သိုင်းဘိုးဘေးဆိုတာ ငါလေ....
Vol. 24 Ch. 367
" သိုင်းဘိုးဘေးက မယုံကြည်နိုင်စရာကောင်းတဲ့ တည်ရှိမှုပဲ။ " လင်းကျန်းပင်းက မှတ်ချက်ချလိုက်သည်။
" ရှင်က သိုင်းဘိုးဘေးကို မသိဘဲနဲ့ သူက မယုံကြည်နိုင်စရာကောင်းမှန်း ဘယ်လိုလုပ်သိတာလဲ။ " ရှန်ကျန်းက လင်းကျန်းပင်းကို ကြည့်ပြီး ပြောလိုက်သည်။
" အဲ့ဒါတွေ မင်းနားမလည်ပါဘူး။ " လင်းကျန်းပင်းက ခေါင်းခါလိုက်သည်။
" သိုင်းဘိုးဘေး... " လင်းယွမ်က ဘေးမှ နားထောင်နေသည်။
" သိုင်းတာအိုရဲ့ သတ္တမအလွှာ သုံးယောက်။ လီချင်းလား ဒါမှမဟုတ် အခြားတပည့်တွေလား။ " လင်းယွမ်က စိတ်ထဲမှ တွေးတောလိုက်သည်။
သူက ပိုင်ယုခန်းမကို တည်ထောင်ပြီး တပည့်များစွာကို သင်ကြားပေးခဲ့သည်။ သို့သော် သတ္တမအလွှာသို့ တက်လှမ်းရန် အလားအလာရှိသူများက အနည်းငယ်သာ ရှိလေသည်။
တောင်ပေါ်ရှိတစ်နေရာတွင် သိုင်းဘုရားကျောင်းမှ အဆင့်မြင့် ကျင့်ကြံသူများက သိုင်းဘိုးဘေး၏ နတ်အလင်းခံစားသည်ကို စောင့်ကြည့်နေကြသည်။
သိုင်းတာအိုပါရမီရှင် အိုယန်စုန်က သူ၏ ရှေ့ရှိ ရုပ်တုခုနှစ်ခုမှ ထွက်ပေါ်လာသော နတ်အလင်းကို အနီးကပ်ခံစားနေပြီး သူ၏ မျက်နှာက အမူအရာအမျိုးမျိုး ပြောင်းလဲနေသည်။ ခဏအကြာတွင် ရုပ်တုများထဲမှ ဘယ်ဘက်အစွန်ဆုံးရုပ်တုက အလင်း၏ ၃၀ ရာခိုင်နှုန်းကို ထုတ်လွှတ်လိုက်သည်။
" အင်း မဆိုးဘူး။ ဒီရုပ်တုက သတ်ဖြတ်ခြင်းလမ်းစဉ်ကို ကိုယ်စားပြုတယ်။ အလင်း ၃၀ ရာခိုင်နှုန်းရတယ်ဆိုတော့ တော်တော်ကောင်းတယ်။ ရှန်ယောင်မြို့မှာ ဒီလိုပါရမီမျိုး နှစ်တစ်ရာမှာတောင် မတွေ့ဖူးသေးဘူး။ " ရှေ့မှလူက သဘောကျစွာ ပြောလိုက်သည်။
ထိုရုပ်တုခုနှစ်ခုက သိုင်းတာအို၏ မတူညီသော လမ်းစဉ်များကို ကိုယ်စားပြုပြီး ကျင့်ကြံသူများအတွက် သူတို့၏ အနာဂတ်လမ်းစဉ်ကို ရွေးချယ်ရာတွင် ကူညီပေးနိုင်လေသည်။ ထုတ်လွှတ်သော အလင်းရောင်က ကျင့်ကြံသူ၏ ပါရမီကို စမ်းသမ်းခြင်းဖြစ်ပြီး ၃၀ ရာခိုင်နှုန်းက ရှားပါးသည်ဟု သတ်မှတ်နိုင်လေသည်။
" အိုယန်စုန်ကို အတွင်းစည်းတပည့်အဖြစ် လက်ခံပြီး သူ့ကို သေချာလေ့ကျင့်ပေးရမယ်။ " နောက်တစ်ယောက်က ပြောလိုက်သည်။
" အတွင်းစည်းတပည့်လား။ လက်ခံတယ်။ "
" အလင်း ၄၀ ရာခိုင်နှုန်းရောက်ရင် သူ့ကို အဓိကတပည့်အဖြစ် ခေါ်ယူလို့ရတယ်။ "
" နှမြောစရာပဲ။ "
" အတွင်းစည်းတပည့်လည်း မဆိုးပါဘူး။ သိုင်းတာအိုရဲ့ စတုတ္ထအလွှာကို ရောက်ဖို့ မျှော်လင့်ချက်ရှိတယ်။ "
သူတို့က တစ်ယောက်ပြီးတစ်ယောက် ဆွေးနွေးနေကြသည်။
အောက်တွင် ကျင့်ကြံသူများက သိုင်းဘိုးဘေး၏ နတ်အလင်းကို တစ်ယောက်ပြီးတစ်ယောက် ခံစားနေကြသည်။ နောက်ဆုံးတွင် သုံးယောက်က အတွင်းစည်းတပည့်ဖြစ်လာပြီး တစ်ယောက်က အဓိကတပည့်ဖြစ်ကာ ခြောက်ယောက်က သာမန်တပည့်များ ဖြစ်လာကြသည်။
ယေဘုယျအားဖြင့် သိုင်းဘိုးဘေး၏ နတ်အလင်းက ပြီးဆုံးသွားပြီဟု ယူဆနိုင်လေသည်။ နတ်အလင်းကို ခံစားရန် စောင့်ဆိုင်းနေသူများက နောက်တံခါးမှ ဝင်လာကြသူများဖြစ်ပြီး သိုင်းဘုရားကျောင်းသို့ ဝင်ရန် အရည်အချင်း မမီကြပေ။
သို့သော် သိုင်းဘိုးဘေး၏ နတ်အလင်းက ထူးခြားပြီး ၎င်းနှင့် ထိတွေ့လျှင်တောင် ပင်ကိုပါရမီကို မြှင့်တင်ပေးနိုင်လေသည်။ သိုင်းဘိုးဘေး၏ နတ်အလင်းကို ခံစားရာတွင် လိုအပ်ချက်များ မရှိပေ။
" ငါ့အလှည့် ငါ့အလှည့်..."
" ရှေ့က မြန်မြန်လုပ်ဟ။ နတ်အလင်းက ပျောက်ကွယ်တော့မယ်။ "
စောင့်ဆိုင်းနေသူများက အချင်းချင်း ပြောဆိုလိုက်ကြသည်။ နတ်အလင်းကို ခံစားရမည့်အချိန်က သတ်မှတ်ထားသောကြောင့် ရှေ့က ပို၍ မြန်လေ ပိုကောင်းလေဖြစ်သည်။
တောင်ထိပ်ပေါ်တွင် အဆင့်မြင့်ကျင့်ကြံသူအချို့က စိတ်ရှည်စွာ စောင့်ဆိုင်းနေကြသော်လည်း မကြာမီ စိတ်ဝင်စားမှု မရှိတော့ပေ။ နတ်အလင်းကို ခံစားရန် နောက်တံခါးမှ ဝင်လာသူများက သိုင်းတာအိုနှင့် ကိုက်ညီမှု ဆယ်ရာခိုင်နှုန်းပင် မရှိပေ။
" သိုင်းဘိုးဘေးက သက်ရှိတိုင်း သိုင်းတာအိုကို ကျင့်ကြံခွင့်ရှိတယ်လို့ ပြောဖူးတယ်။ " တစ်ယောက်က ရေရွတ်လိုက်သည်။
၎င်းမှာ သူတို့က နတ်အလင်းကို ခံစားရန် နောက်တံခါးမှ ဝင်လာသူများကို လက်ခံထားသည့် အကြောင်းလည်း ဖြစ်သည်။
နောက်ဆုံးတွင် သိုင်းဘိုးဘေး၏ နတ်အလင်းကို ခံစားရန် လင်းယွမ်အလှည့်သို့ ရောက်လာသည်။
" သား စိတ်မပူနဲ့။ ပုံမှန်အတိုင်းပဲ ခံစားကြည့်။ " ရှန်ကျန်းက လင်းယွမ်ကို အားပေးလိုက်သည်။
" ပုံမှန်အတိုင်း ခံစားကြည့်..." လင်းကျန်းပင်းက နှုတ်ခမ်းများပင် တုန်သွား၏။ ၎င်းက သူ၏ စည်းစိမ်တစ်ဝက်နီးပါးနှင့် လဲလှယ်ထားရသည့် အခွင့်အရေးဖြစ်လေသည်။
" ဟုတ်ကဲ့ နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်ပြီး တံခါးထဲသို့ ဝင်ရောက်သွားသည်။
အထဲတွင် ရုပ်တုခုနှစ်ခုရှိနေပြီး ဘေးတွင် အနက်ရောင်နှင့်လူက ရပ်နေသည်။
" ဒီမှာ ထိုင်ပြီး ခံစားကြည့်ပါ။ " ထိုလူက တည်ငြိမ်စွာ ပြောလိုက်သည်။
" ခံစားကြည့်ရမယ်။ " လင်းယွမ်က ရုပ်တုခုနှစ်ခုကို ကြည့်ပြီး မျက်ခုံးများ ပင့်သွား၏။
အကြောင်းမှာ သူဘယ်လိုခံစားရမှန်း မသိပေ။ အခြားသူများအတွက် နတ်အလင်းက အဆုံးမဲ့နက်နဲမှုများနှင့် ပြည့်နှက်နေသော်လည်း လင်းယွမ်အတွက် သိုင်းဘိုးဘေး၏ နတ်အလင်းဆိုသည်မှာ လွန်ခဲ့သော ရာစုနှစ်များစွာကတည်းက သူနားလည်ခဲ့သော အရာတစ်ခုဖြစ်လေသည်။ ပါရဂူတစ်ယောက်ကို အလယ်တန်းကျောင်းသား၏ ပုစ္ဆာများ တွက်ခိုင်းသကဲ့သို့ တစ်ချက်ကြည့်ရုံနှင့် အဖြေသိနေပြီဖြစ်သည်။
" ကျွန်တော် ဘယ်လိုခံစားကြည့်ရမှာလဲ။ " လင်းယွမ်က ခဏစဉ်းစားပြီးနောက် မေးလိုက်သည်။
" မျက်စိမှိတ်ထားရုံပါပဲ။ နတ်အလင်းက မင်းနဲ့ ထပ်တူကျလာလိမ့်မယ်။ အနက်ရောင်နှင့် လူက စိတ်ရှည်စွာ ပြောလိုက်သည်။
" ကောင်းပြီ။ " လင်းယွမ်က သာမန်အတိုင်း ရုပ်တုများရှေ့တွင် ထိုင်လိုက်သည်။
သိုင်းဘိုးဘေး၏ နတ်အလင်းများက လင်းယွမ်ကို လျင်မြန်စွာ လွှမ်းခြုံသွားပြီး သူနှင့် ထပ်တူကျလာသည်။ သို့သော် ထိုခဏတွင် ရုပ်တုခုနှစ်ခုလုံး တပြိုင်နက် ရပ်တန့်သွားသည်။
" ဘာလဲဟ " အနက်ရောင်နှင့်လူက ရုတ်တရက် မျက်လုံးပြူးသွားပြီး သူ၏ ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေသည်။
ခဏရပ်တန့်သွားပြီးနောက် ရုပ်တုခုနှစ်ခုလုံးက တောက်ပစွာ လင်းလက်လာသည်။ သိုင်းဘိုးဘေး၏ နတ်အလင်းများက လင်းယွမ်ကို အဆက်မပြတ် လွှမ်းခြုံသွားသည်။
" မင်းက နတ်အလင်းကို ဘယ်လိုခံစားနေတာလဲ။ " အနက်ရောင်နှင့်လူက တုန်လှုပ်သွားပြီး လင်းယွမ်ကို ကြည့်ကာ မေးလိုက်သည်။
" ဘာနတ်အလင်းလဲ။ " လင်းယွမ်က အနက်ရောင်နှင့်လူကို တစ်ချက်ကြည့်လိုက်သည်။
သိုင်းဘိုးဘေးဆိုတာ ငါလေ။ ဘာနတ်အလင်းကို ခံစားရမှာလဲ။
တောင်ထိပ်၏ အခြားတစ်ဖက်တွင် အစပိုင်းတွင် စိတ်မဝင်စားဘဲ စကားပြောနေကြသော အဆင့်မြင့် ကျင့်ကြံသူများက သိုင်းဘိုးဘေး၏ နတ်အလင်းကို ခံစားနေသူအား အာရုံစိုက်ခြင်းမရှိကြပေ။
ပထမဆုံး ဖိတ်ကြားထားသော ပါရမီရှင်များပြီးနောက် နောက်တံခါးမှ ဝင်လာကြသူများမှာ အများစုက အရည်အချင်းနိမ့်ကြလေသည်။ သူတို့ထဲတွင် ဘယ်သူကမှ သိုင်းတာအိုနှင့် ကိုက်ညီမှု ဆယ်ရာခိုင်နှုန်းထက် မပိုပေ။ နတ်အလင်းကို အသက်သွင်းသောအခါ သူတို့၏ ကြီးကြပ်မှုကို မလိုအပ်လျှင် သူတို့ထွက်သွားသည်မှာ ကြာပြီဖြစ်သည်။
ခေါင်းဆောင်လုပ်သူက သိုင်းဘုရားကျောင်း၏ မဟာအကြီးအကဲဖြစ်ပြီး စစ်ပွဲဆင်နွှဲနေသော သတ္တမအလွှာ သုံးယောက်အောက် အနည်းငယ် နိမ့်လေသည်။ သူက အောက်ကို တစ်ချက်ကြည့်လိုက်သည်။
ထိုခဏတွင် မဟာအကြီးအကဲ၏ သူငယ်အိမ်များက ကျဉ်းမြောင်းသွားသည်။ ရုပ်တုခုနှစ်ခု၏ နတ်အလင်းများက ပြည့်ဝစွာ လင်းလက်နေသည်ကို တွေ့လိုက်ရသည်။
" ဘာလဲ။ " မဟာအကြီးအကဲက တုန်လှုပ်သွား၏။ သိုင်းဘိုးဘေး၏ နတ်အလင်းက ပြည့်ဝစွာ လင်းလက်လာခြင်းမှာ အလွန်အစွမ်းထက်သော သိုင်းတာအိုအရည်အချင်းရှိသည့် လူတစ်ယောက်ကြောင့် ဖြစ်သည်။
" နတ်အလင်းတွေက အပြည့်အဝ လင်းလက်လာတယ်။ ငါ အိပ်မက်မက်နေတာလား။ " နောက်ထပ် အကြီးအကဲတစ်ယောက်က ရေရွတ်လိုက်သည်။
ရုပ်တုခုနှစ်ခုက သိုင်းတာအို၏ မတူညီသော လမ်းစဉ်များကို ကိုယ်စားပြုပြီး ဥပမာ သတ်ဖြတ်ခြင်း၊ ကာကွယ်ခြင်း စသည်တို့ ဖြစ်သည်။
သိုင်းဘုရားကျောင်း တည်ထောင်ပြီးနောက် စမ်းသပ်သူများထဲတွင် နတ်ရုပ်တုများကို တပြိုင်နက် လင်းလက်စေခဲ့သူများ ရှိကြလေသည်။ သို့သော် အများဆုံး သုံးလေးခုသာ ရှိပြီး နတ်အလင်းကလည်း ၇၀ ရာခိုင်နှုန်း မကျော်ခဲ့ပေ။ ယခု ရုပ်တုခုနှစ်ခုလုံးက တောက်ပစွာ လင်းလက်နေကြသည်။
" ပါရမီရှင်ပဲ။ "
" ငါတို့ သိုင်းဘုရားကျောင်းရဲ့ သမိုင်းမှာ အစွမ်းထက်ဆုံး ပါရမီရှင်ပဲ။ "
အကြီးအကဲများက အစွမ်းထက်သော ဆဋ္ဌမအလွှာများ ဖြစ်သကဲ့သို့ လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွားကြသည်။ သို့သော် သူတို့၏ ရှေ့မှ မြင်ကွင်းက မယုံကြည်နိုင်စရာကောင်းလှသည်။
ရုပ်တုခုနှစ်ခု၏ ရှေ့တွင် လင်းယွမ်က သိုင်းဘိုးဘေး၏ နတ်အလင်းကို တိတ်ဆိတ်စွာ ခံစားနေသည်။ သိုင်းဘိုးဘေး၏ နတ်အလင်းဆိုသည်မှာ လင်းယွမ်က ရုပ်တုခုနှစ်ခုပေါ်တွင် ချန်ခဲ့သော တာအိုနှင့် နိယာမများဖြစ်ကြသည်။ ယခု ပြင်ပစွမ်းအားတစ်ခု၏ လှုံ့ဆော်လိုက်သောကြောင့်ဖြစ်သည်။
၎င်းက သိုင်းတာအိုအတွက် အသင့်တော်ဆုံး ခန္ဓာကိုယ်နှင့် အရည်အချင်းကို ပို၍ ခံစားစေနိုင်စွမ်းရှိလေသည်။ စိတ်အသိဆင်းသက်လာပြီးနောက် လင်းယွမ်က သူ၏ ခွန်အားကို ပြန်လည်ရယူနေရုံသာမက ခန္ဓာကိုယ်ကိုလည်း ပြုပြင်နေခဲ့သည်။
တစ်ချိန်က သိုင်းဘိုးဘေးဖြစ်ခဲ့သော လင်းယွမ်က သူ၏ ခန္ဓာကိုယ်ကို မည်သို့ပြုပြင်သည်ဖြစ်စေ သိုင်းတာအိုနှင့် အသင့်တော်ဆုံး ဖြစ်နေမည်မှာ သေချာလေသည်။
သိုင်းဘိုးဘေး၏ နတ်အလင်းက ကျင့်ကြံသူ၏ ခန္ဓာကိုယ်နှင့် လိုက်ဖက်သော သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ရောင်ပြန်ဟပ်ခြင်းသာ ဖြစ်သည်။ လုံးဝ လိုက်ဖက်သော ခန္ဓာကိုယ်မျိုးက သိုင်းဘိုးဘေးဖြစ်သော လင်းယွမ်၏ လမ်းညွှန်မှုအောက်တွင်သာ ဖွက်ပေါ်လာနိုင်လေသည်။
ဘေးတွင် အနက်ရောင်နှင့် အကြီးအကဲက တုန်လှုပ်နေခဲ့သည်။ သူက သိုင်းဘိုးဘေး၏ နတ်အလင်းကို အကြိမ်များစွာ ဖွင့်ခဲ့သော်လည်း ထိုသို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ရုပ်တုတစ်ခုကို အပြည့်အဝ လင်းလက်ရန် ဖြစ်နိုင်သော်လည်း ရုပ်တုခုနှစ်ခုလုံးကို လင်းလက်စေခြင်းက မယုံကြည်နိုင်စရာကောင်းလှသည်။
ထို့အချိန်တွင် သူ၏ ဘေးမှ ပုံရိပ်အချို့ ပေါ်လာသည်။ သူတို့က အကြီးအကဲများပင် ဖြစ်၏။
" အကြီးအကဲတို့.." အနက်ရောင်နှင့်လူက တုန်လှုပ်သွားပြီး လျင်မြန်စွာ သဘောပေါက်သွားသည်။
သူပင် သိုင်းဘိုးဘေး၏ နတ်အလင်းမှ မူမမှန်မှုကို သတိပြုမိလျှင် အကြီးအကဲများက သတိမထားမိဘဲ နေနိုင်မည်မဟုတ်ပေ။
" မင်းသွားလို့ရပြီ။ " မဟာအကြီးအကဲက အနက်ရောင်နှင့်လူကို တစ်ချက်ကြည့်လိုက်သည်။
" ဟုတ်ကဲ့။ " အနက်ရောင်နှင့်လူက ခေါင်းငုံ့ပြီး လျင်မြန်စွာ ထွက်ခွာသွားသည်။
" လူငယ်လေး..." မဟာအကြီးအကဲက လင်းယွမ်ကို နှုတ်ဆက်ပြီး လေးနက်စွာ ပြောလိုက်သည်။ " မင်း ငါတို့ သိုင်းဘုရားကျောင်းကို ဝင်လိုစိတ် ရှိမရှိ သိချင်ပါတယ်။ "