← Chapters

သိုင်းဘိုးဘေး၏ နတ်အလင်း....

Vol. 24 Ch. 366

သိုင်းဘိုးဘေး၏ နတ်အလင်း....

Vol. 24 Ch. 366

လင်းယွမ်နှင့် ရှန်ကျန်းတို့ အပြင်သို့ ရောက်သောအခါ လင်းကျန်းပင်းက ကြိုတင်စောင့်ဆိုင်းနေခဲ့သည်။

" ငါတို့ သိုင်းဘုရားကျောင်းသွားကြမယ်။ " လင်းကျန်းပင်းက လေးနက်သော အမူအရာနှင့် ပြောလိုက်သည်။ " ချန်အာ သားအဲ့ဒီကို ရောက်ရင် ဘာပြဿနာမှ မဖြစ်စေနဲ့နော်။ "

သိုင်းတာအိုကျင့်ကြံခြင်းစနစ်က အင်မော်တယ်ကျင့်ကြံခြင်းစနစ်ထက် နိမ့်ကျသော်လည်း ရှန်ယောင်မြို့တွင် သိုင်းဘုရားကျောင်းက အရာရာကို ထိန်းချုပ်ပြီး အမိန့်ပေးနိုင်လေသည်။

ရွှမ်ဝမ်နယ်မြေကို ကြည့်လျှင်တောင် သိုင်းဘုရားကျောင်းက တာအိုအင်မော်တယ်ဂိုဏ်း၏ အောက်မှ အင်အားအကြီးဆုံးအဖွဲ့အစည်းများထဲမှ တစ်ခု ဖြစ်ပြီး သတ္တမအလွှာ သိုင်းတာအို ကျင့်ကြံသူများက တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန်အင်မော်တယ်များအောက် နိမ့်ကျခြင်းမရှိကြပေ။

" သိုင်းဘုရားကျောင်း။ " လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားသွား၏။ သိုင်းဘုရားကျောင်းက ယခင် သူခေါ်ယူခဲ့သော လီချင်းနှင့် အခြားတပည့်များက တည်ထောင်ထားခြင်းဖြစ်လိမ့်မည်ဟု သူက တွေးနေခဲ့သည်။

ရှန်ယောင်မြို့၏ အလယ်တွင် ရှန်ယောင်တောင်က မြင့်မားစွာ တည်ရှိနေသည်။ ထိုနေရာက သိုင်းဘုရားကျောင်း တည်ရှိရာနေရာဖြစ်ပြီး ရှန်ယောင်မြို့တစ်မြို့လုံး၏ နှလုံးသား ဖြစ်သည်။

သိုင်းဘုရားကျောင်းကို တည်ထောင်ခဲ့သော သတ္တမအလွှာ သိုင်းတာအိုကျင့်ကြံသူများက တာအိုအင်မော်တယ်ဂိုဏ်းအတွက် မကြာခဏ စစ်ပွဲများ ဆင်နွှဲနေကြပြီး သိုင်းဘုရားကျောင်းတွင် အသန်မာဆုံးသူများက ဆဋ္ဌမအလွှာတွင် ရှိလျှင်တောင် ရှန်ယောင်မြို့ကို လွှမ်းမိုးရန် လုံလောက်လေသည်။

ရွှမ်ဝမ်နယ်မြေ၏ မြို့ပေါင်းထောင်သောင်းချီတွင် ရှန်ယောင်မြို့က ထိပ်ဆုံး တစ်ရာထဲတွင် ပါဝင်လေသည်။ ၎င်းမှာ သိုင်းဘုရားကျောင်း၏ တည်ရှိမှုကြောင့် ဖြစ်သည်။

ထိုအချိန်တွင် လင်းယွမ်နှင့် အခြားသူများက သိုင်းဘုရားကျောင်းသို့ ရောက်ရှိလာကြသည်။

" အကြီးအကဲ ကျွန်တော်သားက သိုင်းဘိုးဘေးရဲ့ နတ်အလင်းကို ခံစားကြည့်ချင်ပါတယ်။ " လင်းကျန်းပင်းက တိုကင်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုတိုကင်က ကြေးနီရောင်ရှိပြီး အပေါ်တွင် သိုင်းဟူသော စာလုံးကို ရေးထွင်းထားသည်။

" ဝင်သွားပါ။ " ရှန်ယောင်တောင်၏ ဂိတ်စောင့်များပ တိုကင်ကို စစ်ဆေးပြီးနောက် မဟာမှော်အင်းကွက်ကို ဖွင့်ပေးလိုက်သည်။

၎င်းကို မြင်သောအခါ လင်းကျန်းပင်းက သူတို့ကို ထပ်မံကျေးဇူးတင်ပြီး လင်းယွမ်နှင့် ရှန်ကျန်းတို့ကို ခေါ်ပြီး အထဲသို့ ဝင်သွားသည်။

" သူများအားကိုနဲ့ ဝင်လာတဲ့ နောက်တစ်ယောက်ပဲ။ " လင်းကျန်းပင်းတို့ပျောက်ကွယ်သွားပြီးနောက် အစောင့်များက လှောင်ပြောလိုက်ကြသည်။

သိုင်းဘုရားကျောင်းကို တည်ထောင်ပြီးနောက် သိုင်းဘိုးဘေး၏ နတ်အလင်းကို ခံစားရန် လူများစွာ ရောက်လာခဲ့သည်။ ထိုလူများထဲတွင် အနည်းငယ်ကသာ သူတို့၏ အရည်အချင်းကြောင့် သိုင်းဘုရားကျောင်း၏ ဖိတ်ခေါ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ သို့သော် အများစုကတော့ အခြားသူများကို အားကိုးပြီး ရောက်လာကြခြင်းဖြစ်သည်။

သိုင်းဘုရားကျောင်း၏ အဆင့်မြင့်ပုဂ္ဂိုလ်များက ၎င်းကို ဝင်မစွက်ဖက်ကြပေ။ ပထမအချက်မှာ သိုင်းဘုရားကျောင်း၏ ဝင်ငွေကို အထောက်အကူပြုပြီး နောက်တစ်ချက်မှာ သူတို့အတွက် ဘာသက်ရောက်မှုမှ မရှိသောကြောင့် ဖြစ်သည်။

သိုင်းဘိုးဘေး၏ အလင်းကို ထုတ်လွှတ်သည်နှင့် အရည်အချင်းရှိသူများက ဦးစွာခံစားရပြီး သူတို့ပြီးမှ ကျန်သူများအလှည့်ကျလေသည်။

" အဆက်အသွယ်ရှိတာကလည်း အဆက်အသွယ်ကို အသုံးပြုနိုင်ဖို့လိုတယ်။ " နောက်ထပ်အစောင့်တစ်ယောက်က သက်ပြင်းချလိုက်သည်။

" သိုင်းဘိုးဘေးရဲ့ နတ်အလင်း အစစ်အမှန်အင်မော်တယ်တွေနဲ့ အဆင့်တူတဲ့ သိုင်းတာအိုကျင့်ကြံသူတစ်ယောက်ရဲ့ လမ်းညွှန်မှုကို မင်းရော မလိုချင်ဘူးလား။ " အစောင့်က ခေါင်းခါပြီးပြောလိုက်သည်။

" ဒါပေါ့ ငါလိုချင်တာပေါ့။ " ပထမအစောင့်က နားလည်သွားသည်။

သိုင်းဘိုးဘေး၏ နတ်အလင်းက လမ်းညွှန်မှုပေးနိုင်ရုံသာမက ကျင့်ကြံသူက သိုင်းတာအို၏ မည်သည့်အပိုင်းတွင် ထူးချွန်လဲ ဆုံးဖြတ်ပေးနိုင်သောကြောင့် ဖြစ်သည်။

ရှန်ယောင်တောင်။

လင်းယွမ်က တစ်ချက်ကြည့်လိုက်သည်နှင့် စွမ်းအားမျှင်များ ပျံ့နှံ့နေသော တောင်ထိပ်တစ်ခုကို တွေ့လိုက်ရပြီး အပြင်လူများကျူးကျော်လာသည်နှင့် ချက်ချင်း ဖိနှိပ်ခံရပေလိမ့်မည်။

" သိုင်းတာအိုရဲ့ နည်းလမ်းတွေကို အင်မော်တယ်တာအိုမှော်အင်းကွက်တွေနဲ့ ပေါင်းစပ်ထားတယ်။ စိတ်ဝင်စားစရာပဲ။ " လင်းယွမ်က ရှန်ယောင်တောင်၏ လျို့ဝှက်ချက်ကို တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။

" ချန်အာ ဟိုဒီလျှောက်မကြည့်နဲ့။ " လင်းကျန်းပင်းက လင်းယွမ်၏ အကြည့်ကို သတိထားမိပြီး မြန်မြန်သတိပေးလိုက်သည်။

ရှန်ယောင်တောင်အတွင်း သိုင်းဘုရားကျောင်းမှ အဆင့်မြင့်ပုဂ္ဂိုလ်များက တစ်ခါတစ်ရံ ဖြတ်သွားဖြတ်လာ လုပ်တတ်လေသည်။ လင်းယွမ်၏ အကြည့်က ထိုပုဂ္ဂိုလ်တစ်ယောက်ကို မကျေမနပ်ဖြစ်စေခဲ့လျှင် ပြဿနာများ ဖြစ်နိုင်လေသည်။

သူတို့က လမ်းအတိုင်းသွားလိုက်ကြပြီး မကြာမီ နေရာရွှေ့ပြောင်းခြင်းမှော်အင်းကွက်တစ်ခုသို့ ရောက်သွားကြသည်။ ရှန်ယောင်တောင်က ကျယ်ပြောပြီး မြင့်မားသောကြောင့် ထိပ်ရှိ သိုင်းဘုရားကျောင်းသို့ ရောက်ရှိရန် နေ့တစ်ဝက်ခန့် ကြာမည်ဖြစ်ပြီး တောင်ခြေတွင် နေရာရွှေ့ပြောင်းခြင်းမှော်အင်းကွက်များ ချထားခြင်းဖြစ်သည်။

သိုင်းဘုရားကျောင်းမှ တပည့်တစ်ယောက်၏ အချက်ပြမှုနှင့်အတူ လင်းယွမ်တို့က မှော်အင်းကွက်ထဲသို့ ဝင်ရောက်သွားကြပြီး တောင်ထိပ်သို့ ရောက်ရှိသွားကြသည်။

" ဒီမှာ လူတော်တော်များများ ရှိနေတာပဲ။ " ရှန်ကျန်းက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။

ထိုနေရာတွင် လူအချို့က အုပ်စုငယ်များဖွဲ့ပြီး စကားပြောနေကြသည်။ အဝေးတွင် ကြီးမားသော နံရံတစ်ခုရှိနေပြီး ၎င်းက သိုင်းဘိုးဘေး၏ နတ်အလင်းကို အသက်သွင်းသည့်နေရာဖြစ်၏။ လက်ရှိတွင် ၎င်းက ပိတ်ထားပြီး ဘယ်သူမှ ဝင်ခွင့်မပြုသေးပေ။

" ငါတို့ပဲ သိုင်းဘိုးဘေးရဲ့ နတ်အလင်းကို ခံစားဖို့ လာကြတာမဟုတ်ဘူး။ ရှန်ယောင်မြို့က အရမ်းကြီးတယ်။ သိုင်းဘိုးဘေးရဲ့ နတ်အလင်းကို အသက်သွင်းတဲ့အခါတိုင်း အင်အားကြီးမိသားစုတွေက သူတို့ရဲ့ သားသမီးတွေကို စေလွှတ်ကြတယ်။ " လင်းကျန်းပင်းက ပြောလိုက်သည်။

လင်းမိသားစုက ရှန်ယောင်မြို့တွု် အနည်းငယ် နာမည်ကြီးရုံသာရှိပြီး အင်အားကြီးသူများနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။ လင်းယွမ်တစ်ယောက်တည်း သိုင်းဘိုးဘေး၏ နတ်အလင်းကို ခံစားရန်အတွက် လင်းမိသားစုက သူတို့၏ စည်းစိမ်အများစုကို သုံးစွဲလိုက်ရသော်လည်း အင်အားကြီးမိသားစုများက အသက်သွင်းတိုင်း သူတို့၏ သားသမီးများကို စေလွှတ်ကြလေသည်။

လင်းယွမ်က ဘေးမှ နားထောင်နေပြီး နံရံကို ကြည့်နေသည်။

" သိုင်းဘိုးဘေးရဲ့ နတ်အလင်းလား။ " လင်းယွမ်၏ စိတ်ထဲတွင် ထင်ကြေးအချို့ ရှိနေခဲ့သည်။

မူလကမ္ဘာသို့ မပြန်မီ လင်းယွမ်က အင်မော်တယ်တာအိုကမ္ဘာတွင် သိုင်းတာအိုနှင့် ပက်သက်သော အသိအမြင်အချို့ကို ရုပ်တုခုနှစ်ခုထဲတွင် ထည့်သွင်းပြီး ချန်ထားခဲ့သည်။

လင်းယွမ် စဉ်းစားနေစဉ် နံရံမှ တံခါးကြီးတစ်ချပ် ပွင့်လာပြီး အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော လူတစ်ယောက် ထွက်လာသည်။

" သိုင်းဘိုးဘေးရဲ့ နတ်အလင်းက မကြာခင် အသက်ဝင်တော့မယ်။ နာမည်ခေါ်ခံရတဲ့လူတွေက အထဲကို ဝင်ကြ။ " အနက်ရောင်နှင့်လူက တိုက်ရိုက်ပြောလိုက်သည်။

" အိုယန်စုန် "

" ကျွန်တော်ပါ " လူငယ်တစ်ယောက်က ထရပ်ပြီး တံခါးထဲသို့ ဝင်သွားသည်။

" ကောင်းကောင်းခံစားကြည့်ပါ။ " အနက်ရောင်ဝတ်စုံနှင့်လူက အကြံပေးလိုက်သည်။

" အိုယန်စုန်က နှစ်ငါးဆယ်အတွင်း သိုင်းတာအိုမှာ အရည်အချင်းအရှိဆုံး လူတစ်ယောက်ပဲ။ "

" အိုယန်စုန်က လျှပ်စီးစွမ်းအားကို နားလည်ထားတယ်လို့ ပြောကြတယ်။ အဲ့ဒီစွမ်းအားက သတ်ဖြတ်နိုင်စွမ်းကြောင့် နာမည်ကြီးတယ်။ " လူအချို့က ပြောလိုက်ကြသည်။

ရှန်ယောင်တောင်ထိပ်ရှိ တစ်နေရာတွင် လူအချို့က ထိုင်ပြီး သိုင်းဘိုးဘေး၏ နတ်အလင်းထုတ်လွှတ်သည့်နေရာကို ကြည့်နေကြသည်။

" ဒီတစ်ခါ သိုင်းဘိုးဘေးရဲ့ နတ်အလင်းထုတ်လွှတ်တာက ငါတို့ သိုင်းဘုရားကျောင်းအတွက် အရည်အချင်းရှိတဲ့ လူအချို့ ထွက်ပေါ်လာဖို့ မျှော်လင့်ရတာပဲ။ " ဦးဆောင်သူက သက်ပြင်းချ၍ ပြောလိုက်သည်။

" သိုင်းဘိုးဘေးရဲ့ နတ်အလင်းမှာ သိုင်းဘိုးဘေးရဲ့ အသိအမြင်တွေအပြင် အကြီးအကဲသုံးယောက်ရဲ့ သိုင်းတာအိုအပေါ် နားလည်မှုတွေလည်း ပါဝင်တယ်။ သိုင်းတာအိုကို ကျင့်ကြံတဲ့ ဘယ်သူဖြစ်ဖြစ် သိုင်းဘိုးဘေးရဲ့ နတ်အလင်းကို ခံစားမိရင် အကျိုးအမြတ်တစ်ခုတော့ ရသွားလိမ့်မယ်။ " ဒုတိယလူက ပြောလိုက်သည်။

" သိုင်းဘိုးဘေး..." အခြားသူများက တိတ်ဆိတ်သွားကြသည်။

သူတို့က သတ္တမအလွှာ အကြီးအကဲသုံးယောက်ထံမှ သိုင်းဘိုးဘေးဟူသော နာမည်ကိုသာ ကြားဖူးခဲ့ကြသည်။ သိုင်းတာအိုကျင့်ကြံခြင်းစနစ်က ယနေ့အတိုင်းအတာထိ ရောက်လာခြင်းမှာ သိုင်းဘိုးဘေးနှင့် တာအိုအင်မော်တယ်ဂိုဏ်းမှ အစစ်အမှန်အင်မော်တယ်တို့၏ သဘောတူညီမှုမှ ရလဒ်ဖြစ်သည်။

သို့သော် အစမှအဆုံး သိုင်းဘုရားကျောင်းမှ ကျင့်ကြံသူများက သိုင်းဘိုးဘေးကို တစ်ခါမှမမြင်ဖူးကြပေ။

အောက်ဘက်တွင် နောက်တံခါးမှ ဝင်လာသူများက အချင်းချင်း စကားများပြောရင်း စောင့်ဆိုင်းနေကြသည်။

" အစစ်အမှန်အင်မော်တယ်တွေနဲ့ ယှဉ်နိုင်တဲ့ သိုင်းဘုရားကျောင်းရဲ့ ကျင့်ကြံသူသုံးယောက် ချန်ထားခဲ့တဲ့ သိုင်းဘိုးဘေးရဲ့ နတ်အလင်းက တကယ်တော့ သိုင်းဘိုးဘေးဆီက စတင်လာတာပဲ။ "

" ဟုတ်တယ်လေ။ မဟုတ်ရင် ဘာလို့ သိုင်းဘိုးဘေးရဲ့ နတ်အလင်းလို့ ခေါ်မှာလဲ။ "

" သိုင်းဘိုးဘေး ဒီနာမည်ကို ကြားပဲကြားဖူးခဲ့တယ်။ သူက ဘာတွေလုပ်ဆောင်ခဲ့လဲမသိရဘူး။ အဲ့လိုလူက တကယ်ရော ရှိပါ့မလား။ "

" အဲ့အကြောင်းကို ငါနည်းနည်းသိတယ်။ သိုင်းဘုရားကျောင်းရဲ့ အကြီးအကဲသုံးယောက်က အောက်ဘုံက တက်လာခဲ့ကြတာပဲ။ ပြီးတော့ သိုင်းဘိုးဘေးက အောက်ဘုံမှာ သူတို့သုံးယောက်ရဲ့ ဆရာပဲ။ "

" အစစ်အမှန်အင်မော်တယ် သုံးယောက်ရဲ့ ဆရာလား။ သိုင်းဘိုးဘေးက အခု ဘယ်အဆင့်မှ ရှိလောက်လဲ။ "

" မသေချာဘူး။ အဲ့ဒီ အကြီးအကဲသုံးယောက်က ဒီကို ရောက်လာပြီးနောက် သိုင်းဘိုးဘေးကို ရှာဖွေခဲ့ကြပေမယ့် ရှာမတွေ့ခဲ့ကြဘူး။ "

" သိုင်းဘိုးဘေးက ဒီကို မရောက်လာတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် တက်လာပြီး တစ်နေရာမှာ ရှိနေတာလည်း ဖြစ်နိုင်တယ်။ "

ဆွေးနွေးမှုများက ဆက်လက်ဖြစ်ပေါ်နေသည်။ လင်းယွမ်ကတော့ တိတ်ဆိတ်နေဆဲ ဖြစ်သည်။

All Chapters