ဖန်တီးခြင်းစွမ်းအား...
Vol. 24 Ch. 370
" အင်မော်တယ်ဘုရင်တွေက ဖန်တီးခြင်းစွမ်းအားကို ကိုင်စွဲပြီး စိတ်ဝိညာဉ်ကမ္ဘာကို လွှမ်းမိုးထားကြတယ်။ သူတို့က အောက်ဘုံများစွာကို လှည့်လည်သွားလာနိုင်ကြတယ်။ " လင်းယွမ်က ကပ်ဘေးကျော်လွှားခြင်း အင်မော်တယ်ဘုရင်များအကြောင်း စဉ်းစားနေသည်။ ထိုအချက်အလက်များကို သိုင်းဘုရားကျောင်းက စုဆောင်းထားခြင်း ဖြစ်သည်။
သိုင်းတာအိုကျင့်ကြံခြင်းစနစ်နှင့် အင်မော်တယ်ကျင့်ကြံခြင်းစနစ်တို့ကို ကွဲပြားသော်လည်း သန်မာသူများကိုတော့ လေးစားအားကျရဆဲ ဖြစ်သည်။
" ကပ်ဘေးကျော်လွှားခြင်း အင်မော်တယ်ဘုရင်နဲ့ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူကြား ကွာခြားချက်က ဘာလဲဆိုတာ ငါသိချင်မိတယ်။ "
ကျင့်ကြံခြင်းစနစ်က မတူညီသောကြောင့် အဆင့်တိုင်းမှ စွမ်းရည်များကလည်း မတူညီကြပေ။ ကပ်ဘေးကျော်လွှားခြင်းအဆင့်က အဋ္ဌမအလွှာနှင့် တူညီသည်ဆိုသည်မှာ တိုက်ခိုက်ရေးစွမ်းအားအရ အကြမ်းဖျင်း ခန့်မှန်းခြင်းဖြစ်သည်။ အသေးစိတ်နှင့် နည်းစနစ်များက ကိုယ်တိုင်ရင်ဆိုင်မှ သိပေလိမ့်မည်။
" ဖန်တီးခြင်းစွမ်းအား။ " လင်းယွမ်က သူ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။
ထိုစွမ်းအားက အင်မော်တယ်ဘုရင်များ၏ အဓိကစွမ်းအားဖြစ်သည်။ ၎င်းက အင်မော်တယ်ဘုရင်များ သက်ရှိအားလုံးကို လွှမ်းမိုးနိုင်သည့် ယုံကြည်မှုပင်ဖြစ်၏။
" ဒါက ကမ္ဘာစွမ်းအားရဲ့ နောက်ထပ် အခေါ်အဝေါ်တစ်ခုလား။ ဒါမှမဟုတ် စွမ်းအားအမျိုးအစားတစ်ခုလား။ ကပ်ဘေးကျော်လွှားခြင်း အင်မော်တယ်ဘုရင်တွေမှာ အတွင်းကမ္ဘာတွေ မရှိကြဘူးလား။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားသည်။
အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများ၏ အဓိကစွမ်းအားမှာ သူတို့၏ အတွင်းကမ္ဘာထဲမှ ကမ္ဘာစွမ်းအား ဖြစ်လေသည်။ သို့သော် ကပ်ဘေးကျော်လွှားခြင်း အင်မော်တယ်ဘုရင်များ ဆွဲကိုင်ထားသော ဖန်တီးခြင်းစွမ်းအား၏ သဘာဝကို မသိရသေးပေ။
သိုင်းဘုရားကျောင်းက ထိုမျှအထိ မမြင့်မားသေးသောကြောင့် အင်မော်တယ်ဘုရင်များ၏ အသေးစိတ်အချက်အလက်များကိုတော့ စုဆောင်းထားနိုင်ခြင်း မရှိပေ။
သိုင်းဘုရားကျောင်း၏ အတွင်းပိုင်းတွင် အကြီးအကဲများ စုဝေးနေကြပြန်သည်။
" ချန်အာရဲ့ အရည်အချင်းက အရမ်းအားကောင်းလွန်းတယ်။ ငါတို့ သူ့ကို မသင်ပေးနိုင်ဘူး။ " ဒုတိယအကြီးအကဲက ခဏတိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။
သူတို့က သိုင်းတာအို၏ ဆဋ္ဌမအလွှာ ကျင့်ကြံသူများဖြစ်ကြပြီး ရှေးဟောင်းသူတော်စင်များနှင့် ညီမျှလေသည်။ စိတ်ဝိညာဉ်ကမ္ဘာတွင် ရှေးဟောင်းသူတော်စင်များက ဒေသတစ်ခုကို လွှမ်းမိုးနိုင်ကြသည်။ အနည်းဆုံး ရှန်ယောင်မြို့တွင် ရှေးဟောင်းသူတော်စင်တစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းအားက ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်လေသည်။
သို့သော် သူတို့က လင်းယွမ်နှင့် ရင်ဆိုင်ရချိန်တွင် အနည်းငယ် စိုးရိမ်ကြလေသည်။ လင်းယွမ်၏ သင်ယူနိုင်စွမ်းနှင့် ကျင့်ကြံမှုအမြန်အနှုန်းက လျင်မြန်လွန်းလှသည်။
" ဒါဆို အခု ငါတို့ ဘာလုပ်ကြမလဲ။ " တတိယအကြီးအကဲက မေးလိုက်သည်။
" အခု တစ်ခုတည်းသော ရွေးချယ်စရာက ဘိုးဘေးသုံးယောက်ကို လမ်းညွှန်မှုတောင်းဖို့ပဲ။ ဘိုးဘေးသုံးယောက်ပဲ ချန်အာကို သင်ကြားဖို့ အရည်အချင်းပြည့်မီလိမ့်မယ်။ " မဟာအကြီးအကဲက ပြောလိုက်သည်။
" ဘိုးဘေးသုံးယောက်လား။ " အကြီးအကဲများက တုန်လှုပ်သွားကြ၏။
ဘိုးဘေးသုံးယောက်ဆိုသည်မှာ သိုင်းဘုရားကျောင်းကို တည်ထောင်သူ သတ္တမအလွှာ သုံးယောက်ကို ရည်ညွှန်းခြင်းဖြစ်သည်။ သို့သော် လက်ရှိတွင် ထိုသတ္တမအလွှာ ကျင့်ကြံသူသုံးယောက်က တာအိုအင်မော်တယ်ဂိုဏ်းအတွက် တိုက်ပွဲဝင်နေကြသည်။
တာအိုအင်မော်တယ်ဂိုဏ်းက ရှန်ယောင်မြို့ကို နှစ်ပေါင်းများစွာ ကာကွယ်ပေးခဲ့ခြင်းမှာ အစစ်အမှန်အင်မော်တယ်နှင့် သိုင်းဘိုးဘေးတို့၏ သဘောတူညီချက်ကြောင့်သာမက ဘိုးဘေးသုံးယောက်က တာအိုအင်မော်တယ်ဂိုဏ်းအတွက် အကျိုးဆောင်ခဲ့သောကြောင့် ဖြစ်သည်။
" အခုတော့ ဘိုးဘေးသုံးယောက်ပဲ သူ့ကို သင်ကြားပေးနိုင်မယ်ထင်တယ်။ " တတိယအကြီးအကဲက သက်ပြင်းချလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူတို့က ဆက်လက်သင်ကြားရန် မဝံ့ရဲကြပေ။ မဟုတ်လျှင် သူတို့၏ စိတ်အခြေအနေကို ထိခိုက်ပြီး အန္တရာယ်ရှိနိုင်လေသည်။ သူတို့သာ လင်းချန်၏ စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာက ပြည့်စုံနေသည်ကိုသာ အတည်မပြုနိုင်ခဲ့လျှင် လင်းချန်ကို ရှေးဟောင်းမိစ္ဆာအိုကြီးတစ်ကောင် ခန္ဓာသိမ်းပိုက်ထားသည်ဟု ထင်ကြပေလိမ့်မည်။
" ငါ ဘိုးဘေးသုံးယောက်ကို ဆက်သွယ်လိုက်မယ်။ " အခြားအကြီးအကဲများက မကန့်ကွက်သည်ကို မြင်သောအခါ မဟာအကြီးအကဲက ထရပ်ပြီး ပြောလိုက်သည်။
ဘိုးဘေးသုံးယောက်က တိုက်ပွဲဆင်နွှဲနေကြပြီး အဓိကပြဿနာများမရှိလျှင် သူတို့ကို အနှောက်အယှက်ပေး၍ မရပေ။ သို့သော် လင်းယွမ်၏ ကိစ္စက အဓိကပြဿနာပင်ဖြစ်၏။
ကျင့်ကြံခြင်းဂူအတွင်း လင်းယွမ်က ကျင့်ကြံနေရုံသာမက စိတ်ဝိညာဉ်ကမ္ဘာမှ မဟာတာအို၏ နိယာမများကိုလည်း ခံစားနေသည်။
" ထိုက်ယင်နိယာမ..." လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး သူ၏ မျက်လုံးထဲတွင် ထိုက်ယင်စွမ်းအားများ စီးဆင်းလာပြီး ထိုက်ယန်စွမ်းအားနှင့် ပေါင်းစပ်ကာ ထိုက်ကျိစွမ်းအား ဖြစ်ပေါ်လာသည်။
" ရောက်တာ မကြာသေးခင် ထိုက်ယင်နိယာမကို နားလည်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ " လင်းယွမ်က ကျေနပ်သွား၏။
မူလကမ္ဘာတွင် ဆယ်နှစ်ကျော် တခံားပိတ်ကျင့်ကြံခဲ့ပြီး ထိုက်ယင်နိယာမကို နားမလည်ခဲ့သော်လည်း ဤကမ္ဘာကို ရောက်ပြီး မကြာမီ သူက နားလည်သွားခဲ့သည်။
" ဒါပေမယ့် ငါ့ရဲ့ လက်ရှိခွန်အားက နိယာမတွေကို စုစည်းဖို့ အားနည်းနေသေးတယ်။ မဟုတ်ရင် ထိုက်ယင်နိယာမကို ထိုက်ယန်နိယာမနဲ့ ပေါင်းစည်းပြီးရင် ဘာဖြစ်လာမလဲ ကြည့်ဏမှာ စိတ်ဝင်စားစရာပဲ။ အဲ့ဒါက နိယာမအသစ်ဖြစ်မလား။ ထိုက်ကျိနိယာမလား။ " လင်းယွမ်က ခေါင်းကို ခါလိုက်သည်။
မဟာတာအို၏ နိယာမကို ဖမ်းဆုပ်ရသည်မှာ ခက်ခဲလေသည်။ နိယာမတစ်ခုကို စုစည်းရန် ၎င်းကို အပြည့်အဝ နားလည်ထားရမည်ဖြစ်သည်။ ဒုတိယအနေဖြင့် ထိုနိယာမကို သယ်ဆောင်နိုင်သော ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် ရှိရပေလိမ့်မည်။
သို့သော် လင်းယွမ်က ထိုက်ယင်နိယာမကို အသုံးပြုနိုင်ခြင်းမရှိသေးသော်လည်း အသုံးပြုနိုင်ဆဲ ဖြစ်သည်။ နိယာမတစ်ခုကို အပြည့်အဝ နားလည်သွားလျှင် ထိုလူ၏ သာမန်လှုပ်ရှားမှုတိုင်း ထိုနိယာမနှင့် ပဲ့တင်ထပ်နေပြီး သူတို့၏ ကန့်သတ်ချက်ထက် ကျော်လွန်သော စွမ်းအားကို ထုတ်ဖော်နိုင်ကြသည်။
" ဒီဆင်းသက်မှုမှာ ရုပ်ခန္ဓာနတ်စွမ်းရည်အသစ်ကို နိုးထလို့ရတာပဲ။ " လင်းယွမ်က တစ်စုံတစ်ခုကို စဉ်းစားမိပြီး သူ၏ မျက်လုံးများက တောက်ပသွား၏။
သိုင်းတာအို၏ ဆဋ္ဌမအလွှာ ကဏ္ဍက ရုပ်ခန္ဓာကျင့်ကြံခြင်း၏ အနှစ်သာရကို အခြေခံထားပြီး သိုင်းတာအိုကျင့်ကြံသူတစ်ယောက်အတွက် သင့်တော်သော ရုပ်ခန္ဓာနတ်စွမ်းရည်ကို နိုးထစေနိုင်လေသည်။
ယခုအချိန်တွင် လင်းယွမ်က ရုပ်ခန္ဓာနတ်စွမ်းရည်နှစ်ခုကို နားလည်ထားခဲ့သည်။ ပထမတစ်ခုမှာ သွေးပြန်လည်မွေးဖွားခြင်း ဖြစ်ပြီး ဒုတိယက တောင်ရွေ့လျားခြင်း ဖြစ်သည်။ သွေးပြန်လည်မွေးဖွားခြင်းက လင်းယွမ်ကို များစွာအထောက်အကူ ပြုခဲ့ပြီး ဆန်းကြယ်သော ဘူသီးခြောက်ကို ဖွင့်ရာတွင် ထိုစွမ်းရည်အပေါ် မူတည်ခဲ့လေသည်။
" ပြီးတော့ အဲ့ဒီဘူးသီးခြောက်..." လင်းယွမ်၏ စိတ်အသိက သူ၏ စိတ်ထဲသို့ ဝင်ရောက်သွားပြီး ကြီးကျယ်ခမ်းနားသော ဂိတ်တံခါးကြီးကို ကြည့်လိုက်သည်။
လင်းယွမ်သာ ဆန္ဒရှိလျှင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား တစ်မျှင်ကို အသုံးပြုပြီး ဘူးသီးခြောက်ကို ယူဆောင်နိုင်လေသည်။ သို့သော် သူက ခဏစဉ်းစားပြီးနောက် ထပ်စောင့်ရန် ဆုံးဖြတ်လိုက်သည်။
သူ၏ လက်ရှိခွန်အားက အားနည်းနေဆဲ ဖြစ်ပြီး ဘူးသီးခြောက်က တန်ဖိုးကြီးလှသည်။ ဤကမ္ဘာတွင် သူ့ကိုသူ ကာကွယ်နိုင်သော စွမ်းအားများ ရရှိပြီးမှ စဉ်းစားသည်မှာ ပိုကောင်းလေသည်။
" ကျင့်ကြံရမယ်..." လင်းယွမ်က သူ၏ အတွေးများကို စုစည်းပြီး ထပ်မံကျင့်ကြံလိုက်သည်။
ယခု သိုင်းဘုရားကျောင်း၏ ကာကွယ်မှုအောက်တွင် ရှိနေသောကြောင့် စိုးရိမ်စရာ မလိုသော်ခည်း လင်းယွမ် လုပ််
ဆောင်ရမည့် အရာများစွာ ရှိနေပြီး ထိုအရာများကို လုပ်ဆောင်ရန် ခွန်အားလိုအပ်လေသည်။
ရွှမ်ဝမ်နယ်မြေ၏ နယ်စပ်တွင် နန်းတော်တစ်ခုထဲ၌ ကျင့်ကြံသူသုံးယောက်က ခြေချိတ်ထိုင်နေကြပြီး သူတို့၏ ချီနှင့် သွေးများက လှည့်ပတ်နေကာ ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။
" ဟင် သိုင်းဘုရားကျောင်းက ငါ့ကို သတင်းပို့လာတယ်။ " ဘယ်ဘက်မှ ပထမကျင့်ကြံသူက မျက်လုံးဖွင့်ပြီး ပြောလိုက်သည်။
" သိုင်းဘုရားကျောင်းလား။ "
" တစ်ခုခုဖြစ်လို့လား။ " ညာဘက်အစွန်မှ ကျင့်ကြံသူကလည်း မျက်လုံးများဖွင့်လိုက်သည်။
ကိစ္စကြီးကြီးမားမားမဖြစ်လျှင် သူတို့ကို မဆက်သွယ်ရန် သိုင်းဘုရားကျောင်းကို ပြောထားပြီးသား ဖြစ်သည်။
" ဘာကိစ္စလဲ။ "အလယ်မှ ပုံရိပ်က မျက်လုံးများဖွင့်ပြီး ဖြည်းညင်းစွာ မေးလိုက်သည်။
ထိုပုံရိပ်မှာ အလွန်လှပသည့် အမျိုးသမီးတစ်ယောက်ဖြစ်သော လီချင်းပင် ဖြစ်၏။ လီချင်းက တစ်ချိန်က လင်းယွမ်၏ တိုက်ရိုက်တပည့်တစ်ယောက်လည်း ဖြစ်သည်။
" သူတို့ပြောတာ သိုင်းဘုရားကျောင်းကို တစ်ခေတ်မှာ တစ်ခါသာ ပေါ်ထွက်လာနိုင်တဲ့ ပါရမီရှင်တစ်ယောက် ရောက်လာတယ်။ သူက သိုင်းဘိုးဘေးရဲ့ နတ်အလင်းကို ခံစားလိုက်တာနဲ့ ရုပ်တုခုနှစ်ခုလုံးက အပြည့်အဝ လင်းလက်လာကြတယ်တဲ့။ " ဘယ်ဘက်မှ ကျင့်ကြံသူက ပြောလိုက်သည်။
" ရုပ်တုခုနှစ်ခုလုံးက အပြည့်အဝ လင်းလက်လာတယ်။ " ညာဘက်မှ ကျင့်ကြံသူက အနည်းငယ် အံ့ဩသွားသည်။ သူခေတ်တုန်းကပင် သူက နတ်ရုပ်တုတစ်ခုကိုသာ အပြည့်အဝ လင်းလက်စေနိုင်ခဲ့သည်။
" တကယ်ပဲ ပြိုင်ဘက်ကင်းပါရမီရှင်ပဲ။ " လီချင်းက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။ " သိုင်းဘုရားကျောင်းက ငါတို့ကို ဘာလုပ်စေချင်တာလဲ။ "
" ငါတို့ထဲက တစ်ယောက်က ပြန်လာပြီး အဲ့ဒီပါရမီရှင်ကို သင်ကြားပေးစေချင်တယ်လို့ သူတို့က ပြောတယ်။ " ဘယ်ဘက်မှ ကျင့်ကြံသူက ပြောလိုက်သည်။
" ငါတို့ထဲက တစ်ယောက်က ပြန်သွားရမယ်။ " လင်းချင်းက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
" အခု အခြားနယ်မြေတွေနဲ့ တိုက်ပွဲက အရေးကြီးတဲ့ အချိန်ရောက်နေပြီ။ ငါတို့မပြောနဲ့ ငါတို့ မူလစိတ်ဝိညာဉ်တွေတောင် ထွက်သွားလို့မရဘူး။ "
" ဒါကြောင့် သိုင်းဘုရားကျောင်းကို ပြန်ပြောလိုက်။ နှစ်တစ်ရာကြာပြီးရင် ငါကိုယ်တိုင်ပြန်လာပြီး အဲ့ဒီပါရမီရှင်ကို လမ်းညွှန်ပေးမယ်။ " လီချင်းက ပြောလိုက်သည်။
အတိတ်မှ လင်းယွမ်၏ လွှမ်းမိုးမှုကြောင့်လားမသိပေ။ သူမက သိုင်းတာအို၏ ပါရမီရှင်များကို တန်ဖိုးထားလေသည်။ သူမက သိုင်းတာအိုကျင့်ကြံသူတိုင်းကို ပိုမိုတိုးတက်လာစေရန် အခွင့်အရေးပေးလိုစိတ် ရှိလေသည်။