#မယိမ်းယိုင်သောတာအိုနည်းစနစ်#
Vol. 78 Ch. 1094
အင်ပါယာလျန်!
ထိုလူ သူ့ကိုယ်ပိုင်လက္ခဏာကို ထုတ်ဖော်ပြသောအခါ စုန့်ရှောင်၊ ဖန်းယန်၊ ပန်ရှီဝူနှင့် ထောင်းရှုတို့အားလုံး ထိတ်လန့်သွားကြသည်။
သူ့ကို ရှေးဟောင်းစာအုပ်များတွင် မှတ်တမ်းတင်ထားသည်။
ဒီလူက ရှေးခေတ်က လူသားဘိုးဘေးမဟုတ်ခဲ့သော်လည်း တာအိုဘိုးဘေးအဖြစ် မရေမတွက်နိုင်လောက်သောသူများ လေးစားကြသည်။
အင်ပါယာလျန်၏ ကျင့်ကြံခြင်းနယ်ပယ်နှင့် အသိအမှတ်ပြုမှုက လူသားဘိုးဘေးလေးဦးနောက်တွင် ဒုတိယဟု ဆို၍ရသည်။
အရင်က အင်ပါယာလျန် ကမ္ဘာပေါ်က ရှေးရိုးစွဲလူများအားလုံးကို ကိုယ်တိုင်စုစည်းခဲ့သလို သူ့တာအိုနည်းစနစ်များကိုလည်း မရေမတွက်နိုင်လောက်သော သူများက ကျင့်ကြံရန်အတွက် လိုက်စားကြသည်။ ဒါက လက်ရှိ မည်သူကမှ တာအိုနည်းစနစ်များကို မကျင့်ကြံကြသည့် အခြေအနေနှင့် လုံး၀ကိုကွဲပြားသည်။
ဒါကလည်း အင်ပါယာလျန်က လူသားဘိုးဘေးမဟုတ်ခဲ့သည့်တိုင် သူ့ကို တာအိုဘိုးဘေးဟု ခေါ်ဆိုရသည့် အကြောင်းရင်းပင်။
သူတို့မျှော်လင့်မထားတာက တာအိုဘိုးဘေး အင်ပါယာလျန်က ဒီနေရာတွင် ပေါ်လာပြီး သူ့၏ရှေးရိုးစွဲဝါဒအားလုံးကို နင်းချန်ရှင်းကို မျှဝေလိမ့်မည်ဟုသည်ကိုပေတည်း။
ဒါက နင်းချန်ရှင်းတွင် နောက်ထပ်ဘိုးဘေး ဖြစ်လာရန်အတွက် အခွင့်အလမ်းတစ်ခုရှိသည်ဟု ဆိုလိုနေခြင်းမဟုတ်ပေလော။
သို့စေကာမူ နင်းချန်ရှင်း စိတ်အားထက်သန်စွာ လက်ခံလိမ့်မည်ဟု သူတို့တွေးနေကြစဉ် နင်းချန်ရှင်း ခပ်ရေးရေးပြုံးရင်း ခေါင်းခါယမ်းသည်။
"ကျွန်တော့်ခင်ဗျားရဲ့ အမွေအနှစ်ကို လက်မခံနိုင်ပါဘူး"
စုန့်ရှောင်၏မျက်လုံးများက ပြူးကျယ်သွားပြီး သူ့ပါးစပ်ကလည်း ကျယ်ပြောစွာ ပွင့်နေသည်။ သူသရဲတစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသည့်အလားပင်။
ဖန်းယန်နှင့် ကျန်နှစ်ယောက်ကလည်း ထိတ်လန့်နေသည်။
ကျန်းချင်းလန်ကမူ ပို၍ပဟေဠိဖြစ်ကာ စိတ်ရှုပ်ထွေးနေသည်။
ကျိချန်းယောင်နှင့် ကျင်းဝူကျင်းတို့ကသာ အနည်းငယ် ခေါင်းညိတ်လိုက်ကြ၏။
စီနီယာလုနှင့် တာအိုဘိုးဘေး အင်ပါယာလျန်တို့အကြား ကွာခြားချက်က ဘယ်လောက်ထိများသလဲဆိုတာ သူတို့မသိသော်လည်း အရမ်းတော့များမည်မဟုတ်။
သူတို့နားလည်မှာအရ စီနီယာလုက နတ်သခင်နယ်ပယ်ကိုပင် ကျော်လွန်နေသည့် တည်ရှိမှုတစ်ခုဖြစ်သည်။
အမွေအနှစ်များစွာကို ရရှိပြီးနောက် သူတို့က သင်ယူရာ၌ ကျွမ်းကျင်မှုမရှိပါက နိမ့်ပျသူတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
တာအိုဘိုးဘေး အင်ပါယာလျန်မှာ အံ့ဩသင့်ခြင်းမရှိဘဲ ယင်းအစား သူ့မျက်လုံးများက အားမာန်နှင့် ပြည့်နေသည်။ သူ နင်းချန်ရှင်းကို မျှော်လင့်တကြီးကြည့်ရင်း မေးသည်။
"ဘာလို့လဲဆိုတာ ငါ့ကိုပြောနိုင်မလား"
နင်းချန်ရှင်းနူးညံ့စွာရယ်မောသည်။ သူ့အပြုံးက လေပြေလေညင်းနှင့် နူးညံ့သော တိမ်တိုက်အလားပင်။ ဒါကသာမန်ဆန်ပုံရသော်လည်း နှလုံးသားကို တိုက်ရိုက် တိုး၀င်စေသည်။
"တာအိုအပေါ်လူတိုင်းရဲ့အမြင်က အနည်းနဲ့အများကွဲပြားတယ်၊ ကျွန်တော် နှစ်အတော်ကြာ ဖတ်ခဲ့တဲ့ ရှေးဟောင်းစာအုပ်တွေလိုပဲ အထဲမှာ မှတ်တမ်းတင်ထားတဲ့ တာအိုနည်းစနစ်တချို့ကို ကျွန်တော်တကယ် သဘောမတူဘူး၊ ဒီတော့ ကျွန်တော်လုပ်နိုင်တာက ဒါတွေရဲ့အနှစ်သာရကို ယူပြီး ကျွန်တော့်အတွက် အသုံးမ၀င်တဲ့ အမှိုက်တွေကို ဖယ်ရှားပစ်ဖို့ပဲ"
ပို၍နားထောင်လာလေလေ၊ တာအိုဘိုးဘေးလျန်၏မျက်လုံးခဲက အလင်းက ပိုပို၍ပင် တောက်ပလာသည်။
သူက အစကတည်းက အကြွင်းအကျန်ဝိဉာဉ်တစ်ခုဖြစ်သဖြင့် စိတ်ခံစားချက် အတက်အကျအများကြီးမရှိသင့်ပေ။ သို့သော် ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ မုဖူရှန်းနှင့် ကျန်သောသူများ အင်ပါယာလျန်၏ အကြွင်းအကျန်ဝိဉာဉ်က အတော်လေးမတည်မငြိမ်ဖြစ်နေသည့်အလား စတင်အတက်အကျဖြစ်နေတာကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပါသည်။
သူကစိတ်လှုပ်ရှားနေပုံရသည်။
နင်းချန်ရှင်း သူ့စကားကိုအပြီးမသတ်ဘဲ ခပ်ရေးရေးပြုံးရင်းဆက်သည်။
"ကျွန်တော့်တာအိုက ကျွန်တော့်တာအိုပဲ၊ တခြားလူတွေနဲ့တာအိုက တခြားလူတွေရဲ့ တာအိုပဲ၊ စီနီယာလျန်ရဲ့တာအိုကိုလည်း စီနီယာလျန်ကိုယ်တိုင်ကပဲ ပိုင်ဆိုင်ပါတယ်"
"တာအိုကို ဆုံးဖြတ်လို့မရနိုင်ဘူး၊ ကျွန်တော်တို့သာ ရှေ့ပြေးလူတွေရဲ့ ခြေရာတွေကို တစ်ဆင့်ပြီးတစ်ဆင့် လိုက်နာနေမယ်ဆိုရင် အဆုံးမှာတော့ အရိပ်နဲ့အတူ ဘေးချင်းယှဉ်ပြီးသာ ရပ်နိုင်မယ်၊ ဒါကို ကျော်လွှားနိုင်မှာ မဟုတ်တော့ဘူး"
ဒါကိုကြားသော် အင်ပါယာလျန် စိတ်လှုပ်ရှားစွာ ရယ်မောသည်။ သူ့ရယ်သံအောက်တွင် ရှေးဟောင်းစစ်မြေပြင်တစ်ခုလုံးက တုန်ခါနေသည့်အလား ထင်ရသည်။
"ဘယ်လိုတောင်မယိမ်းယိုင်နိုင်တဲ့ မဟာတာအိုနည်းစနစ်လဲ၊ ကောင်းတယ်၊ ကောင်းတယ်၊ ငါတို့ခေတ်မှာသာဆိုရင် ငါသေချာပေါက် မင်းကို ငါ့ရဲ့နောက်ဆုံးတပည့်အဖြစ် လက်ခံပြီး အစွမ်းကုန် ပျိုးထောင်ပေးမှာ"
"ဒါပေမယ့် မင်းအဲဒီခေတ်မှာ မမွေးဖွားလာတာက ကောင်းတဲ့အရာတစ်ခုပဲ၊ မဟုတ်ရင် တာအိုဘိုးဘေးတစ်ဦးအနေနဲ့ ငါ့ရဲ့ဘွဲ့ထူးက လက်ပြောင်းသွားသလို ငါလံစားရလိမ့်မယ်"
အင်ပါယာလျန်၏စကားလုံးများက ဟာသဟုထင်ရသော်လည်း တည်ရှိနေသောမည်သူမှ ဒါကို ဟာသတစ်ခုအဖြစ် မထင်ကြပါ။
အကြွင်းအကျန်ဝိဥာဉ်တစ်ခုက အသက်ရှင်စဉ်က ဒီလောက်ထိမြင့်မားသော နေရာတစ်ခုကို ရောက်ခဲ့သည်။
သူတွေးတာမှန်သမျှ သူလုပ်မည်သာ။ မည်သည့်အတွက်ကြောင့် ဒါကိုဖုံးကွယ်ပြီး လိုချင်တာကို ပြောဆိုနေရမည်နည်း။
မျှော်လင့်မထားစွာပင် နင်းချန်ရှင်း တာအိုဘိုးဘေး အင်ပါယာလျန်၏ အသိအမှတ်ပြုမှုကိုသာမက အမွေအနှစ်ကိုပါ ရခဲ့သည်။
ယခုတွင်မူ အင်ပါယာလျန်က နင်းချန်ရှင်းက သူ့ကိုပင် ကျော်သွားနိုင်သည်ဟု ပြောခဲ့သည်။
ဒီလိုတာအိုဘိုးဘေးတစ်ဦး၏ အကဲဖြတ်မှုကို ခံရခြင်းဖြင့် နင်းချန်ရှင်း၏ အနာဂတ်အောင်မြင်မှုများက သေချာပေါက် နိမ့်ကျမည်မဟုတ်။
စုန့်ရှောင် ဒီမြင်ကွင်းကို အပြုံးဖြင့်ကြည့်ရင်း တွေးနေသည်။
နတ်သခင်က အမှန်တကယ်ပင် မယုံနိုင်စရာကောင်းသော လူတစ်ယောက်နှင့် မိတ်ဆွေဖွဲ့ခဲ့သည်။
သို့စေကာမူ ကျိချန်းယောင်က ဒါက အတော်လေးပုံမှန်ဟုသာ ခံစားရပြီး လုံး၀အံ့ဩသင့်သွားခြင်းမရှိပါ။
အဆုံးသတ်တွင် သူက စီနီယာလု၏ တပည့်ဖြစ်နေသည်မဟုတ်ပေလော။
တခြားတစ်ဘက်တွင် ဖန်းယန်၏မျက်လုံးများက ပြေးလွှားနေသည်။ သူဘာတွေးနေသလဲဆိုတာ ဘယ်သူမှမသိချေ။
အင်ပါယာလျန်၏ စကားလုံးများကို ကြားသောအခါ နင်းချန်ရှင်း လက်နှစ်ဖက်ကို အနည်းငယ် ဆုပ်လိုက်၏။
"စီနီယာ၊ ကျွန်တော့်ကို မြောက်ပင့်နေတာပဲ"
အင်ပါယာလျန် လက်ဝှေ့ယမ်းသည်။
"ဒီကမ္ဘာထဲမှာ လူတွေကို ဘယ်လိုချီးမွမ်းရမလဲဆိုတာကိုပဲ ငါသိတယ်"
"ဒါပေမယ့် မင်းငါ့အမွေအနှစ်ကို မလိုချင်ဘူးဆိုမှတော့ ငါမင်းကိုအမွေဆက်ခံဖို့ တွန်းအားပေးမှာမဟုတ်ဘူး" အင်ပါယာလျန်ပြုံးရင်း လက်ဖွင့်လိုက်သည်။ သူ့လက်ဖဝါးပေါ်၌ ကြယ်ရောင်အစက်အပျောက်များက စတင်သိပ်သည်းလာပြီး စာအုပ်တစ်ခုအသွင်ကို ယူဆောင်လာသည်။
အင်ပါယာလျန် သူ့လက်ထဲကစာအုပ်ကို လေးစားမှုအပြည့်ဖြင့်စိုက်ကြည့်ရင်း အဖုံးကို လက်နှင့်အသာအယာ ပွတ်သပ်နေသည်။
"အစောပိုင်းက အနှစ်သာရကိုယူပြီး အမှိုက်တွေကို ဖယ်ရှားပစ်တယ်လို့ မင်းပြောခဲ့တယ်မလား၊ ငါ့အမွေအနှစ်ကို မင်းမလိုချင်ဘူးဆိုမှတော့ ငါဒါကို နောက်ချန်မထားခဲ့ချင်ဘူး" ဒီနေရာတွင် အင်ပါယာလျန်၏ အမူအရာက လေးနက်သွား၏။
"ဘာပဲဆိုဆို မင်းနောက်မှာ ဘယ်လူငယ်မှ ငါ့အာရုံစိုက်မှုနဲ့ မထိုက်တန်မှာကို ငါကြောက်မိတယ်"
နင်းချန်ရှင်း ထပ်ပြီးဦးညွတ်သည်။
"ဒီစာအုပ်ထဲမှာ ငါ့ရဲ့တစ်သက်တာ တာအိုနည်းစနစ်တွေရဲ့နားလည်မှု ပါ၀င်တယ်၊ အမွေအနှစ်ကို မင်းမလိုချင်ရင်လည်း ငါမင်းကို တစ်ခုပေးခဲ့မယ်" အင်ပါယာလျန် လက်ကို ဆန့်ထုတ်လိုက်စဉ် သူ့လက်ထဲက စာအုပ်က နင်းချန်ရှင်းရှေ့တွင် လွင့်မြောနေသည်။
အင်ပါယာလျန်ပြုံးရင်း နင်းချန်ရှင်း ဂရုတစိုက်လှမ်းယူတာကို ကြည့်နေသည်။
"တာအိုနည်းစနစ်တွေအပေါ် မင်းနားလည်မှုကို လိုက်နာပြီး ဒီထိုင်ခုံရဲ့အနှစ်သာရကို ယူလိုက်ပါ"
ကျင့်ကြံခြင်းကမ္ဘာတွင် အမွေလက်ခံခြင်းနှင့် အမြင်တစ်ချို့ကိုမျှဝေခြင်းက လုံး၀ကွဲပြားသည့် နည်းလမ်းနှစ်ခုပင်။
အမွေအနှစ်ကိုလက်ခံခြင်းက ယဲ့ချိုးပိုင်အတွက် ပိုသင့်တော်သည်။ သူ အမွေခံစကျင့်ကြံခြင်းနည်းစနစ်နှင့် လက်နက်ကို လက်ခံနိုင်သည်သာမက ဆန္ဒနယ်ပယ် သို့မဟုတ် တာအိုနိယာမစွမ်းအားတစ်ချို့ကိုလည်း လက်ခံနိုင်သည်။ သူဆက်လက်ကျင့်ကြပြီး အသုံးပြုနိုင်သည်။
အမြင်တစ်ချို့က လက်ခံခြင်းက နင်းချန်ရှင်းအတွက် မှန်ကန်သည့်ရွေးချယ်မှာပင်။ ကွဲပြားမှာများကို ဖုံးကွယ်ရင်း တူညီသည့် အခြေခံကို ရှာဖွေနိုင်သလို မသုံးခင် အနှစ်သာရကိုလည်း ထုတ်ယူနိုင်သည်။
ဒီနှစ်ခုကြားတွင် အခြေခံကျသော ခြားနားချက်တစ်ခုရှိသည်။
နင်းချန်ရှင်း စာအုပ်ကိုလက်နှစ်ဖက်နှင့် ကိုင်ပြီး အင်ပါယာလျန်ကို လေးနက်စွာကြည့်ရင်းပြောသည်။
"ကျွန်တော်တမြတ်တနိုးနဲ့ ဂရုတစိုက်လေ့လာပါမယ်၊ သင့်တော်တဲ့လူတစ်ယောက်ကို တွေ့တာနဲ့ ကျွန်တော်စီနီယာရဲ့ တာအိုနည်းစနစ်တွေကို အဲလူကို လက်ဆင့်ကမ်းပေးပါမယ်"
နင်းချန်ရှင်း၏စကားလုံးများကို ကြားသောအခါ အင်ပါယာလျန် ရယ်မောသည်။
"ဒါကိုကြားရတော့ ငါစိတ်သက်သာရာရသွားပါပြီ"
ထိုသို့ဆိုပြီးနောက် အကြွင်းအကျန်ဝိဉာဉ်က စစ်တုရင်ဘုတ်ပြားနှင့် ပေါင်းစပ်သွားပြီး စကားလုံးအနည်းငယ်ကို ချန်ထားခဲ့သည်။
"ဒီကောင်းကင်ဘုံတာအိုစစ်တုရင်ပြားကို မင်းအတွက် ငါချန်ထားခဲ့မယ်၊ မင်းလေ့လာလို့ရတယ်၊ ဘာပဲဆိုဆို ငါတောင် အပြည့်အ၀ မလေ့လာခဲ့ဘူး"
"ရှေးရိုးစွဲဝါဒက မင်းလက်ထဲတွင် သူ့ရဲ့မူလဂုဏ်ကျက်သရေကို ပြန်ရပါစေ၊ ငါမင်းအတွက် ချန်ထားခဲ့မယ်...."
ဒီနေရာတွင် အင်ပါယာလျန်၏ စကားလုံးများက တိတ်ဆိတ်သွားခဲ့သည်။
နင်းချန်ရှင်း ကောင်းကင်ဘုံတာအိုစစ်တုရင်ဘုတ်ပြားကို ဦးညွတ်ရင်း လေးနက်စွာပြောသည်။
"ကျွန်တော်စိတ်မပျက်စေရပါဘူး"
ဒါက အင်ပါယာလျန်ကို ပေးသည့် ကတိတစ်ခုတင်မဟုတ်ဘဲ သူ့ကိုယ်သူ ပေးသည့် ကတိလည်းဖြစ်သည်။
ထို့နောက် ကောင်းကင်ဘုံတာအိုစစ်တုရင်ဘုတ်ပြားကို သိမ်းဆည်းပြီးနောက်တွင် ချောက်ကမ်းပါးက စတင်ပြင်းထန်စွာ တုန်ခါလာခဲ့သည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ အမူအရာက အကြီးအကျယ်ပြောင်းလဲသွား၏။
အကယ်၍ ဒီနေရာကသာကျသွားပါက မသေဘူးဆိုလျှင်ပင် အပြင်းအထန် ဒဏ်ရာရသွားပေလိမ့်မည်။
ရုတ်တရက် မုဖူရှန်း၏မျက်ခုံးများက ပြေလျော့သွားပြီး အော်ဟစ်သည်။
"ပျံသန်းတာကို ကန့်သတ်ထားတာကို ရုပ်သိမ်းဖယ်ရှားလိုက်ပြီ"
ထို့နောက်တွင်သာ သူတို့လေထဲ အလျင်အမြန် ပျံသန်းရင်း မြေပြင်ပေါ် တည်ငြိမ်စွာ ဆင်းသက်နိုင်ခဲ့ကြသည်။
.....
တခြားတစ်ဘက်တွင် လူရိုင်းဒေသ၊ ရှင်းမိသားစု၏ တားမြစ်နေရာ၌ သွေးကန်ထဲကနေ အ၀တ်ဗလာကျင်းထားသည့် ကိုယ်လုံးတီးအမျိုးသမီးတစ်ဦး ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။
အပိုင်း(1095) coming။