← Chapters

မင်းက ဘယ်သူလဲ....

Vol. 24 Ch. 374

မင်းက ဘယ်သူလဲ....

Vol. 24 Ch. 374

သိုင်းဘုရားကျောင်း၏ ကျင့်ကြံခြင်းဂူထဲတွင် လင်းယွမ်က လိမ္မော်ရောင်အရည်ကို ဆက်လက် စုပ်ယူရန် ကြိုးစားနေသည်။

ဝုန်း ဝုန်း ဝုန်း....

ကြောက်မက်ဖွယ်မီးတောက်များက သူ၏ ခန္ဓာကိုယ်အတွင်း လောင်ကျွမ်းနေပြီး သွေးပြန်လည်မွေးဖွားခြင်းနှင့် ဆက်တိုက်တိုက်ခိုက်နေပြီး နောက်ဆုံးတွင် လင်းယွမ်၏ ပုံရိပ်က ပြိုကွဲသွားသည်။

မကြာမီ လင်းယွမ်က သွေးပြန်လည်မွေးဖွားခြင်းစွမ်းရည်ကို အသုံးပြုပြီး တဖန် ပြန်ပေါ်လာသည်။

" လိမ္မော်ရောင်အရည်ကို အပြည့်အဝ စုပ်ယူနိုင်ဖို့ အချိန်နည်းနည်း ကြာဦးမယ်ထင်တယ်။ " လင်းယွမ်က သူ၏ စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်သည်။

ယခု လင်းယွမ်၏ အတွင်းကမ္ဘာက ၅.၂ဆ မြှင့်တင်မှုကို ခံယူခဲ့ပြီး လိမ္မော်ရောင်အရည်ကို အပြည့်အဝ စုပ်ယူနိုင်ခဲ့လျှင် ၆.၆၆ဆ မြှင့်တင်မှုအထိ ရောက်သွားပေလိမ့်မည်။ ထိုအချိန်တွင် အတွင်းကမ္ဘာ၏ အရွယ်အစားက မိုင် ၂၆သန်းနီးပါး ရောက်သွားပေလိမ့်မည်။

" ခဏနားဦးမှပါ။ " လင်းယွမ်က လိမ္မော်ရောင်အရည်ကို ချက်ချင်း ပြန်လည် မစုပ်ယူခဲ့ပေ။

ဘူးသီးခြောက်ထဲမှ အရည်က သူ၏ ရုပ်ခန္ဓာနှင့် အတွင်းကမ္ဘာကို ဆက်တိုက်မြှင့်တင်ပေးနိုင်သော်လည်း သူ၏ စိတ်စွမ်းအားအပေါ် ဖိနှိပ်မှုက ပို၍ ပြင်းထန်လေသည်။ ထို့ကြောင့် တစ်ခါစုပ်ယူပြီးတိုင်း ခဏအနားယူရလေသည်။

" ဟမ် မဟာအကြီးအကဲက ငါ့ကို ရှာနေတာလား။ ဘိုးဘေးသုံးယောက် ပြန်ရောက်လာပြီလား။ " လင်းယွမ်က ရုတ်တရက် မဟာအကြီးအကဲထံမှ သတင်းတစ်ခု ရရှိလိုက်သည်။

" သိုင်းတာအို သတ္တမအလွှာ သုံးယောက်... လီချင်း..." လင်းယွမ်က အတွေးထဲတွင် နစ်မြှုပ်သွားသည်။

ထိုအချိန်က သူ၏ ထိုက်ယန်မူလစိတ်ဝိညာဉ်က အရှေ့ပင်လယ်တွင် လှည့်လည်နေစဉ် ကျွန်းလေးတစ်ကျွန်းပေါ်မှ ရွာလေးတစ်ရွာကို နတ်ဆိုးများ သတ်ဖြတ်နေကြသည်ကို တွေ့လိုက်ရပြီး လင်းယွမ်က ကယ်တင်ပေးခဲ့လေသည်။

လီချင်းက ထိုရွာကလေးမှ ဖြစ်၏။ နောက်ပိုင်း လီချင်းက သိုင်းတာအိုတွက် ပါရမီရှိသည်ကို လင်းယွမ်က တွေ့ရှိခဲ့ပြီး သူမကို ပိုင်ယုကျွန်းသို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။

" သွားကြည့်လိုက်မယ်။ " လင်းယွမ်က ကျင့်ကြံခြင်းဂူထဲမှ ထွက်ပြီး သိုင်းဘုရားကျောင်း၏ ခန်းမဆီသို့ ဦးတည်လိုက်သည်။

ထိုအချိန် သိုင်းဘုရားကျောင်း ခန်းမထဲတွင် အကြီးအကဲများက ရိုသေစွာ မတ်တပ်ရပ်နေကြသည်။ ထိုင်ခုံ၏ အဓိကနေရာများတွင် သတ္တမအလွှာ ဘိုးဘေးသုံးယောက် ထိုင်နေကြသည်။ သူတို့က လီချင်း၊ ရှန်ယန်နှင့် နင်ယွင်တို့ပက်ဖြစ်၏။

" ဘိုးဘေး လင်းချန်ကို လာဖို့ ကျွန်တော် အကြောင်းကြားထားပြီးပါပြီ။ " မဟာအကြီးအကဲက ရိုသေစွာ ပြောလိုက်သည်။

" အင်း နားလည်ပြီ။ " ရှန်ယန်က ပြောလိုက်သည်။ " သူနဲ့ တွေ့ပြီးတာနဲ့ သူကို ကောင်းကင်ကိုးပါးဆီ တိုက်ရိုက်ခေါ်သွားရမယ်။ "

စိတ်ဝိညာဉ်ကမ္ဘာ၏ ကောင်းကင်ကိုးပါးက မတူညီသော လေဟာနယ်အလွှာများ ရှိပြီး တစ်ခုချင်းစီတွင် နိယာမများ ထွက်ပေါ်ခြင်း၊ ကမ္ဘာ၏ အနှစ်သာရကို ဖော်ပြခြင်း စသည်တို့ ပါဝင်လေသည်။ အဆင့်နိမ့်ကျင့်ကြံသူများအတွက် ကောင်းကင်ကိုးပါးသို့ သွားနိုင်ခြင်းက ကြီးမားသော အခွင့်အရေးဖြစ်လေသည်။

သို့သော် ကောင်းကင်ကိုးပါးထဲသို့ မလွယ်ကူလှပေ။ များသောအားဖြင့် တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန်အင်မော်တယ်များသာ ဝင်ရောက်နိုင်လေသည်။ ထို့အပြင် တစ်စုံတစ်ယောက်ကို ခေါ်သွားရန်က ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆပ်ရပြီး ကြာချိန်ကလည်း ကန့်သတ်ထားလေသည်။

မကြာမီ လင်းယွမ်၏ ပုံရိပ်က ခန်းမထဲသို့ ဝင်ရောက်လာသည်။

ရှန်ယန်က လင်းယွမ်ကို သေချာကြည့်ပြီး ရယ်မောလိုက်သည်။ " ဘိုးဘေးက မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ ငါနဲ့ ကောင်းကင်ကိုးပါးကို လိုက်ခဲ့။ "

ရှန်ယန်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး ချက်ချင်း လင်းယွမ်၏ ဘေးတွင် ပေါ်လာသည်။ သူက လင်းယွမ်၏ ပခုံးကို ကိုင်ပြီး ကောင်းကင်ကိုးပါးသို့ တိုက်ရိုက်တက်ရန် ရည်ရွယ်လိုက်သည်။ ထိုခဏတွက် ရှန်ယန်၏ အမူအရာက အေးခဲသွားသည်။

လင်းယွမ်၏ ပခုံးပေါ်တင်ထားသော သူ၏ ညာလက်က တုန်ယင်သွား၏။ သူက လင်းယွမ်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ သူက ဘာလို့ဒီလောက် လေးနေတာလဲ။

သိုင်းတာအို သတ္တမအလွှာ ကျင့်ကြံသူတစ်ယောက်အနေဖြင့် ရှန်ယန်က သန်မာသော ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားပြီး မိုင်ရာပေါင်းများစွာ မြင့်မားသော တောင်များကိုပင် ခွန်အားသက်သက်ဖြင့် ပင့်မြှောက်ထားနိုင်စွမ်းရှိလေသည်။ အခြားနည်းလမ်းများကို အသုံးပြုလျှင် သူ၏ ခွန်အားကို မြှင့်တင်နိုင်သေးသည်။ ၎င်းက သိုင်းတာအိုနှင့် အင်မော်တယ်လမ်းစဉ်ကြား ကွာခြားချက်ဖြစ်သည်။

အင်မော်တယ်လမ်းစဉ်က စိတ်ဝိညာဉ်ကို အာရုံစိုက်ပြီး ရွှေအမြုတေအဆင့်မှစ၍ စိတ်ဝိညာဉ်ဖြစ်တည်ခြင်းအဆင့်၊ နတ်အသွင်ပြောင်းလဲခြင်းအဆင့်နှင့် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်တွင် သူတို့၏ စိတ်ဝိညာဉ်ကို အာရုံစိုက်ပြီး ကျင့်ကြံကြသည်။

သိုင်းတာအိုက ကွဲပြားလေသည်။ မူလစိတ်ဝိညာဉ်ကို စုစည်းနိုင်သော်လည်း အခြေခံအားဖြင့် ရုပ်ခန္ဓာကို အာရုံစိုက်ပြီး ကျယ်ပြန့်သော ချီနှင့် သွေးများကို ပိုင်ဆိုင်လေသည်။

သို့သော် ထိုခဏတွင် ရှန်ယန်၏ စိတ်ထဲမှ တုန်လှုပ်သွား၏။ သူက လင်းယွမ်၏ ညာလက်ကို ဆုပ်ကိုင်လိုက်သော်လည်း လုံးဝ မမြှောက်နိုင်ခဲ့ပေ။ အလွန်လေးလံလှသည်။

သူ၏ ရှေ့တွင် ရှိနေသည်မှာ လူတစ်ယောက်မဟုတ်ဘဲ ကမ္ဘာကြီးတစ်လုံးနှင့် တူနေသည်။ လူတစ်ယောက်က ကမ္ဘာကြီးတစ်ခုလို လေးတာလား။

ရှန်ယန်က အချိန်အတော်ကြာ တုန့်ပြန်နိုင်ခြင်းမရှိဘဲ သူ၏ ခွန်အားကျဆင်းသွားပြီလားတောင် သံသယဝင်မိနေသည်။

" ကျုပ်ကို မ ချင်တာလား။ " လင်းယွမ်က ရှန်ယန်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။

သူ၏ ရုပ်ခန္ဓာက ဆန်းကြယ်သော ဘူးသီးခြောက်၏ အကူအညီနှင့် ငါးဆမှ ခြောက်ဆအထိ မြှင့်တင်ထားလေသည်။ သူ၏ သွေးတစ်စက်၊ ဆံပင်တစ်ပင်စီတိုင်းက မူလကမ္ဘာမှ စံနှုန်းများနှင့်ဆိုလျှင် တန်တစ်သောင်းကျော် အလေးချိန်ရှိလေသည်။

အမှန်တွင် ရုပ်ခန္ဓာက အရေးမကြီးသေးပေ။ အဓိကမှာ လင်းယွမ်၏ ခန္ဓာကိုယ်ထဲတွက် ရှိနေသော မိုင် ၂၆သန်း ကျယ်ဝန်းသည့် အတွင်းကမ္ဘာပင် ဖြစ်သည်။ ၎င်းကို မမြင်ရသော်လည်း မရှိဘူဟု မဆိုနိုင်ပေ။

ပုံမှန်အားဖြင့် လင်းယွမ်က ထိုကမ္ဘာ၏ စွမ်းအားကို လည်ပတ်ပြီး စိတ်ဝိညာဉ်ကမ္ဘာ၏ ဆွဲငင်အားကို ဟန်ချက်ညီစေခြင်းဖြစ်သည်။

၎င်းက ဟန်ချက်ညီရန်သာဖြစ်ပြီး ပြင်ပလူတစ်ယောက်က လင်းယွမ်ကို မြှောက်ရန် ကြိုးစားလျှင် မိုင် ၂၆သန်းရှိသော ကမ္ဘာတစ်ခုကို မြှောက်နိုင်သော ခွန်အား လိုပေလိမ့်မည်။

ရှန်ယန်က လျင်မြန်စွာ နားလည်သွားသည်။ သူ၏ ခွန်အားကျဆင်းသွားခြင်းမဟုတ်ဘဲ သူ၏ ရှေ့မှ လူငယ်က အလွန်လေးလံနေခြင်းဖြစ်သည်။ စိတ်ကူးမယဉ်နိုင်လောက်အောင် လေးလံလှ၏။ သူ၏ ခွန်အားကုန် ထုတ်သော်လည်း အနည်းငယ်မျှပင် ရွှေ့နိုင်ခြင်းမရှိပေ။

နီးမဝေးတွင် လီချင်းနှင့် နင်ယွင်တို့က လင်းယွမ်နှင့် ရှန်ယန်တို့ကို ကြည့်နေကြသည်။ သူတို့၏ အမြင်တွင် လင်းယွမ်က တိတ်ဆိတ်စွာ ရပ်နေပြီး ရှန်ယန်က သူ၏ ပခုံးကို ကိုင်ကာ တိုက်ရိုက်တက်ရန် ရည်ရွယ်ပြီးမှ ရုတ်တရက် ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။

ထိုခဏတွင် ရှန်ယန်က ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်ဆုတ်လာပြီး သူတို့၏ ဘေးတွင်ရပ်၍ လင်းယွမ်ကို စိုက်ကြည့်နေသည်။ " မင်းက ဘယ်သူလဲ။ "

ထိုမြင်ကွင်းက လီချင်းနှင့် နင်ယွင်တို့ကို စိတ်ရှုပ်သွားစေသော်လည်း ခဏအတွင်း သူတို့က လျင်မြန်စွာ နားလည်သွားကြသည်။

လီချင်းက လင်းယွမ်ကို ကြည့်လိုက်ပြီး သူ့ကို ဖောက်ထွင်းမမြင်ရကြောင်း တွေ့လိုက်ရသည်။ လင်းယွမ် ထုတ်လွှတ်နေသော အော်ရာက အပြစ်အနာဆာကင်းမဲ့ပြီး ပြည့်စုံလွန်း၍ သူမ၏ သိမြင်နိုင်စွမ်းထက် ကျော်လွတ်နေသည်။

သူတို့၏ ချီနှင့် သွေးများက ချက်ချင်း ထွက်ပေါ်လာပြီး သိုင်းဘုရားကျောင်းနှင့် ရှန်ယန်မြို့ကို ဖုံးလွှမ်းသွားသည်။

" ငါ ဘယ်သူလဲ။ "

လင်းယွမ်က ညင်သာစွာ ရယ်မောလိုက်သည်။ " ငါ့ကို ကောင်းကင်ကိုးပါးကို ပို့ပေးစရာမလိုဘူး။ ငါ့ရဲ့ ယင်စိတ်ဝိညာဉ်နဲ့ ယန်စိတ်ဝိညာဉ်တို့က အဲ့ဒီမှာ ကျင့်ကြံနေပြီ။ "

အင်မော်တယ်တာအိုကမ္ဘာတွင် ကောင်းကင်ကိုးပါးရှိပြီး ၎င်းက ရှေးဟောင်းသူတော်စင်များ၏ တိုက်ပွဲစစ်မြေပြင်ဖြစ်သည်။ စိတ်ဝိညာဉ်ကမ္ဘာတွင်လည်း ကောင်းကင်ကိုးပါးရှိပြီး ပို၍ နက်နဲဆန်းကြယ်ကာ ကမ္ဘာ၏ အနှစ်သာရကို နားလည်နိုင်သည့် အံ့ဖွယ်များစွာ ရှိနေလေသည်။

ထို့ကြောင့် လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက လင်းယွမ်မှာ သူ၏ ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်တို့ကို ဉာဏ်အလင်းရရှိရန် စေလွှတ်ခဲ့ခြင်းဖြစ်သည်။

" ကောင်းကင်ကိုးပါးမှာ ကျင့်ကြံတာလား။ " ရှန်ယန်နှင့် နင်ယွင်တို့က အချင်းချင်း ကြည့်ပြီး အံ့အားသင့်သွားကြသည်။

သတ္တမအလွှာ သို့မဟုတ် အစစ်အမှန် အင်မော်တယ်များသာ ကောင်းကင်ကိုးပါးသို့ သွားနိုင်သော်လည်း သူတို့က ခဏသာ နေနိုင်လေသည်။

အကယ်၍ အချိန်ကြာမြင့်စွာ နေထိုင်လျှင် ကောင်းကင်ကိုးပါးမှ ဖိအားကို သတ္တမအလွှာနှင့် အစစ်အမှန်အင်မော်တယ်များ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

ထိုနေရာတွင် ကျင့်ကြံဖို့လား။ ကပ်ဘေးကျော်လွှားခြင်း အင်မော်တယ်ဘုရင်တစ်ယောက်သာ ကောင်းကင်ကိုးပါးတွင် ကျင့်ကြံနိုင်လေသည်။

ရှန်ယန်နှင့် နင်ယွင်တို့က လင်းယွမ်၏ ခွန်အားကို နားမလည်ကြသည့်အပြင် သိုင်းဘုရားကျောင်းသို့ ဝင်ရောက်သည့် ရည်ရွယ်ချက်ကိုလည်း မသိကြပေ။

" ယင်စိတ်ဝိညာဉ်နဲ့ ယန်စိတ်ဝိညာဉ်လား။ " လီချင်းက အတွေးများထဲတွင် နစ်မြှုပ်သွားသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက သိုင်းတာအိုကျင့်ကြံသူများက မရေတွက်နိုင်အောင် ထွက်ပေါ်လာခဲ့ကြသည်။ ထို့နောက် ပဉ္စမအလွှာကို ရောက်ပြီး မူလစိတ်ဝိညာဉ်ကို စုစည်းခဲ့ကြသည်။

သို့သော် မူလစိတ်ဝိညာဉ်အမျိုးမျိုး ရှိခဲ့သော်လည်း လီချင်း၏ စိတ်ထဲတွင် ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်ကို စုစည်းနိုင်သူ တစ်ယောက်တည်းသာ ရှိလေသည်။

ယင်နှင့်ယန်က အဆုံးမဲ့ဆန့်ကျင်ဘက်စွမ်းအားနှစ်ခုကို ကျင့်ကြံခြင်းဖြစ်ပြီး တစ်ချက်မှားသည်နှင့် ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေပေလိမ့်မည်။

ယင်နှင့်ယန်ကို ပေါင်းစည်းပြီး ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်ကို စုစည်းနိုင်ခဲ့သူမှာ သူမ၏ ဆရာ သိုင်းတာအို၏ ဘိုးဘေးသာ ရှိပေလိမ့်မည်။

သူမ၏ ဘေးမှ ရှန်ယန်နှင့် နင်ယွင်တို့က လှုပ်ရှားရန် မဆုံးဖြတ်နိုင်ကြပေ။ သူတို့က တိုက်ခိုက်ရန် ယုံကြည်မှုမရှိကြပေ။

All Chapters