← Chapters

တာအိုနှလုံးသားဖြစ်ရပ်

Vol. 23 Ch. 286

တာအိုနှလုံးသားဖြစ်ရပ်

Vol. 23 Ch. 286

"ငါ အရှုံးပေးတယ်"

လင်းချန် အဆင့်တက်ပြီးသည်နှင့် တပြိုင်နက် သူ၏ ပြိုင်ဘက်ဖြစ်သော ယမန်နှစ် အင်မော်တယ် ဓားအဆင့်သတ်မှတ်ချက် ဒုတိယ မုချင်းဟွမ်က ချက်ချင်း အရှုံးပေးလိုက်သည်။ သူက ရီချင်းဖန်၏ ကံတရားကို မျက်မြင်တွေ့ထားပြီးဖြစ်ကာ ခွန်အားကို သက်သေပြရန် အသေခံစရာ မလိုအပ်ပေ။ အကျိုးသင့်အကြောင့်သင့်ရှိသော သူ၏ စိတ်ထားအရ တာအိုနှလုံးသား ထိခိုက်စရာလည်း မရှိသောကြောင့် ဖခင်ဖြစ်သူ မုတရှုံလည်း သဘောတူခဲ့သည်။ မုမျိုးနွယ်၏ အမြင်တွင် ဤတိုက်ပွဲသည် အင်မော်တယ် လူဝင်စားနှစ်​ယောက်အတွက်ဖြစ်ကာ ဝင်ရောက်နှောင့်ယှက်ခဲ့သော မျက်ကန်း သတ္တိခဲကြီးများမှာ အသက်နှင့် ပေးဆပ်ခဲ့ရသည် မဟုတ်ပါလော။ ထို့အပြင် လင်းချန်မှာ အဆင့်တက်သွားသောကြောင့် မုချင်းဟွမ်အနေဖြင့် ​လှေကားထစ်အဖြစ်ခံမည် မဟုတ်ဘဲ ရူးရူးမိုက်မိုက် မာနမျိုး မရှိသည်က အသက်ရှည်စေနိုင်သော အကြောင်းအရင်းပင်။

ယွမ်ရှောင်က ငါးယောက်တစ်​ယောက် အနိုင်ယူခဲ့ပြီး လင်းချန်သည် တာအိုနှလုံးသား ဖြစ်ရပ်ကို အသက်သွင်းခဲ့သောကြောင့် ထိုက်တန်သည့် အမည်ခံ ဓားအင်မော်တယ်များဖြစ်ကြောင်း သက်သေပြထား၏။ ဓားနှစ်ခြင်းအခမ်းအနား အပြီးတွင် ဤနှစ်ယောက်သည် ထာဝရဓားအကျဥ်းထောင်အား နောက်တစ်ကြိမ် လှုပ်ရှားသွားစေကာ အနိုင်ရသူ မည်သူဖြစ်မည်ကို လူတိုင်း သိချင်နေကြသည်။ နယ်မြေတစ်ခုလုံး သက်ဝင်စည်ကားနေကာ အားလုံးသည် သိလိုစိတ်ပြင်းပြစွာဖြင့် တိုက်ပွဲစင်မြင့်အထက် ရပ်နေသော လင်းချန်ထံ ငေးကြည့်နေမိ၏။ သူက မျက်လုံးများမှိတ်ထား၍ ဓားကိုင်ဆွဲကာ တောင်တစ်လုံးပမာ တည်ငြိမ်စွာ ရှိနေသည်။ စည်းမျဥ်းစည်းကမ်းများအရ နောက်ထပ် နှစ်နာရီအတွင်း ယွမ်ရှောင်သည် သူ့ကို တိုက်ခိုက်ရပေလိမ့်မည်။

"သခင်လေးယွမ်က ကြောက်နေတာလား။ သူသာ တကယ်သတ္တိရှိရင် ချက်ချင်း စိန်ခေါ်တိုက်ခိုက်သင့်တယ်။ အနည်းဆုံးတော့ တာအိုနှလုံးသား ဖြစ်ရပ်ကြောင့် ဖိအားများနေပြီထင်တယ်"

"ဟုတ်လောက်တယ်"

တစ်စုံတစ်ယောက်က မှတ်ချက်ပေးလိုက်ပြီး အခြားသူများလည်း ထောက်ခံလိုက်ကြ၏။ စောင့်ဆိုင်းချိန်အတွင်း ကုမျိုးနွယ်သည် လင်းချန်၏ လွှမ်းမိုးမှုကို အခွင့်ကောင်းယူကာ ယွမ်ရှောင်မှာ နတ်ဆိုးဓားဝိညာဥ် ပိုင်ရှင်ဖြစ်ကြောင်း နောက်တစ်ကြိမ် သတင်းဖြန့်နေခဲ့ပြီး အသတ်ခံရလျှင်လည်း ထိုက်တန်ကြောင်း ငတုံးများအား ဦးနှောက်ဆေးနေသည်။

"သူက ရုန်းကျင့်ကြံသူတွေကို သတ်ဖြတ်ပြီး ငရဲနှစ်ထပ်အကြားမှာ ပြဿနာမီးမွှေးခဲ့တယ်။ အနာဂတ်မှာ ဓားကျင့်ကြံသူတွေ အသတ်ခံရရင် သူ့တာဝန်ပဲ"

"လူသားမျိုးနွယ်ရဲ့ ငရဲနှစ်ခုက အချင်းချင်း စည်းလုံးရမှာကို အခု ပြဿနာတက်ကုန်ပြီ"

နောက်ထပ် သွေးထိုးသတင်းများက လူအုပ်အကြား လျင်မြန်စွာ ရောက်ရှိလာကာ အများစုအပေါ် မသက်ရောက်သော်လည်း ငတုံးများမှာ ချွင်းချက်ဖြစ်နေခဲ့သည်။

"ယွမ်ရှောင်က ရက်စက်လွန်းတယ်။ ဒီလိုသာဆက်ဖြစ်နေရင် ငရဲရှစ်ထပ်လုံးနဲ့ ဓားကျင့်ကြံသူတွေ စစ်ဖြစ်ရတော့မယ်"

"သခင်လေးလင်းက ပိုပြီး ဉာဏ်ပညာရှိတယ်။ ကျင့်ကြံရေးလမ်းကြောင်းမှာ ဉာဏ်ပညာက ပါရမီနဲ့ ခွန်အားထက် ပိုပြီး အရေးပါတယ်"

ထိုငတုံးများက ယွမ်ရှောင်ကို ရှုံ့ချ၍ လင်းချန်ကို မြှောက်ပင့်နေကြ၏။

"အားနည်းတဲ့ကောင်တွေက လှည့်ကွက်တွေ လုပ်ပြန်ပြီ။ သန်မာရင် ဘယ်အရာမဆို ချေမှုန်းပစ်နိုင်တယ်။ သေမျိုးတွေက အစစ်အမှန် အင်မော်တယ်တစ်ယောက်အကြောင်း ဘာသိလို့လဲ။ သူတောင်းစားတွေက ဘုရင်တစ်ပါးကို ဝေဖန်နေသလိုပဲ"

မုချင်းဟွမ်က စိတ်ပျက်စွာ ရေရွတ်လိုက်၏။

"ဘာကြောင့်လဲဆိုတာ မင်း သိလား"

မုတရှုံက မေးခွန်းထုတ်သည်။

"ကျုပ် နားမလည်ဘူး အဖေ"

"အားနည်းလေလေ စိတ်အားငယ်လေလေပဲ။ နွားတွေက ထက်ရှမှုအကြောင်း မေ့ကုန်ပြီ။ ကျင့်ကြံရေးလမ်းကြောင်းမှာ သတ္တိက အရေးပါတယ်။ ဓားတစ်ချက်တည်းက လူတိုင်းကို ကြောက်စိတ် ရိုက်သွင်းပေးနိုင်တယ်။ သခင်လေးယွမ်က လှည့်ကွက်တွေသုံးပြီး ဂုဏ်သိက္ခာ တည်ဆောက်ဖို့ စိတ်မဝင်စားဘူး။ သူ့စိတ်ထဲမှာ ကျင့်ကြံဖို့အတွက် လမ်းကြောင်းတစ်ခုပဲ ရှိတယ်"

မုတရှုံသည် အဝေးရှိ မျှော်စင်တစ်ခုထံ လှမ်းကြည့်ကာ တစ်လုံးချင်း ဖြေလိုက်သည်။

"အဖေက ဘယ်လိုလုပ် သူ့အကြောင်း ဒီလောက်သိနေရတာလဲ"

"သူ့မျက်ဝန်းတွေထဲမှာ ဓားက အရာရာပဲ။ သန့်စင်ပြီး ထက်မြက်တယ်။ လင်းချန်ရဲ့ မျက်လုံးထဲမှာတော့ ခံစားချက်ပေါင်းစုံနဲ့ ဓားပေါင်းများစွာ ရှိနေသလိုပဲ"

"ဓားတစ်ထောင်က တစ်လက်ထက်ပိုပြီး သန်မာတယ် မဟုတ်ဘူးလား"

"အင်မော်တယ်တွေကြားမှာ အဆင့်အတန်း ရှိတယ်။ အတွေးတွေ ပြန့်ကြဲနေရင် ခွန်အားကို စုစည်းဖို့ ခဲယဥ်းတယ်"

"သခင်လေးယွမ်က ငါးယောက်တစ်ယောက် အနိုင်ယူခဲ့ပေမယ့် ဒီငတုံးတွေက လင်းချန်ကို မြှောက်ပင့်နေကြတယ်။ တာအိုနှလုံးသား ဖြစ်ရပ်ကြောင့်များလား"

မုချင်းဟွမ်သည် လူအုပ်အတွင်း တစ်ချက်ဝေ့ကြည့်ပြီး အတင်းအဖျင်းများကို နားစွင့်ကာ မှတ်ချက်ချလိုက်၏။

"ဒီလောကကြီးမှာ အရူးတွေနဲ့ ပြည့်နှက်နေတယ်။ တကယ်လို့ လူတိုင်းက ဉာဏ်ကောင်းနေမယ်ဆိုရင် အကုန်လုံး အင်မော်တယ်.ဖြစ်နေမှာပေါ့။ သာမန်လူတွေက အသတ်ခံရဖို့ စောင့်နေတဲ့ သိုးအုပ်ကြီးအတိုင်းပဲ။ မျက်စိမကန်းစေနဲ့"

မုတရှုံက နားလည်ရခက်သော အပြုံးမျိုး ထုတ်ဖော်လိုက်သည်။ တာအိုနှလုံးသား ​ဖြစ်ရပ်ကြောင့် လူအုပ်၏ စိတ်ဝင်စားမှုသည် လင်းချန်အပေါ် မြင့်တက်လာကာ အချိန်မရွေး တိုက်ခိုက်နိုင်ရန် အသင့်ပြင်ထားသဖြင့် ယွမ်ရှောင်အပေါ် အရိပ်မိုးထားနိုင်၏။

"သခင်လေးလင်းရဲ့ ဓားဝိညာဉ်မှာ ဓားစက်ကွင်း ခုနစ်ခုရှိတယ်။ ယန်အဆင့်လား ယင်အဆင့်လား"

"သေချာပေါက် ထိပ်တန်း ယန်အဆင့်ပေါ့ကွ"

အာကာသနတ်ဓားဝိညာဥ်အပေါ် တပ်ဆင်ထားသော ငရဲနတ်ဆိုးဓားစက်ကွင်းများသည် မီးတောက်မုန်တိုင်း၊ ပုံရိပ်ယောင်လ၊ မြေအောက်မြစ်၊ အရိုးမိုးကြိုး၊ သရဲမီးတောက်၊ သင်္ချိုင်းနှင့် လောကမြေခွေး စသည့် နတ်ဆိုးစွမ်းရည် အသီးသီး ပိုင်ဆိုင်ထားကာ ဖီးနစ်ပြာ၊ ရေခဲလ နတ်ဆိုး၊ ငရဲမြွေစသည့် မျိုးနွယ်ဝင်များ ဖြစ်ကြသည်။ ၎င်းတို့၏ နတ်ဆိုးစွမ်းရည်များက ကိုးရောင်ခြယ်ဓားပတ်လည်တွင် တောက်ပနေကာ အေးစက်စက်နှင့် ခြောက်ခြားဖွယ် အရှိန်အဝါများ ထွက်ပေါ်နေ၏။ သူက ငရဲနတ်ဆိုးများ၏ စွမ်းရည်ကို အသုံးပြုထားသောကြောင့် ယွမ်ရှောင်၏ အောင်ပွဲထက် သာလွန်နေပုံရသည်။

"သခင်လေးလင်းဆိုရင် ဆယ်ယောက်တစ်ယောက် တိုက်ခိုက်နိုင်လောက်တယ်"

"တောင်သခင်တွေတောင် သူနဲ့ မတိုက်ခိုက်ရဲဘူးလို့ ကြားတယ်"

"တာအိုနှလုံးသားနယ်ပယ်က အမည်ခံ ဓားအင်မော်တယ် နှစ်ယောက်ကို ခွဲခြားပေးလိုက်တာပဲ"

"အချိန်ကျလာရင် သူသေကိုယ်သေ တိုက်ခိုက်ကြမှာလား"

ဓားကျင့်ကြံသူပေါင်းများစွာက အမည်ခံ ဓားအင်မော်တယ်နှစ်ယောက်အကြား နှိုင်းယှဥ်နေကြသည်။

"ယွမ်ရှောင်လို နတ်ဆိုးကောင်က မောက်မာလွန်းတယ်"

"သူက သခင်လေးလင်းရဲ့ အသက်ကို ကယ်ဖူးတယ်ဆိုတာလည်း မဖြစ်နိုင်ဘူး။ သူ့ဘိုးဘေးတွေကို တူးထုတ်ပြီး စစ်ဆေးလိုက်ရင် အကုန် လူယုတ်မာတွေချည်းဖြစ်ရမယ်"

"ယွမ်ရှောင်ရဲ့ ပါရမီက ဘယ်လောက်မြင့်မြင့်၊ သူ့အမေက ပြည့်တန်ဆာပဲ"

လင်းချန်၏ ဘက်တော်သားများမှာ စောင့်ဆိုင်းချိန် နှစ်နာရီအတွင်း ကောလဟာလသတင်းများကို အစွမ်းကုန် မီးမွှေးနေသည်။ ထို့အပြင် အသိဉာဏ်နည်းပါးသော လူငယ်ကျင့်ကြံသူတစ်သောင်းကျော်မှာလည်း နောက်တစ်ကြိမ် ရဲရင့်လာကာ ငကြောက်များအဖြစ် ပါးစပ်ပိတ်နေခဲ့ရသည်ကို မေ့လျော့သွားပြန်၏။

"ယွမ်ရှောင် ငကြောက်ကောင် ထွက်လာပြီး တိုက်ခိုက်စမ်း"

သူတို့က အသံကုန်အော်ဟစ်၍ လှောင်ပြောင်နေစဥ်း မိုးချုန်းသံပမာ ကျယ်လောင်သော မြည်သံတစ်ခု ထွက်ပေါ်လာသည်။ နားကွဲမတတ် ပြင်းထန်သော ထိုအသံအပြင် အရှိန်အဝါ ပြန့်ထွက်လာသောကြောင့် ပတ်ဝန်းကျင်ရှိ ဓားကျင့်ကြံသူများ နေရာပေါင်းစုံသို့ လွင့်ထွက်ကုန်သည်။ ထိုအရှိန်အဝါ၏ ရင်းမြစ်မှာ ယွမ်ရှောင်၏ အခန်းဖြစ်နေပြီး ဓားအပျက်အစီးနယ်မြေတစ်ခွင် ငလျင်လှုပ်သည့်အလား ယိမ်းထိုးနေသည်။

"ဘာဖြစ်နေတာလဲ"

ဓားကျင့်ကြံသူ နှစ်သန်းကျော်သည် ထိုအခန်းထံသို့ ကြောက်လန့်တကြား မော့ကြည့်လိုက်မိ၏။ ကြီးမားလှသော ဓားကြီးတစ်လက်သည် ကောင်းကင်သို့ မြင့်တက်နေကာ ဓားသဏ္ဍာန်တောင်ထပ် ၉၉၉ခု၏ အလင်းရောင်ကို လွှမ်းခြုံသွားခဲ့သည်။

"ထာဝရဓား"

ဓားရည်ရွယ်ချက်ပေါင်း တစ်သန်းကျော် စုစည်းနေသော ပုံရိပ်ကြီးကြောင့် လင်းချန်အပါအဝင် လူတိုင်း မင်သက်ကုန်သည်။ သူတို့ မမြင်နိုင်သည်မှာ ဧရာမဓားကြီး၏ အလယ်ဗဟို၌ အနက်ရောင် ဓားငယ်တစ်လက် ရှိနေခြင်းပင်။ ထာဝရဓား ပေါ်ပေါက်လာသော အကြောင်းအရင်းကို အားလုံး အတွေးနက်နေစဥ် ၎င်းမှာ စတင်ပြောင်းလဲလာခဲ့၏။

"ဘုန်း"

အရောင်မျိုးစုံ ယှက်နွယ်နေသော ဓားပုံရိပ်ကြီး ပေါက်ကွဲသွားကာ သန်းချီသော အလင်းတန်းများအဖြစ် ခွဲထွက်လာ၏။ မရေမတွက်နိုင်သော ရောင်စုံတိမ်များ ဖြစ်တည်လာကာ ထာဝရဓားအကျဥ်းထောင်၏ ကောင်းကင်တစ်ခွင် အုပ်မိုးသွားကာ တောက်ပလှပသော ကြာပန်းကြီးအလား ထင်မှတ်ရသည်။

"ဒါ....ဒါကြီးကရော တာအိုနှလုံးသား.ဖြစ်ရပ်လား"

မုချင်းဟွမ်မှာ စိတ်လှုပ်ရှားမှုကြောင့် အသံပင် တုန်ရီနေသည်။

"ဟုတ်တယ်။ လင်းချန်ရဲ့ ဖြစ်ရပ်က ဓားအပျက်အစီးနယ်မြေကိုသာ လွှမ်းခြုံနိုင်ပေမယ့် သခင်လေးယွမ်ကတော့ ထာဝရဓားအကျဥ်းထောင်တစ်ခုလုံး အုပ်စိုးထားတယ်"

မုတရှုံက ပေါင်ကို လက်ဝါးဖြင့် ပုတ်၍ ကျေနပ်စွာ မှတ်ချက် ချလိုက်သည်။

"အဖေ ဒါက အဆတစ်ထောင်လောက် ကွာခြားနေသလိုပဲ။ ပြီးတော့ ထာဝရဓားပုံရိပ်လည်း ထွက်ပေါ်လာစေတယ်"

ဤမြင်ကွင်းသည် လင်းချန်၏ ဘက်တော်သားများကို ဦးခေါင်းအပေါ် တောင်ပေါင်းများစွာ ပစ်ချလိုက်သကဲ့သို့ လေးလံသွားစေသည်။ လင်းချန်၊ အဘိုးကြီးကု၊ ကုချင်ကန်နှင့် နောက်လိုက်များမှာ အဆုံးမရှိသော ချောက်နက်ကြီးအတွင်း ပြုတ်ကျသွားသည့်အလား တုန်ရီနေကြသည်။ တရားမျှတမှု လိုချင်သော ငတုံးကောင်များသည်လည်း အကြိမ်တစ်ထောင်လောက် ပါးရိုက်ခံလိုက်ရသည့်အလား လျှာကိုက်မိမတတ် ဖြစ်ကုန်၏။ သာမန်ဓားကျင့်ကြံသူများအတွက်မူ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မစဥ်းစားတတ်အောင် ကြောင်အနေခဲ့သည်။

"တာအိုနှလုံးသားဖြစ်ရပ်က ပိုပြီး ကျယ်ပြန့်လာတယ်"

မုချင်းဟွမ်က ရုတ်တရက် အော်ဟစ်လိုက်သောကြောင့် အားလုံးမှာ ခေါင်းမော့ကြည့်လိုက်မိပြီး ကြာပန်းပုံရိပ်ကြီး မည်သည့်ပမာဏအထိ ကျယ်ပြန့်သွားသည်ကို မမြင်နိုင်တော့ပေ။ ၎င်းမှာ ဆက်လက်ကြီးထွားနေကာ ငရဲကိုးထပ်၏ ကောင်းကင်များထံ ဆက်လက်ဖြန့်ကျက်နေသဖြင့် လောကကြီးတစ်ခုလုံး အရောင်ပြောင်းလဲသွားသည်။ ငရဲကိုးထပ်လုံး၏ ကောင်းကင်အားလုံးမှာ ချိတ်ဆက်နေသဖြင့် တောက်ပ၍ ရောင်စုံလင်းလက်နေသည့် ကြာပန်းပုံရိပ်ကြီးကို အားလုံး မြင်နိုင်ခဲ့လေသည်။

All Chapters