#အစစ်အမှန်နတ်ဘုရားနယ်ပယ် ဓားဧကရာဇ်တစ်ရာ၊ ရှင်းသုံဓားဧကရာဇ်#
Vol. 78 Ch. 1096
စုန့်ရှောင်ပင်လျှင် သူ့၏အပြုံးနှင့် ခပ်ပေါ့ပေါ့အမူအရာကို ဖယ်ရှားပြီး လေးနက်သည့်အမူအရာတစ်ခုကို ဖော်ပြသည်။
ထို့နောက် ယဲ့ချိုးပိုင်တို့မသိတာကို သိသည့်အလား သူရှင်းပြသည်။
"ရှေးဟောင်းစာအုပ်တွေထဲမှာ မှတ်တမ်းအများကြီးတော့ မရှိဘူး၊ ဒါပေမယ့် ဧကရာဇ်တစ်ရာမြို့က ဂုဏ်ကျက်သရေရှိတဲ့ ယဉ်ကျေးမှုထွန်ကားခဲ့တဲ့ ရှေးခေတ်မှာ အချက်အချာတည်နေရာတစ်ခုရှိတယ်"
"အဲဒီအချိန်က ဧကရာဇ်တစ်ရာမြို့ကို ပြင်ပနယ်မြေက အားကောင်းတဲ့ ရန်သူတွေရဲ့ တိုက်ခိုက်မှုကို ခုခံဖို့အတွက် အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးက အစစ်အမှန်နတ်ဘုရားကျွမ်းကျင်သူတစ်ရာက ပူးတွဲတည်ဆောက်ခဲ့ကြတယ်"
ဒါကိုတည်ဆောက်ဖို့အတွက် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတစ်ရာတောင် အတူတကွလုပ်ဆောင်ခဲ့ကြတာလား!
လျှို့ဝှက်ချက်များကို မသိသည့် ပါရမီရှင်များ ဒါကိုကြားသောအခါ အေးစက်သည့်လေထုကို ရှုသွင်းလိုက်မိကြသည်။
ဒီလိုဂုဏ်ကျက်သရေကြီးမားသည့်ခေတ်တစ်ခုရှိသည့် ရှေးခေတ်တွင်ပင် အမွေအနှစ်က ပြင်ပနယ်မြေက အားကောင်းသော ရန်သူများကြောင့် ဖြတ်တောက်ခံခဲ့ရသည်လား။
စုန့်ရှောင် လေးနက်သည့်အသံနှင့် ဆက်ပြောသည်။
"ရှေးဟောင်းစာအုပ်တွေထဲမှာ ဧကရာဇ်တစ်ရာမြို့ လုပ်ခဲ့တဲ့တစ်ချို့အရာတွေကို အသေးစိတ် မှတ်တမ်းမတင်ထားဘူးဆိုပေမယ့် တစ်ခုတော့ရှိတယ်"
"ဧကရာဇ်တစ်ရာမြို့မှာ ပြင်ပနယ်မြေက အစွမ်းထက်ရန်သူတွေရဲ့ တိုက်ခိုက်မှုကို ခုခံဖို့အတွက် အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ရာက သူ့တို့ကိုယ်ကို နံရံအဖြစ်၊ သွေးကြောကို လမ်းညွှန်အဖြစ်၊ ဝိဉာဉ်ကို လှံအဖြစ် သုံးခဲ့ကြပြီး သေမျိုးကမ္ဘာရဲ့ ပထမဆုံးကာကွယ်ရေးလိုင်းကို တည်ဆောက်ခဲ့ကြတယ်၊ သူတို့သေတော့မယ်ဆိုတာ သိတာတောင် မီးလျှံထဲက ပိုးဖလံတွေလိုမျိုး ပြေး၀င်သွားခဲ့ကြသေးတယ်၊ အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတစ်ရာက လူသားဘိုးဘေးအတွက် တခြားဘက်ကို ဖိနှိပ်ဖို့ အချိန်တစ်ချို့ ရယူနိုင်ဖို့နဲ့ သေဆုံးခဲ့ကြရတယ်"
ဒါကိုကြားသောအခါ ရှိနေသောသူတိုင်း ဧကရာဇ်တစ်ရာမြို့ကို လေးစားစွာ ဦးညွတ်ကြသည်။ ဒီခံစားချက်များက အစစ်ဖြစ်စေ၊ အတုဖြစ်စေ ဧကရာဇ်တစ်ရာမြို့က လေးစားမှုနှင့် ထိုက်တန်သည်။
သေဆုံးခဲ့ကြရသောသူများ၏ စွန့်လွှတ်မှုသာမရှိပါက လက်ရှိသေမျိုးနယ်မြေက တည်ရှိနေမည်မဟုတ်။
ထို့ကြောင့် သူတို့တွင် ထိုကျွမ်းကျင်သူများ၏ အမွေအနှစ်ပြတ်တောက်သွားသည်နှင့် ပတ်သက်၍ ညည်းညူရန် အရည်အချင်းမရှိသလို ပြင်ပနယ်မြေက ထိုအားကောင်းသည့် ရန်သူများကို ခွင့်လွှတ်ရန်လည်း အရည်အချင်းမရှိပါ။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ တစ်ဦးကိုတစ်ဦး လေးနက်သည့်အမူအရာဖြင့် ကြည့်လိုက်ကြ၏။
မကြာမီ ဒီကပ်ဆိုးကြီးကို သူတို့ရင်ဆိုင်ရပေတော့မည်။
သူတို့အတွက် လုံး၀နောက်ဆုတ်ရန် ဟူသည်မဖြစ်နိုင်ပေ။ အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတစ်ရာ၏ စွန့်လွှတ်မှုများပင်လျှင် တခြားဘက်ကို နှောင့်နှေးရုံမျှသာ နှောင့်နှေးစေနိုင်ခဲ့သည်။
လက်ရှိသေမျိုးနယ်မြေက ဒါကို ဘယ်လိုလုပ် ခုခံရင်ဆိုင်မည်နည်း။
"ဒါပေမယ့် ဧကရာဇ်တစ်ရာမြို့မှာ သေသွားခဲ့ရတဲ့ အဲဒီအစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတွေရဲ့ အမွေအနှစ်တွေ ရှိလောက်တယ်၊ ၀င်ကြရအောင်" စုန့်ရှောင်အပြုံးဖြင့်ပြောသည်။
ဘေးတွင် တုယွန်က စတင်ဦးဆောင်နေပြီဖြစ်ကာ ဧကရာဇ်တစ်ရာမြို့ထဲသို့ ၀င်သွားသည်။
ချန်ရုံကျိကလည်းပြုံးသည်။
"ညီအစ်ကိုယဲ့၊ ငါတို့ ဧကရာဇ်တစ်ရာမြို့မှာ တိုက်ခိုက်ကြမလား"
ယဲ့ချိုးပိုင်တုံ့ပြန်တော့မည့်အချိန်မှာပင် စုန့်စီနှင့် ကျန်သောသူများသူ့ကို ဖြတ်သွားသည်။
"ငါပြောတာကိုသတိရ၊ ဒီဧကရာဇ်တစ်ရာမြို့မှာ မင်းတို့ဘာအမွေအနှစ်ကိုမှ မရနိုင်ဘူး"
လူအုပ်စုထဲတွင် ပိုင်ကောင်းကျွင်းကလည်း ရှောင်ဟိုင်ကို သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် ကြည့်နေသည်။
သူရှောင်ဟိုင်ကို အရှင်လတ်လတ် အရေခွံခွာဆုတ်ပစ်ချင်နေသည့်အလားပင်။
သို့စေကာမူ ရှောင်ဟိုင် မကြာခဏဆိုသလို အရှုံးသမားများကို လျစ်လျူရှုတတ်လာသည်။
ဒါက ပိုင်ကောင်းကျွင်းမျက်လုံးထဲက သတ်ဖြတ်လိုသည့်ဆန္ဒကို ပို၍ပြင်းထန်စေသည်။
"သွားကြစို့" ယဲ့ချိုးပိုင် စုန့်စီ၏ စကားလုံးများကို လျစ်လျူရှုလိုက်သည်။
ထို့နောက် သူတို့အုပ်စု ဧကရာဇ်တစ်ရာမြို့ထဲသို့ ၀င်သွားလေတော့သည်။
မူလက သူရဲကောင်းဆန်သည့် အော်ရာနှင့် ပြည့်နှက်နေသည့် ဒီဒဏ္ဍာရီဆန်သောမြို့က ဘယ်လောက်ထိ ခမ်းနားသလဲဆိုတာ သူတို့မြင်ချင်ကြခြင်းပင်။
သို့စေကာမူ မြို့တံခါးထဲ သူတို့၀င်လိုက်သည်နှင့် သူတို့ကိုယ်ခန္ဓာများက အလိုအလျောက် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ ကမ္ဘာကြီးက သူတို့မျက်စိရှေ့တွင် လည်နေသည်။
လူများကို မခုခံနိုင်စေသည့် လွှမ်းမိုးနိုင်သောအာကာသစွမ်းအားက သူတို့ကိုယ်ခန္ဓာများကို ဆုတ်ဖြဲပစ်နေသည်။
ဒါကကြာကြာမတည်မြဲခဲ့ပါ။
မျက်စိတစ်မှိတ်အတွင်းမှာပင် မြင်ကွင်းက သိသိသာသာပြောင်းလဲသွားခဲ့သည်။
သူတို့ရှေ့က အပြာရောင်ကွက်လပ်ကြီးတစ်ခုသာရှိပြီး ပတ်၀န်းကျင်၌ ထူးဆန်းတာဟူ၍ ဘာတစ်ခုမှမရှိချေ။
သူတို့ရှေ့တွင် ဧရာမသံမဏိတံခါးပေါက်ကြီးတစ်ခုရှိနေသည်။
သံတံခါးနက်နှစ်ဘက်စလုံးတွင် လူပုံသဏ္ဍာန်ရုပ်တုကြီးများရှိသည်။
လူတိုင်း၏အသွင်အပြင်က မတူပေ။ ရုပ်တု၏ မျက်ခုံးများကြားတွင် အပြာရောင်ဝိဉာဉ်မီးတောက်အစုအဝေးတစ်ခုရှိသည်။
ဝိဉာဉ်မီးတောက်က ထုတ်လွှတ်သည့်အော်ရာက ရှိနေသောသူတိုင်းကို ကြီးမားသည့် ဖိအားတစ်ခုကို ခံစားရစေသည်။
ဖိအားက အရမ်းအားကောင်းလွန်းသည်။
ဘေးက စုန့်ရှောင် လေးနက်သည့်အမူအရာဖြင့်ပြောသညိ။
"၉၈....၉၉....၁၀၀၊ အတိအကျရုပ်တုတစ်ရာရှိနေတာပဲ၊ ဒီရုပ်တုတစ်ရာက အဲဒီ အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ရာများလား"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"မမှားနိုင်ဘူး"
မနီးမဝေးတွင် တုယွန်နှင့် ကျန်သောသူများအပြင် ကြီးကြပ်ရေးဗိမာန်က လူခြောက်ယောက်တွင်လည်း တူညီသည့်အမူအရာများ ကိုယ်စီရှိနေကြသည်။ သူတို့ကလည်း ဒါကို ရှာတွေ့ခဲ့သည်မှာ ရှင်းနေသည်။
သို့သော် သူတို့ဘာဆက်လုပ်ရမည်နည်း။
မျက်စိတဆုံးရှည်လျားတဲ့ သံနက်တံခါးကြီးကို တွန်းဖွင့်ရမလား!
ကြိုးစားကြည့်ရန်အတွက် သွားကြသည့် စူးစမ်းလိုကြသော ငတုံးတစ်ချို့လည်း ရှိသေးသည်။
အဆုံးတွင် ဒါကိုတွန်းရန် မဆိုထားနဲ့၊ သူတို့ တံခါးလှုပ်ခါသွားအောင်ပင် မလုပ်နိုင်ပါ။
လူတိုင်းစိတ်ဓာတ်ကျသွားစဉ် ဝိဉာဉ်မီးတောက်တစ်ခု စတင်တုန်ယင်လာသည်။
ဒါက သံနက်တံခါးညာလက်က ရုပ်တု၏ ဝိဥာဥ်မီးတောက်ဖြစ်သည်။
ထိုအချိန်မှာပင် ပုံရိပ်ယောက်ဆန်သည့် အသံတစ်သံ ထွက်လာခဲ့သည်။
"အာ၊ နောက်ဆုံးတော့ တစ်ယောက်ယောက် ဒီကို ရောက်လာနိုင်ပြီပေါ့၊ ဒါပေမယ့် ဒီပါရမီက.... မဟုတ်ဘူး၊ မဟုတ်ဘူး၊ မျိုးစေ့ကောင်းနည်းနည်းရှိနေတာပဲ"
"မင်းတို့ တစ်ခုခုကို စိတ်၀င်စားနေကြတယ်ဆိုတာ ငါသိပေမယ့် ငါအခုဘေးဖယ်ထားလိုက်မယ်၊ မင်းတို့အမွေအနှစ်ကို ရပြီးတာနဲ့ အရာတိုင်းကို သိလာရလိမ့်မယ်"
"တိုတိုပြောရရင် မင်းတို့ဒီတံခါးရှေ့မှာရပ်ပြီး ခုနက ဟိုကောင်လေးလိုမျိုး အစွမ်းကုန်တိုက်ခိုက်ဖို့ပဲလိုတယ်၊ အိုး၊ ဟုတ်တာပေါ့၊ လှုပ်ရှားမှုမရှိတာကတော့ အဲကောင်လေးရဲ့ ပါရမီက အရမ်းညံ့ဖျင်းလွန်းလို့ အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူရဲ့ အသိအမှတ်ပြုမှုကို မရခဲ့တာပဲ"
ယခုလေးတင် တံခါးကို တွန်းဖွင့်ရန် ကြိုးစားခဲ့သည့် ပါရမီရှင်၏မျက်နှာက အစိမ်းရောင်နှင့် အနီရောင်တစ်လှည့်စီ ဖြစ်ပေါ်နေသည်။
သို့စေကာမူ ထိုစကားကိုပြောသောသူ၏ ကိုယ်ပိုင်လက္ခဏာကို သူတွေးမိသောအခါ စိတ်ပျက်သွားရသည်။
"မင်းတို့လက်ကို တံခါးပေါ်မှာတင်ပြီး တံခါးထဲမှာ မင်းတို့ရဲ့အော်ရာကို ထည့်သွင်းလို့လည်းရတယ်၊ ဘာပဲဆိုဆို တစ်ချို့က သူတို့ခွန်အားကို ဖုံးကွယ်ထားရတာကို သဘောကျတယ်လေ"
ဒီနေရာတွင် မုဖူရှန်း ရုတ်တရက် မျက်လုံးတစ်စုံ၏ ကြည့်ရှူခြင်းကို ခံနေရသည့်အလား ခံစားလိုက်ရသည်။
သူ့ကိုရှာတွေ့သွားပုံရသည်။ ကံကောင်းချင်တော့ ဒီအစစ်အမှန်နတ်ဘုရားနယ်ပယ်စီနီယာတွင် သူ့ကိုဖော်ထုတ်ရသည်အထိ သူ့အပေါ် ထူးဆန်းသည့် အမည်းစက်ဟူ၍မရှိပါ။
"ငါတို့ရဲ့ခွင့်ပြုချက်ကို ရတာနဲ့ ဝိဉာဉ်မီးတောက်တစ်ခု ပေါ်လာလိမ့်မယ်၊ ကောင်းပြီ၊ မင်းတို့စလို့ရပြီ"
တုယွန်စကားလုံးတွေဖြုန်းတီးမနေဘဲ သူကျေနပ်သည့်အတိုင်း ဆက်လုပ်သည်။
တခြားသူများ အခြေအနေကို မြင်ရန်အတွက် ပထမခြေလှမ်းလှမ်းတာကို သူစောင့်မနေပေ။
သူ သံနက်တံခါးကြီးရှေ့သို့ တိုက်ရိုက်လျှောက်သွားပြီး နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံခြင်းကို ခပ်ယဲ့ယဲ့ တစ်ချက်အော်ဟစ်ရင်း ပေါက်ကွဲစေသည်။
ခရက်ခ်.....!.
ငွေရောင်အလင်းတစ်ချက်နှင့်အတူ သူ့လက်ထဲကဓားက ဓားအိမ်ထဲက ထွက်လာသည်။
ဓားဆန္ဒက တုယွန်အနီးတွင် အရူးအမူးမြည်ဟိန်းနေပြီးနောက် ထိုဓားပေါ်၌ သိပ်သည်းလာသည်။
ထို့နောက် သူသံနက်တံခါးကြီးကို အစွမ်းကုန် ပိုင်းချလိုက်၏။
ခရက်ခ်..... ခရက်ခ်..... ခရက်ခ်.....!
သတ္တုအချင်းပွတ်တိုက်နေသည့် နားကွဲလုနီးပါးအသံက အပြာရောင်နေရာတစ်ခုလုံးအတွင်း ပဲ့တင်ထပ်နေသည်။
လူတိုင်း ဝိဉာဉ်မီးတောက်တစ်ရာကို စိုးရိမ်ပူပန်စွာ ကြည့်နေကြသည်။ တုယွန်ကဲ့သို့ ကြောက်စရာကောင်းသည့် ဓားသမားတစ်ယောက်က ဒီအစစ်အမှန်နတ်ဘုရားနယ်ပယ် ဘိုးဘေးအုပ်စု၏ အာရုံကို ဆွဲဆောင်နိုင်မလားဆိုတာ သူတို့မသိကြပေ။
အသက်ရှုကြိမ်ရေသုံးကြိမ်အကြာတွင် ဘယ်ဘက်က ၇၂ခုမြောက်ရုပ်တုမှ ဝိဉာဉ်မီးတောက်က ပုံဖော်လာပြီး ထက်ရှသည့် မျက်ခုံးများနှင့် ကြယ်တာယာမျက်လုံးကို ပိုင်ဆိုင်ထားသည့် လူငယ်တစ်ယောက် ပေါ်လာသည်။ သူ တုယွန်ကိုကြည့်ရင်း ပြုံးသည်။
"မင်းပါရမီက စိတ်ကျေနပ်ဖွယ်ရာရှိပါတယ်၊ ယုတ္တိတန်စွာပြောရရင် မင်းအသိအမှတ် မပြုခံရသင့်ဘူး၊ ဒါပေမယ့် မတ်တပ်ရပ်ပြီး မဆိုင်းမတွကြိုးစားဖို့အတွက် မင်းဆုံးဖြတ်ချက်က မင်းကို အမှတ်များစွာ ဖြည့်ဆည်းပေးလိုက်တယ်"
"ငါ့နာမည်က ရှင်းသုံပါ၊ မင်းငါ့၀တ်ရုံကို လက်ခံဖို့ ဆန္ဒရှိလား"
ရှင်းသုံဓားဧကရာဇ်ကိုလည်း ရှေးဟောင်းစာအုပ်များတွင် မှတ်တမ်းတင်ထားသည်။
တုယွန် စိတ်လှုပ်ရှားသွားပုံမပေါ်ဘဲ ယင်းအစား ဓားကိုသိမ်းဆည်းပြီး လက်နှစ်ဖက်ဆုပ်လိုက်သည်။
"တပည့်တုယွန် ဆရာကို အရိုအသေပေးပါတယ်"
ရှင်းသုံဓားဧကရာဇ် အနည်းငယ်ခေါင်းညိတ်ရင်း လက်ဝှေ့ယမ်းလိုက်သောအခါ သံနက်တံခါးမကြီးက ပွင့်လာသည်။
"မင်းအရင်၀င်လို့ရတယ်"
တုယွန်၀င်သွားပြီးနောက် ရှင်းသုံဓားဧကရာဇ်၏ ပုံရိပ်ယောင်က ဝိဉာဉ်မီးတောက်အဖြစ် ပြောင်းလဲသွားပြီး ရုပ်တုထဲ ၀င်သွားလေတော့သည်။
အပိုင်း(1097) coming။