မည်သူ့ထံမှ ဆင်းသက်လာသည်လဲ
Vol. 018 Ch. 1775
မုချန်းကီက ရီဖူရှင်း၏ပြောစကားကိုကြားရသောအခါ ကြောင်အမ်းသွားမိသည်။ သူကအနည်းငယ်မျက်မှောင်ကြုံ့လိုက်သည်။ ရီဖူရှင်းက သူသည် သူ၏အကန့်အသတ်နားသို့ပင်မရောက်သေးဟု ပြောခဲ့သည်။
ထိုသို့ဆိုလျှင် သူက သူ၏တိုက်ခိုက်ရေးစွမ်းရည်အား ယခုထိအစွမ်းကုန်အသုံးမချရသေးဟု ဆိုလိုသည်လား...။
သူက ထိုက်အဲဓား၏ သတ္တမအဆင့်ကိုအသုံးပြုချိန်တွင် သူ၏ဓားအသိက အလွန်အားကောင်းလှပြီး ထိုက်ချူတော်ဝင်မြေ၌ပင် သူနှင့်အဆင့်တူအတွင်း ထိုဓားစွမ်းအားကို တောင့်ခံနိုင်သည့်သူ အနည်းငယ်သာရှိသည်။
ရီဖူရှင်းက သူ့ဓားများကြောင့် ဆိုးဆိုးဝါးဝါးပင်ဖိနှိပ်ခံခဲ့ရပြီး ထိုဓားများကို ရှောင်တိမ်းရန် အစွမ်းကုန်ကြိုးစားခဲ့ရသော်လည်း သူက ယခုထိသူ၏အကောင်းဆုံးတိုက်ခိုက်မှုစွမ်းရည်ကို မသုံးရသေးဟု ပြောနေသည်လား...။
ထိုသို့ဆိုလျှင် ရီဖူရှင်း၏တိုက်ခိုက်မှုစွမ်းအားအကန့်အသတ်က မည်သည့်အဆင့်ပေနည်း။
သူတို့အောက်မှ ကောင်းကင်အာဏာစက်ကျောင်းတော်တစ်ခုလုံးတွင် လူတိုင်းက တိုက်ပွဲအားကြည့်နေသောကြောင့် အရာအားလုံးက အလွန်တိတ်ဆိတ်နေသည်။ ဤသည်က ထိပ်သီးကျင့်ကြံရေးတော်ဝင်မြေနှစ်ခုဖြစ်သော ထိုက်ချူတော်ဝင်မြေနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်တို့၏ နောက်ဆုံးတိုက်ပွဲဖြစ်သည်။ ကောင်းကင်ဒေသမှ ထိပ်သီးပါရမီရှင်ဖြစ်သူ မုချန်းကီကယခုထိပင် ရီဖူရှင်းအား အကန့်အသတ်သို့ရောက်အောင် တွန်းအားမပေးနိုင်သေးကြောင်း သူတို့က ကြားလိုက်ရခြင်းဖြစ်သည်။
ထိုသည်က ရီဖူရှင်းသည် မုချန်းကီအား အနိုင်ယူနိုင်မည့်အခွင့်အရေးရှိသည်ဟု ဆိုလိုခြင်းပေလေါ။
ကောင်းကင်အာဏာစက်ကျောင်းတော်မှကျင့်ကြံသူများသည် သူတို့၏သွေးများ ဆူပွက်လာသကဲ့သို့ခံစားလိုက်ရသည်။ သူတို့က ကောင်းကင်မှတိုက်ပွဲအား မျက်တောင်မခတ်ပင်ကြည့်နေကြသည်။
သူတို့အားလုံးက ကျောင်းတော်၏ပြယုဂ်ဖြစ်သော ရီဖူရှင်းတစ်ယောက် ကောင်းကင်ဒေသမှ လူများအား မောင်းထုတ်ပစ်မည့် ဤတိုက်ပွဲကိုစောင့်မျှော်နေကြခြင်းပင်ဖြစ်သည်။
သူတို့က သူတို့၏နေရာတွင် အစားထိုးချင်သည်တဲ့လား။
ဤနေရာသို့လာရောက်ကြသည့် ရန်ဟောင်များက သူတို့ကိုပင် အနိုင်ယူနိုင်လောက်အောင် အားမကောင်းဘဲ သူတို့က မည်သို့အစားထိုးဝင်ရောက်မည့်အကြောင်း ပြောရဲသနည်
လူတိုင်းက အသက်ပင်မရှူနိုင်ဘဲ စိတ်လှုပ်ရှားနေကြသည်။ ရီဖူရှင်းက ထိုစကားများအားပြောပြီးနောက် သူ၏အားအကောင်းဆုံးစွမ်းရည်အား ထုတ်ဖော်တော့ပေတေါ့မည်။
အဆုံးမဲ့ရွှေရောင်နတ်ဓားအသိများက မုချန်းကီ၏နောက်ရှိ ဓားသဏ္ဍန်ထဲမှ ဆင်းသက်လာပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ သူက နတ်ဓားအဖြစ်ပြောင်းလဲသွားသည်။သူ့အားဝန်းရံနေသော ဓားအသိအမျှင်တိုင်းသည် သူနှင့်အဆင့်တူမှလူများအား ခြိမ်းခြောက်နိုင်ပေသည်။
“ဒါဆိုလည်း မင်းရဲ့အကန့်အသတ်ကို ကြည့်ပါရစေ...” မုချန်းကီက ပြောလိုက်သည်။ သူကထိုသို့ပြောလိုက်ချိန်တွင် အာကာသအသိက ထွက်ပေါ်လာသည်။ သူက ဓားတစ်ချောင်းအသွင်ပြောင်းလဲသွားပြီး ရှေ့သို့တိုးဝင်သွားကာ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ သို့သော် ထိုအခိုက်တွင် သူက အလွန်နက်ရှိုင်းလှသော မျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။
သူက ဆက်တိုက်လှုပ်ရှားနေပြီး အလွန်ဝေးကွာသောအကွာအဝေးအါး ချက်ချင်း ဖြတ်သွားနိုင်မည့်ဟန်ပေါ်နေသော်လည်း ပုံမှန်အားဖြင့် သူအတွေးတစ်ချက်ဖြင့်ပင် ဖြတ်သန်းသွားနိုင်မည့်အာကာပြင်က ယခုထိတိုင် မရောက်နိုင်သေးကြောင်း တွေ့လိုက်ရသည်။ တစ်လက်မလောက်အကွာမှ အရာများကိုပင် မည်မျှပင်ကြိုးစားစေကာမူ သူထိနိုင်ရန် မဖြစ်နိုင်ကြောင်း သိလိုက်ရသည်။
သူက ထိုကြောက်မက်ဖွယ်မျက်လုံးကြီးများအတွင်း ကျရောက်သွားဟန်ပေါ်သည်။ ထိုမျက်လုံးများက ကိုယ်ပိုင် တွင်းနက်များ ဖြစ်လာကာ သူ့အား အတွင်းသို့စုပ်ယူနေကြသည်။
ထိုမျက်လုံးများက ရီဖူရှင်းဖန်တီးလိုက်သော ဧရာမမျက်လုံးကြီးများဖြစ်သည်။
သူ၏တတိယမြောက်နတ်ဝင်ရိုးဖြစ်မည်ဟု မုချန်းကီကတွေးလိုက်မိသည်။ ထိုသည်မှာ မှော်မျက်လုံးနတ်ဝင်ရိုးဖြစ်လေသည်။ မျက်တောင်တခတ်စာအတွင်း ထိုမျက်လုံးတစ်စုံက နေရာတခုလုံးအားဖူံးလွှမ်းသွားကာ မျက်လုံးများပြည့်နေသည့် ကမ္ဘာကြီးဖြစ်တည်လာသည်။
ထိုသည်မှာ အာကာသမဟာလမ်းစဥ်အား အဆုံးစွန်အထိအသုံးချလိုက်ခြင်းဖြစ်သည်။ မုချန်းကီသည် ထိုက်ချူတော်ဝင်မြေတွင်ကျင့်ကြံနေစဥ် အားကောင်းလှသောကျင့်ကြံသူများစွာကို မြင်တွေ့ခဲ့ရပြီး ရန်ဟောင်များစွာဖြင့် ရင်းနှီးဖူး၊ တိုက်ခိုက်ခဲ့ဖူးလေသည်။ ထို့ကြောင့် သူက နတ်ဝင်ရိုးအမျိူးအစားအားလုံးနီးပါးအား မြင်တွေ့ဖူးသည်။ ထို့အပြင် ယခင်မျိုးဆက်များစွာမှ ထိပ်သီးပုဂ္ဂိုလ်များနှင့် သူတို့၏နတ်ဝင်ရိုးများအကြောင်းကိုလည်း သူကြားဖူးလေသည်။ ထိုမရေမတွက်နိုင်သောလူများ၌ မရေမတွက်နိုင်အောင် ကွဲပြားခြားနားသည့် နတ်ဝင်ရိုးများရှိလေသည်။
ခဏချင်းပင် သူက ထိုမှော်မျက်လုံးများထဲသို့ဆွဲယူခံလိုက်ရပြီး မည်သည့်အရာများဖြစ်ပျက်တော့မည်ကို သူနားလည်လိုက်သည်။ သူသည် အာကာသမဟာလမ်းစဥ်နှင့် မှော်မျက်လုံးတို့ပေါင်းစပ်ထားသည့် မျက်လုံးကမ္ဘာထဲသို့ ဆွဲခေါ်ခံလိုက်ရသည်။ ရီဖူရှင်း၏ အဆုံးစွန်ထိနားလည်မှုနှင့်ပေါင်း၍ သူက ထိုသည်အား သူ၏နတ်ဝင်ရိုးထဲ၌ ထည့်သွင်းဖွဲ့စည်းထားခြင်းဖြစ်သည်။
“မှော်မျက်လုံးအာကာသ...” မုချန်းကီက ရေရွတ်လိုက်သည်။ သူက ရုတ်တရက် ရပ်တန့်သွားသည်။ သူသည် ရီဖူရှင်းကဲ့သို့ပင် အာကာသမဟာလမ်းစဥ်၌ ကျွမ်းကျင်ပေသည်။ ထိုသို့အားကောင်းလှသော နတ်ဝင်ရိုးနှင့် ရင်ဆိုင်ရချိန်တွင် လုပ်ရန်မှာ တခုတည်းသာရှိသည်။ သူက ထိုသည်အား ဖောက်ထွက်ရပေမည်။
သူ့အနေဖြင့် တူညီစွာအားကောင်းသည့် အာကာသမဟာလမ်းစဥ်ကိုအသုံးပြုပြီး မှော်မျက်လုံးအာကာပြင်အား ပျက်စီးအောင်လုပ်ရမည်။
ဘုန်း...
ဓားအသိက သူ့အထက်လေထု၌ ထွက်ပေါ်လာသည်။ အဆုံးမဲ့နတ်ဓားများက သူ့အထက်လေထုရှိ ဓားသဏ္ဍာန်ထဲ၌ ပေါ်ပေါက်လာသည်။ ဓားအသိက ထိုထဲမှထွက်ပေါ်လာပြီး မီတာထောင်ချီရှည်သည့် နတ်ဓားများအသွင်ပြောင်းလဲကာ ကောင်းကင်အား ဆွဲဖြဲလိုက်သည်။
သူ၏ဓားအသိက ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားသည်။
သူ့ကိုယ်တွင်းမှ ဓားအသိသည်လည်း အားပြင်းစွာထွက်ပေါ်လာပြီး လေထုကိုဖောက်ထွက်ရန်ကြိုးစားနေသကဲ့သို့ တိမ်များဆီသို့အရှိန်အဟုန်ဖြင့် ရောက်ရှိသွားသည်။
“ပိုင်းဖြတ်လိုက်” မုချန်းကီက အလွန်ထက်ရှသောအသံဖြင့်ပြောလိုက်သည်။ သူကထိုသို့ပြောလိုက်ပြီး နတ်ဓားက ကောင်းကင််အားဆုတ်ဖြဲလိုက်ကာ လေထုထံတိုးဝင်သွားပြီး မှော်မျက်လုံးအာကာပြင်အား ဆူတ်ဖြဲရန်ကြိုးပမ်းလိုက်သည်။
ရွှေရောင်နတ်ဓားရာက လေထုကိုဆုတ်ဖြဲ၍ ကောင်းကင်ယံ၌ ပေါ်လာသည်။ မုချန်းကီက ကောင်းကင်ထက်သို့ရွေ့လျားလိုက်ပြီး မျဥ်းဖြောင့်တကြောင်းအသွင်ပြောင်းလိုက်သည်။ မှော်မျက်လုံးအာကာပြင်က ကြောက်မက်ဖွယ်ဓားအသိကြောင့် ဆုတ်ဖြဲခံလိုက်ရဟန်ပေါ်သည်။
မုချန်းကီက ရီဖူရှင်း၏ပုံရိပ်အား ဖျတ်ခနဲမြင်လိုက်ရပြန်သည်။ ဤတစ်ကြိမ်တွင် ရီဖူရှင်းက သူ့အထက်တွင်ရပ်နေပြီး တောက်ပသောအလင်းတန်းများဖုံးအုပ်နေကာ သူ၏အဖြူရောင်ဆံပင်များက လေတွင်လွင့်နေလေသည်။ သူက ရွှေရောင်အလင်းတန်းများလွှမ်းခြုံနေပြီး ကောင်းကင်ထက်၌ ကြယ်များဝန်းရံနေသည့် နေနှင့်လသဖွယ် ခမ်းနားထည်ဝါလှသည်။
ကြည့်ရသည်မှာ ထိုအာကာပြင်တွင် နောက်ထပ်အလွှာတစ်ခုရှိနေဟန်ပေါ်သည်။
အာကာသမဟာလမ်းစဥ်က တစ်ခုနှင့်တစ်ခု ထပ်နေခြင်းဖြစ်သည်။
ရီဖူရှင်းက ကောင်းကင်ယံတွင် ရပ်နေပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော နတ်ဆင်စွမ်းအားများဖြင့် လွှမ်းခြုံနေသည်။ နတ်ဆင်များက သူတို့၏အရှိန်အဝါများနှင့်ခွန်အားများဖြင့် သူ့အား ခစားနေကြသည်။ သူ၏လက်များက စစ်နတ်ဘုရား၏လက်များသဖွယ် သန်မာလှပြီး ရောင်စဥ်များထွက်ပေါ်နေသည့် ရွှေရောင်အရာဝတ္ထုနှင်တံအား ဆုပ်ကိုင်ထားသည်။
သူ၏ဓားစွမ်းအားက ပေါက်ကွဲထွက်လာနေစဥ်မှာပင် ရီဖူရှင်းက လှုပ်ရှားလိုက်ပြီး ကောင်းကင်သို့လှမ်းလိုက်သည်။ သူ၏အသွင်က စစ်နတ်ဘုရားတပါးနှယ်အရှိန်အဝါကြီးမားလှပြီး သူကနှင်တံဖြင့်ရိုက်ချလိုက်ကာ လေထုအား အလွန်အမင်းတုန်ခါသွားစေသည်။ ထိုရိုက်ချက်ကြောင့် ကြယ်များအားလုံးကကြွေကျလာပြီး ကမ္ဘာကြီးအဆုံးသတ်သွားသကဲ့သို့ခံစားလိုက်ကြရသည်။
သူသည် ကောင်းကင်ဘုံကိုးဆင့်ရိုက်ချက်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ကျင့်ကြံလာခဲ့ပြီး ယခုမူ သူ၏နှင်တံပညာရပ်က အသွင်ပြောင်းသွားပြီဖြစ်သည်။ ထိုဘုံကိုးဆင့်ရိုက်ချက်က လူဝံအင်ပါယာထံမှဆင်းသက်လာသော မူလတိုက်ကွက်မဟုတ်တော့ပေ။ သူက ထိုနှင်တံရိုက်ချက်တွင် မဟာလမ်းစဥ်စွမ်းအားများဖြင့်ပေါင်းစည်းလိုက်သောကြောင့် နှင်တံပညာရပ်မှာ လုံးဝကွဲပြားသွားပြီး လူဝံများ၏ဘုံကိုးဆင့်ရိုက်ချက်ဖြင့်မတူတော့ဘဲ သူ၏ကိုယ်ပိုင်ပညာရပ်တစ်ခုဖြစ်လာသည်။
သူ၏နှင်တံက ကောင်းကင်ကိုချိုးဖောက်မည့်ဟန်ပေါ်သည်။ ထိုနှင်တံရိုက်ချက်ကျဆင်းလာသည့်တိုင်အောင် သူ၏ဓားအရှိန်အားမထိန်းနိုင်သောကြောင့် မုချန်းကီက မရှောင်တိမ်းနိုင်ဘဲ လေထဲတွင် ရှေ့သို့ဆက်လက်တိုးဝင်၍ ကျဆင်းလာသော နှင်တံအား ဓားဖြင့်ခုတ်ပိုင်းလိုက်သည်။
ဓားက ကြယ်များစွာအားတစစီဖြစ်သွားစေသောကြောင့် စူးရှသောပေါက်ကွဲသံများထွက်ပေါ်လာသည်။ မုချန်းကီက ကြယ်များအား သူ့ဓားဖြင့် တစစီဖြစ်အောင်တိုက်ခိုက်နိုင်ခဲ့သည်က ထိုဓားသည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းပြသနေသလိုပင်။
ဘုန်း...
နှင်တံက မုချန်းကီပြောင်းလဲထားသော ဓားအပေါ်သို့ကျဆင်းလာပြီး ဓားအသိက ကြမ်းတမ်းစွာပေါက်ကွဲသွားသည်။ ထိုအခိုက်တွင် ဖျက်စီးမှုစွမ်းအားက ပေါက်ကွဲထွက်ပေါ်လာသည်။
ဘန်း...
ဓားအရှိန်က နောက်ဆုံးတွင် ရပ်တန့်သွားပြီး တောက်ပသောပုံရိပ်က သူရှေ့တက်လာစဥ်ကအမြန်နှုန်းထက်ပင် ပို၍လျှင်မြန်သော အမြန်နှုန်းဖြင့် နောက်သို့တွန်းထုတ်ခံလိုက်ရသည်။
သို့သော် ရီဖူရှင်းက သူ၏တိုက်ခိုက်မှုအားမရပ်တန့်ပေ။ သူက လေထုကိုဖြတ်၍ မုချန်းကီထံသို့ဦးတည်သွားသည်။ မုချန်းကီက နောက်ထပ်ဓားအသိများအား မထုတ်ဖော်နိုင်တော့ချိန်တွင်သူက သူ၏နှင်တံကို ထပ်မံရိုက်ချလိုက်သည်။
ဘန်း...
ဤတစ်ကြိမ်တွင် နှင်တံက ပို၍ပင်အားကောင်းလှသည်။ မုချန်းကီ၏ဓားက ရပ်တန့်ခံလိုက်ရသောကြောင့် သူ့အနေဖြင့် ထိုတိုက်ခိုက်မှုအား တားဆီးရန်မရှိတော့ပေ။ သူက နောက်သို့တဖန်လွင့်စင်သွားကာ သူ့ခန္ဓာကိုယ်အားဖုံးအုပ်ထားသည့် ဓားအကာအကွယ်တွင် အက်ကြောင်းများပေါ်လာပြီးနောက် ထိုအကာအကွယ်က တစစီဖြစ်သွားသည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး သူ့မျက်နှာက ဖြူဖျော့နေလေသည်။
တကယ်တမ်းတွင် ပြင်ပမှလူများက မည်သည့်အရာများဖြစ်ပျက်နေသည်ကို မသိကြပေ။ တိုက်ပွဲနေရာတခုလုံးမှာ အာကာသမဟာလမ်းစဥ်ဖြင့် ပိတ်ဆို့ခံထားရခြင်းဖြစ်သည်။
မုချန်းကီသည် ဆက်တိုက် တိုက်ခိုက်ခံရသောကြောင့် သူ၏နတ်ဝင်ရိုးမှာပျောက်ကွယ်သွားပြီး အရာအားလုံးက ပုံမှန်အခြေအနေသို့ပြန်ရောက်သွားသည်။ ပြင်ပမှလူများက ရီဖူရှင်းသည်တည်ငြိမ်စွာရပ်နေ၍ မုချန်းကီမှာမူ သွေးများစွန်းထင်းနေကာ လဲလျောင်းနေသည်အား မြင်လိုက်ကြရသည်။
“ဒါက...”
လူတိုင်း၏ နှလုံးခုန်သံမှာ ကျယ်လောင်လာသည်။ သူတို့က သူဒဏ်ရာရထားသလားဟု သိလိုသောကြောင့် ရီဖူရှင်းအားပြန်ကြည့်လိုက်ကြသည်။ သို့သော် သူတို့က ဆံပင်ဖြူများလေထဲတွင်လွင့်နေသည့် ခန့်ညားလှသောလူငယ်လေး ရပ်နေသည်ကိုသာ မြင်လိုက်ရသည်။ သူ၏မျက်လုံးများက ယခင်အတိုင်းပင် နက်မှောင်၍ ဆန်းကြယ်မှုများပြည့်နေဆဲပင်ဖြစ်သည်။
သိသာစွာပင် သူက ဒဏ်ရာရရှိခြင်းမရှိပေ။
ရီဖူရှင်းက ဤတိုက်ပွဲအား အနိုင်ရရှိသွားသည်လား။
“မဟာလမ်းစဥ်နဲ့ပတ်သတ်ရင် ဘုံဆိုတာမရှိဘူး။ မဟာအင်ပါယာရဲ့ ကောင်းကင်ဒေသက ပြင်ပဘုံတွေကိုရော လေဟာနယ်ဘုံကိုပါ အုပ်ချုပ်တယ်။ မဟာအင်ပါယာက ကျင့်ကြံခြင်းလောကကို ပိုပြီးအားကောင်းလာစေချင်တယ်”
“ဒါကြောင့် ကောင်းကင်အာဏာစက်မင်းဆက်က လေဟာနယ်ဘုံက အင်အားစုဖစ်ပေမယ့် ဒီနေရာမှာကျင့်ကြံလိုတဲ့ ပြင်ပဘုံမှဘယ်သူမဆို ငါတို့ငြင်းဆိုမှာမဟုတ်ဘူး” ရီဖူရှင်းကပြောလိုက်သည်။”ဒါကြောင့် ထိုက်ချူတော်ဝင်မြေကဘယ်သူမဆို ငါတို့ရဲ့လမ်းစဉ်ရှာဖွေရာမှာ ပါဝင်ချင်စိတ်ရှိရင် ငါတို့က ဝမ်းေမြာက်ဝမ်းသာကြိုဆိုပါတယ်”
သူ၏စကားများသည် လေထဲပျံ့လွင့်သွားပြီး လူတိုင်း၏စိတ်တွင်စွဲကျန်သွားသည်။ထိုအချိန်တွင် များစွာသောလူငယ်များသည် သူ့အား လေးစားကြည်ညိုသည့်မျက်လုံးများဖြင့်ကြည့်နေကြသည်။ထိုသည်မှာ စစ်မှန်သည့်သူရဲကောင်းတစ်ယောက်ဖြစ်သည်။
ထိုက်ချူတော်ဝင်မြေသည် အင်အားဖြင့် သူတို့နေရာကို အစားထိုးယူရန်ကြိုးပမ်းခဲ့သည်။ သူတို့၏အင်အားသည် တွန်းလှန်ရန်ပင်မတတ်နိုင်ဟု ထင်ခဲ့ရသည်။
ယခုမူ ရီဖူရှင်းသည် သူတို့အား ကောင်းကင်အာဏာစက်ကျောင်းတော်သို့ပညာသင်ကြားရန်လာရောက်နိုင်ကြောင်းပြောကြားရန် သူ၏အင်အားကိုအသုံးပြုခဲ့သည်။ ကျောင်းတော်က သူတို့အား ကြိုဆိုပေမည်။
ကောင်းကင်ဒေသမှ အင်အားစုများ မည်မျှအင်အားကြီးပါစေ သူတို့၏ သင်ကြါးပေးသည့် တော်ဝင်မြေသည်မည်သို့ပင်ရှိစေကာမူ ကောင်းကင်အာဏာစက်ကျောင်းတော်သည် သူတို့အားအနိုင်ယူနိုင်ပြီး သူတို့ကို ခြေဖဝါးအောက်တွင်ဖျက်ဆီးနိုင်ခဲ့သည်။ သူတို့က သူတို့၏နေရာတွင် အစားထိုးလိုသည်တဲ့လား။ ကောင်းကင်ဒေသမှ ကျင့်ကြံရေးတော်ဝင်မြေမှာ သူတို့လက်အောက်တွင် သင်ယူရန်သာ ထိုက်တန်သည်။
ဤခံစားချက်သည် ကောင်းကင်အာဏာစက်ဘုံမှ သူများအတွင်း ပြင်းထန်သောဂုဏ်ယူစိတ်ကိုဖြစ်ပေါ်လာစေသည်။ရီဖူရှင်းအသံအားကြားသည့်အခါ သူတို့၏သွေးများသည် ဆူပွက်လာသည်။
သူသည် ကောင်းကင်ဒေသမှ သင်ကြားပေးသည့်တော်ဝင်မြေအား ကောင်းကင်အာဏာစက်ကျောင်းတော်ကိုလေ့လာသင်ယူဖို့ လာရောက်ရန်ပြောခဲ့သည်။
ထိပ်သီးတပ်ဖွဲ့အင်အားစုနှစ်ခု၏စစ်မှန်သောတိုက်ပွဲတွင် ကောင်းကင်အာဏာစက်ကျောင်းတော်သည် ပြီးပြည့်စုံသည့်အောင်မြင်မှုကိုရရှိခဲ့သည်။ရီဖူရှင်းသည် မုချန်းကီအား အနိုင်ရယူခဲ့ပြီး ယူချင်းသည် စစ်မာရှောင်အား အနိုင်ရခဲ့သည်။
“မိုက်လိုက်တာ...” ကျောင်းအတွင်းမှ သောကျောက်သည် အလွန်လေးစားသည့်မျက်လုံးများဖြင့်ကြည့်နေသည်။အကယ်၍သူသာဆိုလျှင် သူသည် ရှက်စရာကောင်းသည့်အရာတစ်ခုကိုသေချာပေါက်ပြောမိလိမ့်မည်။သို့သော် ရီဖူရှင်း၏စကားများသည် အလွန်ဂုဏ်သိက္ခာရှိလှသည်။
ထိုက်ချူတော်ဝင်မြေအား ကောင်းကင်အာဏာစက်ကျောင်းတော်ကို လေ့လာသင်ယူရန်လာနိုင်တယ်တဲ့လား...။
မယုံနိုင်စရာပဲ...။
ရှောင်မုယွီသည် သူမ၏ဆရာအား ပို၍ပင် စိတ်ကျေနပ်လာခဲ့သည်။ထူးဆန်းသည့်အရိပ်ယေါင်သည် သူမ၏လှပသောမျက်လုံးများတွင် လင်းထိန်သွားသည်။ယခုအခါ လေဟာနယ်ဘုံသည်ကမောက်ကမဖြစ်နေပြီး ဘုံကိုးခုသည် ပရမ်းပတာဖြစ်နေသောကြောင့် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ထိုက်ချူတော်ဝင်မြေတို့၏ကြားမှ ဤပဋိပက္ခသည်အလွန်အရေးကြီးသည်။ရီဖူရှင်းသည် ကောင်းကင်ဒေသမှ ရန်သူအား ကောင်းစွာတိုက်ခိုက်ပြီး အနိုင်ယူခဲ့သည်။ဤသည်မှာ ဘုံကိုးခုရှိလူများအတွက် ကြီးမားသည့် လှုံ့ဆော်မှုတစ်ခုဖြစ်သည်။
နန်လော့ရှန်းသည် ရီဖူရှင်းကို ကြည့်ပြီး သူမ၏ဖခင်သည် ရီဖူရှင်းအား မည်သည့်အတွက် ဤမျှချီးကျူးရသနည်းဆိုသည်ကို နားလည်သွားသည်။ယခုဤတိုက်ပွဲကို ကြုံတွေ့ပြီး သူမ တကယ်ခံစားလိုက်ရသည်။သူသည် အပြည့်အဝရင့်ကျက်လာခဲ့လျှင် သူသည် ခေတ်တစ်ခေတ်၏စစ်မှန်သည့်ခေါင်းဆောင်တစ်ယောက်ဖြစ်လာနိုင်သည်။များစွာသောသူများအား ကောင်းကင်၏ဂုဏ်ယူဖွယ်သားများဟုခေါ်ဆိုနိုင်သော်လည်း သူတို့သည် ခေတ်တစ်ခေတ်လုံးကို ကိုယ်စားမပြုနိုင်ပေ။
သို့သော် ရီဖူရှင်းကမူ ထိုသို့ ကိုယ်စားပြုနိုင်သည်။
ထိုက်ချူတော်ဝင်မြေမှ လူများသည် ရီဖူရှင်း၏စကားကိုကြားသည့်အခါ ပြောစရာစကားများပျောက်ဆုံးသွားသည်။ သူတို့က မည်သည်ကိုများပြန်ပြောနိုင်မည်နည်း။
မုချန်းကီသည်ရှုံးနိမ့်သွားသည်။သူက မည်သို့ရှုံးနိမ့်ခဲ့ရသနည်း။
အလွန်အံ့ဩစရာကောင်းသည့်တစ်စုံတစ်ယောက်က အမှန်တကယ်ပင် လေဟာနယ်ဘုံ၌ ပေါ်လာခဲ့သည်လား။
ထို့အပြင် သူတစ်ယောက်သာ မဟုတ်ပေ။ယူချင်းနှင့် ဂူတုံးလျှိုသည်လည်း မယုံနိုင်ဖွယ်ရာစွမ်းအားများကိုဖော်ထုတ်ပြသခဲ့ကြသည်။
ထိုသူများသည် ကောင်းကင်အာဏာစက်ကျောင်းတော်တွင်အတူတကွစုဝေးနေကြပြီး ထိုက်ချူတော်ဝင်မြေအား ပြင်းပြင်းထန်ထန်ရှုံးနိမ့်စေခဲ့သည်။
ထိုအခြေအနေတွင် ကောင်းကင်အာဏာစက်ကျောင်းတော်ကိုဝင်ရောက်ပြီး ထိန်းချုပ်ရန်သူတို့တွင် မည်သည့်အခွင့်အရေးရှိမည်နည်း။
“သွားကြမယ်”ထိုက်ချူတော်ဝင်မြေမှ အဖြူရောင်ဝတ်ရုံဖြင့်ကျင့်ကြံသူကပြောလိုက်သည်။ ရုတ်တရတ်သူနှင့်အခြားသူများသည် သူတို့နှင့်အတူမုချန်းကီအားခေါ်ဆောင်ပြီး ထွက်ခွာသွားကြသည်။သူတို့၏အစီအစဉ်သည် လုံးဝရှုံးနိမ့်သွားသည်။ယခုအခါ လေဟာနယ်ဘုံတွင်ခြေကုပ်ရယူရန် ပို၍အခက်အခဲရှိလာဟန်တူသည်။
ဤထိပ်တိုက်ရင်ဆိုင်မှုသည် ထိုက်ချူတော်ဝင်မြေပေါ်တွင် လုံးဝအပျက်သေဘာေဆာင်သည့်လွှမ်းမိုးမှုဖြစ်နေပေလိမ့်မည်။
သူတို့သည် မူလအစက ကျူးကျော်ရန်လာခဲ့ကြသည်။သူတို့အနိုင်ရခဲ့လျှင် အားလုံးသည် ထိုက်တန်ပေလိမ့်မည်။ သို့သော် သူတို့ရှုံးနိမ့်သွားကတည်းက ဤလှုပ်ရှားမှုသည် အရင်းအနှီးကြီးသွားခဲ့သည်။
လူတိုင်းသည်သူတို့ထွက်သွားသည်ကိုကြည့်ပြီးနောက် တီးတိုးပြောလာကြသည်။ဤတိုက်ပွဲတွင် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ထိုအဖွဲ့ဝင်သုံးယောက်ပြသခဲ့သောစွမ်းအားများသည်ကမ္ဘာကိုတဖန်တုန်လှုပ်စေခဲ့သည်။
စားသောက်ဆိုင်တွင် မေ့ထန်သည် သူ၏ဖန်ခွက်ကိုချလိုက်ပြီး မျက်မှောင်ကျုံ့လိုက်သည်။
ဒါဆို သူက ထိုမျှသန်မာသည်လား...။
ဒါဆိုသူက ဘယ်က ဆင်းသက်လာတာလဲ...။
***