← Chapters

မိစ္ဆာဘုံ၏ သစ္စာဖောက်

Vol. 018 Ch. 1769

မိစ္ဆာဘုံ၏ သစ္စာဖောက်

Vol. 018 Ch. 1769

ယူချင်း၏မျက်နှာနှင့်နာမည်သည် ဘုံကိုးခုတွင်ရှိကြသည့် လူများနှင့် မရင်းနှီးပေ။သူသည် ဂူတုံးလျှိုထက်ပင် လူသိနည်းပေသည်။ ဘုံကိုးခုမှ လူအများစုသည် ယူချင်းအား ရီဖူရှင်း၏အနားတွင်ရှိသည့် နောက်လိုက်ပထမတန်းစားကျင့်ကြံသူများထဲမှ တစ်ယောက်၊ လီဟန်ဓားသမား သို့မဟုတ် ရာရာနှင့်အဆင့်တူသူဟုသာသိကြသည်။

ယူချင်းသည် တစ်ချိန်က နတ်ဘုရားအကြွင်းအကျန်နယ်မြေတွင် ထူးခြားသည့်စွမ်းရည်ကို ပြသနိုင်ခဲ့သော်လည်း သူသည် ရီဖူရှင်း၏တောက်ပမှုကြောင့်မှေးမှိန်ခဲ့ရပြီး ရီဖူရှင်းလေ့ကျင့်သင်ကြားပေးထားသည့် အက်ကြောင်းမဲ့နတ်ဝင်ရိုးနှင့် ကျင့်ကြံသူအများအပြားကြားတွင်မထင်ရှားခဲ့ပေ။ ထို့ကြောင့် သူသည် ကောင်းကင်အာဏာစက်ကျောင်းတော်ပြင်ပမှ လူများ၏စိတ်ဝင်စားခြင်းကို အနည်းငယ်သာခံခဲ့ရသည်။

ထိုအကြောင်းအရင်းကြောင့် ယူချင်းစင်ပေါ်သို့လာခဲ့သောအခါ လူအုပ်စုကြီးသည် စိတ်မလှုပ်ရှားသည့်ပုံပေါ်နေခြင်းဖြစ်သည်။

သူသည် ထိုက်ချူတော်ဝင်မြေမှ စိန်ခေါ်သူများ၏ အပြီးအသတ် အနိုင်ယူခြင်းကို ခံရတော့မည့် နောက်တစ်ယောက်ဖြစ်သွားမည်ဟုသာ ထင်မှတ်ထားကြသည်။

လူအများသည် ရီဖူရှင်းအားစူးစမ်းနေကြပြီး သူသည် အဘယ်ကြောင့် တိုက်ပွဲတွင်မပါဝင်သေးသည်ကို သိချင်နေကြသည်။

သူတို့၏ထင်မြင်ချက်အရ ရေနတ်ဘုရား၏စစ်မှန်သောရေလှိုင်းစွမ်းအားကို ကျွမ်းကျင်သည့် ထိုက်ချူတော်ဝင်မြေမှ ကျင့်ကြံသူသည် အလွန်အင်အားကောင်းသောကြောင့် စစ်နတ်ဘုရား၏စွမ်းအားရှစ်ဆနှင့် သောကျောက်ပင်လျှင် ပြိုင်ဘက်မဖြစ်ခဲ့ပေ။ ရီဖူရှင်းက တိုက်ခိုက်ရန်တက်လာမည်ဆိုမှသာလျှင် ကောင်းကင်အာဏာစက်ကျောင်းတော်အနေဖြင့် အခွင့်အရေးရနိုင်မည်ဟု တွေးထင်ထားကြသည်။

ယူချင်းသည် တိုက်ပွဲအရှိန်ကို အလှည့်အပြောင်းဖြစ်ရန် တတ်နိုင်မည်မဟုတ်ပေ။

သို့သော် ကောင်းကင်အာဏာစက်ကျောင်းတော်ရှိ ကျင့်ကြံသူများကမူ ထိုအစီအစဉ်ကို ကွဲပြားသည့်အခြေအနေဖြင့် မြင်ခဲ့ကြသည်။ကောင်းကင်အာဏာစက်ကျောင်းတော်မှလူတိုင်းသည် ယူချင်းနှင့် ရီဖူရှင်းသည် အထူးခြားဆုံးဆက်ဆံရေးရှိကြောင်းသိကြပြီး ယူချင်းသည် ရီဖူရှင်း၏အရိပ်လိုပင်ဖြစ်သည်။ သူသည် ကိစ္စရပ်များတွင်ဝင်မပါဘဲ တိတ်ဆိတ်စွာကျင့်ကြံနေသော်လည်းသူသည် ကော့တေးတွင် သောကျောက်မနှောက်ယှက်ရဲသည့် တစ်ဦးထဲသောသူပင်ဖြစ်သည်။

သောကျောက်သည် လေ့ကျင့်ရန်နှင့်အကြံဉာဏ်များဖလှယ်ရန် ကော့တေးရှိ အခြားတပည့်များနှင့် တိုက်ခိုက်ရခြင်းအား နှစ်သက်သော်လည်း သူသည် ယူချင်းအားဘယ်သောအခါမျှ မနှောက်ယှက်ပေ။

ထို့ကြောင့် ယူချင်းလုပ်နိုင်သည့်အရာကို လူအများကစိတ်ဝင်စားနေကြသည်။

ရီဖူရှင်းသည် ယူချင်းအား တိကျသည့်ရည်ရွယ်ချက်ဖြင့်စေလွှတ်ခြင်းဖြစ်ရမည်။ ယူချင်းသည် ပြိုင်ဘက်ကို အနိုင်ယူတိုက်ခိုက်နိုင်စွမ်းရှိသည်ဟုသူယုံကြည်ခဲ့ပါသလော...။

သူတို့သည် စောင့်ကြည့်ရုံသာတတ်နိုင်သည်။

ယူချင်းသည် ရှေ့သို့လှမ်းလိုက်ပြီး ကောင်းကင်ရှိ စစ်မြေပြင်သို့သွားခဲ့သည်။ ထိုက်ချူတော်ဝင်မြေမှ လူသည် ထိုနေရာတွင်ရှိနေဆဲဖြစ်ပြီး ယူချင်းနှင့် တိုက်ခိုက်ရန်စောင့်နေသည်။ကောင်းကင်ဒေသတွင် အကျော်ကြားဆုံးသော ကျောင်းတော်ဖြစ်သော်လည်း ထိုက်ချူတော်ဝင်မြေတွင် ထူးချွန်သောသူများသည် အရေအတွက်အကန့်အသတ်ရှိသည်။ထို့အပြင် ထိုသူသည်ဤတစ်ကြိမ်ကောင်းကင်အာဏာစက်ကျောင်းတော်သို့လာခဲ့သည့် အဆင့်နိမ့်ရန်ဟောင်များထဲတွင် ဒုတိယအတော်ဆုံးသူပင်ဖြစ်နေပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် သူတို့၏ အိမ်ကွင်း၌ရှိနေခြင်းမဟုတ်ပေ။

ထိုသူက ၎င်းတို့၏အက်ကြောင်းမဲ့နတ်ဝင်ရိုးပိုင်ဆိုင်သည့်ကျင့်ကြံသူများအားခြေမှုန်းခြင်းဖြင့် ကောင်းကင်အာဏာစက်ကျောင်းတော်၏ဌာနကို ရှင်းလင်းရန်နှင့် သူတို့ကို ရွေးချယ်ခွင့်မပေးရန်ရည်ရွယ်ထားသည်။

ထိုက်ချူတော်ဝင်မြေမှ ထိုသူသည် အဆင့်နိမ့်ရန်ဟောင်ပထမအဆင့်တွင် ပြိုင်ဘက်ကင်းလုနီးပါးရှိပြီး ကောင်းကင်အာဏာစက်ကျောင်းတော်မှ အက်ကြောင်းမဲ့နတ်ဝင်ရိုးများပိုင်ဆိုင်သည့်ကျင့်ကြံသူများကို သိသာထင်ရှားစွာအနိုင်ယူနိုင်ရန် လုံလောက်သည့်စွမ်းအားများပိုင်ဆိုင်ထားသည်။

လူတိုင်းသည် ယူချင်းနှင့် ထိုက်ချူတော်ဝင်မြေမှထိုသူတို့အပေါ် အာရုံစူးစိုက်နေကြသည်။နောက်တစ်ကြိမ်ရှုံးမည်ဆိုပါက ကောင်းကင်အာဏာစက်ကျောင်းတော်သည် ၎င်းတို့၏ဂုဏ်သိက္ခာကိုအမှန်တကယ်ထိခိုက်စေလိမ့်မည်ဖြစ်သည်။

သူတို့သည် သုံးကြိမ်ဆက်တိုက် ထိုက်ချူတော်ဝင်မြေမှ အနိုင်ယူခြင်းခံရသည်။ရှုံးပွဲအကြိမ်ကို အဆုံးသတ်‌ရန် ကောင်းကင်အာဏာစက်ကျောင်းတော်သည် လာမည့်ပြိုင်ပွဲအတွက် အကောင်းဆုံးကျင့်ကြံသူကို ဤအဆင့်တွင်ရွေးချယ်ထားမည်ဟုလူအားလုံးက မျှော်လင့်ထားကြသည်။

“ထိုက်ချူတော်ဝင်မြေက ကောင်းကင်အာဏာစက်ကျောင်းတော်မှာ အစီအစဉ်ကို ထည့်သွင်းပြီးရင် မင်းတို့ရဲ့ တပည့်တွေ ဒီမှာဆက်နေချင်ရင်နေလို့ရတယ်။ပြီးတော့ ငါတို့ သူတို့ကိုဦးစား‌ပေးပြီးကောင်းကင်ဒေသမှာ ကျင့်ကြံဖို့စေလွှတ်ပေးမယ်။ မင်းတို့က ဘာလို့ဒီလောက်ခေါင်းမာရတာလဲ” အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့် ထိုက်ချူတော်ဝင်မြေမှလူက အေးစက်သည့်အသံဖြင့်ပြောလိုက်သည်။

ထိုသည်က ကောင်းကင်အာဏာစက်ကျောင်းတော်ကို အနိုင်ယူရန်နှင့် ချောချောမွေ့မွေ့အစားထိုးနိုင်ရန် ‌ထိုက်ချူတော်ဝင်မြေအတွက် အကောင်းဆုံးစိတ်ကူးပင်ဖြစ်ပေလိမ့်မည်။ သူတို့က ဝမ်းပန်းတသာဖြင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ထူးချွန်သည့်ကျင့်ကြံသူများကို သူတို့၏စကားကို နာခံပြီး ထိန်းချုပ်မှုအောက်ရောက်ရန် အတင်းအကျပ်လုပ်ဆောင်ပေလိမ့်မည်။

ရီဖူရှင်းသည် သူပြောသည်ကို ကြားသော်လည်း မတုံ့ပြန်ပေ။ သူနှင့် ငြင်းခုံရန် အကျိုးမရှိပေ။ ရီဖူရှင်းသည် ရွေးချယ်စရာမရှိသော်လည်း သူတို့ရှင်သန်နိုင်ရန်တိုက်ခိုက်ရမည်ဖြစ်သည်။

လူတစ်ယောက်သည် ကောင်းကင်အာဏာစက်မြို့တော်ရှိ လူမရှိသည့်အရက်ဆိုင်ထဲတွင်ထိုင်နေပြီး တစ်ယောက်ထဲ အရက်သောက်နေသည်။

လူတိုင်းသည် ပြိုင်ပွဲကိုကြည့်ရန် ကောင်းကင်အာဏာစက်ကျောင်းတော်ကိုသွားကြသောကြောင့် ကောင်းကင်အာဏာစက်မြို့တော်၏ကျန်သည့်အပိုင်းများသည် ယခုအခါ ထူးထူးခြားခြားတိတ်ဆိတ်နေသည်။ ဤအရက်ဆိုင်တည်ရှိရာနေရာသည် ကန္တာရကဲ့သို့ လူသူကင်းမဲ့နေသည်။

သို့သော်လည်း အရက်ဆိုင်၏စားပွဲထိုးသည် တစ်ယောက်ထဲသောဧည့်သည်ကို တလေးတစားဆက်ဆံပြီးဂရုတစိုက် လုပ်ဆောင်ပေးနေဆဲပင်ဖြစ်သည်။သူသည် ‌ဆိုင်ထောင့်တွင် မတ်တပ်ရပ်ပြီး အဝေးမှ စစ်မြေပြင်ကို‌ငေးကြည့်ရင်း တစ်ယောက်ထဲအရက်သောက်နေသည့် ဝတ်စုံနက်ဖြင့်လူကိုလဲ ရံဖန်ရံခါစိုက်ကြည့်နေသည်။

သူသည် ကောင်းကင်အာဏာစက်မြို‌တော်ရှိလူတိုင်းအပေါ် အထင်ကြီးမှုကိုချန်ထားခဲ့သည့် နတ်တစ္ဆေအဖွဲ့၏မိစ္ဆာစစ်တပ်ကို တစ်ကိုယ်တည်းရပ်တန့်စေခဲ့သည့် မိစ္ဆာစစ်သူကြီးပင်ဖြစ်သည်။သူသည် ကံကြမ္မာဘုံမှ ကျင့်ကြံသူများကို ဖျက်ဆီးခဲ့ပြီး  များစွာသောရန်ဟောင်များကိုလဲ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်။ မိစ္ဆာစစ်တပ်သည် သူနှင့် မယှဉ်ပြိုင်နိုင်သည်သာမက ငရဲဘုရင်ကပင် သူ့အား အရက်သောက်ရန် ဖိတ်ခေါ်ခဲ့ရသည်။

သူသည် မည်မျှကြောက်စရာကောင်းသူဖြစ်သနည်း...။ မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် သူသည် အရက်ဆိုင်တွင် ထိုင်ကာ ငြိမ်သက်စွာအရက်သောက်နေသည်။သူ၏ကြောက်မက််ဖွယ်စွမ်းရည်အားပြသခဲ့ခြင်းကြောင့်သာမဟုတ်လျှင်

သူသည် မည်မျှအစွမ်းထက်ပြီး ကြောက်စရာကောင်းသည်ကို မည်သူမျှပြောနိုင်မည်မဟုတ်ပေ။

အရက်သောက်နေရင်း မေ့ထန်သည်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်မှ စစ်မြေပြင်တွင် ဖြစ်ပျက်သမျှအားလုံးကိုစောင့်ကြည့်နေသည်။သူ၏စိတ်အသိသည် နေရာတစ်ခုလုံးကိုလွှမ်းခြုံထားပြီးဖြစ်သည်။

ယူချင်းသည် ရှေ့သို့လျှောက်လာသည်ကို မြင်သောအခါ သူသည် အရှိန်လျော့ကာ ဝိုင်ကို ဖြေးဖြေးချင်းစုပ်သောက်လိုက်သည်။

တစ်နည်းအားဖြင့် ယူချင်းသည် မိစ္ဆာဘုံ၏သူရဲ‌ေကာင်းများမှ ဆင်းသက်လာသူဖြစ်သည်။ မေ့ထန်သည် ယူချင်း၏တည်ရှိမှုကို ယခင်ကမသိခဲ့ပေ။ထို့ကြောင့် သူသည် ကောင်းကင်အာဏာစက်မြို့တော်တွင် ရက်အတော်ကြာနေထိုင်ပြီး ယူချင်းမည်မျှအောင်မြင်မှုရရှိမည်ကို ကြည့်ရှုရန် စောင့်နေခြင်းဖြစ်သည်။

မေ့ထန်သည် ဒဏ္ဍာရီနှင့်ပတ်သတ်သောပုံပြင်များစွာကို ကြားသိခဲ့ပြီးဖြစ်သည်။ ထိုသူသည် လူအများ၏ဆင်းရဲဒုက္ခကိုသနားခံစားနိုင်သော်လည်း တစ်ချိန်တည်းတွင် သွေးအေးရက်စက်နိုင်သည်။ သူသည် မိစ္ဆာဘုံအား သစ္စာဖောက်ခဲ့သော်လည်း မေ့ထန်အပါအဝင် မရေအတွက်နိုင်သော သူများက သူ့အား လေးစားဂါဝရပြုကြသည်။

ထို့အပြင် သူသည် သူ၏ဂုဏ်သတင်းနှင့်အညီ မိစ္ဆာဘုံ၏ သစ္စာဖောက်အဖြစ် အမှန်တကယ်နေထိုင်ခဲ့သည်။ သူမည်သည့်အရာပင်လုပ်ခဲ့သည်ဖြစ်စေ သူ၏မျိုးဆက်များကို လေးစားမည်ဆိုသည်အားသိခဲ့သည့်တိုင် သူသည် သူ့၏သားကို မိစ္ဆာဘုံသို့ ပြန်မပို့ခဲ့ပေ။

သူ၏သားသည် ကောင်းကင်ဒေသ၏နယ်မြေတစ်ခုဖြစ်သော လေဟာနယ်ဘုံတွင်‌နေထိုင်ခဲ့သည်။

အတိတ်က သူ၏လက်ထောက်က ယူချင်းနှင့် တွေ့ခဲ့သည့်အကြောင်းအား သူ မတော်တဆမသိခဲ့ရလျှင် မေ့ထန်သည် ယူချင်းအကြောင်းသိခဲ့မည်မဟုတ်ပေ။

ယူချင်းအကြောင်းကို မည်သူမျှ မသိသည်လည်း ဖြစ်နိုင်သည်။

မေ့ထန်သည် သူ၏အတွေးကို ပစ္စုပ္ပန်သို့ပြန်လည်ခေါ်ဆောင်ပြီး စစ်မြေပြင်ကို ဆက်လက်ကြည့်လိုက်သည်။

ကောင်းကင်အာဏာစက်ကျောင်းတော်အထက် လေထဲတွင် လူနှစ်ယောက် ရပ်နေကြသည်။

ထွားကျိုင်းသန်မာပြီး ကြမ်းတမ်းသည့် ယူချင်းသည်သူ၏ပြိုင်ဖက်ထက် ခေါင်းတစ်လုံးစာ အရပ်ပိုရှည်သည်။ထိုက်ချူတော်ဝင်မြေမှ လူသည်ရေနတ်ဘုရား၏စစ်မှန်သောရေလှိုင်းစွမ်းအားကိုထုတ်လွှတ်လိုက်သောကြောင့် မဟာလမ်းစဉ်သည် အလွန်ကြီးမားသည့် သမုဒ္ဒရာအဖြစ်သို့ လူးလိမ့်ခြင်းဖြင့်ပြောင်းလဲသွားသည်။သူသည် ကြီးမားသည့်စွမ်းအားကိုထုတ်လွှတ်လိုက်သော်သည်း တစ်ဖက်ခြမ်းရှိယူချင်းသည် မတ်တပ်ရပ်လျက်သူ့အားအေးစက်စွာကြည့်နေသည်ကို တွေ့လိုက်ရသည်။

ယူချင်း၏မျက်လုံးထဲတွင် သူသည်တစ်ခုထဲ‌သေါ ပစ်မှတ်သာလျှင်ဖြစ်သည်။

စစ်မာရှောင်သည် ထင်ရှားသောမိသားစုမှ မွေးဖွားလာပြီး ထိုက်ချူတော်ဝင်မြေမှ ရေနတ်ဘုရား၏တိုက်ရိုက်တပည့်ဖြစ်သည်။သူသည် ရေနတ်ဘုရား၏စစ်မှန်သောရေလှိုင်းစွမ်းအား၏အနှစ်သာရကိုနားလည်သဘောပေါက်ပြီး အောက်ဘုံများတွင် ထိုက်ချူတော်ဝင်မြေကိုမြှင့်တင်ရန် တာဝန်ပေးအပ်ခြင်းခံရသည်။

သူက လေဟာနယ်ဘုံရှိမည်သူမျှ သူ့အား မယှဉ်ပြိုင်နိုင်ဟုယုံကြည်ထားသည်။ သီးခြားရှိနေသောလေဟာနယ်ဘုံတွင် သူသည်ပြိုင်ဘက်မရှိမဖြစ်ခဲ့လျှင် သူသည် မည်သို့ယှဉ်ပြိုင်နိုင်မည်နည်း။

သို့သော် ယူချင်း၏ မတွေဝေသည့် အကြည့်နှင့်ဆုံလိုက်ရသည့်အခါ စစ်မာရှောင်သည် ယုံကြည်ချက်ကင်းမဲ့သွားလေသည်။ သူသည် ယူချင်း၏မျက်နှာတွင် ဖိအားတစ်ခုကိုခံစားလိုက်ရသည်။

သောကျောက်နှင့် ရင်ဆိုင်ခဲ့စဉ်က ယူချင်းထံမှရသောဖိအားမျိုး သူမခံစားခဲ့ရပေ။

ယူချင်းသည် သောကျောက်ထက် ပိုမိုအားကောင်းသည့် ကျင့်ကြံသူဖြစ်‌ကြောင်း သူသိလိုက်ရသည်။

သို့သော်လည်း ထိုသည်က စစ်မာရှောင် မျှော်လင့်ထားသည့်အတိုင်း ကောင်းကင်အာဏာစက်ကျောင်းတော်သည် ဤအဆင့်တွင် သူတို့၏အတော်ဆုံးတိုက်ခိုက်သူများကိုလက်တွေ့အသုံးချလာပြီဟုဆိုလိုခြင်းဖြစ်လေသည်။

ရေနတ်ဘုရား၏စစ်မှန်သောရေလှိုင်းစွမ်းအားသည် ပို၍ပို၍‌အားကောင်းလာပြီး ပြင်းထန်သည့်မုန်တိုင်းသဖွယ်ဖြစ်လာသည်။ရွှေရောင်လှိုင်းလုံးများသည် ယူချင်းဆီသို့ တဟုန်ထိုးခုန်တက်လာသည်။

ထိုအခိုက်တွင် ယူချင်းသည် မိစ္ဆာခွန်အားဖြင့်ရှောင်တိမ်း ကာကွယ်လိုက်သည်။ ကြောက်မက်ဖွယ်ရေပွေလှိုင်းတစ်ခု သူ၏ရှေ့တွင် ပေါ်မလာမှီ သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်စွမ်းအင်များပေါက်ကွဲထွက်ပေါ်လာသည်။ရေပွေလှိုင်းသည် အလွန်မည်းမှောင်နေပြီး အနက်ရောင်တွင်းနက်သို့မဟုတ် မိစ္ဆာ၏မျက်လုံးများနှင့်ဆင်တူသည်။ ထိုရေပွေလှိုင်းသည် မဟာလမ်းစဉ်ကိုဝါးမြိုလုနီပါးပင်ဖြစ်သည်။

ယူချင်းဆီသို့ပြေးဝင်နေသည့် ရေနတ်ဘုရား၏စစ်မှန်သောရေလှိုင်းစွမ်းအားမုန်တိုင်းအား ထိုတွင်းနက်ကြီးမှ စုပ်ယူလိုက်ပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

ယူချင်းတွင်လည်း အက်ကြောင်းမဲ့ နတ်ဝင်ရိုးရှိလေသည်။ ထိုတွင်းနက်ကြီးသည် မိစ္ဆာမျက်လုံးနတ်ဝင်ရိုးပင်ဖြစ်သည်။

မှောင်မိုက်သော မိစ္ဆာလေစီးကြောင်းများကို ကောင်းကင်တွင်မြင်လာရသည်။ ယူချင်သည် အလင်းတန်းအားလုံးကို ဝါးမြိုဖျက်ဆီးလိုက်ပြီး စစ်မြေပြင်တစ်ခုလုံးကို ကြောက်မက်ဖွယ်ရာအနက်ရောင်ရေပွေလှိုင်းအဖြစ်ပြောင်းလဲလိုက်သည်။ကောင်းကင်သည် အရောင်ပြောင်းလဲသွားပြီး မိစ္တာဘုံနှင့် ရောနှောသွားသည်။

ယူချင်း၏ခန္ဓာကိုယ်မှ ထူးခြားစွာလွှမ်းမိုးနိုင်သော မိစ္ဆာချီလျှပ်စီး‌ေကြာင်းထွက်ပေါ်လာသည်။ တိုက်ပွဲကိုစောင့်ကြည့်နေသော ကျင့်ကြံသူအားလုံးက အံ့အားသင့်သွားကြသည်။

ယူချင်းသည် အလွန်စွမ်းအားကြီးသည့်ပုံပေါ်သည်။

စစ်မာရှောင်သည် မျက်ခုံးပင့်လိုက်သည်။သူ၏ခန္ဓာကိုယ်ရှိမဟာလမ်းစဉ်၏နတ်ဝင်ရိုးသည်ဖောင်းလာခဲ့ပြီး ရွှေရောင်နတ်ဝင်ရိုးကိုထုတ်လွှတ်လိုက်သည်။ ရေနတ်ဘုရား၏စစ်မှန်သောရေလှိုင်းစွမ်းအားသည် ပို၍ပို၍ပြင်းထန်လာခဲ့ပြီး ကျောက်ဆောင်ကိုတဟုန်းဟုန်း ရိုက်ခတ်နေသောလှိုင်းကဲ့သို့ ယူချင်းထံ တရှိန်ထိုးပြေးဝင်သွားသည်။

ဘန်းး

ဧရာမနတ်ဆိုး၏အရိပ်သည် နတ်ဆိုး၏ရုပ်တုကဲ့သို့ ပုံသဏ္ဍာန်ပြောင်းလဲသွားသည်။ ယူချင်းသည် ပို၍ပင်သန်မာလာသည့်ပုံပေါ်သည်။စွမ်းအားအပြည့်ဖြင့် မိစ္ဆာမျက်လုံးများစွာသည်အရာအားလုံးကို စားသုံးရန် မိစ္ဆာအရိပ်ထံမှ စတင်ထွက်ပေါ်လာသည်။ ထို့အပြင် မိစ္ဆာမျက်လုံးများစွာက ယူချင်း၏ခန္ဓာကိုယ်တွင်လည်း ထွက်ပေါ်လာသည်။

မကြာခင် မိစ္ဆာမျက်လုံးများသည် ယူချင်း၏ရှေ့တွင်တံတိုင်းတစ်ခုဖြစ်ပေါ်လာပြီး စစ်မာရှောင်ထုတ်လွှတ်ထားသည့် မဟာလမ်းစဉ်မှ  စွမ်းအားများကိုစုပ်ယူလိုက်သည်။

ဤတစ်ကြိမ်တွင် စစ်မာရှောင်သည် သူ၏ပြိုင်ဘက်ကို အနိုင်ယူရန် သူ၏နတ်ဝင်ရိုးကိုအသုံးမပြုနိုင်ခဲ့ပေ။ သူသည် ယူချင်း၏နတ်ဝင်ရိုးကို အနိုင်ယူရန်မစွမ်းဆောင်နိုင်သည်မှာ သိသာထင်ရှားပေသည်။

စစ်မာရှောင်၏လက်သည်အနည်းငယ်လှည့်သွားပြီးရေနတ်ဘုရား၏စစ်မှန်သောရေလှိုင်းစွမ်းအားသည် ၎င်းအပေါ်ပေါင်းစည်းသွားသည်။ သူသည် ရှေ့သို့‌ခြေလှမ်းလိုက်ပြီးမဟာလမ်းစဉ်မုန်တိုင်းကို ထုတ်လွှတ်လိုက်သည်။ရွှေရောင်လျှပ်စီးကြောင်းကဲ့သို့ ကောင်းကင်ကိုဖြတ်၍ ယူချင်း၏ခန္ဓာကိုယ်အား ဖြတ်သန်းသွားကာပြင်းထန်သောအရှိန်ဖြင့် ထိုးနှက်လိုက်သည်။ မဟာလမ်းစဉ်၏လှိုင်းများသည်မြင့်တက်လာပြီး ယူချင်းကိုဆန့်ကျင်ကာ သူ၏ခုခံမှုကို တိုက်ဖျက်ရန်ကြိုးစားနေသည်။

ဘန်းး

ယူချင်းသည်လည်း ရှေ့သို့တိုးလာသည်။သူ၏ပြင်းထန်သည့်ခြေလှမ်းများက ကောင်းကင်ကိုတုန်လှုပ်စေသည်။သူသည် စစ်မာရှောင်ကဲ့သို့ သူ၏လက်သီးကိုဆုပ်ခဲ့သည်။ မိစ္ဆာမျက်လုံးများကမိစ္ဆာစွမ်းအားများကိုထုတ်လွှတ်လိုက်သည်။ နက်မှောင်သည့်လက်သီးချက်စွမ်းအားသည် ပြင်းထန်သောထိုးဖောက်အားဖြင့် ဝင်လာသည့်လှိုင်းများဖျက်ဆီးလိုက်သည်။

ဘန်း...

ကျယ်လောင်သည့်တိုက်သံနှင့်အတူ မုန်တိုင်းသည် အရပ်ရပ်သို့လွင့်ထွတ်သွားသည်။ ဘေး၌ကြည့်နေသော ရန်ဟောင်အဆင့်ကျင့်ကြံသူများသည်  မုန်တိုင်းကိုကာကွယ်ရန် သူတို့၏စွမ်းအားများကိုအသုံးပြုခဲ့ရသည်။ ထိုသည့်တိုင် တိုက်ပွဲကို ကြည့်သူအများအပြားသည် အဝေးသို့လွင့်စင်သွားကြသည်။ မုန်တိုင်းသည် မည်မျှအားကောင်းသည်ကိုတွေးကြည့်ရန်မခက်ခဲပေ။

မရေတွက်နိုင်သောလူများသည်ကောင်းကင်ကိုကြည့်လိုက်ကြပြီး အရာအားလုံးထက်တွင်ဧရာမနတ်ဆိုးအရိပ်ကြီးရှိနေသေးသည်ကို သတိပြုမိကြသည်။စစ်မာရှောင်သည် ဤတစ်ကြိမ်တွင်အဝေးသို့ပစ်လွှတ်ခြင်းခံရပြီး မိုင်ပေါင်းများစွာဝေးသွားသည့်တိုင် သူ့ကိုယ်သူဟန်ချက်မထိန်းနိုင်ခဲ့ပေ။

“ဒါက...”

လူများသည် သူတို့၏နှလုံးများပြင်းထန်စွာခုန်နေသည်ကို ခံစားလိုက်ကြရသည်။ကောင်းကင်အာဏာစက်ကျောင်းတော်မှ ယူချင်းသည်မည်သို့ ဤမျှ အစွမ်းထက်နေရသည်နည်း။

***

All Chapters