← Chapters

#ကြယ်စင်စုကို လမ်းညွှန်အဖြစ်၊ ဆယ်ခုမြောက်ကြယ်ဗဟိုချက်#

Vol. 78 Ch. 1102

#ကြယ်စင်စုကို လမ်းညွှန်အဖြစ်၊ ဆယ်ခုမြောက်ကြယ်ဗဟိုချက်#

Vol. 78 Ch. 1102

နေနှင့်လက အပြန်အလှန်သက်ရောက်ပြီး တောက်ပသည့်လနှစ်စင်းက ခွန်းလွန်အပျက်အစီးထဲတွင် ပေါ်လာခဲ့သည်။ 

ရှောင်ဟိုင်အတွက်မူ သူ့ပန်းတိုင်က ခွန်းလွန်အပျက်အစီးထဲက စိတ်ဝိဉာဉ်သုံးခုအနက်မှ တစ်ခုဖြစ်သည်။ 

ရှောင်ဟိုင်၏မေးခွန်းကို ကြားသောအခါ ကောင်းကင်အပြစ်ပေး အစစ်အမှန်နတ်ဘုရား ရှင်းတျန်းမှာ ရှောင်ဟိုင်အား ကြည့်ရင်း လေးနက်စွာမေးသည်။ 

"ခွန်းလွန်အပျက်အစီးကို မင်းဘယ်လိုသိတာလဲ"

ရှောင်ဟိုင် အမှန်အတိုင်းပင်ပြောသည်။ 

"ကျွန်တော့်ရဲ့ အကြွင်းအကျန်ဝိဉာဉ်က ခွန်းလွန်အပျက်အစီးမှာ ရှိနေတော့ ကျွန်တော် အဲဒီကို သွားဖို့လိုတယ်"

"မင်းရဲ့အကြွင်းအကျန်ဝိဉာဉ်က ခွန်းလွန်အပျက်အစီးထဲမှာလား" အစစ်အမှန်နတ်ဘုရားရှင်းတျန်း၏မျက်လုံးများက တုန်ယင်သွားပြီး မယုံနိုင်စွာပြောသည်။ 

"ရှေးဟောင်းစစ်ပွဲအပြီးမှာ ခွန်းလွန်အပျက်အစီးက ကမ္ဘာကြီးထဲမှာ ဘယ်တော့မှ ပြန်မပေါ်လာတော့ဘူး၊ မင်းရဲ့အကြွင်းအကျန်ဝိဉာဉ်က ဘယ်လိုလုပ် အဲမှာ ပေါ်လာရတာလဲ"

ရှောင်ဟိုင်ခေါင်းခါယမ်းသည်။ 

သို့စေကာမူ ရှန်းလျို၏စကားလုံးများကို သူရုတ်တရက် တွေးလိုက်မိသည်။ 

ဉာဏ်ကြီးရှင်က သူ့အကြွင်းအကျန်ဝိဉာဉ်ကို ခွန်းလွနိအပျက်အစီးထဲတွင် ထားခဲ့တာများ ဖြစ်နိုင်မည်လား။ 

အစစ်အမှန်နတ်ဘုရားရှင်းတျန်းမှာ ရှောင်ဟိုင်အား မေးခွန်းထုတ်သည့်အကြည့်ဖြင့် ကြည့်နေသည်။ 

သူ့တွင် သူပင်လျှင်မြင်နိုင်စွမ်းမရှိသည့် သွေးကြောထဲ၌ အော်ရာတစ်ခုရှိနေသည်သာမက ခွန်းလွန်အပျက်အစီးထဲတွင် ချန်ထားခဲ့သည့် အကြွင်းအကျန်ဝိဉာဉ်တစ်ခုလည်းရှိနေသည်။ ဒီကလေးကဘယ်သူလဲ!

"ခွန်းလွန်အပျက်အစီးရဲ့ အတိအကျတည်နေရာကိုတော့ ငါလည်းသိပ်မသေချာဘူး၊ ခွန်းလွန်အပျက်အစီးကို အရင်က ခွန်းလွန်ဘိုးဘေးတည်ထောင်ခဲ့တာလေ၊ ဒါက ခွန်းလွန်အပိုင်းမှာ ရှိလောက်မယ်ဆိုတာကိုတော့ ငါသိတယ်"

"ခွန်းလွန်အပိုင်း" ရှောင်ဟိုင်စိတ်ရှုပ်ထွေးသွားသည်။ 

အစစ်အမှန်နတ်ဘုရားရှင်းတျန်းရှင်းပြသည်။ 

"မင်းအခုလေးတင် ၀င်လာတဲ့နေရာကို အင်ပါယာလျန်အပိုင်းလို့ခေါ်တယ်၊ မင်းဧကရာဇ်တစ်ရာမြို့ကို ရောက်တဲ့အခါ ဘိုးဘေးအင်ပါယာအပိုင်းနဲ့ ခွန်းလွန်အပိုင်းကြားက နယ်စပ်ကို ရောက်နှင့်နေပြီ၊ မင်းထွက်သွားတဲ့အခါ လရဲ့တည်ရှိရာဘက်ကို လျှောက်သွားတာနဲ့ ခွန်းလွန်အပိုင်းကို ရောက်သွားလိမ့်မယ်"

"ခွန်းလွန်အပျက်အစီးရဲ့ အတိအကျတည်နေရာနဲ့ ပတ်သက်ပြီးတော့ မင်းကိုယ်တိုင်ရှာဖွေရမယ်"

ဒါကိုကြားသော် ရှောင်ဟိုင်လက်သီးဆုပ်သည်။ 

"ကျေးဇူးပါ စီနီယာ"

အစစ်အမှန်နတ်ဘုရားရှင်းတျန်း ခေါင်းညိတ်သည်။ 

"မင်းရဲ့အဖော်တွေ ထွက်မလာသေးဘူး၊ မင်း ကောင်းကင်အပြစ်ပေးနတ်လက်သီးကို ဘာလို့မကျင့်ကြံရတာလဲ၊ ငါမင်းကို ဘေးကနေ လမ်းညွှန်ပေးနိုင်တယ်"

"ဟုတ်ကဲ့"

.....

တခြားတစ်ဘက်တွင် ရှီရှန်းက ကြယ်တာယာဟင်းလင်းပြင်တစ်ခုတွင် ရောက်နေသည်။ 

မျက်စိတဆုံးမြင်နိုင်တာက ကျယ်ပြောလှသည့် စကြာ၀ဠာက ဧရာမနဂါးတစ်ကောင်၏ ကျောရိုးအဖြစ် ပြောင်းလဲသွားသည့်အသွင်။ ကြယ်များက နဂါးအကြေးခွံများကဲ့သို့ပင် ဝေးလံကာ လင်း၀င်းတောက်ပနေသည်။ 

ကြယ်တိုင်းက ခပ်မှိန်မှိန် သို့မဟုတ် ပြင်းထန်သော ကြယ်အလင်းကို ထုတ်လွှတ်သည်။

သို့တိုင်အောင် တစ်ခုကိုမှ လျစ်လျူရှုထား၍မရပေ။ 

"မင်းခေးအောစ့်ကြယ်မှတ်တမ်းကို ကျင့်ကြံတာလား" အဖြူ၀တ်လူတစ်ယောက် ရုတ်တရက် ရှီရှန်းဘေးတွင် ပေါ်လာပြီး သူနှင့်အတူ ကြယ်တာယာကောင်းကင်ကို ကြည့်လိုက်၏။

ရှီရှန်း အနည်းငယ်ကြက်သေသေသွားသော်လည်း ခေါင်းညိတ်သည်။ 

"ဟုတ်ကဲ့"

အဖြူ၀တ်လူကပြုံးသည်။ 

"ဒါက ငါတီထွင်ခဲ့တဲ့ ကျင့်ကြံခြင်းနည်းစနစ်ပဲ"

ရှီရှန်းဒါကို ကြားသောအခါ ထပ်မံကြက်သေသေသွားပြီးနောက် အဖြူ၀တ်လူကို အလျင်အမြန်ဦးညွတ်ကာ လက်သီးဆုပ်သည်။ 

"ကျေးဇူးပါ စီနီယာ"

ခေးအောစ့်ကြယ်မှတ်တမ်းကို သူ့ဆရာ သူ့ကိုပေးခဲ့ခြင်းဖြစ်သော်လည်း ဒီကျင့်ကြံခြင်းနည်းစနစ်က သူဘ၀လမ်းကြောင်းနှင့် သူကျင့်ကြံခဲ့သည့် တာအိုကို ပြောင်းလဲပစ်ခဲ့သည်ဟု ဆို၍ရသည်။ 

ဒီနည်းစနစ်၏ ဖန်တီးသူအနေနှင့် ဒါက ထိုက်တန်ပါသည်။ 

ကြယ်အစစ်အမှန်နတ်ဘုရားက ပြုံးသည်။ 

"မင်းကိုကျေးဇူးတင်သင့်တာက ငါပါ၊ ငါ့ဘ၀တစ်လျှောက်လုံးမှာ ငါကိုးခုမြောက် ကြယ်ဗဟိုချက်ကို တစ်ခါမှ မကျင့်ကြံနိုင်ခဲ့ဘူး၊ မင်းကအခုပြီးမြောက်နေပြီ"

"အရင်က ငါသာကိုးခုမြောက်ကြယ်ဗဟိုချက်ကို ကျင့်ကြံနိုင်ခဲ့မယ်ဆိုရင် လူသားဘိုးဘေးနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့မှာ...." ဒီနေရာတွင် ကြယ်အစစ်အမှန်နတ်ဘုရား ခါးသီးသောအပြုံးနှင့်အတူ ခေါင်းခါယမ်းသည်။ 

"ငါဒီကျင့်ကြံခြင်းနည်းစနစ်ကို တီထွင်ခဲ့တုန်းက မရေမတွက်နိုင်လောက်တဲ့လူတွေ ငါ့ကို မွန်းစတားလို့ ခေါ်ခဲ့ကြပေမယ့် ငါ့ရဲ့ လူသားဘိုးဘေးနယ်ပယ်ကို သွားရာလမ်းကို ပိတ်ဆို့ထားခဲ့တာက ဒီကျင့်ကြံခြင်းနည်းစနစ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ"

ရှီရှန်းတစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် ကြယ်အစစ်အမှန်နတ်ဘုရား၏ ကြားဖြတ်ခြင်းကို ခံရသည်။ သူရှီရှန်းကို အပြုံးဖြင့်ကြည့်ရင်း ပြောသည်။ 

"ကံကောင်းချင်တော့ ဒီဆန္ဒကို ဖြည့်ဆည်းဖို့အတွက် ငါ့ကိုကူညီနိုင်တဲ့ အနာဂတ်မျိုးဆက်တွေရှိသေးတယ်"

ရှီရှန်းတစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်လေသည်။ 

"ကျွန်တော်သေချာပေါက် စီနီယာကို စိတ်မပျက်စေရပါဘူး"

"ငါနားလည်ပါတယ်" ကြယ်အစစ်အမှန်နတ်ဘုရား ကျယ်လောင်စွာရယ်မောသည်။ 

"ဒါပေမယ့် မင်းငါ့ကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံပြီး မင်းရဲ့ကျင့်ကြံခြင်းကလည်း ငါ့ထက်ပိုကောင်းနေတယ်ဆိုတော့ ငါ့မှာ မင်းကို ပေးစရာဘာမှမရှိဘူး"

"ဒါပေမယ့် ဒီနှစ်တွေအားလုံးမှာ ငါဘာတစ်ခုမှ မလုပ်ဘဲနေခဲ့တာမဟုတ်ဘူး၊ ကိုးခုမြောက်ကြယ်ဗဟိုချက်ရဲ့ ချို့ယွင်းချက်ကို အပြည့်အ၀ဖြေရှင်းဖို့ မင်းကြယ်ဝိဉာဉ်အနှစ်သာရကို သုံးခဲ့ပေမယ့် ငါတခြားနည်းလမ်းတစ်ခုလည်း တွေ့ခဲ့တယ်"

ရှီရှန်း အနည်းငယ်ကြက်သေသေသွားပြီးနောက် မေးသည်။ 

"စီနီယာ၊ ခင်ဗျားဆိုလိုတာက...."

"ဝိဉာဉ်နဲ့ ပူဇော်ခြင်းပဲ"

ရှီရှန်း ထိတ်လန့်တုန်လှုပ်သွား၏။ 

"ငါအရင်ဆုံးပြီးအောင် ပြောပါရစေ" ကြယ်အစစ်အမှန်နတ်ဘုရား အေးဆေးသည့်အပြုံးဖြင့်ပြောသည်။ 

"ဒီနှစ်တွေမှာ ငါ့မှာ ကိုးခုမြောက်ကြယ်ဗဟိုချက်ကို သိပ်သည်းအောင်လုပ်ဖို့ အခွင့်အလမ်းမရှိတော့ဘူးလို့ ငါတွေးနေခဲ့တယ်၊ တကယ်လို့ ကံကြမ္မာကသာ ခေးအောစ့်ကြယ်မှတ်တမ်းအတွက် သင့်တော်တဲ့လူတစါယောက်ကို ပေါ်လာစေခဲ့မယ်ဆိုရင် ဒါကိုသူ့အတွက် ဘယ်လိုစုစည်းပြီး သူ့ကို ငါနဲ့ တူညီတဲ့လမ်းကြောင်းအတိုင်း လျှောက်လှမ်းရာကနေ ဘယ်လိုတားဆီးမလဲ"

"နောက်ဆုံးမှာတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ငါဒါကိုတွေ့ခဲ့တယ်၊ ခေးအောစ့်ကြယ်မှတ်တမ်းကို ကျင့်ကြံတဲ့ ငါကလည်း ကြယ်ဗဟိုချက်ကို သိပ်သည်းအောင်လုပ်ဖို့အတွက် ငါ့ဝိဉာဉ်ကို အသုံးပြုတာပဲ"

ရှီရှန်း အံ့ဩသင့်တကြီးပြောသည်။ 

"ဒါမဖြစ်နိုင်ဘူး၊ ဒီလိုလုပ်ရင် စီနီယာရဲ့ဝိဉာဉ်က...."

"ကိစ္စမရှိပါဘူး" ကြယ်အစစ်အမှန်နတ်ဘုရား လက်ဝှေ့ယမ်းကာ အပြုံးဖြင့် ပြောသည်။ 

"ငါ့ဘ၀မှာ နောင်တအရဆုံးအရာနှစ်ခုရှိတယ်၊ ပထမတစ်ခုက ကိုးခုမြောက်ကြယ်ဗဟိုချက်ကို သိပ်သည်းအောင် မလုပ်နိုင်ခဲ့တာပဲ၊ ဒုတိယတခုက ငါဒါကို အောင်မြင်စွာ မသိပ်သည်းနိုင်စေခဲ့တာမို့ လူသားဘိုးဘေးနယ်ပယ်ကို မတက်လှမ်းခဲ့ဘဲ သေမျိုးနယ်မြေကို အများကြီး မကူညီခဲ့မိတာပဲ"

"ဒါကြောင့် မင်းအတွက် ငါလုပ်တာက ငါ့နောင်တတွေအတွက် ပြန်လည်ပေးဆပ်ဖို့ပဲ၊ တချိန်တည်းမှာပဲ အနာဂတ်မှာ မင်းသေမျိုးနယ်မြေကို ကာကွယ်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်"

ဒီနေရာတွင် ကြယ်အစစ်အမှန်နတ်ဘုရား၏အပြုံးက ပျောက်ကွယ်သွားပြီး သူ့အမူအရာက လေးနက်သွား၏။ 

ရှီရှန်းတုံ့ဆိုင်းနေသည်။ 

"ဒါပေမယ့် ကျွန်တော့်မှာ ကိုးခုမြောက် ကြယ်ဗဟိုချက် ရှိနေပြီသားလေ"

"ဒီအတွက်ကြောင့်ပဲ ငါမင်းအတွက် ဆယ်ခုမြောက်ပို သိပ်သည်းစေချင်တာ"

ရှီရှန်းထိတ်လန့်သွား၏။ 

ဆယ်ခုမြောက်လား!

ခေးအောစ့်ကြယ်မှတ်တမ်းက ကိုးခုမြောက်ထိပဲ မှတ်တမ်းတင်ထားတာမလား!

"ဒါက မယုံနိုင်စရာကောင်းတယ်လို့ မင်းတွေးနေတာ ငါသိပါတယ်" ကြယ်အစစ်အမှန်နတ်ဘုရား တောက်ပသည့် အပြုံးဖြင့်ပြောသည်။ 

"ဒါပေမယ့် ငါက ခေးအောစ့်ကြယ်မှတ်တမ်းကို ဖန်တီးသူပဲ၊ ငါနည်းနည်း ကြွားဝါတတ်ပေမယ့် အရင်က ငါ့ကို ကြောက်စရာကောင်းတဲ့ မွန်းစတားအဖြစ် လူသိရှင်ကြား အသိအမှတ်ပြုခဲ့ကြတယ်"

"ဒီတော့ ဒီနေရာမှာ ငါ့ဘ၀ကို နှစ်သိန်းချီတော့ မဖြုန်းတီးနိုင်ဘူးလေ၊ ဟုတ်တယ်မလား"

"ကောင်းပြီ၊ ဆက်ပြီး တွန့်‌ဆုတ်နေတာနဲ့ ငြင်းနေရတာက မယဉ်ကျေးရာကျတယ်" ကြယ်အစစ်အမှန်နတ်ဘုရား လေးနက်စွာပြောသည်။ 

"ငါဆုံးဖြတ်ပြီးပြီ"

ကြယ်အစစ်အမှန်နတ်ဘုရား၏ အမူအရာကို မြင်ရသောအခါ ရှီရှန်း နောက်ဆုံးတော့ ရုန်းကန်နေတာကို ရပ်လိုက်ပြီး လေးနက်စွာ ခေါင်းညိတ်သည်။ 

"ကျွန်တော်နားလည်ပါပြီ စီနီယာ"

ထို့နောက် ကြယ်အစစ်အမှန်နတ်ဘုရား၏ ညွှန်ကြားချက်အရ ရှီရှန်း ကြမ်းပြင်ပေါ်၌ ခြေချင်းခတ်ထိုင်ပြီး ခေးအောစ့်ကြယ်မှတ်တမ်းကို အသက်သွင်းလိုက်သည်။ 

ကြယ်အစစ်အမှန်နတ်ဘုရား ခပ်ပေါ့ပေါ့ ရယ်မောပြီးနောက် အနည်းငယ်ခေါင်းမော့ကာ နူးညံ့စွာပြောသည်။ 

"ငါကြယ်ကိုးလုံးပဲ သိပ်သည်းအောင် လုပ်နိုင်ရတဲ့အကြောင်းရင်းက ငါ့ကိုယ်ထဲက ကြယ်တာယာကောင်းကင်ဒန်တျန်မှာ ဒီလောက်ပမာဏပဲရှိလို့ပါ"

"ဒီကြယ်စင်စုကို တည်ဆောက်ဖို့အတွက် ငါနှစ်သိန်းချီအသုံးပြုခဲ့တယ်"

မျက်စိနှင့်မြင်နိုင်သလောက်ဆိုပါက ဒါက အကန့်အသတ်မဲ့ကြယ်တာယာကောင်းကင်တစ်ခုပင်။ 

ဒါက နဂါးငွေ့တန်းအလားထင်ရသည်။ 

ကြယ်အစစ်အမှန်နတ်ဘုရား ဒီကြယ်စင်စုကို တောက်ပသည့် အကြည့်ဖြင့် ကြည့်နေခဲ့သည်။ 

"ဒီလိုဆိုမှတော့ မင်းရဲ့ကြယ်တာယာကောင်းကင်ဒန်တျန်ကို တိုးချဲ့ဖို့အတွက် ငါဒီကြယ်စင်စုကိုသုံးပြီး မင်းကိုကူညီမယ်၊ အဲဒီနောက်မှာ မင်းကို ဆယ်ခုမြောက်ကြယ်ဗဟိုချက်ကို သိပ်သည်းအောင်လုပ်ဖို့ ငါ့ဝိဉာဉ်ကို သုံးပြီး ပြဿာနာကို အကောင်းဆုံး ဖြေရှင်းမယ်"

"ကိုးခုမြောက်ကြယ်ဗဟိုချက်က လူသားဘိုးဘေးနယ်ပယ်ကို ရောက်နိုင်တယ်ဆိုတော့ ဆယ်ခုဒါမှမဟုတ် ပိုမြင့်သွားရင်ရော၊ ဒီအတွက်တော့ မင်းကိုယ်တိုင်ရှာကြည့်ရမယ်"

ဒီနေရာတွင် ကြယ်အစစ်အမှန်နတ်ဘုရား လက်ဝှေ့ယမ်းလိုက်၏။ ရုတ်ချည်းဆိုသလို ကြယ်စင်စုတစ်ခုလုံးက ဧရာမဆွဲငင်အားတစ်ခုနှင့် ပြည့်နှက်သွားသည်။ 

ကြယ်စင်စုတစ်ခုလုံးက ပန်းချီကားချပ်တစ်ခုအလားပင်။ ဆွဲငင်အားအောက်တွင် ဒါက ဆွဲချခံရပြီး ရှီရှန်းဒန်တျန်ထဲသို့ တိုက်ရိုက်၀င်ရောက်သွား၏။ 

ကြယ်အစစ်အမှန်နတ်ဘုရားသခင် ပြုံးသည်။ 

"မင်းငါ့ကို မတူညီတဲ့ရှုခင်းတစ်ခုဆီကို ခေါ်ဆောင်သွားနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်၊ တကယ်တော့ လူသားဘိုးဘေးနယ်ပယ်အထက်မှာ ထူးခြားတဲ့ ရှုခင်းမြင်ကွင်းတွေ ရှိမရှိ ငါတကယ်မြင်ချင်မိတယ်"

အပိုင်း(1103) coming။ 

All Chapters