#ကျောက်သားဘ၀၏ ချိုးဖျက်မှု၊ အန္တရာယ်ထဲက မုဖူရှန်း#
Vol. 78 Ch. 1103
ကြယ်မြစ်ကြီးက မြင့်တက်လာသောအခါ ဧရာမနဂါးကျောရိုးနှင့်တူသည့် ကြယ်မြစ်တစ်ခုလုံးက ရှီရှန်းဒန်တျန်ထဲထိ တက်လာခဲ့သည်။
မူလက ကြယ်ဗဟိုချက်ကိုးခုပါ၀င်သည့် ကြယ်တာယာကောင်းကင်ဒန်တျန်က ယခုတွင်မူ ဒီကြယ်စင်စုကြောင့် အဆက်မပြတ် တိုးချဲ့ကျယ်ပြန့်နေသည်။
ကြယ်တာယာကောင်းကင်ဒန်တျန်တစ်ခုလုံးက အကန့်အသတ်မဲ့သွားခဲ့သည်။ အကြည့်တစ်ချက်နှင့် အဆုံးမရှိသည့်အလား အဆုံးသတ်ကို မမြင်နိုင်ပေ။
ကြယ်တာယာကောင်းကင်ဒန်တျန် တိုးချဲ့လာပြီးနောက်တွင် ကြယ်အစစ်အမှန်နတ်ဘုရား ညင်သာစွာရယ်မောသည်။ သူ့အကြွင်းအကျန်၀ိဉာဉ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး အလွန်အမင်းသန့်စင်သည့် ကြယ်စွမ်းအားအမျှင်စတစ်ခုအဖြစ် သိပ်သည်းကာ ကြယ်တာယာကောင်းကင်ဒန်တျန်ထဲသို့ တိုး၀င်သွားခဲ့သည်။
ရှီရှန်း သူ့၏ကြယ်တာယာကောင်းကင်ဒန်တျန်ကို ကြည့်လိုက်သောအခါ ကိုးခုမြောက်ကြယ်ဗဟိုချက်အထက်တွင် ဧရာမကြယ်ဗဟိုချက်တစ်ခုက တဖြည်းဖြည်း သိပ်သည်းလာနေတာကို တွေ့လိုက်ရသည်။
ဒါက ကြယ်အစစ်အမှန်နတ်ဘုရား သိပ်သည်းခဲ့သည့် ဆယ်ခုမြောက် ကြယ်ဗဟိုချက်ပေတည်း။
ဆယ်ခုမြောက်ကြယ်ဗဟိုချက်က တဖြည်းဖြည်းပုံပေါ်လာသည်။
"ခေးအောစ့်ကြယ်မှတ်တမ်းကို လည်ပတ်စေပြီး ဒီကြယ်စွမ်းအားကို အပြည့်အ၀စုပ်ယူလိုက်" ကြယ်အစစ်အမှန်နတ်ဘုရား၏ စကားလုံးများက ရှီရှန်းစိတ်ထဲ ပေါ်လာခဲ့သည်။
ရှီရှန်း ၀မ်းနည်းနေသည့်ခံစားချက်များကို ပြန်ရုပ်သိမ်းပြီး ချက်ချင်းဆိုသလို သူ့ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်စေလိုက်သည်။ သူ့စီနီယာ၏ ကောင်းမွန်သော စေတနာများကို သူမဖြုန်းတီးနိုင်ပေ။
ဆယ်ခုမြောက်ကြယ်ဗဟိုချက်၏ သိပ်သည်းမှုကနေ ယူဆောင်လာသော ကြယ်တာယာတာအိုနိယာမစွမ်းအားက ရှီရှန်း၏ အဆက်မပြတ်စုပ်ယူခြင်းကို ခံရသည်။
သူ့ကျင့်ကြံခြင်းနယ်ပယ်က အဆက်မပြတ် တိုးတက်လာနေသည်။
အကယ်၍ အပြင်လူများသာ ဒီမှာရှိမည်ဆိုပါက ဒီကြောက်မက်ဖွယ်ရာအမြန်နှုန်းကြောင့် ထိတ်လန့်သွားကြပေလိမ့်မည်။
သုံးရက်အတွင်းမှာပင် ကြယ်ဗဟိုချက်ကို အပြည့်အ၀သိပ်သည်းအောင် လုပ်ပြီးသောအခါ ရှီရှန်း၏နယ်ပယ်က နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကို ချိုးဖျက်သွားခဲ့လေပြီ။
....
ယခုအချိန်တွင် အများစုက အမွေအနှစ်ကို အဆုံးသတ်လိုက်ကြပြီဖြစ်သဖြင့် အပြာရောင်ခန်းမထဲတွင် ပြန်ပေါ်လာကြသည်။
ထို့ထဲတွင် ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ နင်းချန်ရှင်း၊ ရှောင်ဟိုင်နှင့် ကျန်သောသူများလည်း ပါ၀င်သည်။
ယဲ့ချိုးပိုင် မုဇီရှင်းလက်ကလေးကို ကိုင်ပြီး ဘေးဘီဝဲယာကြည့်လိုက်စဉ် အနည်းငယ် ကြက်သေသေသွားသည်။
"ဂျူနီယာညီလေးမုဘယ်မှာလဲ၊ သူမပြီးသေးတာလား"
ဟုန်ရင်ခေါင်းခါယမ်းသည်။ အင်ပါယာမှတ်တမ်းကို ကျင့်ကြံပြီးနောက် ဟုန်ရင်၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းက ဧကရီတစ်ဦးနှင့် တူသည်။ သူမကိုမြင်သောအခါ ချန်ရုံကျိ၊ စုန့်ရှောင်နှင့် ကျန်သောသူများပင်လျှင် ဖိနှိပ်မှုကို ခံစားရသည်။ သူမက သူတို့ကို အညံ့ခံခိုင်းနေသည့်အလားပင်။
ဒီနေရာ၌တခြားသူများလည်း ရှိသဖြင့် နင်းချန်ရှင်း စကားလုံးများကို ရှင်းရှင်းလင်းလင်းမပြောခဲ့ပေ။
သို့စေကာမူ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက ချက်ချင်းနားလည်သွားကြ၏။
အစစ်အမှန်နတ်ဘုရားနယ်ပယ် စီနီယာများရှေ့တွင် မုဖူရှန်းသေချာပေါက်ခွန်အားတစ်ချို့ကို ဖုံးကွယ်ထားပေလိမ့်မည်။ ဒီနည်းနှင့် သူက ပို၍ပင် နှေးကွေးနေမည်သာ။
ဥပမာအားဖြင့် သူ့နားလည်မှုအရှိန်ကို တမင်သက်သက်နှေးစေခြင်းပင်။
အကဲဖြတ်မှု၏ အမြန်နှုန်းကို တမင်တကာ နှောင့်နှေးစေတာလား!
ဒီအတွက် သံသယရှိစရာပင်မလို။
မုဖူရှန်း၏ စရိုက်အရ သူသေချာပေါက် ဒီလိုလုပ်ဆောင်ပေလိမ့်မည်။
....
မုဖူရှန်းစီနီယာအစ်ကိုအစ်မများ၊ ဂျူနီယာများက မုဖူရှန်း၏ခေါင်းမာမှုကို ကောင်းကောင်းနားလည်ကြသည်ဟု ဆို၍ရသည်။
လျှပ်စီးနှင့်မိုးကြိုးဖြင့် ပြည့်နှက်နေသည့် ချိုင့်ဝှမ်းတစ်ခုထဲတွင် ပတ်၀န်းကျင်၌ တိမ်များထဲထိ ထိုးတက်နေသည့် နတ်တောင်တန်းရှစ်လုံးရှိသည်။ တောင်အလယ်ကနေ တောင်ထိပ်အထိ အလွန်အမင်း ထက်ရှနေသည်။ ၎င်းတို့က တိမ်များထဲသို့ ကောင်းကင်ထဲတွင် အပေါက်ကြီးတစ်ပေါက် ဖောက်ချင်နေသည့်အလား ပစ်၀င်နေကြသည်။
တိမ်များကိုထိုးဖောက်နေသည့် နတ်တောင်ရှစ်လုံးအနက် တစ်လုံးချင်းစီက အလွန်အမင်းကြမ်းတမ်းပြီး ဖျက်ဆီးအားကောင်းသည့် မိုးကြိုးတာအိုနိယာမစွမ်းအားနှင့်အတူ လင်း၀င်းနေသည်။
၎င်းကတိမ်များထဲတွင် ဆက်လက်လိမ့်တက်နေသည်။ ထို့နောက် ထူထဲသည့် လျှပ်စီးတိုင်များအဖြစ် ကျုံ့သွားပြီး နတ်တောင်ရှစ်လုံးထိပ်ကနေ အလယ်ဗဟိုသို့ ကျဆင်းသွားသည်။
မုဖူရှန်းအလယ်ဗဟိုတည့်တည့်တွင် ရပ်နေသည်။ သူ့ရှေ့တွင် မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရားဟု လူသိများသည့် မဟာကျွမ်းကျင်သူတစ်ဦးက မူဖူရှန်းကို အကူအညီမဲ့စွာပြောသည်။
"ငါ့ကိုရိုးရိုးသားသားပြော၊ မင်းကတကယ်ပဲ နတ်သခင်နယ်ပယ် အစောပိုင်းအဆင့်မှာပဲရှိတာလား"
မှန်ပေသည်။ အရင်က ဖန်တီးခြင်းနတ်အဆောင်ကို သုံးတာက လှည့်စားမှုတစ်ခုသာ။
တကယ်တမ်းတွင် ဖန်တီးခြင်းနတ်အဆောင်မရှိလျှင်ပင် မုဖူရှန်း နတ်သခင်နယ်ပယ် အစောပိုင်းအဆင့်ကို ရောက်နှင့်နေပြီးဖြစ်သည်။
အင်မော်တယ်နယ်မြေတွင် အင်မော်တယ်ချီအဖြစ် ပြောင်းလဲပြီးကတည်းက မုဖူရှန်း နတ်သခင်နယ်ပယ်၏ နောက်ဆုံးအခြေအနေကို ဖြည့်ဆည်းခဲ့သည်။ ထို့ကြောင့် သူ့အတွက် အဆင့်ချိုးဖျက်တာက ပုံမှန်သာဖြစ်သည်။
မုဖူရှန်း ရိုးသားစွာပြောသည်။
"ဒါကလုံး၀ကိုမှန်ပါတယ် စီနီယာရေ၊ ဒါက ဒီလူငယ်မျိုးဆက်ရဲ့ ခွန်အားအပြည့်ပါ၊ ကျွန်တော်တခြားဘာကိုမှ မဖုံးကွယ်ထားရဲပါဘူး"
သူပြောနေစဉ် မုဖူရှန်းဆက်လက် ခေါင်းညိတ်နေသည်။ သူ့မျက်လုံးထဲက 'ရိုးသားမှု' ဆိုသောအကြည့်နှင့် ဒီသဘောထားအရ သူ့ကိုမသိသော မည်သူမဆို ယုံကြည်ကြပေလိမ့်မည်။
မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား သေချာပေါက် ဒါကိုမယုံပေ။
မည်သို့ပင်ဆိုစေကာမူ မုဖူရှန်း ဒါကို သုံးကြိမ်တိုင် ပြောခဲ့သည်။
မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား မုဖူရှန်း၏ အကန့်အသတ်ကို စမ်းသပ်ချင်တိုင်း သူ့တွင် တခြားဝှက်ဖဲများ အမြဲလိုလိုပင် ရှိနေပြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်တတ်သည်။
မုဖူရှန်း၏အဆိုအရ သူစိတ်ပျက်စရာအခြေအနေတစ်ခုအထိ သေချာပေါက် တွန်းအားပေးမခံရနိုင်ပေ။ လူအများစုက စိတ်ပျက်အားငယ်သည့် အခြေအနေတွင် သေကြရသည် မဟုတ်ပေလော။ လူတ်ုင်းတွင် အဓိကဇာတ်လိုက်၏ အရိပ်အယောင်မရှိပါ။ မဟုတ်ပါက ဒါကို ဘယ်လိုလုပ် စိတ်ပျက်စရာအခြေအနေဟု ခေါ်ဆိုမည်နည်း။
မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား ခေါင်းကိုဖုံးကာ သက်ပြင်းချသည်။
"မင်းဒါကို တကယ်ပဲ ဘယ်သူ့ဆီက သက်ယူခဲ့တာလဲ"
မုဖူရှန်းတစ်ခဏမျှ တွေးလိုက်ပြီးနောက် ပြုံးသည်။
"ဘာကိုဆိုလိုတာလဲ၊ စီနီယာဘာကို ပြောနေတာလဲ၊ ကျွန်တော်နားမလည်ဘူး"
ဒီနေရာတွင် မုဖူရှန်း နှလုံးသားထဲကနေ နှာခေါင်းရှုံ့သည်။
ကျွန်တော်သာ ဘယ်သူလဲဆိုတာ ပြောလိုက်မယ်ဆိုရင် ဘယ်သူ့ကိုပြောပြော ဒါက သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ ကျွန်တော့်မှာ ဖုံးကွယ်ထားတဲ့ အရာတစ်ခုခုရှိတယ်ဆိုတာ ၀န်ခံနေတာပဲမလား!
သူမုဖူရှန်းကို မလှည့်စားနိုင်တာကို မြင်ရသောအခါ မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား အပြုံးဖြင့် ဆူပူလိုက်သည်။
"မင်းကတကယ်ပါးနပ်သားပဲ၊ မင်းမှာ နတ်မိုးကြိုးအများကြီးရှိပြီး မင်းရဲ့ပါရမီက ကောင်းကင်ကို ဆန့်ကျင်နေတယ်ဆိုတဲ့ အချက်ကြောင့်သာ မဟုတ်ဘူးဆိုရင် မင်းက ငါ့အမွေအနှစ်အတွက် အရမ်းသင့်တော်နေတယ်ဆိုရင်တောင် ငါမင်းကို ငါ့အမွေအနှစ်ကို တကယ်မပေးချင်ဘူး"
ထိုအချိန်က ဘယ်သူမှ မုဖူရှန်းလိုမဟုတ်ပါ။
သူတို့အားလုံးက မိုးနှင့်မြေအတွက် တိုက်ခိုက်ရန် တခြားသူများနှင့် ယှဉ်ပြိုင်ရန်အတွက် သူတို့အသက်များကို စွန့်စား တိုက်ခိုက်ခဲ့ကြသည် မဟုတ်ပေလော။
အကယ်၍ မတိုက်ခိုက်ပါက စိတ်ပျက်စရာကောင်းသည့် အခြေအနေတစ်ခုထဲ ကိုယ့်ကိုကိုယ် မဆွဲသွင်းပါက ဘယ်လိုလုပ် ကြီးထွားလာနိုင်မည်နည်း။
သို့စေကာမူ မုဖူရှန်းကမူ လုံး၀ဆန့်ကျင်ဘက်ပင်။
မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား အနည်းငယ် ဝေခွဲမရဖြစ်နေသည်။ ဒီလိုစရိုက်နှင့် မုဖူရှန်း ဒီလိုနယ်ပယ်ကို ရောက်ရန် ဘယ်လိုပင် ကျင့်ကြံနိုင်ခဲ့လေသနည်း။ ဒါ့အပြင် သူကိုယ်တိုင်ပင် အားကျခဲ့ရသည့် နတ်မိုးကြိုးကို မုဖူရှန်းဖမ်းဆုပ်နိုင်ခဲ့သည်။
သူ့တွင် ကောင်းကင်အပြစ်ပေးနတ်မိုးကြိုးတစ်ခုတည်းသာရှိသည်။
မုဖူရှန်းပြုံးရင်း မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရားကို ကြည့်လိုက်၏။
"ဒါပေမယ့် ကျွန်တော့်ထက် ပိုသင့်တော်တဲ့လူကို စီနီယာရှာမတွေ့နိုင်ဘူးမလား"
"မှန်ပါတယ်" မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား ကောင်းကင်ထဲတွင် အဆက်မပြတ် အောက်သို့ရိုက်ခတ်နေသည့် လျှပ်စီးတိုင်ကို ကြည့်ရင်း အပြုံးဖြင့်ပြောသည်။
"ဒီလိုဆိုရင်ရော၊ ဒါကနောက်ဆုံးစမ်းသပ်မှုပဲ၊ မင်းဒါကိုကျော်လွှားနိုင်ရင် ငါ့ဆီက အရာတိုင်းကို ယူလို့ရတယ်"
"သေချာတာပေါ့၊ ဒါက အရင်ကအကြိမ်ရေအနည်းငယ်ထက် အများကြီးပိုအန္တရာယ်များတယ်၊ မင်းပြင်ဆင်ထားဖို့ လိုတယ်"
မုဖူရှန်း၏ မျက်နှာက တောင့်တင်းသွား၏။
"အာ...၊ စီနီယာ၊ ဒါကဘယ်လောက်ထိ အန္တရာယ်များသလဲဆိုတာ အရင်ဆုံး မေးလို့ရမလား"
"ဟားဟားဟား" မုဖူရှန်း၏ အမူအရာကို မြင်ရသောအခါ မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား ကျယ်လောင်စွာ ရယ်မောလိုက်လေတော့သည်။
"ဒီအကြောင်းကို ငါလည်းမသိဘူး၊ ဒါပေမယ့် မင်းမှာ တခြားဝှက်ဖဲတွေ မရှိဘူးဆိုရင်တော့ လက်ရှိခွန်အားနဲ့ မင်းတကယ် သေသွားနိုင်တယ်"
ထိုသို့ဆိုပြီးနောက် မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား ခုန်လိုက်ပြီး နတ်တောင်ရှစ်လုံးအနက် တစ်လုံးပေါ်တွင် ရပ်လိုက်၏။
သူ့ကို တိမ်များက လွှမ်းခြုံထားသော်လည်း လျှပ်စီးနဂါးများက မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရားကို ၀န်းရံနေပြီး သူ့ပုံရိပ်ကို ရှင်းရှင်းလင်းလင်းမြင်ရစေသည်။
လျှပ်စီးက မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား၏ ဘေးပုံရိပ်ကိုလင်းစေပြီး ခရမ်းပြာရောင်ဖြစ်စေသည်။ ဒီခရမ်းပြာရောင်အလင်းအောက်တွင် မုဖူရှန်း လှောင်ပြောင်နေသည့်အပြုံးကို ရှင်းလင်းစွာ မြင်နေရသည်။
"လျှပ်စီးကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ငါမင်းကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးမယ်၊ မဟုတ်ဘူးဆိုရင် မင်းမှာ နတ်မိုးကြိုးအများကြီးရှိနေတာက အလဟာဿဖြစ်သွားလိမ့်မယ်"
အပိုင်း(1104) coming။