#နက်ရှိုင်းစွာ ပုန်းကွယ်နေခြင်း#
Vol. 78 Ch. 1099
ဖန်းယန်နှင့် ကျန်သောသူများတင်မဟုတ်ဘဲ ကြီးကြပ်ရေးဗိမာန်က လူများပါ မျက်လုံးကျဉ်းလိုက်မိကြ၏။
"သက်တန့်စိမ့်ဓားဧကရာဇ်...၊ အဲဒီတုန်းက သူက လူသားဘိုးဘေးနယ်ပယ်နဲ့ အနီးစပ်ဆုံးထိပ်တန်းပုဂ္ဂိုလ်ဖြစ်ပြီး ဓားတာအိုမှာ သမထနယ်ပယ်ကို ရောက်ခဲ့တယ်" စုန့်ရှောင် အပြုံးကို ဖယ်ရှားရင်း လေးနက်သည့် အမူအရာဖြင့် ပြောသည်။
"အဲဒီအချိန်တုန်းက သူလူသားဘိုးဘေးနယ်ပယ်ကို ချိုးဖျက်တုန်းက တာအိုနိယာမအရ ဘိုးဘေးနယ်ပယ်ကို ချိုးဖျက်ဖို့လိုတယ်၊ ဒါပေမယ့် သူ့ဓားတာအိုအတွက် ဘိုးဘေးနယ်ပယ်ကို ချိုးဖျက်ဖို့ဆိုတာက အရမ်းခက်ခဲတယ်"
မဟာတာအိုသုံးထောင်ထဲတွင် ဓားတာအိုအခက်အခဲက အမြင့်ဆုံးဟု ဆို၍ရသည်။ ဒါက မဟာတာအိုသုံးထောင်အတွက် ထိပ်ဆုံး၌ ရပ်တည်နေသည့် သေခြင်းရှင်ခြင်းတာအို၊ ယင်ယန်တာအိုတို့နှင့် အရမ်းကြီးမခြားနားပါ။
သို့စေကာမူ သက်တန့်စိမ့်ဓားဧကရာဇ်က နောက်ဆုံးတိုက်ပွဲတွင် ဘိုးဘေးနယ်ပယ်ကို ချိုးဖျက်၀င်ရောက်ခဲ့သည်။ သို့စေကာမူ သူ့ကျင့်ကြံခြင်းနယ်ပယ်ကို တည်ငြိမ်အောင် မလုပ်နိုင်ခင်မှာပင် သူ ငရဲနတ်ဆိုးနယ်မြေနှင့် နောက်ဆုံးတိုက်ပွဲ၌ သေဆုံးခဲ့ရသည်။
ထို့ကြောင့် သက်တန့်စိမ့်ဓားဧကရာဇ်ကို ဓားတာအို၌ နံပါတ်တစ်ဟုခေါ်ဆိုသည့်အပေါ် ကန့်ကွက်စရာဘာမှမရှိပါ။
စုန့်ရှောင်၏ အသံပို့လွှတ်မှုကနေတဆင့် သက်တန့်စိမ့်ဓားဧကရာဇ်၏ မူလဇစ်မြစ်ကို ယဲ့ချိုးပိုင်လည်း သိသွားခဲ့သည်။
သို့စေကာမူ ယဲ့ချိုးပိုင်၏ နောက်လုပ်ရပ်များက လူတိုင်းကို အံ့ဩသင့်သွားစေသည်။
"စီနီယာ၊ ခင်ဗျားရဲ့ အသိအမှတ်ပြုမှုကို ခံရတဲ့အတွက် ကျွန်တော်ဂုဏ်ယူမိပါတယ်၊ ဒါပေမယ့် ခင်ဗျားရဲ့အမွေကို ကျွန်တော် အလွယ်တကူ လက်မခံနိုင်ပါဘူး" ယဲ့ချိုးပိုင် နှိမ့်ချခြင်းမရှိသလို မောက်မာခြင်းလည်း ကင်းမဲ့စွာပြုံးရင်း ဆက်ပြောသည်။
"ကျွန်တော့်ဓားတာအိုက ခင်ဗျားနဲ့ ကိုက်ညီသလားဆိုတာ ကျွန်တော်မသိဘူး၊ ဓားတာအိုသာ သဟဇာတမဖြစ်ဘူးဆိုရင် ဒါက စီနီယာရဲ့ အမွေအနှစ်ကို ပြစ်မှားစော်ကားတဲ့ ပုံစံတစ်ခုဖြစ်သွားပါလိမ့်မယ်"
ဒီစကား၏ ပထမတစ်၀က်ကို ကြားရသောအခါ ဓားဧကရာဇ်လေးဦးထိတ်လန့်သွားသလို သက်တန့်စိမ့်ဓားဧကရာဇ်ကလည်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
သို့စေကာမူ ယဲ့ချိုးပိုင်စကားလုံးများ၏ ဒုတိယပိုင်းကို ကြားပြီးနောက်တွင် ဓားဧကရာဇ်လေးဦး၏ မျက်လုံးများက လင်း၀င်းသွားကြပြီး ယဲ့ချိုးပိုင်ကို လေးစားမြတ်နိုးစွာ ကြည့်လိုက်ကြသည်။
သက်တန့်စိမ့်ဓားဧကရာဇ်၏ မျက်နှာပေါ်တွင်လည်း ပထမဆုံးအကြိမ် အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။
"မင်းမဆိုးဘူး၊ ငါတို့ရှေ့မှာ မင်းက နှိမ့်ချတာလည်းမရှိသလို မောက်မာတာမျိုးလည်း မရှိဘူး၊ သွေးဆောင်မှုကို ရင်ဆိုင်နေရတာတောင် မင်းဆင်ခြင်တုံတရားနဲ့ တွေးနိုင်တယ်၊ မင်းက တာ၀န်သိတတ်သူလည်းဖြစ်တယ်၊ ခေးအောစ့်အနှစ်သာရဓားခန္ဓာက မင်းကို ရွေးချယ်ခဲ့တာ အံ့ဩသင့်စရာမရှိတော့ပါဘူး"
သက်တန့်စိမ့်ဓားဧကရာဇ်က ချီးမွမ်းရာ၌ စေးနှဲတွန့်တိုနေခြင်းမရှိပါ။
"ငါမပိုင်ဆိုင်ခဲ့ပေမယ့် ခေးအောစ့်အနှစ်သာရဓားခန္ဓာကို လေ့လာခဲ့တယ်"
"တချိန်တည်းမှာပင် မင်းကျင့်ကြံတဲ့ ဓားတာအိုက ငါနဲ့လည်း ကိုက်ညီတယ်"
"ဒါကြောင့် မင်းဒီကိစ္စကို စိတ်ပူနေစရာမလိုဘူး၊ တကယ်လို့ မကိုက်ညီဘူးဆိုရင် ငါပေါ်လာမှာမဟုတ်ဘူး"
ဒါကိုကြားသောအခါ ယဲ့ချိုးပိုင် သက်တန့်စိမ့်ဓားဧကရာဇ်ကို လေးစားစွာ ဦးညွတ်ပြီး ကျယ်လောင်စွာ ပြောသည်။
"သင်ကြားပေးတဲ့အတွက် ကျေးဇူးပါ၊ စီနီယာ"
ယဲ့ချိုးပိုင် ငါးမိနစ်ကြာ ဦးညွတ်နေခဲ့သည်။
ဒီကာလအတွင်း သက်တန့်စိမ့်ဓားဧကရာဇ်က မမေးမြန်းဘဲ ယင်းအစား ယဲ့ချိုးပိုင်ရှေ့တွင်ရပ်ကာ တိတ်တဆိတ်စောင့်နေခဲ့သည်။
ယဲ့ချိုးပိုင် ထရပ်လာသောအခါ သူလေးနက်စွာမေးသည်။
"အမွေအနှစ်ကိစ္စက ငါတို့နှစ်ယောက်လုံးအတွက် အကျိုးရှိတယ်၊ ငါ့တစ်သက်တာ သင်ယူမှုတွေကို ငါဒီလိုမျိုး မပြတ်တောက်သွားစေချင်ဘူး၊ ဒီတော့ မင်းငါ့ကို ဘာလို့ ဒီလောက်ကြာကြာ ဦးညွတ်နေရတာလဲ"
ယဲ့ချိုးပိုင်လေးနက်စွာပြောသည်။
"ကျွန်တော်စီနီယာရဲ့ သင်ကြားမှုအတွက် ကျေးဇူးတင်ဖို့ ဦးညွတ်တာပါ၊ အရမ်းကြာနေတာကတော့ ရှေးခေတ်တုန်းက စီနီယာရဲ့လုပ်ရပ်တွေကို ကျွန်တော်လေးစားလို့ပါ၊ သေမျိုးနယ်မြေအတွက် အများကြီး လုပ်ခဲ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ တကယ်တော့ ကျွန်တော်ဒီမှာရှိတဲ့ စီနီယာအားလုံးကို လေးစားပါတယ်"
သက်တန့်စိမ့်ဓားဧကရာဇ်ပြုံးရင်း ရွပ်ရွပ်ချွံချွံပင် ပြောသည်။
"ငါလက်ခံပါတယ်"
ထို့နောက် သူလက်ဝှေ့ယမ်းကာ လေးလံသည့်သံနက်တံခါးကို ဖွင့်လိုက်သည်။
"ငါ့တစ်ဘ၀လုံး သင်ယူခဲ့တာတွေအားလုံးက ဒီတံခါးနောက်မှာရှိတယ်"
ထိုသို့ဆိုပြီးနောက် သက်တန့်စိမ့်ဓားဧကရာဇ်ပျောက်ကွယ်သွားသည်။ ကျန်သော ဓားဧကရာဇ်လေးဦးကလည်း ယဲ့ချိုးပိုင်ကို ကျေနပ်စွာကြည့်ရင်း ပျောက်ကွယ်သွားကြ၏။
ယဲ့ချိုးပိုင် စိတ်သက်သာရာရသွားသည်။ သူတိုက်ရိုက်မ၀င်သွားဘဲ ယင်းအစား မုဇီရှင်းလက်ကလေးကို ကိုင်ပြီး အောက်သို့ ငုံ့ကြည့်လိုက်၏။
"ဒီအရှိန်အဟုန်က မဆိုးဘူးမလား"
ဟုန်ရင်နှင့် ကျန်သောသူများ ပျော်နေကြသည်။
"ကျွန်မတို့ ရှင့်တစ်ယောက်တည်းကိုပဲ ဖျော်ဖြေခွင့်မပေးနိုင်ဘူး၊ အစ်ကိုကြီး" ထိုသို့ပြောပြီးနောက် ဟုန်ရင်ကလည်း သံနက်တံခါးမကြီးရှေ့တွင် ပေါ်လာသည်။
ဟုန်ရင်ရပ်နေစဉ်မှာပင် ရုပ်တုသုံးခုက ချက်ချင်းလင်း၀င်းသွားခဲ့သည်။
ထို့ထဲကတစ်ခုက ဘယ်ဘက်က ပထမဆုံးရုပ်တုပင်။
ဒီအစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူသုံးဦးက အင်ပါယာတာအိုကို ကျင့်ကြံကြပြီး ဟုန်ရင်နှင့် လိုက်ဖက်သဟဇာတဖြစ်ပေသည်။
ဘယ်ဘက်က ပထမရုပ်တု ၎င်း၏ အင်ပါယာဆန္ဒကို ထုတ်လွှတ်သောအခါ ဟုန်ရင် တုံ့ဆိုင်းမနေဘဲ သူ့ကို ရွေးချယ်လိုက်သည်။
ဒီလူက ရှေးခေတ်က နံပါတ်တစ်ဧကရာဇ်ဟုလည်း လူသိများသည်။
ထို့နောက် နင်းချန်ရှင်းအပြုံးနှင့်အတူ လျှောက်လာသည်။
သို့စေကာမူ နင်းချန်ရှင်းက ရုပ်တုနှစ်ခု၏ ခွင့်ပြုချက်ကိုသာရခဲ့သည်။
တစ်ခုက ကွန်ဖြူးရှပ်တာအိုနည်းစနစ်ဖြစ်ပြီး ကျန်တစ်ခုက ဗုဒ္ဓအစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူဖြစ်သည်။
ဗုဒ္ဓအစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ အကြံပေးသည်။
"မင်း တာအိုနည်းစနစ်တွေကို ကျင့်ကြံပေမယ့် မင်းက ဗုဒ္ဓဘာသာအတွက် အရမ်းသင့်တော်တယ်၊ မင်းဘာလို့ ဗုဒ္ဓဘာသာကို မပြောင်းရတာလဲ"
ကွန်ဖြူးရှပ်တာအိုအစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ကျိန်ဆဲလိုက်သည်။
"မြည်းအိုကြီး၊ သူငါနဲ့ပဲ သက်ဆိုင်နေတာ ရှင်းနေတာပဲ၊ မင်းသူ့ကို လုယူချင်သေးတာလား"
သူ့အတွက် တာအိုနည်းစနစ်များကို ကျင့်ကြံသည့် ယခုလိုမျိုးစေ့ကောင်းကို တွေ့ဆုံရန်ဟူသည် မလွယ်ကူပေ။ ဘယ်သူမှ သူနှင့် ယှဉ်ပြိုင်မည်မဟုတ်ဟု သူထင်ခဲ့သည်။
အဆုံးတွင် ဗုဒ္ဓဂိုဏ်းတော်က ဒီလူပြိန်းအိုကြီးက ၀င်ရောက်လာခဲ့သည်။
သူဘယ်လိုလုပ် ဒေါသမထွက်ဘဲနေမည်နည်း။
ဒါ့အပြင် ဗုဒ္ဓဂိုဏ်းနှင့် တာအိုနည်းစနစ်တို့က အချင်းချင်းအကောင်းမမြင်ကြပေ။
ဆိုရိုးစကားတစ်ခုရှိသည်မဟုတ်ပေလော။
မတူညီသည့်လမ်းကြောင်းများက အတူတကွမလုပ်ဆောင်ကြပါ။
သို့စေကာမူ နင်းချန်ရှင်းက ထိုကွန်ဖြူးရှပ်တာအို အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို ရွေးချယ်မည်သာ။
နောက်တစ်ယောက်က ရှောင်ဟိုင်ဖြစ်သည်။
ကိုယ်ခန္ဓာပြုပြင်မွမ်းမံသည့် အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူအများပြီး မရှိပါ။ ရုပ်တုသုံးခုကသာ လင်း၀င်းလာသည်။
ရှောင်ဟိုင် ညာဘက်က တတိယရုပ်တုကို ရွေးချယ်ခဲ့သည်။
ရှီရှန်းက ကြယ်တာအိုကို ကျင့်ကြံသည့် အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို လင်း၀င်းစေခဲ့သည်။
တခြားတစ်ဘက်တွင် မုဖူရှန်း ဆယ်ခုကိုပင် လင်း၀င်းစေခဲ့သည်။ ရွေးချယ်မှုပြုလုပ်ပြီးနောက် မုဖူရှန်း ကြက်သေသေနေပြီး ညည်းတွားလိုက်မိသည်။
"သေစမ်း၊ ဒီအဖိုးကြီးတွေက ငါ့ခွန်အားကို မြင်နိုင်တာပဲ၊ ငါသာအစောကြီးကတည်းက သိခဲ့မယ်ဆိုရင် လာတောင်မလာပါဘူး"
မု၀မ်အာတွင်လည်း ထူးခြားသည့်ရလဒ်များ ရှိခဲ့သည်။ အဂ္ဂိရတ်နယ်ပယ်က အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူလေးဦးက သူမကို အသိအမှတ်ပြုခဲ့သည်။
ဖန်ချန်းကိုလည်း ရုပ်တုသုံးခုအသိအမှတ်ပြုခဲ့သည်။
လူတိုင်းဒီမြင်ကွင်းကိုမြင်သောအခါ သူတို့ထုံထိုင်းနေကြ၏။
သောက်ကျိုးနည်း၊ ဒါဘယ်လိုမွန်းစတားတွေလဲ!
ဒါ့အပြင် သူတို့ကိုကြည့်ရတာ ဂိုဏ်းတစ်ဂိုဏ်းတည်းက ဖြစ်ပုံပဲ၊ ဘယ်ဂိုဏ်းက ဒီလိုအရာမျိုးကို လုပ်နိုင်တာလဲ!
ဖန်းယန်နှင့် ကျန်နှစ်ဦး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။
ကံကောင်းချင်တော့ သူတို့က ထိုသူများနှင့် မငြင်းခုံခဲ့ကြပေ။ မဟုတ်ပါက သူတို့ နောင်တနှင့် အစိမ်းရောင်ပြောင်းသွားပေလိမ့်မည်။
ဒီလိုကြောက်မက်ဖွယ်ရာပုဂ္ဂိုလ်များစွာ ရှိသည်။ သူတို့နှင့် မိတ်ဆွေမဖြစ်နိုင်လျှင်ပင် သူတို့ကို စော်ကား၍မရပေ။
စုန့်ရှောင်ကလည်း နတ်သခင်ဟောင်တျန်း၏ ဆုံးဖြတ်ချက်ကို လေးစားသွားသည်။
ဒီလူအုပ်စု အနာဂတ်၌ မသေဆုံးသရွေ့ သူတို့အတွက် နတ်သခင်နယ်ပယ်ကို တက်လှမ်းရန်ဟူသည် မဖြစ်နိုင်တာမဟုတ်ပါ။ သူတို့ အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို တက်လှမ်းရန်ပင် ဖြစ်နိုင်သည်။
ကြီးကြပ်ရေးဗိမာန်က လူတွေကရော!
စုန့်စီ၏မျက်နှာက လေးလံနေသည်။
အမျိုးသမီးကလည်း လေးနက်သည့် အမူအရာတစ်ခုကို ဖော်ပြသည်။
ယဲ့ချိုးပိုင်ဒီလူများကို စိုက်ကြည့်ရင်း သူတို့ကိုမလှောင်ပြောင်ဘဲ ယင်းအစား လှည့်ကာ ဟုန်ရင်နှင့် ကျန်သောသူများနှင့်အတူ သံနက်တံခါးမကြီးထဲသို့ ၀င်သွားလေတော့သည်။
ဒီနေရာတွင် ကြီးကြပ်ရေးဗိမာန်က လူအနည်းငယ်၊ ကျန်းချင်းလန်နှင့် ကျင်းဝူကျင်းတို့သာ အပြာရောင်ခန်းမ၌ ကျန်နေခဲ့ကြသည်။
ကျင်းဝူကျင်းကပွင့်လင်းသည်။ သူလှည့်ကာထွက်သွားသည်။
ကျန်းချင်းလန်ကမူ မုဇီရှင်းနှင့် တခြားသူများကို ဒီနေရာကနေ စောင့်ရန် ဆုံးဖြတ်လိုက်၏။
ရုတ်တရက် စုန့်စီ သံနက်တံခါးမကြီးဆီသို့ လျှောက်သွားသည်။
ကျန်းချင်းလန်၏ ထိတ်လန့်နေသည့် အကြည့်အောက်တွင် စုန့်စီ ရုပ်တုခြောက်ခု၏ ထောက်ခံမှုကို အမှန်တကယ် ဆွဲဆောင်နိုင်ခဲ့သည်။
သစ်သားမျက်နှာနှင့်လူကလွဲပြီး ကြီးကြပ်ရေးဗိမာန်က လူတိုင်း၏မျက်လုံးများက မယုံနိုင်မှုများနှင့် ပြည့်နှက်နေသည်။
အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူအနည်းငယ်က ဘယ်သူ့အမွေအနှစ်ကို ဆက်ခံချင်သလဲဟု မေးလာသောအခါ စုန့်စီ ခေါင်းခါယမ်းရင်း လက်နှစ်ဖက်ဆုပ်သည်။
"စီနီယာတို့၊ ဘိုးဘေးအင်ပါယာပိုင်နက်ထဲက နတ်ပစ္စည်းက ဘယ်မှာလဲဆိုတာ ကျွန်တော်မေးချင်ပါတယ်"
အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူအနည်းငယ်မှာ မျက်မှောင်ကြုတ်လိုက်ကြ၏။
"မင်းဒါကို ဘယ်လိုသိတာလဲ"
"မင်း အဲဒီနတ်ပစ္စည်းနဲ့ ကံကြမ္မာပါတယ်ဆိုရင် မင်းရရှိမှာပါ၊ ကံမပါဘူးဆိုရင်တော့ မင်းရှေ့မှာ ရပ်နေမယ်ဆိုရင်တောင် အသုံးမ၀င်ဘူး"
ဒါကိုကြားသောအခါ စုန့်စီခေါင်းညိတ်ရင်း လှည့်ကာထွက်သွားရန် ပြင်လိုက်သည်။
"ဒီလိုဆိုမှတော့ စီနီယာတို့ရဲ့ ခွင့်ပြုချက်အတွက် ကျေးဇူးတင်ပါတယ်"
အမွေအနှစ်လား!
သူ့တွင်လက်ခံရန်အချိန်မရှိပါ။
သူရနိုင်နေသရွေ့ နတ်ပစ္စည်းက အမွေအနှစ်ထက်ပို၍ အသုံး၀င်သည်။
ကြီးကြပ်ရေးဗိမာန်က လူများ ဧကရာဇ်တစ်ရာမြို့ကနေ ထွက်လာကြပြီးနောက် အမျိုးသမီးက စုန့်စီကို စိုက်ကြည့်ကာ မေးသည်။
"နင် ယဲ့ချိုးပိုင်တို့ကို အမွေအနှစ်ကို မပိုင်ဆိုင်ရအောင် လုပ်ချင်တာမလား"
စုန့်စီနှာမှုတ်သည်။
"ဒီရှေးဟောင်းစစ်မြေပြင်ကနေ ထွက်နိုင်မှ အမွေအနှစ်ကို တကယ်ရနိုင်မှာလေ"
အပိုင်း(1100) coming။