အကြီးအကဲများ၏ အစီအစဉ်...
Vol. 24 Ch. 368
မဟာအကြီးအကဲနှင့် အကြီးအကဲများ၏ မျက်နှာများပေါ်တွင် စိုးရိမ်သော အမူအရာများ ပေါ်လာသည်။ သူတို့က သိုင်းဘုရားကျောင်း၏ ဩဇာအာဏာနှင့် လင်းယွမ်ကို ဝင်ရန် ဖိအားပေးနိုင်လေသည်။ ရှန်ယောင်မြို့၏ ကောင်းကင်အနေဖြင့် သိုင်းဘုရားကျောင်း၏ အမိန့်ကို ဘယ်သူမှ ငြင်းဆန်ရဲမည်မဟုတ်ပေ။
သို့သော် ၎င်းက အခြားသူများကို လုပ်ခြင်းဖြစ်သည်။ လက်ရှိ လင်းယွမ်ပြသထားသည့် ကြောက့စရာကောင်းသော အရည်အချင်းကို ကြည့်ခြင်းဖြင့် နောက်တစ်ချိန်တွင် သိုင်းဘုရားကျောင်းကို ဦးဆောင်နိုင်ပေလိမ့်မည်။ ထိုအခြေအနေမျိုးတွင် ဘယ်သူမှ အတင်းအကျပ် လုပ်မည်မဟုတ်ပေ။
သိုင်းဘုရားကျောင်းကို ဦးဆောင်နိုင်သည့် ပါရမီရှင်တစ်ယောက်ကို ဖိအားပေးခြင်းက အမိုက်မဲဆုံး လုပ်ရပ်ပင် ဖြစ်သည်။
" သိုင်းဘုရားကျောင်းကို ဝင်ဖို့လား။ " လင်းယွမ်က သိုင်းဘုရားကျောင်း၏ အကြီးအကဲများကို ကြည့်လိုက်သည်။
အမှန်တွင် လင်းယွမ်က သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး သိုင်းဘိုးဘေး၏ နတ်အလင်းကို ပိတ်ဆို့ထားနိုင်လေသည်။ သို့သော် သူက မလုပ်ပေ။ အကြောင်းမှာ သူက အကြီးအကဲများ၏ အာရုံစိုက်မှုကို ရယူပြီး သိုင်းဘုရားကျောင်းထဲသို့ ဝင်ရောက်ကာ ၎င်း၏ ကျင့်ကြံမှုအရင်းအမြစ်များကို အသုံးချပြီး သူ၏ ခွန်အားကို လျင်မြန်စွာ မြှင့်တင်နိုင်ရန် ဖြစ်သည်။
သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကြောင့် သိုင်းဘုရားကျောင်းက တည်ရှိနေခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် လင်းယွမ်၏ အင်အားတစ်ခုဟု ပြောလို့ရနိုင်ပေသည်။
၎င်းက လင်းယွမ်၏ အနာဂတ်အစီအစဉ်အချို့နှင့်ပင် ကိုက်ညီလေသည်။ သူက ဤဆင်းသက်မှုတွင်လည်း သိုင်းတာအို ဆင့်ကဲပြောင်းလဲခြင်းစနစ်ကို ဖြန့်ကျက်ရန်လည်း စီစဉ်ထားခဲ့သည်။ သိုင်းဘုရားကျောင်းက သူ၏ လက်ထဲတွင် ရှိနေသောကြောင့် သူက သိုင်းတာအိုကို ဖြန့်ကျက်ရန် အင်အားစုတစ်ခု တည်ထောင်စရာမလိုတော့ပေ။
" ကျွန်တော် ဆန္ဒရှိပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" ဆန္ဒရှိတာလား။ "
မဟာအကြီးအကဲနှင့် အခြားအကြီးအကဲများက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး စိတ်သက်သာရာရသွားကြသည်။
နံရံ၏ အပြင်ဘက်တွင် လူအများက စိုးရိမ်စွာ စောင့်ဆိုင်နေကြသည်။ သိုင်းဘိုးဘေး၏ နတ်အလင်း ကြာချိန်က ကန့်သတ်ထားသောကြောင့် ရှေ့လူက အချိန်ပိုကြာသည်နှင့် နောက်လူများက ခံစားရန် အချိန်နည်းပေလိမ့်မည်။
ယခု ရှေ့လူဝင်သွားသည်မှာ နာရီဝက်ကျော်ကြာသွားပြီဖြစ်ပြီး ထိုထက်ပိုကြာလျှင် သိုင်းဘိုးဘေး၏ နတ်အလင်းက ပြီးဆုံးသွားပေလိမ့်မည်။
" ချန်အာ ပြဿနာတော့မရှာလောက်ပါဘူး။ " လင်းကျန်းပင်းက စိတ်ထဲတွင် စိုးရိမ်နေပြီး တိတ်ဆိတ်စွာ မျှော်လင့်နေရုံသာ တတ်နိုင်တော့သည်။
အပြင်တွင်ဖြစ်လျှင် လင်းမိသားစု၏ အရှိန်အဝါဖြင့် လင်းယွမ်ရှာသော ပြဿနာများကို သိပ်မကြီးမားလျှင် အခြေခံအားဖြင့် ပြေလည်အောင် လုပ်နိုင်လေသည်။
သို့သော် ဤနေရာက သိုင်းဘုရားကျောင်းဖြစ်ပြီး ကျပန်းဆွဲခေါ်လိုက်သော လူပင် လင်းမိသားစုထက် ပို၍ အဆင့်အတန်း ပိုမြင့်လေသည်။ လင်းယွမ်က ဤနေရာတွင် ပြဿနာရှာခဲ့လျှင်ဟု တွေးမိရုံဖြင့် လင်းကျန်းပင်းက ဦးရေပြားပင် ထုံကျဉ်သွားသည်။
" မရှာပါဘူး။ " ရှန်ကျန်းက ဘေးမှ ပြောလိုက်သည်။ သို့သော် သူမ၏ စိတ်ထဲတွင်လည်း ထိုအတွေးက ရှိနေလေသည်။
လင်းယွမ်က သိုင်းဘိုးဘေး၏ နတ်အလင်းကို ခံစားချိန်မှာ အလွန်ကြာနေပြီး ထိုအတွေးကို မတွေးမိအောင် ထိန်းချုပ်၍ မရပေ။
မကြာမီ အနက်ရောင်နှင့် လူက ထွက်လာပြီး အားလုံးကို ပြောလိုက်သည်။ " အားလုံးပဲ သိုင်းဘိုးဘေးရဲ့ နတ်အလင်းက ပြီးဆုံးသွားပါပြီ။ အားလုံး ပြန်လို့ရပါပြီ။ "
" ပြီးသွားပြီလား။ "
" အရင်နှစ်တွေတုန်းက ဒီလောက် မမြန်ပါဘူး။ "
စောင့်ဆိုင်းနေသော လူအုပ်ကြီးက အောင့်သက်သက် ဖြစ်သွားသော်လည်း သိုင်းဘုရားကျောင်းကို မေးခွန်းမထုတ်ရဲကြပေ။
" ပြီးသွားပြီလား။ " ၎င်းကို ကြားသောအခါ လင်းကျန်းပင်းက စိတ်ရှုပ်သွားသည်။ " ငါ့သားက ဘယ်မှာလဲ။ "
သူက အစမှအဆုံး လင်းယွမ် ထွက်လာသည်ကို မမြင်ခဲ့ရပေ။ သို့သော် လင်းကျန်းပင်းက မမေးရဲဘဲ ဆက်လက်စောင့်နေရုံသာ တတ်နိုင်လေသည်။
မကြာမီ အခြားသူများက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။
" သွားပြီ။ ချန်အာက တကယ် ပြဿနာတက်ပြီထင်တယ်။ " လင်းကျန်းပင်း၏ စိတ်က အေးစက်သွားပြီး ရှန်ကျန်းကလည်း စိုးရိမ်သွားသည်။
ပြဿနာမဖြစ်လျှင် သူတို့သားက ယခုအချိန် ထွက်လာရမည်ဖြစ်သည်။ သူတို့က အနက်ရောင်နှင့် လူကို မေးရန် ပြင်လိုက်ကြသည်။
ထိုအချိန်တွင် အနက်ရောင်နှင့်လူက လင်းကျန်းပင်းနှင့် ရှန်ကျန်းတို့ဆီသို့ လျှောက်လာပြီး အနည်းငယ် လေးစားသော အမူအရာနှင့် ပြောလိုက်သည်။
" ခင်ဗျားတို့က လင်းချန်ရဲ့ မိဘတွေလား။ ကျုပ်နောက်လိုက်ခဲ့ကြပါ။ " သူ၏ အသံက ညင်သာနေပြီး မောက်မာမှုများ မပါပေ။
လင်းယွမ်ပြသခဲ့သော အရည်အချင်းအရ နောင်အနာဂတ်တွင် လင်းယွမ်က သိုင်းဘုရားကျောင်း၏ အဆင့်အတန်းမြင့်မာသော လူတစ်ယောက် ဖြစ်လာမည်ကို သူကောင်းကောင်း သိလေသည်။
" ဟုတ်ပါတယ်။ " လင်းကျန်းပင်းက လျင်မြန်စွာ ပြောလိုက်သည်။
ထိုအနက်ရောင်နှင့်လူက သိုင်းဘုရားကျောင်း၏ စီမံခန့်ခွဲသူဖြစ်ပြီး ရှန်ယောင်မြို့မှ မိသားစုကြီးများပင် သူ့ကို ရိုရိုသေသေ ဆက်ဆံရလေသည်။ ယခု ထိုအရေးပါသော လူက သူတို့ကို လေးစားသော အမူအရာနှင့် စကားပြောနေလေသည်။
" လင်းချန်က သိုင်းတာအိုရဲ့ ပါရမီရှင်တစ်ယောက်ပါ။ ခင်ဗျားတို့ စိုးရိမ်စရာမလိုပါဘူး။ " အနက်ရောင်နှင့်လူက တိုက်ရိုက် ပြောလိုက်သည်။
" ကျွန်တော်သားက သိုင်းတာအိုရဲ့ ပါရမီရှင်။ " လင်းကျန်းပင်းက မှင်သက်သွားပြီး အချိန်အတော်ကြာ မတုံ့ပြန်နိုင်ခဲ့ပေ။ သူ၏ ဘေးမှ ရှန်ကျန်းကလည်း အတူတူပင် ဖြစ်သည်။
သိုင်းဘုရားကျောင်း၏ အတွင်းဘက်တွင် အကြီးအကဲများက ထိုနေရာတွင် စုစည်းနေကြသည်။ လင်းယွမ်ကို ဘုရားကျောင်း၏ အဆင့်မြင့် ကျင့်ကြံခြင်းဂူသို့ ပို့ဆောင်ပြီးနောက် သူတို့က ဤနေရာသို့ ရောက်လာကြခြင်းဖြစ်သည်။
" လင်းချန်၊ ဖခင် လင်းကျန်းပင်း..." လင်းယွမ်နှင့် ပက်သက်သော အချက်အလက်များက အကြီးအကဲများ၏ ရှေ့တွင် ပေါ်လာကြသည်။
လင်းယွမ်၏ သိုင်းတာအိုပါရမီနှင့် အရည်အချင်းများက သူတို့ကို စိတ်လှုပ်ရှားစေသော်လည်း နောက်ခံစစ်ဆေးမှုများကို လုပ်ရန် လိုအပ်နေဆဲ ဖြစ်သည်။
အကြီးအကဲများ၏ အမြင်တွင် ၎င်းက မလိုအပ်ပေ။ လင်းယွမ်တွင် လျို့ဝှက်အန္တရာယ်များရှိနေလျှင်တောင် သိုင်းဘုရားကျောင်းက သူလိုပါရမီရှင်တစ်ယောက်ကို ဘယ်လိုနည်းဖြင့်မဆို ထိန်းထားရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
" လက်ရှိအခြေအနေအရဆို သူ့ရဲ့ နောက်ခံက ရှင်းတယ်။ ရှန်ယောင်မြို့မှာ မွေးပြီး ကြီးပြင်းလာတာပဲ။ " ဒုတိယအကြီးအကဲက ကျေနပ်စွာ ပြောလိုက်သည်။
အမှန်တွင် သူတို့က လင်းယွမ်၏ နောက်ခံတွင် ပြဿနာရှိခြင်း သို့မဟုတ် ရန်သူတစ်ယောက်ယောက် ရှိခြင်းတို့အတွက် ပြင်ဆင်ထားခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ သိုင်းဘုရားကျောင်းက သူ့ကို ကာကွယ်ပေးမည်ဖြစ်သော်လည်း ထိုသို့ မရှိလျှင် ပိုကောင်းလေသည်။
" နောက်ဘာဆက်လုပ်မှာလဲ။ " တတိယအကြီးအကဲက မေးလိုက်သည်။
သိုင်းဘုရားကျောင်းက သိုင်းတာအို၏ အမွေအနှစ်ထိန်းသိမ်းရာ နေရာဖြစ်သောကြောင့် တပည့်များ ကျင့်ကြံရန်အတွက် ပြည့်စုံသော အစီအစဉ်များ ရှိလေသည်။
သို့သော် လင်းယွမ် ပြသခဲ့သော အရည်အချင်းများအရ အကြီးအကဲများ၏ အမြင်တွင် သူ့ကို ယခင်တပည့်များအတိုင်း ကျင့်ကြံစေခြင်းက အချိန်ဖြုန်းခြင်းဖြစ်သည်ဟု ခံစားရလေသည်။
" ငါတို့ အဘိုးကြီးတွေ သူ့ကို ကိုယ်တိုင်သင်ပေးရအောင် ဘယ်လိုလဲ။ " မဟာအကြီးအကဲက ရုတ်တရက် ပြောလိုက်သည်။
" ကိုယ်တိုင်သင်ပေးမယ်။ "
" ပြဿနာမရှိဘူး။ "
" ရုပ်တုခုနှစ်ခုလုံးကို တောက်ပစေခဲ့တဲ့ ပါရမီရှင်က ဘာတွေကွဲပြားသွားလဲဆိုတာ ငါလည်း မြင်ချင်သေးတယ်။ "
အကြီးအကဲများကလည်း သဘောတူလိုက်ကြသည်။
အဆင့်မြင့် ကျင့်ကြံခြင်းဂူတစ်ခုထဲတွင် လင်းယွမ်က ခြေချိတ်ထိုင်နေသည်။
" ဒီပတ်ဝန်းကျင်က သိုင်းတာအိုကျင့်ကြံသူတွေအတွက် အတော်သင့်တော်တာပဲ။ " လင်းယွမ်က ခနလောက် လှည့်ပတ်ကြည့်ပြီး ပြုံးလိုက်သည်။
ရှန်ယောင်မြို့က စိတ်ဝိညာဉ်သွေးကြောပေါ်တွင် တည်ဆောက်ထားခြင်းမဟုတ်ဘဲ စိတ်ဝိညာဉ်စွမ်းအားက ပေါများခြင်းမရှိသော်လည်း သိုင်းတာအိုကျင့်ကြံသူများအတွက် အလွန်အာဟာရဖြစ်စေသော အသက်စွမ်းအားတစ်မျိုး ရှိနေသည်။
အထူးသဖြင့် ထိုကျင့်ကြံခြင်းဂူထဲတွင် လင်းယွမ်က လွတ်လပ်စွာ စုပ်ယူနိုင်လျှင် သတ္တမအလွှာသို့ အလွယ်တကူရောက်နိုင်ပြီး အများဆုံး နှစ်ငါးဆယ်သာ ကြာပေလိမ့်မည်။
" ငါ စိတ်ဝိညာဉ်ကမ္ဘာကို ဆင်းသက်ခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။ ဒီကမ္ဘာရဲ့ ကျင့်ကြံခြင်းပတ်ဝန်းကျင်က အောက်ဘုံတွေထက် သာလွန်တယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
အမှန်တော့ လင်းယွမ်က အင်မော်တယ်တာအိုကမ္ဘာကို ဆင်းသက်ပြီး ကျွင်းဝူကျိ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ကာ ချက်ချင်း သတ္တမအလွှာ ခွန်အားကို ရရှိနိုင်လေသည်။ သို့သော် ကျွင်းဝူကျိ၏ ခန္ဓာကိုယ်နှင့် သတ္တမအလွှာသို့ တက်လှမ်းခဲ့သော နည်းလမ်းက မှားယွင်းနေခဲ့သည်။ မူလကမ္ဘာတွင် ဖန်တီးခဲ့သော ပြည့်စုံသည့် သတ္တမအလွှာထက် များစွာ နိမ့်ကျလေသည်။
ထို့အပြင် တက်လှမ်းခြင်းစင်မြင့်မှာ စိတ်ဝိညာဉ်ကမ္ဘာကို တက်လှမ်းသည်ဖြစ်စေ ဟင်းလင်းပြင်ကို ဖောက်ပြီး စိတ်ဝိညာဉ်ကမ္ဘာထဲသို့ ခိုးဝင်သည်ဖြစ်စေ အန္တရာယ်များ ရှိနေဆဲ ဖြစ်သည်။
ထို့ကြောင့် စိတ်ဝိညာဉ်ကမ္ဘာသို့ တိုက်ရိုက်ဆင်းသက်ခြင်းကသာ အကောင်းဆုံး ရွေးချယ်မှုဖြစ်လေသည်။ အစမှ စတင်ရခြင်းဖြစ်သော်လည်း ယခု သိုင်းဘုရားကျောင်း၏ အကူအညီနှင့် အဋ္ဌမအလွှာသို့ ရောက်ရန် အချိန်ကြာမည်မဟုတ်ပေ။
နောက်တစ်နေ့တွင် မဟာအကြီးအကဲက လင်းယွမ်ဆီသို့ ရောက်လာခဲ့သည်။
" မင်း ဘယ်လိုခံစားရလဲ။ " မဟာအကြီးအကဲက မေးလိုက်သည်။
အဓိကတပည့်များအပါအဝင် အခြားတပည့်များအားလုံးက သိုင်းဘုရားကျောင်းသို့ ဝင်ရောက်သောအခါ စမ်းသပ်မှုအမျိုးမျိုးကို ဖြတ်သန်းရလေသည်။
သို့သော် လင်းယွမ်က ထိုသို့လုပ်ရန် မလိုအပ်ပေ။ အကြောင်းမှာ အကြီးအကဲများကိုယ်တိုင်က သူ၏ ဆရာများ ဖြစ်လာမည်ဖြစ်သောကြောင့် ဖြစ်သည်။
ယခု မဟာအကြီးအကဲက လင်းယွမ်ကို ကိုယ်တိုင်သင်ကြားပေးပြီး သိုင်းတာအိုကျင့်ကြံခြင်းစနစ်အကြောင်းကို အပြည့်အဝ နားလည်အောင် လုပ်ပေးရန် စီစဉ်ထားလေသည်။
" မဆိုးပါဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ ဤပတ်ဝန်းကျင်က အတော်လေး ကောင်းမွန်လေသည်။