← Chapters

#ဟဲရှန်ကော၊ ဧကရာဇ်တစ်ရာမြို့#

Vol. 78 Ch. 1095

#ဟဲရှန်ကော၊ ဧကရာဇ်တစ်ရာမြို့#

Vol. 78 Ch. 1095

သွေးအိုင်ထဲက လှပတင့်တယ်သည့်ခန္ဓာနှင့် အမျိုးသမီးတစ်ဦး ထွက်လာခဲ့သည်။ 

သူမ၏ကိုယ်လုံးတီးအရေပြားက ပုံမှန်မဟုတ်စွာ သွေးနီရောင်ရှိနေပြီး အနက်ရောင်ဆံနွယ်စများက ရေတံခွန်တစ်ခုပမာ ခါးအထိ ဖြာကျနေသည်။ သူမ၏ အထိန်းအချုပ်မရှိသည့်အသွင်၌ နတ်ဆိုးစွမ်းအားတစ်မျိုးမျိုး ပါ၀င်နေပုံပင်။ ပုံရိပ်ယောင်ကဲ့သို့ မျက်လုံးများကမူ သွေးနီရောင်အလင်းနှင့်အတူ တဖျပ်ဖျပ် လင်း၀င်းနေသည်။ 

အကယ်၍ တောင်ပိုင်းဒေသ လျှို့ဝှက်တာအိုကျောင်းတော်က တပည့်များ သို့မဟုတ် ချင်းတျန်နျန်သာ ဒီနေရာတွင်ရှိနေပါက ဒီမိန်းကလေးက ရှင်းဟုန်ယီဖြစ်တာကို သူတို့သေချာပေါက် မမှတ်မိနိုင်လောက်ပေ။ 

သူမ၏မျက်နှာအသွင်အပြင်များက ပို၍ရင့်ကျက်၊ ဆွဲဆောင်မှုရှိပြီး မိစ္ဆာဆန်လာသည်။ 

ရှင်းဟုန်ယီခေါင်းငုံ့ရင်း လက်အစုံကို ကြည့်လိုက်၏။ သူမလက်ပေါ်က အရေပြားက ကြည်လင်လုနီးပါးရှိနေပြီး သွေးကြောလေးများက အနည်းငယ် ခုန်နေတာကို သူမရှင်းလင်းစွာ မြင်နိုင်ပါသည်။ 

"ဒါကငါတို့ရှင်းမိသားစုရဲ့ အစစ်အမှန်သွေးကြောလား...." ရှင်းဟုန်ယီ မျက်လုံးများကို ဖြည်းဖြည်းချင်းမှိတ်ကာ ညင်သာစွာ လက်သီးဆုပ်လိုက်၏။ 

သူမလက်သီးပေါ်က သွေးကြောများက စတင်ကျယ်ပြန့်လာပြီး သွေးများက ဆက်တိုက် ထိုးတက်လာနေသည်။ 

ရှင်းဟုန်ယီ၏ကိုယ်ကနေ အားကောင်းသည့် အားတစ်ခု ချက်ချင်းပေါက်ကွဲသွားသည်။ 

သွေးအိုင်က ဗလောင်ဆူသွားပြီး သွေးရောင်လေတစ်စင်း တိုက်ခတ်သွား၏။ 

မုန်တိုင်းအလယ်တွင် သွေးရောင်နတ်ဆိုးပုံရိပ်တစ်ခု ဖြည်းဖြည်းချင်းပေါ်လာခဲ့သည်။ နတ်ဆိုးပုံရိပ်က ပါးစပ်ကို ဟလိုက်စဉ် ချွန်ထက်သည့် သွားနှစ်တန်းကြား ကွက်လပ်ကနေ အဖြူရောင်အငွေ့များထွက်လာသည်။ နတ်ဆိုးတစ်ကောင် နိုးထလာသည့်အလားပင် ထင်ရသည်။ 

ရှင်းဟုန်ယီ အော်ရာတစ်ခုကို ခံစားမိသဖြင့် လက်ဝှေ့ယမ်းလိုက်သောအခါ အနီရောင်၀တ်စုံတစ်စုံက သူမ၏ ညို့ယူဖမ်းစားအားကောင်းသည့် ကိုယ်ခန္ဓာကို ဖုံးအုပ်သွားသည်။ 

ဒီအခိုက်အတန့်မှာပင် ရှင်းဘိုးဘေး ရှင်းဟုန်ယီရှေ့တွင် ပေါ်လာခဲ့သည်။ 

ထို့နောက် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်လည်း ရှိသည်။ ထိုလူ ရှင်းဟုန်ယီကို တိုင်းတာကြည့်ရင်း ကျေနပ်စွာ ခေါင်းညိတ်သည်။ 

ဘိုးဘေးပြုံးသည်။ 

"နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်..... မဆိုးဘူး၊ ကြည့်ရတာ ဟုန်ရင်ရဲ့ သွေးပေါင်းစပ်ဖြစ်စဉ်ရဲ့ ပြီးမြောက်နှုန်းက အတော်လေးမြင့်မားပုံပဲ"

အကယ်၍ သွေးပေါင်းစပ်ခြင်းဖြစ်စဉ်ကသာ ပြီးပြည့်စုံမနေပါက သို့မဟုတ် ရှင်းဟုန်ယီကိုယ်ထဲက နတ်ဆိုးသွေးကြောကသာ လုံလောက်စွာ စင်ကြယ်မနေပါက မည်သူမှ ဤမျှများပြားသည့် နယ်ပယ်အများအပြားကို လှည့်ပတ်‌လွှမ်းခြုံစေသော ဥာဏ်အလင်းကို ခံနိုင်ရည်ရှိမည်မဟုတ်။ 

သို့စေကာမူ ဒါကလည်း ရှင်းမိသားစု၏ အထူးကျင့်ကြံခြင်းကျင့်စဉ်နှင့် အရင်မိသားစုခေါင်းဆောင်များနှင့် အကြီးအကဲများ သူတို့၏ကျင့်ကြံခြင်းများကို သွန်ထည့်ရင်း အညစ်အကြေးများကို သန့်စင်ပေးခဲ့သည့် ကျေးဇူးကြောင့်‌ဖြစ်သည်။ 

ရှင်းဟုန်ယီမေးသည်။ 

"နတ်အင်ပါယာနယ်ပယ်ဆိုတာက...."

ဘိုးဘေးပြုံးရင်း ခေါင်းခါယမ်းသည်။ 

"လမ်းမှာ ဒီလိုအရာတွေကို မင်းကို သူပြောပြလိမ့်မယ်" ဒီနေရာတွင် ဘိုးဘေး သူ့ဘေးက သက်လတ်ပိုင်းအရွယ်လူကို လက်ညိုးထိုးပြပြီးနောက် အပြုံးဖြင့်ပြောသည်။ 

"တချိန်တည်းမှာပဲ သူမင်းကို ရှေးဟောင်းစစ်မြေပြင်ကို ခေါ်သွားလိမ့်မယ်"

ဒါကိုမြင်သော် ရှင်းဟုန်ယီ သက်လတ်ပိုင်းအရွယ်လူကို စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်၏။ 

"ဒီစီနီယာက...."

သူမ၏ကျင့်ကြံခြင်းက ထိုးတက်သွားခဲ့ပြီး သူမကိုယ်ထဲတွင် မကုန်ခမ်းနိုင်သည့် စွမ်းအားတစ်ခုရှိပုံရသော်လည်း ရှင်းဟုန်ယီ သက်လတ်ပိုင်းအရွယ်လူကို မြင်နိုင်စွမ်းမရှိချေ။ 

ဒါက ရှင်းဟုန်ယီကို မျက်မှောင်ကြုတ်စေသည်။ သူမဒီခံစားချက်ကို မကြိုက်ပါ။ 

သက်လတ်ပိုင်းအရွယ်လူပြုံးသည်။ 

"ငါတို့အားလုံးက မိသားစုတွေပါ၊ ငါတို့ဒါတွေကို နတ်ဆိုးနယ်မြေ ပြန်လည်ရှင်သန်နိုင်ဖို့အတွက် လုပ်နေကြတာ၊ ဒီလောက်ထိ ယဉ်ကျေးနေစရာမလိုပါဘူး"

"ဒါပေမယ့် မင်းပါရမီက တကယ်မဆိုးဘူး၊ မင်းက ဉာဏ်အလင်းနဲ့ သွေးပေါင်းစပ်မှုကို ရရှိထားတဲ့ ရှင်းမိသားစုက ပါရမီရှင်အားလုံးထဲမှာ ပြီးမြောက်နှုန်းအမြင့်ဆုံးပဲ"

"မင်းကိုယ်မင်း အနည်းငယ်တည်ငြိမ်အောင် လုပ်ပြီးတာနဲ့ ငါမင်းကို ရှေးဟောင်းစစ်မြေပြင်ကို ခေါ်သွားမယ်၊ အထူးတာ၀န်ကို မင်းသိပြီးသားလို့ ငါယုံတယ်"

ရှင်းဟုန်ယီ အနည်းငယ်ခေါင်းညိတ်သည်။ 

"အရမ်းကောင်းတယ်" သပ်လတ်ပိုင်းအရွယ်လူပြုံး ထွက်ရန်လှည့်လိုက်သည်။ 

"သုံးရက်အတွင်း ထွက်ခွာကြတာပေါ့"

"အိုး၊ စကားမစပ်၊ ငါ့နာမည်က ဟဲရှန်ကောပါ၊ မင်းငါ့ကို ဦးလေးဟဲလို့ ခေါ်လို့ရပါတယ်....."

.....

ရှေးဟောင်းစစ်မြေပြင်အပြင်ဘက်၊ ကြီးကြပ်ရေးဗိမာန်၏ ယာယီအခြေစိုက်စခန်းတွင် နန်ကောင်းယင်၀င်လာစဉ် အဖြူ၀တ်စစ်ဆေးသူတစ်ချို့ကိုသာ တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်၏။ 

"ဟဲရှန်ကောဘယ်မှာလဲ"

အဖြူ၀တ်စစ်ဆေးသူများ ခေါင်းခါယမ်းပြကြသည်။ 

"ဒုနန်းတော်သခင်မှာ အပြင်မှာ လုပ်စရာတစ်ခုခုရှိပုံပဲ"

နန်ကောင်းယင်၏ မျက်လုံးထဲ၌ မကျေနပ်သည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။ 

"အခုရှေးဟောင်းစစ်မြေပြင်ထဲက နတ်ပစ္စည်းထက် ဘာကပိုအရေးကြီးလို့လဲ၊ မေ့လိုက်တော့၊ ငါဂရုစိုက်မနေတော့ဘူး"

ဒီနေရာတွင် နန်ကောင်းယင်အမိန့်ပေးသည်။ 

"နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းကို ပို့ထားတဲ့ စောင့်ကြည့်တာတွေကို ဖယ်ရှားပြီး ဒီနေရာကို ပြောင်းရွေ့လိုက်"

အဖြူ၀တ်စစ်ဆေးသူတစ်ယောက် ကြက်သေသေသွားသည်။ 

"ခန်းမသခင်နန်၊ သူတို့ရဲ့လှုပ်ရှားမှုတိုင်းကို ကျွန်တော်တို့စောင့်ကြည့်သင့်တာမလား"

"ချီးကိုစောင့်" နန်ကောင်းယင်၏ အမူအရာက မည်းမှောင်သွားပြီး နှာခေါင်းရှုံ့သည်။ 

"အဲဒီအဖိုးကြီးခုနှစ်ယောက်က အဲလောက်ထိ မတုံးအဘူး၊ သူတို့ဒီထဲစိမ့်၀င်ဖို့ လူတွေစေလွှတ်ပြီးသားပဲ"

"တကယ်လို့ ကြီးကြပ်ရေးဗိမာန်ကသာ နတ်ပစ္စည်းကို ရသွားမယ်ဆိုရင် သူတို့သေချာပေါက် ခြေလှမ်းကြီးတစ်လှမ်း လှမ်းကြလိမ့်မယ်"

နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းက ကြီးကြပ်ရေးဗိမာန်ကို သတိထားကြသော်လည်း အင်အားစုအချင်းချင်း မပူးပေါင်းစေရန်အတွက် သူတို့ထိန်းချုပ်ထားပြီးဖြစ်လေရာ ၎င်းတို့က ကြီးကြပ်ရေးဗိမာန်ကို တိုက်ခိုက်လာကြမည်မဟုတ်။ 

သို့စေကာမူ ကြီးကြပ်ရေးဗိမာန်၏ ရည်ရွယ်ချက်နှင့် အထဲက နတ်ပစ္စည်း၏ စွမ်းအားက အစွမ်းထက်နေပြီဖြစ်သည့် ကြီးကြပ်ရေးနန်းတော်ကို ပိုအားကောင်းစေတာကို သူတို့သိပြီး ထိန်းချုပ်မှုနှင့်ဟန်ချက်ညီမှုအများအပြားသာ ကျိုးပျက်သွားပြီး လုံး၀မညီမမျှသည့် အခြေအနေကို ရောက်သွားပါက နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းက အင်အားစုတွေ ပေါင်းစပ်ကြပေလိမ့်မည်။ 

သူတို့အထက်က တစ်ယောက်ယောက်သာ တကယ်ရှိမနေပါက စိုးရိမ်ပူပန်ရပေလိမ့်မည်။ 

နန်ကောင်းယင်၏ စကားလုံးများကို ကြားပြီးနောက် အဖြူ၀တ်စစ်ဆေးသူအားလုံး၏ အမူအရာများက လေးနက်သွားကြပြီး ချက်ချင်းစတင် အရေးယူ ဆောင်ရွက်ကြသည်။ 

ဗလာကျင်းနေသည့် အခြေစိုက်စခန်းကို ကြည့်ရင်း နန်ကောင်းယင်၏ မျက်လုံးများက အနည်းငယ်နက်ရှိုင်းနေပြီး မထင်ရှားသည့် အကြည့်တစ်ခုရှိနေခဲ့သည်။ 

ဒီနှစ်များအတွင်း ဟဲရှန်ကော၏ လုပ်ရပ်များက သိမ်မွေ့လွန်းသော်လည်း ခြေရာများရှိနေဆဲပင်။ 

သို့စေကာမူ တစ်ဘက်လူ ဘာလုပ်ချင်သလဲဆိုတာ သူမခန့်မှန်းနိုင်ပါ။ 

"မင်းအတိုင်းထက်အလွန် ဘာမှမလုပ်ဖို့ ငါမျှော်လင့်ပါတယ်...." နန်ကောင်းယင်၏ အမူအရာက ရက်စက်သွားပြီး သတ်ဖြတ်လိုသည့်ဆန္ဒဖြင့်ပြောသည်။ 

"မင်းဘယ်လေယက်ပဲအားကောင်းနေပါစေ ကြီးကြပ်ရေးဗိမာန်ကို သစ္စာဖောက်ခြင်းရဲ့ အကျိုးဆက်တွေကို မင်းလည်းသိပါတယ်"

.....

တခြားတစ်ဘက် ရှေးဟောင်းစစ်မြေပြင်၌ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ရက်တစ်၀က်အကြာတွင် မြေပေါ်ဆင်းသက်လာကြသည်။ 

"ယိုး၊ မင်းဒီနေရာကို တကယ်ရှာတွေ့နိုင်ခဲ့တာလား"

သူတို့နောက်က ကျောက်နံရံ၌ အပေါက်တစ်ပေါက်ရှိပြီး ထိုဂူထဲကနေ လူရှစ်ယေယက် ထွက်လာကြသည်။ 

သူတို့ရှစ်ယောက်တွင် ခြောက်ယောက်က ကြီးကြပ်ရေးဗိမာန်က ဖြစ်ပြီး ကျန်နှစ်ယောက်က ရှန်းချောင်ယွမ်နှင့် ပိုင်ကောင်းကျွင်းတို့ဖြစ်သည်။ 

စုန့်စီနှာခေါင်းရှုံ့သည်။ 

"ဒါပေမယ့် မှန်ပါတယ်လေ၊ မင်းဒီနေရာကိုတောင် မရောက်နိုင်ဘူးဆိုရင် အဲဒီအကြွင်းအကျန်ဝိဉာဉ်က မျက်ကန်းတစ်ယောက်ဖြစ်လို့ မင်းကိုအသိအမှတ်ပြုခဲ့တာလို့ ငါတွေးထင်မိသွားမှာ"

ယဲ့ချိုးပိုင်ပြန်မဖြေဘဲ ယင်းအစား ရှေ့က ဧရာမမြို့ကိုသာ ကြည့်လိုက်သည်။ 

မြို့ရိုးများက ပြိုကျပျက်စီးနေပြီဖြစ်သော်လည်း တစ်ချို့ကမူ မူလအသွင်အပြင်ကို ထိန်းသိမ်းထားဆဲပင်။ မြို့ရိုးက တိမ်များကို ထိုးခွင်းကာ ကောင်းကင်ပေါ်ထိ ထိုးတက်နေလေရာ ထိုအချိန်က ဒီမြို့က ဘယ်လောက်ပင် ကြီးကျယ်ခမ်းနားခဲ့လေသနည်း။ 

မြို့တံခါးတွင် စကားလုံးအနည်းငယ်ကို ရေးထွင်းထားသည်။ 

ဧကရာဇ်တစ်ရာမြို့!

မြို့ရိုးက ပြိုကွဲနေသော်လည်း ဒီစကားလုံးများက အကောင်းပကတိရှိနေသေးသည်။ 

ယဲ့ချိုးပိုင် သူ့ကိုလျစ်လျူရှုထားတာကို မြင်ရသောအခါ စုန့်စီ၏မျက်လုံးများက ကျုံ့သွားပြီး ကြမ်းကြုတ်ရက်စက်သည့် အကြည့်တစ်ချက်ကို ဖော်ပြသည်။ 

"ဆက်ပြီးမောက်မာနေလိုက်၊ ဒီကနေ မင်းဘာမှရမှာမဟုတ်ပါဘူး"

ဒီအချိန်မှာပင် နင်းချန်ရှင်း စုန့်စီကို အပြုံးဖြင့်ကြည့်လိုက်၏။ 

"မင်းဘာကိုဖုံးကွယ်နေတာလဲ၊ ဘာလို့ ဟန်ဆောင်ဖို့ ဒီလောက်ထိ အားထုတ်ကြိုးစားနေရတာတုန်း"

စုန့်စီ၏အမူအရာက အနည်းငယ် ပြောင်းလဲသွားသော်လည်း ဒီပြောင်းလဲမှုက အလျင်အမြန်ပင် ပျောက်သွားသည်။ 

ရုတ်တရင်ဆိုသလို တောင်တက်လမ်းဘယ်ဘက်ကနေ လူအနည်းငယ်လျှောက်လာကြသည်။ 

"အာ၊ ညီအစ်ကိုယဲ့"

ရင်းနှီးနေသည့်အသံကို ကြားရသောအခါ ယဲ့ချိုးပိုင်လှည့်ကြည့်လိုက်၏။ 

ဒီလူက ချန်ရုံကျိဖြစ်ပြီး တုယွန်ကလည်း သူ့ရှေ့တွင်ရှိသည်။ 

ကြည့်ရသည်မှာ ဒီနေရာကို ဦးတည်နေသည့် လမ်းဆုံက တစ်ခုထက်ပိုပုံရသည်။ 

တုယွန် ယဲ့ချိုးပိုင်ကို စိုက်ကြည့်ပြီးနောက် သူ့အကြည့်ကို မြို့တံခါးရှိ 'ဧကရာဇ်တစ်ရာမြို့' ဟူသောအက္ခရာအပေါ် အလျင်အမြန် ပို့လွှတ်လိုက်၏။ သူ့မျက်နှာ၌ လေးစားမှုတစ်ခုပေါ်လာပြီး လက်နှစ်ဖက်နှင့် ဓားကိုပိုက်ကာ ထိုစကားလုံးများကို ဦးညွတ်လိုက်၏။ 

အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းစာအုပ်များထဲတွင် သတင်းအပိုင်းအစတစ်ချို့ကို သူဖတ်ရှုခဲ့ရသောကြောင့်ပင်။ 

ထိုသတင်းအပိုင်းအစများကနေ ရှေးဟောင်းစစ်ပွဲတွင် ဧကရာဇ်တစ်ရာမြို့၏ စတေးမှုကို တုယွန် လေးစားပြီး အံ့ဩသင့်ခဲ့ရသည်။ 

အပိုင်း(1096) coming။ 

All Chapters