← Chapters

အိမ်အပြန်ခရီး

Vol. 23 Ch. 290

အိမ်အပြန်ခရီး

Vol. 23 Ch. 290

မုတန်းကျန်းက ကုမျိုးနွယ်ကို ကိုယ်ဖော်သည့်ဆေး ကိုယ်ပြန်မျိုချစေရန် ကြံစည်ထားပြီး ကောလဟာလသတင်းများ မအောင်မြင်ရသော အကြောင်းအရင်းသည် ပစ်မှတ်မှာ ယွမ်ရှောင်ဖြစ်နေသောကြောင့်ပင်။ ရိုးရိုးသားသား ပြောရလျှင် သူက လင်းချန်ကို နင်းချေပစ်လိုက်သောအခါ တစ်ချက်ကြည့်ရုံဖြင့် နတ်ဘုရားဆန်ဆန် ချောမောသော ရုပ်ရည်နှင့် အစစ်အမှန် အင်မော်တယ်၏ ခွန်အားမျိုး ပိုင်ဆိုင်ထားကြောင်း သိနိုင်၏။ ငရဲကိုးထပ်တွင် အချောဆုံး ယောက်ျားဟု ဆိုစမှတ်ပြုနိုင်ပြီး အကျင့်စရိုက်အရာတွင်လည်း တည်ကြည်လေးနက်ကာ လင်းချန်ထက် ပို၍မြင့်မြတ်ပေသည်။ ထိုအချိန်တွင် သူက ဓားအပျက်အစီးနယ်မြေ၏ စိတ်နှလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး များမကြာမီ ထာဝရဓားအကျဥ်းထောင်တစ်ခုလုံး လေးစားလာကြပေလိမ့်မည်။ ဓားကျင့်ကြံသူများက သူ့အတွက် စည်းလုံးညီညွှတ်စွာ တိုက်ခိုက်ပေးနိုင်ပြီး ဝါးအစည်းပြေသကဲ့သို့ ဖြစ်နေသော အခြေအနေမျိုးထက် ပို၍ စွမ်းအားကြီးမားပေလိမ့်မည်။

ဓားကျင့်ကြံသူများ၏ စည်းလုံးညီညွှတ်မှုကို မလိုလားဆုံးမှာ ရုန်းကျင့်ကြံသူများ ဖြစ်သောကြောင့် လက်ရှိရလဒ်သည် ကုချင်ကန်အတွက် အဆိုးဆုံးဖြစ်နေသည်။ သူမ၏ မျက်နှာက မည်းမှောင်နေပြီး ကပ်ဘေးတံဆိပ်ငရဲ၏ အကြီးအကဲများနှင့်အတူ လှည့်ထွက်သွားကြောင်း ယွမ်ရှောင် မြင်လိုက်ရသည်။ ကပ်ဘေးတံဆိပ်ငရဲ၏ ခေါင်းဆောင်နှင့် လက်ထပ်ပြီးနောက် ဓားကျင့်ကြံသူများ၏ ပျက်စီးရာပျက်စီးကြောင်း ကြံစည်နေသော ထိုသစ္စာဖောက်မက ကုမျိုးနွယ်ကို ဖယ်ရှားပြီးလျှင် အလှည့်ကျရောက်လာပေလိမ့်မည်။

"သခင်"

လင်းချန်က တုံ့ဆိုင်းနေဟန်ဖြင့် စကားစလိုက်သည်။

"ပြောစမ်း"

"အဘိုးကြီးကုရဲ့ လက်တံတွေက ရှည်လျားတယ်။ ဒါကြောင့် ကောလဟာလသတင်းတွေကို ကျုပ် မတားဆီးနိုင်ခဲ့တာပါ။ ခွင့်လွှတ်ပါ"

"ကိစ္စမရှိဘူး"

"ဒါဆိုရင် သခင်နဲ့အတူ ဓားအပျက်အစီးတောင်ကြားကို လိုက်ခဲ့ရမလား။ ဒါမှမဟုတ် သခင်က အင်မော်တယ်နန်းတော်မှာ နေထိုင်မလား"

"မလိုအပ်ဘူး။ မင်း​နေရာမှာ မင်းဆက်နေ။ အများအမြင်မှာ ငါ့ကို ယှဥ်ပြိုင်နေတယ်လို့ ထင်အောင်လုပ်ထား။ သူတို့ရဲ့လျှို့ဝှက်ချက်တွေ ငါ သိချင်တယ်"

ယွမ်ရှောင်က ညွှန်ကြားချက်ပေးလိုက်သောအခါ လင်းချန်မှာ ချက်ချင်း ခေါင်းညိတ်လိုက်သည်။

"သခင် ကျုပ် အမြဲတမ်း သိချင်နေတာ တစ်ခု ရှိပါတယ်။ ကောင်းကင်နတ်ဓား တာအိုကို ဘယ်လို သင်ယူခဲ့တာလဲ"

လင်းချန်က သက်ပြင်းချ၍ စပ်စုလိုက်သည်။

"ဒါလား။ မင်းရဲ့ ဓားကွက်ကို ကြည့်ပြီး သင်ယူလိုက်တာပါပဲ"

ယွမ်ရှောင်၏ အဖြေကြောင့် လင်းချန်မှာ ဆွံ့အသွား၍ လေးစားစွာ ဦးညွှတ်ကာ ဓားကျင့်ကြံသူများစွာ၏ တီးတိုးလှောင်ရယ်သံများကို လျစ်လျူရှု၍ ထွက်ခွာသွားခဲ့သည်။

"စိတ်ဝင်စားစရာကောင်းတယ်"

ယွမ်ရှောင်၏ မျက်ကွယ်ရာသို့ ရောက်သောအခါ နားရွက်မှ သွေးများကို သုတ်၍ လင်းချန်သည် အဘိုးကြီးကုနှင့် တွေ့ဆုံရန် ဘိုးဘေးသင်္ချိုင်းသို့ ဦးတည်သွားခဲ့၏။ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ကောင်းကင်မြေသာ ကျန်ရစ်သောကြောင့် သူ့အနေဖြင့် တားမြစ်ရတနာ ကောင်းကင်ကြေးမုံကို တောင်းဆိုလိုက်သည်။ ၎င်းမှာ ဓားအပျက်အစီးနယ်မြေ၏ ဘိုးဘေးများ စောင့်ကြပ်ခဲ့သော ရတနာဖြစ်ကာ အသုံးပြုမှုတိုင်းကို တင်းကြပ်စွာ ကန့်သတ်ထားသည်။ ဘိုးဘေးသင်္ချိုင်းအတွင်း ရှိနေသော်လည်း အရိုးခြောက်စောင့်ရှောက်သူအတွက် သုံးခွင့်မရှိသဖြင့် အပြင်လူများ သိသွားလျှင် မုတန်းကျန်းနှင့် ယွမ်ရှောင်၏ လက်ထဲ သေရပေလိမ့်မည်။ သို့ရာတွင် အခြားနည်းလမ်းလည်း မရှိသောကြောင့် လှောင်ပြောင်စော်ကားမှုများကို သည်းခံခဲ့ရသည့် လင်းချန်က ၎င်းကို ထုတ်ပေးရန် ဖိအားပေးနေသည်။ ဓားကျွန်တစ်ယောက်အဖြစ် အရှက်ခွဲခံရခြင်းသည် သူ၏ ဘဝအတွက် အဆိုးရွားဆုံးသော နိမ့်ကျမှုပင်။

"သခင်လေးလင်းက ဒီလိုစော်ကားမှုမျိုးကို သည်းခံနိုင်ခဲ့တယ်။ အစစ်အမှန်အောင်နိုင်သူဆိုတာမျိုးက ခက်ခဲဆင်းရဲမှုကို လေပြင်းအောက်က မြက်ပင်လိုမျိုး ထိန်းညှိ ကျော်ဖြတ်နိုင်ကြပါတယ်"

အဘိုးကြီးကုက လက်ရှိအချိန်တိုင်အောင် လင်းချန်ကို ဖားယားနေဆဲဖြစ်သည်။

"ပါးစပ်ပိတ်ထားစမ်း။ ယွမ်ရှောင်က မင်း ဉာဏ်မမီလောက်အောင် အစွမ်းထက်လွန်းတယ်။ ဒီနယ်မြေနဲ့ လုံးဝ မသက်ဆိုင်ဘူး"

လင်းချန်အတွက် အာကာသနတ်ဓား၏ ကြောက်ရွံ့မှုနှင့် နားရွက်ဖြတ်ခံထားရသော ဒဏ်ရာများမှ နာကျင်မှုသည် လတ်ဆတ်နေဆဲပင်။

"သခင်လေးလင်း ပြောတာမှန်ပေမယ့် သူက တကယ်တော့ ပါရမီရှင်တစ်ယောက်ပါပဲ။ အရမ်းထူးချွန်းလွန်းနေရင် ဘယ်သူမဆို သတ်ချင်လာလိမ့်မယ်။ ဒီနေ့ အရှက်ကွဲမှုကို သည်းခံလိုက်တာက ကျုပ်ကိုတောင် အံ့သြစေပါတယ်။ မင်းလိုလူစားမျိုးက သေချာပေါက် ရှုံးနိမ့်မှာ မဟုတ်ပါဘူး"

အဘိုးကြီးကုက အေးစက်စက် ပြောလိုက်သည်။ ကုချင်ကန် ယူဆောင်လာသော သတင်းများအရ ငရဲရှစ်ထပ်သည် အမည်ခံ ဓားအင်မော်တယ်များအပေါ် အာရုံစိုက်နေကြောင်း သိခဲ့ရသည်။ သူတို့၏ အမြင်တွင် အလွန်ကျော်ကြားလာသော ယွမ်ရှောင်ကိုသာ လုပ်ကြံသူများက အာရုံစိုက်မည်ဖြစ်သောကြောင့် လင်းချန်မှာ ကောင်းကင်မြေကို တိတ်တဆိတ်ရယူနိုင်လျှင် အရာရာ ပြောင်းလဲနိုင်ချေရှိသည်။

"အရှက်ကွဲတာလောက်က ကိစ္စကြီးနဲ့ယှဥ်ရင် မပြောပလောက်ပါဘူး။ ဘယ်သူကရော ပြိုင်ဘက်ကင်း ဖြစ်နေလို့လဲ။ အရှက်ကွဲမှုတစ်ထောင်လောက်ကို သည်းခံနိုင်လို့ အင်မော်တယ် ဖြစ်ရမယ်ဆိုရင် ငါ လက်ခံလိုက်မယ်"

"သခင်လေးလင်းက ဒီလောက်ပြတ်သားနေမှတော့ ငါလည်း သစ္စာဖောက်အဖြစ်ခံပြီး ကောင်းကင်ကြေးမုံကို အသက်သွင်းပေးပါမယ်။ ကောင်းကင်​မြေကို ငါတို့ သိမ်းပိုက်နေတုန်း ယွမ်ရှောင်ကတော့ လုပ်ကြံသတ်ဖြတ်ခံရလိမ့်မယ်"

လင်းချန်၏ ရည်မှန်းချက်က အသစ်တစ်ဖန် ဖြစ်ပေါ်လာသကဲ့သို့ အဘိုးကြီးကုသည်လည်း စွန့်စားရန် ဆုံးဖြတ်လိုက်သည်။

ဓားအပျက်အစီးနယ်မြေ၏ ချောင်ကျသော နန်းဆောင်တစ်ခုတွင် ကုချင်ကန်ထံ ရုန်းကျင့်ကြံသူ အကြီးအကဲတစ်ယောက် သတင်းပေးရန် ရောက်ရှိလာသည်။ သူက ကောင်းကင်မြေအကြောင်း သတင်းပေးလိုက်သောအခါ ကုမျိုးနွယ်သည် ထိုသတင်းကို သူမထံမှ ဖုံးကွယ်ထားကြောင်း နားလည်လိုက်ရသည်။

"ဒီဓားကျင့်ကြံသူတွေက ခင်ဗျားကို သူတို့လူအဖြစ် သတ်မှတ်မထားဘူး။ တမင်သက်သက် ဖုံးကွယ်ထားတာပဲ"

အကြီးအကဲက သွေးထိုးလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း"

ကုချင်ကန်က အော်ငေါက်လိုက်ပြီး ခဏတာ စဥ်းစား၍ အမိန့်ပေးခဲ့သည်။

"ကပ်ဘေးငရဲကို တစ်ယောက်ယောက် စေလွှတ်ပြီး ကောင်းကင်မြေအကြောင်း ချက်ချင်း သတင်းပို့လိုက်။ ဝင်ပေါက်က အဆုံးမဲ့ငရဲပြည်မှာ ရှိတယ်ဆိုရင် ထာဝရဓားအကျဥ်းထောင်နဲ့ ရန်သူတွေပဲ။ ကောင်းတယ်။ ငါတို့ ရုန်းကျင့်ကြံသူတွေက သူတို့နဲ့ ဆွေးနွေးရမယ်"

"သခင်မ တကယ်လို့ မိစ္ဆာမျိုးနွယ်နဲ့ ဆွေးနွေးမယ်ဆိုရင် ဓားအပျက်အစီးနယ်မြေက တစ်မျိုးထင်သွားနိုင်တယ်"

"မထူးတော့ပါဘူး။ အမည်ခံ ဓားအင်မော်တယ် နှစ်ယောက် အသက်ရှင်နေသရွေ့ ငါ့အတွက် အခွင့်အရေး မရှိဘူး။ နှစ်ယောက်လုံး အသတ်ခံလိုက်ရရင် သူတို့မှာ ရွေးချယ်စရာ မကျန်တော့ဘူး။ ပြီးတော့ ငါတို့က ကြားလူပဲ။ မိစ္ဆာဖြစ်ဖြစ် လူသားဖြစ်ဖြစ် အကျိုးအမြတ်ပေးနိုင်ရင် မဟာမိတ်ဖွဲ့ရမှာပဲ။ ကောင်းကင်မြေက ငါတို့အပိုင် ဖြစ်လာရမယ်"

ကုချင်ကန်က ဓားအပျက်အစီးနယ်၏ တောတောင်ရေမြေများကို တစ်ချက်ငေးကြည့်၍ စက်ဆုပ်စွာ ကြံစည်ထားသည်။ ထို့နောက် အကြီးအကဲက ဦးညွှတ်၍ အမိန့်အတိုင်း ဆောင်ရွက်ရန် တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။

အပျက်အစီးတောင်ကြားအတွင်း တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသည့် ကျန်းမုမှာ ကျန်းချန်၏ အုတ်ဂူရှေ့တွင် ဒူးထောက်နေရပြီး ဆံပင်များ ရှုပ်ထွေး၍ ဒန်တန် ပျက်စီးနေခဲ့သည်။ သူ၏ မျက်နှာက သွေးဆုတ်ဖြူရော်၍ မျက်လုံးများ မှိန်ဖျော့ကာ မျှော်လင့်ချက် ပျောက်ဆုံးနေပြီ ဖြစ်ကာ အနားတွင် မုမျိုးနွယ်ဝင်များနှင့် ယွမ်ရှောင် ရပ်နေခဲ့သည်။

"ကျန်းမု နောက်ဆုံး ဘာပြောချင်လဲ"

မုတလုံက သူမ၏ ဓားဝိညာဥ်ကို ကျန်းမု၏ လည်ပင်းအထက် တင်ထားလိုက်သည်။

"မရှိပါဘူး။ ခြေတစ်လှမ်းမှားတာနဲ့ ပြန်လှည့်မရတော့ဘူး။ ငါက အစ်ကို့ကို မနာလိုခဲ့တယ်။ ငါပိုင်ဆိုင်သင့်တဲ့ အရာအားလုံး သူ အပိုင်ယူသွားတယ်။ မင်းတောင်မှ မလွတ်မြောက်ခဲ့ဘူး"

ကျန်းမုက နှမြောတဿဟန်ဖြင့် ရေရွတ်လိုက်သည်။

"မိစ္ဆာကောင် နင့်အပြစ်တွေကို ခွင့်လွှတ်မရတော့ဘူး"

မုတလုံက ခေါင်းယမ်းလိုက်ပြီး ဓားချက် ကျဆင်းလာကာနီးတွင် ကျန်းမုမှာ လက်ကာပြလိုက်သည်။

"လင်းချန်က ငါ မြင်ဖူးသမျှထဲမှာ တစ်ကိုယ်ကောင်းအဆန်ဆုံးပဲ။ သူက လူတိုင်းကို သစ္စာဖောက်လိမ့်မယ်။ ဘာစည်းမှ စောင့်နေမှာ မဟုတ်ဘူး"

သူက ယွမ်ရှောင်ကို ​မော့ကြည့်ကာ သတိပေးလိုက်သည်။

"အနည်းဆုံးတော့ မင်းက ကောင်းမှုတစ်ခုခု လုပ်ချင်နေပုံရတယ်"

မုကျန်းတန်းက တစ်ချက်ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

"မင်းတို့အားလုံး ဒီလောက် သိထားတာတောင် ဘာကြောင့် သူ့ကို မသတ်သေးတာလဲ"

"အချိန်မတန်သေးလို့"

ယွမ်ရှောင်က ပခုံးတွန့်ပြ၍ အချက်ပေးလိုက်သောအခါ မုတလုံ၏ ဓားချက် ဖြတ်သန်းသွားကာ ဆယ့်လေးနှစ်ကြာ ခံစားခဲ့ရသော နာကျင်မှုကို ဖြေဖျောက်လိုက်သည်။

"သခင်လေးယွမ် နောက်ထပ် ဘာဆက်လုပ်မှာလဲ"

တစ်နေရာရာသို့ ခရီးထွက်ရန် ပြင်ဆင်နေပုံရသည့် ယွမ်ရှောင်ကို မုကျန်းတန်းက စပ်စုလိုက်ခြင်းဖြစ်၏။

"အိမ်ပြန်မလို့။ ဒီတခေါက် အများကြီးတော့ မတောင်းဆိုချင်ပါဘူး။ အင်မော်တယ်ကျောက်စိမ်း သန်းတစ်ရာနဲ့ သေရည်နည်းနည်းလောက် ထုပ်ပိုးပေးပါ"

ယွမ်ရှောင်၏ တောင်းဆိုချက်ကြောင့် ဓားအစောင့်အရှောက် မုကျန်းတန်းသည် အလန့်တကြား နောက်ဆုတ်သွားသဖြင့် အနားရှိ ရေကန်အတွင်း ပြုတ်ကျလုနီးပါး ဖြစ်သွားလေသည်။

All Chapters