← Chapters

#စီနီယာ့လက်ချောင်းပေါ်က လက်စွပ်ကမဆိုးဘူးဘဲ....#

Vol. 78 Ch. 1106

#စီနီယာ့လက်ချောင်းပေါ်က လက်စွပ်ကမဆိုးဘူးဘဲ....#

Vol. 78 Ch. 1106

"ကျင့်ကြံခြင်းနယ်ပယ်အရဆိုရင် ငါ့မှာမင်းကို သင်ပေးစရာဘာမှမရှိတော့ဘူး၊ ကျင့်ကြံခြင်းနည်းစနစ်ကလည်း ငါ့ကို မလိုအပ်ပုံပါပဲ၊ မင်းကိုငါဘာလက်ဆင့်ကမ်းပေးသင့်တယ်လို့ ထင်လဲ" မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား မုဖူရှန်းကို ပြုံးပြသည်။ 

ဆေးလုံးအမှုန့်များနှင့် ကုသပြီးနောက် မုဖူရှန်း၏ ဒဏ်ရာများက ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။ 

သို့သော် သူ့ဆံပင်များက တူးခြစ်နေသေးပြီး ထောင်မတ်နေလေရာ အတော်လေးရယ်စရာပုံပေါက်နေသည်။ 

မုဖူရှန်းပြုံးသည်။ 

"စီနီယာရဲ့ လျှပ်စီးစွမ်းအားအားလုံးကို ဘာလို့ကျွန်တော့်ကို မပေးရတာလဲ"

ဒါကိုကြားသော် မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား အနည်းငယ် မျက်ခုံးပင့်လိုက်မိသည်။ 

"မင်းမှာ ရှေးဟောင်းနတ်မိုးကြိုးငါးခုတောင် ရှိတယ်လေ၊ ငါ့ဆီက လျှပ်စီးစွမ်းအားကို လိုသေးတာလား"

"ဟုတ်သားပဲ၊ သာမန်အခြေအနေတွေမှာ စီနီယာရဲ့မိုးကြိုးစွမ်းအားက ကျွန်တော့်အတွက်တော့ တကယ်အသုံးမ၀င်ပါဘူး"

မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား "...."

မင်း မျိုးမစစ်!

ဒါကအမှန်တရားဖြစ်ပေမယ့် ဒီစကားက အရိုက်ခံရဖို့ တောင်းဆိုနေတာနှင့် တူမနေဘူးလား!

"ဒါဆိုမင်းတကယ်ပဲ ဘာလုပ်မှာလဲ"

"ကျွန်တော့်အတွက် တိုက်ခိုက်တိုင်း ရှေးဟောင်းနတ်မိုးကြိုးကို ထုတ်သုံးတယ်ဆိုတာက မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား" မုဖူရှန်းလက်အစုံ ဖြန့်လိုက်သည်။ 

"တကယ်လို့ ကျွန်တော့်မှာ ရှေးဟောင်းနတ်မိုးကြိုးရှိတာကို လူအတော်များများသိသွားပြီး သူတို့ရဲ့လောဘကို နှိုးဆွမိသွားရင် ဘယ်လိုလုပ်မလဲ"

"ဒါကြောင့် စီနီယာရဲ့မိုးကြိုးစွမ်းအားက မဆိုးဘူး၊ ပုံမှန်အခြေအနေတွေမှာ ကျွန်တော် ရှေးဟောင်းနတ်မိုးကြိုးကို သုံးနေစရာမလိုတော့ဘူးလေ"

တစ်နည်းအားဖြင့် သူမိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား၏ လျှပ်စီးစွမ်းအားကို အကာအကွယ်အဖြစ် သုံးနေခြင်းပင်။ 

လုံး၀မလိုအပ်သရွေ့ သူရှေးဟောင်းမိုးကြိုးစွမ်းအားကို ထုတ်သုံးမည်မဟုတ်။ 

မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား အံကြိတ်ရင်း မုဖူရှန်းကို ကြည့်လိုက်၏။ 

"မင်းကတကယ်ချင့်ချိန်စဉ်းစားတတ်သူပဲ"

မုဖူရှန်းပြုံးကာ လက်နှစ်ဖက်ဆုပ်သည်။ 

"စီနီယာကျွန်တော့်ကို ချီးမွမ်းနေတာပဲ"

"တော်တော့ " မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား ဒေါသထွက်လာသဖြင့် လက်ဝှေ့ယမ်းလိုက်သည်။ 

"ငါမင်းကို အကုန်ပေးမယ်"

"ကျေးဇူးပါ စီနီယာ" မုဖူရှန်းပြုံးသည်။ 

"စကားမစပ် ဒီနတ်တောင်ရှစ်လုံးကလည်း အထွတ်အမြတ်ပစ္စည်းမလား"

မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား၏ မျက်ခုံးများက ကျုံ့သွားသည်။ 

"မင်းဘာပြောချင်တာလဲ"

"ဘယ်လိုပဲဆိုဆို စီနီယာအတွက် ဒါကို ယူထားတာက အသုံးမ၀င်ဘူးလေ၊ ဒီနေရာမှာ ထားခဲ့ဖို့ဆိုတာက အရမ်းဖြုန်းတီးရာကျတယ်၊ လူငယ်မျိုးဆက်ကို အဲဒါရဲ့အစွမ်းကို ပြသဖို့နဲ့ သက်ရောက်မှုကို ဖော်ထုတ်ဖို့ ပေးလိုက်တာက ပိုကောင်းတယ်မလား"

"ကောင်စုတ်လေး၊ မင်းဘာပြောလိုက်တာ"မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား လုံး၀စိတ်တိုသွားသည်။ 

အဓိကအကြောင်းရင်းက မုဖူရှန်းတွင် ရိုးသားဖြောင့်မတ်သည့် ကိုယ်ကျင့်တရားဟူ၍ မရှိသောကြောင့်ပင်။ ဒါက မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရားရှေ့တွင် သူက ဘယ်လိုပဲဆိုဆို သေရတော့မှာမို့ အရာအားလုံးကို မုဖူရှန်းကို ပေးအပ်သင့်သည်ဟု ပြောဆိုနေခြင်းပင် မဟုတ်ပေလော။ 

မုဖူရှန်းအလျင်အမြန် လက်နှစ်ဖက်ကို ဖိချလိုက်၏။ 

"စီနီယာ၊ အလျင်စလိုမလုပ်ပါနဲ့၊ အလျင်စလိုမလုပ်ပါနဲ့"

မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား အေးစက်စွာ နှာမှုတ်ရင်း အ၀တ်များကို သန့်ရှင်းအောင် လုပ်လိုက်သည်။ 

သေစမ်း၊ ငါဒီဂျူနီယာလေးကြောင့် အကြိမ်ပေါင်းများစွာ ဒေါသထွက်နေရတယ်!

သူထိုသို့တွေးနေသည့်တိုင် မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား လက်ဝှေ့ယမ်းလိုက်သောအခါ ဆွဲငင်အားတစ်ခုက သူ့လက်ဖဝါးကနေ နတ်တောင်ရှစ်လုံးဆီသို့ ပစ်၀င်သွား၏။ 

ချက်ချင်းဆိုသလို နတ်တောင်ရှစ်လုံးက သိသိသာသာပင် စတင်ကျုံ့လာပြီး နောက်ဆုံးတွင် သေးငယ်သည့် အပ်ချောင်းလေးရှစ်ချောင်းအဖြစ် ပြောင်းလဲကာ မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား၏ လက်ထဲသို့ ကျဆင်းလာသည်။ 

"ဒါက မိုးကြိုးအကျဉ်းထောင် တောင်ရှစ်လုံးပဲ၊ ဒါရဲ့စွမ်းအားကို မင်းတကယ်ထုတ်လွှတ်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်" မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား မုဖူရှန်းထံပစ်ပေးပြီးနောက် အလျင်အမြန်ပင် ပြောသည်။ 

"ကောင်းပြီ၊ ဒီလိုဆိုရင် မင်းထွက်သွားသင့်ပြီ"

မုဖူရှန်း မိုးကြိုးအကျဉ်းထောင် တောင်ရှစ်လုံးကို ယူပြီးနောက်ပြုံးသည်။ 

"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ အာ.... စီနီယာ့လက်ချောင်းပေါ်က လက်စွပ်က မဆိုးဘူးလို့ ကျွန်တော်ထင်တယ်"

မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား လှည့်ပင်မကြည့်ဘဲ ထွက်သွားလေတော့သည်။ 

သူဒီနေရာတွင် နောက်ထပ်တစ်စက္ကန့်လောက် ရပ်နေပါက ဒီကောင်စုတ်လေး သူ့ကိုယ်ထဲက အရာတိုင်းကို ချွတ်ချယူပစ်မှာကို သူကြောက်နေသည်။ 

"ကျွန်တော့်ကို မပေးချင်ဘူးဆိုရင်လည်း မပေးနဲ့ပေါ့၊ ကပ်စေးနှဲလိုက်တာ...."

မုဖူရှန်းရေရွတ်လိုက်သည်။ 

ရှေ့သို့လျှောက်သွားနေသည့် မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရားမှာ ရုတ်တရင် တုန်ယင်ကာ မြေပေါ်ကျလုမတတ်ပင် ဖြစ်သွားရသည်။ 

သို့စေကာမူ ဒီနတ်ဆိုးလေးဆီကနေ လွတ်မြောက်ရန်အတွက် သူအရှိန်ပြန်မြှင့်ချင်သောအခါ လေးနက်သည့်အသံတစ်သံက နောက်ကနေ ထွက်လာခဲ့သည်။ 

"စီနီယာ၊ တကယ်လို့ ငရဲနတ်ဆိုးနယ်မြေကသာ ပြန်ဆင်းလာခဲ့မယ်ဆိုရင် ကျွန်တော် ရပ်တန့်ဖို့ အကောင်းဆုံးကြိုးစားမယ်၊ သေမျိုးနယ်မြေကို ဖျက်ဆီးခွင့်မပေးဘူး"

ဒါကမုဖူရှန်း၏ ကတိဖြစ်သည်။ 

အကယ်၍သေမျိုးနယ်မြေသာ ပျက်စီးသွားပါက သူ့ခွန်အားဖုံးကွယ်ထားတာက ဘာအကျိုးရှိမည်နည်း။ သူ့ခွန်အားကို ဖုံးကွယ်ထားတာက သူ့ကိုယ်သူကောင်းကောင်း ကာကွယ်ရုံတင်မက သူဂရုစိုက်သည့် လူများကိုပါ ကာကွယ်ရန်ဖြစ်သည်။ 

ဥပမာအားဖြင့် စံအိမ်တော်မှ တပည့်များ သို့မဟုတ် သူ့တော်၀င်အဖေနှင့် အစ်မဖြစ်သည်။ 

မိုးကြိုးအပြစ်ပေးအစစ်အမှန်နတ်ဘုရား ရှေ့သို့ဆက်လျှောက်နေသော်လည်း သူ့မျက်နှာပေါ်က စိတ်တိုနေသည့် အမူအရာက တဖြည်းဖြည်းပျော့ပျောင်းသွားခဲ့သည်။ 

"ကောင်စုတ်လေး....."

....

မုဖူရှန်းက နောက်ဆုံးထွက်လာသူပင်။ 

မုဖူရှန်းကို ဒီလိုအခြေအနေတွင် မြင်ရသောအခါ ယဲ့ချိုးပိုင်တို့ ကြက်သေသေသွားကြပြီးနောက် မထိန်းချုပ်တော့ဘဲ အူလှိုက်သည်းလှိုက် ရယ်မောကြလေတော့သည်။ 

မုဖူရှန်းကြက်သေသေသွားသည်။ 

"ဘာကိုရယ်နေကြတာလဲ"

ယဲ့ချိုးပိုင် ရှေ့တိုးကာ မုဖူရှန်း၏ပခုံးကို ပုတ်သည်။ 

"မင်းရဲ့ပုံရိပ်က ဘယ်တုန်းကပြောင်းလိုက်တာလဲ"

ဒီအခိုက်အတန့်၌ မုဖူရှန်း၏ ဆံပင်များ အဆုံးထိ ထောင်မတ်နေသည်သာမက သူ့မျက်ခုံးမွှေးများကလည်း ပျောက်ကွယ်သွားခဲ့သည်။ 

ဟုန်ရင်ကလည်းပြုံးသည်။ 

"နင်သာဒီလိုပုံပေါက်နေမယ်ဆိုရင် ဘယ်မိန်းမမှ နင့်ကိုကြိုက်ကြမှာမဟုတ်ဘူး"

ဒါကိုကြားသော် မုဖူရှန်းအလွန်အမင်း အံ့ဩသင့်သွားရသည်။ 

"တကယ်လား၊ အရမ်းကောင်းတယ်၊ ဒါဆို ဒီရုပ်သွင်ကိုပဲ ထိန်းသိမ်းထားတော့မယ်လေ"

ယဲ့ချိုးပိုင် "....."

ဟုန်ရင် ".....

နင်းချန်ရှင်းနှင့် ကျန်သောသူများ "...."

ငါတို့သူ့ကို လျှော့တွက်မိခဲ့ကြတာပဲ!

မုဖူရှန်း အလှလေးများ၏ကပ်ဘေးကို ရှောင်ရှားရန်အတွက် ဒီလိုလုပ်လိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပေ။ 

ဒီအချိန်မှာပင် မု၀မ်အာရှေ့တိုးလာသည်။ လက်ကိုတင်ပါးပေါ်ထောက်ရင်း သူမကိုယ်ကိုကိုင်းပြီး မော့ကြည့်ကာ မုဖူရှန်း၏ မျက်နှာကို ဂရုတစိုက်ကြည့်သည်။ 

မုဖူရှန်းဆွံအသွားရသည်။ 

"မင်းဘာလုပ်နေတာလဲ"

မု၀မ်အာ လေးနက်စွာပြောသည်။ 

"ဒါကထူးဆန်တယ်၊ သူဆရာနဲ့မတူပါဘူး၊ စီနီယာအစ်ကိုမုက ဆရာ့ရဲ့တရားမ၀င်သားလို့ ငါထင်နေခဲ့တာ"

"ဒါမှမဟုတ် ဆရာဒီကိစ္စ မ‌ပေါက်ကြားသွားအောင် စီနီယာအစ်ကိုရဲ့ အသွင်အပြင် ဒါမှမဟုတ် သူ့ကိုယ်ပိုင်အသွင်အပြင်ကို အထူးပြောင်းလဲနိုင်တာများလား"

မုဖူရှန်း "....."

မု၀မ်အာရဲ့အတွေးအခေါ်က အတော်လေးထူးဆန်းတယ်လို့ပဲ ပြောရမယ်!

....

ဒီစမ်းသပ်မှုအပြီးတွင် စံအိမ်တော်ကတပည့်များ၏ ကျင့်ကြံခြင်းအဆင့်များက အကြီးအမား တိုးတက်လာခဲ့ကြသည်။ 

ဥပမာအားဖြင့် ယဲ့ချိုးပိုင်က နတ်အင်ပါယာနယ်ပယ် တစ်၀က်အဆင့်ကို ချိုးဖျက်သွားခဲ့သည်။ 

ထို့ထဲတွင် သူ့ဓားတာအိုကလည်း နောက်ထပ်ချိုးဖျက်သွားခဲ့သည်။ ဓားတာအိုနိယာမအပေါ် သူ့နားလည်မှုကလည်း ပို၍ပင် နက်ရှိုင်းလာသည်။ ယဲ့ချိုးပိုင်၏ ဓားတာအိုနယ်ပယ်က အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးတွင် ခေးအောစ့်အနှစ်သာရဓားသခင်နှင့် အနီးစပ်ဆုံးဟု ဆို၍ရသည်။ 

ဟုန်ရင်၏ကျင့်ကြံခြင်းအဆင့်က မတိုးလာခဲ့ဘဲ သူမ နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်တွင် ရှိသေးသော်လည်း အင်ပါယာမှတ်တမ်းကို ရရှိပြီးနောက် သူမအင်ပါယာဆန္ဒကို အသုံးပြုရာ၌ အများကြီး တိုးတက်လာခဲ့သည်။ သူမ၏အလုံးစုံခွန်အားကလည်း လျင်မြန်စွာ တိုးလာခဲ့သည်။

နင်းချန်ရှင်း၏ ကွန်ဖြူးရှပ်တာအိုနယ်ပယ်က ထပ်ပြီးအားကောင်းလာခဲ့သည်။ သူ့စကားလုံးများက တရား၀င်ဖြစ်သည်။ သူနတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကို ကွန်ဖြူးရှပ်တာအိုနှင့် သတ်ပစ်နိုင်သည်။ 

ရှောင်ဟိုင်အတွက်မူ သူ့ရုပ်ခန္ဓာက နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူများကိုပင် သတ်ပစ်နိုင်သည်။ 

မုဖူရှန်း ကျင့်ကြံခြင်းအဆင့်ကို တိုးတက်အောင် မလုပ်ခဲ့သော်လည်း သူ့တွင် သေချာပေါက် နောက်ထပ်ဝှက်ဖဲ အနည်းငယ်ရှိမည်သာ။ 

ရှီရှန်း ဆယ်ခုမြောက်ကြယ်ဗဟိုချက်ကို သိပ်သည်းအောင် လုပ်နိုင်ခဲ့ပြီး နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကို ချိုးဖျက်နိုင်ခဲ့သည်။ 

တခြားတစ်ဘက်တွင် မု၀မ်အာ အဆိပ်ဆေးနည်းကို သင်ယူခဲ့ပြီး သူမ၏အဂ္ဂိရတ်ပညာကို တိုးတက်အောင် လုပ်ခဲ့သည်။ ဆေးလုံးကျမ်းကနေတဆင့် သူမ၏နယ်ပယ်ကလည်း နတ်ဘုရင်နယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်နေလေပြီ။ 

တခြားတစ်ဘက်တွင် ဖန်ချန်းကလည်း အစီအရင်အသစ်တစ်ခုဖြစ်သည့် ရှေးဦးအစီအရင်ကို သင်ယူခဲ့သည်။ 

သူ နိယာမစွမ်းအားကို ကန့်သတ်နိုင်သည်ဟု ဆို၍ရသည်။ အကယ်၍သူ့ထက် အားနည်းသောသူဆိုပါက သူ တစ်ဘက်လူ၏ နိယာမစွမ်းအားအသုံးပြုမှုကို လုံး၀ဖြတ်တောက်ပစ်နိုင်သည်။ 

သူ့ကျင့်ကြံခြင်းအဆင့်ကလည်း နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကိုပင် ရောက်သွားခဲ့သည်။ 

လူတိုင်းအများကြီး ရခဲ့ကြသည်ဟု ဆို၍ရသည်။ 

.....

ဒီအချိန်တွင် တခြားတစ်ဘက်ရှိ ထာ၀ရသက်တမ်းကမ္ဘာ၌ လုချန်ရှန်း ဟွမ်ချင်းကို ခေါင်းအစ ခြေအဆုံး ကြည့်နေသည်။ 

အပိုင်း(1107) coming။ 

All Chapters