← Chapters

#ရှင်းသုံဓားဧကရာဇ်၊ ငါ ဆက်ခံသူရွေးလိုက်တာ အရမ်းစောသွားပုံပဲ#

Vol. 78 Ch. 1097

#ရှင်းသုံဓားဧကရာဇ်၊ ငါ ဆက်ခံသူရွေးလိုက်တာ အရမ်းစောသွားပုံပဲ#

Vol. 78 Ch. 1097

တုယွန်၏ အောင်မြင်မှုကို မြင်ရသောအခါ လူတိုငါး၏ မျက်လုံးများက နီရဲသွားကြ၏။ 

ရှေးဟောင်းစာအုပ်များကို ဖတ်ဖူးသူများက ပို၍ပင် အားကျနေကြသည်။ 

မည်သို့ပင်ဆိုစေကာမူ သူက ရှင်းသုံဓားဧကရာဇ်ဖြစ်နေသည် မဟုတ်ပေလော။ 

လူတစ်ယောက်၊ ဓားတစ်လက်နှင့် ကမ္ဘာကြီးထဲက မတရားမှုများကို အမြစ်ဖြတ်ခဲ့သူပင်။ 

ဓားနှင့်ခရီးစဉ်က ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုအတွက် ရပ်တည်ရန်ဖြစ်သည်။ 

ရှင်းသုံဓားဧကရာဇ်က ရှေးဟောင်းဓားတာအို၏ ကိုယ်စားလှယ်များထဲက တစ်ဦးပေတည်း။ 

ရှင်းသုံဓားဧကရာဇ်၏ အမွေအနှစ်ကို လက်ခံနိုင်သည့်အပေါ် တုယွန်၏ အောင်မြင်မှုများက နိမ့်ကျတော့မည်မဟုတ်။ 

သူနတ်သခင်နယ်ပယ်ကို ချိုးဖျက်၀င်ရောက်ရန်ဟူသည် အချိန်တစ်ခုသာ လိုပေလိမ့်မည်။ 

တုယွန်၏ အောင်မြင်သောကြိုးပမ်းမှုနှင့်အတူ သူတို့စတင်နိုးကြွလာကြ၏။ 

ထိုသူများ၏အမြင်အရ သူတို့အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ အမွေအနှစ်ကို ရနိုင်သရွေ့ သက်ဆိုင်ရာအမွေအနှစ်ဝိဉာဉ်မီးတောက်က ပျောက်ကွယ်သွားမည်ပင်။ 

ဒီနေရာ၌ အစစ်အမှန်နတ်ဘုရားနယ်ပယ်ရုပ်တုတစ်ရာရှိသော်လည်း သူတို့သာ ဖြည်းဖြည်းလေးရွေ့နေပါက တခြားသူများကို ထိုသင့်တော်သည့် အခြေအနေများကို အသုံးချသွားပေလိမ့်မည်။ 

တစ်ခဏအကြာတွင် လူအနည်းငယ် သံနက်တံခါးကြီးဆီသို့ စတင်ပြေးလွှားသွားကြ၏။ 

ကျန်းချင်းလန်အလျင်အမြန်မေးသည်။ 

"ရှင်တို့စိတ်မပူကြဘူးလား၊ သူတို့ထိုင်ခုံတွေကို သိမ်းယူသွားပြီး အဲဒီလိုအပ်ချက် မြင့်မားတဲ့ အစစ်အမှတ်နတ်ဘုရားနယ်ပယ် ရုပ်တုတွေပဲ ကျန်ခဲ့မယ်ဆိုရင်ရော"

မုဇီရှင်းပြုံးသည်။ 

ယဲ့ချိုးပိုင် အားလုံးကိုယ်စားဖြေသည်။ 

"ကိုယ့်ကိုကိုယ် ဒီလောက်ယုံကြည်မှု နည်းနည်းလေးတောင် မရှိဘူးဆိုရင် အဲဒီစီနီယာတွေရဲ့ အသိအမှတ်ပြုမှုကို ရနိုင်မှာ မဟုတ်ဘူးဆိုတာ ငါယုံကြည်တယ်"

"ဒါ့အပြင် စံနှုန်းတွေထဲမှာ ဘယ်လိုကွာခြားမှုတွေရှိနိုင်မှာလဲ၊ ဒီစမ်းသပ်သူတွေကို လက်ခံဖို့ မသင့်တော်ဘူးလို့ ခံစားရတာက ဒီအစစ်အမှန်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူတစ်ရာပဲလေ၊ တကယ်လို့ သူတို့ရဲ့ပါရမီနဲ့ စရိုက်ကသာ အမွေအနှစ်အတွပ် သင့်တော်တယ်လို့ ခံစားရရင် သူတို့အဲလူကို သူတို့ရဲ့၀တ်ရုံကို လွှဲပြောင်းပေးမှာပဲ"

ဟုန်ရင် အစစ်အမှန်နတ်ဘုရားနယ်ပယ် ရုပ်တုများကို တိုင်းတာကြည့်နေပြီးနောက် အခိုင်အမာဆိုသည်။ 

"ဒီအစစ်အမှန်နတ်ဘုရားနယ်ပယ်စစ်သည်တွေရဲ့အဆင့်က သူတို့ခွန်အားနဲ့ ဆက်စပ်နေပုံပဲ"

နင်းချန်ရှင်း ဟုန်ရင်ကို စိုက်ကြည့်ရင်းပြုံးသည်။ 

"စီနီယာအစ်မလည်း အဲဒါကို သတိထားမိတာလား"

"အင်း" ဟုန်ရင်ခေါင်းညိတ်သည်။ 

"ရုပ်တုတွေက ကျောက်နက်တံခါးကြီးနဲ့ ပိုနီးလေလေ၊ ဖိအားကပိုအားကောင်းလေလေပဲ၊ သူတို့ တံခါးကြီးနဲ့ပိုဝေးသွားလေလေ၊ ဖိအားက ပိုအားနည်းသွားလေလေပဲ"

ဟုန်ရင်နှင့် နင်းချန်ရှင်းတို့၏ ကျင့်ကြံခြင်းနည်းလမ်းများက ဒီလိုအော်ရာမျိုးအပေါ် အင်မတန်သိလွယ်သည်။ 

သူတို့စကားကိုကြားသောအခါ ပတ်၀န်းကျင်ကလူများလည်း အနည်းငယ် ကြက်သေသေသွားကြသည်။ 

ဒီလိုဆိုရင် ရှင်းသုံဓားဧကရာဇ်က အဆင့်၃၂မှာပဲရှိတာလား!

"ရှင်းသုံဓားဧကရာဇ်လိုမျိုး ကျွမ်းကျင်သူတစ်ယောက်တောင် ‌ရှေ့တန်းမှာ အဆင့်သတ်မှတ်အောင် မလုပ်နိုင်ဘူးလား" ဒီနေရာတွင် ဖန်းယန်၏အကြည့်က သံနက်တံခါးကြီးနှင့် အနီးဆုံးရုပ်တုနှစ်ခုပေါ်သို့ ကျဆင်းလာသည်။ 

တစ်ချက်ကြည့်ရုံနှင့် သူ့ကိုယ်ထဲတွင် ဝဲဂယက်တစ်ခု ကျဆင်းလာတာကို သူချက်ချင်းခံစားလိုက်ရသည်။ သူ့နတ်အသိက ဝဲဂယက်ကနေ ချိုးဖျက်လွတ်မြောက်နိုင်စွမ်းမရှိချေ။ 

သူလွတ်မြောက်သွားသောအခါ သူ့ကိုယ်ခန္ဓာက ချွေးအေးများနှင့် စိုရွှဲနေလေပြီ။ 

ရုပ်တုနှစ်ခုက ကြောက်ရွှံ့စွာ ကြည့်ပြီးနောက် ဖန်းယန်ပါးစပ်ပိတ်ကာ အကြည့်ကို ရုပ်သိမ်းလိုက်၏။ 

ဒီအချိန်မှာပင် ပထမဆုံးတိုက်ခိုက်နေကြသည့် လူအနည်းငယ်က စိတ်ပျက်လက်ပျက် ဆင်းလာကြသည်။ သူတို့ အစစ်အမှန်နတ်ဘုရားနယ်ပယ်ရုပ်တု တစ်ရာ၏ အသ်အမှတ်ပြုခြင်းကို မရနိုင်ခဲ့သည်မှာ ရှင်းနေသည်။ 

ထို့နောက် ချန်ရုံကျိထရပ်လိုက်သည်။ 

သူ့ရလဒ်ကလည်းမဆိုးပေ။ သူ ညာဘက်က ၄၈ခုမြောက်ရုပ်တု၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။ 

သူက တုယွန်လောက် မကောင်းသော်လည်း အသိအမှတ်ပြုခံရခြင်းကပင် အတော်လေး ကောင်းမွန်‌နေလေပြီ။ 

ချန်ရုံကျိ သံနက်တံခါးမကြီးထဲသို့ ၀င်မသွားဘဲ ယင်းအစား ဘေးတွင်ရပ်ပြီး ယဲ့ချိုးပိုင်ကို ကြည့်လိုက်သည်။ 

ယဲ့ချိိုးပိုင်ဘယ်လောက်ဝေးဝေး သွားနိုင်မလဲဆိုတာ သူကြည့်ချင်သည်မှာ ရှင်းနေသည်။ 

မနီးမဝေးတွင် စုန့်စီ ယဲ့ချိုးပိုင်ကို ကြည့်လိုက်၏။ သူလှောင်ပြောင်သရော်ရန် ပြင်လိုက်စဉ်မှာပင် နင်းချန်ရှင်းပြောတာကို တွေးမိသွားသောအခါ စုန့်စီအနည်းငယ် မျက်မှောင်ကြုတ်ရင်း ပါးစပ်ပိတ်လိုက်သည်။ 

ကြီးကြပ်ရေးဗိမာန်က ကျိစုန့်တရယ်မောသည်။ 

"ဘာဖြစ်လို့လဲ၊ စုန့်စီ၊ မင်းစကားနည်းနည်းလောက် မပြောတော့ဘူးလား"

စုန့်စီ ကျိစုန့်တကို အေးစက်စွာ စိုက်ကြည့်ရင်း အော်ဟစ်သည်။ 

"ပါးစပ်ပိတ်ထားစမ်း"

ကျိစုန့်တ မကျေမနပ်ဖြစ်သွားပြီး ပေါက်ကွဲတော့မည့်အချိန်မှာပင် တွင်းနက်များကဲ့သို့ နက်ရှိုင်းလှသည့် စုန့်စီ၏ မျက်လုံးများကို မြင်ရသောအခါ သူ့ဝိဉာဉ်က စတင် တုန်ယင်လာခဲ့သည်။ 

ဒါက ကျိစုန့်တကို ပြောမည့်စကားလုံးများအား ပြန်လည်မျိုချစေသည်။ 

ထို့နောက် သူကျိစုန့်တကို နက်ရှိုင်းစွာ ကြည့်လိုက်မိသည်။ 

ထို့နောက် ကျန်းချင်းလန်၊ ကျင်းဝူကျင်း၊ ကျိချန်းယောင်နှင့် စုန့်ရှောင်တို့ကလည်း အပေါ်တက်ပြီး စမ်းကြည့်ကြသည်။ 

ကျန်းချင်းလန်နှင့် ကျင်းဝူကျင်းတို့က အသိအမှတ်ပြုခြင်း မခံခဲ့ရသဖြင့် အတော်လေး စိတ်မကောင်းဖြစ်သွားကြသည်။ 

သို့စေကာမူ ဒါကပုံမှန်သာ။ အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတစ်ဦး၏ အသိအမှတ်ပြုခြင်းကို ခံရရန်ဟူသည် အတော်လေး ခက်ခဲနေဆဲပင်။ 

စုန့်ရှောင်ကမူ ဘယ်ဘက်က ၃၉ခုမြောက် အစစ်အမှန်နတ်ဘုရားနယ်ပယ်ရုပ်တု၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။ 

ဒီအစစ်အမှန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူကလည်း ကိုယ်ခန္ဓာသန့်စင်သူတစ်ယောက်ဖြစ်သည်။ 

အံ့ဩစရာအကောင်းဆုံးက ကျိချန်းယောင်ပင်။ 

သူမ ဘယ်ဘက်က ၂၃ခုမြောက် ရုပ်တု၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်သာမက ညာဘက်က ၁၉ခုမြောက်ရုပ်တုကလည်း သူမကို သံလွင်ကိုင်းတစ်ခု ကမ်းလှမ်းလာသည်။ 

သူမက တစ်ချိန်တည်းတွင် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူနှစ်ဦး၏ အသိအမှတ်ပြုခြင်းကို ရရှိခဲ့သည်။ 

အဆုံးတွင် ကျိချန်းယောင် ညာဘက် ၁၉နေရာရှိ အမျိုးသမီး အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ၏ အမွေအနှစ်ကိုသာ ရွေးချယ်ခဲ့သည်။ 

တဖြည်းဖြည်းနှင့် တစ်ယောက်ပြီးတစ်ယောက်လျှောက်လာကြသည်။ 

ပိုင်ကောင်းကျွင်း၊ ရှန်းချောင်ယွမ်၊ ဖန်းယန်၊ ပန်ရှီဝူနှင့် ထောင်းရှုတို့ကလည်း တစ်ခုစီ ရခဲ့ကြသည်။ 

သို့စေကာမူ သူတို့ထဲကတစ်ယောက်မှ မ၀င်သွားကြဘဲ အပြင်ကနေ စောင့်ကြည့်နေရန်အတွက် ရွေးချယ်ခဲ့ကြသည်။ 

ယခုယဲ့ချိုးပိုင်တို့အုပ်စုနှင့် ကြီးကြပ်ရေးဗိမာန်က လူခြောက်ယောက်တို့သာ ကျန်တော့သည်။ 

ဟုန်ရင် ယဲ့ချိုးပိုင်ကို ကြည့်ရင်း မေးသည်။ 

"ဘယ်လိုလဲ၊ အစ်ကိုကြီးတစ်ယောက်အနေနဲ့ ရှင့် ကျွန်မတို့ကို ကူညီချင်လား"

ယဲ့ချိုးပိုင်ပခုံးတွန့်သည်။ 

"မင်းငါ့ကို အပြစ်တင်တာကို ခံယူစေချင်တာလား၊ ဒါ့အပြင် ငါ့ကိုပထမဆုံး အာရုံစိုက်ခံရသူလည်း ဖြစ်စေချင်သေးတယ်၊ မင်းကတကယ်ပဲ ငါ့ရဲ့ ဂျူနီယာညီမကောင်းလေးပဲ"

'ဂျူနီယာညီမကောင်းလေး' ဟူသော စကားလုံးများကို ပြောသောအခါ ယဲ့ချိုးပိုင်အံကြိတ်လိုက်သည်။ 

ဟုန်ရင်ရယ်မောသည်။ 

"ကျွန်မရဲ့စီနီယာအစ်ကိုဖြစ်လာဖို့အတွက် ရှင့်ကိုဘယ်သူ တောင်းဆိုခဲ့လို့လဲ"

ကျေးဇူးတင်ပါတယ်!

ယဲ့ချိုးပိုင် ဟုန်ရင်ကို စိုက်ကြည့်ပြီးနောက် မုဇီရှင်းလက်ကိုကိုင်ကာ သံနက်တံခါးကြီးဆီသို့ လျှောက်သွားသည်။ 

"မင်းအရင်သွားမလား" ယဲ့ချိုးပိုင်အပြုံးဖြင့် မေးသည်။ 

မုဇီရှင်းခေါင်းညိတ်ရင်း လက်ကို သံနက်တံခါးကြီးဆီသို့ တင်လိုက်၏။ အေးစက်သည့်အော်ရာတစ်ခု ၀င်ရောက်သွားခဲ့သည်။ 

အသက်ရှူကြိမ်ရေသုံးကြိမ်ခန့်အကြာတွင် ဘယ်ဘက်က ၂၉ခုမြောက်ရုပ်တု၏ ဝိဉာဉ်မီးတောက်က ပေါ်လာသည်။ မုဇီရှင်းနှင့် ပြောဆိုပြီးနောက် သူသံနက်တံခါးကို ဖွင့်ပေးသည်။ 

မုဇီရှင်း ဘေးတွင်ရပ်ပြီး ယဲ့ချိုးပိုင်အား ပြုံးပြသည်။ 

ယဲ့ချိုးပိုင်သံနက်တံခါးမကြီးရှေ့တွင် ရပ်ကာ မျက်လုံးအစုံကို မှိတ်လိုက်၏။ 

ဓားဆန္ဒအစက်အပျောက်များက ရှေးဟောင်းရွှေနတ်ဓားပေါ်၌ စတင်သိပ်သည်းလာကြ၏။ 

ဒီဓားဆန္ဒကိုမြင်သောအခါ ချန်ရုံကျိနှင့် ကျန်သောသူများ၏ အမူအရာများက လေးနက်သွားကြသည်။ 

သူ့ဓားတာအိုက ရှေးဟောင်းစစ်မြေပြင်ထဲကို မ၀င်ခင်ကထက် ပို၍ပင် အားကောင်းလာသည်။ 

နောက်အခိုက်အတန့်၌ ယဲ့ချိုးပိုင်ဓားနှင့် ပိုင်းချလိုက်၏။ ဓားက သံနက်တံခါးမကြီးကို အပြင်းအထန် ဖြတ်တောက်သည်။ 

ဘန်း......!

ကျယ်လောင်သည့်အသံတစ်သံက ထိုနေရာတစ်ခုလုံးအတွင်း ပဲ့တင်ထပ်သွားသည်။ 

ဓားဆန္ဒက မုန်တိုင်းတစ်စင်းအဖြစ် ပြောင်းသွားပြီး ယဲ့ချိုးပိုင်ကို ဗဟိုအဖြစ် ထားရင်း အဆက်မပြတ် ပစ်၀င်သွားသည်။ 

ထိုနေရာခန်းမတစ်ခုလုံးက ဒီဓားနတ်ဘုရားဓားဆန္ဒထဲတွင် လွှမ်းခြုံခံလိုက်ရသည်။ 

သို့စေကာမူ ဓားက သံတံခါးကို အသက်ရှူကြိမ်ရေတစ်ကြိမ်ပင် ပိုမထိခဲ့ပေ။ 

တစ်ချိန်တည်းမှာပင် ရုပ်တုငါးခုက လင်း၀င်းလာခဲ့သည်။ 

ဝိဉာဉ်မီးတောက်များက ဘယ်ဘက်က ၃၁, ၇၊ ညာဘက်က ၁၀, ၅ နှင့် ၂တို့ဖြစ်သည်။

ချန်ရုံကျိ၏ ထိတ်လန့်နေသည့် အကြည့်အောက်တွင် ဝိဉာဉ်မီးတောက်ငါးခုစလုံး ပေါ်လာခဲ့သည်။ 

"ဒုတိယတစ်ခုလား....."

"ကြည့်ရတာ ဒီငါးယောက်စလုံးက ဓားသမားတွေဖြစ်ပုံပဲ...."

"ဒါက  အစစ်အမှန်နတ်ဘုရားနယ်ပယ် ဓားတာအိုစွမ်းအားရှင် အကုန်လုံးဖြစ်နေမှာကို ငါကြောက်နေမိတယ်"

သို့စေကာမူ ဒီတစ်ကြိမ်မြင်ကွင်းက လုံး၀ခြားနားသွားပုံရသည်။ 

ဒီအစစ်အမှန်နတ်ဘုရားအဆင့် ပုံရိပ်ယောင်ငါးခုက ဒီအတွက် စတင်တိုက်ခိုက်ကြသည်။ 

တစ်ယောက်ပြီးတစ်ယောက် ဘယ်သူမှ လက်မလျှော့ကြပေ။ 

ရှင်းသုံဓားဧကရာဇ်ရုပ်တုပင်လျှင် တစ်ခုခုပြောလာခဲ့သည်။ 

"ငါရွေးလိုက်မိတာ အရမ်းစောသွားပုံပဲ၊ ငါ့၀တ်ရုံကိုလည်း သူ့ကိုပေးလို့ရမလား..."

အပိုင်း(1098) coming။ 

All Chapters