန်အာ သားအဆင်ပြေရဲ့လား။ " လှပသော အမျိုးသမီးက ရောက်လာပြီး လင်းယွမ်ကို သေချာစစ်ဆေးလိုက်သည်။ " အခုဘယ်လိုခံစားရလဲ။ "

" မဆိုးပါဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

မှတ်ဉာဏ်များအရ မူလခန္ဓာကိုယ်က သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို အလွန်နှစ်သက်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် အလျင်လိုစိတ်ကြောင့် ကျင့်စဉ်ဖောက်ပြန်သွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လင်းယွမ်၏ စိတ်အသိက ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

" ချန်အာ သားမှာ စိတ်ဝိညာဉ်အမြစ်ရှိတယ်။ သုံးဆ စိတ်ဝိညာဉ်အမြစ်ဆိုပေမယ့် အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံလို့ရတယ်။ ဘာလို့ သိုင်းတာအိုကိုပဲ ဆုပ်ကိုင်ထားရတာလဲ။ "

မူလခန္ဓာကိုယ်၏ ဖခင်က လင်းကျန်းပင်းဖြစ်ပြီး မိသားစု၏ ခေါင်းဆောင်ဖြစ်သကဲ့သို့ လူအများ၏ လေးစားခြင်းကို ခံရသူဖြစ်သည်။

ရှန်ယောင်မြို့တွင် လင်းမိသားစု၏ စီးပွားရေးခွဲများ ဆယ်ခုကျော်ရှိပြီး လင်းကျန်းပင်းက အင်မော်တယ်ကျင့်ကြံခြင်းစနစ်၏ အကျိုးကျေးဇူးများက သိုင်းတာအိုကျင့်ကြံခြင်းစနစ်ထက် သာလွန်သည်ကို သိနေသည်။

ရွှမ်ဝမ်နယ်မြေ၏ အပြင်ဘက် တာအိုပြည်နယ်သုံးထောင်ထဲတွင် ထိပ်ဆုံးတွင် ရပ်တည်နေသည်က အင်မော်တယ်ကျင့်ကြံခြင်းစနစ်ကို ကျင့်ကြံသူများသာ ဖြစ်သည်။

လင်းကျန်းပင်းက သူ၏ သားအပေါ် ကြီးမားသော မျှော်လင့်ချက်မထားလျှင်တောင် အနည်းဆုံးတော့ သိုင်းတာအိုကြောင့် ဒုက္ခရောက်တာမျိုးကို မလိုချင်ခဲ့ပေ။

သိုင်းတာအိုကို ကျင့်ကြံရန်အတွက် ခန္ဓာကိုယ်ကို သန့်စင်ရန် လိုအပ်ပြီး ခံစားရသော ဝေဒနါက အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံခြင်းထက် ပိုများလေသည်။

" ကျွန်တော် သိုင်းတာအိုကို သဘောကျတယ်။ " လင်းယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ၎င်းက မူလခန္ဓာကိုယ်ပိုင်ရှင်၏ အတွေးလည်း ဖြစ်သည်။

ယခု လင်းယွမ်၏ စိတ်အသိက ဆင်းသက်လာပြီဖြစ်သောကြောင့် သိုင်းတာအိုကို ကျင့်ကြံရန် ပြဿနာမရှိတော့ပေ။

" သားက သိုင်းတာအိုကို သဘောကျတာလား။ " လင်းကျန်းပင်းက အနည်းငယ် စိုးရိမ်နေသည်။

သူ၏ သားက အဖက်ဖက်တွင် တော်ပြီး ကလေးဘဝထဲက အလွန်သတိကြီးခဲ့သော်လည်း ခေါင်းမာလွန်းလှသည်။ သူက တစ်ခုခုကို ဆုံးဖြတ်ပြီးလျှင် ဘယ်သူမှပြောင်းလဲ၍ မရပေ။

သိုင်းတာအိုကျင့်ကြံသူအများစုက စိတ်ဝိညာဉ်အမြစ်မရှိခြင်း သို့မဟုတ် စိတ်ဝိညာဉ်အမြစ်၏ အရည််အသွေး နိမ့်ကျသောကြောင့် သိုင်းတာအိုကို ရွေးချယ်စရာမရှိဘဲ ရွေးချယ်ခဲ့ပြသည်။

သို့သော် လင်းယွမ်၏ သုံးဆ စိတ်ဝိညာဉ်အမြစ်က အားကောင်းခြင်းမရှိသော်လည်း အားနည်းသည်ဟုတော့ ပြော၍မရပေ။ ကံကောင်းလျှင် ရွှေအမြုတေအဆင့်ကို ရောက်နိုင်လေသည်။

" အာတုန် " လင်းကျန်းပင်းက ပြောလိုက်သည်နှင့် ရုတ်တရက် အရိပ်ထဲမှ ပုံရိပ်တစ်ခုပေါ်လာသည်။

" ရာစုနှစ် ထောင်စုနှစ် သက်တမ်းရှိတဲ့ သွေးဝိညာဉ်မှို၊ ကျောက်စိမ်းဂျင်ဆင်းနဲ့ အခြားစိတ်ဝိညာဉ်ဆေးပင်တွေကို ဆိုင်ခွဲတွေကနေ သွားယူပြီး ချန်အာ ကျင့်ကြံဖို့ ပေးလိုက်ပါ။ "

သိုင်းတာအိုကျင့်ကြံခြင်း၏ အစောပိုင်းအဆင့်များတွင် ခန္ဓာကိုယ်နှင့်သွေးကို အဓိကအာရုံစိုက်ပြီး ပြင်ပအရင်းအမြစ်များကို အသုံးပြုနိုင်လေသည်။

" ဟုတ်ကဲ့ " အာတုန်က ခေါင်းညိမ့်လိုက်သည်။

" အာတုန် " လင်းယွမ်က လင်းကျန်းပင်း၏ နောက်မှ ရပ်နေသော ပုံရိပ်ကို ကြည့်လိုက်သည်။

" သိုင်းတာအိုရဲ့ တတိယအလွှာလား။ " လင်းယွမ်က တွေးလိုက်သည်။

ရှန်ယောင်မြို့တွင် သိုင်းတာအိုကျင့်ကြံသူအရေအတွက်က အများဆုံး ဖြစ်သည်။ လင်းကျန်းပင်းက သူ၏ သားကို သိုင်းတာအိုကျင့်ကြံခြင်းမှ တားဆီးချင်သော်လည်း အင်မော်တယ်လမ်းစဉ်နှင့် နှိုင်းယှဉ်လျှင် သိုင်းတာအိုကျင့်ကြံခြင်းစနစ်က ရွှမ်ဝမ်နယ်မြေတွင် အရေးပါသော လွှမ်းမိုးမှု ရှိနေဆဲ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန်အင်မော်တယ်များနှင့် တန်းတူဟု သတ်မှတ်နိုင်သော သတ္တမအလွှာများ ထွက်ပေါ်လာခဲ့ဖူးလေသည်။

" ချန်အာ သား သိုင်းတာအိုကို သေချာလေ့လာပါ။ အဖေ နောက်ရက်အနည်းငယ်အတွင်း သားအတွက် ဆရာတစ်ယောက်ရှာပေးမယ်။ " လင်းကျန်းပင်းက လင်းယွမ်၏ ပခုံးကို ပုတ်ပြီး သူ၏ ဇနီး ရှန်ကျန်းနှင့်အတူ ထွက်ခွာသွားသည်။

" ဆရာတစ်ယောက် ရှာပေးမယ်။ " လင်းယွမ်က အနည်းငယ် စဉ်းစားပြီး မငြင်းပယ်ရန် ဆုံးဖြတ်လိုက်သည်။

ယခင် သူက အလွန်ကျင့်ကြံခဲ့သောကြောင့် သတိမေ့သွားဖူးပြီး ထပ်ပြီး ငြင်းဆန်ခဲ့လျှင် သူ၏ မိဘများကို စိတ်ပူစေပေလိမ့်မည်။

လင်းကျန်းပင်းနှင့် ရှန်ကျန်းတို့က ခန်းမထဲသို့ ရောက်လာကြသည်။

" ချန်အာအတွက် ဘယ်လိုဆရာမျိုး ရှာပေးဖို့ စီစဉ်ထားလဲ။ " ရှန်ကျန်းက မေးလိုက်သည်။

ရှန်ယောင်မြို့တွင် သိုင်းတာအိုကျင့်ကြံသူများက ရေထဲမှ ငါးများကဲ့သို့ ပေါများသော်လည်း အစစ်အမှန် သိုင်းတာအိုကျင့်ကြံသူများက ရှားပါးပြီး စတုတ္ထအလွှာနှင့် အထက်များက လက်ချိုးရေလို့ရပေသည်။

" ငါ လင်းကျန်းပင်းရဲ့သားက သိုင်းတာအိုကို ကျင့်ကြံမယ်ဆိုရင် အကောင်းဆုံးတွေပဲ ရရမယ်။ " လင်းကျန်းပင်းက ပြောလိုက်သည်။ " ချန်အာကို သိုင်းဘုရားကျောင်းကို ပို့ပြီး သိုင်းဘိုးဘေးရဲ့ နတ်အလင်းကို ခံစားခွင့် ရအောင် လုပ်ပေးဖို့ စဉ်းစားထားတယ်။ "

" သိုင်းဘိုးဘေးရဲ့ နတ်အလင်း..." ရှန်ကျန်းက မှင်သက်သွား၏။ " ကောင်းပြီ အဘိုးကြီးလင်း ရှင် အဲ့ဒီလောက် အကုန်ကျခံနိုင်လို့လား။ "

ရှန်ယောင်မြို့တွင် သိုင်းတာအိုကျင့်ကြံသူများ အများဆုံး စုစည်းရာနေရာက သိုင်းဘုရားကျောင်းဖြစ်သည်မှာ သံသယဝင်စရာပင် မလိုပေ။

သိုင်းတာအိုကျင့်ကြံသူများအတွက် အခြေခံအုတ်မြစ်အနေဖြင့် သိုင်းဘုရားကျောင်းကို တည်ထောင်ခဲ့သော သတ္တမအလွှာ ကျင့်ကြံသူများက သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ အမွေအနှစ်ကို ဆက်လက်တည်တံ့စေရန်အတွက် နတ်အလင်းများကို ချန်ထားခဲ့ကြသည်။

ထိုနတ်အလင်းများက သတ္တမအလွှာ သိုင်းတာအိုကျင့်ကြံသူများ နားလည်ထားသော သိုင်းတာအို၏ အနှစ်သာရများ ပါဝင်ပြီး နက်နဲဆန်းကြယ်သော သိုင်းဘိုးဘေးနှင့်လည်း ဆက်စပ်နေသည်။ ထို့ကြောင့် သိုင်းဘိုးဘေး၏ နတ်အလင်းဟု ခေါ်ဆိုကြခြင်းဖြစ်၏။

သိုင်းဘိုးဘေး၏ နတ်အလင်းတွင် ရည်ရွယ်ချက်နှစ်ခု ရှိလေသည်။ ပထမတစ်ခုမှာ သိုင်းတာအိုကျင့်ကြံသူများ နားလည်ထားသော သိုင်းတာအို၏ အနှစ်သာရများကို အနီးကပ်ခံစားခွင့်ပေးရန်ဖြစ်သည်။ ဒုတိယအချက်မှာ ကာယကံရှင်က သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ မည်သည့်အပိုင်းကို ကျွမ်းကျင်လဲဆိုတာ ဆုံးဖြတ်နိုင်ရန် ဖြစ်သည်။

အထူးသဖြင့် ပထမရည်ရွယ်ချက်မှာ သတ္တမအလွှာ သိုင်းတာအိုကျင့်ကြံသူများ၏ လမ်းညွှန်မှုကို သွယ်ဝိုက်သောနည်းဖြင့် ရရှိခြင်းဖြစ်သည်။

သိုင်းတာအို၏ သတ္တမအလွှာ ကျင့်ကြံသူများက တာအိုပေါင်းစည်းခြင်း အစစ်အမှန်အင်မော်တယ်များနှင့် ပခုံးချင်းယှဉ်ပြီး ရွှမ်ဝမ်နယ်မြေတွင် အရေးပါသော ပုဂ္ဂိုလ်များအဖြစ် ရပ်တည်နေကြသည်။ သူတို့က အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံသည်ဖြစ်စေ မကျင့်ကြံသည်ဖြစ်စေ အတူတူပင် ဖြစ်သည်။

သိုင်းဘုရားကျောင်းသို့ ဝင်ရောက်ရန်နှင့် သိုင်းဘိုးဘေး၏ နတ်အလင်းကို ခံစားနိုင်ရန် အံ့ဩဖွယ် အရည်အချင်းများ လိုအပ်ပြီး မဟုတ်လျှင် အနောက်တံခါးကို ရှာဖွေရပေလိမ့်မည်။

အနောက်တံခါးမှာ ထူးခြားသော သိုင်းတာအို အရည်အချင်းရှိသူတစ်ယောက်နောက်မှ လိုက်ပြီး ကုန်ကျစရိတ်အချို့ ပေးဆပ်ပြီး သိုင်းဘိုးဘေး၏ နတ်အလင်းကို ခံစားခြင်းဖြစ်သည်။ အခြားသူများ ချန်ထားသော သိုင်းဘိုးဘေး၏ နတ်အလင်းကို ခံစားရန်အတွက် ဖြစ်၏။

လင်းယွမ်က သိုင်းဘိုးဘေး၏ နတ်အလင်းကို ခံစားနိုင်ရန် လင်းမိသားစုက စည်းစိမ်ဥစ္စာအချို့ ကုန်ကျပေလိမ့်မည်။ လင်းမိသားစုက ရှန်ယောင်မြို့တွင် နှစ်များစွာ အခြေကျနေထိုင်ခဲ့သော မိသားစုဖြစ်ပြီး အခြားအင်အားစုများဆိုလျှင် အနောက်တံခါးကို ရှာဖွေရန်ပင် ခက်ခဲပေလိမ့်မည်။

နာမည် - လင်းချန် (လင်းယွမ်)။

အဆင့်အတန်း - အနန္တကမ္ဘာများ၏ ဂိတ်တံခါး အရှင်သခင်။

အရည်အချင်း - ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်း။

နတ်စွမ်းရည် - သွေးပြန်လည်မွေးဖွားခြင်း။

လက်ရှိအခြေအနေ - စိတ်အသိဆင်းသက်ခြင်း။

နေထိုင်ချိန် - ၉၂၀နှစ်။

အခန်းထဲတွင် လင်းယွမ်က သူ၏ အချက်အလက်များကို ကြည့်လိုက်သည်။

" ဒီတစ်ခေါက်နေထိုင်ချိန်က နှစ်ပေါင်း ၉၂၀ လား။ " လင်းယွမ်က စိတ်ထဲတွင် ကျေနပ်သွား၏။ ထိုအချိန်က သိုင်းတာအို၏ အဋ္ဌမအလွှာကို တည်ထောင်ရန် လုံလောက်ပေသည်။

" အခုငါက အားနည်းနေသေးတယ်။ အဋ္ဌမအလွှာထိ ပြန်ရောက်ဖို့က အရင်းအမြစ်တွေ အများကြီး လိုလိမ့်မယ်။ " လင်းယွမ်က နှစ်ငါးရာ သက်တမ်းရှိသော သွေးဝိညာဉ်မှိုကို တစ်ဝက်ချိုးပြီး မျိုချလိုက်ရာ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်လာသည်။

" ပထမအလွှာကနေ ဆဋ္ဌမအလွှာထိက စိတ်ပူစရာမလိုပေမယ့် ဆဋ္ဌမအလွှာ အထွတ်အထိပ်နဲ့ သတ္တမအလွှာက... အတွင်းကမ္ဘာတစ်ခုကို ဖန်တီးဖို့ဆို ငါ အရင်းအမြစ်တွေ တော်တော် လိုလိမ့်မယ်။ "

မူလကမ္ဘာတွင် လင်းယွမ်က သူ၏ အတွင်းကမ္ဘာကို ဖန်တီးနိုင်ရန် အနီရောင်စိတ်ဝိညာဉ်အရည်များစွာကို အသုံးပြုခဲ့ရသည်။

" ထားလိုက်တော့။ တစ်ဆင့်ချင်းစီသွားမယ်။ " လင်းယွမ်က ကျင့်ကြံခြင်းကို စတင်လိုက်သည်။

ရက်အနည်းငယ် ကြာပြီးနောက် လင်းယွမ်က ကျင့်ကြံနေချိန်တွင် သူ၏ မိခင်ရှန်ကျန်းက သူ့ကို အခန်းထဲမှ ခေါ်ထုတ်လာခဲ့သည်။

" ချန်အာ အမေ သားကို နေရာကောင်းတစ်ခုကိုခေါ်သွားပေးမယ်။ " ရှန်ကျန်းက လျို့ဝှက်စွာ ပြောလိုက်သည်။

" နေရာကောင်းတစ်ခု..." လင်းယွမ်က စိတ်ထဲမှ ကူကယ်ရာမဲ့သွား၏။

All Chapters