ဓားထုတ်ခြင်း
Vol. 018 Ch. 1772
လူနှစ်ယောက် မျက်နှာချင်းဆိုင်ကြ၏။
ခြောက်ကြိမ်မြောက်တိုက်ပွဲ။
ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ထိုက်ချူတော်ဝင်မြေတို့သည် နှစ်ပွဲစီ ရှုံးနိမ့်ထား၏။ ထို့ကြောင့် သည်တိုက်ပွဲမှာ အဆုံးအဖြတ်ဖြစ်၏။
တိုက်ပွဲတွင်ရှုံးနိမ့်သူသည် အနာဂတ်ကစားပွဲတွင် အလေးသာရန် ခက်ခဲသွားပေတော့မည်။
ဂူတုံးလျှို့အား နတ်ဘုရားအလင်းများရစ်ပတ်ထားသည်။ အဖြူရောင်ဝတ်စုံဖြင့်သူသည် အချုပ်အနှောင်ကင်းနတ်ဘုရားတစ်ပါးအလား ခန့်ညားစွာ ရပ်လျှက်ရှိသည်။
ဂူတုံးလျှို့၏အပေါ်တွင် ထူးဆန်းသောမြင်ကွင်းတစ်ခုဖြစ်ပေါ်လာသည်။ ကောင်းကင်ထက်တွင် မဟာလမ်းစဉ်သည် တုန်ခါမှုကိုပေးပြီး ဧရာမသင်္ကေတတစ်ခုသည် နေမင်းလမင်းကို အုပ်မိုးကာ ဖြစ်ပေါ်လာ၏။ ထိုသင်္ကေတသည် မဟာလမ်းစဉ်၏စွမ်းအားကို စားသုံးကာ နတ်ဝင်္ကပါတစ်ခုအသွင်သို့ ဆောင်လာတော့သည်။
စိတ်ဝိညာဉ်စွမ်းအား၏အမှတ်သင်္ကေတကိုးခုသည် ထိုနတ်ဝင်္ကပါအား လှည့်ပတ်နေ၏။ သင်္ကေတတစ်ခုစီသည် စူးရှသောအလင်းများ တောက်ပနေကာ ပြင်းထန်သောစွမ်းအားများ ထုတ်လွှတ်နေသည်။
ထို့နောက်တွင် ရှေးဟောင်းသားရဲများ၏မာန်ဖီသံတချို့ ကြားလာရသည်။ နတ်ဝင်္ကပါအပေါ်၌ ထောင်သောင်းချီသော သားရဲများ ထွက်ပေါ်လာကြသည်။ သူတို့၏မာန်သွင်းအော်ဟစ်သံများသည် ကောင်းကင်တခွင်ကို ဖိန့်ဖိန့်တုန်စေ၏။
အတွေးတစ်ချက်တွင် ကောင်းကင်သည် အရောင်ပြောင်းလဲကာ အရှိန်အဝါတစ်ခုသည် အရာအားလုံးကို ဖိနှိပ်လာ၏။
ရီဖူရှင်း၏သဘောကို ဂူတုံးလျို နားလည်သည်။ ပထမဆုံး တိုက်ပွဲသုံးပွဲမှာ တိုက်ပွဲအတွေ့အကြုံယူရုံမျှသာဖြစ်၏။ တချိန်တည်းတွင် သူသည် တိုက်ပွဲဖြင့် ကောင်းကင်အာဏာစက်ကျောင်းတော်၏စိတ်ဝိညာဉ်ကို နိုးထစေလို၏။ သဘောကား ထိုက်ချူတော်ဝင်မြေသည် မည်မျှအင်အားကြီးပါးပါစေ၊ သူတို့သည်လည်း ရှုံးနိမ့်နိုင်၏။
ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုသည်လည်း ထိုနည်းတူဖြစ်သည်။ မည်သည့်နောက်ခံအင်အားမှဖြစ်စေ၊ မည်မျှအင်အားကြီးမားပါစေ၊ လုံလောက်သောစိတ်အားထက်သန်မှုနှင့်ကြိုးစားအားထုတ်မှုဖြင့် ထိုလူများကို အနိုင်ရနိုင်သည်။
လေဟာနယ်ဘုံမှ လူများသည် ပြင်ပအင်အားစုများကို အနိုင်ယူနိုင်၏။
ထို့ကြောင့် ဂူတုံးလျှိုသည် သူ၏အစွမ်းထက်သော နည်းစနစ်ကိုအသုံးချကာ တစ်ဘက်လူကို ပြတ်ပြတ်သားသား ဖိနှိပ်လိုက်ခြင်းဖြစ်သည်။ ထိုက်ချူတော်ဝင်မြေမှလူကား ချက်ချင်း ဖိနှိပ်ခံရသည်။ ကောင်းကင်ထက်တွင်ရှိနေသော သားရဲများ၏မာန်ဖီသံကား လူတိုင်း၏စိတ်ဝိညာဉ်ကို ပျက်စီးစေနိုင်စွမ်းရှိ၏။ နတ်င်္ကေတကိုးခုသည် မဟာလမ်းစဉ်နှင့် ပေါင်းစပ်နိုင်စွမ်းရှိကာအမြင့်ဆုံးသောစွမ်းပကားကို ဖော်ထုတ်သည်။
ဟူး...
ဂူတုံးလျှိုသည် အဆုံးမဲ့သောနတ်အလင်းများကိုသယ်ဆောင်ကာ ရှေ့ကို လှမ်းသွားလိုက်၏။ သူက ထိုက်ချူတော်ဝင်မြေမှ ရန်ဟောင်ကို တစ်ချက်ရိုက်ထုတ်လိုက်လျှင် စွမ်းပကားသည်ကောင်းကင်ကိုပင် ဖိနှိပ်နိုင်စွမ်းရှိသည်။ နတ်င်္ကေတကိုးခုရစ်ပတ်ထားသော ဂူတုံးလျှိုသည် ထိုအခိက်တွင် အဆုံးအစမဲ့သော နတ်အလင်းများဖြင့် ထိန်လင်းနေကာ မရေမတွက်နိုင်သောသားရဲများ၏မာန်ဖီသံများဖြင့် ထည်ဝါသော အရှိန်အဝါကို ဖန်တီးထားသည်။
လက်ဝါးရိုက်ချက်၏စွမ်းအားကား မေးခွန်းထုတ်စရာမလိုအောင် ပြင်းထန်လွန်းသည်။
ထိုက်ချူတော်ဝင်မြေမှရန်ဟောင်သည် သူ့ရှေ့ကိုရောက်လာသော စစ်နတ်ဘုရားအလား ထိုလူကို ကြည့်သည်။ သူ၏လက်နှစ်ဘက်လုံးသည် သင်္ကေတတစ်ခုစီကို ဖန်ဆင်းကာ တောင်တန်းနှင့်ပင်လယ်ကိုတွန်းထုတ်တော့မည့်ဟန်ဖြင့် တိုးဝင်လာ၏။
ချက်ချင်းပင် နတ်အလင်းများဆင်းသက်လာခဲ့ကာ မြည်ဟီးသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။ လက်ဝါးရိုက်ချက်သည် သူ၏ပြေးလမ်းတစ်လျှောက် အရာခပ်သိမ်းကို ဖျက်ဆီးသွား၏။လက်ဝါးသည် အရှိန်အဟုန်ဖြင့် ဆင်းသက်လာခဲ့ကာ တစ်ဘက်လူ၏ရှေ့မှောက်သို့ ရောက်ရှိလာ၏။
ဘန်း...
ကျယ်လောင်သံတစ်ချက်နှင့်အတူ ထိုက်ချူတော်ဝင်မြေမှ ရန်ဟောင်၏ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော လှိုင်းအားများ၏ရိုက်ခတ်မှုကို ခံလိုက်ရသည်။
သူ့ခန္ဓာကိုယ်ကား အပေါ်မှ ရိုက်ချခံလိုက်ရကာ မြေပြင်ကို ပြင်းထန်စွာ ကျ၏။ မြေပြင်သည် အက်ကွဲရာများဖြစ်နေကာ သူကိုယ်တိုင်က မြေကြီးအတွင်းသို့ တစ်ဝက်ခန့် နစ်မြုတ်သွားခဲ့သည်။
ဂူတုံးလျှိုက သူ၏လက်ကို ပြန်ရုတ်သိမ်းလိုက်လျှင် နတ်ဘုရားအရိပ်သည် သူ၏မူလနေရာသို့ ပြန်ရောက်သွား၏။ တဖန် လေထဲတွင် အဖြူရောင်ဆံပင်ဖြင့် သဏ္ဌာန်သည် လေထဲတွင်အေးအေးလူလူ ရပ်နေ၏။
ထိုက်ချူတော်ဝင်မြေအကြောင်းကို သူသိပ်မသိသော်လည်း တစ်ဘက်လူကား အကွက်ထုတ်ရန်ပင် အခွင့်အရေးမရှိခဲ့။ ဂူတုံးလျှို၏တိုက်ကွက်က အင်အားကြီးမားလွန်းသည်မှာ သံသယဖြစ်စရာပင်မလို။
လက်ဝါးရိုက်ချက်သည် မင်တက်ဖွယ်ကောင်း၏။
သူ၏ပုံရိပ်ကား ထင်ရှားတောက်ပလွန်း၏။
သူသည် ဂူထျန်းရှင်း၏မျိုးဆက်၊ ကောင်းကင်နတ်တံခါးဂိတ်၏ဆက်ခံသူ ဖြစ်နေသည်မှာ မထူးဆန်းတော့။
“အစ်ကို၃ ရဲ့တိုက်ခိုက်ရေးစွမ်းရည်က ပိုပြီး သန်မာလာတာပဲ” ရီဖူရှင်းက ပြောသည်။ အစ်ကို၃သည် မျိုးဆက်အမွေကို နားလည်သဘောပေါက်လာသည်နှင့်အမျှ သူ၏စွမ်းရည်မှာလည်း ပိုမိုအားကောင်းလာနေ၏။
ထို့အပြင် သူ၏ကျင့်ကြံဆင့်မှာလည်း နတ်ဝင်ရိုးပထမအဆင့်၏အမြင့်ဆုံးအခြေအနေသို့ ရောက်နေကာ မကြာခင် ဒုတိယအဆင့်သို့ တက်လှမ်းတော့မည်ဖြစ်သည်။
ထို့ကြောင့် သူသည် တစ်ကွက်တည်းဖြင့် ပြတ်သားသော အဖြေကို ပေးခဲ့၏။
နတ်ဘုရားအလင်းများ ပျက်ပြယ်သွားသည့်တိုင် ဂူတုံးလျှို၏အရှိန်အဝါမှာ ထည်ဝါနေသေးသည်။ အမှန်တကယ်အားဖြင့် သူသည် တိုက်ကွက်ကို စွမ်းအားကုန် ထုတ်လွှတ်ခဲ့ခြင်းဖြစ်သည်။ထိုနည်းဖြင့် ရီဖူရှင်း၏အလိုအတိုင်း ရန်သူကို အပြတ်အသတ် အသာစီးဖြင့် အနိုင်ယူနိုင်ခဲ့၏။ ဤနည်းဖြင့် ထိုက်ချူတော်ဝင်မြေမှရောက်လာသူများကို ဦးချိုးနိုင်မည်ဖြစ်သည်။
ယူချင်း၏ပထမတိုက်ပွဲမှာ ရူးသွပ်ဖွယ်ကောင်း၏။ ယခု ဂူတုံးလျှိုသည်လည်း ထိုနည်းတူ ပြုလုပ်ခဲ့ပြန်သည်။ ဤတွင် ကောင်းကင်အာဏာစက်ကျောင်းတော်၏လက်ရှိထင်ရှားကျော်ကြားမှုမှာ လေဟာနယ်ဘုံတွင်သာမဟုတ်၊ ပြင်ပအင်အားစုများကိုပင် နှိုင်းယှဉ်နိုင်ကြောင်း သက်သေပြနေ၏။
လက်ရှိ ကောင်းကင်အာဏာစက်ကျောင်းတော်မှ မျိုးဆက်သည် ဘုံသုံးထောင်ကို ကိုယ်စားပြုနိုင်ကြောင်း သက်သေပြနေ၏။
သူတို့သည် ပြင်ပဘုံမှ ထိပ်သီးအင်အားစုများနှင့် ယှဉ်နိုင်သည်။
ဤတိုက်ပွဲ၏သက်ရောက်မှုသည် အနာဂတ်တွင် အဓိကဖြစ်ရပ်များ၏စွက်ဖက်မှုများမရှိလျှင် နှစ်ပေါင်းများစွာ တာရှည်မည့် သက်ရောက်မှုဖြစ်ပေမည်။
ကောင်းကင်အာဏာစက်ကျောင်းတော်၏ဂုဏ်သတင်းသည်လည်း ကြောက်စရာကောင်းသော အနေအထားသို့ ရောက်လာပေလိမ့်မည်။
ဂူတုံးလျှိုသည် ထိုက်ချူတော်ဝင်မြေမှ လူများကို ကြည့်သည် “ကောင်းကင်အာဏာစက်ကျောင်းတော်ဟာ အခု ကောင်းကင်အာဏာစက်ဘုံတစ်ခုလုံးကို ကိုယ်စားပြုတယ်။ ကျုပ်တို့ကတခြားဘုံက အင်အားစုတွေနဲ့လည်း မဟာမိတ်ဖွဲ့ထားတယ်။ ကောင်းကင်အာဏာစက်ကျောင်းတော်ဟာ ကျင့်ကြံခြင်းလောကကို ပညာရပ်တွေ ဖြန့်ကျက်ပို့ချရာမှာ ဘယ်အခြေအနေတွေနဲ့မှနောက်ဆုတ်မှာ မဟုတ်ဘူး။ တကယ်လို့ ထိုက်ချူတော်ဝင်မြေက ဒီနေရာမှာ ကျင့်ကြံခြင်းလမ်းစဉ်တွေကို သင်ကြားပို့ချချင်တယ်ဆိုရင် သီးသန့်နေရာတစ်ခုမှာ လုပ်ဆောင်နိုင်တယ်။ ကျုပ်တို့က ဒါကို တားဆီးစရာမရှိဘူး။ ဒါပေမဲ့ ဒီလို ညစ်ပတ်တဲ့နည်းလမ်းနဲ့ တခြားသူတွေရဲ့အရင်းအမြစ်တွေကို လုယက်ပြီး ကျင့်ကြံခြင်းလမ်းစဉ်တွေ သင်ကြားပို့ချမယ်ဆိုတာကိုတော့ ကျုပ်တို့ကလက်ခံနိုင်စရာမရှိဘူး”
ထိုသို့ပြောပြီးနောက်တွင် ဂူတုံးလျှို နောက်သို့ ပြန်လျှောက်သွား၏။
ထိုက်ချူတော်ဝင်မြေမှလူများ တိတ်ဆိတ်နေသည်။ အများအပြားမှာ မျက်နှာများ ပျက်ယွင်းနေကြ၏။
သူ၏အဆင့်တွင် အသန်မာဆုံးဖြစ်သော စစ်မာရှောင်ကား ယူချင်းကို ရှုံးနိမ့်ပြီးဖြစ်သည်။ ယခု ဂူတုံးလျှိုက သူတို့အား တဖန်အနိုင်ယူခဲ့ရာ သူတို့၏ကနဦးသုံးပွဲအနိုင်ရလဒ်မှာ အဓိပ္ပာယ်ကင်းမဲ့သွား၏။ ဆိုလိုသည်က ကောင်းကင်အာဏာစက်ကျောင်းတော်သည် သူတို့၏စွမ်းရည်ကို အပြည့်အဝထုတ်သုံးခဲ့ခြင်းမရှိသော်လည်း ထိုက်ချူတော်ဝင်မြေသည် သူတို့၏အစွမ်းကုန်ကိုထုတ်သုံးခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် ပထမဆုံးသုံးပွဲရလဒ်ကို မည်သူမှ ဂရုမစိုက်တော့။
ထိုသို့သော နှိုင်းယှဉ်မှုက ထိုက်ချူတော်ဝင်မြေအနိုင်ရစဉ်က မည်သို့ ဟိုက်ဟန်ထုတ်ကာ မောက်မာခဲ့သည်များအား အမှတ်ရကြ၏။ ယခု တိုက်ပွဲတွင်ကား သူတို့၏ဘဝင်မြင့်မောက်မာခြင်းများအားလုံး မြောင်းထဲကို ကျသွားတော့သည်။
ယခုတွင် ထိုက်ချူတော်ဝင်မြေကား နလန်မထူနိုင်အောင် အရေးနိမ့်ခဲ့ပြီဖြစ်သည်။
ယခုအခြေအနေတွင် ထိုက်ချူတော်ဝင်မြေသည် မည်သို့သော အားသာချက်ဖြင့် ကောင်းကင်အာဏာစက်ဘုံကို သင်ကြားပို့ချမည်နည်း။
ဖြစ်ပျက်ခဲ့သမျှက ဟာသတစ်ခုထက် မပိုပေ။
သို့သော်လည်း ထိုက်ချူတော်ဝင်မြေသည် အလွယ်တကူ လက်လျှော့မည်မဟုတ်သည်မှာ ထင်ရှားသည်။ သူတို့အနေဖြင့် သင်ကြားပို့ချမှုမလုပ်နိုင်လျှင်ပင် တစ်စုံတစ်ယောက်၏အနိုင်ယူမှုကိုလက်ခံမည်မဟုတ်ပေ။ ဤသတင်းသာ ကောင်းကင်ဒေသကို ရောက်ရှိသွားပါက သူတို့၏ဂုဏ်သိက္ခာမှာ အကြီးအကျယ် ထိခိုက်ပေတော့မည်။
မြေပြင်တွင် တေးသံသာနန်းမြို့တော်မှလူများသည် အရာအားလုံးကို စိတ်ဝင်တစားကြည့်နေကြသည်။
ကောင်းကင်အာဏာစက်ကျောင်းတော်၏စစ်မှန်သောခွန်အားက သူတို့မျှော်မှန်းသည်ထက် မြင့်မားနေမည်ဟု မထင်ထားကြပေ။ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဖိနှိပ်ခြင်းကအလွန်လွယ်ကူနေမည်ဟု သူတို့တွေးထင်ခဲ့ကြသည်။
ယူချင်းနှင့်ဂူတုံးလျှိုတို့သည် အလွန်စွမ်းအားကြီးလွန်းရကား သူတို့က ထိုက်ချူတော်ဝင်မြေမှ ရန်ဟောင်ကို ပြတ်သားစွာ ဖိနှိပ်ခဲ့ကြသည်။
ထို့ကြောင့် ထိုက်ချူတော်ဝင်မြေကား အားလုံး၏အမြင်တွင် အရေးနိမ့်သော အနေအထားသို့ ရောက်လာသည်။
“ကြည့်ရတာ သူ့ဓားကို ထုတ်တော့မယ်ထင်တယ်” တေးသံသာနန်းမြို့တော်မှ အဘိုးအိုက မှတ်ချက်ပြုသည်။ သူ့ဘေးမှ အမျိုးသမီးက ထိုက်ချူတော်ဝင်မြေမှလူများကို လှမ်းကြည့်သည်။ သူတို့အားလုံးမှာ ကောင်းကင်ဒေသ၏ထိပ်သီးအင်အားစုများဖြစ်ကြသည်။ ထိုက်ချူတော်ဝင်မြေမှလူများက အပိုပြောနေသည်မဟုတ်ပေ။ သူတို့သည် အားလုံးတွေးထင်ထားသည်ထက်သန်မာ၏။ သူတို့၏တပည့်များသည် ကောင်းကင်ဒေသတစ်ခုလုံးတွင်ရှိကာ အများစုမှာ အရည်အချင်းကောင်းမွန်သူများဖြစ်ကြသည်။
ထိုက်ချူတော်ဝင်မြေမှ ခေါင်းဆောင်အတော်များများမှာလည်း စွမ်းအားကြီးသော တည်ရှိမှုများ ဖြစ်ကြသည်။
ကောင်းကင်ဒေသတွင် ထိုရှေးဟောင်းအင်အားစုများမှာ နှစ်ပေါင်းများစွာ ကြည်ရှည်တည်ရှိလာခဲ့ကြသည်။ စွမ်းအားအကြီးဆုံးသူများမှာ မဟာအင်ပါယာလက်အောက်မှ ထိပ်သီးပုဂ္ဂိုလ်များဖြစ်သော မြေအောက်အရှင်နှင့် နတ်ဆိုးစစ်သူကြီးမေ့ထန်ကဲ့သို့သော သူများဖြစ်ကြသည်။
သို့သော်လည်း ထိုသို့သောသူများမှာ လေဟာနယ်ဘုံသို့ ရောက်လာစရာမရှိပေ။
ဤသို့သောအခြေအနေတွင် ထိုက်ချူတော်ဝင်မြေမှ ဆက်ခံသူ မုချန်းကီသည် သူ့ဓားကို မဖြစ်မနေ ထုတ်ရန် ဖြစ်လာခဲ့သည်။
မဟုတ်လျှင် ထိုက်ချူတော်ဝင်မြေသည် အကြီးအကျယ် ဂုဏ်သိက္ခာကျဆင်းရပေတော့မည်။
ရှလပ်...
ထိုအခိုက်တွင် ရှပ်ခနဲမြည်သံနှင့်အတူ အဆုံးမဲ့သောဓားစွမ်းအားတစ်ခုသည် လေထဲဖြစ်ပေါ်လာခဲ့၏။
ထိုအခိုက်တွင် လူအများအပြားသည် ခန္ဓာကိုယ်များ တောင့်တင်းသွားကြသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ထိုက်ချူတော်ဝင်မြေမှလူများအကြားမှ လေထုထဲ၌ ဓားတစ်လက်ရုတ်တရက်ပေါ်လာသည်။ ဓားကား ထိုနေရာတွင် ရှိနေကာ ပြင်းထန်စွာ တုန်ခါလျှက် ထက်ရှသောဓားစွမ်းအားသည် အားကောင်းစွာ ဖြစ်ပေါ်လာနေ၏။
ကောင်းကင်ထက်တွင် ဓားစွမ်းအားသည် ပြင်းထန်စွာ ဖြစ်ပေါ်လာနေခဲ့ကာ နောက်ထပ်ဓားတစ်လက် စုစည်းဖြစ်ပေါ်လာ၏။ ထိုဓားသည် မူလဓား၏ဘေးတွင် ဘေးချင်းယှဉ်ပေါ်လာပြီး ဓားနှစ်လက် အတူတူလေထဲရပ်တန့်ကာ ပြင်းထန်စွာ တုန်ခါနေကြသည်။
ထို့နောက်တွင် တတိယဓား၊ စတုတ္ထဓား... နောက်ဆုံးတွင် လေထဲတွင် ဓားကိုးလက်အထိ ဖြစ်ပေါ်လာ၏။
ဓားစွမ်းအားကား နေရာတိုင်းတွင်ရှိသည်။ တိုက်ပွဲနေရာသည် ဓားများ၏ထိန်းချုပ်မှုအောက်ကို အပြည့်အဝရောက်ရှိသွားဟန်ရ၏။ ထိုနေရာကို ဝင်ရောက်သွားသော မည်သည့်ကျင့်ကြံသူမဆို အသတ်ခံရပေလိမ့်မည်။
ထိုအခိုက်တွင် ထိုက်ချူတော်ဝင်မြေဘက်မှ လူတစ်ယောက် ရှေ့ကို ထွက်လာသည်။ သူကား အပြာရောင်ဝတ်စုံကို ဝတ်ထားကာ ပိန်ပါးပြီး ရှည်လျားသောအရပ်တို့ဖြင့် ချောမောခန့်ညားသူဖြစ်သည်။
သူက ဓားကိုးလက်အနီးသို့လျှောက်လာကာ ထိုနေရာတွင် ငြိမ်သက်စွာ ရပ်သည်။
“မုချန်းကီ...” ကောင်းကင်ဒေသမှ လူအများအပြားက သူ့ကို သိကြပေသည်။ တွေးထင်ထားသည့်အတိုင်း မုချန်းကီ ရှေ့ကို ထွက်လာလေပြီ။
ဤမတိုင်ခင်က မုချန်းကီ သူ၏ဓားကို ထုတ်မည်ဟု မည်သူမှ မသေချာကြပေ။
ထိုက်ချူတော်ဝင်မြေမှလူများ၏စွမ်းဆောင်ရည်က လုံလောက်လျှင် မုချန်းကီအနေဖြင့် ရှေ့ကိုထွက်လာစရာမလိုပေ။ သို့သော်လည်း အခြေအနေက ထင်သလိုဖြစ်မလာခဲ့။
တစ်ပွဲ၊နှစ်ပွဲအနိုင်ရခြင်းက အဓိပ္ပာယ်သိပ်မရှိတော့။
ယခု သူတို့လိုအပ်နေသည်ကား အားလုံးကို ချိုးနှိမ်နိုင်မည့် တည်ရှိမှုမျိုးဖြစ်သည်။
“ထိုက်ချူတော်ဝင်မြေက ကောင်းကင်အာဏာစက်ကျောင်းတော်ကို အထင်သေးမိတယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ မင်းတို့မြင်နေတဲ့ ထိုက်ချူတော်ဝင်မြေက အစစ်အမှန်တော့ မဟုတ်သေးဘူး။ ကျုပ်နာမည်က မုချန်းကီ။ ထိုက်ချူတော်ဝင်မြေက နတ်ဝင်ရိုးအဆင့်၂ရှိတဲ့ တန်ခိုးရှင်တစ်ယောက်ပဲ။ ဒီနေ့ ကောင်းကင်အာဏာစက်ကျောင်းတော်နဲ့ လက်ရည်စမ်းခွင့်ရတာ ကျုပ်အတွက် ဂုဏ်ယူစရာပဲ။ ကျုပ်က ကောင်းကင်အာဏာစက်ကျောင်းတော်က အဆင့်နိမ့်ရန်ဟောင်တွေအကုန်လုံးကို စိန်ခေါ်ပါရစေ”
***