← Chapters

နတ်ဘုရားတိုက်ကြီးသို့ အပြန်

Vol. 23 Ch. 294

နတ်ဘုရားတိုက်ကြီးသို့ အပြန်

Vol. 23 Ch. 294

နတ်ဆိုးတိုက်ကြီးရှိ အဆုံးမဲ့ငရဲပြည်နှင့် ဆက်သွယ်နေသော ဝင်ပေါက် တုန်ခါလာပြီး အလင်းများ ရုတ်တရက် ဖြာထွက်လာသဖြင့် တစ်ယောက်ယောက် လာနေကြောင်း သိသာသည်။ ဖုန်းယုသည် စစ်မင်းသမီး၏အနားတွင် ရပ်ကာ ချစ်မြတ်နိုးသော မျက်ဝန်းများဖြင့် စောင့်ကြည့်နေသော်လည်း လျစ်လျူရှုခံထားရ၏။ ထို့နောက် ဝင်ပေါက်အတွင်းမှ သူ့ထက် ခေါင်းတစ်လုံး ပိုမြင့်သော ဧရာမပုံရိပ်တစ်ခု ထွက်လာသည်။ ထိုမိစ္ဆာ၏ လက်နှစ်ဖက်က စစ်မင်းသမီး၏ ခန္ဓာကိုယ်ထက် ကြီးမား၍ ရွှေရောင် ချပ်ကာကို ဝတ်ဆင်ထားပြီး ဆံပင်များမှာ ခြင်္သေ့လည်ဆံမွှေးအလား ထင်မှတ်ရကာ နဖူးအထက်တွင် သွေးရုန်းများ ရစ်ပတ်နေသည့် ဆူးချွန်သဏ္ဍာန် ဂျိုတစ်ချောင်း ပိုင်ဆိုင်ထားသည်။

"ခြင်္သေ့အမတ်ကို ကြိုဆိုပါတယ်"

ဖုန်းယုနှင့် မိစ္ဆာမျိုးနွယ်ဝင်များက ဦးညွှတ်လိုက်သော်လည်း စစ်မင်းသမီးသည် ခေါင်းတစ်ချက်ညိတ်၍သာ အသိအမှတ်ပြုခဲ့၏။

"မတွေ့ရတာ အရမ်းကြာသွားပြီ။ ဦးရီးတော်ကို လာမနှုတ်ဆက်ဘူးလား"

"ရှင် အရင်တုန်းက ငါ့ကို ဂရုစိုက်ဖို့ မကြိုးစားဖူးပါဘူး"

ချန်ရှီက သူမကို စိုက်ကြည့်၍ မေးခွန်းထုတ်သော်လည်း မထီမဲ့မြင်ပြုခံခဲ့ရသည်။

"ငါ မင်းကို အထင်သေးခဲ့မိလို့ တောင်းပန်ပါတယ်။ ရိုးရိုးသားသား ပြောရရင် မင်းအတွက် ဝမ်းသာပါတယ်"

"ဘာကို ဝမ်းသာတာလဲ။ ငါသာ ကိုးဆင့်သွေးကို အသက်မသွင်းနိုင်ခဲ့ရင် အဲ့ဒီနေရာ ရှင်ရမှာ မဟုတ်ဘူးလား"

စစ်မင်းသမီးက တစ်ခွန်းမကျန် တုံ့ပြန်နေသဖြင့် ချန်ရှီ၏ အပြုံးပျောက်ကွယ်သွားသည်။

"ကိုးဆင့်သွေးက ငါတို့မျိုးနွယ်ရဲ့ မျှော်လင့်ချက်ပဲ။ ငါ့အတွက် ရာထူးက အရေးမကြီးပါဘူး"

"ကောင်းပြီ။ စကားမများနဲ့။ ရှင်နဲ့ အကြံတွေလှည့်ကွက်တွေ ကစားနေဖို့ အချိန်မရှိဘူး"

စစ်မင်းသမီးက နောက်လှည့်ရန် ပြင်လိုက်စဥ် ချန်ရှီသည် မိစ္ဆာဘုရင်မှ သူမကို ပြန်လာစေချင်ကြောင်း သတင်းပို့လိုက်သော်လည်း ကိုယ်တိုင်လာရန် ပြောဆိုနေသဖြင့် တိတ်ဆိတ်သွားခဲ့သည်။ ထို့ကြောင့် နေခွင့်ပြုလိုက်ရပြီး ကောင်းကင်မြေကိစ္စကို လက်လွှဲယူရန် တောင်းဆိုပြန်သော်လည်း တစ်ဖက်လူမှာ မတုံ့ပြန်ခဲ့ပေ။ မကြာမီ ကံပင်လယ် နယ်ပယ် ကျင့်ကြံသူ ၆၀ ကျော် ထပ်မံရောက်ရှိလာကာ သူမကို ရိုသေလေးစားစွာ ဦးညွှတ်ခဲ့ကြပြီး အဆုံးမဲ့ငရဲပြည်သို့ ပြန်ရောက်လျှင် သေချာပေါက် လေးစားခံရပေလိမ့်မည်။ ယွမ်ရှောင်သည် သူမကို မူးယစ်ဆေးကဲ့သို့ စွဲလန်းစေသော အာဏာနှင့် ပါရမီကို လက်ဆောင်ပေးခဲ့သည်။

ရုန်းကျင့်ကြံသူများလည်း လာရောက်နေဆဲဖြစ်ကာ ဖုလုံရှန်းအပါအဝင် အယောက်သုံးဆယ်ကျော် ရှိပြီး ကပ်ဘေးဓား ယူဆောင်လာသော်လည်း ကောင်းကင်မြေမှာ ပစ်မှတ်မဟုတ်ဘဲ အမည်ခံ ဓားအင်မော်တယ်များ ဖြစ်နေသောကြောင့် ချန်ရီက မစိုးရိမ်ပေ။

"ဒီကောင်တွေရဲ့ စကားကို မယုံနဲ့။ လှည့်ကွက်တွေ သတိထား"

စစ်မင်းသမီးက မျက်ခုံးတစ်ချက်ပင့်၍ သတိပေးသည်။

"မစိုးရိမ်ပါနဲ့။ ငါက ရုန်းကျင့်ကြံသူတွေနဲ့ နေ့တိုင်း ဆက်သွယ်နေတာ"

တစ်ချိန်က ပေါ့ပေါ့တန်တန်နှင့် အဆင်အခြင်မဲ့သော မင်းသမီးမှာ ပြောင်းလဲသွားသဖြင့် ချန်ရှီကို အံ့သြစေသည်။ ရုန်းများ ရေးထိုးထား၍ ချပ်ကာအဖြစ်လည်း အသုံးချနိုင်သော ဝတ်ရုံရှည်များ ခြုံလွှမ်းထားသည့် လူသားကျင့်ကြံသူ တစ်ဖွဲ့ ဝင်ပေါက်မှ ထွက်လာကြသည်။ သူတို့က ဓားကျင့်ကြံသူများနှင့် ကွာခြား၍ အစွမ်းကြီးမားသော အရှိန်အဝါရှိသော်လည်း မျက်လုံးများတွင် ကောက်ကျစ်သော အကြံပေါင်းစုံ ပြည့်နှက်နေပုံပေါ်သည်။ ကပ်ဘေးငရဲ၏ စွမ်းအားကြီးမားလာမှုကြောင့် သူတို့က အလွန်​အမင်း မောက်မာ၍ ဦးဆောင်လာသူမှာ ချင်ကန်ကဲ့သို့ အစိမ်းရောင်မျက်ဝန်းများနှင့် အဆောင်မင်းသား ဖုလုံရှန်းဖြစ်ကာ ငရဲကိုးထပ်၏ ထိပ်တန်းပါရမီရှင်လေးယောက်အနက် ပါဝင်သည်။ သူက အနာဂတ် ဧကရာဇ်လောင်းလျာဖြစ်သော်လည်း စစ်မင်းသမီးနှသ့် အမည်ခံ ဓားအင်မော်တယ်နှစ်ယောက်၏ သတင်းများအကြား နောက်သို့ ရောက်နေရသည်။

ဖုလုံရှန်းသည် မိစ္ဆာမင်းသမီးကို ပထမဆုံးအကြိမ် မြင်ဖူးသည့်အခိုက်မှာပင် ဆွဲဆောင်အားပြင်းသောကြောင့် တုန်လှုပ်သွားသည်။ သူမ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက ပုရိသများကို ဆွဲဆောင်ရန် ထုလုပ်ထားသော ပန်းပုပမာ အချိုးအစားကျနသောကြောင့် ကျန်ရုန်းကျင့်ကြံသူများလည်း ရင်ခုန်မြန်သွားကာ အဘိုးကြီးများပင် ချွင်းချက် မဟုတ်ပေ။

"စစ်မင်းသမီးက ငရဲကိုးထပ်မှာ တကယ့်ကို ပြိုင်ဘက်ကင်းလောက်အောင် လှပတယ်"

"လာရင်းကိစ္စကို ပြောစမ်းပါ"

ဖုလုံရှန်း၏ ချီးကျူးစကားကို ချန်ရှီက ဘုတောလိုက်ပြီး မိစ္ဆာမျိုးနွယ်ဝင်များအတွက် မိစ္ဆာမများကို မျိုးနွယ်ခြားများ ချီးကျူးခြင်းမှာ စော်ကားသည့် ပြစ်မှုဖြစ်သည်။.

"ဓားအပျက်အစီးနယ်မြေက သတင်းရထားတယ်။ ပစ်မှတ်နှစ်ယောက်လုံး ရောက်နေပြီ"

သူက စိတ်ထဲတွင် ခွန်အားရှိလျှင် မိစ္ဆာမများသည်လည်း ဒူးထောက်ပေးရမည်ဟု နှာခေါင်းရှုံ့လိုက်သော်လည်း ဟန်ဆောင်ကောင်းသူဖြစ်၏။

"ဒါဆိုရင် အစီအစဥ်က ဘာလဲ"

"ငါတို့ ပူးပေါင်းလိုက်ရင် သူတို့ကို သတ်နိုင်ပါတယ်။ ရုန်းကျင့်ကြံသူတွေ ရောက်လာမှာကို ဘယ်သူမှ မသိဘူး။ ဒါက အားသာချက်ပဲ"

"သစ္စာဖောက် မရှိဘူးဆိုတာ သေချာလား"

ချန်ရှီက မျက်မှောင်ကြုတ်၍ မေးလိုက်ခြင်းဖြစ်သည်။

"ငါ့အမေက ဓားအပျက်အစီးနယ်မြေကို သတင်းအမှောင်ချထားတယ်။ ဘယ်သူမှ မသိဘူး"

ဖုလုံရှန်းက မောက်မာစွာ ဖြေလိုက်၏။

"ဒီမိန်းမက ငရဲကိုးထပ်မှာ တော်တော် ချီးကျူးစရာကောင်းတာပဲ"

ချန်ရှီက ကုချင်ကန်ကို ခနဲ့လိုက်သောကြောင့် ရုန်းကျင့်ကြံသူအားလုံး မျက်နှာများ မည်းနက်သွားကာ စစ်မင်းသမီးအပေါ် ပြောဆိုခဲ့သဖြင့် လက်စားချေခံလိုက်ရသည်။

"အခု အမဲလိုက်ကြတော့မလား"

ဖုလုံရှန်းက အံကြိတ်၍ သည်းခံကာ စကားလမ်းကြောင်း ပြောင်းသည်။

"ကောင်းပြီ။ ငါလည်း လူသားမျိုးနွယ်ရဲ့ နံပတ်တစ် ရုန်းကျင့်ကြံသူတွေရဲ့ ခွန်အားအကြောင်း လက်တွေ့မြင်ချင်တယ်"

"ငရဲကိုးထပ်မှာ မိစ္ဆာမျိုးနွယ်လည်း သန်မာပါတယ်"

ချန်ရှီနှင့် ဖုလုံရှန်းက အချင်းချင်း စကားဖြင့် ရန်စောင်နေကြစဥ် နတ်ဆိုးတိုက်ကြီး အခြားဝင်ပေါက်တစ်ခုတွင် ယွမ်ရှောင်သည် နောက်လိုက်များကို အမိန့်ပေးလိုက်သည်။

"ဒီမှာ ခဏစောင့်။ ငါ ချက်ချင်း ပြန်လာခဲ့မယ်"

"ကျုပ်တို့ လိုက်ခဲ့ပေးရမလား သခင်လေးယွမ်"

မုတရှုံနှင့် တုကုန်းယွမ်က သက်တော်စောင့်ဖြစ်၍ ချက်ချင်း ရှေ့ထွက်လာသည်။

"မလိုအပ်ဘူး။ မစိုးရိမ်ကြနဲ့"

သူက တစ်ချက်ပြုံး၍ ဓားပျံဖြင့် ထွက်ခွာသွားသောအခါ ဓားကျင့်ကြံသူများ စောင့်ဆိုင်းနေခဲ့ရသည်။ ထို့နောက် ချောက်နက်တစ်ခုသို့ ရောက်သောအခါ သိုလှောင်အိတ်တစ်လုံးကို သူက ပစ်ချ၍ မျက်တောင်တစ်ခတ်အတွင်း ထွက်သွားပြန်သည်။ ငွေရောင်မြေခွေးတစ်ကောင် ပျံတက်လာပြီး ၎င်းကို ဆွဲယူကာ အမှောင်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်။ ဓားပျံဖြင့် နတ်ဘုရားတိုက်ကြီးထံ ဦးတည်ခဲ့သော ယွမ်ရှောင်သည် အေးချမ်းသာယာနေသော ကောင်းကင်နယ်မြေကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ချန်ရီ၏ ကြိုးစားမှုကို မည်သူမှ မဖျက်ဆီးနိုင်အောင် ကာကွယ်မည်ဟု သူက ဆုံးဖြတ်ထားပြီး တော်ဝင်နန်းတော်ထံ ညအမှောင်အောက်၌ ချဥ်းကပ်လာသည်။ ရွှေရောင်ပလ္လင်မှာ ဗလာဖြစ်နေပြီး သူက စိုက်ကြည့်နေရင်း ချန်ရီနှင့် အမှတ်တရများကို ပြန်လည်သတိရနေ၏။

"ချန်ရီ၊ ငါ မင်းကို ဘယ်မှာ လိုက်ရှာရမလဲ။ ဘာဖြစ်ဖြစ် မင်းကို လိုက်ရှာမယ်"

သူက အဖြူရောင် ကျောက်တုံးလေးကို ပွတ်သပ်ရင်း တီးတိုးရေရွတ်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။

"မင်း ပြန်ရောက်လာပြီလား။ ရီအာကို ရှာတွေ့ပြီလား"

အသံတစ်ခုနှင့်အတူ ချန်ရှောင်သည် သေရည်အိုး လက်ဆွဲရင်း ထွက်ပေါ်လာခဲ့သည်။

"ရက်အနည်းငယ်ပဲ ရှိပါသေးတယ်။ စိတ်ရှည်ပါဦး"

ယွမ်ရှောင်က သက်ပြင်းချ၍ ခေါင်းယမ်းလိုက်သည်။

"သေရည် သောက်ဦးမလား"

ချန်ရှောင်က ပလ္လင်၏ ​လှေကားရင်းတွင် ထိုင်ချကာ သေရည်ကမ်းပေးလာသည်။

"ကျုပ်မှာ ပိုကောင်းတာရှိတယ်"

သူက ဓားအစောင့်အရှောက်ထံမှ ညှစ်ထုတ်လာသော သေရည်အိုးကို ဖွင့်လိုက်သောအခါ နန်းတော်တစ်ခုလုံး မွှေးပျံ့သွား၏။

"ဒီတစ်ခေါက် ဘာကြောင့် ပြန်လာတာလဲ"

သေရည်သုံးခွက်ကို တရစပ် မော့ချပြီးနောက် စစ်သေနာပတိချုပ်က စကားစလာ၏။

"ချန်ရီရဲ့ သဘောအတိုင်း နတ်ဘုရားတိုက်ကြီးအတွက် ခြိမ်းခြောက်မှုတိုင်းကို ရှင်းပစ်ပြီး လူသားမျိုးနွယ် အေးချမ်းစေဖို့"

ယွမ်ရှောင်က ကြမ်းပြင်တွင် လှဲချ၍ မျက်နှာကျက်ကို မော့ကြည့်ရင်း တစ်လုံးချင်း ဖြေလိုက်လေသည်။

All Chapters