← Chapters

#လျှပ်စီးကို ထိန်းချုပ်ခြင်း#

Vol. 78 Ch. 1104

#လျှပ်စီးကို ထိန်းချုပ်ခြင်း#

Vol. 78 Ch. 1104

လက်စားချေခြင်း...!

ဒါက သေချာပေါက် ဖုံးကွယ်မထားသည့် လက်စားချေမှုပေတည်း။ 

မုဖူရှန်း တိမ်ထဲတွင် ဧရာမလျှပ်စီးနဂါးရှစ်ကောင်၏ ၀န်းရံခြင်းကို ခံနေရသော မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရားကို ကြည့်လိုက်၏။ သူ့မျက်နှာပေါ်၌ ခါးသီးသောအပြုံးတစ်ခု ရှိနေသော်လည်း သူ့နှလုံးသားထဲတွင် သူကယုံကြည်မှုအပြည့်ပင်။ 

အဘယ်ကြောင့်ဆိုသော် မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရားက သူ့ဝှက်ဖဲများကို မမြင်နိုင်ဘဲ သူ့ကျင့်ကြံခြင်းနယ်ပယ်ကိုသာ သေချာပေါက် မြင်နိုင်သည့်အတွက်ကြောင့်ပင်။ သူမပြောပြခဲ့သည်ဆိုသော အချက်ကိုပါ ပေါင်းစပ်လိုက်ပါက ဒါက မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရားကို အရှက်တကွဲဖြစ်စေပြီး ဒေါသထွက်သွားစေသည်။ 

မည်သို့ပင်ဆိုစေကာမူ သူက အစစ်အမှန်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ ဘာပဲဆိုဆို သူ့တွင် ကျွမ်းကျင်သူတစ်ယောက်၏ ဂုဏ်သိက္ခာရှိသည်။ 

လူငယ်မျိုးဆက်ရှေ့တွင် သူဝှက်ဖဲကိုပင် မြင်နိုင်စွမ်းမရှိခဲ့။ ဒါ့အပြင် သူ့၏ မျက်နှာဟောင်းကို ချွတ်ပြီး မေးမြန်းခဲ့သည့်တိုင် မုဖူရှန်းဆီကနေ ရိုးသားသည့်အဖြေကို မရသေးပါ။ 

မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရားက အရင် သေမျိုးနယ်မြေတွင် စိတ်တိုအလွယ်ဆုံး အစစ်အမှတ်နတ်ဘုရားအဖြစ် လူသိများသည်။ 

မုဖူရှန်း အလျင်အမြန်ပင် လက်ဝှေ့ယမ်းသည်။ 

"စီနီယာကိုယ်တိုင် အရေးယူဆောင်ရွက်နေစရာမလိုပါဘူး၊ ကျွန်တော်က ဘယ်လိုလုပ် စီနီယာရဲ့ ပြိုင်ဘက်ဖြစ်နိုင်မှာလဲ"

မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား ပြုံးကာရယ်မောသည်။ 

"အခုငါက အကြွင်းအကျန်ဝိဉာဉ် တစ်ခုသာသာပါပဲ၊ မင်းစိတ်ပူနေစရာမလိုဘူး"

မုဖူရှန်းကို ယခုလိုမြင်ရသောအခါ သူခံစားရကောင်းနေသည်။ 

"ကောင်းပြီ၊ မင်းအဆင်သင့်ဖြစ်ပြီလား.... အိုး၊ မဟုတ်ဘူး၊ မင်းအဆင်သင့်ဖြစ်ပြီဆိုတာ ငါယုံတယ်" မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား ညာလက်ကို ညင်သာစွာ လှုပ်ယမ်းသည်။ ဧရာမလျှပ်စီးနဂါးကြီးတစ်ကောင်က လေဟာနယ်ကို မွှေနှောက်ပစ်ပုံရသည်။ ၎င်းက ကမ္ဘာကြီးကို တုန်ခါစေသည့် နဂါးဟိန်းသံအများအပြားကို ထုတ်လွှတ်ရင်း မုဖူရှန်းထံ တိုး၀င်သွား၏။ 

ဒီလျှပ်စီးနဂါးရှစ်ကောင်က တကယ်တမ်းတွင် မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား၏ လျှပ်စီးအမျိုးအစားရှစ်ခုပေတည်း။ 

မုဖူရှန်း အကူအညီမဲ့စွာကြည့်နေစဉ် တခြားလျှပ်စီးနဂါးခုနှစ်ကောင်က မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရားအနီးတွင် လည်ပတ်နေသည်။ သို့စေကာမူ ဒီလျှပ်စီးနဂါးက လေဟာနယ်ကို ဆုတ်ဖြဲပစ်လေပြီ။ 

၎င်းဖြတ်သန်းသွားသည့်နေရာတိုင်း ပြင်းထန်သောမိုးကြိုးများက အာကာသထဲတွင် လင်း၀င်းသွားသည်။ ပြင်းထန်သော မိုးကြိုးများက ပေါက်ကွဲမှုများကို ဆက်တိုက်ထုတ်လွှတ်နေပြီး လေဟာနယ်က တစ်လက်မချင်း ပေါက်ကွဲနေသည်။ 

မတူညီသည့် လျှပ်စီးစွမ်းအားအမျိုးအစားရှစ်ခုကို ကိုယ်ခန္ဓာအပြင်ဘက်သို့ ထုတ်လွှတ်သောအခါ သူ တခြားလျှပ်စီးစွမ်းအားခုနှစ်မျိုး၏ လမ်းကြောင်းကို မပြောင်းဘဲ လက်မောင်းကို လှုပ်ယမ်းသကဲ့သို့ စွမ်းအားမျိုးကို ထုတ်လွှတ်နိုင်နေဆဲပင်။ 

လျှပ်စီးအပေါ် ဒီအဆင့်ထိန်းချုပ်မှုက မုဖူရှန်းမယှဉ်နိုင်သည့် အရာတစ်ခုပေတည်း။ 

မုဖူရှန်းတွင် ဝှက်ဖဲများစွာ ရှိပြီး ပါရမီရှိကာ မြင့်မားသည့်ကျင့်ကြံခြင်းနယ်ပယ် ရှိသော်လည်း သူက အကြွင်းမဲ့တန်ခိုးရှင်တော့ မဟုတ်ပါ။ ဥပမာအားဖြင့် နတ်မိုးကြိုးအပေါ် သူ့ထိန်းချုပ်မှုက ပေါ့ဆလွန်းသလို သူ့တွင်လေ့ကျင့်ရန်အတွက် အချိန်မရှိပေ။ 

ယေဘုယျအားဖြင့် မုဖူရှန်း ရှေးဟောင်းနတ်မိုးကြိုးကို သုံးသောအခါ တစ်ခုတည်း ထုတ်လွှတ်သည် သို့မဟုတ် အားလုံးကို တစ်ပြိုက်တည်း အသုံးပြုတတ်သည်။ 

မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရားကဲ့သို့ မိုးကြိုးအားလုံးကို ထုတ်လွှတ်ပြီး တိကျစွာအသုံးပြုရန်ဟူသည် မဖြစ်နိုင်။ မုဖူရှန်း၏ လက်ရှိထိန်းချုပ်မှုအရဆိုပါက သူဒါကို တကယ်မလုပ်နိုင်ပေ။ 

မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား မုဖူရှန်း၏ဟာကွက်ကို ရှင်းရှင်းလင်းလင်းပင် တွေ့ရှိခဲ့သည်။ သူမုဖူရှန်းအား ပြုံးပြရင်း သူ့ကိုယ်သူပြောလိုက်လေသည်။ 

ဒီတော့ မင်းအခုဘာလုပ်မလဲ!

မုဖူရှန်း၏ အမူအရာက လေးနက်သွား၏။ 

ဒီတစ်ကြိမ်တော့ ဒါကဟန်ဆောင်တာ မဟုတ်တော့။ 

သူလက်ဖဝါးကို ဖွင့်လိုက်သောအခါ နတ်မိုးကြိုးစွမ်းအားပေါ်လာသည်။ 

ဆန်းကြယ်ယင်ခရမ်းမိုးကြိုး၊ ကောင်းကင်အပြစ်ပေးနတ်မိုးကြိုး၊ ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုး၊ တိုင်ဂျီယင်ယန်ကျင့်၀တ်နတ်မိုးကြိုးနှင့် သာမညဒြပ်စင်ငါးခုခေးအောစ့်အနှစ်သာရနတ်မိုးကြိုးတို့က ပေါ်လာခဲ့သည်။ 

ဒီမြင်ကွင်းကိုမြင်ရသောအခါ မိုးကြိုးအပြစ်ပေး အစစ်အမှန်နတ်ဘုရား အနည်းငယ်မျက်ခုံးပင့်လိုက်မိပြီး သူ့မျက်လုံးများ၌ မနာလိုသည့် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။ 

ဒီကလေးက တကယ်ကိုမွန်းစတားတစ်ကောင်ပင်။ သူ့တွင် ကောင်းကင်အပြစ်ပေး နတ်မိုးကြိုးတစ်ခုတည်းသာရှိသည်။ 

သို့သော် သူ့တွင်လုံလောက်သည့်ထိန်းချုပ်မှုမရှိပါက ဘာအကျိုးရှိမည်နည်း။ 

မုဖူရှန်းလျှပ်စီးမိုးကြိုးနဂါးကို လေးနက်သည့် အမူအရာဖြင့် ကြည့်လိုက်၏။ သူလက်ကို ဝှေ့ယမ်းလိုက်သောအခါ ရှေးဟောင်းနတ်မိုးကြိုးငါးခုက တစ်ချိန်တည်းတွင် လျှပ်စီးတိုင်ငါးတိုင်အဖြစ် ပြောင်းသွားပြီး မိုးကြိုးနဂါးကို မတူညီသည့် လမ်းကြောင်းငါးခုကနေ ရစ်ပတ်ထားသည်။ 

ဒါက လျှပ်စီးသံကြိုးများအလားထင်ရသည်။ 

ဒါကိုမြင်သော် သာမညဒြပ်စင်ငါးခုခေးအောစ့်အနှစ်သာရနတ်မိုးကြိုး အနည်းငယ် ခေါင်းခါယမ်းလိုက်သည်။ 

"မဟုတ်ဘူး"

ထိုသို့ဆိုပြီးနောက် သူဘယ်လက်ညိုးနှင့် ညာလက်ညိုးကို အနည်းငယ်လှုပ်ရှားလိုက်၏။ သူ့၀န်းကျင်၌ လျှပ်စီးနဂါးခုနှစ်ကောင်က ပုံမှန်အတိုင်း လည်ပတ်နေဆဲပင်။ ရှေ့ကိုတိုးသွားသည့် လျှပ်စီးမိုးကြိုးနဂါးက လျှပ်စီးသံကြိုးငါးခုကြားက ဟာကွက်လေးများကနေ အဆက်မပြတ် ဖြတ်သန်းသွား၏။ 

မုဖူရှန်း၏ထိတ်လန့်နေသည့် အကြည့်အောက်တွင် လျှပ်စီးနဂါးက တစ်ခါတစ်လေကျုံ့ပြီး တခြားအချိန်များတွင် ကိုယ်ကိုကိုင်းကာ သေးငယ်သည့်အပေါက်လေးများကနေ အမြဲလိုလိုဖြတ်သွားနေသည်။ 

အသက်ရှုကြိမ်ရေ တစ်ကြိမ်အတွင်းမှာပင် ရှေးဟောင်းနတ်မိုးကြိုးငါးခုကနေ ဖန်တီးထားသည့် သံကြိုးများကို ဖြတ်သန်းသွားပြီး မုဖူရှန်းရင်ဘတ်ကို ထိမှန်သည်။ 

သို့စေကာမူ မုဖူရှန်းရင်ဘတ်ကို မထိမှန်ခင်မှာပင် အဆောင်များ၏ အလင်းက လင်း၀င်းသွားသည်။ 

လျှပ်စီးဒိုင်းများက သူ့ရင်ဘတ်ပေါ်၌ အလွှာလိုက်ရှိနေပြီး ရာနှင့်ချီ၍ ရှိနေသည့်အလားပင် ထင်ရသည်။ 

မိုးကြိုးအပြစ်ပေး အစစ်အမှန်နတ်ဘုရား ရယ်ရမလား ငိုရမလားမသိတော့ပါ။ သို့စေကာမူ သူနှာမှုတ်လိုက်သေးသည်။ 

"အရေအတွက်နဲ့ နိုင်ချင်တာလား၊ အကြွင်းမဲ့ကွာဟချက်နဲ့ ရင်ဆိုင်ရတဲ့အခါ ဒါက ပါးလွှာတဲ့ စာရွက်တစ်ရွက်လိုပါပဲ..."

ထိုသို့ဆိုပြီးနောက်တွင် လျှပ်စီးဒိုင်းအလွှာများက ချက်ချင်းပြိုကွဲသွားကြသည်။ 

မိုးကြိုးအပြစ်ပေး အစစ်အမှန်နတ်ဘုရား လက်ကို အနည်းငယ်မြှောက်လိုက်၏။ လျှပ်စီးနဂါးက အရှိန်လျှော့ချပြီး မုဖူရှန်းရင်ဘတ်ကို ထိမှန်သည်။ 

ခရက်ခ်.... ခရက်ခ်!

အရိုးကျိုးသံနှင့်အတူ မုဖူရှန်း၏မျက်လုံးများက ပြူးကျယ်သွားပြီး ကြိုးပြတ်သွားသည့် စွန်တစ်ကောင်ပမာ နောက်သို့ လွင့်စင်သွားကာ ပါးစပ်က သွေးများ စီးကျလာကြသည်။ 

ဒါက မုဖူရှန်း ပထမဆုံးအကြိမ် ဒီလောက်ပြင်းထန်သည့် ဒဏ်ရာရသွားခြင်းပေတည်း။ 

သူအားတင်းထရပ်ကာ သူ့၏ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် ရင်ဘတ်ကို ဖုံးရန်အတွက် ကွေးလိုက်စည်။ 

ဒဏ်ရာက မီးသွေးကဲ့သို့ မည်းနက်နေသည်။ တကယ်တမ်းတွင် မည်းနက်နေသည့် အသား၊ အရိုးများနှင့် အတွင်းအင်္ဂါများ၌ လျှပ်စီးများပင် စီးဆင်းနေ‌ကြသေးသည်။ 

မုဖူရှန်း ဒဏ်ရာများကို တစ်ချက်ကြည့်ပြီးနောက် သန့်စင်ကျောက်စိမ်းပုလင်းတစ်ပုလင်း ထုတ်ယူလိုက်ပြီး ဒဏ်ရာပေါ်သို့ အမှုန့်များကို ဖြန့်လိုက်သည်။ 

သူ့ဒဏ်ရာများက မြင်သာသည့်အမြန်နှုန်းနှင့်အတူ စတင်ပျောက်ကင်းလာသည်။ 

"အိုး" မိုးကြိုးအပြစ်ပေး အစစ်အမှန်နတ်ဘုရား အနည်းငယ်အံ့ဩသင့်သွားသည်။ သူပြန်ကောင်းလာသည့် ဒဏ်ရာများကို ကြည့်ရင်း မေးလိုက်သည်။ 

"ဒါဘယ်အဆင့်ဆေးမှုန့်လဲ၊ ငါ့လျှပ်စီးအောက်မှာတောင် အဲဒါက ဒီလောက်မြန်မြန် ပြန်ကောင်းနိုင်သေးတာလား"

ဒါကအမှန်တကယ်ပင် လုချန်ရှန်း၏ လက်ရာပေတည်း။ 

မုဖူရှန်း ဒါကိုကျယ်လောင်စွာ မပြောနိုင်ဘဲ ယင်းအစား မိုးကြိုးအပြစ်ပေး အစစ်အမှန်နတ်ဘုရားကို လေးနက်သည့် အမူအရာဖြင့် ကြည့်လိုက်၏။ 

မိုးကြိုးအပြစ်ပေး အစစ်အမှန်နတ်ဘုရား မုဖူရှန်း၏ အမူအရာကို ကြည့်ရင်း တောက်ပစွာပြုံးသည်။ 

"နောက်ဆုံးတော့ မင်းရဲ့စစ်မှန်တဲ့ အမူအရာကို ပြသလာပြီပေါ့၊ ဘာလို့လဲ၊ မင်းမယုံနိုင်ဘူးလား၊ မင်းမယုံနိုင်ဘူးဆိုရင် လျှပ်စီးကို ငါ့လိုမျိုး ထိန်းချုပ်လေ၊ မဟုတ်ဘူးဆိုရင် မင်းမှာ ဒီနတ်မိုးကြိုးငါးခုရဲ့ စွမ်းအားရှိနေရင်တောင် မင်းမှာ လက်သင်တစ်ယောက်ထက် အရင်းအမြစ်နည်းနည်းပိုများရုံပါပဲ"

"ငါက လျှပ်စီးကို အဓိကကျင့်ကြံ ငါလုပ်မယ့်ပထမဆုံးအရာက လျှပ်စီးကို ထိန်းချုပ်တာပဲ" မိုးကြိုးအပြစ်ပေး အစစ်အမှန်နတ်ဘုရား၏ လက်ချောင်းက အနည်းငယ်လှုပ်ယမ်းသွားစဉ် လျှပ်စီးနဂါးရှစ်ကောင်က မတူညီသည့်ကိုယ်ဟန်အမျိုးမျိုးနှင့် လှုပ်ယမ်းကြသည်။ 

"မင်းလျှပ်စီးကိုတောင် မထိန်းချုပ်နိုင်ဘူးဆိုရင် စစ်မှန်တဲ့မိုးကြိုးကျင့်ကြံသူတစ်ယောက်ဖြစ်လာနိုင်မှာ မဟုတ်ဘူး"

ဒါကိုကြားသောအခါ မုဖူရှန်းခေါင်းညိတ်သည်။ 

"ကျွန်တော်နားလည်ပါပြီ၊ ကျေးဇူးပြုပြီး ဆက်လုပ်ပါ"

မိုးကြိုးအပြစ်ပေး အစစ်အမှန်နတ်ဘုရား ပြုံးသည်။ 

"မင်းဒါကို မြန်မြန်မတတ်ကျွမ်းနိုင်ဘူးဆိုရင် သေရနိုင်တယ်"

မုဖူရှန်းပြုံးလိုက်လေသည်။ 

"ဂျူနီယာမှာ ဆေးလုံးတွေအများကြီးရှိပါသေးတယ်"

လုချန်ရှန်းတစ်ကြိမ်တွင် ဆေးပြင်းဖိုတစ်အိုးစာစီ သန့်စင်လေ့ရှိသည်။ 

သူတို့ဒါကို လုံး၀မပြီးနိုင်ပါ။ 

မိုးကြိုးအပြစ်ပေး အစစ်အမှန်နတ်ဘုရား အေးစက်စွာ နှာမှုတ်သည်။ 

"ဒါဆို စမ်းကြည့်တာပေါ့"

စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် နောက်ထပ်လျှပ်စီးနဂါးတစ်ကောင်က မိုးကြိုးအပြစ်ပေး အစစ်အမှန်နတ်ဘုရား အနီးတွင် ပေါ်လာပြီး မုဖူရှန်းအား တိုက်ခိုက်သည်။ 

အရင်က မိုးကြိုးလျှပ်စီးနဂါးနှင့် ပေါင်းစပ်သွားသောအခါ မိုးကြိုးနဂါးနှစ်ကောင်က ‌လေဟာနယ်ထဲတွင် အတူတကွချိတ်ဆက်မိသွားကြပြီး ခရုပတ်ပုံသဏ္ဍာန် လည်ပတ်နေကြသည်။ 

ဖျက်ဆီးခြင်းမိုးကြိုးမုန်တိုင်းတစ်စင်းက တဖြည်းဖြည်းသိပ်သည်းလာနေသည်။ 

ဒီမိုးကြိုးမုန်တိုင်းထဲတွင် နဂါးနှစ်ကောင်ဟိန်းသံက အဆက်မပြတ် မြည်ဟီးနေသည်။ 

နဂါးဟိန်းလိုက်စဉ် မိုးကြိုးသံစဉ်လှိုင်းများအဖြစ် ပြောင်းသွားကြပြီး မုဖူရှန်းအား တိုက်ခိုက်သည်။ မိုးကြိုးသံစဉ်လှိုင်း၏ တိုက်ခိုက်မှုစွမ်းအားက မိုးကြိုးနဂါး၏ ကိုယ်ခန္ဓာပေါ် တိုက်ခိုက်မှုကဲ့သို့ ထိခိုက်မှုကို မမြင့်မားစေသော်လည်း ဒါက ပြင်းထန်လွန်းသည်။ 

မုဖူရှန်း၏အတွေးများနှင့် လှုပ်ရှားမှုများကပင် နှေးကွေးသွားသည့်အသွင်။ 

မုဖူရှန်း အစကတည်းက မိုးကြိုးစွမ်းအားကို တိကျစွာ ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို မသင်ယူခဲ့ပေ။ ဒီမိုးကြိုးသံစဉ်လှိုင်းများ၏ သက်ရောက်မှုအောက်တွင် ဒါက ပို၍ပင် ဆိုးရွားလာသည်။ 

(လျှပ်စီးကို မိုးကြိုးအဖြစ်သုံးသလို မိုးကြိုးကိုလည်း လျှပ်စီးအဖြစ်သုံးပါတယ်၊ ဒီစာစဉ်မှာ မိုးကြိုးနဲ့လျှပ်စီးက အတူတူပါပဲ)

အပိုင်း(1105) coming။ 

All Chapters