← Chapters

ကောင်းကင်ကြေးမုံ

Vol. 23 Ch. 293

ကောင်းကင်ကြေးမုံ

Vol. 23 Ch. 293

အဘိုးကြီးကုသည် ဝင်ပေါက်ရှေ့တွင် ရပ်ကာ ကောင်းကင်ကြေးမုံကို အသက်သွင်းလိုက်သောအခါ မီတာသုံးရာအထိ အလင်းတန်းများ ဖြန့်ကျက်၍ ထိတွေ့မိသောအရာတိုင်း အသက်ဓာတ်များ စုပ်ယူခံလိုက်ရ၏။ ထိုခဏတွင် သူ၏ ခန္ဓာကိုယ်အထက်တွင် အက်ကြောင်းများ ဖြစ်ပေါ်လာကာ မျက်မှာပျက်နေပြီး ရတနာကို အသက်သွင်းရခြင်းမှာ လွယ်ကူဟန်မတူချေ။

"ဘုန်း"

၎င်းက သူ၏ ရင်ဘတ်အတွင်းမှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားကာ မရေမတွက်နိုင်သော သတ္တဝါလေးများ အလန့်တကြား ထွက်ပြေးကုန်သည်။ ၎င်းသည် သေခြင်း၏ ဂိတ်ပေါက်အလား အနက်ရောင်ချီများ ထုတ်ဖော်၍ ပတ်ပတ်လည်နှင့် အနောက်ဘက်တွင် အရိုးခေါင်းများ စီခြယ်ထားကာ သာမန်လက်နက်မျိုးမဟုတ်ပေ။ ၎င်း ထွက်ပေါ်လာမှုသည် လင်းချန်ကို ကျေနပ်စေခဲ့ပြီး ကုမျိုးနွယ်ဝင်များမှာလည်း ဓားအပျက်အစီးနယ်မြေကို အုပ်ချုပ်ရန် မစောင့်နိုင်ကြတော့ပေ။ ကောင်းကင်ကြေးမုံ ဖြစ်စေ၊ ဓားအမွေအနှစ်ဖြစ်စေ ကုမျိုးနွယ်အပိုင်ဟု ကုရွှမ်က သတ်မှတ်ထားပြီး ကုမျိုးနွယ်သည် ထာဝရဓားအကျဥ်းထောင်ကို လက်ဝါးကြီးအုပ်ထားချင်သော်လည်း ဓားလမ်းစဥ်၏ သွေးသစ်လောင်းနေကျ ဓလေ့ထုံးတမ်းကို မလွန်ဆန်နိုင်ခဲ့ပေ။ ထို့ကြောင့် အရိုးခြောက်စောင့်ရှောက်သူသည် ဓားအစောင့်အရှောက်ကို သင်ကြားပေးခဲ့ရခြင်း ဖြစ်ကာ ငယ်ရွယ်စဥ် များစွာ မတွေးခဲ့သော်လည်း ဓားအမွေအနှစ်ကို မပေးအပ်လာသဖြင့် သင်ကြားပေးမိသည်ကိုပင် နောင်တရနေခဲ့သည်။

ဓားအပျက်အစီးနယ်မြေ၏ ရတနာအားလုံးကို ကုမျိုးနွယ်အပိုင်ဟု ယူဆထားကြပြီး အာဏာအပေါ် တပ်မက်ခြင်းသည် နောက်ပြန်လှည့်မရနိုင်တော့ပေ။ ကုမျိုးနွယ်ဝင်များက လင်းချန်နှင့် ပူးပေါင်း၍ လောင်းကြေးထပ်ခဲ့ကြပြီး အဘိုးကြီးကုသည် ကောင်းကင်ကြေးမုံကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ကောင်းကင်သို့ မြှင့်တင်လိုက်၏။ သူက အချက်ပြလိုက်သောအခါ ကုရွှမ်နှင့် နောက်လိုက်များ ရှေ့တက်လာကာ နောက်ကျောကို လက်ဝါးဖြင့် ထိကပ်၍ မြင့်မြတ်ချီများ ၎င်းထံ ပို့ဆောင်ပေးခဲ့ကြသည်။ သူတို့အားလုံးမှာ ကံပင်လယ်နယ်ပယ် ​ကျင့်ကြံသူများဖြစ်ကာ တောင်များကို ရွှေ့ပြောင်းနိုင်လောက်အောင် အစွမ်းထက်ကြသဖြင့် ကြေးမုံအတွင်းမှ စိတ်ညစ်ညူးဖွယ် အော်သံများ ထွက်ပေါ်လာခဲ့၏။ ဓားအပျက်အစီးနယ်မြေ၏ ကာကွယ်ရေးရတနာက ဤမျှနတ်ဆိုးဆန်လွန်းသောကြောင့် မုကျန်းတန်း အသုံးမပြုလိုသည်မှာ မဆန်းပေ။

အနက်ရာင်အလင်းတစ်ခုသည် ဝင်ပေါက်ထံ ပြေးဝင်သွားသဖြင့် ဘုန်းခနဲ မြည်သံနှင့်အတူ တုန်ခါသွားကာ စတင်ကျယ်ပြန့်လာကြောင်း လင်းချန်က မြင်လိုက်ရသည်။ အဘိုးကြီးကုက အသက်ကို ပြင်းပြင်းရှူ၍ နောက်ဆုတ်လိုက်သောအခါ လဲကျမတတ်ဖြစ်သွားပြီး ကောင်းကင်ကြေးမုံကို အသက်သွင်းသော ရလဒ်ပင်။ ၎င်းကို ပြန်လည်သိမ်းယူလိုက်သောအခါ အရွယ်အစား သေးငယ်သွားသော်လည်း ကျောဘက်တွင် အက်ကြောင်းများ ဖြစ်ပေါ်လာပြီး အချိန်တစ်ခုအတွင်း တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။

"သွားစမ်း"

အဘိုးကြီးကုက ကုရွှမ်ကို အမိန့်ပေးလိုက်သောအခါ ခေါင်းညိတ်၍ ဓားပျံစီးနင်းကာ ဝင်ပေါက်အတွင်း ပျောက်ကွယ်သွားခဲ့သည်။ လူတိုင်းက မျှော်လင့်ချက်ဖြင့် စောင့်ကြည့်နေကြပြီး အကယ်၍ ကုရွှမ်သာ ဖြတ်သန်းသွားနိုင်လျှင် အဆုံးမဲ့ငရဲပြည်ထက် တစ်လှမ်းသာသွားပေလိမ့်မည်။ သို့ရာတွင် ကုရွှမ်မှာ ခဏအကြာတွင် ပြန်ရောက်လာခဲ့ပြီး တောင်သခင်များနှင့် ထိပ်တန်းတရားသူကြီးများသာ ဖြတ်သန်းနိုင်ကြောင်း သတင်းပေးခဲ့၏။ ထို့ကြောင့် ကံပင်လယ်နယ်ပယ် တောင်သခင်အချို့ ဝင်ရောက်သွားကြပြီး အဆုံးမဲ့ငရဲပြည်၏ မိစ္ဆာများကို ဖိနှိပ်နိုင်လျှင် လုံလောက်ပြီဟု လင်းချန်က တွက်ထားသည်။ ကောင်းကင်ကြေးမုံကြောင့် ဖြစ်ပေါ်လာသော ပေါက်ကွဲမှုက ကျယ်လောင်လွန်းသဖြင့် ဓားအပျက်အစီးနယ်မြေတစ်ခုလုံး သိသွားသောအခါ ကုမျိုးနွယ်အတွက် ပြန်လှည့်စရာ လမ်းမရှိတော့ပေ။ ထို့ကြောင့် အဘိုးကြီးကုသည် ကံပင်လယ်နယ်ပယ်ကျင့်ကြံသူများကို လင်းချန်နှင့် အတူလိုက်သွားပြီး အသက်ပေးကာကွယ်ရန် အမိန့်ပေးခဲ့ပြီး ရူးသွပ်နေပုံပေါ်၏။

ကု၊ ဖုန်း၊ ယွမ်နှင့် ရွှမ် မျိုးနွယ်များမှ ကံပင်လယ် နယ်ပယ် ကျင့်ကြံသူ သုံးဆယ်ခန့် ရှေ့ထွက်လာကာ ကုချင်လန်နှင့် ဖုန်းရှဟူသော တရားသူကြီးနှစ်ယောက် ဦးဆောင်သည်။ နှစ်ယောက်လုံးက မုတလုံနှင့် အရွယ်တူ မိန်းမများဖြစ်ကာ ကောက်ကြောင်းများပေါ်လွင်အောင် ဝတ်ဆင်ထားကြပြီး လင်းချန်ကို အနီးကပ် ကာကွယ်ရန် တာဝန်ယူခဲ့ကြ၏။ ကြီးကြပ်သူများ ဝင်ရောက်ခွင့်မရသောအခါ ကုချင်လန်က ကုချင်ကန်၏ ညီမဖြစ်ကာ ဖုန်းပုဟွေ၏ သမီး ဖုန်းရှနှင့်အတူ လိုက်ပါလာမည်ဖြစ်သောကြောင့် လင်းချန်မှာ စိတ်ထဲ၌ တဏှာခိုးများ ဝေလာသည်။

"ငါတို့က သခင်လေးလင်းအတွက် သေပေးနိုင်ပါတယ်"

"မင်းတို့က လက်ထပ်ပြီးပြီလား"

"ဟုတ်ကဲ့။ ခင်ပွန်းရော ကလေးပါ ရှိပါတယ်"

တစ်ဖက်လူ၏ ရုတ်တရက် မေးခွန်းကြောင့် သူတို့မှာ အကြည့်ချင်းဖလှယ်၍ အဖြေပေးလိုက်သည်။

"သခင်လေးလင်းကို အရိုအသေပေးပါတယ်"

လူအုပ်အတွင်းမှ ခင်ပွန်းနှစ်ယောက် ရှေ့ထွက်လာကာ တရားသူကြီးအဆင့်များ ဖြစ်ကြပြီး ဇနီးများလောက် အစွမ်းမထက်ကြပေ။ အစွမ်းထက်မျိုးနွယ်မှ မိန်းမတစ်ယောက်ကို လက်ထပ်ခြင်းဖြင့် အဆင့်အတန်းမြင့်လာနိုင်သောကြောင့် ရွေးချယ်ထားခြင်းပင်။

"ကောင်းကင်ကြေးမုံ ပေးစမ်း"

လင်းချန်၏ အာရုံက ဓားအပျက်အစီးနယ်မြေ၏ ကာကွယ်ရေးရတနာအပေါ် ပြောင်းလဲသွားကာ အဘိုးကြီးကုသည်လည်း ထုတ်ပေးလာခဲ့သည်။

"ယွမ်ရှောင်လိုက်လာရင် ဝင်ခွင့်ပေးလိုက်"

သူက ဤသို့အမိန့်ပေးလိုက်သော်လည်း အမှန်တကယ်၌ ဤသစ္စာဖောက်အုပ်စုသည် ဓားအစောင့်အရှောက်၏ အင်အားကို တားမြစ်နိုင်စွမ်း မရှိပါချေ။ ထို့နောက် ​နောက်လိုက်နောက်ပါ သုံးဆယ်ကျော်နှင့်အတူ သူက ဝင်ရောက်သွားပြီး ကံပင်လယ် နောက်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ဆယ်နှင့် ကျန်လူများမှာ ပြည့်စုံအဆင့် ကံပင်လယ်နယ်ပယ်များ ဖြစ်သောကြောင့် အဘိုးကြီးကုနှင့်အတူ ကျန်ရစ်ခဲ့သည်မှာ ကြီးကြပ်သူအနည်းငယ်သာ ဖြစ်ပေသည်။

"သခင်လေးလင်းက ကုမျိုးနွယ်ကို ကူညီမှာ သေချာလို့လား"

ကုရွှမ်က ​လေးနက်စွာ မေးလိုက်သည်။

"သူက ကောင်းကင်မြေရဲ့ ဗဟိုချက်ကို သိတယ်လို့ ပြောတယ်"

အဘိုးကြီးကုက တိုက်ရိုက် အဖြေမပေးခဲ့ပေ။ မုကျန်းတန်းက လှုပ်ရှားလာနိုင်သော်လည်း ယွမ်ရှောင်က အဓိကဖြစ်နေပြီး တာအိုနှလုံးသားနယ်ပယ် ကျင့်ကြံသူဖြစ်၍ လုပ်ကြံသတ်ဖြတ်နိုင်ပေ၏။ ကုမျိုးနွယ်အနေဖြင့် လင်းချန်နှင့် ကောင်းကင်မြေ၏ ဒဏ္ဍာရီကို မျက်စိမှိတ်ယုံကြည်ထားကာ အဆုံးတိုင်လျှောက်လှမ်းရပေတော့မည်။

"တစ်ခုခု လာနေတယ်"

အချိန်တစ်ခုအကြာတွင် ကင်းစောင့်နေသော ဖုန်းပုဟွေက သတင်းပို့လာခဲ့သည်။

"အရေအတွက် ဘယ်လောက်လဲ"

"တစ်ရာကျော်တယ်"

သတင်းစကားကြောင့် ကုမျိုးနွယ်ဝင်များ မျက်မှောင်ကြုတ်လိုက်ကြ၏။

"ဆရာဖြစ်သူကိုတောင် ကျေးစွပ်ချင်တဲ့ တပည့်မိုက်။ ကြင်နာမှုကို ဒီလို ပေးဆပ်ခိုင်းမယ်ပေါ့"

အဘိုးကြီးကုက တစ်ကိုယ်ကောင်းဆန်လွန်းပြီး ကိုယ့်အမှားကို မမြင်နိုင်တော့ပေ။

"ဘယ်လိုလုပ်ကြမလဲ"

ဖုန်းပုဟွေသည် အဝေးမှ တရကြမ်း ချီတက်လာနေသော ဓားအလင်းများထံ လှမ်းမျှော်ကြည့်ရင်း အမိန့်တောင်းခံသည်။

"သွားကြစို့"

ခုနစ်ယောက်သာ ကျန်ရစ်သောကြောင့် ထိုအုပ်စုကို ယှဥ်နိုင်စွမ်း မရှိသောအခါ ထွက်ပြေးရန်မှ လွဲ၍ ရွေးချယ်စရာမရှိပေ။ ဓားအလင်းခုနစ်ခုသည် ဓားအပျက်အစီးနယ်မြေ၏ ကျင့်ကြံသူများ ရောက်မလာခင် သဲလွန်စမကျန်အောင် အစွမ်းကုန် ထွက်ပြေးပျောက်ကွယ်သွားခဲ့၏။

"သူတို့က တုံ့ဆိုင်းမနေဘူး"

ဓားအစောင့်အရှောက်က မျက်မှောင်ကြုတ်၍ မှတ်ချက်ချလိုက်၏။

"ဘုန်းကြီးက ပြေးနိုင်ပေမယ့် ကျောင်းက မရွေ့ဘူး။ ကုမျိုးနွယ်ဝင် တစ်ထောင်ကျော်လောက် ဘယ်ကိုပြေးနိုင်မှာလဲ"

မုတရှုံက တစ်ချက် ပြုံး၍ ရေရွတ်သည်။

"ထင်ထားသလိုပဲ။ ဝင်ပေါက်ရဲ့ ကန့်သတ်ချက် ကျော်လွန်သွားပြီ။ ဒါပေမယ့် ငါ ဝင်လို့မရဘူး"

မုတလုံက ဝင်ပေါက်ကို ချက်ချင်းစမ်းသပ်လိုက်ပြီး ကြီးကြပ်သူများ ကျန်ရစ်ခဲ့သဖြင့် ကံပင်လယ်နယ်ပယ်များသာ ဝင်ရောက်နိုင်ပေလိမ့်မည်။

"ဘယ်လိုသဘောရလဲ"

မုကျန်းတန်းက ယွမ်ရှောင်ဘက်လှည့်ကာ မေးလိုက်သည်။

"ဒီလိုဆိုမှတော့ ကံပင်လယ်နယ်ပယ်အကုန် ငါနဲ့ လိုက်ခဲ့ကြ"

ယွမ်ရှောင်က အထက်စီးရနေသည့် အခြေအနေတိုင်းကို လက်တွေ့ကျကျ အသုံးပြုလိုနေသည်။ ဤသို့ဖြင့် ဓားသမား ၇၅ယောက် ရှေ့တက်လာကာ မုတရှုံလည်း ပါဝင်သောကြောင့် ယွမ်ရှောင်ကို အနိးကပ်ကာကွယ်ရန် အမိန့်ပေးခံခဲ့ရသည်။

"သခင်လေးယွမ်။ ဒီအစ်ကိုက တုကုန်းယွမ်လို့ ခေါ်ပါတယ်။ ဓားအပျက်အစီးနယ်မြေရဲ့ ဆေးဆရာပါ။ သူက ကံပင်လယ်နယ်ပယ် ကျင့်ကြံသူဖြစ်ပေမယ့် ဆေးပညာကြောင့် ကြီးကြပ်သူတစ်ယောက်နဲ့ ယှဥ်နိုင်တဲ့ စွမ်းအားမျိုး ထုတ်ဖော်နိုင်တယ်"

မုတလုံက သက်လတ်ပိုင်းအရွယ် လူတစ်ယောက်နှင့် မိတ်ဆက်ပေးခဲ့သည်။

"သခင်လေးယွမ် ကုရွှမ်ရဲ့ ဖိအားပေးမှုကြောင့် ကျုပ်က အဆီအနှစ်ဆေးလုံးတွေ ဖော်စပ်ပေးခဲ့ရပါတယ်။ .ခွင့်လွှတ်ပါ။ အခုကစပြီး ခစားချင်ပါတယ်"

တုကုန်းယွမ်က တစ်ချက် အရိုအသေပေးလိုက်သည်။

"ကောင်းပြီ"

မုတရှုံနှင့် တုကုန်းယွမ်မှာ အသန်မာဆုံး တရားသူကြီးများအနက် ပါဝင်သဖြင့် ယွမ်ရှောင်က ကန့်ကွက်စရာ မရှိချေ။

"သခင်လေးယွမ် လုံလုံခြုံခြုံ နေပါ"

မုတလုံက စိုးရိမ်စွာ မှာကြားလိုက်ပြီး ရက်အနည်းငယ်သာ သိကျွမ်းဖူးသော်လည်း ခံစားချက်အချို့ ရှိနေသည်။ ယွမ်ရှောင်က ခေါင်းညိတ်၍ ပြုံးပြလိုက်သောအခါ သူမ၏ ရွှေရင်အစုံမှာ ဆယ်ကျော်သက်လေးတစ်ယောက်ပမာ လှုပ်ခတ်သွားခဲ့၏။ မျက်တောင်တစ်ခတ်အတွင်း နောက်လိုက်ခုနစ်ဆယ်ကျော်နှင့်အတူ သူက ဝင်ပေါက်သို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

"အများကြီးမတွေးနဲ့။ ဒီကောင်လေးက အစွမ်းထက်လွန်းတယ်။ ရက်အနည်းငယ်အတွင်း ဓားအပျက်အစီးနယ်မြေကို လွှမ်းမိုးနိုင်ခဲ့တယ်။.သူ့ကို ဖြတ်သွားဖြတ်လာတစ်ယောက်အနေနဲ့ သဘောထားတာ ပိုကောင်းလိမ့်မယ်"

မုကျန်းတန်းက သမီးဖြစ်သူ၏ ပခုံးကို တစ်ချက်ပုတ်ကာ နှစ်သိမ့်ပေးသည်။

"အဖေ ပြောတာမှန်ပါတယ်။ သူက ရက်အနည်းငယ်အတွင်းမှာတောင် တော်တော်များများ လုပ်ပြသွားတယ်"

မုတလုံက ခေါင်းညိတ်၍ ထောက်ခံ၏။

"သူ့ကို အင်မော်တယ်လမ်းကြောင်းမှာ လျှပ်တပြက်အလင်းလို့ အမည်ပေးသင့်တယ်"

ဓားအစောင့်အရှောက်က မုတ်ဆိတ်ရှည်ကြီးကို ပွတ်သပ်ရင်း တွေးတွေးဆဆ အမည်ပေးလိုက်လေသည်။

All Chapters