← Chapters

#ရန်သူကို မဖျက်ဆီးနိုင်သရွေ့ ပြန်မလှည့်ဘူး#

Vol. 78 Ch. 1100

#ရန်သူကို မဖျက်ဆီးနိုင်သရွေ့ ပြန်မလှည့်ဘူး#

Vol. 78 Ch. 1100

သူတို့အားလုံးတစ်ချိန်တည်းတွင် ၀င်ခဲ့ကြသော်လည်း သူတို့ကိုပိတ်ဆို့ထားသည့် နေရာများက အတော်လေးကွဲပြားသည်။ 

ဥပမာအားဖြင့် ဟုန်ရင်ဖြစ်သည်။ 

သူမရှေ့တွင် အဝါရောင်နှင့်သွေးများနှင့် ပြည့်နှက်နေသည့် ကမ္ဘာကြီးတစ်ခုရှိသည်။

ကောင်းကင်၌ သွေးရောင်လတစ်စင်း ချိတ်ဆွဲထားသည်။ မိုင်သောင်းချီအဝေးထိပင် တိမ်များဟူ၍မရှိဘဲ မှိန်ဖျော့သည့် သွေးနီရောင်အလင်းကို မှောင်မိုက်ကာ သွေးစွန်းနေသည့် မြေကြီးပေါ်၌ အလင်းဖြာပေးနေသည်။ 

မီးခိုးများက လေထဲတွင် ပြည့်နှက်နေသည်။ ပြင်းထန်သောတိုက်ပွဲက တောင်များနှင့် မြေကြီးကို လှုပ်ခါသွားစေသည်။ ဒီအခိုက်အတန့်၌ လေထုက အေးခဲသွားသည့်အလား ထင်ရသည်။ 

စစ်သည်များ၏ စိတ်အားထက်သန်သည့် ဟစ်ကြွေးသံများနှင့်အတူ ၀မ်းနည်းဖွယ်ရာ အော်ဟစ်သံများရှိနေပြီး တစ်ချိန်တည်းမှာပင် ကျဆုံးသူများ၏ ပူဆွေးစွာ ဟစ်ကြွေးသံများလည်း ရှိသည်။

သွေးနီရောင်လေ ဖြတ်သန်းသွားသောမခါ အရိုးခိုက်လုနီးပါး အအေးဓာတ်က စစ်သည်များ၏ ရိုးတွင်းခြင်ဆီထိပင် စိမ့်၀င်သွားသည်။ ဖုန်မှုန့်များက ထိုးတက်လာပြီး လေထဲတွင်ပြည့်နှက်ကာ ဓားသွားနှင့် ဖြတ်တောက်ထားသည့် မီးပွားများအလား စစ်သားများ၏ မျက်လုံးများနှင့် အသက်ရှူသံကို နှိုးဆွနေသည်။ 

စစ်ပွဲ၏ ပြင်းထန်သောအော်ရာက ဒီနေရာတစ်ခုလုံးတွင် ပြည့်နှက်နေခဲ့သည်။ 

မှန်ပေသည်။ ဒါက ၀မ်းနည်းဖွယ်ရာ ကျယ်ပြောလှသည့် စစ်မြေပြင်တစ်ခုပေတည်း။ 

တစ်ဘက်တွင် သူတို့က စွမ်းအားပြည့်၀ကာ အစွမ်းထက်ကြသည်။ မီးတောက်နီရောင်၀တ်စုံများကို ၀တ်ဆင်ထားကြပြီး သူတို့၏ဓားများက အေးစက်သည့်အလင်းနှင့်အတူ လင်း၀င်းနေသည်။ သူတို့လက်ထဲက ဓားသွားများက လေထဲ၌ တဟူးဟူးမြည်သံနှင့်အတူ ပြတ်သားထက်ရှသည့်အသံနှင့်အတူ ပိုင်းဖြတ်ပစ်နေသည်။ 

တခြားတစ်ဘက်တွင် တစ်ဘက်လူက သေရေးရှင်ရေးအခြေအနေကြားတွင် ရှိနေပုံရသည်။ သူ့ကိုယ်ပေါ်၌ နှင်းဖြူရောင်ချပ်၀တ်က ဆုတ်ပြဲနေပြီဖြစ်ကာ သူ့အဖော်များ သို့မဟုတ် ရန်သူများ၏ သွေးများနှင့် စွန်းထင်းနေသည်။ အရေအတွက်၌ ကြီးမားသည့် ကွာခြားချက်တစ်ခုရှိသည်သာမက တစ်ချိန်တည်းမှာပင် သူ့တွင် တိုက်ခိုက်ရေးစိတ်ဓာတ် လုံး၀မရှိတော့ပုံပင်။ သူက မီးတောက်နီစစ်တပ်၏ ဖိနှိပ်ခြင်းကို ခံနေရသည်။ 

ဟုန်ရင် နှင်းဖြူရောင်သံချပ်ကာစစ်တပ်နောက်တွင် ရပ်နေပြီး မြို့ရိုးပေါ်၌ရပ်ကာ အရာအားလုံးကို မျက်မှောင်ကြုတ်လျက် ကြည့်နေသည်။ 

ဒါက ပုံရိပ်ယောင်တစ်ခုသာဖြစ်သလို အတုအယောင်ဆိုတာကိုလည်း သူမသိပါသည်။ 

သို့စေကာမူ ဒီအရာအားလုံးက တကယ့်အစစ်အမှန်အလား ထင်ရသည်။ အော်ရာဖြစ်စေ အော်ဟစ်သံများဖြစ်စေ ဒီအရာများက ဟုန်ရင်နှင့် အတော်လေးရင်းနှီးနေသည်။ 

ဒီအခိုက်အတန့်မှာပင် ဟုန်ရင်ဘေးတွင် ရွှေနဂါးအဆင့်များပါသော တော်၀င်၀တ်ရုံရှည်ကို ၀တ်ဆင်ထားသည့် လူရှည်ကြီးတစ်ယောက် ပေါ်လာသည်။ 

"ငါမင်းအရည်အချင်းကို အသိအမှတ်ပြုပေမယ့် စမ်းသပ်မှုအတွက် မလိုအပ်ဘူးလို့ ဆိုလိုနေတာတော့ မဟုတ်ဘူး"

ဟုန်ရင်ခေါင်းညိတ်သည်။ 

"ဒါကစမ်းသပ်မှုလား"

"မှန်တယ်" အစစ်အမှန်နတ်ဘုရားနယ်ပယ် နဂါးဧကရာဇ်ခေါင်းညိတ်သည်။ 

"မင်းလုပ်ရမှာက တိုက်ခိုက်ရေးစိတ်ဓာတ် ပျောက်ဆုံးနေပြီဖြစ်တဲ့ ဒီစစ်တပ်ကို ဦးဆောင်ပြီး အောင်ပွဲကို ရယူဖို့အတွက်ပဲ၊ မင်းဒါကို မလုပ်နိုင်ဘူးဆိုရင် ဒါက မင်းငါ့အမွေနဲ့ မထိုက်တန်ဘူးလို့ ဆိုလိုနေတာပဲ"

အစစ်အမှန်နတ်ဘုရားနယ်ပယ် နဂါးဧကရာဇ်က ရှေးခေတ်က နံပါတ်တစ်ဧကရာဇ်အဖြစ် လူသိများသည့် တည်ရှိမှုတစ်ခုပင်။ 

သူအုပ်ချုပ်သည့် နဂါးဧကရာဇ်အင်ပါယာက ရှေးခေတ်သေမျိုးကမ္ဘာတွင် အားအကောင်းဆုံးအင်ပါယာဖြစါသည်။ ၎င်းက မရေမတွက်နိုင်လောက်သော အင်ပါယာများ မလုပ်နိုင်ခဲ့သည့် အရာတစ်ခုကို လုပ်ဆောင်ခဲ့သည်။ 

"မင်းမှာ အင်ပါယာဆန္ဒရှိပြီး ပြန်လည်မွေးဖွားခြင်းတာအိုနိယာမကို ကျွမ်းကျင်ထားတယ်ဆိုပေမယ့် ဧကရီတစ်ဦးအနေနဲ့ မင်းရဲ့မွေးရာပါပါရမီ၊ မွေးရာပါလွှမ်းမိုးနိုင်စွမ်းနဲ့ နည်းဗျူဟာတွေက မရှိမဖြစ်လိုအပ်တယ်" အစစ်အမှန်နတ်ဘုရားနယ်ပယ် နဂါးဧကရာဇ်၏မျက်လုံးများက ဂုဏ်ကျက်သရေနှင့် ပြည့်နှက်နေပြီး ဟုန်ရင်ကို စိုက်ကြည့်ကာ ထူးမခြားနားစွာပြောသည်။ 

"ဒီစစ်ပွဲမှာ မင်းကိုယ်မင်းသက်သေပြဖို့လိုတယ်"

ဟုန်ရင်မငြင်းဘဲ ခေါင်းညိတ်သည်။ 

"သေချာတာပေါ့၊ စီနီယာမြင်ရမှာပါ"

အစစ်အမှန်နတ်ဘုရားနယ်ပယ် နဂါးဧကရာဇ်ခေါင်းညိတ်သည်။ 

"မင်းရဲ့လုပ်ဆောင်ချက်ကို ငါစောင့်မျှော်နေမယ်"

စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အစစ်အမှန်နတ်ဘုရားနယ်ပယ် နဂါးဧကရာဇ်၏ ပုံရိပ်က ပျောက်ကွယ်သွား၏။ 

ဒါကိုမြင်သော် ဟုန်ရင် အောက်က စစ်သားများကို ထပ်မံကြည့်လိုက်မိသည်။ 

နှစ်ဘက်စလုံး၏ ကျင့်ကြံခြင်းအဆင့်များကြားက ကွာခြားချက်က အရမ်းကြီး မကြီးမားသော်လည်း အရေအတွက်ကွာခြားချက်ကမူ အတော်လေးကြီးမားပုံရသည်။ 

တစ်ချိန်တည်းမှာပင် သေစေလောက်သည့် ပြဿာနာတစ်ခုလည်းရှိသည်။ 

သူတို့တွင် စိတ်အားထက်သန်ခြင်းမရှိသလို တိုက်ခိုက်လိုသည့်စိတ်ဓာတ်လည်း မရှိချေ။ 

စစ်ပွဲတွင် ဒီအရာနှစ်ခုမရှိပါက ဒါက ရှုံးနိမ့်သည့်စစ်ပွဲတစ်ခုသာ ဖြစ်ပေလိမ့်မည်။ 

ရုတ်တရက် ဟုန်ရင်ရှေ့တွင် မီးတောက်ပြာများနှင့် တောက်လောင်နေသည့် စစ်မြင်းနှစ်စီးဆွဲလာသော ဧရာမလှည်းတစ်စီးရှိနေသည်။ 

အထဲတွင် မီးတောက်နီ၀တ်ရုံနှင့် လူတစ်ယောက် လက်ထဲတွင် လှံကိုကိုင်ပြီး ဟုန်ရင်ကို ကြည့်ရင်း နှာခေါင်းရှုံ့သည်။ 

"ကြည့်ရတာ ဒီစစ်ပွဲအတွက် စိတ်ထင့်နေစရာမလိုတော့ပုံပဲ၊ အခုမင်းအညံ့ခံဖို့ အချိန်ကျပြီ"

ဒါကိုကြားသော် ဟုန်ရင် ထိုလူကိုကြည့်ရင်း တည်ငြိမ်စွာပြောသည်။ 

"ငါနဲ့စကားပြောဖို့ နင်ဘယ်ကိုယ်ပိုင်လက္ခဏာကို သုံးနေတာလဲ"

ထိုလူမျက်မှောင်ကြုတ်သည်။ 

"ကြည့်ရတာ မင်းအခြေအနေကို သဘောမပေါက်သေးပုံပဲ၊ အခု....."

"ငါနင့်ကိုမေးနေတယ်၊ နင်ငါနဲ့စကားပြောဖို့ ဘယ်ကိုယ်ပိုင်လက္ခဏာကို သုံးနေတာလဲ" ဟုန်ရင်အော်ဟစ်လိုက်သည်။ 

အင်ပါယာဆန္ဒကထိုးထွက်လာပြီး အားကောင်းသည့်ဖိအားတစ်ခုက တိမ်ထဲသို့ တိုး၀င်သွားခဲ့သည်။ 

ထိုလူထိတ်လန့်သွားသည်။ သူ့မျက်သူငယ်အိမ်များက ရုတ်တရက်ကျုံ့သွားပြီး သူတုန်ယင်နေသည့်အလားထင်ရသည်။ 

ဒါကိုမြင်သော် ဟုန်ရင်အေးစက်စွာပြောသည်။ 

"နင့်ရဲ့အဆင့်က ငါနဲ့စကားပြောဖို့ မထိုက်တန်ဘူး၊ နင်တို့ရဲ့ ဧကရာဇ်ကိုယ်တိုင် လာဖို့ပြောလိုက်"

ထို့နောက် သူမတစ်ဘက်က ဗိုလ်ချုပ်ကို လျစ်လျူရှုပြီး သူမ၏ကိုယ်ပိုင်စစ်တပ်ကို ကြည့်လိုက်သည်။ 

မီးတောက်နီ၀တ်စုံရှင်များက ဆက်လက်တိုက်ခိုက်နေသည်။ 

တခြားတစ်ဘက်တွင် နှင်းဖြူရောင်ချပ်၀တ်စစ်တပ်က တစ်လှမ်းပြီးတစ်လှမ်း ဆုတ်နေရသည်။ 

လူနည်းစုနဲ့ လူအများစုကို အနိုင်ယူရမှာလား!

ဟုန်ရင် လှောင်ပြုံးပြုံးလိုက်သည်။ 

ဒီလိုတိုက်ပွဲမျိုးကို သူမအကြိမ်ပေါင်းများစွာ တိုက်ခိုက်ဖူးသည်။ 

အဆင့်နိမ့်ကြယ်နယ်မြေကနေ အလယ်အလတ်အဆင့်ကြယ်နယ်မြေအထိ နှစ်ဘက်စလုံး၏ ကြယ်နယ်မြေများကို ပေါင်းစည်းပြီး အနည်းနှင့်အများကို အနိုင်မယူသည့် အကြိမ်ဟူ၍ ဘယ်နှစ်ကြိမ် ရှိခဲ့ဖူးလေသနည်း။ 

ဟုန်ရင် အရေအတွက်ကို ဆုံးရှုံးနေသည်။ 

ဒီအခိုက်အတန့်မှာ တစ်ဘက်လှည်းထဲက ဗိုလ်ချုပ်က ဟုန်ရင်သူ့ကို နောက်ထပ်အာရုံစိုက်မနေတော့တာကို မြင်သောအခါ သူအံကြိတ်ကာ အော်ဟစ်လိုက်၏။ 

"ဟိုးဘက်ကစစ်သားတွေ၊ နားထောင်ကြ၊ မင်းတို့အခုအရှုံးပေးမယ်ဆိုရင် ငါတို့ မင်းတို့ကို မသတ်ဖို့အတွက် ရွေးချယ်လို့ရတယ်"

"ဒါပေမယ့် မင်းတို့ သစ်ပင်ကိုလှုပ်ယမ်းဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်တစ်ကောင်လို၊ လှည်းရထားကို ရပ်ဖို့ကြိုးစားနေတဲ့ ရှီခိုးကောင်လို ဖြစ်နေဦးမယ်ဆိုရင်တော့ ရိုင်းပျတဲ့အတွက် ငါတို့ကို အပြစ်မတင်နဲ့"

ဒါကိုကြားသောအခါ အောက်က နှင်းဖြူရောင်ချပ်၀တ်စစ်သားများက ရှင်းလင်းစွာပင် စတင်တုံ့ဆိုင်းလာကြပြီး သူတို့၏ ရှုံ့နိမ့်မှုက ပို၍ပင်အားကောင်းလာသည်။ 

ဟုန်ရင်အနည်းငယ် မျက်မှောင်ကြုတ်ရင်း အသံထဲတွင် အင်ပါယာဆန္ဒကို ထည့်သွင်းပြီးနောက် နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။ 

"သူတို့ကိုမသတ်ဘဲ လက်နက်ချဖို့ဆိုတာက ရယ်စရာပဲ၊ သူတို့ကျားကို တောင်ပေါ်ပြန်ခွင့်ပေးလိမ့်မယ်လို့ မင်းတို့တကယ်ထင်နေကြတာလား"

"တိုင်းပြည်နှစ်ခုရဲ့စစ်ပွဲမှာ ပြဿာနာရဲ့ အရင်းအမြစ်ကို ရှင်းလင်းသုတ်သင်ပစ်ဖို့ ဆိုတာက မဖြစ်မနေလိုအပ်တယ်၊ မင်း‌တို့နောက်ကွယ်က မိသားစုတွေ၊ မိတ်ဆွေတွေကို တွေးတောကြ၊ မင်းတို့ဘယ်သူ့အတွက် တိုက်ခိုက်နေကြတာလဲ"

ဒီစကားလုံးအနည်းငယ်နှင့်အတူ စစ်တပ်ထဲကလူများက ဒါကိုနားလည်သဘောပေါက်သွားကြ၏။ သူတို့က မြေပေါ်ကျသွားသည့်ဓားများကိုကောက်ရင်း အစွမ်းကုန် စတင်တိုက်ခိုက်ကြသည်။ 

"မင်းတို့မှာ နည်းလမ်းတစ်ခုပဲရှိတယ်၊ ဒါကတိုက်ခိုက်ခြင်းပဲ" ဟုန်ရင်လက်ဆက် အော်ဟစ်သည်။ 

"မင်းတို့ရှုံးရင် ဘာမှမရှိတော့ဘူး၊ မင်းတို့ အရှုံးကို၀န်ခံလိုက်မယ်ဆိုရင်လည်း ဘာမှမရှိတော့ဘူး၊ ရှင်သန်နိုင်မယ့် အခွင့်အလမ်းအတွက် မင်းတို့တိုက်ခိုက်ဖို့ အသက်စွန့်ချင်လား ဒါမှမဟုတ် လက်လျှော့ပြီး ကိုယ့်ကိုကိုယ် သတ်သေချင်လား"

အင်ပါယာဆန္ဒ၏ အားဖြည့်မှုနှင့်အတူ ဒီစကားလုံးများက နှင်းဖြူရောင်ချပ်၀တ်စစ်သားများ၏ နားထဲသို့ ၀င်ရောက်သွားကြပြီး သူတို့စိတ်ထဲတွင် ပဲ့တင်ထပ်ကာ သူတို့အား နိုးကြားသွားစေသည်။ 

သူတို့သာနိုင်ပါက အသက်ရှင်ရမည်။ ရှုံးနိမ့်ပါက သေရမည်။ 

"သတ်ကြ....!"

ဒီအခိုက်အတန့်မှာပင် သွေးနီရောင်၀တ်ရုံစစ်တပ်၏ တိုက်ခိုက်မှုက တားဆီးပိတ်ဆို့ခံလိုက်ရသည်။ 

ထိုလူ ဒီမြင်ကွင်းကိုမြင်သောအခါ သူ့အမူအရာက အလွန်အမင်း ကြည့်ရဆိုးသွားခဲ့သည်။ 

သို့စေကာမူ ဒါကယာယီအတွက်သက်သက်ဆိုတာ ဟုန်ရင်သိပါသည်။ 

သူတို့၏တိုက်ခိုက်ရေးစိတ်ဓာတ်ကို သူတို့တည်ငြိမ်အောင် လုပ်နိုင်ခဲ့လျှင်ပင် သူတို့တွင် အောင်ပွဲရရန်အတွက် ယုံကြည်ချက်မရှိလေရာ စိတ်ဓာတ်ကြံ့ခိုင်မှုများ၊ အားတက်မှုများမရှိပါ။ 

ထို့ကြောင့် ထိုလူ၏ထိတ်လန့်နေသည့် အကြည့်အောက်တွင် ဟုန်ရင်လက်ကို ဝှေ့ယမ်းရင်း အနီရောင်၀တ်ရုံကို ဆင်မြန်းကာ လက်ထဲတွင် ပြန်လည်မွေးဖွားခြင်းလှံကို ကိုင်လိုက်၏။ 

လေဟာနယ်ထဲတွင် အင်ပါယာဆန္ဒနှင့် ပြန်လည်မွေးဖွားခြင်းတာအိုနိယာမတို့က ပေါက်ကွဲသွားပြသည်။ 

ထို့နောက် သူမခုန်ဆင်းကာ မြင်းတစ်ကောင်ပေါ်သို့ တက်လိုက်သည်။ 

ဟုန်ရင် လက်တစ်ဖက်တွင်လှံကိုကိုင်ပြီး ကျန်တစ်ဖက်တွင် အလံ‌တစ်ခုကိုင်ထားသည်။ သူမရန်သူများ၏ ဗဟိုချက်ကို ညွှန်ရင်း နောက်က စစ်သားများကို ကြည့်ကာ တည်ငြိမ်စွာပြောသည်။ 

"ဒီနေ့ ငါတို့နောက်ဆုံးတိုက်ပွဲအဖြစ် ယူဆတိုက်ခိုက်ကြမယ်၊ ဒါက ငါ့ရဲ့နောက်ဆုံးအမိန့်လည်းဖြစ်တယ်"

ဒါကိုကြားသောအခါ နှစ်ဘက်စလုံးက စစ်သားများက အမှန်တကယ်ရပ်လိုက်ကြပြီး သူတို့၏အကြည့်များကို မြင်းပေါ်က ၀တ်ရုံနီဧကရီထံ အာရုံစိုက်လိုက်ကြ၏။ 

"ငါ့ကိုမြင်တာနဲ့ မြင်းပေါ်က ဆင်းကြ"

"မပူဆွေးနဲ့၊ တိုက်ခိုက်တာကို မရပ်လိုက်နဲ့"

"အလံနဲ့အနီးကပ်လိုက်၊ လှံကို တင်းတင်းကိုင်ပြီး ဓားကို လှုပ်ယမ်းကြ"

"ငါတို့ရန်သူကို မဖျက်ဆီးနိုင်သရွေ့ ပြန်မလှည့်ဘူး"

ဟုန်ရင်၏စကားလုံးများက ကမ္ဘာတစ်ခုလုံးအတွင်း ပဲ့တင်ထပ်သွားပြီး လေဟာနယ်ကိုပင် တုန်ခါသွားစေသည်။ 

မီးတောက်နီ၀တ်ရုံစစ်သားများ ဒီမြင်ကွင်းကိုမြင်သောအခါ သူတို့ထိတ်လန့်သွားကြ၏။ 

တခြားတစ်ဘက်တွင် နှင်းဖြူရောင်ချပ်၀တ်လူက စိတ်လှုပ်ရှားလွန်းသဖြင့် သူတို့တစ်ကိုယ်လုံးပင် တုန်ယင်နေခဲ့သည်။ သူလက်ထဲက လက်နက်ကို မြှောက်ပြီး အရူးအမူးအော်ဟစ်သည်။ 

"ငါတို့ရန်သူကို မဖျက်ဆီးနိုင်ဘူးဆိုရင် နောက်ပြန်မလှည့်ဘူး"

"သတ်ကြ......"

အပိုင်း(1101) coming။ 

All Chapters