← Chapters

နှစ်တစ်ရာ....

Vol. 24 Ch. 371

နှစ်တစ်ရာ....

Vol. 24 Ch. 371

" နှစ်တစ်ရာလား။ "

" ဟုတ်တယ်။ နှစ်တစ်ရာကြာပြီးရင် ပဋိပက္ခအများစုက ပြေလည်သွားလိမ့်မယ်။ အဲ့အချိန်ကျရင် ငါတို့သုံးယောက်လုံး ပြန်လို့ရတယ်။ "

" အဲ့ဒီပြိုင်ဘက်ကင်းပါရမီရှင်ကို ဒီနှစ်တစ်ရာကို ကိုယ်ဘာသာကို ကျင့်ကြံခိုင်းထားလိုက်။ ငါတို့ ပြန်ရောက်တဲ့အခါ ငါတို့ကိုယ်တိုင် လမ်းညွှန်ပေးမယ်။ " ညာဘက်မှ ကျင့်ကြံသူက ပြောလိုက်သည်။

နှစ်တစ်ရာက ခဏသာ ဖြစ်သည်။ ထိုပါရမီရှင်က ယခုမှ လေ့ကျင့်ခါစဖြစ်ပြီး အရေးကြီးသည့် အချိန်နှင့် သူတို့ပြန်ရောက်သည့်နှင့် အချိန်ကိုက်ပင်ဖြစ်သည်။

နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီး လင်းယွမ် ဤကမ္ဘာသို့ ရောက်သည်မှာ နှစ်တစ်ရာပြည့်သွားခဲ့သည်။

မိုင်ပေါင်းသောင်းချီကျယ်ဝန်သော မြေအောက်ကမ္ဘာတစ်ခုတွင် လင်းယွမ်က ကျင့်ကြံနေသည်။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်အော်ရာကြောင့် ပတ်ဝန်းကျင်က ပုံပျက်သွားသည်။

" သိုင်းတာအိုအဋ္ဌမအလွှာရဲ့ ဒုတိယအဆင့်ကို ရောက်ပြီ။ " လင်းယွမ်က သူ၏ အော်ရာကို ထိန်းချုပ်ပြီး ကျေနပ်စွာ ရေရွတ်လိုက်သည်။ " အင်မော်တယ်လမ်းစဉ်က အဋ္ဌမအလွှာကို ပြည့်စုံအောင်လုပ်ရာမှာ အရေပါတဲ့ အခမ်းကဏ္ဍက ပါဝင်နေတာပဲ။ "

" ဒါပေမယ့် အဋ္ဌမအလွှာ ဒုတိယအဆင့်ကနေစပြီး ခက်ခဲမှုက အရမ်းမြင့်မားလာတယ်။ ဒါပေမယ့် ကောင်းကင်ကိုဆန့်ကျင်တဲ့ နားလည်နိုင်စွမ်းနဲ့ဆိုရင် အချိန်နဲ့ ဇွဲရှိဖို့ပဲ လိုတယ်။ "

လင်းယွမ်၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် အဋ္ဌမအလွှာကလည်း မူလကမ္ဘာမှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကဲ့သို့ အဆင့်လေးဆင့် ပါဝင်လေသည်။ လင်းယွမ်က ကျင့်ကြံခြင်း၏ တိကျသော အချက်အလက်များကို ရရှိရန်အတွက် အမြင့်ဆုံး အတိုင်းအတာထိ တွန်းအားပေးခဲ့လေသည်။

သာမန်အဋ္ဌမအလွှာကို ဖန်တီးရန် ထိုမျှ အားထုတ်စရာမလိုပေ။ သို့သော် သိုင်းတာအို၏ အဋ္ဌမအလွှာက လင်းယွမ်၏ ကျင့်ကြံခြင်းတွင် အရေးပါသော အဆင့်တစ်ခု ဖြစ်သောကြောင့် သူ၏ အားထုတ်မှုကို လျှော့ချခြင်း မရှိခဲ့ပေ။

" ငါ့ရဲ့ လက်ရှိအဆင့်က အဋ္ဌမအလွှာရဲ့ ဒုတိယအဆင့်ကို ရောက်လာပြီ။ "

စိတ်ဝိညာဉ်ကမ္ဘာတွင် အင်မော်တယ်ကျင့်ကြံခြင်းစနစ်နှင့် အခြားကျင့်ကြံခြင်းစနစ်များ မရှိခဲ့လျှင် သူက ထိုအဆင့်ကို ရောက်ရန် နောက်ထပ် ဆယ်စုနှစ်အချို့ ကြာဦးမည် ဖြစ်သည်။

" ဒါပေမယ့် အဋ္ဌမအလွှာကို ပြန်တက်လှမ်းတော့ စိတ်နှလုံးနတ်ဆိုးကပ်ဘေးကို မခံစားရတော့ဘူး။ ကပ်ဘေးကျော်လွှားခြင်း အင်မော်တယ်ဘုရင်တွေ ကြုံတွေ့တဲ့ ရုပ်ခန္ဓာကပ်ဘေးကိုလည်း မကြုံတွေ့ခဲ့ရဘူး။ " လင်းယွမ်က စဉ်းစားနေသည်။

ရုပ်ခန္ဓာကပ်ဘေး မဆင်းသက်လာခြင်းနှင့် ပက်သက်ပြီး လင်းယွမ်တွင် ခန့်မှန်းချက်များ ရှိ၏။ ထိုကပ်ဘေးက အင်မော်တယ်လမ်းစဉ် ကျင့်ကြံသူများအတွက် ဖြစ်သည်။

လင်းယွမ်က အင်မော်တယ်ကျင့်ကြံခြင်းစနစ်မှ အနှစ်သာရများကို ဆွဲထုတ်ခဲ့သော်လည််း အခြေခံ သိုင်းတာအိုက တည်ရှိနေဆဲ ဖြစ်သဖြင့် အင်မော်တယ်ကျင့်ကြံသူများကဲ့သို့ ရုပ်ခန္ဓာကပ်ဘေးကို ရင်ဆိုင်ရန် မလိုအပ်ခဲ့ပေ။

" ငါ့ရဲ့ နေထိုင်ချိန်က နှစ်ကိုးရာကျော်ဆိုတော့ အခုမှ နှစ်တစ်ရာပဲကြာသေးတယ်။ ဒါကြောင့် အဋ္ဌမအလွှာ ကဏ္ဍရဲ့ နောက်ထပ်အဆင့်တွေကို ပြည့်စုံအောင်လုပ်ဖို့ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။ " လင်းယွမ်က ၎င်းကို ယုံကြည်မှုရှိလေသည်။

" အဋ္ဌမအလွှာကဏ္ဍပြည့်စုံသွားတာနဲ့ သိုင်းတာအိုက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ဖြစ်သွားမှာပဲ။ ဒါက လူသားမျိုးနွယ်ရဲ့ သမိုင်းတစ်လျှောက် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကြား အဆင့်တစ်ခုမှာ ရပ်တည်နိုင်မယ်လို့ ငါထင်တယ်။ " လင်းယွမ်က ထရပ်ပြီး မြေအောက်ကမ္ဘာမှ အထက်သို့ တက်လာလိုက်သည်။

ထိုမြေအောက်ကမ္ဘာက လွန်ခဲ့သော နှစ်ကိုးဆယ်ကျော်က လင်းယွမ် မတော်တဆ တွေ့ရှိခဲ့သော ဂိုဏ်းအပျက်အဆီးနေရာတစ်ခု ဖြစ်သည်။ ထို့နောက် ၎င်းက လင်းယွမ်၏ လေ့ကျင့်ရေးကွင်းဖြစ်သွားခဲ့သည်။

" လေဟာနယ်.... " ခြေတစ်လှမ်းဖြင့် လင်းယွမ်က လေဟာနယ်လှိုင်းများနောက်လိုက်ပြီး ခဏအတွင်စ ရှန်ယောင်မြို့၏ အပြင်ဘက်သို့ ရောက်လာခဲ့သည်။

လင်းယွမ်ကျင့်ကြံသည့် မြေအောက်ကမ္ဘာက ရှန်ယောင်မြို့နှင့် မိုင်ပေါင်းသန်းချီ ဝေးကွာသော်လည်း လေဟာနယ်နိယာမအပေါ် လင်းယွမ်၏ နားလည်မှုကြောင့် ခြေတစ်လှမ်းသာ ရှိခဲ့သည်။

လွန်ခဲ့သော နှစ်တစ်ရာအတွင်း လင်းယွမ်က သူ၏ ခွန်အားကို ပြန်လည်ရရှိရန်နှင့် သိုင်းတာအို၏ အဋ္ဌမအလွှာကဏ္ဍကို ပြည့်စုံအောင် လုပ်ခြင်းအပြင် လေဟာနယ်နိယာမအပေါ် လေ့လာခြင်းကိုလည်း မရပ်တန့်ခဲ့ပေ။

လင်းယွမ်က ပင်မလေဟာနယ်ပုံစံ လေးထောင်ကျော်ကို နားလည်ခဲ့ပြီး သူ၏ အတွင်းကမ္ဘာကလည်း မိုင်လေးသန်းအထိ ရှိလာခဲ့သညမ။

ထိုမိုင်လေးသန်းက လေဟာနယ်နိယာမ၏ သီးသန့်ချဲ့ထွင်မှုဖြစ်ပြီး မူလကမ္ဘာမှ ဆန်းကြယ်သော ဘူးသီးခြောက်၏ ချဲ့ထွင်မှု မပါဝင်ခဲ့ပေ။ ဆင့်သက်ခြင်းမပြုခင်က ချဲ့ထွင်မှုကို ထည့်တွက်လျှင် လင်းယွမ်၏ အတွင်းကမ္ဘာက မိုင်သန်းနှစ်ဆယ် ကျယ်ဝန်းပေလိမ့်မည်။

မိုင်သန်းနှစ်ဆယ် ရှိသော အတွင်းကမ္ဘာက မူလကမ္ဘာမှ ဆင့်ကဲပြောင်းလဲသူများ၏ အတွင်းကမ္ဘာကန့်သတ်ချက်ဖြစ်သော မိုင်ဆယ်သန်းထက် များစွာ ကျော်လွန်သွားပြီဖြစ်သည်။ ထိုမျှကျယ်ပြန့်သော အတွင်းကမ္ဘာ၏ ကမ္ဘာစွမ်းအားက အဋ္ဌမအလွှာ တားဆီးမရသူများနှင့် ယှဉ်နိုင်ပေလိမ့်မည်။

" အဲ့ဒီဆန်းကြယ်တဲ့ ဘူးသီးခြောက်ကို ယူဖို့ အချိန်ကျပြီ။ " လင်းယွမ်က ရှန်ယောင်မြို့ထဲသို့ လျှောက်ဝင်လာရင်း တွေးလိုက်သည်။

" ဒီတစ်ခါ ကျင့်ကြံခဲ့တဲ့ ရုပ်ခန္ဓာနတ်စွမ်းရည်က..." လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားသည်။

လွန်ခဲ့သော နှစ်တစ်ရာက လင်းယွမ်မှာ ခွန်အားမလုံလောက်သေးသောကြောင့် မမျှော်လင့်ထားသော အခြေအနေများကို စိုးရိမ်ပြီး ဘူးသီးခြောက်ကို မယူခဲ့ပေ။ ယခုတော့ စိတ်ဝိညာဉ်ကမ္ဘာ၏ ထိပ်ဆုံးတွင် ရပ်တည်နေသော ကပ်ဘေးကျော်လွှားခြင်း အင်မော်တယ်ဘုရင်တစ်ယောက်ပင် လင်းယွမ်ကို ခြိမ်းခြောက်နိုင်မည်မဟုတ်ပေ။

ဆဋ္ဌမအလွှာတွင် မိမိ၏ ရုပ်ခန္ဓာမှ ဆင်းသက်လာသော နတ်စွမ်းရည်တစ်ခုကို နိုးထနိုင်မည်ဖြစ်သည်။ ခန္ဓာကိုယ်မတူညီခြင်း၊ သွေးမျိုးဆက်များ မတူညီခြင်းကြောင့် ရုပ်ခန္ဓာနတ်စွမ်းရည်များကလည်း တူညီမည်မဟုတ်ပေ။

အင်မော်တယ်တာအိုကမ္ဘာတွင် လင်းယွမ်နိုးထခဲ့သော ရုပ်ခန္ဓာနတ်စွမ်းရည်က သွေးပြန်လည်မွေးဖွားခြင်း ဖြစ်၏။ မူလကမ္ဘာတွင် နိုးထခဲ့သော ရုပ်ခန္ဓာနတ်စွမ်းရည်က တောင်ရွေ့လျားခြင်း ဖြစ်၏။ ယခု စိတ်ဝိညာဉ်ကမ္ဘာတွင် လင်းယွမ် နိုးထခဲ့သော ရုပ်ခန္ဓာနတ်စွမ်းရည်မှာ အားဖြည့်ခြင်း ဖြစ်၏။

အားဖြည့်ခြင်းနတ်စွမ်းရည် အသက်ဝင်လာသည်နှင့် လင်းယွမ်း၏ ရုပ်ခွန်အား၊ အသက်စွမ်းအား၊ စိတ်ဝိညာဉ် အားလုံး ဆယ်ဆ တိုးလာမည်ဖြစ်သည်။ သူ၏ အတွင်းကမ္ဘာထဲမှ ကမ္ဘာစွမ်းအားပင် ဆယ်ဆတိုးလာမည်ဖြစ်သည်။

အားဖြည့်ခြင်းနတ်စွမ်းရည်၏ ကြာချိန်က အသက်ဆယ်ကြိမ်ရှူစာလောက်သာ ရှိပြီး ထိုအချိန်ပြီးလျှင် လင်းယွမ်၏ ခွန်အားက နှစ်ဆယ်မှ သုံးဆယ်ရာခိုင်နှုန်းထိ လျှော့နည်းသွားမည်ဖြစ်သော်လည်း ထိုနတ်စွမ်းရည်က အစွမ်ထက်သော ဝှက်ဖဲတစ်ခုဖြစ်သည်မှာ သံသယဝင်စရာပင် မလိုပေ။

အင်အားကြီးသူများကြား တိုက်ပွဲတွင် အသက်ဆယ်ကြိမ်ရှူစာမပြောနှင့် အချိန်ခဏလေးကပင် အနိုင်အရှုံးဆုံးဖြတ်ပေးနိုင်လေသည်။ ထိုနတ်စွမ်းရည်ကို ပိုင်ဆိုင်ထားသော သာမန်အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ပင် အဋ္ဌမအလွှာ တားဆီးမရသူများကို စိန်ခေါ်နိုင်ပေလိမ့်မည်။ ၎င်းက နတ်စွမ်းရည် အသက်ဝင်နေချိန်တွင်သာ ဖြစ်သော်လည်း စကြာဝဠာစွမ်းအားတစ်မျိုးကိုပင် အစားထိုးနိုင်လေသည်။

" အနာဂတ်မှာ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြည့်စုံအောင် လုပ်တာအပြင် အဓိကက ဒီနတ်စွမ်းရည်ကို မူလကမ္ဘာမှာ ပြန်အသုံးပြုနိုင်တဲ့အထိ အပြည့်အဝ နားလည်ဖို့ပဲ။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

လင်းယွမ်မှတ်မိသလောက်ဆို သူက သွေးပြန်လည်မွေးဖွားခြင်းကို အပြည့်အဝ နားလည်ရန် နှစ်ငါးဆယ် အချိန်ယူခဲ့ရလေသည်။

လင်းယွမ်က သိုင်းဘုရားကျောင်းသို့ ပြန်ရောက်ပြီး မကြာမီ အကြီးအကဲများ ရောက်လာကြသည်။

" အကြီးအကဲတို့။ " လင်းယွမ်က အနည်းငယ် ခေါင်းညိမ့်လိုက်သည်။

လွန်ခဲ့သော ရာစုနှစ်အတွင်း သိုင်းဘုရားကျောင်း၏ အကြီးအကဲများက လင်းယွမ်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ကြပြီး သိုင်းဘုရားကျောင်း၏ အနာဂတ်ကဲ့သို့ ပျိုးထောင်ခဲ့ကြလေသည်။

အစောပိုင်းအဆင့်များတွင် သိုင်းဘုရားကျောင်း၏ အကူအညီမပါလျှင် လင်းယွမ်က လက်ရှိအဆင့်ကို ရောက်ရန် အချိန်ပိုကြာသွားပေလိမ့်မည်။

အင်မော်တယ်လမ်းစဉ်ကျင့်ကြံသူများက အရင်းအမြစ်များလိုအပ်သကဲ့သို့ သိုင်းတာအိုကျင့်ကြံသူများကလည်း လိုအပ်လေသည်။ အထူးသဖြင့် ဆဋ္ဌမအလွှာနှင့် သတ္တမအလွှာကြား အတွင်းကမ္ဘာကို ဖွင့်လှစ်ချိန်တွင် အရင်းအမြစ် ကုန်ကျမှုက ကြောက်စရာကောင်းလှသည်။

" ချန်အာ ဒီမှာ မင်းတောင်းထားတဲ့ အင်မော်တယ်လမ်းစဉ်ပဲ။ " မဟာအကြီးအကဲက ကျောက်စိမ်းပြားအနည်းငယ်ကို ထုတ်ပြီး လင်းယွမ်ကို ကြည့်လိုက်သည်။ သူ၏ အကြည့်တွင် ကြောက်ရွံ့မှု အနည်းငယ် ပါဝင်နေသည်။

လွန်ခဲ့သော နှစ်ခုနှစ်ဆယ်လောက်က အကြီးအကဲများက လင်းယွမ်ကို နားမလည်နိုင်ဖြစ်ခဲ့ကြသည်။ လင်းယွမ်က သိုင်းဘုရားကျောင်းတွင် မှတ်တမ်းတင်ထားသော သိုင်းတာအိုကျမ်းအားလုံးကို ဖတ်ရှုခဲ့သည်။ သူတို့က လင်းယွမ်နှင့် ရင်ဆိုင်သည့်အကြိမ်တိုင်း ရင်တုန်မှုကို ခံစားခဲ့ရသည်။

ထိုခံစားချက်က လွန်ခဲ့သော နှစ်ခြောက်ဆယ်က ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော်လည်း သူတို့က လင်းယွမ်ကို အထင်သေးခြင်းမရှိကြပေ။

" ကျစ်ကောင်းအင်မော်တယ်ကျမ်း၊ ဒါက ကျစ်ကောင်းအင်မော်တယ်ဂိုဏ်းရဲ့ လျို့ဝှက်ကျင့်စဉ်မဟုတ်လား။ " လင်းယွမ်က စိတ်ဝင်စားသွား၏။

လွန်ခဲ့သော ဆယ်စုနှစ်အချို့က လင်းယွမ်က အကြီးအကဲများကို အင်မော်တယ်လမ်းစဉ်၏ ကျင့်စဉ်များ စုဆောင်းပေးရန် တောင်းဆိုခဲ့သည်။

လင်းယွမ်ကဲ့သို့ သိုင်းတာအိုကျင့်ကြံသူတစ်ယောက်က အင်မော်တယ်ကျင့်စဉ်များကို မည်သည့်ရည်ရွယ်ချက်နှင့် စုဆောင်းခိုင်းမှန်းမသိသော်လည်း လင်းယွမ်ပြသခဲ့သော အရည်အချင်းများကြောင့် သူတို့က သံသယဝင်ခြင်းမရှိကြပေ။

All Chapters