#ရှေးခေတ်က နံပါတ်တစ်ဓားတာအို#
Vol. 78 Ch. 1098
"မိတ်ဆွေလေး၊ ငါ့နာမည်က ချင်းတျန်ပါ၊ မင်းဓားတာအိုက ငါ့အမွေအတွက် အရမ်းသင့်တော်တာကို ငါမြင်ခဲ့တယ်၊ မင်းဒါကို လက်ခံချင်တယ်ဆိုရင် ငါမင်းကို ငါချန်ထားခဲ့တဲ့ အရာအားလုံးကို ပေးမယ်"
ဒီတဒင်္ဂမှာပင် ဘယ်ဘက်၃၁က ဝိဉာဉ်မီးတောက်ပေါ်လာပြီး ယဲ့ချိုးပိုင်ကို ကြည့်ရင်း တိုက်တွန်းသည်။
"ကောင်စုတ်ချင်းတျန်၊ ဒီလူငယ်လေးက မင်းအမွေအတွက် သင့်တော်တယ်ဆိုတာ မင်းဘာကို ဆိုလိုချင်တာလဲ၊ မင်း ကောင်းကင်ဘုံဆန်းကြယ်ဓားကို ကျင့်ကြံပြီး အလေးချိန်နဲ့ အနိုင်ရခဲ့တာ ရှင်းနေတာပဲ၊ မင်းမှာ အရှက်ရောရှိသေးလား" ဘယ်ဘက်၇ခုမြောက်က ပုံရိပ်ယောင်အဖိုးအို ကျိန်ဆဲသည်။
ချန်ရုံကျိ ကြက်သေသေနေသည်။ သူ့ကိုယ်သူ တွေဝေစွာ လက်ညိုးထိုးပြရင်း ရေရွတ်မိသည်။
"ငါ့ကိုယ်ငါ ကြီးမြတ်တဲ့ဓားသမားတစ်ယောက်လို့ ထင်နေတာ...."
ဓားဧကရာဇ်ချင်းတျန် လှည့်ပင်မကြည့်ဘဲ ပြောသည်။
"ဒါကိုရှင်းရှင်းလင်းလင်းထပ်ပြောရမလား"
ချန်ရုံကျိ မျက်မှောင်ကြုတ်ကာ သံနက်တံခါးကြီးဆီသို့ လှည့်ပင်မကြည့်ဘဲ လျှောက်သွားလေတော့သည်။
အားးး၊ ဒါက ငါ့ကိုယ်ငါအထင်ကြီးမှုကို အရမ်းထိခိုက်လွန်းတာပဲ!
ထို့နောက်ချက်ချင်းဆိုသလို ဓားဧကရာဇ်ချင်းတျတ် အဖိုးအိုကိုကြည့်ရင်း လေးစားစွာပြောသည်။
"စီနီယာ၊ ခင်ဗျားကစီနီယာဆိုပေမယ့် ဒီတစ်ကြိမ် ကျွန်တော်လက်လျှော့မှာမဟုတ်ဘူး၊ ဒါ့အပြင် ဓားသမားတွေက အမြင့်ဆုံးအဆင့်ကို ရောက်ဖို့တွက် မတူညီတဲ့ဓားလမ်းကြောင်း အသီးသီးမှာ စူးစမ်းဖို့လိုတယ်"
ကောင်းကင်အမြင်ပွင့်ဓားဧကရာဇ် ချက်ချင်းဆိုသလို မုတ်ဆိတ်များကို ပွတ်သပ်ရင်း စိုက်ကြည့်သည်။
ညာဘက်က သက်လတ်ပိုင်းအရွယ်လူတစ်ဦးရယ်မောသည်။
"မြင်ကွင်းတစ်ခုဖန်တီးမနေနဲ့တော့၊ မဟုတ်ဘူးဆိုရင် လူငယ်မျိုးဆက်တွေက ငါတို့ကို ရယ်ကြလိမ့်...."
သို့စေကာမူ သူစကားမဆုံးသေးခင်မှာပင် ညာဘက် ၅ခုမြောက်ကလူ နှာခေါင်းရှုံ့သည်။
"ဘာလဲ၊ မင်းရောလုယူဖို့ဆန္ဒမရှိလို့လား၊ မင်ရွှယ်၊ ကြည့်ရတာ မင်းလည်းရိုးသားပုံ မပေါ်ပါဘူး၊ ဒီလိုဆိုမှတော့...." ဒီနေရာတွင် သူယဲ့ချိုးပိုင်ကို ကြည့်ရင်း အပြုံးဖြင့် ပြောသည်။
"ငါ့နာမည်က စန်ချန်းပါ၊ မင်းမှာ ပိုင်နက်တစ်ခုရှိရမယ်၊ ဟုတ်တယ်မလား၊ ဒီအပိုင်းမှာ ငါအရမ်းတော်တာ"
ဒီစကားလုံးများကို ကြားသောအခါ ဓားဧကရာဇ်မင်ရွှယ် ချက်ချင်းဒေါသထွက်သွားပြီး အော်ဟစ်သည်။
"ဓားသုံးထောင်သူခိုးအိုကြီး၊ မင်းတိုက်ခိုက်ချင်တာလား"
ဓားသုံးထောင်ဧကရာဇ် ဒါကိုကြားသော် ပို၍ပင်ယုံကြည်မှုရှိလာပြီး နှာမှုတ်သည်။
"လာစမ်းပါ၊ မင်းက ငါ့နောက်မှာ အဆင့်ငါးဆင့်ခြားမှာ ရှိနေတာမမြင်ဘူးလား၊ ဘယ်သူပိုအားကောင်းသလဲဆိုတာ သိရဖို့အတွက် ငါတို့တိုက်ခိုက်နေစရာလိုမယ် မထင်ဘူး"
ဓားဧကရာဇ်မင်ရွှယ်က ညာဘက်က ဆယ်ခုမြောက်တွင်ရှိပြီး ဓားသုံးထောင်ဧကရုဇ်က ညာဘပ်က ငါးခုမြောက်တွင်ရှိသည်။
ဒါကတစ်ချက်ကြည့်ရုံနှင့်ကို သိသာထင်ရှားနေသည်။
ဓားဧကရာဇ်မင်ရွှယ် ဒေါသထွက်သွားသော်လည်း ဒီအချက်ကို သူငြင်း၍မရပေ။
လူတိုင်းဒီမြင်ကွင်းကိုမြင်သောအခါ အတိ ဆွံအနေကြသည်။
ဖန်းယန်၏မျက်နှာက အကူအညီမဲ့မှုများနှင့် ပြည့်နှက်နေသည်။
"နှိုင်းယှဉ်တာတွေက မုန်းတီးနေသလိုပဲ"
"ငါတို့ စီနီယာတစ်ယောက်ရဲ့ အသိအမှတ်ပြုမှုကို ရနိုင်တာကတင် လုံလောက်နေပြီ"
"ဒါပေမယ့် ဒီကောင်ကရော၊ သူ ရုပ်တုငါးခုကို လင်း၀င်းသွားစေရုံသာမက သူ့အတွက် အရှက်မဲ့စွာ တိုက်ခိုက်စေတယ်..."
ချက်ချင်းဆိုသလို ဖိအားလှိုင်းလေးခုက ဖန်းယန်ကိုယ်ပေါ်သို့ ကျဆင်းလာသည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူလေးဦး အေးစက်စွာပြောသည်။
"မင်းဘယ်သူ့ကို အရှက်မဲ့တယ်လို့ ပြောနေတာလဲ"
ဖန်းယန် ချွေးအေးများကို အဆက်မပြတ် သုတ်နေပြီး ခေါင်းခါယမ်းနေသည်။
သေစမ်း၊ ငါအသေအချာမပြောနိုင်ဘူး၊ ဒါပေမယ့် ငါသူတို့ကို စော်ကားလို့မရဘူးလေ!
စုန့်ရှောင်ပြုံးသည်။
"ဘယ်လိုလဲ၊ မင်းသဘောထားကဘာလဲ"
ပန်ရှီဝူ စုန့်ရှောင်ကို စိုက်ကြည့်ရင်း လေးနက်သည့် အသံဖြင့်ပြောသည်။
"မင်းပြောနိုင်တာလား"
"ငါ့ကိုငတုံးလို့ထင်နေတာလား" စုန့်ရှောင် လက်နှစ်ဖက်နှင့် ခေါင်းနောက်စေ့ကို ကိုင်ရင်း ခပ်ပေါ့ပေါ့ပင်ပြောသည်။
"ဒီနေရာကို သိထားတဲ့ ၀င်ပေါက်သုံးခုပဲရှိပြီး ကြီးကြပ်ရေးဗိမာန်နဲ့ တုယွန်က မြင်နိုင်ခဲ့တယ်၊ ဒါပေမယ့် မင်းတို့က ငါတို့ဒီကို အရင်ရောက်လာတာနဲ့ တချိန်တည်းမှာ ပေါ်လာခဲ့ကြတယ်၊ ဒါက ပထမဆုံးသံသယဖြစ်စရာအချက်ပဲ၊ သေချာတာပေါ့၊ ဒီသံသယဖြစ်စရာအချက်က ငါတို့ ဧကရာဇ်တစ်ရာမြို့ကို ရောက်တဲ့အခါကျမှ တွေးမိတာ၊ ဘာပဲဆိုဆို အဲဒီတုန်းက ၀င်ပေါက်သုံးခုရှိတာကို ငါတို့မသိကြဘူးလေ"
"ဒုတိယအချက်ကို ဆက်ပြောကြရအောင်" စုန့်ရှောင် နင်းချန်ရှင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် အပြုံးဖြင့်ပြောသည်။
"မင်းလုပ်ရပ်တွေက တမင်တကာဆန်လွန်းတယ်၊ မင်းဘာတစ်ခုကိုမှမသိဘဲ စစ်တုရင်ဘုတ်ပြားပေါ်ကို တကယ်တက်ရဲတယ်၊ ရှေးဟောင်းစစ်မြေပြင်ကို ၀င်တဲ့သူတိုင်းက ဦးနှောက်မရှိတဲ့ကောင်တွေ မဟုတ်ဘူးလို့ ငါထင်တယ်၊ မင်းတို့အားလုံးက မင်းတို့ရဲ့ အသက်ကို အရမ်းတန်ဖိုးထားကြတယ်မလား"
ပါရမီရှင်များက သူတို့အသက်များကို တန်ဖိုးထားကြသည်။
"ဒါကြောင့် မင်းတို့ကြိုတင် နည်းလမ်းတစ်ချို့ကို ကြိုးစားခဲ့တယ်ဆိုတာ သိသာထင်ရှားနေတယ်၊ မင်းအဆင်ပြေတယ်ဆိုတာကို အရင်အတည်ပြုပြီးမှ ဒါကို လုပ်ရဲခဲ့တာ"
"နောက်ထပ် သံသယဖြစ်စရာအချက်နှစ်ချက်ရှိသေးပေမယ့် ဒါကိုပြောပြီးနောက်မှာ ဖုံးကွယ်စရာမလိုတော့ဘူးလို့ ငါထင်တယ်"
ဒါကိုကြားသော် ထောင်းရှုရယ်မောသည်။
"ဟောင်တျန်းနတ်ဂိုဏ်းရဲ့တပည့်တွေက ရိုင်းစိုင်းကြပြီး ဦးနှောက်ကို မသုံးဘဲ အလျင်စလိုပြုမူခြင်းကိုပဲ သိကြတာတဲ့၊ တကယ်တော့ ဒီလိုမဟုတ်ဘူးဘဲ"
ဖန်းယန်ပြုံးသည်။
"ငါက ကောင်းကင်မြေအောက်ဗိမာန်ကပါ"
ပန်ရှီဝူ ထူးမခြားနားစွာပြောသည်။
"သန့်စင်ယန်ကောင်းကင်ဘုံမီးချိုင့်ဝှမ်း"
ထောင်ရှုဖြေကြားသည်။
"ကောင်းကင်ပိတ်ဖုံးဂိုဏ်း"
စုန့်ရှောင်ပြုံးလိုက်သည်။
"ဒီလိုဆိုမှတော့ ကြည့်ရတာ နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းက လူအားလုံး စုစည်းနေကြပြီထင်တယ်"
"ဒါပေမယ့် အခုလုပ်တာတွေအရဆိုရင် မင်းတို့ သူတို့နဲ့ အရမ်းကြီးမရင်းနှီးဘူးဘဲ" စုန့်ရှောင်အပြုံးဖြင့် ဆက်သည်။
"သူတို့သဲလွန်စတစ်ချို့ကို တွေ့ပြီးပြီလို့ ငါထင်တယ်၊ မင်းတို့လုပ်ဆောင်တဲ့အခါတိုင်း မင်းတို့ကို စောင့်ကြည့်နေတဲ့ သူတစ်ချို့ရှိတယ်ဆိုတာကို သဘောမပေါက်ကြဘူးလား၊ မင်းတို့လှုပ်ရှားမှုကို စောင့်ကြည့်နေကြတဲ့ နေရာတွေမှာ ဟာကွက်ဆိုတာ မရှိဘူး"
ဖန်းယန်နှင့် ကျန်သောသူများ အနည်းငယ် ထိတ်လန့်သွားကြပြီးနောက် သူတို့၏ အမူအရာများက မည်းမှောင်သွားကြသည်။
"ပိုင်ကောင်းကျွင်းနဲ့ ရှန်းချောင်ယွမ်တို့ ငါတို့ကို တွေ့ခဲ့ကြတယ်...." ပန်ရှီဝူ တစ်ခဏမျှ တုံ့ဆိုင်းနေသည်။ ယဲ့ချိုးပိုင်၏ ပါရမီကို တွေးမိသောအခါ သူရိုးသားရန် ဆုံးဖြတ်လိုက်သည်။
"အဲဒီတုန်းက သူတို့ ငါတို့မငြင်းနိုင်တဲ့ အခြေအနေတစ်ခု ကမ်းလှမ်းခဲ့တယ်၊ သူတို့ ငါတို့ကို သူ့ကိုစောင့်ကြည့်ဖို့ ဒါမှမဟုတ် တတ်နိုင်တဲ့အခါ သတ်ပစ်ဖို့အတွက် တောင်းဆိုခဲ့ကြတယ်"
ပစ်မှတ်က ရှောင်ဟိုင်ပေတည်း။
စုန့်ရှောင်ပြုံးသည်။
"အခုကျတော့ရော"
"အခုလား" ဖန်းယန်တည်ငြိမ်စွာပြုံးရင်း လက်အစုံကိုဖြန့်လိုက်သည်။
"ဒီလိုပါရမီမျိုးကို မြင်ရခြင်းက အခြေအနေကို ပယ်ချဖို့ အကြောင်းရင်းတစ်ခုရှိသွားတာပဲ၊ ဘာပဲဆိုဆို ဒီလိုမွန်းစတားမျိုးနဲ့ မိတ်ဆွေဖွဲ့တာနဲ့ ပယ်ချလို့မရနိုင်တဲ့ အကျိုးအမြတ်တွေက မထင်မရှား ရှိနေတာပဲလေ"
ပန်ရှီဝူနှင့် ထောင်းရှုတို့ သဘောတူသည့်အသွင် ခေါင်းညိတ်ကြသည်။
ဒါကိုကြားသော် စုန့်ရှောင်ပြုံးသည်။
"ဆုံးဖြတ်ချက်ကောင်းပဲ၊ ဒါပေမယ့် ငါသူတို့ကို မင်းတို့အကြောင်းပြောရဦးမယ်"
"သေချာတာပေါ့" ဖန်းယန်သူ့ကို အပြစ်မတင်ဘဲ ယင်းအစား သဘောတူသည်။
"မင်းကအစကတည်းက သူတို့ဘေးမှာ ရှိနေခဲ့တာလေ၊ မင်းသူတို့ကိုပြောပြီးတာနဲ့ ငါတို့သုံးယောက်က သူတို့ကို အလျော်ပေးမှာပါ၊ ပြီးတော့ ပိုင်ကောင်းကျွင်းနဲ့ ရှန်းချောင်ယွမ်တို့ကိုတော့ ငါတို့သုံးယောက် စောင့်ကြည့်လိုက်ပါမယ်"
ဒါက အရှုံးပေးတာနှင့်ညီမျှသည်။
ဖန်းယန်နှင့် ကျန်နှစ်ယောက်တို့က နတ်သခင်အဆင့်ဂိုဏ်းအသီးသီးက ပါရမီရှင်များဖြစ်ကြသည်။
သဘောထားကွဲလွဲမှုများမရှိသောအခါ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်များကို ချတာက သဘာ၀ကျသည်။
ယခုသူတို့က ယဲ့ချိုးပိုင်နှင့် ကျန်သောသူများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုရှိသည်မှာ ရှင်းနေသည်။ သို့မဟုတ် သူတို့ ယဲ့ချိုးပိုင်တို့နှင့် ရန်သူမဖြစ်ချင်ဟု ဆိုပါက ပိုမှန်သည်။ ဒါက ပိုင်ကောင်းကျွင်းနှင့် ရှန်းချောင်ယွမ်ထက် ပိုအရေးကြီးသည်။
အစစ်အမှန်ဓားနတ်ဘုရားငါးဦးက သူ့ကို အသိအမှတ်ပြုခဲ့သည်။
ဒါ့အပြင် သူတို့အားလုံးကရှေးဟောင်းစာအုပ်များ၌ နာမည်ကြီးဓားသမားများပင်။ သူတို့၏ ဂုဏ်သတင်းက ရှင်းသုံဓားဧကရာဇ်ထက်ပင် ပို၍ထင်ရှားသည်။
ဒါ့အပြင် သူတို့ကယဲ့ချိုးပိုင်အတွက် တိုက်ခိုက်ရန် အချင်းချင်းပင် ရန်ဖြစ်ကြပေတော့မည်။
ဓားဧကရာဇ်လေးဦးက ငြင်းခုံနေဆဲပင်။
သူတို့က အင်္ကျီလက်များကို ခါယမ်းရင်း တိုင်ခိုက်ရန်ပင် ပြင်နေကြသည်။
ယဲ့ချိုးပိုင်တစ်ယောက် ခါးသီးသောအပြုံးနှင့်အတူ အလယ်တွင် ညှပ်နေသည်။
သူဘာမှပြောနိုင်စွမ်းမရှိပါ။
ဒီအချိန်မှာပင် ညာဘက်က ဒုတိယရုပ်တုရှေ့တွင် ဆံပင်ဖြူအဖိုးအိုတစ်ယောက် ရုတ်တရက် စကားပြောလာသည်။
"မင်းငါ့အမွေကို လက်ခံဖို့ဆန္ဒရှိလား"
အဖိုးအိုပြောလာသောအခါ ချက်ချင်းဆိုသလို တခြားဓားဧကရာဇ်လေးဦး ငြင်းခုံနေတာကို ရပ်လိုက်ကြသည်။
အကယ်၍ တခြားဓားသမားများဆိုပါက ဓားဧကရာဇ်လေးဦးထဲက ဘယ်သူမှ လက်လွတ်ကြမည်မဟုတ်။
သို့စေကာမူ ပိုဟောင်ဟု သိကြသည့် ဒီဓားဧကရာဇ်အဖိုးအိုသာဆိုပါက သူတို့အားလုံး ရာနှုန်းပြည့်ယုံကြည်ပြီး သဘောတူမည်သာ။
သက်တန့်စိမ့်ဓားဧကရာဇ်က ယခင်က အငြင်းပွားဖွယ်ရာမရှိသည့် နံပါတ်တစ်ဓားသမားပင်။
တစ်ချိန်တည်းမှာပင် သူက လူသားဘိုးဘေးနယ်ပယ်နှင့် အနီးစပ်ဆုံးဓားသမားတစ်ဦးလည်းဖြစ်သည်။
အပိုင်း(1099) coming။