← Chapters

#အင်ပါယာမှတ်တမ်း၊ ထာ၀ရနတ်ဆိုးကိုယ်ထည်၏ သတ္တမအဆင့်#

Vol. 78 Ch. 1101

#အင်ပါယာမှတ်တမ်း၊ ထာ၀ရနတ်ဆိုးကိုယ်ထည်၏ သတ္တမအဆင့်#

Vol. 78 Ch. 1101

အရင်စာသားကို တိုက်ပွဲရည်ရွယ်ချက်ကို တည်ငြိမ်စေရန်အတွက် သုံးခဲ့ပါက နောက်ဆုံးစာသားနှင့် လုပ်ဆောင်ချက်များက စိတ်ဓာတ်မြှင့်တင်ရန်အတွက် ဖြစ်သည်။ 

စိတ်ဓာတ်မြှင့်တင်ရန်အတွက် နည်းဗျူဟာတစ်ခုဖြစ်စေ သို့မဟုတ် စစ်တပ်၏ စိတ်ဓာတ်ကို တည်ငြိမ်အောင် လုပ်ရန်အတွက် နည်းဗျူဟာတစ်ခုဖြစ်ပါစေ ဘယ်တစ်ခုကမှ ဧကရာဇ်တစ်ဦးကိုယ်တိုင် လေ့လာဦးဆောင်ခြင်းကို မယှဉ်နိုင်ပေ။

လေ့လာရေးခရီးကို ကိုယ်တိုင်ဦးဆောင်တာထက် စိတ်ဓာတ်မြှင့်တင်ပေးနိုင်တာ ဘယ်အရာရှိဦးမည်နည်း။ 

ဧကရာဇ်များက သေခြင်းတရားကို မကြောက်ကြပါ။ သူတို့ဓားများကို ဝှေ့ယမ်းရင်း လှံများကိုမြှောက်ကာ စစ်တပ်ရှေ့ကနေ တိုက်ခိုက်ကြပေလိမ့်မည်။ 

စစ်သားများကရော ဘာအကြောင်းရင်းကြောင့် ကြောက်ရမည်နည်း။ ဧကရာဇ်နောက်ကနေလိုက်ပြီး ရန်သူကို မကြောက်မရွှံ့ တိုက်ခိုက်ရန်အတွက် တုံ့ဆိုင်းနေရန် သူတို့တွင် ဘာအကြောင်းရင်းရှိရမည်နည်း။ 

တစ်ခဏအကြာတွင် ဟုန်ရင်၏ စစ်သားများ၏ တိုက်ခိုက်ရေးစိတ်ဓာတ်နှင့် ကြံ့ခိုင်မှုတို့က အမြင့်ဆုံးအဆင့်အထိ ထိုးတက်သွားခဲ့သည်။ 

သူတို့ဆက်လက်အော်ဟစ်ရင်း ရန်သူအား တိုက်ခိုက်ကြသည်။ 

ဒီမကြောက်မရွှံ့တိုက်ခိုက်မှုအောက်တွင် အခြေအနေက ပြောင်းပြန်ဖြစ်လာသည်။ 

လှည်းပေါ်က ဗိုလ်ချုပ် ဒီမြင်ကွင်းကို မြင်သောအခါ မယုံနိုင်ဖြစ်သွားရသည်။ အရေအတွက်ကွာခြားချက်က ကြီးမားသည်။ မူလက စိတ်ဓာတ်ပျက်ပြားနေပြီး တစ်ချက်တည်းနှင့် ပြိုကွဲသွားနိုင်သည့် စစ်တပ်က စတင်ပြန်လည်တိုက်ခိုက်နိုင်လာသည်လား။ 

ဒါကအနိုင်ရဖို့သေချာသည့် အခြေအနေတစ်ခုပင်။ သူမက သူဘယ်လိုရှုံးနိုင်မည်နည်း။ 

ဒါကိုတွေးမိသောအခါ ဗိုလ်ချုပ် ဒေါသထွက်သွားသည်။ 

"သူတို့ကိုသတ်၊ သူတို့အဆုံးသတ်ကို ရောက်နေပြီ၊ သူတို့က ခြိမ်းခြောက်မှုတစ်ခုမဟုတ်တော့ဘူး၊ နောက်ဆုတ်ရဲတဲ့ဘယ်သူမဆို မိသားစုတစ်ခုလုံး အသတ်ခံရမယ်"

သို့စေကာမူ တစ်ခါတစ်ရံ တိုက်ပွဲတစ်ခုက အသက်ရှူကြိမ်ရေတစ်ကြိမ်တည်းကိုသာ အားကိုးနိုင်တာကို သူမျှော်လင့်မထားခဲ့ပါ။ 

အသက်ရှူကြိမ်ရေတစ်ကြိမ်ထက်ပိုပါက သူတို့အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သည်။ ထို့နောက် ထိုအသက်ရှူကြိမ်ရေကို ဆုံးရှုံးပြီး ရှုံးနိမ့်သွားရပေလိမ့်မည်။ 

နောက်ကနေ လိုက်ပါလာတာက တစ်ဖက်သတ်အခြေအနေတစ်ခုပင်။ 

ဟုန်ရင်ကိုယ်တိုင် ဆင်းလာဆောင်ရွက်သောအခါ တခြားတစ်ဘက်က ဗိုလ်ချုပ်ရှေ့က အရာတိုင်းက စတင်ဝေဝါးပြီး ပျောက်ကွယ်သွားသည်။ 

အစစ်အမှန်နတ်ဘုရားနယ်ပယ် နဂါးဧကရာဇ်၏ ပုံရိပ်က ထပ်မံပေါ်လာသည်။ 

"မဆိုးဘူး" အစစ်အမှန်နတ်ဘုရားနယ်ပယ် နဂါးဧကရာဇ် ဟုန်ရင်ကို ကြည့်သည်။ သူ့အသံက တည်ငြိမ်နေသော်လည်း သူ့မျက်လုံးများက လေးစားမြတ်နိုးမှုများနှင့် ပြည့်နှက်နေသည်။ 

"ငါ့တောင်းဆိုချက်ကို ဒီလောက်မြန်မြန် ဖြည့်ဆည်းပေးဖို့ဆိုတာက မလွယ်ကူပါဘူး"

အစစ်အမှန်နတ်ဘုရားနယ်ပယ် နဂါးဧကရာဇ် ဟုန်ရင်၏လုပ်ရပ်များကို မချီးမွမ်းဘဲ သူမ၏ အမြန်နှုန်းအပေါ်သာ ချီးမွမ်းသည်။ 

မည်သည့်ဧကရာဇ်မဆို ဒီနည်းလမ်းကို သေချာပေါက်သိမည်သာ။ 

သို့သော် သိခြင်းနှင့် အကောင်အထည်ဖော်ခြင်းက မတူညီသည့်အရာနှစ်ခုပင်။ 

ဖြည်းဖြည်းချင်း အကောင်အထည်ဖော်ခြင်းနှင့် မြန်မြန်အကောင်အထည်ဖော်ခြင်းတို့ကလည်း မတူညီသည့်အရာနှစ်ခုဖြစ်သည်။ 

ဟုန်ရင်၏လုပ်ရပ်များက ဧကရီတစ်ဦးအဖြစ် သူမ၏နည်းဗျူးဟာများကို ပြသခဲ့သည်သာမက သူမ၏ပြတ်သားမှုနှင့် ရဲစွမ်းသတ္တိကိုပါ ပြသခဲ့သည်။ 

ဒါက ဧကရာဇ်တစ်ဦးဖြစ်လာခြင်း၏ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုပင်။ 

အစစ်အမှန်နတ်ဘုရားနယ်ပယ် နဂါးဧကရာဇ်၏ ချီးမွမ်းမှုအပေါ် ဟုန်ရင် ဂုဏ်ယူမနေဘဲ ယင်းအစား တည်ငြိမ်စွာပြောသည်။

"စိတ်ဓာတ်ကျဆင်းနေတဲ့ အခြေအနေမှာ ဒါကအရှုံးတွေကို အမြန်ရပ်ပြီး အနိုင်ယူနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းပဲ"

အစစ်အမှန်နတ်ဘုရားနယ်ပယ် နဂါးဧကရာဇ် ခေါင်းညိတ်ကာ ဟုန်ရင်အား ကျေနပ်စွာ ကြည့်သည်။ 

"မင်းက ဧကရီတစ်ဦးဖြစ်လာဖို့အတွက် မွေးဖွားလာသူပဲ၊ မင်းငါ့အမွေကို ဆက်ခံလို့ရတယ်"

"မင်းရဲ့ကျင့်ကြံခြင်းနည်းစနစ်က မင်းမှာ အင်ပါယာဆန္ဒရှိရင်တောင် အကောင်းဆုံး အသုံးပြုနိုင်မှာ မဟုတ်ဘူး၊ ဒီလိုဆိုမှတော့ ငါမင်းကို ငါ့ရဲ့ကျင့်ကြံခြင်းနည်းစနစ်ကို ပေးမယ်"

ထို့နောက် အစစ်အမှန်နတ်ဘုရားနယ်ပယ် နဂါးဧကရာဇ် ဟုန်ရင်၏ မျက်ခုံးကြားသို့ ညွှန်ပြလိုက်သည်။ 

ဧရာမသတင်းအချက်အလက် စီးကြောင်းတစ်ခုက ဟုန်ရင်၏ အသိစိတ်ပင်လယ်ထဲသို့ တိုး၀င်သွားခဲ့သည်။ 

ဒီဧရာမသတင်းအချက်အလက်စီးကြောင်းကို ရင်ဆိုင်ရသောအခါ ဟုန်ရင်၏ လက်ရှိခွန်အားနှင့် သူမ၏အသိစိတ်ပင်လယ်ကပင် ထိခိုက်သွားမိသည်။ 

အစစ်အမှန်နတ်ဘုရားနယ်ပယ် နဂါးဧကရာဇ်၏ အသံက သူမ၏အသိစိတ်ပင်လယ်ထဲကနေ ထွက်ပေါ်လာသည်။ 

"အင်ပါယာမှတ်တမ်း၊ အင်ပါယာဆန္ဒနဲ့အတူ ကျင့်ကြံပါ"

"တစ်ချိန်တည်းမှာပဲ အင်ပါယာဆန္ဒပုံစံကိုးခုရှိတယ်၊ ပုံစံတစ်ခုစီအတွက် လိုအပ်ချက်တွေက တိမ်နဲ့ရွှံ့လိုပဲ ကွဲပြားတယ်၊ မင်းရဲ့ လက်ရှိအင်ပါယာဆန္ဒနဲ့ စတုတ္ထပုံစံကို အကောင်အထည်ဖော်ဖို့ လုံလောက်ပါပြီ"

"ငါ အင်ပါယာဆန္ဒကို မင်းရဲ့မရီဒျန်အနီးတစ်ဝိုက်ကို ယူဆောင်သွားမယ်၊ ဘယ်လောက်ကျွမ်းကျင်နိုင်မလဲဆိုတာကတော့ မင်းအပေါ်မူတည်တယ်"

အင်ပါယာမှတ်တမ်းက အစစ်အမှန်နတ်ဘုရားနယ်ပယ် နဂါးဧကရာဇ် ရှေးခေတ်တွင် နံပါတ်တစ်ဧကရာဇ်ဖြစ်လာပြီးနောက် ပြီးပြည့်စုံအောင် လုပ်ခဲ့သည့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုဖြစ်သည်။ 

ဧကရာဇ်တစ်ယောက်မဟုတ်သရွေ့ ဒါကို ကျင့်ကြံနိုင်မည်မဟုတ်။ အင်ပါယာဆန္ဒ မရှိသည့်အကြောင်းကို ပြောနေစရာပင်မလို။ 

အခြေအနေရပ်များက ခက်ခဲသော်လည်း စွမ်းအားကလည်း အတော်လေး ကြောက်စရာကောင်းသည်။ 

သို့စေကာမူ ပိုအရေးကြီးတာက ဒီအင်ပါယာမှတ်တမ်းက ဟုန်ရင်နှင့် လုံး၀ကို ကိုက်ညီနေခြင်းပင်။ 

ဟုန်ရင် တိုက်ခိုက်၊ အုပ်ချုပ်ပြီး နယ်မြေနှလုံးသားကို ရသောအခါ သူမ၏အင်ပါယာဆန္ဒကလည်း လျင်မြန်စွာ တိုးတက်လာသည်။ ဒီလျင်မြန်စွာ တိုးတက်လာသည့် အင်ပါယာဆန္ဒကိူ ယခုအချိန်တွင် ဟုန်ရင်၏ ကျင့်ကြံခြင်းအဆင့်အဖြစ် ပြောင်းလဲနိုင်နေလေပြီ။ အနာဂတ်တွင် ဟုန်ရင်၏ ကျင့်ကြံခြင်းနှုန်းက ကြီးမားစွာ တိုးတက်လာပေလိမ့်မည်။ 

.....

တခြားတစ်ဘက်တွင် ယဲ့ချိုးပိုင်၊ နင်းချန်ရှင်း၊ မုဖူရှန်းနှင့် ဖန်ချန်းတို့၏ အမွေအနှစ်လက်ခံမှုကလည်း တဖြည်းဖြည်းတိုးတက်လာနေသည်။ 

ဒီဘက်မှာပင် ရှောင်ဟိုင်ကလည်း ခန္ဓာကျင့်ကြံသူအစစ်အမှန်နတ်ဘုရားနယ်ပယ်တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ 

သို့စေကာမူ ရှောင်ဟိုင် စမ်းသပ်မှုကို ကျော်ဖြတ်ရန်အတွက် သွေးကြောစွမ်းအားကို ထုတ်လွှတ်ရန်ပြင်နေတာကို မြင်ရသောအခါ ခန္ဓာကျင့်ကြံသူအစစ်အမှန်နတ်ဘုရားနယ်ပယ်မှာ အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။

"မင်းဘာလို့သွေးကြောကို မလွှတ်ပေးရတာလဲ၊ ဘာဖြစ်လာမလဲဆိုတာ ကြည့်ကြရအောင်"

ရှောင်ဟိုင်စိတ်ရှုပ်ထွေးသွားသော်လည်း သွေးကြောစွမ်းအားကို ထုတ်လွှတ်ပေးလိုက်သည်။ 

ထုတ်လွှတ်လိုက်သည့်အခိုက်အတန့်၌ သူ့သွေးကြောကနေ ရွှေရောင်အလင်းတစ်ခု ပေါ်လာသည်။ 

ခန္ဓာကျင့်ကြံသူအစစ်အမှန်နတ်ဘုရား ထိတ်လန့်သွားသည်။ 

"မင်းဒီသွေးကြောစွန်းအားကို ဘယ်မှာ အမွေရခဲ့တာလဲ"

အမှန်ပြောရပါက ရှောင်ဟိုင်၏သွေးကြောကို သူမြင်နိုင်စွမ်းမရှိချေ။ ဒီသွေးကြောစွမ်းအားက သူလေ့လာ၍ရသည့် အရာတစ်ခုမဟုတ်ပါ။ 

၎င်းက နတ်ဆိုးချီနှင့် ပြည့်နှက်နေသော်လည်း လုချန်ရှန်း၏သွေးကြောက ဗဟိုချက်ကို ဖုံးကွယ်ထားသည်။ 

မည်သို့ပင်ဆိုစေကာမူ ထိုသွေးအဆီအနှစ်တစ်စက်က ရှောင်ဟိုင်၏နှလုံးသားထဲတွင် ပေါင်းစပ်နေပြီမဟုတ်ပေလော။ 

ရှောင်ဟိုင်၏ခွန်အားနှင့် နယ်ပယ်တိုးလာသောအခါ သူ့သွေးကြောစွမ်းအားကလည်း ပို၍ပင် အားကောင်းလာသည်။ 

လုချန်ရှန်းသွေးစက်ကို စုပ်ယူနှုန်းကလည်း ပို၍တိုးလာခဲ့သည်။ 

ရလဒ်အဖြစ် ရှောင်ဟိုင်၏ သွေးကြောစွမ်းအားက လုချန်ရှန်းသွေးအဆီအနှစ်၏ အရိပ်အောက်တွင် ပျောက်ကွယ်သွားရသည်။ 

အကယ်၍ မတူညီသည့်သွေးအမျိုးအစားနှစ်ခုက ငြိမ်းချမ်းစွာ အဆင်ပြေလိုပါက ပိုအားကောင်းသောဘက်က ပိုအားနည်းသောဘက်ကို ဖုံးကွယ်ပေးထားမည်သာ။ 

ရှောင်ဟိုင်တစ်ခဏမျှတွေးလိုက်သည်။ 

"ဒါကဆရာ့ရဲ့သွေးကြောပါ"

ဆရာလား!

ခန္ဓာကျင့်ကြံသူအစစ်အမှန်နတ်ဘုရား ခါးသီးစွာရယ်မောသည်။ 

"မင်းဆရာရဲ့ခွန်အားက ငါစိတ်ကူးထားတာထက် ပိုနေလောက်တယ်၊ ငါမင်းကို ပေးနိုင်တဲ့အမွေက သူ့ထက်နိမ့်ကျလောက်တယ်"

ဒီလိုသွေးကြောစွမ်းအားမျိုးနှင့် ထိုဆရာက ဘယ်လိုလုပ် အားနည်းနိုင်မည်နည်း။ 

ကောင်းကင်အပြစ်ပေး အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူက ရှေးခေတ်ကတည်းက နံပါတ်တစ်ခန္ဓာကျင့်ကြံသူဖြစ်သည်။ သွေးကြော၌ဖြစ်စေ သို့မဟုတ် နယ်ပယ်တွင်ဖြစ်စေ ထိပ်တန်းတည်ရှိမှုများဖြစ်သည်။ 

သူပင်လျှင် လုချန်ရှန်း၏သွေးကြောကို မြင်နိုင်စွမ်းမရှိချေ။ လုချန်ရှန်းက အနည်းဆုံးတော့ ဘိုးဘေးအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်ရပေလိမ့်မည်။ 

"ဒီလိုဆိုမှတော့ ငါ့ရဲ့ကျင့်ကြံခြင်းနည်းစနစ်ကို မင်းပြောင်းစရာမလိုဘူး၊ မင်းကိုယ်ထဲက ရက်စက်ခြင်းအော်ရာက ဖိနှိပ်ဖို့အတွက် အရမ်းသိပ်သည်းလွန်းနေတာကို ငါမြင်တယ်၊ ဒီတော့ ပေါင်းစပ်ဖို့အတွက် ငါကူညီပေးမယ်"

ကောင်းကင်အပြစ်ပေး အစစ်အမှန်နတ်ဘုရား ရှောင်ဟိုင်၏ရင်ဘတ်ကို ရက်စက်စွာပင် ရိုက်ချလိုက်၏။ 

အစွမ်းထက်အားတစ်ခုက ရှောင်ဟိုင်ကို မလွင့်စင်သွားစေဘဲ ယင်းအစား သူ့ခြေလက်အင်္ဂါများနှင့် အရိုးများထဲသို့ အပ်တစ်ချောင်းပမာ ထိုးဖောက်ကျုးကျော်သွား၏။ 

သူရှောင်ဟိုင်ကိုယ်ထဲက ခွန်အားအားလုံးကို သွေးကြောအဖြစ် ပေါင်းစပ်ကာ အသုံးပြုခဲ့သည်။ 

ဒီသုံးရက်အတွင်း ပေါင်းစည်းခြင်းဖြစ်စဉ်၌ ရှောင်ဟိုင် ရူးသွပ်သည့်အခြေအနေနှင့် သတိရှိသည့်အခြေအနေအကြား မကြာခဏဆိုသလို ပြောင်းနေခဲ့သည်။ သူ့အသိစိတ်ပင်လယ်ထဲက ဖိအားကလည်း အင်မတန်ကြီးမားလာသည်။ 

ကံကောင်းချင်တော့ သူဒါကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ 

ပေါင်းစပ်မှုအပြီးတွင် ရှောင်ဟိုင်၏ လက်ရှိကိုယ်ခွန်အားအရ ပိုင်ကောင်းကျွင်းကို ထပ်မံရင်ဆိုင်ရန်ဟူသည် သူ့အတွက် အရမ်းကြီးခက်ခဲမည်မဟုတ်တော့။ 

သို့သော် ရှောင်ဟိုင်ကို ပို၍အံ့ဩသင့်စေတာက အချိန်အတော်ကြာ ချိုးဖျက်ခဲ့ခြင်းမရှိသည့် ထာ၀ရနတ်ဆိုးကိုယ်ထည်၏ သတ္တမပုံစံကွက်က သူ့ကိုယ်ခန္ဓာမျက်နှာပြင်၌ ပေါ်လာခြင်းပင်။ 

ဒီပုံစံကွက်က ရက်စက်မှုများနှင့် ပြည့်နှက်နေသည်။ 

ဒါကိုမြင်သော် ရှောင်ဟိုင်ပြုံးလိုက်ပြီး ကောင်းကင်အပြစ်ပေး အစစ်အမှန်နတ်ဘုရားအား လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။ 

"ကျေးဇူးပါ စီနီယာ"

ကောင်းကင်အပြစ်ပေး အစစ်အမှန်နတ်ဘုရား လက်ဝှေ့ယမ်းပြီးနောက် စာလိပ်တစ်လိပ်ပစ်ပေးသည်။ 

"မင်းကျင့်ကြံခြင်းနည်းစနစ်တစ်ခု မလိုအပ်ဘူးဆိုတော့ ငါမင်းကို ဒီလက်သီးပညာရပ်ကို ပေးမယ်"

ထို့ထဲတွင် 'ကောင်းကင်အပြစ်ပေးနတ်လက်သီး' ဟူသောစာလုံးကို ရေးထွင်းထားသည်။ 

"ဒါက ငါ့ဘ၀တစ်ခုလုံး ကျင့်ကြံခဲ့တဲ့ လက်သီးပညာရပ်တစ်ခုပဲ၊ ဒါကို ငါ့အမွေအနှစ်ကို မင်းကိုလက်ဆင့်ကမ်းပေးတာလို့ မှတ်ယူလို့ရတယ်"

ရှောင်ဟိုင်လေးနက်စွာခေါင်းညိတ်သည်။ 

"ဟုတ်ကဲ့၊ ဒါနဲ့စီနီယာ၊ ကျွန်တော်တစ်ခုမေးလို့ရမလား"

"မေးလေ၊ ရတယ်"

"စီနီယာ၊ ခင်ဗျားခွန်းလွန်အပျက်အစီးနဲ့ ပတ်သက်ပြီး တစ်ခုခုများသိလား"

အပိုင်း(1102) coming။ 

All Chapters