← Chapters

#စစ်တုရင်ကစားပွဲ၊ ငါ့နာမည်က အင်ပါယာလျန်#

Vol. 78 Ch. 1093

#စစ်တုရင်ကစားပွဲ၊ ငါ့နာမည်က အင်ပါယာလျန်#

Vol. 78 Ch. 1093

သူတို့ရှေ့တွင် မည်သည့်လမ်းကြောင်းမှ မရှိတော့ဘဲ လေထဲ၌ မျောလွင့်နေသည့် ဧရာမစစ်တုရင်ဘုတ်ပြားကြီးတစ်ခုသာ ရှိသည်။ 

စစ်တုရင်ဘုတ်ပြား၏ နှစ်ဖက်စလုံးတွင် အဖြူနှင့်အနက်စစ်တုရင်အပိုင်းအစများရှိသည်။ 

ဧရာမစစ်တုရင်ဘုတ်ပြားက ချောက်ကမ်းပါးပေါ်၌ လွင့်မြောနေသော်လည်း ဆိတ်ငြိမ်နေပြီး မည်သည့်အော်ရာမှ ထုတ်လွှတ်ခြင်းမရှိပါ။ 

ဒီအချိန်မှာပင် ယဲ့ချိုးပိုင်တို့အပြင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရောက်လာကြသည်။ 

ယဲ့ချိုးပိုင်တို့ကို မြင်သောအခါ ရှေ့ဆုံးက ဦးဆောင်လာသော ခန့်ညားသောလူက အနည်းငယ်အံဩသင့်သွားပုံရသည်။ ထို့နောက်သူပြုံးလိုက်သည်။ 

"ငါမင်းကို ဒီမှာတွေ့မယ်လို့ မထင်ထားဘူး"

ယဲ့ချိုးပိုင်က အကြွင်းအကျန်ဝိဉာဉ်၏ အသိအမှတ်ပြုမှုကို ရခဲ့သည့် တစ်ဦးတည်းသောသူမဟုတ်ပေလော။ 

ထို့ကြောင့် ရှေးဟောင်းစစ်မြေပြင်ကို ၀င်ခဲ့ကြသည့် မည်သည့်ပါရမီရှင်မဆို ယဲ့ချိုးပိုင်ကို မှတ်မိနိုင်ပါသည်။ 

ထိုလူလက်နှစ်ဖက်ဆုပ်သည်။ 

"ရှေးမြို့တော်ကြယ်ဒေသ၊ ခရမ်းတိမ်ဂိုဏ်း ဖန်းယန်" ထို့နောက် သူကျန်နှစ်ယောက်ကို လက်ညိုးထိုးပြသည်။ 

"ပန်ရှီဝူ၊ ထောင်းရှု"

ထို့နောက် ပန်ရှီဝူနှင့် ထောင်းရှုတို့ကလည်း နှုတ်ဆက်သည့်အသွင် လက်နှစ်ဖက် ဆုပ်ပြကြသည်။ 

ယဲ့ချိုးပိုင်ကလည်း အပြန်အလှန် လက်ဆုပ်ပြသည်။ 

၎င်းနောက် ဖန်းယန်မေးသည်။ 

"ညီအစ်ကိုယဲ့၊ မင်းတစ်ခုခုရှာတွေ့လား"

ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။ 

"အခုထိမတွေ့သေးဘူး၊ ဒါပေမယ့် ဒီစစ်တုရင်ဘုတ်ပြားကို ငါတို့မဖြေရှင်းဘူးဆိုရင် လမ်းကြောင်းတစ်ခုပြောင်းရလောက်တယ်"

ဖန်းယန်ပြုံးသည်။ 

"ညီအစ်ကိုယဲ့တောင် မပြောနိုင်ဘူးလား၊ ဒါဆို အပေါ်တက်ပြီး စမ်းကြည့်တာပေါ့"

ထို့နောက် ဖန်းယန် စစ်တုရင်ပြားပေါ်သို့ အရင်ဆုံးတက်သွားသည်။ 

သို့စေကာမူ မုဖူရှန်းအနည်းငယ် မျက်မှောင်ကြုတ်သည်။ 

"ဒါမူမမှန်ဘူး၊ သာမန်လူတွေက ဒီလိုအမည်မသိနေရာတွေကို အလွယ်တကူဝင်ကြမှာမဟုတ်ဘူး၊ သူ့လုပ်ရပ်တွေက.... တမင်သက်သက်လုပ်နေသလိုထင်ရတယ်"

ဒီနေရာတွင် မုဖူရှန်း စုန့်ရှောင်ကို လှည့်ကြည့်ပြီးနောက် မေးသည်။ 

"အစ်ကိုစုန့်၊ ဒီလူတွေရဲ့နောက်ခံကိုသိလား"

စုန့်ရှောင်ကလည်း မုဖူရှန်းဆိုလိုတာကို နားလည်သဖြင့် လက်အစုံကို ဖြန့်လိုက်သည်။ 

"ခရမ်းတိမ်ဂိုဏ်းကို ငါသိပေမယ့် ဒီလူတွေအကြောင်းတော့ တစ်ခါမှ မကြားဖူးဘူး"

"ဒါကပုံမှန်ပါပဲ၊ ကမ္ဘာကြီးထဲမှာ ပါရမီရှင်တွေအများကြီးရှိတယ်၊ ငါ့အတွက် အားလုံးကို လုံး၀ဥဿုံမှတ်မိနေဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ"

မုဖူရှန်းခေါင်းညိတ်ရင်း ဆက်လက်စောင့်ကြည့်သည်။ 

ဖန်းယန် စစ်တုရင်ပြားပေါ်သို့ ရပ်လိုက်သောအခါ ထူးခြားသည့်အရာဟူ၍ ဘာတစ်ခုမှ မဖြစ်ပျက်လာခဲ့ပါ။ 

တခြားတစ်ဘက်တွင် နင်းချန်ရှင်း စစ်တုရင်ပြားကို စိုက်ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ 

နင်းချန်ရှင်း၏ မူမမှန်မှုကို သတိထားမိသဖြင့် ဟုန်ရင်လှမ်းမေးသည်။ 

"ဘာမှားနေလို့လဲ၊ နင်တစ်ခုခုရှာတွေ့ရဲ့လား"

ယေဘုယျအားဖြင့်ဆိုပါက နင်းချန်ရှင်းက ဒီလိုအမူအရာမျိုးကို မပြသပေ။ 

နင်းချန်ရှင်းခေါင်းညိတ်သည်။ 

"ကျွန်တော့်မှာ မှန်းဆချက်တစ်ချို့ရှိပေမယ့် ကြိုးစားကြည့်ဖို့လိုတယ်"

ထို့နောက်တွင် ဖန်းယန်ခုန်ဆင်းလာပြီး တစ်ခုခုပြောရန် ပြင်နေစဉ်မှာပင် နင်းချန်ရှင်းလျှောက်သွားလေသည်။ 

လူတိုင်းသိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်ကြ၏။ ဖန်းယန်နှင့် ကျန်နှစ်ယောက်ကလည်း နင်းချန်ရှင်းကို ထူးဆန်းသည့် အမူအရာဖြင့် ကြည့်နေသည်။ 

မည်သို့ပင်ဆိုစေကာမူ နင်းချန်ရှင်းတွင် မည်သည့်အော်ရာ သို့မဟုတ် တည်ရှိမှုမှ မရှိပါ။ သူက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအကြား မထင်ရှားဆုံးသူဖြစ်သည်။ 

သို့စေကာမူ နင်းချန်ရှင်း စစ်တုရင်ပြားပေါ်သို့ တက်လိုက်သောအခါ အရာတိုင်းက ပြောင်းလဲသွားခဲ့သည်။ 

စစ်တုရင်ပြားက တုန်ခါလာပုံရပြီး တဝီဝီမြည်သံများ ထွက်ပေါ်နေသည်။ 

နင်းချန်ရှင်း စစ်တုရင်ပြား၏ ညာဘက်ခြမ်းတွင် ခြေချင်းခတ်ထိုင်ပြီး မျက်လုံးများကို မှိတ်လိုက်စဉ် ကွန်ဖြူးရှပ်တာအိုအော်ရာက သူ့ကိုယ်ထဲကနေ စိမ့်ထွက်လာသည်။ 

ကွန်ဖြူးရှပ်တာအိုအော်ရာက နင်းချန်ရှင်းနောက်ဘက်တွင် ဧရာမလက်ကြီးတစ်ဖက်အဖြစ် သိပ်သည်းသွားသည်။ 

ဧရာမလက်ကြီးက အနက်ရောင်စစ်တုရင်အပိုင်းတစ်ခုကို ကောက်ကိုင်ပြီး စစ်တုရင်ဘုတ်ပြားအလယ်ဗဟိုတွင် နေရာချလိုက်သည်။ 

ဒီအခိုက်အတန့်မှာပင် နင်းချန်ရှင်းရှေ့တွင် လူတိုင်း၏ ထိတ်လန့်နေသည့်အကြည့်အောက်၌ တာအို၀တ်စုံ၀တ်ဆင်ထားသည့် ကြော့ရှင်းသောလူတစ်ယောက် ဖြည်းဖြည်းချင်းပေါ်လာသည်။ 

ထိုလူပြုံးသည်။ 

"ငါစစ်တုရင်မကစားခဲ့တာ အတော်လေးကြာမြင့်နေပြီ၊ မင်းငါ့ကို ပျော်စရာတစ်ချို့ ပေးနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်"

နင်းချန်ရှင်း၏အမူအရာက တည်ငြိမ်နေပြီး အနည်းငယ်ခေါင်းညိတ်သည်။ 

"ကျွန်တော်အကောင်းဆုံးကြိုးစားပါမယ်"

ဒါကိုမြင်သော် ထိုလူ အဖြူရောင်အပိုင်းအစကို လက်ထဲတွင်ကိုင်ပြီး အနက်ရောင်စစ်တုရင်အပိုင်းအစကို တိုက်ခိုက်ရင်း တစ်ချိန်တည်းမှာပင် ပြောသည်။ 

"တာအိုဆိုတာကို မင်းဘယ်လိုထင်လဲ"

ထိုအပိုင်းအစကို ချလိုက်သည်နှင့် စကားလုံးတစ်လုံးကို ပြောလာသောမခါ ပတ်၀န်းကျင်က လေထုက သိပ်သည်းသွားပုံရပြီး ဆန်းကြယ်သည့်အော်ရာက လေပြေလေညင်းအဖြစ် ပြောင်းလဲကာ စစ်တုရင်ဘုတ်ပြားပေါ်သို့ တိုက်ခတ်သည်။ 

နင်းချန်ရှင်း မျက်စိတစ်မှိတ်အတွင်းမှာပင် အနက်ရောင်အပိုင်းအစတစ်ခုကို တိတ်တဆိတ်ကောက်ကိုက်ရင်း ချလိုက်၏။ 

"ပထမက တာအိုဆိုတာ သဘာ၀လမ်းစဉ်အတိုင်းလိုက်နာပြီး ဘာမှမလုပ်ဘဲ အုပ်ချုပ်ခွင့်ပေးတာလို့ ကျွန်တော်ထင်ခဲ့တယ်၊ လူတွေအပေါ် စည်းမျဉ်းတွေနဲ့ ကန့်သတ်ချက်တွေက အရမ်းများလွန်းရင် ဒါက သူတို့ရဲ့လွတ်လပ်မှုကိုလည်း ကန့်သတ်ပစ်လိမ့်မယ်၊ တာအိုဆိုတာက သဘာ၀လမ်းစဉ်အတိုင်းလိုက်နာပြီး ဆောင်ရွက်ခွင့်ပေးတာပဲ"

ထိုလူကပြုံးရင်း သူ့စစ်တုရင်အပိုင်းအစကို ချလိုက်သည်။ 

"ဒါပေမယ့် မင်းပထမကလို့ ပြောခဲ့တယ်၊ အခုကရော"

နင်းချန်ရှင်းတုံ့ဆိုင်းမနေပေ။ သူ့လက်ရှိ စိတ်အခြေအနေကဲ့သို့ပင် သူကစိတ်ဓာတ်ကြံ့ခိုင်ပြီး စိတ်ပိုင်းဖြတ်ထားသူဖြစ်သည်။ သူအနက်ရောင်အပိုင်းအစတစ်ခုကို ကောက်ကိုင်ပြီး ချလိုက်သည်။ 

"ကျွန်တော်ကြားခဲ့၊ မြင်ခဲ့တာတွေကတော့ အကျိုးကျေးဇူးတွေ၊ အာဏာ၊ စွမ်းအားတွေက မရေမတွက်နိုင်လောက်တဲ့ လူတွေကို ကံတရားအတွက် စစ်ပွဲကိုလှုံ့ဆော်ပေးတယ်၊ ဒါက ကျွန်တော်အတွေးတွေကို ဖြုတ်ချပစ်ခဲ့တယ်၊ သဘာ၀လမ်းစဉ်ကို လိုက်နာပြီး လုပ်ဆောင်တာက အားနည်းသူတွေရဲ့ မွေးရာပါစကားဖြစ်ပြီး သူတို့ရဲ့ ရှောင်တိမ်းလိုတဲ့လုပ်ရပ်တွေအတွက် ဆင်ခြေပေးတာသက်သက်ပဲ" နင်းချန်ရှင်း၏ လှုပ်ရှားမှုက ထိုလူ၏ အဖြူရောင်အပိုင်းအစအားလုံးကို ဝါးမြိုပစ်ချင်သည့်အလား နယ်မြေကို တိုးချဲ့ပစ်သည်။ 

"ကမ္ဘာကြီးက တိကျတဲ့စည်းမျဉ်းနဲ့ ကျင့်၀တ်တွေမပါဘဲ ပရမ်းပတာ၊ ဖရိုဖရဲဖြစ်သွားလိမ့်မယ်၊ ငြိမ်းချမ်းရေးကို လိုချင်ရင် စည်းမျဉ်းတွေချမှတ်ရမယ်"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် စစ်တုရင်ဘုတ်ပြားပေါ်၌ အဖြူရောင်အလင်းတစ်ချက် လင်း၀င်းသွား၏။ ကွန်ဖြူးရှပ်တာအိုချီက အရင်က အတော်လေး တည်ငြိမ်နေပုံရသော်လည်း ယခုတွင်မူ သတ်ဖြတ်ခြင်းဆန္ဒနှင့် ပြည့်နှက်နေသည့် ထက်ရှသည့်ဓားသွားများအလားပင်။ 

ဒါကိုကြားသော် ကျိချန်းယောင်၊ ကျင်းဝူကျင်း၊ ကျန်းချင်းလန်နှင့် ဖန်းယန်ပင်လျှင် ထိတ်လန့်သွားရသည်။ 

ဒီသာမန်ပုံပေါက်သည့်ပညာရှင်က ဒီလောက်ထိ ရဲတင်းလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပေ။ 

သူကကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲဖို့ ကမ္ဘာကြီးအတွက် စည်းမျဉ်းများကို ချမှန်ရန်အတွက်ပင် ရဲတင်းလွန်းသည်။ 

ဒါဘယ်လိုစိတ်ဓာတ်မျိုးလဲ!

ထိုလူ၏အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ထို့နောက်သူပြုံးရင်း စစ်တုရင်အပိုင်းအစကို ကောက်ယူသည်။ ဒီတစ်ကြိမ် သူမခုခံဘဲ ယင်းအစား တိုက်ခိုက်ရန်အတွက် ပမာဏခြေလှမ်းလှမ်းလာသည်။ သူဒီသတ်ဖြတ်ခြင်းကို သတ်ဖြတ်ခြင်းနှင့် ရပ်ပစ်ချင်ပြီး နင်းချန်ရှင်း၏ သတ်ဖြတ်ခြင်းအရှိန်ကို ချိုးဖျက်ပစ်ချင်သည်။ 

"စည်းမျဉ်းတွေချမှတ်တာက ရှိပြီးသားစည်းမျဉ်းတွေကို ချိုးဖောက်တယ်လို့ ဆိုလိုနေတာပဲ၊ မင်းချိုးဖျက်ပြီး ပြန်တည်ဆောက်ချင်ရင်တော့ ဒါကို အောင်နိုင်သူနဲ့ ထိပ်တန်းအင်အားစုတွေကပဲ လုပ်ဆောင်ကြတယ်၊ မင်းရဲ့ပန်းတိုင်က စည်းမျဉ်းတွေကို ချိုးဖျက်ကြတဲ့ အဲဒီတခြားကျင့်ကြံသူတွေနဲ့ တူနေရင် မင်းနဲ့ သူတို့ကြားက ကွာခြားချက်ကဘာလဲ" ထိုလူ၏ စကားလုံးများက ကျောက်တုံးဖြူများပမာ အနက်ရောင်စစ်တုရင်၏ နှလုံးသားကို ထိုးနှက်နေသည့် ထက်ရှသောဓားများပမာထင်ရသည်။ 

"အမြင့်ဆုံးအဆင့်ကိုတက်ဖို့လမ်းစဉ်က အလောင်းတွေနဲ့ ပြည့်နှက်နေတယ်၊ ဒီလိုဆိုရင် မင်းရဲ့စကားလုံးတွေနဲ့ မင်းရဲ့ကွန်ဖြူးရှပ်တာအိုလမ်းစဉ်ကို ကြောင်သူတော်လမ်းစဥ်လို့ သတ်မှတ်လို့ရနိုင်လား"

နင်းချန်ရှင်း တိတ်ဆိတ်သွားသည်။ 

သူ့ဆရာကလည်း အလားတူအကြောင်းအရာကို သူနှင့် ဆွေးနွေးဖူးသည်။ 

ထိုအချိန်တုန်းက သူဘာတွေးနေခဲ့လေသနည်း။ 

နှစ်များစွာ သင်ကြားရေးဖြစ်စဉ်များကိုပါ ပေါင်းစပ်လိုက်ပါက ဒီလူ၏စကားလုံးများက တကယ်ကို ရှောင်လွှဲမရနိုင်စရာပင်။ 

ဒါကနင်းချန်ရှင်းကို တွန့်ဆုတ်သွားစေသည်။ ဆက်တိုက်ကျနေသည့် စစ်တုရင်အပိုင်းအစများကလည်း တုံ့ဆိုင်းနေသည်။ တစ်ခါတစ်လေ ၎င်းတို့က ခုခံကာကွယ်ကြသလို တစ်ခါတစ်လေ တိုက်ခိုက်ကြသည်။ 

အမည်မသိအချိန်ကာလက ရက်တစ်၀က်ကြာမည်လား၊ သို့မဟုတ် တစ်ရက်ကြာမည်လား။ 

ထိုလူ စစ်တုရင်ပြားပေါ်က အနက်နှင့်အဖြူအမွှာစစ်တုရင်စများကို ကြည့်ရင်း အနည်းငယ်သက်ပြင်းချသည်။ ထို့နောက် အဖြူရောင်အပိုင်းအစတစ်ခုကို မြှောက်လိုက်သည်။ 

"အခုဒါကိုအဆုံးသတ်ဖို့ အချိန်ကျပြီ"

ရုတ်တရက် နင်းချန်ရှင်းပြောသည်။ 

"ပန်းတိုင်ကတော့ အတူတူပဲ၊ ဒါပေမယ့် ဖြစ်စဉ်နဲ့ရလဒ်ကတော့ ကွဲပြားသွားလိမ့်မယ်"

ထိုလူ၏မျက်လုံးများက လင်း၀င်းသွားသည်။ သူနင်းချန်ရှင်းကို ကြည့်ရင်း ဆက်ပြောရန် အရိပ်အမြွက်ပြသည်။ 

"ဘယ်အရာကမှ ကမ္ဘာနှစ်ခုလုံးအတွက် အကောင်းဆုံးကို မပိုင်ဆိုင်နိုင်ဘူး၊ ဒီလမ်းကြောင်းက ဟန်ဆောင်မှုတွေနဲ့ ပြည့်နှက်နေတယ်ဆိုပေမယ့် ကျွန်တော်ဒါကို ဆက်လုပ်ပြီး ထိပ်ဆုံးကို တက်လှမ်းနေသရွေ့ ကျွန်တော့်ရဲ့မူလရည်ရွယ်ချက်ကို ကျွန်တော်မေ့မှာမဟုတ်ဘူး၊ အဲဒီအချိန်ကျရင် စည်းမျဉ်းတွေကို ပြန်ပြင်တာက ဒီလက်တွေ့မကျတဲ့အိပ်မက်ကို ပြီးမြောက်ဖို့လုံလောက်မှာပါ"

ဒီနေရာတွင် နင်းချန်ရှင်း သူ့စစ်တုရင်အပိုင်းကို အောက်သို့ချလိုက်သည်။ 

အသက်၀င်သေးသည့် စစ်တုရင်အပိုင်းအစများကို အတင်းစုဆောင်းနေစဉ် စစ်တုရင်ပြားက ချက်ချင်းဆိုသလို ပြောင်းပြန်ဖြစ်သွားသည်။ 

ဒါကိုမြင်သော် ထိုလူရယ်မောသည်။ 

"ကောင်းတယ်၊ ဒီကမ္ဘာထဲမှာ နည်းလမ်းနှစ်ခုမရှိပေမယ့် ဒီနည်းလမ်းကို မင်းစလိုက်ပြီဆိုရင် ကြည်လင်တဲ့စိတ်ထားရှိဖို့ပ အရေးအကြီးဆုံးပဲ"

"ငါ့နာမည်က အင်ပါယာလျန်၊ မင်းငါ့အမွေကို ဆက်ခံနိုင်မလား"

အပိုင်း(1094) coming။ 

All Chapters