ကျော်ကြားသောရိုက်ချက်
Vol. 018 Ch. 1770
စစ်မာရှောင်သည် ယနေ့အစောပိုင်းတွင် ရာရာနှင့် သောကျောက်တို့အား အနိုင်ယူပြီး ကောင်းကင်အာဏာစက်ကျောင်းတော်မှလူများအား ခမ်းနားသည့်တိုက်ခိုက်ခြင်းအနုပညာကိုပြသခဲ့သည်။
သူ၏ရေနတ်ဘုရား၏စစ်မှန်သောရေလှိုင်းစွမ်းအားသည် တိုက်ခိုက်မှုနှင့် ခုခံမှုတွင်ထူးကဲကောင်းမွန်သည်။ရေနတ်ဘုရား၏ကြောက်မက်ဖွယ်ကောင်းသောအဖျက်စွမ်းအားသည်ပြိုင်ဘက်၏အတွင်းအင်္ဂါများကို ပျက်စီးစေနိုင်ပြီး စိတ်ဝိညာဉ်ကိုအဝေးမှ ချေမှုန်းသုတ်သင်ပစ်နိုင်သည်။
ထိုစွမ်းအားတွင် ပြိုင်ဘက်၏တိုက်ခိုက်မှုအား ခြိမ်းခြောက်မှုမဖြစ်တော့သည်အထိ အားနည်းသွားစေနိုင်သည့် ထူးထူးခြားခြားခုခံနိုင်စွမ်းလည်းပါရှိသည်။
သောမျိုးနွယ်မှ သောကျောက်သည် စစ်နတ်ဘုရား၏စွမ်းအားရှစ်ဆကို အသက်သွင်းလိုက်သောအခါ သူ၏အကန့်အသတ်ကို ရောက်ရှိသွားသည်။ သို့သော် သူသည် တိုက်ပွဲအတွင်းတွင် စစ်မာရှောင်၏ဖိနှိပ်ခြင်းကိုခံနေရဆဲဖြစ်သည်။
ထိုအချိန်တွင် ထိုက်ချူတော်ဝင်မြေသည် တိုက်ပွဲသုံးကြိမ်လုံးကိုအနိုင်ရရှိခဲ့ပြီး ကောင်းကင်အာဏာစက်ကျောင်းတော်သည် တိုက်ပွဲအဟုန်ကို အလှည့်အပြောင်းဖြစ်စေပြီး သူတို့ကိုသူတို့ ကယ်တယ်နိုင်မည့် မျှော်လင့်ချက်အားလုံးဆုံးရှုံးသွားပြီဟု ကွင်းပြင်ရှိ တိုက်ပွဲကိုကြည့်ရှုနေသူအားလုံးအား ယုံကြည်စေခဲ့သည်။ ရီဖူရှင်းသည် ဒုတိယတန်းစားနတ်ဝင်ရိုးကိုဖွဲ့စည်းပြီးဖြစ်သောကြောင့်ကောင်းကင်အာဏာစက်ေကျာင်းတော်မှ နတ်ဝင်ရိုးပထမအဆင့်တွင်ရှိသည့် မည်သူမျှစစ်မာရှောင်နှင့် ယှဉ်နိုင်မည်မဟုတ်ပေ။
စစ်မာရှောင်သည် သောကျောက်အား အပြတ်အသတ်အနိုင်ရရှိပြီးနောက် မောက်မာဝံကြွားစွာ မတ်တပ်ရပ်နေခဲ့သည်။
သို့သော်လည်း ယူချင်းသည် မည်သည့်နေရာမှ ထွက်လာမှန်းမသိဘဲ စစ်မာရှောင်စိတ်ကြီးဝင်နေချိန်တွင် လက်သီးတစ်ချက်ဖြင့် စစ်မာရှောင်အားအဝေးသို့ချေမှုန်းလိုက်သည်။ တိုက်ပွဲကိုကြည့်ရှူနေသည့်လူများအတွက် မည်မျှမယုံနိုင်အောင် တုန်လှုပ်စရာဖြစ်သွားမည်ကိုတွေးကြည့်နိုင်ပေသည်။
ထိုသည်က ထိုက်ချုတော်ဝင်မြေမှ ကျင့်ကြံသူများသည်လည်း ရှုံးနိမ့်သူများဖြစ်နိုင်သည်ဟု ပြသလိုက်သလိုပင်။
ကောင်းကင်အာဏာစက်ကျောင်းတော်၏ပြင်ပမှလူများမသိကြသော ယူချင်းသည် မည်မျှအစွမ်းထက်လိုက်ပေသနည်း။
သူ၏တိုက်ရိုက်တိုက်ခိုက်မှုစွမ်းအားသည် သောမျိုးနွယ်၏အမွေဆက်ခံသူ သောကျောက်ထက်ပင် ပို၍ပြင်းထန်သည်မှာ ထင်ရှားလှသည်။
ထို့အပြင် ယူချင်း၏ လွှမ်းမိုးနိုင်သော မိစ္ဆာမျက်လုံး၏နတ်ဝင်ရိုးသည် မဟာလမ်းစဉ်အား ရိုးရှင်းစွာ မြိုချခဲ့ခြင်းမျိုးမဟုတ်ပေ။ ၎င်းသည် စစ်မာရှောင်အား ပြန်မပစ်မှီ သူ့ဆီမှ စွမ်းအားများကိုစုပ်ယူပြီးပေါင်းစည်းကာ စွမ်းအားအားလုံးကိုပေါင်းစည်း၍ တန်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ထိုအခိုက်တွင် သူဖန်တီးခဲ့သော မိစ္ဆာလှိုင်းများသည် စစ်မာရှောင်၏ရေနတ်ဘုရားလှိုင်းများနှင့်ကွာခြားခြင်းမရှိခဲ့ပေ။
လူအုပ်ကြီးအား အတုန်လှုပ်ဆုံးဖြစ်စေသည်မှာ ယူချင်းမှ ထုတ်လွှတ်သော မိစ္ဆာလှိုင်းများသည် စစ်မာရှောင်၏ရေနတ်ဘုရား၏စစ်မှန်သောရေလှိုင်းစွမ်းအားထက်ပင် ပို၍အားပြင်းပုံရခြင်းဖြစ်သည်။ ထိုကဲ့သို့မဟုတ်ခဲ့လျှင် ယူချင်းသည် စစ်မာရှောင်အား အလဲထိုးရန်မည်သို့ဖြစ်နိုင်မည်နည်း။ ဤကဲ့သို့သောစွမ်းအားမျိုးသည် စကားလုံးများကိုပင် ကျော်လွန်ပေသည်။
ကောင်းကင်အာဏာစက်ကျောင်းတော်ရှိတပည့်များသည် တုန်လှုပ်ခြင်းနှင့်စိတ်လှုပ်ရှားမှုနှစ်ခုလုံးကိုခံစားရသောကြောင့်လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားကြသည်။ ရန်ဟောင်ကွင်းပြင်ရှိ ကျင့်ကြံသူများပင်လျှင် စိတ်လှုပ်ရှားရန်ခုန်စွာဖြင့် စစ်မြေပြင်ကိုစေ့စေ့ကြည့်နေကြသည်။သောကျောက်သည် ယခင်ကယူချင်း၏ရိုက်နှက်မှုကိုခံခဲ့ရပြီး ယူချင်း၏စွမ်းရည်ကိုသိထားခဲ့ပြီးဖြစ်သည်။ယူချင်းသည် နောက်ဆုံးတွင် တိုက်ပွဲမှာပါဝင်လာသည်ကိုမြင်တွေ့ရန် သူအလွန်တောင့်တခဲ့ရသည်။
စစ်မာရှောင်သည်လည်း ယူချင်းအား အလွန်အံ့ဩသွားရသည်။ သူသည်ဟန်ချက်ထိန်းနိုင်ရန် ကြိုးစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်မှ စွမ်းအင်များလျော့နည်းလာသည်ကိုခံစားလိုက်နိုင်သည်။ယူချင်းသည် သူ့အားဆန့်ကျင့်ပြီး သူ၏စွမ်းအားကိုအသုံးပြု၍ သူ့ကိုပြန်လည်တိုက်ခိုက်ခဲ့သောကြောင့် အလွန်ပင်အံ့အားသင့်ခဲ့ရသည်။
သူ့စွမ်းအားများအား ယူချင်း၏ မိစ္ဆာမျက်လုံးများက ထပ်မံစုပ်ယူတိုက်ခိုက်ပြီး သူ့အားပြန်လည်တိုက်ခိုက်မည်ကိုစိုးရိမ်သဖြင့် ယူချင်းအားထပ်မံတိုက်ခိုက်ခြင်းမပြုနိုင်တော့ပေ။
ထိုအချိန်တွင် စစ်မာရှောင်၏ တိုက်ခိုက်လိုစိတ်များသည်လည်း တဖန်ပြင်းထန်လာသည်။ လွန်ခဲ့သောအခိုက်အတန့်က ထိုးနှက်ချက်ကြောင့်သူသည် မည်သို့မျှမခံစားရသကဲ့သို့ ခိုင်မာ၍ အလျှော့မပေးသောစိတ်ဖြင့် သူသည် ရှေ့သို့နောက်တစ်ဖန်တက်လှမ်းခဲ့သည်။ သူလို လူတစ်ယောက်သည် ခဏတာနောက်ဆုတ်ရခြင်းဖြင့် သူ၏ဆုံးဖြတ်ချက်အား အားလျော့စေမည်မဟုတ်ပေ။သူသည် အမှန်တကယ်မရှုံးနိမ့်သေးပေ။
ကောင်းကင်၌ရှိနေသည့် စစ်မှန်သောရေလှိုင်းစွမ်းအားသည် ရုတ်တရတ်ရပ်ဆိုင်းသွားသကဲ့သို့ဖြစ်လာသည်။ရေနတ်ဘုရား၏စစ်မှန်သောရေလှိုင်းစွမ်အားသည် နောက်တစ်ကြိမ်စုပ်ယူခံရမည်စိုးသောကြောင့်ယူချင်းအား ဆန့်ကျင်တိုက်ခိုက်ခြင်းမပြုတော့ပေ။
စစ်မာရှောင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး နတ်ဝင်ရိုးအားအစပျိုးလိုက်သည်။ သူ၏ပတ်ဝန်းကျင်တွင်ကြီးမားသောရွှေရောင်ပုံစံတစ်ခုက ဖြစ်တည်လာသည်။ စစ်မာရှောင်၏ခန္ဓာကိုယ်အားဗဟိုပြု၍ ရွှေရောင်ရေကန်ကဲ့သို့ကောင်းကင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ရေနတ်ဘုရား၏စစ်မှန်သောရေလှိုင်းစွမ်းအားသည် ငြိမ်သက်သွားရာမှ ရုတ်တရတ်အားကောင်းလာသောကြောင့် လေသည် ပြင်းထန်စွာတိုက်ခတ်လာသည်။
စစ်မာရှောင်သည် သူ၏ခြေထောက်ကိုမြှောက်လိုက်ပြီး ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။မဟာလမ်းစဉ်နတ်ဝင်ရိုး၏မမြင်နိုင်သော ကြောက်မက်ဖွယ်စွမ်းအားက ယူချင်း၏ခန္ဓာကိုယ်ဆီပျံ့လွင့်သွားသည်။
ကျယ်လောင်သောအသံဖြင့် ကောင်းကင်တစ်ခုလုံးသည် အပိုင်းပိုင်းကွဲလုမတတ်ဖြစ်သွားသည်။ စစ်မာရှောင်သည် သူ၏ရွှေရောင်နတ်ဝင်ရိုးမှ စွမ်းအားကို ယူချင်း၏နတ်ဝင်ရိုးအားဖျက်ဆီးရန်အသုံးပြုချင်နေသည်။
ယူချင်းသည် လက်သီးကို လျင်မြန်စွာ တင်းတင်းဆုပ်လိုက်ပြီး မိစ္ဆာခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော မိစ္ဆာမျက်လုံးများကိုပုံဖော်လိုက်သည်။ သို့သော် ထိုမျှနှင့် မပြီးသေးပေ။ သန်းပေါင်းများစွာသော မိစ္ဆာမျက်လုံးများသည် ကောင်းကင်ပေါ်နှင့် မြေပြင်ရှိနေရာတိုင်းတွင် မြင်လာရသည်။
ကျယ်ပြောလှသောစစ်မြေပြင်သည် ယခုအခါ မိစ္ဆာဘုံကဲ့သို့ပြောင်းလဲသွားသလိုပင်ဖြစ်သည်။
နတ်ဝင်ရိုးအားဖွဲ့စည်းခြင်းသည် ရန်ဟောင်အဆင့်သို့တက်လှမ်းခြင်း၏ သင်္ကေတဖြစ်သည်။ကျင့်ကြံသူတစ်ဦးသည် မဟာလမ်းစဉ်နတ်ဝင်ရိုးအားဖန်တီးရန် သူ၏ဝိညာဥ်အားမဟာလမ်းစဥ်နှင့်ပေါင်းစည်းပြီး မဟာလမ်းစဥ်အပေါ်နားလည်မှုကို သူ၏သက်စောင့်ဝိညာဥ်နှင့်ပေါင်းစည်းရမည်ဖြစ်သည်။
များစွာသောကျင့်ကြံသူများသည် သူတို့၏သက်စောင့်ဝိဉာဉ်၊ စိတ်ဝိညာဥ်နှင့် မဟာလမ်းစဉ်အပေါ်နားလည်မှုများကွဲပြားမှုကြောင့် လုံးဝကွဲပြားခြားနားသော နတ်ဝင်ရိုးများကို ဖန်တီးနိုင်ကြသည်။ အတန်းအစားတူသည့် နတ်ဝင်ရိုးများပင်လျှင် တူညီသည့်စွမ်းအားများအား ပိုင်ဆိုင်ခြင်းမရှိပေ။
စစ်မာရှောင်၏နတ်ဝင်ရိုးသည် မဟာလမ်းစဉ်ရေစင်နှင့် ကန်းကျင့်အားပေါင်းစည်းထားပြီး ရေနတ်ဘုရား၏စစ်မှန်သောရေလှိုင်းစွမ်းအားကိုပင် ထည့်သွင်းပေါင်းစပ်ထားသည်။ ဤကဲ့သို့အလွန်အစွမ်းထက်သည့်အက်ေကြာင်းမဲ့နတ်ဝင်ရိုးရှိနေသည့်အတွက် စစ်မာရှောင်သည် ယူချင်းအား သူ့ကိုဒူးထောက်စေချင်သည်မှာ အံ့ဩစရာမရှိပေ။
ကံမကောင်းစွာဖြင့် သူသည် ယခုမှသာ နတ်ဝင်ရိုးဖြင့်ပတ်သတ်၍ ယူချင်းထက် မည်သည့်အရာမှ အားသာချက်မရှိကြောင်းသဘောပေါက်လာခဲ့သည်။ထို့အပြင် သူ၏နတ်ဝင်ရိုးသည် ယူချင်း၏နတ်ဝင်ရိုးမှ အနိုင်ယူခြင်းအား ခံခဲ့ရသည်။
ကောင်းကင်တွင်ပေါ်လာသော မရေတွက်နိုင်သည့် မိစ္ဆာမျက်လုံးများသည် စစ်မြေပြင်တစ်ခုလုံးကို ဝန်းရံထားပြီး နိယာမစွမ်းအား အပါအဝင်အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် ကြီးမားသည့် မိစ္ဆာပိုက်ကွန်ကို ဖွဲ့စည်းလိုက်သည်။
ဤကဲ့သို့သော နတ်ဝင်ရိုးမျိုးသည် အမှန်တကယ်ထက်မြက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိလှပေသည်။
စစ်မာရှောင်သည် အမြဲတမ်း သူ၏နတ်ဝင်ရိုးကို အလွန်ဂုဏ်ယူပြီး စိတ်ကြီးဝင်နေသူဖြစ်သည်။ သူသည် သူ၏မဟာလမ်းစဉ်နတ်ဝင်ရိုးသည် အဆင့်တူအားလုံးထက်ပိုပိုကောင်းမွန်ကြောင်းသေချာသည်။ သူသည် ပိုမြင့်သည့်အဆင့်သို့တက်လှမ်းသည့်အခါ မဟာလမ်းစဉ်အား ပိုမိုလေးလေးနက်နက်နားလည်လာပြီးနတ်ဝင်ရိုးသည်လည်း ပို၍ပင်ကောင်းမွန်လာလိမ့်မည်။
သို့ရာတွင် သူ့ကိုဂုဏ်ယူဝင့်ကြွားစေသည့်နတ်ဝင်ရိုးသည် ကောင်းကင်အာဏာစက်ဘုံရှိ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူတစ်ဦး၏နှိမ့်ချခြင်းအား ခံလိုက်ရသည်။
ဘန်း...ယူချင်းသည်လည်း ရှေ့သို့ အနည်းငယ်တိုးလာသည်။သူသည် စစ်မာရှောင်၏နှလုံးသားကိုအကြွင်းမဲ့ အမြင့်ဆုံးအာဏာနှင့် ကျွမ်းကျင်မှုဖြင့်ရိုက်ခတ်လိုက်သကဲ့ပင်ဖြစ်သည်။
စစ်မာရှောင်သည် ယူချင်း၏မျက်လုံးများကိုကြည့်လိုက်ချိန်တွင် ယူချင်းသည် အသွေးအသားနှင့်လူသားထက် မိစ္ဆာနတ်ဘုရားနှင့်ပို၍တူသည်ဟု ခံစားလိုက်ရသည်။ ထိုမျက်ဝန်းတစ်စုံသည်စစ်မာရှောင်အား သူတို့၏နတ်ဘုရားကို ပူဇော်နေသည့် ထောင်ပေါင်းများစွာသောနတ်ဆိုးများ၏ပုံရိပ်ယောင်ကြားတွင် ပိတ်မိစေခဲ့သည်။
ယူချင်းသည် မိစ္ဆာများကိုအုပ်စိုးရန်မွေးဖွားလာခဲ့သကဲ့သို့ ဖြစ်လေသည်။
ကျယ်ပြောလှသောလေဟာနယ်သည် ရေပွေလှိုင်းအဖြစ်သို့ပြောင်းလဲသွားကာ မရေတွက်နိုင်သော မဟာလမ်းစဉ်၏မိစ္ဆာမျက်လုံးများသည် မထိန်းချုပ်နိုင်လောက်အောင်လှည့်ပတ်နေပြီးအတွင်းမှ စွမ်းအားများကိုဝါးမျိုလိုက်သည်။
ထိုက်ချူတော်ဝင်မြေမှ ကျင့်ကြံသူများပင်လျှင် ထိုမြင်ကွင်းကို အသားမကျဖြစ်နေသည်။
သူတို့သည် ထူးကဲစွာမြင့်မားသောအဆင့်တွင်ရှိပြီး ထိုးထွင်းမြင်နိုင်စွမ်းမြင့်သောကျင့်ကြံသူများဖြစ်ကြ၍ အခြေအနေကို သေချာစွာ နားလည်သဘောပေါက်ကြသည်။
ဤသည်မှာ ယခင်ကပြိုင်ပွဲများနှင့်ကွာခြားချက်ဖြစ်သည်။ စစ်မာရှောင်သည် ရာရာနှင့်သောကျောက်တို့ အနိုင်ရရှိခဲ့သော်လည်း ဤတစ်ကြိမ်တွင် သူ၏နတ်ဝင်ရိုးက လွှမ်းမိုးခံခဲ့ရသည်။
ယခုအချိန်တွင် စစ်မာရှောင်သည် အရည်အသွေးနိမ့်သည့် နတ်ဝင်ရိုးသာရှိသကဲ့သို့ အလွန်အားနည်းနေသည်။
ထိုက်ချူတော်ဝင်မြေသည် ဤပြိင်ပွဲတွင် ရှုံးနိမ့်ပေလိမ့်မည်။
မျက်မှောင်ကြုတ်ကာအနည်းငယ်စိုက်ကြည့်နေသည့်ဝတ်ရုံဖြူဝတ်ဆင်ထားသည့်ကျင့်ကြံသူ၏မျက်နှာတွင်ထူးဆန်းသည့်အမူအရာဖြတ်သန်းသွားသည်။လေဟာနယ်ဘုံရှိလူများနှင့်မတူဘဲစစ်မာရှောင်တစ်ယောက် မည်မျှအားကောင်းသည်ကို သူကသေချာနားလည်ထားသည်။ စစ်မာရှောင်သည် ထိုက်ချူေတာ်ဝင်မြေတွင် ထူးခြားသည့်ကျင့်ကြံသူဖြစ်သည်သာမက လေဟာနယ်ဘုံတွင် ထိုက်ချူတော်ဝင်မြေကိုမြှင့်တင်ရန်ပင် တာဝန်ပေးခြင်းခံခဲ့ရသည်။
စစ်မာရှောင်သည် မရှုံးနိမ့်သည်သာမက ကောင်းကင်အာဏာစက်ကျောင်းတော်ရှိ အက်ကြောင်းမဲ့နတ်ဝင်ရိုးဖြင့်ကျင့်ကြံသူများကိုပင် ဖြိုခွင်းနိုင်မည်ဟု သူက အလွန်ယုံကြည်ထားသည်။
သို့သော်လည်း ယူချင်းထွက်လာသည့်အချိန်မှ စပြီး သူ၏ယုံကြည်မှုမှာ ပျက်စီးသွားရသည်။ ယူချင်းသည် တိုက်ပွဲအရှိန်ကိုပြောင်းလိုက်ခြင်းကြောင့် သူ့အားအထူးစိတ်ဓာတ်ကျစေခဲ့သည်။
ဝတ်စုံဖြူဖြင့်လူ၏စောင့်ကြည့်မှုအောက်တွင် ယူချင်းသည် လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့သည်။သူသည် စစ်မြေပြင်ကို ခြေတစ်လှမ်းဖြင့်ခုန်လိုက်ပြီး စစ်မာရှောင်၏ရှေ့ဆို့ဆင်းသက်လိုက်သည်။သူသည် စစ်မာရှောင်လုပ်ခဲ့သည့်အတိုင်း ရှေ့တည့်တည့်အားလက်သီးဖြင့်ထိုးသွင်းလိုက်သည်။ထိုတိုက်ကွက်သည် လွှမ်းမိုးနိုင်စွမ်းအပြည့်ဖြင့် ရိုးရှင်းပြီး လှည့်ကွက်များမပါရှိပေ။
နတ်ဝင်ရိုးသည် ရွေ့လျားနေပြီး မိစ္ဆာမျက်လုံးများမှ မုန်တိုင်းသည် လက်သီးစွမ်းအားနှင့်အတူ ရုတ်တရတ်မြင့်တက်လာသည်။ ယူချင်းလက်သီးချက်၏ရှေ့တွင် ကြောက်မက်ဖွယ် အမည်းရောင်ရေပွေလှိုင်းတစ်ခုပေါ်လာသည်။ ယူချင်း၏ တိုက်ရိုက်တိုက်ခိုက်မှုကိုရင်ဆိုင်လိုက်ရပြီး စစ်မာရှောင်က သူနောက်ပြန်ဆုတ်၍မရနိုင်တော့မှန်း သိလိုက်ရသည်။
ထို့ကြောင့် သူသည်လည်း လက်သီးချက်ဖြင့်တုံ့ပြန်လိုက်သည်။အမြင့်ဆုံးသော ရေနတ်ဘုရား၏စစ်မှန်သောရေလှိုင်းစွမ်းအားနှင့်အတူ ရွှေရောင်လှိုင်းများသည်တိုးလာပြီး လေဟာပြင်အားဖြိုခွင်းလိုက်သည်။
ဤကားအခြေခံအကျဆုံးဖြစ်ပုံရသည့် နောက်ထပ်ထိပ်တိုက်တွေ့ဆုံမှုဖြစ်သည်။သို့သော်လည်း လက်သီးသည် အထိရောက်ဆုံးလက်နက်တစ်ခုဖြစ်ပြီး အားအကောင်းဆုံးစွမ်းအားကို ပိုင်ဆိုင်ထားသည်။
ဘန်းးး
ယခင်အချိန်ကကဲ့သို့ နေရာတိုင်းတွင် အလင်းတန်းများထွက်ပေါ်လာခြင်းမရှိပေ။ လက်သီးချက်နှစ်ခု တိုက်မိသွားသောအခါ အရာအားလုံးသည်ဆိတ်သုဉ်းသွားသည်။ သို့ရာတွင် ယူချင်းသည်ရှေ့သို့ရွေ့လျားနေဆဲပင်ဖြစ်သည်။သူ၏လက်သီးချက်သည် ကြောက်မက်ဖွယ်ကောင်းသောမဟာလမ်းစဉ်လှိုင်းများကိုထိုးဖောက် ဖြတ်သန်းပြီးအကြွင်းမဲ့အာဏာဖြင့် လမ်းကြောင်းကိုရှင်းလင်းခဲ့သည်။
ဘန်း… ဘန်း… ဘန်း…
ဝင်လာသောတိုက်ခိုက်မှုကို အားပျော့သွားစေသည့် ရေနတ်ဘုရား၏စစ်မှန်သောရေလှိုင်းစွမ်အားသည် အပိုင်းပိုင်းပြိုကွဲကာ စစ်မာရှောင်၏ခန္ဓာကိုယ်အားထိမှန်သွားခဲ့သည်။ ထိုသည်ကအကြွင်းမဲ့စွမ်းအားနှင့်ရင်ဆိုင်ရာတွင် မည်သည့်အရာမှ မတွန်းလှန်နိုင်သည်ကိုသက်သေပြခဲ့သည်။ လက်သီးချက်တစ်ခုသည် အကောင်းဆုံးအကာအကွယ်အား ဖျက်စီးနိုင်လေသည်။
အာကာသမဟာလမ်းစဉ်မှအလင်းတန်းသည် မြင်ကွင်းထဲသို့ရောက်ရှိလာခဲ့သည်။စစ်မာရှောင်၏ခန္ဓာကိုယ်သည်လေဟာနယ်ထဲတွင်နစ်မြှုပ်သွားပြီး မှေးမှိန်ပျောက်ကွယ်သွားသည်။
သို့သော်လည်း ယူချင်း၏ လက်သီးချက်သည် လေဟာနယ်ကိုထိုးဖောက်ဝင်ရောက်ပြီး လမ်းကြောင်းဆီသို့ တိုက်ရိုက်ထိုးကျသွားသည်။
စစ်မာရှောင်၏ခန္ဓာကိုယ်သည် အဝေးတစ်နေရာတွင် ပြန်ပေါ်လာသည်။ သို့သော် လက်သီးချက်က စစ်မာရှောင်ကိုထိမှန်သွားပြီး သူ၏ခံစစ်အားဖျက်ဆီးလိုက်သည်။ နောက်တစ်ဖန် စစ်မာရှောင်သည် အဝေးသို့လွင့်စင်သွားပြန်သည်။သူ၏အတွင်းအင်္ဂါများ ဆိုးရွားစွာပျက်စီးသွားသဖြင့် သူ၏ပါးစပ်မှာသွေးများစီးကျလာသည်။
ထိုသည်က ယခင်က သောကျောက်၏ဖြစ်စဉ်နှင့် အလွန်ဆင်တူလေသည်။
ယူချင်းသည် စစ်မာရှောင်က သောကျောက်အားတိုက်ခိုက်ရန်အသုံးပြုခဲ့သည့် တူညီသောနည်းလမ်းအား ရည်ရွယ်ချက်ရှိရှိရွေးချယ်ခဲ့သည်။ တူညီသောရလဒ်ကိုပင် ရရှိခဲ့လေသည်။
ယူချင်းသည် စစ်မာရှောင်အားလွှင့်စင်ေအာင်တိုက်ခိုက်ပြီးနောက် သူ၏လက်သီးအားပြန်လည်ဆွဲယူလိုက်သည်။ မိစ္ဆာစွမ်းအင်များသည် ကောင်းကင်၌လူးလွင့်နေဆဲပင်ဖြစ်သည်။ အားလုံးသည် ခေါင်းမော့ပြီးလေဟာနယ်တွင်ရပ်နေသည့် သန်မာထွားကျိုင်းသောလူအား ကြည့်နေကြသည်။ သူသည် မည်မျှကြမ်းတမ်းအားကောင်းပြီး လွှမ်းမိုးနိုင်သည့်သူဖြစ်လေသနည်း...။
သူ၏ပုံရိပ်သည် လူတိုင်း၏မှတ်ဉာဏ်ထဲတွင် စွဲမြဲသွားသည်။နှစ်ပေါင်းများစွာကြာသည့်တိုင် ကောင်းကင်အာဏာစက်ဘုံမှလူများသည် ဤတိုက်ပွဲက ယူချင်း၏နာမည်အား တွင်စေခဲ့သည့်တိုက်ပွဲဟု အမှတ်ရနေမည်ဖြစ်သည်။
ယူချင်းသည် ရိုက်ချက်တစ်ခုထဲဖြင့်ကျော်ကြားလာခဲ့သည်။
သူသည် ထိုက်ချူတော်ဝင်မြေမှ ပါရမီရှင်များကိုဖယ်ထုတ်ပြီး ကောင်းကင်အာဏာစက်ဘုံမှ လူများမဖြစ်နိုင်ဘူးဟုယူဆတွေးထားသည့်အရာကို ပြီးမြောက်စေခဲ့သည်။
***